-
နောက်ဆုံး ဗီဒီယိုမှာ နိုင်ငံသိမ်းတိုက်ပွဲအကြောင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။
-
အလက်ဇန္ဒားဘုရင်ရဲ့ ဘယ်လိုမျိုး နိုင်ငံသိမ်းနိုင်ခဲ့သလဲဆိုတဲ့အကြောင်းဖြစ်ပါတယ်။
-
အခု ကျွန်တော်တို့မြင်နေသလိုမျိုး မြေပုံရဲ့နေရာအများစု
-
အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ၊ ဂရိနိုင်ငံဘက်
-
ပါရှားနိုင်ငံတစ်လျှောက်နဲ့ အိန္ဒိယနယ်စပ်၊
-
အီဂျစ်ပြည်အထိပါ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
-
ရှေ့မှာ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ သူ့ရဲ့ သက်တမ်းက တိုတောင်းခဲ့ပါတယ်။
-
သူသေဆုံးပီးနောက်ပိုင်းမှာ သူရဲ့အင်ပါယာကြီးလည်း ပျက်စီးသွားခဲ့ပါတယ်။
-
ဒါပေမယ့် တစ်ဖက်မှာကလည်း တခြားအာဏာရနိုင်ငံတွေက
-
မြေထဲပင်လယ်ဒေသတချို့မှာ အင်အားဆက်လက်ကြီးလာနေဆဲဖြစ်ပါတယ်။
-
အဓိကအားဖြင့် ရောမလူမျိုးတွေနဲ့ ရောမမြို့ကြီးဟာ
-
အလက်ဇန္ဒားဘုရင်ရဲ့အားကြီးမှု မတိုင်ခင်ကတည်းက တည်ရှိနေတာဖြစ်ပါတယ်။
-
ဒါပေမယ့် သူတို့က နိုင်ငံတွေကို ထပ်ပြီးသိမ်းယူဖို့စတင်လာပြီး
-
အီတလီကျွန်းဆွယ်ထိတိုင်အောင် သိမ်းယူခဲ့ကြပါတယ်။
-
အခုကျွန်တော် အီတလီကျွန်းဆွယ်လို့ခေါ်တဲ့ ဒီနေရာဖြစ်ပါတယ်။
-
ကတ်သေ့ချ်မြို့ကိုလည်း ဒီဒေသမှာပဲ တည်ထောင်ခဲ့ပါတယ်။
-
မြောင်အာဖရိကန်ကမ်းရိုးတန်းတစ်လျှောက်အပါအဝင်ပါပဲ
-
ကတ်သေ့ချ်မြို့က ဖိုနီးရှန်းလူမျိုးတွေ အခြေချနေထိုင်မှုကနေ စတင်ဖြစ်ပေါ်လာတာပါ။
-
ဖိုနီးရှန်းလူမျိုးတွေကတော့ ဖိုနတစ် စကားလုံးတွေကို တီထွက်ကြတဲ့သူတွေအဖြစ်အသိများကြပါတယ်။
-
ဖိုနီးရှန်းလူမျိုးတွေကတော့ အခုခေတ်အချိန်အခေါ်အဝေါ်အရ
-
လက်ဘနွန်နဲ့ဆီးရီးလို့ခေါ်တဲ့ဒေသတွေကနေ စတင်လာတာဖြစ်ပါတယ်။သူတို့က ကုန်သည်တွေ
-
ဖြစ်ပြီး မြေထဲပင်လယ်တစ်လျှောက်မှာ အခြေချနေထိုင်ကြပါတယ်။
-
ကတ်သေ့ချ်မြို့ နဲ့ ကတ်သေချ်ဂျီနီယန် လူမျိုးဖြစ်တည်မှုတို့အာဏာကလည်း
-
အဲ့အချိန်ကာလမှာ ထူးခြားထင်ရှားတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။
-
ဒီအာဏာနှစ်ခုက တစ်ခုနဲ့တစ်ခုပိုပြီးနီးကပ်လာတာကို
-
ကြည့်မြင် တွေးတောလို့ရနိုင်ပါတယ်။
-
သူတို့တွေရဲ့ တူညီတဲ့လိုချင်တပ်မက်မှုတွေကြောင့် တူညီတဲ့နယ်မြေသိမ်းယူမှုတွေ
-
မလုပ်ခဲ့ရင်တောင် အချင်းချင်းရန်သူတွေအဖြစ် မြင်လာကြပီး
-
တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ဖို့ စတင်ရည်ရွယ်လာကြပါတယ်။
-
ဒါကတော့ ရောမနဲ့ ကတ်သေ့ချ်ရဲ့ အမှန်တရားဖြစ်ပြီး
-
သူတို့ဆင်နွှဲခဲ့တဲ့ စစ်ပွဲတွေအကြောင်းလည်းဖြစ်ပါတယ်။
-
ဒီစစ်ပွဲကို ပြူးနစ် စစ်ပွဲလို့ခေါ်ဆိုကြပီး
-
၂၆၄ ဘီစီအီးကနေ ၁၄၆ဘီစီအီးအကြားဖြစ်ပွားခဲ့ပါတယ်။
-
ပြူးနစ်စစ်ပွဲအကြောင်းတွေကိုလည်း လေ့လာလို့ရပါတယ်။
-
နောက်တစ်ခါ ပြူးနစ်စစ်ပွဲအကြောင်းဗီဒီယိုတွေလည်း တင်ပေးမှာဖြစ်ပါတယ်။
-
ဟန်နေဘယ် ပါဝင်ထားတဲ့နာမည်ကြီးစစ်ပွဲတွေ အကြောင်း
-
ရောမကိုတိုက်ခိုက်ဖို့အတွက် ဆင်တွေကို အဲလ်ပ်စ် တောင်တန်းပါဖြတ်ပြီးခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။
-
ဒီရဲ့ညာဘက်ထောင့်မှာ အချိန်ကာလကိုတွေ့နိုင်ပါတယ်။
-
ပြူးနစ်စစ်ပွဲတွေက ကတ်သေ့ချ်နဲ့ ရောမအကြား ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
-
ပိုမိုရှင်းလင်းရမယ်ဆိုရင် အချိန်ကာလနေရာမှာရှိတဲ့ ဒီခရမ်းရောင်လေးက
-
ကတ်သေ့ချ်နဲ့ ကတ်သေ့ချ်မြို့ရဲ့
-
လူ့ယဥ်ကျေးမှုတွေအကြောင်းကိုဖော်ပြနေတာပါ။
-
အာဏာတစ်ခုလို့ပြောရမယ်ဆိုရင်တော့
-
အဲတာက ရောမပါပဲ။
-
တဖြည်းဖြည်းနဲ့ ရောမက စစ်ပွဲမှာအနိုင်ရရှိလာပြီး
-
ကတ်သေ့ကို အမှန်တကယ် ဖြိုခွဲနိုင်ခဲ့ပါတယ်။
-
ဒါကြောင့် ရောမက ပိုပိုအင်အားကြီးလာပြီး လွှမ်းမိုးလာနိုင်ခဲ့ပါတယ်။
-
ဒီမှာမြင်ရတဲ့အတိုင်း မြေထဲပင်လယ်ဒေသတွေမှာ အာဏာရလာပီး
-
နောက်တော့ မြေထဲပင်လယ်ကျော်က ဒေသတွေအထိ လွှမ်းမိုးလာနိုင်ပါတယ်။
-
ဒီလိုကာလမှာတော့ ရောမက အင်ပါယာနိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။
-
နိုင်ငံတစ်နိုင်ငံလို့ပြောတဲ့အခါမှာ
-
အုပ်ချုပ်မှုပုံစံတစ်မျိုးအနေနဲ့ ရှိနေပေမယ့် ကျွန်တော်တို့
-
ယနေ့တွေးသိလို့ရတဲ့ အုပ်ချုပ်မှုပုံစံနဲ့တော့မတူညီပါဘူး။
-
ကာကွယ်ထိန်းသိမ်းသင့်တဲ့ လုပ်ပိုင်ခွင့်ပုံစံအချို့ကိုလည်း ထည့်ပြောသင့်ပါတယ်။
-
နောက်ထပ် ကျွန်တော်တို့ဒီနေ့ဘာလုပ်တယ်ဆိုတာမျိုးက အတိအကျမရှိပေမယ့်
-
ဘီစီအီး ပထမဆုံးရာစုနှစ်အလယ်ပိုင်းကို ကြည့် ကြည့်မယ်ဆိုရင်တော့
-
အလွန်အောင်မြင်ကျော်ကြားတဲ့ ရောမစစ်သူကြီး တစ်ယောက်ကို တွေ့ရပါမယ်။
-
ဂျူးလိယက်ဆီးဆာဆိုတဲ့နာမည်ကို ကြားဖူးကြမှာပါ။
-
ရောမအင်ပါယာတစ်ခုလုံးရဲ့အာဏာကိုရယူနိုင်ခဲ့သူ
-
ရောမအင်ပါယာကြီးကို ထိန်းချုပ်ဖို့အာဏာအပြည့်အဝရှိခဲ့သူ
-
သူ့ရဲ့အာဏာနဲ့ပဲ အင်ပါယာကြီးကို အဆုံးသတ်ဖို့စတင်ခဲ့သူ
-
သူက တခြားသောအရာတွေကိုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။
-
ပြက္ကဒိန်ကိုလည်း ပြန်လည်ပြင်ဆင်ပေးခဲ့ပြီး
-
သူနာမည်ကိုအမှီပြုပြီး ဂျူလိုင်လ ဆိုတဲ့နာမည်အသစ်ကိုလည်းထည့်ခဲ့ပါတယ်။
-
သူလုပ်ကြံခံရပြီးနောက်မှာတော့ သူ့ရဲ့သား သြဂတ်စတပ်က
-
အာဏာရယူခဲ့ပါတယ်။
-
သူ့ကိုတော့ ရောမရဲ့ ပထမဆုံးစစ်မှန်တဲ့ အင်ပါယာတစ်ယောက်အဖြစ်
-
တစ်ခါတစ်ရံ သတ်မှတ်ကြပါတယ်။ အခုတော့ ဘုရင်အင်ပါယာစနစ်မရှိတော့ပေမယ့်
-
သူကလည်း သူ့နာမည်ကိုအမှီပြုပြီး သြဂုတ်လကို ထည့်သွင်းခေါ်ဝေါ်ခဲ့ပါတယ်။
-
အခုအချိန် သင့်မှာလည်းတခြားသော
-
ထင်ရှားသိသာတဲ့ ထုတ်ပြစရာအရာတွေရှိနေပါတယ်။
-
ဘာသာရေးမှာဆိုရင် ဂျီးဆပ်စ်က ထင်ရှားသိသာတဲ့အရာဖြစ်ပြီး
-
သမိုင်းတစ်လျှောက်မှာလည်း အကျိုးဆက်တွေရှိခဲ့ပါတယ်။
-
ဘာသာရေးကိုအခြေခံတဲ့သူ့ရဲ့ သင်ကြားပေးမှုတွေက
-
ခက်ခဲနက်နဲတဲ့ အတွေးတွေအပြင် အကျိုးဆက် ရလဒ်တွေကို
-
နောက်ကျန်ရှိတဲ့သမိုင်းတွေအတွက်ကော ကမ္ဘာကြီးအတွက်ပါရရှိစေပါတယ်။
-
ဒါပေမယ့် ငါတို့ပြောနိုင်တာတစ်ခုကတော့
-
ဘီစီအီးကာလမတိုင်ခင်အချိန်
-
ခရစ်တော်မပေါ်ခင်ကာလနဲ့
-
အခု ကျွန်တော် ဒီဗီဒီယိုကိုပြုလုပ်နေတဲ့ 2016 စီအီးကာလ
-
ဒါတွေက ပြက္ကဒိန်အရ ဘီစီအီးကာလမတိုင်ခင် အချိန်နဲ့ အတူတူပါပဲ
-
အဓိကအားဖြင့် ဂျီးဆပ်စ်ရဲ့ မွေးဖွားချိန်
-
သို့မဟုတ် အနီးစပ်ဆုံးအချိန်ကို အချိန်အားလုံးရဲ့ အလယ်ပိုင်းကာလဖြစ်ပါတယ်။
-
ဘီစီ - ခရစ်တော်မပေါ်မှီကာလ
-
စီအီး ခေါ် အေဒီ - လက်တင်ဘာသာအရ ဘုရားသခင်ရှိစဥ်ကာလ
-
ပီးတော့ ဂျီးဆပ်စ်၊ အရေးတကြီးမှတ်ထားသင့်တာကတော့
-
လူသားတွေ ဂျီးဆပ်စ်ရဲ့ဘဝအကြောင်းကိုလေ့လာပြီး
-
မွေးဖွားရာဒေသဖြစ်တဲ့
-
နာဇာရတ်နဲ့ ဂျေရုဆလင်မြို့တွေ့ကိုပါ လေ့လာကြပါတယ်။
-
ဘယ်လိုဖြစ်ဖြစ် အဲ့အချိန်ကာလအတွက် သိသင့်တာကတော့
-
ဂျီးဆပ်စ် မွေးဖွား၊ ကြီးပြင်းလာပြီး သေဆုံးသွားတာက
-
ရောမအင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။
-
အချက်အလက်တွေအရ ဂျီးဆပ်စ်က ဘီစီအီး သုညကာလ
-
သို့မဟုတ် ယနေ့ခေတ်ရဲ့ သုညခုနှစ်မှာမွေးဖွားခဲ့တာမဟုတ်ပါဘူး။
-
၄ ဘီစီအီး (သို့) ၄ဘီစီ ဝန်းကျင်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
-
ဒါကြောင့် သူက သြဂတ်စတပ် အုပ်ချုပ်တဲ့ကာလမှာမွေးဖွားပြီး
-
တိုက်ဘီးရီးရပ်စ် အုပ်ချုပ်တဲ့ကာလမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
-
အစောဆုံးရောမအင်ပါယာတွေထဲက တချို့
-
နောက်ထပ် ကျွန်တော်တို့မှာ
-
ရှေးခေတ် လူမှုအဖွဲ့အစည်းပေါ် အမြင်တွေရှိကြပါတယ်။
-
နောက်ထပ် ဗီဒီယိုတွေမှာဆိုရင်
-
သက်ဆိုင်ရာအကြောင်းအရာတစ်ခုချင်းစီကို
-
နက်နဲစွာဆွေးနွေးသွားမှာပါ။ ဒီနောက်ဆုံးဗီဒီယိုတွေကလည်း
-
အချိန်နဲ့ဒေသအရ ကမ္ဘာပေါ်မှာဘာတွေဖြစ်နေသလဲဆိုတာကို
-
သေချာနားလည်အောင် လုပ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။