David Biello: ကဲ Victor
ဘာတွေများလုပ်ထားလဲဗျ။
Victor Vescovo: ဒါက အတ္တလန်တစ်
သမုဒ္ဒရာအောက်ကြမ်းပြင်ပါ။
Jules Verneကို ငယ်ငယ်ရွယ်ရွယ်နဲ့
တော်တော်လေး ဖတ်ဖြစ်ခဲ့တာမို့
လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဒီကမ္ဘာပေါ်မှာ
ခေတ်အမီဆုံးနဲ့ အနက်ဆုံးဆင်း
နိုင်မယ့် ရေငုပ်သင်္ဘောကို တည်ဆောက်ဖို့
အသင်းတစ်သင်း ဖွဲ့စည်းခဲ့တယ်။
အဲတာကို ကိုယ်တိုင်မောင်းနှင်ဖို့လည်း
အရည်ချင်းမီပါတယ်။
ဒါ မနှစ်က ဒီဇင်ဘာက ကျွန်တော်တို့ပါ။
ပထမဆုံးအနေနဲ့ အတ္တလန်တစ်
သမုဒ္ဒရာ ကြမ်းပြင်မှာပေါ့။
DB: ပြီးတော့ ဘယ်သူမှမင်းမတိုင်ခင်
မမြင်ဖူးသေးဘူးဟုတ်။
VV: ဟုတ်ပါတယ်၊
အခု လူတိုင်းမြင်နိုင်နေပြီ။
DB: ဘယ်သူလုပ်ခဲ့တာလဲ။
ဘယ်လိုပြောရမလဲ။
ဒီလိုဗျ၊ လူတွေက ဒါမျိုးတိုးတက်မှုကို
လွန်ခဲ့တဲ့ ၁၀၊ ၁၅ နှစ်လောက်တည်းက
မြင်ဖူးပြီးသားလို့ ထင်တယ်။ ပြင်ပအာကာသကို
ရှာဖွေဖို့လုပ်နေတဲ့ လူတွေလည်း
ရှိနေကြတယ်။ SpaceX
Blue Origin တို့က လူတွေလိုပေါ့။
ဒါနဲ့ ကျွန်တော်တို့က
တခြားတဖက်ကို သွားလိုက်ကြတယ်။
အခုက တခါမှမရှာဖွေဖူးတဲ့
နေရာတွေကိုရောက်ဖို့
နည်းပညာတွေကို တိုးတက်အောင်
ပုဂ္ဂလိကသီးသန့်
အရင်းအမြစ်တွေကို အသုံးချ
နိုင်နေတဲ့ အံ့သြဖွယ်ကောင်းတဲ့ ခေတ်ပါ။
ကမ္ဘာပေါ်မှာရှိတဲ့ သမုဒ္ဒရာတွေဆိုတာ
ပြောရရင် အကုန်လုံးလည်း သိပြီးသားပါ၊
၇၀% နှုန်းလောက် ဖုံးထားတယ်။
အဲ့ထဲကမှ ၉၅% က မရှာဖွေရသေးဘူး။
ဒါကြောင့် ကျွန်တော်တို့
မျှော်မှန်းထားတဲ့ ၆၀%သော
မရှာဖွေရသေးတဲ့ ကမ္ဘာကြီးကို ရှာဖွေဖို့
မည်သည့် ရေအောက်
ကြမ်းပြင်ကိုမဆို ဆင်းနိုင်မယ့်
ရေငုပ်သင်္ဘောကို တည်ဆောက်ဖို့
လုပ်နေကြတာပါ။
DB:အဲ့အတွက် တော်တော်မိုက်တဲ့
ပစ္စည်းတွေလိုတယ်ဟုတ်။
VV: ဟုတ်ပါတယ်။
ပစ္စည်းကအကန့်အသတ်နဲ့ရေငုပ်သင်္ဘော၊
Pressure Drop ထောက်ပို့သင်္ဘောက
ထောက်ပံ့ပေးတဲ့ လက်ရှိ
ခေတ်အမီဆုံး ရေငုပ်သင်္ဘော
လူ ၂ ယောက်စာလေထုတစ်ခုအတွက်
၉၀ မီလီမီတာထူတဲ့
တိုက်တေနီယမ် ကိုယ်ထည်လုံးပါတယ်။
ပြီးတော့ သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာအထိ
ထပ်ခါထပ်ခါငုပ်လို့ရတယ်။
DB: ဒါဆို SpaceX လို သမုဒ္ဒရာ
စူးစမ်းလေ့လာရေးပေါ့။
VV: ဟုတ်တယ်။ SpaceX သမုဒ္ဒရာ
လေ့လာရေးမျိုးပါပဲ။ ဒါပေမဲ့
ကျွန်တော်ကြတော့ ကိုယ်တိုင်မောင်းတာ။
(ရယ်သံ)
DB: အဲ့ဒါဆို Elon ကို
ခေါ်သွားမှာလား ဒါမှမဟုတ်။
VV: ဒါပေါ့။ အောက်ကို ခေါ်သွားနိုင်ပါတယ်။
ဒါကြောင့် Elon၊ ခင်ဗျားနားထောင်
နေရင်၊ ကျုပ်ကို ခင်ဗျားဟာ ပေးစီးရင်
ကျုပ်ဟာလည်း ပေးစီးမယ်။
(ရယ်သံ)
DB: ဒါဆိုရင် အောက်မှာ
ဘာနဲ့တူလဲ ပြောပြပါလား။
ဆိုလိုတာက ရေထုဖိအားက အီဖယ်တာဝါကို
ခြေချောင်းပေါ် တင်ထားသလို
ပြင်းထန်တဲ့ နေရာဆိုတော့
VV: အဲ့တာထက် ပိုပါတယ်။
၁၆၀၀၀ psi (pound-force per
square inch) လောက် ရှိတယ်။
ပြဿနာက ဒီတိုက်တေနီယမ်
ကိုယ်ထည်က အဲ့လောက်အနက်ကြီးကို
ကျွန်တော်တို့အတွက်
တက်လိုက်ဆင်းလိုက်
ခဏခဏ လုပ်ပေးရတယ်။
အဲတာကို တခါမှ မလုပ်ဖူးဘူး။
ဂျိမ်းစ်ကင်မရွန်းရဲ့ Challenger Deep က
၁၉၆၀ နဲ့ ၂၀၁၂တွေမှာ ၂ ခါ ငုပ်ဖူးတယ်။
သူတို့ဆင်းတယ်၊ ပြန်တက်လာတယ်။ အဲ့တာတွေက
လက်တွေ့စမ်းသပ်နေဆဲ ယာဉ်တွေပါ။
ဒါကကြတောာ့ ပထမဆုံးစီးပွားဖြစ်
အသိအမှတ်ပြုရေငုပ်တာဖြစ်
ပြီး၊ သိပ္ပံပညာရှင် အပါအဝင်
လူ ၂ ယောက် အကြိမ်ရေထောင်နဲ့ ချီပြီး
တက်ဆင်း ပြုလုပ်နိုင်ပါတယ်။
ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ ပတ်က
နယူးကာဆယ်တက္ကသိုလ်က
ဒေါက်တာ အလန်ဂျေမီစင်ကို
ဂျာဗားချောက်ထဲကို ခေါ်သွားခဲ့ပြီး
သမိုင်းမှာ အနက်ဆုံးရောက်တဲ့
ဗြိတိသျှလူမျိုး ဖြစ်လာခဲ့တာ
အတော်လေး ဂုဏ်ယူမိပါတယ်။
DB: ဒါဆိုရင် ငါ ခန့်မှန်းနေတာက
မင်းကိုခြောက်ဖို့တော့ မဟုတ်ပါဘူး။
VV: ဒီလိုဗျ။ရေငုပ်ဖို့က
အတော်လေး ထူးခြားတယ်။
ခင်ဗျားက အကျဉ်းအကြပ်ကို ကြောက်တဲ့သူဆို
ရေငုပ်သင်္ဘောထဲဝင်လာမှာ
မဟုတ်ဘူး။ ဒီကျဉ်းကျဉ်းလေး
ထဲမှာပဲ ၈၊ ၉ နာရီလောက်ကြာအောင်
အတော်လေး နက်တဲ့နေရာထိကို ဆင်းတာ။
ဒါက အရင်အလုပ်ဖြစ်တဲ့ လေတဟူးဟူးနဲ့
အေးစိမ့်နေတဲ့ အပြင်လောကက
တောင်တက်တာနဲ့ လုံးဝကွာတယ်။
ဒါကဆန့်ကျင်ဖက်ပဲ။
နည်းပညာပိုင်းပိုပြီး ဆန်တယ်။
စက်ကိရိယာတွေနဲ့ ဖြစ်လာနိုင်တဲ့
ပြဿနာတွေကို တိတိကျကျ
ကိုင်တွယ်နိုင်ရပါတယ်။
အကယ်၍ ရေငုပ်သင်္ဘောထဲမှာ
တခုခု မှားသွားရင်တော့
ခင်ဗျား သိလိုက်မှာမဟုတ်ပါဘူး။
(ရယ်သံ)
DB: ဒါဆိုပြောချင်တာက ယိုပေါက်တွေကို
ကြောက်တယ်ပေါ့။
VV: ယိုပေါက်တွေက မကောင်းပါဘူး။
ဒါပေမဲ့ ဖြစ်လာခဲ့ရင်တော့ သိပ်
အဆိုးကြီးလည်း မဟုတ်ဘူး။
သိပ်ဆိုးရင်တော့ ခုနက
ပြောသလို သိလိုက်မှာ မဟုတ်ဘူးပေါ့။
ဒီယာဉ်ထဲမှာမီးလောင်ရင်လည်း
ကောင်းတာမဟုတ်ဘူး။
ဒါပေမဲ့ ဒါကလုံးဝစိတ်ချရတဲ့
ရေငုပ်သင်္ဘောပါ။
ပြောချင်တာက ဘဝမှာ
များများစားစား ယုံလေ့မရှိဘူး။
ဒါမဲ့ သင်္ချာနဲ့
တိုက်တေနီယမ်ကိုယုံတယ်။
ဒီလောက်ကြီးမားတဲ့ ရေထုဖိအားနဲ့
အခြေနေကို ခံနိုင်ရည်ရှိမရှိ
သေချာ စစ်ဆေးနိုင်တဲ့
ရှိနေတဲ့ ဒြပ်စင်ခွဲခြမ်း
စိတ်ဖြာမှုကို ယုံတယ်။
DB: အဲ့ကိုယ်ထည်ကလည်း ပြည့်ပြည့်စုံစုံ
တပ်ဆင်ထားတယ်မလား။
တကယ့်ကို ပြီးပြည့်စုံတဲ့ယာဉ်ဆိုတော့။
VV: ဒါက တကယ်မသိကြတာက
တိုက်တေနီယမ်ကိုယ်ထည် တည်ဆောက်ဖို့ကို
စက်ရဲ့ ၀.၁%အထိ တိကျရတယ်။
တိုက်တေနီယမ်က မာကျောတဲ့ သတ္ထုမျိုး
ဆိုတာ တော်တော်များများက သတိမထား
မိကြဘူး။ ကျွန်တော်တို့ကတော့ ကံကောင်းခဲ့
တာပေါ့။ ကျွန်တော်တို့
အထူးချွန်ဆုံး အဖွဲ့က လုံးဝနီးနီး
ပြီးပြည့်စုံတဲ့ ကိုယ်ထည်ကို
တည်ဆောက်နိုင်ခဲ့တယ်။
ခုနခင်ဗျားပြောတဲ့ ဖိအားကိစ္စလို
ဂျီသြမေတြီ အများကြီး
လိုတာမျိုး လိုပေါ့။
ရေငုပ်သင်္ဘောထဲ ဝင်ပြီး
အပေါက်ကို ပိတ်လိုက်တာနဲ့
ဆင်းဖို့ ပြန်တက်လာဖို့ကို
ယုံကြည်ချက် ရှိပါတယ်။
DB: ပြီးတော့ခင်ဗျား နှစ်ခါပြန်စစ်တယ်ဆိုတာ
အဲ့ အပေါက်ပိတ်ဖို့လား။
VV: ရေငုပ်သင်္ဘောငုပ်ဖို့
စည်းကမ်း ၂ ချက်ပဲ လိုတယ်။
(၁) ဝင်ပေါက်ကို သေသေချာချာ ပိတ်၊
(၂) နံပါတ် (၁) ကို ပြန်သွား။
DB: ဟုတ်ပြီ။ ဒါဆို အတ္တလန်တစ်
သမုဒ္ဒရာ ပြီးပြီ၊
တောင် သမုဒ္ဒရာ ပြီးပြီ။
VV: ဘယ်သူမှ တောင် သမုဒ္ဒရာကို မငုပ်ဖူးဘူး။
ဘာလို့လဲဆိုတာ သိတယ်။
အရမ်း ကြမ်းတမ်းခက်ခဲလို့ပဲ။
ရာသီဥတုကလည်း စိတ်ပျက်စရာပဲ။
ခေါင်းထဲ ထိခိုက်ပျက်ဆီးမှုဆိုတာ ပေါ်လာတယ်။
ဒါပေမဲ့ တစ်ခါငုပ်ဖူးပါတယ်။
အဲ့တာတွေကို
ကျော်လွှားနိုင်ခဲ့တယ်
DB: ဒါပေါ့
ကျေးဇူးပါ။
(လက်ခုပ်တီးသံ)
DB: ဒါက ပြိုင်နေတာမျိုးနဲ့ တူမနေဘူးလား။
အခု Kelly ပြောသလို အိန္ဒိယသမုဒ္ဒရာကိုလည်း
VV: ဟုတ်တယ်။ လွန်ခဲ့တဲ့ ၃ ပတ်က
ပဟေဠိကို ဖြေရှင်းဖို့ အကြောင်းပါလာတယ်။
ကျန်ခဲ့တဲ့ ၃ ပတ်က တစ်ယောက်ယောက်ကများ
အိန္ဒိယသမုဒ္ဒရာရဲ့ အနက်ဆုံး အမှတ်က
ဘယ်လောက်လဲ မေးရင်
ဘယ်သူမှ သိမှာ မဟုတ်ဘူး။
အဖွဲ့ဝင် ၂ ယောက်၊ တစ်ယောက်က
သြစတျေးလျ အနောက်ဖက်၊
တစ်ယောက်က ဂျာဗားချောက်ထဲ ဆင်းကြတယ်။
ဒီအံ့သြဖွယ်ယာဉ်နဲ့ တိကျတဲ့
ရေအနက်အာရုံခံ ကိရိယာလည်း
ပါတယ်။ နှစ်ခုလုံးကိုမြေပုံ
ဆွဲတယ်။ ကြမ်းပြင်ဆီကို
မြေဆင်းယာဉ်လွှတ်ပြီး
အတည်ပြုခဲ့တယ်။ အဲ့တာက တကယ့်ကို
ဘယ်သူမှ မထင်ထားခဲ့တဲ့
ဂျာဗားချောက်ရဲ့ ဗဟိုပိုင်းမှာပါ။
ကျွန်တော်တို့လေ အကြီးစား
တခါငုပ်ပြီး ပြန်လာတိုင်း
ဝီကီပီးဒီးယားကို တခါသွားပြေးပြင်ရတယ်။
လုံးဝကို မှားနေတာကိုး။
(ရယ်သံ)
DB: ဒါဆိုရင် ဆင်းတဲ့အချိန်က
အောက်မှာနေတဲ့ အချိန်ထက်
ပိုကုန်နေနိုင်တာပေါ့။
VV: မဟုတ်ဘူးဗျ။ တကယ်တေ့ာအောက်မှာ
အချိန်တော်တော် ယူပါတယ်။
ယာဉ်ထဲမှာ လေးရက်စာ အောက်ဆီဂျင်
ပါလာပြီးသား။
ကျွန်တော်က ၄ ရက် ငုပ်နေလို့
တစ်ခုခုလွဲသွားမယ်ဆိုရင် သုံးလို့ရတော့မှာ
မဟုတ်ဘူး။
ဒါပေမဲ့ သမုဒ္ဒရာ အနက်ဆုံးထိကို
၃ နာရီလောက်ပဲ ကြာမယ်ဆိုရင်
အောက်မှာ ၃၊ ၄ နာရီလောက် နေလို့ရမယ်၊
ပြန်တက်လာဖို့ ၃ နာရီ ကျန်မယ်။
ဒါကြောင့် အထဲမှာ ၁၀၊ ၁၁ နာရီလောက်ထိ
ပိုမနေချင်ဘူး ဆိုရင်တော့
နည်းနည်းတော့ ခက်တာပေါ့။
DB: ဟုတ်ပြီ။ အိန္ဒိယသမုဒ္ဒရာကြမ်းပြင်မှာ
ခင်ဗျားအပြင် ဘယ်သူမှ
မမြင်ဖူးသေးတာတွေ ရှိတယ်ပေါ့။
VV: ဒါက ကျွန်တော်တို့ စက်ရုပ်
မြေဆင်းယာဉ်တွေထဲက တစ်စီးက ရတဲ့ပုံပါ။
ညာဖက်အောက်မှာ မြင်နေရတာက ဖင်မာငါးတဲ့၊
တကယ်ကြီး အဲ့လိုခေါ်တာဗျ။
(ရယ်သံ)
ဒါပေမဲ့ ဘယ်ဖက်မှာ မြင်နေရတဲ့
အကောင်က တခါမှ မမြင်ဖူးဘူး။
တကယ်တော့ သူက stalked ascidian ခေါ်တဲ့
အောက်က တွဲလောင်းလေးနဲ့
ဂျယ်လီငါးမျိုး၊ ဘယ်သူမှလည်း မမြင်ဖူးကြဘူး။
အဲ့တွဲလောင်းလေးအောက်မှာ သူ့သားလေးဗျ။
ကူးခတ်လာတာလေးက တော်တော်လှပါတယ်။
ဒါကြောင့် နာရီပိုင်းလောက်လေးပဲ
တခါငုပ်ပြီးတိုင်း မျိုးစိတ်အသစ်
၃၊ ၄ ခုလောက်ကတော့ တွေ့ရတက်တယ်။
ဘာလို့ဆိုတော့ နှစ်သန်းထောင်နဲ့ချီ
သီးသန့်ကွဲနေတဲ့ နေရာတွေဆိုတော့
နမူနာယူတာ၊ ဓာတ်ပုံရိုက်တာအတွက်
တခါမှ မရောက်ဖူးကြဘူး။
ဒါက ကျွန်တော်တို့အတွက်
ထူးခြားသာလွန်စေတာပါ။
(လက်ခုပ်တီးသံ)
ဒါကြောင့်လည်း ကျွန်တော်တို့
မျှော်လင့်နေတာက ဒီယာဉ်ကို အဓိကလုပ်ငန်းစဉ်
တစ်ခုအနေနဲ့ တည်ဆောက်ဖို့ပါပဲ။
ဒီယာဉ်က တံခါးတစ်ချပ်ပါ။
ဒီယာဉ်နဲ့
သိပ္ပံပညာရှင်တွေကို အောက်ကို
အကြိမ်ပေါင်း များစွာ ခေါ်သွားပြီး၊
ကျွန်တော်တို့တွေ ရှိမှန်းတောင်
မသိတဲ့အရာတွေကို
ရှာဖွေဖို့ တံခါးဖွင့်ပေးနိုင်ပါတယ်။
DB: ပြီးတော့ တော်တော်များများက သမုဒ္ဒရာ
အောက်ထက်စာရင် အာကာသထဲ ပိုရောက်ဖူးကြတယ်။
ခင်ဗျားက အဲ့သုံးယောက်ထဲက တစ်ယောက်
ဆိုတော့ အဲ့တာကို တိုးလာအောင်လုပ်မလား၊
ဒီလိုပဲ ထားမှာလား။
VV: အင်း။ ၃ယောက်ပဲ ပစိဖိတ်အောက်ကို
ရောက်ဖူးသေးတယ်။၁၉၆၀မှာ USS Trieste
နဲ့ နှစ်ယောက်၊ ဂျိမ်းစ်ကင်မရွန်းက
၂၀၁၂မှာ သူ့
Deep Sea Challengerနဲ့၊
ကျေးဇူး Jim၊ တကယ်မိုက်တဲ့
ရေငုပ်သင်္ဘောပဲ။
ဒါက တတိယမျိုးဆက် နည်းပညာပါ။
ဒီနှစ်ပတ်ထဲမှာ တက်ဆင်းရုံလေး
လုပ်နေကြတာ မဟုတ်ဘူး။
တခါမှ မလုပ်ဖူးသေးတဲ့
ထပ်ခါထပ်ခါ သွားနိုင်ဖို့
အရေးကို လုပ်နေတာပါ။
ကျွန်တော်တို့
အဲ့နည်းပညာကို သက်သေပြနိုင်ရင်
ဒီတံခါးကို ဖွင့်လိုက်
နိုင်ရုံလေး မဟုတ်ပါဘူး။
ဖွင့်ထားနိုင်တော့မှာပါ။
(လက်ခုပ်တီးသံ)
DB: အရမ်းမိုက်တယ်။
ကံကောင်းပါစေ။
VV: ကျေးဇူးပါဗျာ။
DB: ကျေးဇူး။
VV: အားလုံးကို ကျေးဇူးပါ
(လက်ခုပ်တီးသံ)