-
John Singleton Copley, A Boy with a Flying Squirrel (Henry Pelham), 1765
-
သင်ကအနုပညာရှင်ဖြစ်ချင်တယ်
-
ဒါပေမယ့် သင့်မြို့ မှာအနုပညာရှင်တွေ၊အနုပညာကျောင်းတွေ အနုပညာပြတိုက်တွေ၊ပြခန်းတွေ နဲ့
-
ပန်းချီကားတွေကိုစွဲစွဲမက်မက်ဝယ်မဲ့သူမရှိဘူးဆိုပါစို့
-
ဒါကတော့ ၁၇၆၀ ခုနှစ် Boston မှာ John Singleton Copley ကြုံတွေ့နေရတဲ့အခြေအနေပါ
-
ကျွန်တော်တို့ဟာ Copley ရဲ့အဖေတူမအေကွဲအစ်ကိုပုံကိုကြည့်နေပါတယ်
-
သူကတော့Henry Pelham ဖြစ်ပြီး ပန်းချီကားနာမည်ကတော့ "Boy with Flying Squirrel" ပါ
-
ကိုယ့်ဘာသာလေ့လာခဲ့ရသူအဖို့ အဲ့ပန်းချီကပြောင်မြောက်လွန်းလှပါတယ်
-
ကျွန်တော့်အကြည့်တွေကပထမသူ့မျက်နှာ၊အနီရောင်ခန်းဆီး
-
အဲ့ဒါတွေကကျွန်တော့်အာရုံကိုဆွဲဆောင်နေပါတယ် ၊နောက်မျက်နှာဟာအရမ်းချောမောလွန်းပါတယ်
-
နောက်ကျွန်တော့်မျက်လုံးတွေက သူ့ပခုံး၊လက်မောင်းနဲ့လက်တွေဆီရောက်သွားပါတယ်
-
လက်ချောင်ထိပ်လေးတွေကလည်းအနုစိတ်လွန်းလှပါတယ်
-
အရမ်းကိုသွယ်ပျောင်းပြီးတော့ ၊ရွှေကြိုးကိုလျော့တိလျော့ရွဲကိုင်ထားပါတယ်
-
နောက်ကျွန်တော့်အကြည့်တွေက ရှဥ့်ဆီကိုရောက်သွားပါတယ် သူဟာချစ်စရာကောင်းပြီးအခွံမာသီးကိုကိုက်နေပါတယ်
-
သူ့ရဲ့နောက်ကျောဘက်အနက်ရောင်အမွေးဟာ
-
ဝမ်းဗိုက်ပိုင်းရဲ့အဖြူရောင်အမွေးနဲ့ဆက်နေပါတယ်
-
အဲ့ပုံဟာအင်္ကျီလက်အနားမှာပုံရိပ်ထင်နေပါတယ်၊ပြီးတော့ အဲ့လက်အနားရဲ့တစ်ဖက်မှာ အလင်းရောင်ရှိပြီး
-
နောက်တစ်ဖက်မှာတော့အရိပ်ကျနေပါတယ်
-
အဲ့အလင်းအမှောင်ဟာတစ်ခုကိုဆန့်ကျင်ပြီးလှနေပါတယ်
-
Copley အစ်ကိုပန်းချီကားဟာသရုပ်ပြအနုပညာတစ်ခုဖြစ်တယ်
-
၁၇၆၅ Copley အဲ့ပန်းချီကိုဆွဲခဲ့တုန်းက သူကBoston မှာကျော်ကြားတဲ့ပုံတူဆွဲပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်
-
ဒါမဲ့သူကဆက်သင်ချင်ပါတယ်။ Copley ပုံတူပန်းချီဆွဲခြင်းဟာ
-
Europe ရဲ့ အနုပညာရပ်အဆင့်ဆင့်တွေမှာ အောက်ဆုံးဆိုတာသိပါတယ်
-
အမြင့်ဆုံးပန်းချီတွေကတော့ ဘာသာရေး၊ဒဏ္ဍာရီ ပန်းချီတွေဖြစ်ပြီးပုံတူဆွဲခြင်းနဲ့ဘ၀ပုံတွေကအနိမ့်ဆုံးအဆင့်ဖြစ်တယ်
-
ဒါမဲ့ new American cities ကလူတွေလိုချင်တာက ပုံတူဆွဲခြင်းပါ
-
Boston ကကုန်သည်အဆင့်အတန်း၊ချမ်းသာသူတွေဟာ ပုံတူဆွဲခြင်းကိုအသိအမှတ်ပြုလာကြတယ်
-
ဒါမဲ့Copleyကအဲ့ဒါကိုဘေးဖယ်ထားချင်တယ် သူကEuropeပန်းချီပညာဟာပိုကောင်းတယ်ဆိုတာသိတယ်
-
ဒါကြောင့် သူဟာဒီသရုပ်ပြပုံတူပန်းချီကားကိုဆွဲပြီ
-
European academies မှာအဲ့ပန်းချီကိုပြနိုင်အောင်လုပ်ခဲ့တယ်
-
ဒါကြောင့် London ကိုသွားမည့်လူတစ်ယောက်ကိုထည့်ပေးလိုက်တယ်
-
အဲ့ပန်းချီကို Londonရှိနာအမည်အတော်ကျော်ကြားတဲ့ အမေရိကန်ပန်းချီဆရာBenjamin West နဲ့
-
Royal Academy in England ရဲ့ ခေါင်းဆောင် sir Joshua Reynolds ကလက်ခံရရှိခဲ့တယ်
-
ပထမဆုံးကျွန်တော်တို့ဟာရှေ့တည့်တည့်မှ မျက်နှာကိုကြည့်နေတာမဟုတ်ဘဲ
-
ဘေးမှကြည့်နေတယ်ဆိုတာကိုသတိထားမိလိမ့်မယ်
-
ဒါကြောင့် Copleyကအဲ့ဒါကို သူဟာပုံတူပန်းချီတွေကိုသာမက
-
နေ့စဉ်သဘာသအနုပညာတွေကိုလည်းဆွဲနိုင်တယ် ဆိုတာပြချင်လို့လို့ထင်ပါတယ်
-
Copley က ပုံတွေကိုထိပ်တိုက်မြင်ရပုံပေါ်အောင် ဆွဲနိုင်တာကိုပြထားတယ်လို့ထင်တယ်
-
အဲ့ဒါကအလွန်ခက်ခဲပါတယ်
-
သင်ဟာထိုင်နေသူရဲ့ညာဘက်လက်ကိုကြည့်ရင် သင်နဲ့နီးကပ်နေတယ်လို့ထင်ရပါလိမ့်မယ်
-
အဲ့ပန်းချီ England ကိုရောက်လာတဲ့အခါ, Sir Joshua Reynold ကချီးကျူးခဲ့ပါတယ်
-
ဒါမဲ့သူက နောက်မကျခင် London ကိုလာပြီး လေ့လာသင့်တယ်
-
Boston မှာဆိုရင် သင့်ရဲ့သဘောတရား ယူဆချက်တွေက တစ်သမတ်တည်းဖြစ်သွားလိမ့်မယ်
-
Englandမှာဆိုရင်အရေးကြီးတဲ့အနုပညာတစ်ရပ်လို့ သတ်မှတ်တယ်ဆိုပြီးပြောခဲ့ပါတယ်
-
CopleyကBostonရဲ့အခြေအနေတွေကအလွန်ဆိုးတယ်လို့ထင်တယ် အနုပညာရှင်တွေဟာ ဖိနပ်ချုပ်သူတွေလိုဆက်ဆံခံရတယ်
-
ဒါကြောင့် Copley ကBostonရဲ့ကန့်သတ်ချက်တွေ၊ coloniesရဲ့ ကန့်သတ်ချက်တွေကိုသဘောပေါက်လာပါတယ်
-
သူကပုံတူပန်းချီအနုပညာဟာ အနုပညာအသေးစားလေးဆိုတာနားလည်ပါတယ်
-
ဒါမဲ့သူကလက်တွေကျကျလည်းတွေးကြည့်ပါတယ်။ ဒါကလူတွေအလိုရှိတာလေ
-
ပြီးတော့သူကကျွမ်းကျွမ်းကျင်ကျင်လှလှပပလည်းဆွဲနိုင်တယ်
-
ဒါမဲ့ သူဟာသမိုင်းကြောင်း၊ဘာသာရေး၊ ဥရောကဒဏ္ဍာရီပန်းချီတွေကိုဆွဲနေတာမဟုတ်ဘူး
-
၊အဲ့အဆင့်ကိုမမီဘူးဆိုတဲ့ ၊ ရှေးရိုးအတွေးကရှိနေကြတုန်းပါပဲ
-
ဒါကြောင့်ကျွန်တော်တို့ဟာ အဲ့လိုရှေးရိုးဆန်တဲ့ခေတ်ကြီးထဲမှ John Singleton Copley ရဲ့အခြေအနေကိုဖော်ပြနေတဲ့ ဒီလိုလှပတဲ့ပန်းချီကိုရရှိခြင်းဖြစ်ပါတယ်