ပေါင်းခြင်းပုစ္ဆာတွေကို ဘယ်လိုခွဲထုတ်ရမလဲဆိုတာစဉ်းစားကြရအောင် ဒါကဘယ်လိုအသုံးဝင်လဲဆိုတော့ ကျွန်တော်တို့ ခွဲထုတ်တာမှန်ရင် တွက်ရတာပိုလွယ်လိမ့်မယ် ဒီတော့ ပထမမေးခွန်းကိုကြည့်ရအောင် Lindsay က ၃၉ နဲ့ ၆၁ ကိုဘယ်လိုပေါင်းရမှန်းမသိဘူး ၃၉ နှင့် ၆၁ ပေါင်းခြင်းနှင့် တူညီသည့်ပုစ္ဆာကို ရွေးချယ်ခြင်းဖြင့် Lindsay ကိုကူညီပါ ဒီတော့ ဒီရွေးစရာတွေကိုကြည့်ရအောင် ပထမတစ်ခုက ၃၀ အပေါင်း ၆၀ အပေါင်း ၉၀ အပေါင်း ၁၀ ဗွီဒီယိုကိုခဏရပ်ပြီး သင့်ဘာသာဖြေရှင်းကြည့်ဖို့ တိုက်တွန်းလိုပါတယ် ဒီပထမတစ်ခုက သူတို့ ဒီ၃၀ကို ဘယ်ကရတာလဲ ကောင်းပြီ၊ ၃၀၊ ဒါက ၁၀ သုံးခုပဲ ကျွန်တော့်မှာတကယ်ပဲ ဒီမှာ ၁၀ သုံးခုရှိတယ် ၃၉ က ၃ ပေါ့ သူက ဆယ်နေရာမှာရှိတယ် ဒီတော့ သူက ၃ ဆယ် ဒါမှမဟုတ် ၃၀ ကို ကိုယ်စားပြုတယ် ပြီ:တော့ ကျွန်တော်တို့မှာ ၆၀ ရှိတယ် သူကဘယ်ကရောက်လာတာလဲ ကောင်းပြီ၊ နံပါတ် ၆၁ မှာ ၆ က ဆယ်နေရာမှာရှိတယ် ဒီတော့ သူက ၆ ဆယ် ဒါမှမဟုတ် ၆၀ ကို ကိုယ်စားပြုတယ် ပြီ:တော့ ကျွန်တော်တို့မှာ အပေါင်း ၉၀ ရှိတယ် ၉၀ ကဘယ်နေရာကလာတာလဲ ကျွန်တော်တော့ ၉၀ ကိုဒီမှာ မမြင်ဘူး ဒီလိုပြောချင်ပြောလိမ့်မယ် ဒီမှာ ၉ တစ်ခုရှိတယ် ဒါပေမယ့်ဒါက ခုနေရာမှာ ဆယ်နေရာမှာမဟုတ်ဘူး ဒါက ၉ ခု၊ ၉၀ မဟုတ်ဘူး ဒီနေရာမှာ ကျွန်တော့်မှာ ၁ ခုရှိတယ် ကျွန်တော့်မှာ ၉၀ မရှိတာသေချာတယ် ကျွန်တော့်မှာ ၁၀ တောင်မရှိဘူး ဖြစ်နိုင်တာက ဒီဟာက ၉၀ လို့မပြောပဲ ၉ လို့ပြောပြီ: ၁၀ လို့မပြောပဲ ၁ လို့ပြောရင် ဘာလို့လဲဆိုတော့ ခုနေရာမှာ ၁ တစ်ခုရှိလို့ ဒါဆိုရင်တော့ သဘာဝကျတယ် ဒါပေမယ့်ဒီဟာက အဲ့ဒီ့လိုမပြောဘူး။ သူက ၃၀ အပေါင်း ၆၀ အပေါင်း ၉ အပေါင်း ၁ လို့မပြောဘူး သူပြောတာက ၃၀ အပေါင်း ၆၀ အပေါင်း ၉၀ အပေါင်း ၁၀ တဲ့ ဒီတော့ ကျွန်တော်တို့ဒီတစ်ခုကို မရွေးဘူး နောက်တစ်ခုက ကျွန်တော်တို့မှာ ၃၀ အပေါင်း ၆၀ အပေါင်း ၉ အပေါင်း ၁ ရှိတယ် ဒါက လုံးဝသဘာဝကျတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ၃၀ အပေါင်း ၉ က ၃၉ နဲ့ညီမယ် ပြီ:တော့ ၆၀ အပေါင်း ၁ က ၆၁ နဲ့ညီမယ် ဒီတော့ ဒီနှစ်ခုက အတူတူပဲ ကိန်းတွေကိုဒီလိုခွဲထုတ်တာက ဘာလို့အသုံးဝင်လဲဆိုတော့ သင့်ခေါင်းထဲမှာ ၃၀ အပေါင်း ၆၀ ကို တွက်လို့ရတယ် ဒါက ၃ ဆယ် အပေါင်း ၆ ဆယ် ဆိုတော့ ၉ ဆယ်ဖြစ်မယ် ဒီတော့ ဒီနေရာက နှစ်ပိုင်းက ၉၀ ဖြစ်မယ် ပြီ:တော့ ၉ အပေါင်း ၁ ဒါက ၁၀ ဖြစ်မယ် ပြီ:တော့ ၉၀ အပေါင်း ၁၀ က ကောင်းပြီ ဒါက ၁၀၀ နဲ့ညီမယ် သူတို့က ကျွန်တော်တို့ကို ဒါကိုတွက်ခိုင်းတာမဟုတ်ဘူး သူတို့ပြောတာက ဒီဟာတွေထဲက ဘယ်ဟာက အပေါ်နဲ့တူလဲလို့မေးတာ ဒီတစ်ခုက သေချာနေပြီ ကျွန်တော်တို့ ဒီတစ်ခုကိုပဲရွေးလိုက်ရင် ရပြီ ဒါပေမယ့် ကျွန်တော်တို့ ဒီတစ်ခုက မမှန်နိုင်ဘူးဆိုတာကို သက်သေပြနိုင်တယ် ကျွန်တော်တို့မှာ ၉ အပေါင်း ၁ ရှိတယ် ပြီးတော့ သူတို့မှာ ၃ အပေါင်း ၆ ရှိတယ် အခု ဒီ ၃ က သူက ၃ ကိုပဲကိုယ်စားပြုတာမဟုတ်ဘူး ဒါက ၃ ဆယ်၊ ၃၀ ဒါက ၃၀ ဖြစ်သင့်တယ် ပြီးတော့ ဒါက ၆ ဆယ် ၆ ပဲမဟုတ်ဘူး ဒီတော့ ဒါက ၆၀ ဖြစ်သင့်တယ် ဒါပေမယ့် ဒါက သူတို့ရေးထားသလိုမဟုတ်ဘူး ဒီတော့ကျွန်တော်တို့ ဒါကိုလည်းဖယ်ထုတ်လို့ရတယ် နောက်တစ်ခုလုပ်ကြည့်ရအောင် ဘယ်ပေါင်းခြင်းပုစ္ဆာက ၄၁ အပေါင်း ၅၇ နဲ့ညီလဲ ဒီမှာ သူတို့အကုန်လုံးခွဲထုတ်လိုက်တာ ဆယ်တွေနဲ့ ခုတွေနဲ့တူတယ် ကျွန်တော် ရွေးချယ်စရာတွေကို မကြည့်သေးခင်မှာ ဒါကိုလုပ်နိုင်လားဆိုတာ ကြည့်ရအောင် ၄၁ က ဆယ်နေရာမှာ ၄ ရှိတယ် ဒီတော့ ဒါက ၄ ဆယ်ဖြစ်မယ် ခုနေရာမှာ ၁ ခုရှိတယ် အပေါင်း ၁ ခု ဒါက ၄၁ ပြီ:တော့ ၅၇ ၅၇ ရဲ့ဆယ်နေရာမှာ ၅ ရှိတယ် ဒီတော့ အပေါင်း ၅ ဆယ် ပြီ:တော့ ခုနေရာမှာ ၇ ရှိတယ် အပေါင်း ၇ ခု ဒီတော့ ဒီရွေးစရာတွေထဲက ဘယ်ဟာနဲ့တူလဲဆိုတာ ကြည့်ရအောင် ဒီမှာ ကျွန်တော်ရေးထားသလိုပေါ့ ဒီပထမတစ်ခုက ၄ ဆယ်နဲ့ ၁ ခုရှိတယ် ၄ ဆယ်နဲ့ ၁ ခု ၄ ဆယ်နဲ့ ၁ ခု ဒါက ၄၁ ပဲ၊ ကျွန်တော်ခုလေးတင်... ဒီတော့ ဒီ ၄ ဆယ်အပေါင်း ၁ ခုက ၄၁ ဖြစ်မယ် ပြီ:တော့ ကျွန်တော့်မှာ ၅ ဆယ်နဲ့ ၇ ခုလဲရှိတယ် ၅ ဆယ်နဲ့ ၇ ခု ဒီတော့ ဒီပထမရွေးစရာက ကျွန်တော်ရေးထားတာနဲ့ ကွက်တိပဲ အရောင်ပဲမတူတာ ကျွန်တော်ရေး ရင် ၄ ဆယ် အပေါင်း ၅ ဆယ် အပေါင်း ၁ ခု အပေါင်း ၇ ခု ဒီပထမရွေးစရာဖြစ်မယ် ဒါဆိုရင်ကျွန်တော်တို့ပြီးပြီ ဒါပေမယ့် ကျန်တဲ့ရွေးစရာတွေကိုကြည့်ရအောင်ပါ သူတို့ဘာလို့မဖြစ်နိုင်တာလဲဆိုတာ သိရတာပေါ့ ကျွန်တော် ၄ ဆယ်ဘယ်ကလာတာလဲဆိုတာ သိတယ် ဒါပေမယ့် သူ့မှာ ၁ ဆယ်ရှိနေတယ် သူက ဒီ ခုနေရာမှာရှိတဲ့ ၁ ကိုယူပြီ: ဆယ်နေရာကို ပြောင်းပစ်လိုက်သလိုပဲ ဒီတော့ ဒါကလုံးဝကိုမှားတယ် ပြီ:တော့ သူပြောတာ ၅ ခု ဒီမှာက ၅ ဆယ် ၅ ခုမဟုတ်ဘူး ဒီတော့ ဒါက မဖြစ်နိုင်ဘူး ပြီးတော့ဒီတစ်ခုက ၄ ခုလို့ပြောတယ် ကောင်းပြီ ဒီ ၄ က ဒါက ဆယ်နေရာမှာရှိတယ် ဒါက ၄ ဆယ် ပြီးတော့ ကျွန်တော်တို့မှာ ၅ ဆယ်ရှိတယ် ဒီ ၅ က ဆယ်နေရာမှာရှိတယ် သူက ၅ ဆယ်ဖြစ်သင့်တယ် ဒါက ဆယ်နေရာမှာဖြစ်သင့်တယ် ပြီ:တော့ ဒါကလည်း ဆယ်နေရာမှာဖြစ်သင့်တယ် ဒီတော့ ကျွန်တော်တို့ ပထမတစ်ခုကိုရွေးရတာ ပျော်သွားပြီ