သမုဒ္ဒရာကြမ်းပြင် ဆိုတာဘာလဲနှင့် ကျွန်တော်တို့ ဘယ်လိုများရောက်ခဲ့လဲ။
-
0:01 - 0:04David Biello: ကဲ Victor
ဘာတွေများလုပ်ထားလဲဗျ။ -
0:05 - 0:08Victor Vescovo: ဒါက အတ္တလန်တစ်
သမုဒ္ဒရာအောက်ကြမ်းပြင်ပါ။ -
0:08 - 0:11Jules Verneကို ငယ်ငယ်ရွယ်ရွယ်နဲ့
တော်တော်လေး ဖတ်ဖြစ်ခဲ့တာမို့ -
0:11 - 0:15လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဒီကမ္ဘာပေါ်မှာ
ခေတ်အမီဆုံးနဲ့ အနက်ဆုံးဆင်း -
0:15 - 0:18နိုင်မယ့် ရေငုပ်သင်္ဘောကို တည်ဆောက်ဖို့
အသင်းတစ်သင်း ဖွဲ့စည်းခဲ့တယ်။ -
0:18 - 0:21အဲတာကို ကိုယ်တိုင်မောင်းနှင်ဖို့လည်း
အရည်ချင်းမီပါတယ်။ -
0:21 - 0:23ဒါ မနှစ်က ဒီဇင်ဘာက ကျွန်တော်တို့ပါ။
-
0:23 - 0:26ပထမဆုံးအနေနဲ့ အတ္တလန်တစ်
သမုဒ္ဒရာ ကြမ်းပြင်မှာပေါ့။ -
0:26 - 0:28DB: ပြီးတော့ ဘယ်သူမှမင်းမတိုင်ခင်
-
0:28 - 0:29မမြင်ဖူးသေးဘူးဟုတ်။
VV: ဟုတ်ပါတယ်၊ -
0:30 - 0:31အခု လူတိုင်းမြင်နိုင်နေပြီ။
-
0:31 - 0:33DB: ဘယ်သူလုပ်ခဲ့တာလဲ။
-
0:33 - 0:35ဘယ်လိုပြောရမလဲ။
-
0:35 - 0:38ဒီလိုဗျ၊ လူတွေက ဒါမျိုးတိုးတက်မှုကို
လွန်ခဲ့တဲ့ ၁၀၊ ၁၅ နှစ်လောက်တည်းက -
0:38 - 0:42မြင်ဖူးပြီးသားလို့ ထင်တယ်။ ပြင်ပအာကာသကို
ရှာဖွေဖို့လုပ်နေတဲ့ လူတွေလည်း -
0:42 - 0:44ရှိနေကြတယ်။ SpaceX
Blue Origin တို့က လူတွေလိုပေါ့။ -
0:44 - 0:46ဒါနဲ့ ကျွန်တော်တို့က
-
0:46 - 0:47တခြားတဖက်ကို သွားလိုက်ကြတယ်။
-
0:47 - 0:49အခုက တခါမှမရှာဖွေဖူးတဲ့
-
0:49 - 0:51နေရာတွေကိုရောက်ဖို့
နည်းပညာတွေကို တိုးတက်အောင် -
0:51 - 0:53ပုဂ္ဂလိကသီးသန့်
အရင်းအမြစ်တွေကို အသုံးချ -
0:53 - 0:55နိုင်နေတဲ့ အံ့သြဖွယ်ကောင်းတဲ့ ခေတ်ပါ။
-
0:55 - 0:57ကမ္ဘာပေါ်မှာရှိတဲ့ သမုဒ္ဒရာတွေဆိုတာ
-
0:57 - 1:01ပြောရရင် အကုန်လုံးလည်း သိပြီးသားပါ၊
၇၀% နှုန်းလောက် ဖုံးထားတယ်။ -
1:01 - 1:03အဲ့ထဲကမှ ၉၅% က မရှာဖွေရသေးဘူး။
-
1:03 - 1:05ဒါကြောင့် ကျွန်တော်တို့
မျှော်မှန်းထားတဲ့ ၆၀%သော -
1:06 - 1:07မရှာဖွေရသေးတဲ့ ကမ္ဘာကြီးကို ရှာဖွေဖို့
-
1:07 - 1:10မည်သည့် ရေအောက်
ကြမ်းပြင်ကိုမဆို ဆင်းနိုင်မယ့် -
1:10 - 1:15ရေငုပ်သင်္ဘောကို တည်ဆောက်ဖို့
လုပ်နေကြတာပါ။ -
1:15 - 1:18DB:အဲ့အတွက် တော်တော်မိုက်တဲ့
ပစ္စည်းတွေလိုတယ်ဟုတ်။ -
1:18 - 1:19VV: ဟုတ်ပါတယ်။
-
1:19 - 1:21ပစ္စည်းကအကန့်အသတ်နဲ့ရေငုပ်သင်္ဘော၊
-
1:22 - 1:23Pressure Drop ထောက်ပို့သင်္ဘောက
-
1:23 - 1:25ထောက်ပံ့ပေးတဲ့ လက်ရှိ
ခေတ်အမီဆုံး ရေငုပ်သင်္ဘော -
1:25 - 1:28လူ ၂ ယောက်စာလေထုတစ်ခုအတွက်
၉၀ မီလီမီတာထူတဲ့ -
1:28 - 1:30တိုက်တေနီယမ် ကိုယ်ထည်လုံးပါတယ်။
-
1:30 - 1:33ပြီးတော့ သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာအထိ
-
1:33 - 1:35ထပ်ခါထပ်ခါငုပ်လို့ရတယ်။
-
1:35 - 1:39DB: ဒါဆို SpaceX လို သမုဒ္ဒရာ
စူးစမ်းလေ့လာရေးပေါ့။ -
1:39 - 1:42VV: ဟုတ်တယ်။ SpaceX သမုဒ္ဒရာ
လေ့လာရေးမျိုးပါပဲ။ ဒါပေမဲ့ -
1:42 - 1:44ကျွန်တော်ကြတော့ ကိုယ်တိုင်မောင်းတာ။
-
1:44 - 1:46(ရယ်သံ)
-
1:46 - 1:49DB: အဲ့ဒါဆို Elon ကို
ခေါ်သွားမှာလား ဒါမှမဟုတ်။ -
1:49 - 1:51VV: ဒါပေါ့။ အောက်ကို ခေါ်သွားနိုင်ပါတယ်။
-
1:51 - 1:52ဒါကြောင့် Elon၊ ခင်ဗျားနားထောင်
-
1:52 - 1:55နေရင်၊ ကျုပ်ကို ခင်ဗျားဟာ ပေးစီးရင်
ကျုပ်ဟာလည်း ပေးစီးမယ်။ -
1:55 - 1:57(ရယ်သံ)
-
1:58 - 2:01DB: ဒါဆိုရင် အောက်မှာ
ဘာနဲ့တူလဲ ပြောပြပါလား။ -
2:01 - 2:04ဆိုလိုတာက ရေထုဖိအားက အီဖယ်တာဝါကို
-
2:04 - 2:07ခြေချောင်းပေါ် တင်ထားသလို
ပြင်းထန်တဲ့ နေရာဆိုတော့ -
2:07 - 2:08VV: အဲ့တာထက် ပိုပါတယ်။
-
2:08 - 2:10၁၆၀၀၀ psi (pound-force per
-
2:10 - 2:12square inch) လောက် ရှိတယ်။
ပြဿနာက ဒီတိုက်တေနီယမ် -
2:12 - 2:14ကိုယ်ထည်က အဲ့လောက်အနက်ကြီးကို
ကျွန်တော်တို့အတွက် -
2:14 - 2:16တက်လိုက်ဆင်းလိုက်
ခဏခဏ လုပ်ပေးရတယ်။ -
2:16 - 2:18အဲတာကို တခါမှ မလုပ်ဖူးဘူး။
-
2:18 - 2:20ဂျိမ်းစ်ကင်မရွန်းရဲ့ Challenger Deep က
-
2:20 - 2:23၁၉၆၀ နဲ့ ၂၀၁၂တွေမှာ ၂ ခါ ငုပ်ဖူးတယ်။
-
2:23 - 2:26သူတို့ဆင်းတယ်၊ ပြန်တက်လာတယ်။ အဲ့တာတွေက
လက်တွေ့စမ်းသပ်နေဆဲ ယာဉ်တွေပါ။ -
2:26 - 2:29ဒါကကြတောာ့ ပထမဆုံးစီးပွားဖြစ်
အသိအမှတ်ပြုရေငုပ်တာဖြစ် -
2:29 - 2:32ပြီး၊ သိပ္ပံပညာရှင် အပါအဝင်
လူ ၂ ယောက် အကြိမ်ရေထောင်နဲ့ ချီပြီး -
2:32 - 2:33တက်ဆင်း ပြုလုပ်နိုင်ပါတယ်။
-
2:33 - 2:35ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ ပတ်က
-
2:35 - 2:37နယူးကာဆယ်တက္ကသိုလ်က
ဒေါက်တာ အလန်ဂျေမီစင်ကို -
2:37 - 2:40ဂျာဗားချောက်ထဲကို ခေါ်သွားခဲ့ပြီး
သမိုင်းမှာ အနက်ဆုံးရောက်တဲ့ -
2:40 - 2:43ဗြိတိသျှလူမျိုး ဖြစ်လာခဲ့တာ
အတော်လေး ဂုဏ်ယူမိပါတယ်။ -
2:43 - 2:48DB: ဒါဆိုရင် ငါ ခန့်မှန်းနေတာက
မင်းကိုခြောက်ဖို့တော့ မဟုတ်ပါဘူး။ -
2:48 - 2:50VV: ဒီလိုဗျ။ရေငုပ်ဖို့က
အတော်လေး ထူးခြားတယ်။ -
2:50 - 2:53ခင်ဗျားက အကျဉ်းအကြပ်ကို ကြောက်တဲ့သူဆို
ရေငုပ်သင်္ဘောထဲဝင်လာမှာ -
2:53 - 2:55မဟုတ်ဘူး။ ဒီကျဉ်းကျဉ်းလေး
-
2:55 - 2:58ထဲမှာပဲ ၈၊ ၉ နာရီလောက်ကြာအောင်
အတော်လေး နက်တဲ့နေရာထိကို ဆင်းတာ။ -
2:58 - 3:01ဒါက အရင်အလုပ်ဖြစ်တဲ့ လေတဟူးဟူးနဲ့
-
3:01 - 3:03အေးစိမ့်နေတဲ့ အပြင်လောကက
-
3:03 - 3:05တောင်တက်တာနဲ့ လုံးဝကွာတယ်။
-
3:05 - 3:07ဒါကဆန့်ကျင်ဖက်ပဲ။
နည်းပညာပိုင်းပိုပြီး ဆန်တယ်။ -
3:07 - 3:10စက်ကိရိယာတွေနဲ့ ဖြစ်လာနိုင်တဲ့
-
3:10 - 3:12ပြဿနာတွေကို တိတိကျကျ
ကိုင်တွယ်နိုင်ရပါတယ်။ -
3:12 - 3:15အကယ်၍ ရေငုပ်သင်္ဘောထဲမှာ
တခုခု မှားသွားရင်တော့ -
3:15 - 3:16ခင်ဗျား သိလိုက်မှာမဟုတ်ပါဘူး။
-
3:16 - 3:17(ရယ်သံ)
-
3:18 - 3:20DB: ဒါဆိုပြောချင်တာက ယိုပေါက်တွေကို
ကြောက်တယ်ပေါ့။ -
3:20 - 3:23VV: ယိုပေါက်တွေက မကောင်းပါဘူး။
ဒါပေမဲ့ ဖြစ်လာခဲ့ရင်တော့ သိပ် -
3:23 - 3:25အဆိုးကြီးလည်း မဟုတ်ဘူး။
သိပ်ဆိုးရင်တော့ ခုနက -
3:25 - 3:27ပြောသလို သိလိုက်မှာ မဟုတ်ဘူးပေါ့။
-
3:27 - 3:30ဒီယာဉ်ထဲမှာမီးလောင်ရင်လည်း
ကောင်းတာမဟုတ်ဘူး။ -
3:30 - 3:32ဒါပေမဲ့ ဒါကလုံးဝစိတ်ချရတဲ့
ရေငုပ်သင်္ဘောပါ။ -
3:32 - 3:34ပြောချင်တာက ဘဝမှာ
များများစားစား ယုံလေ့မရှိဘူး။ -
3:34 - 3:36ဒါမဲ့ သင်္ချာနဲ့
တိုက်တေနီယမ်ကိုယုံတယ်။ -
3:36 - 3:38ဒီလောက်ကြီးမားတဲ့ ရေထုဖိအားနဲ့
-
3:38 - 3:40အခြေနေကို ခံနိုင်ရည်ရှိမရှိ
-
3:40 - 3:42သေချာ စစ်ဆေးနိုင်တဲ့
-
3:42 - 3:44ရှိနေတဲ့ ဒြပ်စင်ခွဲခြမ်း
စိတ်ဖြာမှုကို ယုံတယ်။ -
3:44 - 3:47DB: အဲ့ကိုယ်ထည်ကလည်း ပြည့်ပြည့်စုံစုံ
တပ်ဆင်ထားတယ်မလား။ -
3:47 - 3:49တကယ့်ကို ပြီးပြည့်စုံတဲ့ယာဉ်ဆိုတော့။
-
3:49 - 3:50VV: ဒါက တကယ်မသိကြတာက
-
3:50 - 3:52တိုက်တေနီယမ်ကိုယ်ထည် တည်ဆောက်ဖို့ကို
-
3:52 - 3:55စက်ရဲ့ ၀.၁%အထိ တိကျရတယ်။
တိုက်တေနီယမ်က မာကျောတဲ့ သတ္ထုမျိုး -
3:56 - 3:57ဆိုတာ တော်တော်များများက သတိမထား
-
3:57 - 3:59မိကြဘူး။ ကျွန်တော်တို့ကတော့ ကံကောင်းခဲ့
-
3:59 - 4:01တာပေါ့။ ကျွန်တော်တို့
-
4:01 - 4:04အထူးချွန်ဆုံး အဖွဲ့က လုံးဝနီးနီး
ပြီးပြည့်စုံတဲ့ ကိုယ်ထည်ကို -
4:04 - 4:06တည်ဆောက်နိုင်ခဲ့တယ်။
ခုနခင်ဗျားပြောတဲ့ ဖိအားကိစ္စလို -
4:06 - 4:08ဂျီသြမေတြီ အများကြီး
လိုတာမျိုး လိုပေါ့။ -
4:08 - 4:11ရေငုပ်သင်္ဘောထဲ ဝင်ပြီး
အပေါက်ကို ပိတ်လိုက်တာနဲ့ -
4:11 - 4:13ဆင်းဖို့ ပြန်တက်လာဖို့ကို
ယုံကြည်ချက် ရှိပါတယ်။ -
4:13 - 4:15DB: ပြီးတော့ခင်ဗျား နှစ်ခါပြန်စစ်တယ်ဆိုတာ
-
4:16 - 4:17အဲ့ အပေါက်ပိတ်ဖို့လား။
-
4:17 - 4:19VV: ရေငုပ်သင်္ဘောငုပ်ဖို့
စည်းကမ်း ၂ ချက်ပဲ လိုတယ်။ -
4:19 - 4:21(၁) ဝင်ပေါက်ကို သေသေချာချာ ပိတ်၊
-
4:21 - 4:23(၂) နံပါတ် (၁) ကို ပြန်သွား။
-
4:23 - 4:27DB: ဟုတ်ပြီ။ ဒါဆို အတ္တလန်တစ်
သမုဒ္ဒရာ ပြီးပြီ၊ -
4:27 - 4:28တောင် သမုဒ္ဒရာ ပြီးပြီ။
-
4:28 - 4:31VV: ဘယ်သူမှ တောင် သမုဒ္ဒရာကို မငုပ်ဖူးဘူး။
-
4:31 - 4:32ဘာလို့လဲဆိုတာ သိတယ်။
-
4:32 - 4:34အရမ်း ကြမ်းတမ်းခက်ခဲလို့ပဲ။
-
4:34 - 4:35ရာသီဥတုကလည်း စိတ်ပျက်စရာပဲ။
-
4:35 - 4:37ခေါင်းထဲ ထိခိုက်ပျက်ဆီးမှုဆိုတာ ပေါ်လာတယ်။
-
4:37 - 4:39ဒါပေမဲ့ တစ်ခါငုပ်ဖူးပါတယ်။
အဲ့တာတွေကို -
4:39 - 4:41ကျော်လွှားနိုင်ခဲ့တယ်
DB: ဒါပေါ့ -
4:41 - 4:42ကျေးဇူးပါ။
-
4:42 - 4:43(လက်ခုပ်တီးသံ)
-
4:43 - 4:45DB: ဒါက ပြိုင်နေတာမျိုးနဲ့ တူမနေဘူးလား။
-
4:45 - 4:48အခု Kelly ပြောသလို အိန္ဒိယသမုဒ္ဒရာကိုလည်း
-
4:48 - 4:49VV: ဟုတ်တယ်။ လွန်ခဲ့တဲ့ ၃ ပတ်က
-
4:49 - 4:52ပဟေဠိကို ဖြေရှင်းဖို့ အကြောင်းပါလာတယ်။
-
4:52 - 4:54ကျန်ခဲ့တဲ့ ၃ ပတ်က တစ်ယောက်ယောက်ကများ
-
4:54 - 4:56အိန္ဒိယသမုဒ္ဒရာရဲ့ အနက်ဆုံး အမှတ်က
ဘယ်လောက်လဲ မေးရင် -
4:56 - 4:58ဘယ်သူမှ သိမှာ မဟုတ်ဘူး။
-
4:58 - 4:59အဖွဲ့ဝင် ၂ ယောက်၊ တစ်ယောက်က
-
4:59 - 5:02သြစတျေးလျ အနောက်ဖက်၊
တစ်ယောက်က ဂျာဗားချောက်ထဲ ဆင်းကြတယ်။ -
5:02 - 5:04ဒီအံ့သြဖွယ်ယာဉ်နဲ့ တိကျတဲ့
ရေအနက်အာရုံခံ ကိရိယာလည်း -
5:04 - 5:05ပါတယ်။ နှစ်ခုလုံးကိုမြေပုံ
-
5:05 - 5:08ဆွဲတယ်။ ကြမ်းပြင်ဆီကို
မြေဆင်းယာဉ်လွှတ်ပြီး -
5:08 - 5:10အတည်ပြုခဲ့တယ်။ အဲ့တာက တကယ့်ကို
ဘယ်သူမှ မထင်ထားခဲ့တဲ့ -
5:10 - 5:12ဂျာဗားချောက်ရဲ့ ဗဟိုပိုင်းမှာပါ။
-
5:12 - 5:15ကျွန်တော်တို့လေ အကြီးစား
တခါငုပ်ပြီး ပြန်လာတိုင်း -
5:15 - 5:17ဝီကီပီးဒီးယားကို တခါသွားပြေးပြင်ရတယ်။
-
5:17 - 5:19လုံးဝကို မှားနေတာကိုး။
-
5:19 - 5:20(ရယ်သံ)
-
5:20 - 5:23DB: ဒါဆိုရင် ဆင်းတဲ့အချိန်က
-
5:23 - 5:26အောက်မှာနေတဲ့ အချိန်ထက်
ပိုကုန်နေနိုင်တာပေါ့။ -
5:26 - 5:29VV: မဟုတ်ဘူးဗျ။ တကယ်တေ့ာအောက်မှာ
အချိန်တော်တော် ယူပါတယ်။ -
5:29 - 5:31ယာဉ်ထဲမှာ လေးရက်စာ အောက်ဆီဂျင်
ပါလာပြီးသား။ -
5:32 - 5:33ကျွန်တော်က ၄ ရက် ငုပ်နေလို့
-
5:33 - 5:36တစ်ခုခုလွဲသွားမယ်ဆိုရင် သုံးလို့ရတော့မှာ
မဟုတ်ဘူး။ -
5:36 - 5:39ဒါပေမဲ့ သမုဒ္ဒရာ အနက်ဆုံးထိကို
၃ နာရီလောက်ပဲ ကြာမယ်ဆိုရင် -
5:39 - 5:41အောက်မှာ ၃၊ ၄ နာရီလောက် နေလို့ရမယ်၊
-
5:41 - 5:43ပြန်တက်လာဖို့ ၃ နာရီ ကျန်မယ်။
-
5:43 - 5:46ဒါကြောင့် အထဲမှာ ၁၀၊ ၁၁ နာရီလောက်ထိ
ပိုမနေချင်ဘူး ဆိုရင်တော့ -
5:46 - 5:47နည်းနည်းတော့ ခက်တာပေါ့။
-
5:47 - 5:50DB: ဟုတ်ပြီ။ အိန္ဒိယသမုဒ္ဒရာကြမ်းပြင်မှာ
-
5:50 - 5:54ခင်ဗျားအပြင် ဘယ်သူမှ
မမြင်ဖူးသေးတာတွေ ရှိတယ်ပေါ့။ -
5:54 - 5:58VV: ဒါက ကျွန်တော်တို့ စက်ရုပ်
မြေဆင်းယာဉ်တွေထဲက တစ်စီးက ရတဲ့ပုံပါ။ -
5:58 - 6:01ညာဖက်အောက်မှာ မြင်နေရတာက ဖင်မာငါးတဲ့၊
-
6:01 - 6:02တကယ်ကြီး အဲ့လိုခေါ်တာဗျ။
-
6:02 - 6:04(ရယ်သံ)
-
6:04 - 6:07ဒါပေမဲ့ ဘယ်ဖက်မှာ မြင်နေရတဲ့
အကောင်က တခါမှ မမြင်ဖူးဘူး။ -
6:07 - 6:10တကယ်တော့ သူက stalked ascidian ခေါ်တဲ့
အောက်က တွဲလောင်းလေးနဲ့ -
6:10 - 6:13ဂျယ်လီငါးမျိုး၊ ဘယ်သူမှလည်း မမြင်ဖူးကြဘူး။
-
6:13 - 6:15အဲ့တွဲလောင်းလေးအောက်မှာ သူ့သားလေးဗျ။
-
6:15 - 6:18ကူးခတ်လာတာလေးက တော်တော်လှပါတယ်။
-
6:18 - 6:20ဒါကြောင့် နာရီပိုင်းလောက်လေးပဲ
-
6:20 - 6:23တခါငုပ်ပြီးတိုင်း မျိုးစိတ်အသစ်
-
6:23 - 6:25၃၊ ၄ ခုလောက်ကတော့ တွေ့ရတက်တယ်။
-
6:25 - 6:28ဘာလို့ဆိုတော့ နှစ်သန်းထောင်နဲ့ချီ
သီးသန့်ကွဲနေတဲ့ နေရာတွေဆိုတော့ -
6:28 - 6:31နမူနာယူတာ၊ ဓာတ်ပုံရိုက်တာအတွက်
တခါမှ မရောက်ဖူးကြဘူး။ -
6:31 - 6:33ဒါက ကျွန်တော်တို့အတွက်
-
6:33 - 6:34ထူးခြားသာလွန်စေတာပါ။
-
6:35 - 6:37(လက်ခုပ်တီးသံ)
-
6:37 - 6:38ဒါကြောင့်လည်း ကျွန်တော်တို့
-
6:38 - 6:42မျှော်လင့်နေတာက ဒီယာဉ်ကို အဓိကလုပ်ငန်းစဉ်
တစ်ခုအနေနဲ့ တည်ဆောက်ဖို့ပါပဲ။ -
6:42 - 6:43ဒီယာဉ်က တံခါးတစ်ချပ်ပါ။
-
6:43 - 6:45ဒီယာဉ်နဲ့
-
6:45 - 6:47သိပ္ပံပညာရှင်တွေကို အောက်ကို
-
6:47 - 6:49အကြိမ်ပေါင်း များစွာ ခေါ်သွားပြီး၊
-
6:49 - 6:51ကျွန်တော်တို့တွေ ရှိမှန်းတောင်
မသိတဲ့အရာတွေကို -
6:51 - 6:55ရှာဖွေဖို့ တံခါးဖွင့်ပေးနိုင်ပါတယ်။
-
6:55 - 6:59DB: ပြီးတော့ တော်တော်များများက သမုဒ္ဒရာ
အောက်ထက်စာရင် အာကာသထဲ ပိုရောက်ဖူးကြတယ်။ -
6:59 - 7:01ခင်ဗျားက အဲ့သုံးယောက်ထဲက တစ်ယောက်
-
7:01 - 7:04ဆိုတော့ အဲ့တာကို တိုးလာအောင်လုပ်မလား၊
ဒီလိုပဲ ထားမှာလား။ -
7:04 - 7:07VV: အင်း။ ၃ယောက်ပဲ ပစိဖိတ်အောက်ကို
ရောက်ဖူးသေးတယ်။၁၉၆၀မှာ USS Trieste -
7:07 - 7:09နဲ့ နှစ်ယောက်၊ ဂျိမ်းစ်ကင်မရွန်းက
၂၀၁၂မှာ သူ့ -
7:10 - 7:12Deep Sea Challengerနဲ့၊
ကျေးဇူး Jim၊ တကယ်မိုက်တဲ့ -
7:12 - 7:13ရေငုပ်သင်္ဘောပဲ။
-
7:14 - 7:15ဒါက တတိယမျိုးဆက် နည်းပညာပါ။
-
7:16 - 7:18ဒီနှစ်ပတ်ထဲမှာ တက်ဆင်းရုံလေး
လုပ်နေကြတာ မဟုတ်ဘူး။ -
7:18 - 7:21တခါမှ မလုပ်ဖူးသေးတဲ့
ထပ်ခါထပ်ခါ သွားနိုင်ဖို့ -
7:21 - 7:22အရေးကို လုပ်နေတာပါ။
ကျွန်တော်တို့ -
7:22 - 7:25အဲ့နည်းပညာကို သက်သေပြနိုင်ရင်
ဒီတံခါးကို ဖွင့်လိုက် -
7:25 - 7:28နိုင်ရုံလေး မဟုတ်ပါဘူး။
ဖွင့်ထားနိုင်တော့မှာပါ။ -
7:28 - 7:31(လက်ခုပ်တီးသံ)
DB: အရမ်းမိုက်တယ်။ -
7:31 - 7:32ကံကောင်းပါစေ။
-
7:32 - 7:34VV: ကျေးဇူးပါဗျာ။
DB: ကျေးဇူး။ -
7:34 - 7:35VV: အားလုံးကို ကျေးဇူးပါ
-
7:35 - 7:38(လက်ခုပ်တီးသံ)
- Title:
- သမုဒ္ဒရာကြမ်းပြင် ဆိုတာဘာလဲနှင့် ကျွန်တော်တို့ ဘယ်လိုများရောက်ခဲ့လဲ။
- Speaker:
- Victor Vescovo
- Description:
-
Victor Vescovo က ကမ္ဘာပေါ်က သမုဒ္ဒရာ ၅ စင်း လုံးရဲ့ အောက်ကြမ်းပြင်တွေအထိ လူမောင်းနှင်တဲ့ ခရီးစဉ်ကို ပထမဆုံး ဦးဆောင်ခဲ့သူပဲ ဖြစ်ပါတယ်။ သိပ္ပံဆိုင်ရာ TED အကြီးအကဲဖြစ်သူ David Biello နဲ့ ပြောတဲ့ စကားထဲမှာတော့ Vescovo က ဒီရှာဖွေမှုအတွက် နည်းပညာပိုင်းတွေကို ဆွေးနွေးထားပါတယ်။ တိုက်တေနီယမ်နဲ့ ဒီဇိုင်းဖော်ထားတဲ့ ရေငုပ်သင်္ဘောက ခက်ခဲကြမ်းတမ်းတဲ့ အခြေနေတွေကို ခံနိုင်ပြီး၊ သူ့ရဲ့ အိန္ဒိယသမုဒ္ဒရာအောက်ကြမ်းပြင်ခရီးစဉ်မှာ ရိုက်ကူးလာခဲ့တဲ့ တခါမှ မမြင်ဖူးတဲ့ ရေအောက် သတ္တဝါတွေကိုလည်း ပြသခဲ့ပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 07:51
sann tint approved Burmese subtitles for What's at the bottom of the ocean -- and how we're getting there | ||
sann tint edited Burmese subtitles for What's at the bottom of the ocean -- and how we're getting there | ||
sann tint accepted Burmese subtitles for What's at the bottom of the ocean -- and how we're getting there | ||
sann tint edited Burmese subtitles for What's at the bottom of the ocean -- and how we're getting there | ||
Waiyan Htut edited Burmese subtitles for What's at the bottom of the ocean -- and how we're getting there | ||
Waiyan Htut edited Burmese subtitles for What's at the bottom of the ocean -- and how we're getting there | ||
Waiyan Htut edited Burmese subtitles for What's at the bottom of the ocean -- and how we're getting there | ||
Waiyan Htut edited Burmese subtitles for What's at the bottom of the ocean -- and how we're getting there |