< Return to Video

ငွေချွေတာဖို့ ကူညီပေးမယ့် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက် ၃ ခု

  • 0:00 - 0:02
    ငွေကို ချွေတာရေးမှာ အရေးကြီးပြီး
  • 0:02 - 0:04
    ကျုပ်တို့ အားလုံး လုပ်သင့်တဲ့ အရာတစ်ခုပါ။
  • 0:04 - 0:07
    ဒါပေမဲ့၊ ကျုပ်တို့ဟာ ချွေတာတာ
    နည်းနည်းလာနေပါတယ်။
  • 0:07 - 0:09
    [ကျုပ်တို့ လုပ်ကိုင်ကြပုံ]
  • 0:11 - 0:12
    ချွေတာသင့်တာကို ကျုပ်တို့ သိပါတယ်။
  • 0:12 - 0:15
    မေးခွန်းက ကျုပ်တို့ အဲဒါကို
    ဘယ်လို လုပ်ကြရမလဲ။
  • 0:15 - 0:17
    အဲဒါကို သင်ပြပေးဖို့ ကျွန်မ
    အခု ဒီမှာ ရပ်နေတာပါ။
  • 0:17 - 0:19
    ခင်ဗျားတို့ရဲ့ ချွေတာရေး ပြုမူပုံက
    ဘယ်လောက် တော်လဲ၊
  • 0:19 - 0:22
    ဒါမှမဟုတ် ဘယ်လောက် စိတ်ဓာတ်
    ခိုင်သလဲနဲ့ မဆိုင်ပါဘူး။
  • 0:22 - 0:25
    ကိုယ်စုမိတဲ့ ငွေပမာဏဟာ ပတ်ဝန်းကျင်မှ
    စေ့ဆော်ချက်ပေါ် မူတည်တယ်။
  • 0:25 - 0:26
    ဥပမာတစ်ခု ပေးပါရစေ။
  • 0:26 - 0:28
    ကျွန်မတို့ လေ့လာမှု တစ်ခုကို ပြုလုပ်ခဲ့ရာ
    အုပ်စုထဲတွင်
  • 0:28 - 0:31
    လူတွေကို သူတို့ရဲ့ ဝင်ငွေကို
    လစဉ်ပုံစံမျိုးဖြင့် ဖေါ်ပြခဲ့ကြတယ်။
  • 0:31 - 0:35
    အခြား တစ်အုပ်စုထဲတွင် လူတွေကို သူတို့
    ဝင်ငွေကို အပတ်စဉ်ပုံစံနဲ့ ပြခဲ့တယ်။
  • 0:35 - 0:38
    အဲဒါနဲ့ သူတို့ရဲ့ ဝင်ငွေကို အပတ်စဉ်
    ပုံစံနဲ့ မြင်ခဲ့ကြသူတို့ဟာ
  • 0:38 - 0:42
    တစ်လလုံးမှာ သူတို့ရဲ့ ငွေကြေး အခြေအနေကို
    ပိုကောင်းမွန်စွာ ထိန်းနိုင်ခဲ့ကြတယ်။
  • 0:42 - 0:43
    ဒီနေရာမှာ သိဖို့ အရေးကြီးတာက
  • 0:43 - 0:45
    သူတို့ရဲ့ ဝင်ငွေကို ကျွန်မတို့
    မပြောင်းလဲခဲ့ကြပါ။
  • 0:45 - 0:49
    ကျွန်မတို့ဟာ သူတို့ရဲ့ ဝင်ငွေဆိုင်ရာ
    ဝန်းကျင်ကိုသာ ပြောင်းပစ်လိုက်တာပါ။
  • 0:49 - 0:52
    အဲဒီလို ဝန်းကျင်ဆိုင်ရာ စေ့ဆော်ချက်ဟာ
    သက်ရောက်မှု ရှိပါတယ်။
  • 0:52 - 0:55
    အားလုံး သိပြီးသား လျှို့ဝှက်ချက်ကို
    ကျွန်မ ပြောပြမှာ မဟုတ်ပါဘူး။
  • 0:55 - 0:57
    ပြီးတော့ ငွေစုအကောင့်ကို ဖွင့်ဖို့၊
    အငြိမ်းစားယူရေး
  • 0:57 - 1:00
    ငွေစုစီမံကိန်း စတင်ဖို့ကို
    ကျွန်မ ပြောပြမှာ မဟုတ်ပါဘူး။
  • 1:00 - 1:02
    မျှဝေပေးချင်တာက
    ချွေတာချင်တဲ့ စိတ်ဆန္ဒနဲ့ လက်တွေ့
  • 1:02 - 1:04
    လုပ်ဆောင်ရမယ့် အချက်တွေ ကြားက
  • 1:04 - 1:05
    ဟာကွက်ကို ဖြည့်ပေးရန်ပါ။
  • 1:05 - 1:06
    ခင်ဗျားတို့ အသင့်ရှိကြလား။
  • 1:06 - 1:08
    နံပါတ်တစ်မှ စတင်မယ်-
  • 1:08 - 1:09
    ကြိုတင်ကတိပြုမှု အကျိုးကို ရယူပါ။
  • 1:09 - 1:13
    အခြေခံမူအရ၊ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို
    စဉ်းစားရာတွင် ချဉ်းကပ်ပုံ နှစ်မျိုးရှိတယ်-
  • 1:13 - 1:15
    ကျုပ်တို့ရဲ့ ပစ္စုပ္ပန်ကိုယ်နဲ့
    အနာဂတ်ကိုယ်ပါ။
  • 1:15 - 1:17
    အနာဂတ်မှာ ကျုပ်တို့ဟာ ပြည့်စုံသူတွေပါ။
  • 1:17 - 1:19
    အနာဂတ်မှာ အငြိမ်းစားအတွက် ငွေစုမယ်၊
  • 1:19 - 1:20
    ကိုယ်အလေးချိန်ကို လျှော့ချမယ်၊
  • 1:20 - 1:22
    မိဘတွေဆီ ပိုမကြာမကြာ
    သွားကြမယ်။
  • 1:22 - 1:24
    ဒါပေမဲ့ မကြာခဏဆိုသလို အဲဒီ
    အနာဂတ်ကိုယ်ဟာ
  • 1:24 - 1:27
    တကယ်တမ်းတွင် လက်ရှိ ပစ္စုပ္ပန်ကိုယ်ပဲ
    ဖြစ်တာကို မေ့တတ်ကြပါတယ်။
  • 1:27 - 1:31
    ငွေကို ချွေတာရန်အတွက် အကောင်းဆုံး အချိန်က
    ကိုယ့်အခွန်ငွေ ပြန်ရတဲ့ အခါမှာပါ။
  • 1:31 - 1:33
    ကျွန်မတို့ဟာ A / B စမ်းသပ်မှုကို
    ပြုလုပ်ခဲ့ကြတယ်။
  • 1:33 - 1:37
    ပထမအုပ်စုမှာ ကျွန်မတို့ဟာ လူတွေကို
    ဖေဖော်ဝါရီလဆန်းပိုင်းတွင် စာတိုပို့ခဲ့တယ်၊
  • 1:37 - 1:39
    အခွန်ပုံစံကို
    မဖြည့်ခင် မျှော်လင့်ချက်နဲ့ပါ။
  • 1:39 - 1:40
    ကျွန်မတို့ မေးခဲ့ကြတာက-
  • 1:40 - 1:43
    "သင်ဟာ အခွန်ပြန်အမ်းတာရခဲ့သော်
    ရာခိုင်နှုန်း ဘယ်လောက် ချွေတာမလဲ။"
  • 1:43 - 1:45
    အဲဒါဟာ တစ်ကယ့်ကို မလွယ်တဲ့မေးခွန်းပါ။
  • 1:45 - 1:48
    သူတို့ဟာ အခွန်ပြန်အမ်းငွေ ရကောရမလား၊
    ဘယ်လောက်ရမှာကို မသိလို့ပါ။
  • 1:48 - 1:51
    ဒါပေမဲ့ ကျွန်မတို့
    မေးခွန်းကို မေးကြည့်ခဲ့တယ်။
  • 1:51 - 1:54
    ဒုတိယအုပ်စုထဲကျတော့ လူတွေ
    အခွန်ပြန်အမ်းငွေ ရရချင်း မေးကြည့်ခဲ့ကြတယ်။
  • 1:54 - 1:57
    "ခင်ဗျားတို့ ရာခိုင်နှုန်း
    ဘယ်လောက် ချွေတာမလဲ။"
  • 1:57 - 1:58
    ရလဒ်က ဒီလို ရှိခဲ့ပါတယ်။
  • 1:58 - 2:02
    ဒုတိယ ဖြစ်ရပ်ထဲမှာ၊ လူတွေက အခုလေးတင်
    အခွန်ပြန်အမ်းငွေ ရခဲ့ချိန်မှာ၊
  • 2:02 - 2:05
    အခွန်ပြန်အမ်းငွေရဲ့ ၁၇ ရာခိုင်နှုန်းခန့်
    သူတို့ ချွေတာချင်ကြတယ်။
  • 2:05 - 2:09
    ဒါပေမဲ့ လူတွေက အခွန်ပုံစံကိုမဖြည့်ခင် အခြေ
    အနေမှာ ကျုပ်တို့ မေးခဲ့စဉ်ကျတော့
  • 2:09 - 2:13
    ငွေစုချင်တဲ့ ရာခိုင်နှုန်းဟာ
    ၁၇ ရှိခဲ့ရာမှ ဖေဖေါ်ဝါရီလထဲ မေးခဲ့စဉ်
  • 2:13 - 2:15
    ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တယ်။
  • 2:15 - 2:16
    ဘာကြောင့်လဲ။
  • 2:16 - 2:19
    ခင်ဗျားတို့ဟာ အနာဂတ်ကိုယ်အတွက်
    ကတိပြုနေခဲ့ကြလို့ပါ၊
  • 2:19 - 2:22
    ခင်ဗျားတို့ရဲ့ အနာဂတ်ကိုယ်ဟာ ၂၇ ရာခိုင်
    နှုန်း ချွေတာမှာပေါ့။
  • 2:22 - 2:24
    ချွေတာမှု အမူအရာ အဲဒီလို
    ကြီးမားစွာ ပြောင်းလဲခဲ့ရတာက
  • 2:24 - 2:28
    ဆုံးဖြတ်ချက် ချမှတ်ပေးရတဲ့ ပတ်ဝန်းကျင်ကို
    ကျွန်မတို့ ပြောင်းပစ်ခဲ့လို့ပါ။
  • 2:28 - 2:30
    ခင်ဗျားတို့ အားလုံး အလားတူ
    အခွင့်အာဏာမျိုးကို ရရှိစေလိုပါတယ်။
  • 2:30 - 2:31
    ဒီတော့ ခဏအချိန်ယူပြီး
  • 2:31 - 2:34
    ဒီနေ့တွင် သင့်အတွက် နည်းနည်းလေး
    ခက်ဖွယ်ရာရှိတဲ့ အရာကို
  • 2:34 - 2:37
    သင့်အနာဂတ်ကိုယ်အတွက်
    ကတိပြုပေးဖို့ကို စဉ်းစားသင့်ပါတယ်။
  • 2:37 - 2:41
    ချွေတာရေး ဆုံးဖြတ်ချက်တွေကို ကြိုတင်ပြီး
    ချမှတ်ခွင့်ပြုမယ့် အက်ပ်ကို ရွေးသုံးပါ။
  • 2:41 - 2:44
    လှည့်ကွက်က ကိုယ်ကတိပြုခဲ့တဲ့
    စာချုပ် ရှိလာဖို့အတွက်ပါ။
  • 2:44 - 2:48
    နံပါတ်နှစ်- ငွေလှဲပြောင်းမှု အချိန်များကို
    ကိုယ် အကျိုးရှိအောင် အသုံးချပါ။
  • 2:48 - 2:50
    ကျွန်မတို့ဟာ ဝဘ်ဆိုက် တစ်ခုမှာ
    စမ်းသပ်ကြည့်ခဲ့ကြတယ်၊
  • 2:50 - 2:53
    သက်ကြီးများရဲ့ နေအိမ်ကို
    အခြားသူတို့နဲ့ မျှနေခွင့် ပေးဖို့ပါ။
  • 2:53 - 2:55
    လူမှုမီဒီယာမှာ ကြော်ငြာ နှစ်မျိုး
    ထည့်ခဲ့ကြတယ်၊
  • 2:55 - 2:57
    အသက် ၆၄ နှစ်ရှိ လူတွေ အတွက်ပါ။
  • 2:57 - 3:00
    တစ်စုကို ကျတော့ ကျွန်မတို့က၊
    "ခင်ဗျားတို့ အသက်ကြီးလာနေပြီ၊
  • 3:00 - 3:02
    အငြိမ်းစားယူဖို့ အသင့်ရှိကြပြီလား။
  • 3:02 - 3:03
    အိမ်ကို မျှနေမှုက ကူညီနိုင်တယ်။"
  • 3:03 - 3:06
    ဒုတိယအုပ်စုကျတော့ ကျွန်မတို့
    ပိုတိကျစွာ ရေးခဲ့ကြပြီး
  • 3:06 - 3:08
    "ခင်ဗျားဟာ ၆၄ နှစ်မှ ၆၅ ကို
    ကူးပြောင်းတော့မယ်၊
  • 3:08 - 3:10
    အငြိမ်းစားယူဖို့ ခင်ဗျား အသင့်ရှိပြီလား။
  • 3:10 - 3:11
    အိမ်မျှနေမှုက ကူညီပေးနိုင်သည်။"
  • 3:11 - 3:13
    ဒုတိယ အုပ်စုအတွက်
  • 3:13 - 3:15
    ကူအပြောင်းမှု ရှိနေတာကို
    အလေးပေး ထောက်ပြခဲ့ကြတယ်။
  • 3:15 - 3:16
    အံ့အားသင့်ဖို့ ကောင်းတာက၊
  • 3:16 - 3:19
    ကလစ်နှိပ်မှု နှုန်းတွေအရ
    လက်မှတ်ထိုးခဲ့ကြသူတို့ဟာ
  • 3:19 - 3:21
    အလေးပေး ထောက်ပြခဲ့သူတို့ဆီမှာ
    များစွာ တိုးလာခဲ့ပါတယ်။
  • 3:21 - 3:24
    စိတ်ပညာထဲတွင် အဲဒါကို "စတင်မှု အသစ်ရဲ့
    သက်ရောက်မှု"လို့ ခေါ်ပါတယ်။
  • 3:24 - 3:27
    နှစ်သစ် စချိန်လား၊ ရာသီသစ် စချိန်လား၊
  • 3:27 - 3:29
    ခင်ဗျားတို့ လုပ်ဆောင်ဖို့
    လှုံ့ဆော်ချက် တိုးလာပါတယ်။
  • 3:29 - 3:32
    ဒီတော့ အခုကို ခင်ဗျားတို့ရဲ့ ပြက္ခဒိန်မှာ
    လာမယ့် မွေးနေ့ အကြိုနေ့တွင်
  • 3:32 - 3:34
    တစ်ခုခု လုပ်မှာကို မှတ်လိုက်ပါ။
  • 3:34 - 3:37
    သင့်အနေနဲ့ အလုပ်ချင်ဆုံး
    ဘဏ္ဍာရေးကိစ္စ တစ်ခု သတ်မှတ်လိုက်ပါ။
  • 3:37 - 3:39
    အဲဒါကို လုပ်ဖြစ်မှာ
    ကိုယ့်ကိုယ်ကို ကတိပြုပါ။
  • 3:39 - 3:41
    တတိယနှင့်နောက်ဆုံး လှည့်ကွက်က-
  • 3:41 - 3:44
    သေးငယ်ပေးမဲ့ မကြာခဏ ပြုလုပ်တတ်တဲ့
    ဝယ်ယူမှုများကို စောင့်ကြည့်ပေးပါ။
  • 3:44 - 3:46
    ကျွန်မတို့ လေ့လာမှု အမျိုးမျိုးကို
    ပြုလုပ်ခဲ့ကြည့်ရာ
  • 3:46 - 3:51
    ဘဏ်အခတွေကို နှတ်ယူလိုက်တဲ့ နောက်မှာ
    လူတွေ အများဆုံး တမျှောကြတဲ့ ငွေသုံးမှုက
  • 3:51 - 3:52
    အပြင်မှာ စားသောက်မှုပါ။
  • 3:52 - 3:54
    ကျုပ်တို့ နေ့စဉ်လိုလို ပြုလုပ်ကြတဲ့
    သုံးစွဲမှုပါပဲ၊
  • 3:54 - 3:57
    အဲဒါဟာ ထောင်ချီ ကိုက်စားမှုကြောင့်
    သေသွားရသလိုပါပဲ။
  • 3:57 - 3:59
    ဒီနေရာမှာ ကော်ဖီ၊ ဟိုမှာက Burrito ...
  • 3:59 - 4:02
    အဲဒါမျိုးတွေ တိုးတိုးလာတာနဲ့
    ချွေတာရေး အလားအလာ နည်းလာရတယ်။
  • 4:02 - 4:04
    တချိန်တုန်းက ကျွန်မ နယူးယောက်မြို့မှာ
    နေထိုင်စဉ်
  • 4:04 - 4:06
    ကျွန်မရဲ့ သုံးစရိတ်တွေကို
    ကြည့်ကြည့်တော့၊
  • 4:06 - 4:10
    မျှပြီး ကားစီးရေး အက်ပ်အတွက် ကျွန်မဟာ
    ဒေါ်လာ ၂၀၀၀ ကျော် ဖြုန်းခဲ့တာ သတိထားမိတယ်။
  • 4:10 - 4:13
    အဲဒါဟာ ကျွန်မရဲ့ နယူးယောက်မြို့မှာ
    အိမ်ငှားခထက် ပိုများနေခဲ့တယ်။
  • 4:13 - 4:15
    အပြောင်းအလဲ တစ်ခုလုပ်ရန် ကျွန်မ
    ဆုံးဖြတ်လိုက်တယ်။
  • 4:15 - 4:18
    နောက်လမှာ ကျွန်မ
    ဒေါ်လာ ၂၀၀၀ ပဲ သုံးခဲ့ပြန်တယ်--
  • 4:18 - 4:21
    အချက်အလက် ကိုယ်၌က ကျွန်မ ပြုမူပုံကို
    ပြောင်းလဲနိုင်စွမ်း မရှိခဲ့လို့ပါ။
  • 4:21 - 4:23
    ကျွန်မ ကိုယ့်ဝန်းကျင်ကို
    မပြောင်းလဲရသေးလို့ပါ။
  • 4:23 - 4:26
    ကျွန်မက ဒေါ်လာ ၄၀၀၀ တွင်းနက်ထဲ
    ရောက်နေတော့ အရာနှစ်ခု လုပ်ခဲ့တယ်။
  • 4:26 - 4:29
    ပထမ အနေနဲ့ ကျွန်မရဲ့ ခရက်ဒစ်ကဒ်ကို
    ကားမျှစီးရေး အက်ပ်မှ
  • 4:29 - 4:30
    ချိတ်ထားမှု ဖြုတ်လိုက်တယ်။
  • 4:30 - 4:34
    အဲဒီအစား တစ်လ ဒေါ်လာ ၃၀၀ သာသုံးနိုင်တဲ့
    ဒက်ဘစ်ကဒ်နဲ့ ချိတ်လိုက်တယ်။
  • 4:34 - 4:35
    ကျွန်မ ပိုလိုအပ်ခဲ့ရင်၊
  • 4:35 - 4:38
    ကျွန်မဟာ ကဒ်သစ် ထည့်ပေးရေး လုပ်ငန်းစဉ်
    တစ်ခုလုံးကို ပြန်လုပ်ရမယ်၊
  • 4:38 - 4:42
    ကလစ်နှိပ်တိုင်း၊ အတားအဆီးတိုင်းက
    ကျွန်မတို့ရဲ့ ပြုမူပုံကို ပြောင်းလဲစေတယ်။
  • 4:42 - 4:44
    ကျွန်မတို့ စက်တွေမှ မဟုတ်တာ။
  • 4:44 - 4:47
    ကျွန်မတို့ဟာ ကိုယ်နဲ့အတူ သွားလေရာမှာ
    ပေသီးကို ယူမလာကြပါ၊
  • 4:47 - 4:50
    ကိုယ်လိုချင်တဲ့ အရာတွေအတွက် ပေးဆပ်
    ခဲ့ရတာတွေကို ပေါင်းကြည့်နေတာ မဟုတ်ဘူး။
  • 4:50 - 4:52
    ဒါပေမဲ့ ကျုပ်တို့ရဲ့ ဦးနှောက်
    တော်တဲ့ အချက်တစ်ခုက
  • 4:52 - 4:55
    ကိုယ် လုပ်ခဲ့တဲ့ အရာတွေရဲ့
    အကြိမ်ပေါင်း ရေတွက်နိုင်မှုပါ။
  • 4:55 - 4:58
    ဒါနဲ့ ကျွန်မဟာ ကိုယ့်အတွက်
    ကန့်သတ်ချက်ကို သတ်မှတ်လိုက်တယ်။
  • 4:58 - 5:01
    ကျွန်မဟာ မျှပြီး ကားစီးရေး အက်ပ်ကို
    တစ်ပတ် သုံးကြိမ်သာ သုံးနိုင်မယ်။
  • 5:01 - 5:03
    အဲဒါက ကျွန်မရဲ့ သွားလာမှုကို
    ဆင်ခြင်လာစေတယ်။
  • 5:03 - 5:07
    ပတ်ဝန်းကျင်ကိုပြောင်းလိုက်တဲ့ ဆုံးဖြတ်ချက်
    ချမှတ်နိုင်ခဲ့လို့ မျှပြီး ကားစီးရေးအက်ပ်
  • 5:07 - 5:10
    သတိထား သုံးလာလို့ ကျွန်မရဲ့
    ယောင်္ကျား အကျိုးခံစားခဲ့ရတယ်။
  • 5:10 - 5:13
    ဒီတော့ ကိုယ့်အတွက် ဝယ်ယူသမျှကို
    သတိထား စောင့်ကြည့်ဖို့ လိုသလို
  • 5:13 - 5:16
    ထိုသို့ ဝယ်ယူမှုကို ပိုခက်လာစေရန်
    သင့်ဝန်းကျင်ကို ပြောင်းပစ်ပါ။
  • 5:16 - 5:18
    ကျွန်မရဲ့ အကြံပေးချက်တွေက
    ဒါတွေပါပဲ။
  • 5:18 - 5:21
    ဒါပေမဲ့ ခင်ဗျားတို့ အားလုံး သတိရနေဖို့
    လိုတဲ့ အချက်ရှိပါတယ်။
  • 5:21 - 5:24
    လူသားတွေ ဖြစ်ကြတာမို့လို့၊ ငွေချွေတာရေး၊
    သုံးစွဲရေး နှင့် ငွေေကြေးကိစ္စများမှာ
  • 5:24 - 5:26
    ဆင်ခြင်ချင်မှ ဆင်ခြင်နိုင်ကြမှာပါ၊
  • 5:26 - 5:28
    ဒါပေမဲ့ ကိုယ့်အကြောင်း သိထားခြင်းက
    ကံကောင်းပါတယ်၊
  • 5:28 - 5:31
    အချို့ပတ်ဝန်းကျင်အတွက် ကျုပ်တို့
    ပြုမူပုံကို ခန့်မှန်းရနိုင်တယ်။
  • 5:31 - 5:33
    ချွေတာရေးမှာလည်း
    အဲဒီလို လုပ်ကိုင်ကြပါစို့။
  • 5:33 - 5:37
    ကျုပ်တို့ရဲ့အနာဂတ်ကိုယ်ကို ကူညီရန်
    ကျုပ်တို့ဝန်းကျင်ကို ပြောင်းလဲကြပါစို့။
Title:
ငွေချွေတာဖို့ ကူညီပေးမယ့် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက် ၃ ခု
Speaker:
Wendy De La Rosa
Description:

ကျုပ်တို့ အားလုံးဟာ ငွေကို ပိုပိုချွေတာလိုကြပါတယ် -- ဒါပေမဲ့ ခြုံငုံလေ့လာကြည့်ရသလောက် လူတွေဟာ အဲဒီလို လုပ်ကိုင်ရမှာ သိပ်မအောင်မြင်ကြပါ။ လူတွေရဲ့ အပြုအမူကို လေ့လာတဲ့ သိပ္ပံပညာရှင် Wendy De La Rosa ဟာ လူတိုင်းလူတိုင်းက မိမိရဲ့ ဘဏ္ဍာရေး အခြေအနေ ပိုကောင်းမွန်လာစေဖို့ နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်တွေ ချမှတ်ကြပုံကို လေ့လာဆန်းစစ်သူပါ။ သူမ ရှာတွေ့ခဲ့တဲ့ အချက်တွေဟာ သင်တို့ကို ပိုပြီး ချွေတာလာစေကာ ငွေဖြုန်းမှု နည်းလာစေအောင် သိပ်မခဲယဉ်းဘဲ ကူညီပေးနိုင်ပါလိမ့်မယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED Series
Duration:
05:50

Burmese subtitles

Revisions