-
ပေါင်းခြင်းပုစ္ဆာတွေကို ဘယ်လိုခွဲထုတ်ရမလဲဆိုတာစဉ်းစားကြရအောင်
-
ဒါကဘယ်လိုအသုံးဝင်လဲဆိုတော့
-
ကျွန်တော်တို့ ခွဲထုတ်တာမှန်ရင်
-
တွက်ရတာပိုလွယ်လိမ့်မယ်
-
ဒီတော့ ပထမမေးခွန်းကိုကြည့်ရအောင်
-
Lindsay က ၃၉ နဲ့ ၆၁ ကိုဘယ်လိုပေါင်းရမှန်းမသိဘူး
-
၃၉ နှင့် ၆၁ ပေါင်းခြင်းနှင့် တူညီသည့်ပုစ္ဆာကို ရွေးချယ်ခြင်းဖြင့်
-
Lindsay ကိုကူညီပါ
-
ဒီတော့ ဒီရွေးစရာတွေကိုကြည့်ရအောင်
-
ပထမတစ်ခုက ၃၀ အပေါင်း ၆၀
-
အပေါင်း ၉၀ အပေါင်း ၁၀
-
ဗွီဒီယိုကိုခဏရပ်ပြီး သင့်ဘာသာဖြေရှင်းကြည့်ဖို့
-
တိုက်တွန်းလိုပါတယ်
-
ဒီပထမတစ်ခုက
-
သူတို့ ဒီ၃၀ကို ဘယ်ကရတာလဲ
-
ကောင်းပြီ၊ ၃၀၊ ဒါက ၁၀ သုံးခုပဲ
-
ကျွန်တော့်မှာတကယ်ပဲ ဒီမှာ ၁၀ သုံးခုရှိတယ်
-
၃၉ က ၃ ပေါ့
-
သူက ဆယ်နေရာမှာရှိတယ် ဒီတော့ သူက ၃ ဆယ် ဒါမှမဟုတ် ၃၀ ကို ကိုယ်စားပြုတယ်
-
ပြီ:တော့ ကျွန်တော်တို့မှာ ၆၀ ရှိတယ်
-
သူကဘယ်ကရောက်လာတာလဲ
-
ကောင်းပြီ၊ နံပါတ် ၆၁ မှာ
-
၆ က ဆယ်နေရာမှာရှိတယ်
-
ဒီတော့ သူက ၆ ဆယ် ဒါမှမဟုတ် ၆၀ ကို ကိုယ်စားပြုတယ်
-
ပြီ:တော့ ကျွန်တော်တို့မှာ အပေါင်း ၉၀ ရှိတယ်
-
၉၀ ကဘယ်နေရာကလာတာလဲ
-
ကျွန်တော်တော့ ၉၀ ကိုဒီမှာ မမြင်ဘူး
-
ဒီလိုပြောချင်ပြောလိမ့်မယ်
-
ဒီမှာ ၉ တစ်ခုရှိတယ်
-
ဒါပေမယ့်ဒါက ခုနေရာမှာ
-
ဆယ်နေရာမှာမဟုတ်ဘူး
-
ဒါက ၉ ခု၊ ၉၀ မဟုတ်ဘူး
-
ဒီနေရာမှာ ကျွန်တော့်မှာ ၁ ခုရှိတယ်
-
ကျွန်တော့်မှာ ၉၀ မရှိတာသေချာတယ်
-
ကျွန်တော့်မှာ ၁၀ တောင်မရှိဘူး
-
ဖြစ်နိုင်တာက
-
ဒီဟာက ၉၀ လို့မပြောပဲ
-
၉ လို့ပြောပြီ:
-
၁၀ လို့မပြောပဲ
-
၁ လို့ပြောရင်
-
ဘာလို့လဲဆိုတော့ ခုနေရာမှာ ၁ တစ်ခုရှိလို့
-
ဒါဆိုရင်တော့ သဘာဝကျတယ်
-
ဒါပေမယ့်ဒီဟာက အဲ့ဒီ့လိုမပြောဘူး။ သူက ၃၀ အပေါင်း ၆၀ အပေါင်း ၉ အပေါင်း ၁ လို့မပြောဘူး
-
သူပြောတာက ၃၀ အပေါင်း ၆၀ အပေါင်း ၉၀ အပေါင်း ၁၀ တဲ့
-
ဒီတော့ ကျွန်တော်တို့ဒီတစ်ခုကို မရွေးဘူး
-
နောက်တစ်ခုက
-
ကျွန်တော်တို့မှာ ၃၀ အပေါင်း ၆၀ အပေါင်း ၉ အပေါင်း ၁ ရှိတယ်
-
ဒါက လုံးဝသဘာဝကျတယ်
-
ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ
-
၃၀ အပေါင်း ၉
-
က ၃၉ နဲ့ညီမယ်
-
ပြီ:တော့ ၆၀ အပေါင်း ၁ က
-
၆၁ နဲ့ညီမယ်
-
ဒီတော့ ဒီနှစ်ခုက အတူတူပဲ
-
ကိန်းတွေကိုဒီလိုခွဲထုတ်တာက ဘာလို့အသုံးဝင်လဲဆိုတော့
-
သင့်ခေါင်းထဲမှာ ၃၀ အပေါင်း ၆၀ ကို
-
တွက်လို့ရတယ်
-
ဒါက ၃ ဆယ် အပေါင်း ၆ ဆယ် ဆိုတော့ ၉ ဆယ်ဖြစ်မယ်
-
ဒီတော့ ဒီနေရာက နှစ်ပိုင်းက
-
၉၀ ဖြစ်မယ်
-
ပြီ:တော့ ၉ အပေါင်း ၁
-
ဒါက ၁၀ ဖြစ်မယ်
-
ပြီ:တော့ ၉၀ အပေါင်း ၁၀ က
-
ကောင်းပြီ ဒါက ၁၀၀ နဲ့ညီမယ်
-
သူတို့က ကျွန်တော်တို့ကို ဒါကိုတွက်ခိုင်းတာမဟုတ်ဘူး
-
သူတို့ပြောတာက
-
ဒီဟာတွေထဲက ဘယ်ဟာက အပေါ်နဲ့တူလဲလို့မေးတာ
-
ဒီတစ်ခုက သေချာနေပြီ
-
ကျွန်တော်တို့ ဒီတစ်ခုကိုပဲရွေးလိုက်ရင်
-
ရပြီ
-
ဒါပေမယ့် ကျွန်တော်တို့ ဒီတစ်ခုက မမှန်နိုင်ဘူးဆိုတာကို သက်သေပြနိုင်တယ်
-
ကျွန်တော်တို့မှာ ၉ အပေါင်း ၁ ရှိတယ်
-
ပြီးတော့ သူတို့မှာ ၃ အပေါင်း ၆ ရှိတယ်
-
အခု ဒီ ၃ က
-
သူက ၃ ကိုပဲကိုယ်စားပြုတာမဟုတ်ဘူး
-
ဒါက ၃ ဆယ်၊ ၃၀
-
ဒါက ၃၀ ဖြစ်သင့်တယ်
-
ပြီးတော့ ဒါက ၆ ဆယ်
-
၆ ပဲမဟုတ်ဘူး
-
ဒီတော့ ဒါက ၆၀ ဖြစ်သင့်တယ်
-
ဒါပေမယ့် ဒါက သူတို့ရေးထားသလိုမဟုတ်ဘူး
-
ဒီတော့ကျွန်တော်တို့ ဒါကိုလည်းဖယ်ထုတ်လို့ရတယ်
-
နောက်တစ်ခုလုပ်ကြည့်ရအောင်
-
ဘယ်ပေါင်းခြင်းပုစ္ဆာက ၄၁ အပေါင်း ၅၇ နဲ့ညီလဲ
-
ဒီမှာ သူတို့အကုန်လုံးခွဲထုတ်လိုက်တာ
-
ဆယ်တွေနဲ့ ခုတွေနဲ့တူတယ်
-
ကျွန်တော် ရွေးချယ်စရာတွေကို မကြည့်သေးခင်မှာ
-
ဒါကိုလုပ်နိုင်လားဆိုတာ ကြည့်ရအောင်
-
၄၁ က ဆယ်နေရာမှာ ၄ ရှိတယ်
-
ဒီတော့ ဒါက ၄ ဆယ်ဖြစ်မယ်
-
ခုနေရာမှာ ၁ ခုရှိတယ်
-
အပေါင်း ၁ ခု
-
ဒါက ၄၁
-
ပြီ:တော့ ၅၇
-
၅၇ ရဲ့ဆယ်နေရာမှာ
-
၅ ရှိတယ်
-
ဒီတော့ အပေါင်း ၅ ဆယ်
-
ပြီ:တော့ ခုနေရာမှာ ၇ ရှိတယ်
-
အပေါင်း ၇ ခု
-
ဒီတော့ ဒီရွေးစရာတွေထဲက ဘယ်ဟာနဲ့တူလဲဆိုတာ ကြည့်ရအောင်
-
ဒီမှာ ကျွန်တော်ရေးထားသလိုပေါ့
-
ဒီပထမတစ်ခုက
-
၄ ဆယ်နဲ့
-
၁ ခုရှိတယ်
-
၄ ဆယ်နဲ့ ၁ ခု
-
၄ ဆယ်နဲ့ ၁ ခု
-
ဒါက ၄၁ ပဲ၊ ကျွန်တော်ခုလေးတင်...
-
ဒီတော့ ဒီ ၄ ဆယ်အပေါင်း ၁ ခုက ၄၁ ဖြစ်မယ်
-
ပြီ:တော့ ကျွန်တော့်မှာ
-
၅ ဆယ်နဲ့ ၇ ခုလဲရှိတယ်
-
၅ ဆယ်နဲ့ ၇ ခု
-
ဒီတော့ ဒီပထမရွေးစရာက ကျွန်တော်ရေးထားတာနဲ့ ကွက်တိပဲ
-
အရောင်ပဲမတူတာ
-
ကျွန်တော်ရေး ရင်
-
၄ ဆယ် အပေါင်း ၅ ဆယ်
-
အပေါင်း ၁ ခု အပေါင်း ၇ ခု
-
ဒီပထမရွေးစရာဖြစ်မယ်
-
ဒါဆိုရင်ကျွန်တော်တို့ပြီးပြီ
-
ဒါပေမယ့် ကျန်တဲ့ရွေးစရာတွေကိုကြည့်ရအောင်ပါ
-
သူတို့ဘာလို့မဖြစ်နိုင်တာလဲဆိုတာ သိရတာပေါ့
-
ကျွန်တော် ၄ ဆယ်ဘယ်ကလာတာလဲဆိုတာ သိတယ်
-
ဒါပေမယ့် သူ့မှာ ၁ ဆယ်ရှိနေတယ်
-
သူက ဒီ ခုနေရာမှာရှိတဲ့ ၁ ကိုယူပြီ:
-
ဆယ်နေရာကို ပြောင်းပစ်လိုက်သလိုပဲ
-
ဒီတော့ ဒါကလုံးဝကိုမှားတယ်
-
ပြီ:တော့ သူပြောတာ ၅ ခု
-
ဒီမှာက ၅ ဆယ်
-
၅ ခုမဟုတ်ဘူး
-
ဒီတော့ ဒါက မဖြစ်နိုင်ဘူး
-
ပြီးတော့ဒီတစ်ခုက ၄ ခုလို့ပြောတယ်
-
ကောင်းပြီ ဒီ ၄ က
-
ဒါက ဆယ်နေရာမှာရှိတယ်
-
ဒါက ၄ ဆယ်
-
ပြီးတော့ ကျွန်တော်တို့မှာ ၅ ဆယ်ရှိတယ်
-
ဒီ ၅ က ဆယ်နေရာမှာရှိတယ်
-
သူက ၅ ဆယ်ဖြစ်သင့်တယ်
-
ဒါက ဆယ်နေရာမှာဖြစ်သင့်တယ်
-
ပြီ:တော့ ဒါကလည်း ဆယ်နေရာမှာဖြစ်သင့်တယ်
-
ဒီတော့ ကျွန်တော်တို့ ပထမတစ်ခုကိုရွေးရတာ ပျော်သွားပြီ