< Return to Video

Napoleon and the Wars of the First and Second Coalitions

  • 0:00 - 0:03
    ကျွန်တော် အခုအချိန်မှာ လုပ်ချင်တာကတော့
  • 0:03 - 0:05
    အဲ့အချိန်က ဖြစ်ခဲ့သမျှ စစ်ပွဲတွေအားလုံးအပေါ်မှာ သင်နဲ့အတူ သုံးသပ်ချင်လို့ဖြစ်တယ်
  • 0:05 - 0:07
    ပြီးတော့ နည်းနည်းလေးထပ်ပြီး အသေးစိတ်ပြောကြမယ်လေ
  • 0:07 - 0:09
    အထူးသဖြင့် နပိုလီယမ် ဘာတွေအတိအကျလုပ်ခဲ့လဲဆိုတာကိုပေါ့
  • 0:09 - 0:11
    ပြီးတော့ သူ့ရဲ့ သူ့အခန်းကဏ္ဍပေါ့
  • 0:11 - 0:14
    သူကိုယ်တိုင် စစ်ပွဲတော်တော်များများကို စတင်ခဲ့တာတွေ အဆုံးသတ်ခဲ့တာတွေပေါ့လေ
  • 0:14 - 0:21
    သင်မှတ်မိမှာပါ.... ၁၇၉၂ ကနေစပြီး ၁၇၉၇ အထိ
  • 0:21 - 0:27
    ပထမဆုံးညွန့်ပေါင်းစစ်ပွဲဖြစ်ခဲ့တယ်
  • 0:27 - 0:29
    ပါဝင်ခဲ့တဲ့ နိုင်ငံတွေကတော့
  • 0:29 - 0:38
    ပရက်ရှား .... သြစတီးယား... ပြီးတော့ အင်္ဂလန်ပြည့်ရှင်နိုင်ငံပေါ့
  • 0:38 - 0:41
    ကျွန်တော် အင်္ဂလန် လို့ပဲ အတိုကောက်သုံးပါ့မယ်
  • 0:41 - 0:43
    စစ်ပွဲစတာကတော့ ပြင်သစ်ကစတာပေါ့လေ
  • 0:43 - 0:47
    သင်မှတ်မိမှာပါ.... ဘုရင် Louis XVI က အဲ့အချိန်တုန်းက သက်ရှိထင်ရှားရှိတုန်းပဲ
  • 0:47 - 0:49
    သူက စစ်ပွဲကို ဖြစ်ပွားစေချင်တယ်....
  • 0:49 - 0:50
    ဘာလို့လဲဆိုတော့ ပြင်သစ်တွေရှုံးမယ်လို့ ယူဆခဲ့လို့ပေါ့
  • 0:50 - 0:51
    သူ့ကို ရာထူးပြန်အပ်နှင်းမယ်လို့တောင်ထင်လိုက်သေးတယ်
  • 0:51 - 0:53
    ဒါမှမဟုတ် သူနာမည်ကြီးလာမယ်လို့ ထင်လို့နေမှာပေါ့
  • 0:53 - 0:54
    တော်လှန်ရေးသမားတွေကတော့ စစ်ပွဲကိုလိုလားတာပေါ့လေ
  • 0:54 - 0:57
    တော်လှန်ရေးစနက်တွေပြန့်စေချင်တာကိုး
  • 0:57 - 0:59
    ပြီးတော့ သင်လဲမှတ်မိမှာပါ
  • 0:59 - 1:08
    ၁၇၉၇ ခုနှစ် ကမ်ပိုဖော်မီယိုစာချုပ်အပြီးမှာ ပြီးသွားခဲ့တယ်
  • 1:08 - 1:12
    အဓိကကတော့နပိုလီယန်ရဲ့ အီတလီက စစ်အောင်ပွဲတွေကြောင့်ပေါ့
  • 1:12 - 1:14
    ဒါ့ကြောင့်လဲ ကမ်ပိုဖော်မီယာဖြစ်လာတာပေါ့
  • 1:14 - 1:15
    အဲ့ဒီ အချိန်တုန်းက
  • 1:15 - 1:18
    သူက အီတလီဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုတွေမှာ တာဝန်ရှိတဲ့သူပေါ့
  • 1:18 - 1:20
    ပြီးတော့ ပြင်သစ်အစိုးရလဲ ဖြစ်နေစဉ်ကာလပေါ့
  • 1:20 - 1:24
    ဒီလှုပ်ရှားမှုတွေက တော်တော်လေးကို ခရီးရောက်ခဲ့ပါတယ်
  • 1:24 - 1:28
    အဓိကအကြောင်းရင်းကတော့ နပိုလီယန်ရဲ့ ခုခံနိုင်စွမ်းတွေကြောင့်ပေ့ါ
  • 1:28 - 1:34
    ဆိုတော့ ၁၇၉၈ ကစပြီး ကျွန်တော် ဒါကို နောက်အရောင်တစ်မျိုးနဲ့ပြမယ်နော်
  • 1:34 - 1:42
    ဟုတ်ပြီ ၁၇၉၈ ကနေပြီးတော့ ၁၈၀၂ အထိကို ဒုတိယအကြိမ်ညွန့်ပေါင်းစစ်ပွဲဖြစ်တယ်
  • 1:42 - 1:44
    သင် သိတဲ့အတိုင်းပဲ
  • 1:44 - 1:46
    နပိုလီယန်က ၁၇၉၉ နှစ်ကုန်ပိုင်းလောက်ကစပြီးတော့ အာဏာသိမ်းလိုက်တယ်
  • 1:46 - 1:47
    စစ်ပွဲက
  • 1:47 - 1:50
    ထိမ်းချုပ်ခံ ဒေသ တစ်ချို့ကိုပါ ပြန့်နှံ့သွားခဲ့တယိ
  • 1:50 - 1:53
    နပိုလီယန် သိမ်းပိုက်ထားတဲ့ဒေသတွေပါ
  • 1:53 - 1:55
    အပါအဝင်ပေါ့
  • 1:55 - 1:57
    ဒီတစ်ကြိမ်စစ်ပွဲမှာကြတော့
  • 1:57 - 2:03
    သြောစတြီးယားနဲ့ အင်္ဂလန်တို့ ပါဝင်တယ်
  • 2:03 - 2:06
    ဒီကာလမှာတော့ သူတို့နှစ်နိုင်ငံလုံး
  • 2:06 - 2:07
    အထူးသဖြင့် အင်္ဂလန်က ပြင်သစ်နဲ့ချည်း စစ်ခင်းနေကြတဲ့ ကာလပေါ့
  • 2:07 - 2:11
    ဆုတော့ ပရက်ရှားအစား ရရှားဆိုတာဖြစ်လာတယ်
  • 2:11 - 2:13
    တကယ်တော့ သင့်ကိုသိစေချင်တာက
  • 2:13 - 2:15
    သြစတြီးယန်းအင်ပါယာက အဲ့ဒီကာလတုန်းက ဘယ်လိုလဲဆိုတာ သ်စေချင်လို့ပါ
  • 2:15 - 2:17
    ပြီးတော့ ပရက်ရှားအင်ပါယာ...
  • 2:17 - 2:19
    ဒီမြေပုံက သိပ်ပြီး တရားမျှတတယ်လို့တော့ မဟုတ်ပါဘူး
  • 2:19 - 2:21
    ကဲ အောက်ကိုဆက်သွားကြည့်ရအောင်
  • 2:21 - 2:22
    ဒါက ၁၈၁၀ တုန်းကပေါ့
  • 2:22 - 2:26
    ရှေ့ကို နဲနဲ ဆက်သွားမယ်
  • 2:26 - 2:27
    ၁၈၀၅
  • 2:27 - 2:28
    သူတို့ဆွဲတဲ့ ပုံစံထက် နဲနဲလေး ရဲတင်းပြီး
  • 2:28 - 2:30
    ကျွန်တော် နယ်သတ်မျဉ်းလေးတွေ ထပ်ဆွဲကြည့်မယ်နော်
  • 2:30 - 2:32
    ဒီနေရာက ပြင်သစ်
  • 2:32 - 2:35
    ဒီနေရာတွေက ပြင်သစ် နယ်သတ်မျဉ်းတွေ
  • 2:35 - 2:40
    အမှန်တော့ ယခု အီတလီက တစ်ချို့နေရာတွေကို
  • 2:40 - 2:41
    အဲ့ဒီကာလတုန်းက သိမ်းပိုက်ထားနိုင်ခဲ့တာပေါ့
  • 2:41 - 2:44
    ဆိုတော့ ဒီနားမှာက ပြင်သစ်
  • 2:44 - 2:47
    သင်ဆန္ဒရှိရင် ကျွန်တော် အကုန်လုံးကို နယ်သတ်မျဉ်းဆွဲလိုက်မှာပါ
  • 2:47 - 2:48
    ဒီလောက်ဆိုရင်တောင် ခင်ဗျား သဘောပေါက်လောက်ပြီလို့ ကျွန်တော် ယူဆလို့ပါ
  • 2:48 - 2:51
    သို့သော် အရင် တစ်ချိန်က မင်းမူခဲ့ပြီး
  • 2:51 - 2:54
    ဒီကနေ့ခေတ်မှာ မရှိတော့တဲ့ အင်ပါယာကတော့ ပရက်ရှားပါပဲ
  • 2:54 - 2:55
    အခု လုံးဝ မရှိတော့ပါဘူး
  • 2:55 - 2:57
    ပရက်ရှား အင်ပါယာဆိုတာကော.... ပရက်ရှားနိုင်ငံဆိုတာကော
  • 2:57 - 3:00
    လုံးဝပျောက်ကွယ်သွားပါပြီ
  • 3:00 - 3:01
    ဒီနေရာနားမှာ
  • 3:01 - 3:03
    ဂျာမနီနဲ့ နဲနဲ ထပ်နေတာကိုတွေ့ရမယ်
  • 3:03 - 3:05
    ပိုလန်နဲ့ရောပဲ .... တစ်ချို့နိုင်ငံတွေရောပဲ
  • 3:05 - 3:07
    အသေးစိတ်တော့ မသွားတော့ပါဘူး
  • 3:07 - 3:11
    ပြီးရင် သြစတြီးယားအင်ပါယာလာမယ်
  • 3:11 - 3:17
    အဲဒါက ဟိုနားလေးမှာ
  • 3:17 - 3:18
    သင်တွေ့လား
  • 3:18 - 3:21
    ဒီခေတ်ထက်
  • 3:21 - 3:25
    ခေတ်မှီတဲ့ နိုင်ငံထက် ပိုလောက်အောင်ကို လွှမ်းခြုံထားနိုင်ခဲ့တဲ့ အခြေအနေပါ
  • 3:25 - 3:26
    ဒီနေရာမှာ ရရှားအင်ပါယာရှိတယ်
  • 3:26 - 3:28
    ဒင်ဗျားတွေ့တဲ့ အတိုင်းပဲ
  • 3:28 - 3:30
    အရင်ကနဲ့ ဒီနေ့နဲ့ သိပ်ကွာတာမဟုတ်ဘူး
  • 3:30 - 3:33
    ဒါပေမဲ့ တော်တော်ကွာတဲ့နေရာကတော့
  • 3:33 - 3:34
    အမှန်တော့ ကွာတာတွေအများကြီးပါ
  • 3:34 - 3:37
    အရင်က ခေတ်နဲ့ ဒီနေ့ခေတ်နဲ့ အကြီးဆုံးကွာခြားချက်ကတော့
  • 3:37 - 3:40
    ဂျာမနီနိုင်ငံဆိုတာ အရင်က မရှိခဲ့ဘူးဆိုတာပါပဲ
  • 3:40 - 3:42
    ဂျာမန်စကားပြောတဲ့ လူတွေတော့ ရှိတာပေါ့
  • 3:42 - 3:43
    ဒါပေမဲ့ သူတို့တွေက
  • 3:43 - 3:44
    နယ်မြေလေးတွေ အများကြီးနဲ့ တစ်ကွဲတစ်ပြားဖြစ်နေခဲ့ကြတယ်
  • 3:44 - 3:45
    ဒီမြေပုံမှာတော့ ပြမထားပါဘူး
  • 3:45 - 3:47
    နယ်မြေတစ်ချို့က သြစတြီးယန်းသိမ်းပိုက်ခံနယ်မြေတစ်ချို့ဖြစ်နေခဲ့ပြီး
  • 3:47 - 3:49
    တစ်ချို့ကတော့ ပရက်ရှားလက်အောက် ရောက်နေခဲ့ကြတယ်
  • 3:49 - 3:51
    ဒါကြောင့်ပဲ
  • 3:51 - 3:54
    ဂျာမန်ဘုရင်တွေ နယ်မြေတွေစုပြီး မဟာမိတ်ဖွဲ့ခဲ့ကြတယ်
  • 3:54 - 3:57
    ဒီနေရာကတော့ ရိုမန်အင်ပါယာပါ
  • 3:57 - 3:58
    ကျွန်တော် ရေးလိုက်မယ်နော်
  • 3:58 - 4:04
    မြင့်မြတ်တဲ့ ရိုမန်အင်ပါယာ
  • 4:04 - 4:06
    ဗိုတယ်ရီ ပြောခဲ့သလိုပဲ
  • 4:06 - 4:09
    သူတို့က မြင့်မြတ်သူတွေလဲမဟုတ်သလို ရိုမန်တွေလဲ မဟုတ်ပါဘူး
  • 4:09 - 4:10
    လက်တင်စကားလဲ သူတို့တွေ မပြောခဲ့ပါဘူး... အီတလီလားဆိုတော့လဲ မဟုတ်ပါဘူး
  • 4:10 - 4:12
    အမှန်ကတော့ ဂျာမန်တွေပါပဲ
  • 4:12 - 4:14
    ဘာမှလဲ မမြင့်မြတ်ဘူးဆိုတာ သင်သိတဲ့အတိုင်းပဲ
  • 4:14 - 4:16
    သူတို့က ဘာသာရေးထိန်းချုုပ်ခံ လဲဟုတ်မနေခဲ့ဘူးလေ
  • 4:16 - 4:17
    ပြီးတော့ အင်ပါယာလဲ မဟုတ်ခဲ့ဘူး
  • 4:17 - 4:20
    နယ်သတ်မျဉ်းတွေ ချဲ့ထွင်နေတဲ့
  • 4:20 - 4:21
    အကွပ်ညှပ်ခံ ဒေသလဲ မဟုတ်ခဲ့ဘူး
  • 4:21 - 4:23
    ဘုရင်နိုင်ငံတွေပေါင်းပြီး မဟာမိတ်ယူလိုက်တယ်ဆိုတဲ့ သဘောပါပဲ
  • 4:23 - 4:25
    ဆိုတော့ ကမ္ဘာကြီးက အဲ့အချိန်တုန်းက
  • 4:25 - 4:28
    ဘယ်လိုလဲဆိုတာ သင်သဘောပေါက်လောက်ပြီ ထင်ပါတယ်
  • 4:28 - 4:33
    ဒါလေးကို မှတ်ထားပြီး ကျွန်တော်တို့ သုံးသပ်ကြည့်ရအောင်
  • 4:33 - 4:37
    သုံးသပ်ကြည့်မယ်ဆိုရင်
  • 4:37 - 4:42
    ဒုညွန့်ပေါင်းစစ်ပွဲက
  • 4:42 - 4:48
    ၁၈၀၁ မှာပြီးတယ်... လူနီဗယ်လီဆိုတဲ့ သဘောတူညီစာချုပ်ချုပ်တယ်
  • 4:48 - 4:54
    ဒါလဲ အရင်တစ်ခေါက်အတိုင်းပဲ
  • 4:54 - 4:56
    စစ်အင်အား အားသာချက်ကြောင့် သြစတြီးယန်းတွေပဲ နိုင်ခဲ့ပြန်တယ်
  • 4:56 - 4:59
    နပိုလီယန်ကတော့ ပြင်သစ်မှာ မင်းမူနေပြီ
  • 4:59 - 5:00
    သြစတြီးယန်းတွေကို ဆန့်ကျင်တဲ့
  • 5:00 - 5:07
    အီတာလီယန်လှုပ်ရှားမှုကို ဦးဆောင်ခဲ့တယ်
  • 5:07 - 5:09
    မာရန်ဂို မှာတော့ သူအောင်ပွဲခံခဲ့တာပေါ့ ဒီနေရာမှာပေါ့
  • 5:09 - 5:11
    ပြီးမှ အဲ့ဒါကို ဆက်ရှင်းပါမယ်
  • 5:11 - 5:13
    ဆိုလိုတာကတော့ သြစတြီးယန်းကို စစ်အောင်နိုင်လိုက်တယ် ဆိုတာပဲပေါ့
  • 5:13 - 5:18
    အဲ့ဒါက နောက်ထပ်နယ်မြေတွေကို သိမ်းပိုက်ဖို့ နပိုလီယမ်ကို တွန်းအားပေးသလိုဖြစ်သွားတယ်
  • 5:18 - 5:21
    အထူးသဖြင့် အီတလီကျွန်းဆွယ်တွေကိုပေါ့
  • 5:21 - 5:22
    သင် ဒီမှာတွေ့နိုင်ပါတယ်
  • 5:22 - 5:25
    အီတလီကျွန်းဆွယ်တွေက ဒီနားမှာပေါ့
  • 5:25 - 5:29
    နောက်ပိုင်းမှာ .... ၁၈၀၂ မှာ
  • 5:29 - 5:32
    အင်္ဂလန်နဲ့ အေမီယန်စာချုပ်ချုပ်တယ်
  • 5:32 - 5:33
    အဲ့ဒီ စာချုပ်ကြောင့်ပဲ ညွန့်ပေါင်းစစ်ပွဲလဲ ပြီးသွားတယ်
  • 5:33 - 5:35
    ၁၈၀၁ မှာ ပြီးသွားတယ်လို့ပြောနိုင်ပါတယ်
  • 5:35 - 5:36
    ဘာလို့လဲ ဆိုတော့ သြစတြီးယား မပါတော့လို့ပါ
  • 5:36 - 5:38
    ရရှားက စောင့်ကြည့်တဲ့ အနေအထားမှာပဲရှိပါသေးတယ်
  • 5:38 - 5:40
    သူတို့လဲ ပါတော့ပါဝင်ခဲ့ပါတယ်
  • 5:40 - 5:42
    သို့သော် မရှုံး မမြတ် အနေအထားမျိုးပဲပေါ့
  • 5:42 - 5:45
    ဒီနေရာမှာပြောချင်တာက
  • 5:45 - 5:49
    အင်္ဂလန်က
  • 5:49 - 5:51
    စစ်ပွဲမလိုလားမှုတွေရဲ့ အကြောင်းရင်းခံဆိုတာပါပဲ
  • 5:51 - 5:53
    ဒါပေမဲ့လဲ မကြာပါဘူး အဲ့လိုဖြစ်တာ
  • 5:53 - 5:59
    ၁၈၀၃ မေလမှာ
  • 5:59 - 6:01
    တတိယအကြိမ်ညွန့်ပေါင်းစစ်ပွဲ ထပ်ဖြစ်တယ်
  • 6:01 - 6:03
    ဒါကို နဲနဲရှင်းပြချင်ပါတယ်
  • 6:03 - 6:05
    တတိယအကြိမ်ညွန့်ပေါင်းစစ်ပွဲမှာတော့
  • 6:05 - 6:07
    ဗြိတိသျှက
  • 6:07 - 6:09
    ပြင်သစ်အင်ပါယာကို စစ်ကြေညာတယ်
  • 6:09 - 6:12
    ၁၈၀၅ အထိ စစ်ပွဲ မပြီးဘူး
  • 6:12 - 6:13
    ဆိုတော့ သင်သိလောက်ပြီထင်ပါတယ်
  • 6:13 - 6:18
    စစ်အမြဲတိုက်နေတာက ဗြိတိသျှတွေဆိုတာကိုပေါ့
  • 6:18 - 6:21
    ကြားထဲမှာ စစ်မတိုက်တဲ့ကာလလေးတွေတော့ ရှိတာပေါ့လေ
  • 6:21 - 6:22
    ဒါပေမဲ့ ပြန်ပြန်ဖြစ်တာပဲ
  • 6:22 - 6:28
    ဆိုတော့ တတိယအကြိမ်ညွန့်ပေါင်းစစ်ပွဲ ဖြစ်လာတယ်
  • 6:28 - 6:29
    နောက်တစ်ကြိမ်မှာလဲပဲ
  • 6:29 - 6:31
    သင်အလိုရှိရင် အင်္ဂလန်ပြည့်ရှင်လို့လဲ ကျွန်တော်ရေးလို့ရပါတယ်
  • 6:31 - 6:33
    အခုလဲ အင်္ဂလန်ပြည့်ရှင်နိုင်ငံပဲ ဆိုတော့လေ
  • 6:33 - 6:37
    အိုင်ယာလန်နှင့် အင်္ဂလန်ပြည့်ရှင် နိုင်ငံပေါ့
  • 6:37 - 6:39
    အင်္ဂလန်ပြည့်ရှင်နိုင်ငံပါတယ်
  • 6:39 - 6:43
    ရရှား ပါတယ်
  • 6:43 - 6:44
    သြစတြီးယားလဲ ပါပြန်တယ်
  • 6:44 - 6:45
    တစ်ခြားနိုင်ငံတွေလဲ ပါသေးတယ်
  • 6:45 - 6:46
    ပေါ်တူဂီတို့ ဘာတို့ပေါ့
  • 6:46 - 6:49
    ဒါပေမဲ့ သူတို့က အဓိက ပါဝင်တဲ့သူတွေပေါ့လေ
  • 6:49 - 6:50
    ဒီ သင်ခန်းစာမှာတွေ့ရမှာက
  • 6:50 - 6:53
    တတိယစစ်ပွဲဟာ
  • 6:53 - 6:57
    ဥရောပမှာ နပိုလီယန် အာဏာရှင်ဖြစ်နေစဉ်မှာ
  • 6:57 - 6:59
    အဆုံးသတ်သွားတယ်
  • 6:59 - 7:01
    သူ အရမ်းအင်အားကြီးလာတော့
  • 7:01 - 7:03
    ရပ်လိုက်ရတော့တာပေါ့
  • 7:03 - 7:04
    ဆိုတော့ ဒီအပိုင်းကို နဲနဲထပ်ရှင်းမယ်
  • 7:04 - 7:08
    ၁၈၀၅ မှာ ဒီကိစ္စဖြစ်ခဲ့တာပေါ့
  • 7:08 - 7:09
    နပိုလီယန်လဲ အာဏာရှင်ဖြစ်လာတယ်
  • 7:09 - 7:11
    သူဘယ်လို အာဏာရှင်ဖြစ်လာလဲ ကြည့်ရအောင်
  • 7:11 - 7:16
    ဒါပေမဲ့ ၁၈၀၅ မှာ နပိုလီယန်က..... ပြောရရင် ၁၈၀၆ နားပေါ့လေ
  • 7:16 - 7:18
    ဘာလို့လဲ ဆိုတော့ ၁၈၀၅ အကုန်မှာ ဒီကိစ္စက ဖြစ်ခဲ့တာလေ
  • 7:18 - 7:28
    နပိုလီယန်က သူ့ကိုသူ အာဏာအကြွင်းမဲ့ရပြီလို့ ထင်နေတယ်
  • 7:28 - 7:30
    ဒီလိုဖြစ်လာအောင်ကလည်း
  • 7:30 - 7:32
    သူအောင်မြင်ခဲ့တဲ့ အပိုင်းတွေရှိတယ်လေ
  • 7:32 - 7:34
    ကဲ ဒီလောက်ဆိုရင် ကျွန်တော် ထင်ပါတယ်
  • 7:34 - 7:37
    နပိုလီယန်အကြောင်းကို နဲနဲတော့ ခြုံငုံမိသွားလောက်ပါပြီနော်
  • 7:37 - 7:39
    ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအားလုံးမှာ
  • 7:39 - 7:43
    သူဘယ်လောက်ထိ အရေးပါတဲ့ အခန်းကဏ္ဍတွေက ပါဝင်ခဲ့လဲဆိုတာတွေရောပေါ့
  • 7:43 - 7:45
    ဆိုတော့ ပထမဆုံး နုပိုလီယန်လို့စသိတဲ့ အချိန်ကာလက
  • 7:45 - 7:49
    ၁၇၉၃ ခုနှစ်လောက်မှာပေါ့ ... ကျွန်တော် ဒီမှာဆွဲပြပါမယ်
  • 7:49 - 7:51
    သင်မှတ်မိကောင်းမှတ်မိမှာပါ
  • 7:51 - 7:53
    တော်ဝင်အနွယ်တွေကို ပုန်ကန်မှုတွေက
  • 7:53 - 7:55
    တော်လှန်ရေးအစိုးရ နဲ့ ဆန့်ကျင်ဘက်ဖြစ်နေစဉ်ကာလပေါ့
  • 7:55 - 7:58
    အဲ့ဒီကာလမှာ တူလွန်ပြည်မှာ အလွန်ထူးခွှန်တဲ့ ကပ္ပတိန်တစ်ယောက်ရှိခဲ့တယ်ပေါ့ဗျာ
  • 7:58 - 8:01
    ၁၇၉၃ မှာ ဆူပူအုံကြွမှုတွေကို လှုံ့ဆော်ပေးခဲ့သူပေါ့လေ
  • 8:01 - 8:03
    ပြောရမယ်ဆိုရင် အဲ့လိုနည်းနဲ့သူဟာ
  • 8:03 - 8:09
    ပြင်သစ်တစ်နိုင်ငံလုံးမှာ နာမည်ကြီးသွားခဲ့တယ်
  • 8:09 - 8:14
    ၁၇၉၅ ရောက်တော့ သင်မှတ်မိမလားမသိဘူး
  • 8:14 - 8:17
    ပဲရစ်မှာ ဒရက်ထရီအုပ်စုကို ဖွဲ့စည်းဖို့ ကြိုးစားခဲ့ကြတယ်
  • 8:17 - 8:19
    ၁၇၉၃ တုန်းကပေါ့
  • 8:19 - 8:24
    ၁၇၉၅ ရောက်လာတော့.... နောက်တစ်ရောင်နဲ့လုပ်လိုက်မယ်
  • 8:24 - 8:26
    ဒါနဲနဲမှိန်နေတယ်
  • 8:26 - 8:31
    ၁၇၉၅ မှာ
  • 8:31 - 8:33
    တူလရီတွေကို ဗုံးဆန်တွေပစ်
  • 8:33 - 8:37
    လူတွေကို အစုလိုက်အပြုံလိုက်သတ်ပြီး
  • 8:37 - 8:40
    တော်လှန်ရေးအစိုးရကို တော်ဝင်အနွယ်တွေက ဖယ်ရှားဖို့ကြိုးစားနေတာကို ရပ်တန့်ဖို့ ခုခံကာကွယ်ခဲ့တယ်
  • 8:40 - 8:42
    နောက်ပိုင်မှာ ပိုပိုပြီး လူသိများလာတာပေါ့
  • 8:42 - 8:44
    အဲ့ကာလက ၁၇...
  • 8:44 - 8:46
    ခုနကပြောသမျှတွေအားလုံးက
  • 8:46 - 8:48
    ပထမအကြိမ် ညွန့်ပေါင်းစစ်ပွဲဖြစ်နေစဉ်အတွင်း ဖြစ်ခဲ့တာချည်းပါပဲ
  • 8:48 - 8:52
    နောက်ကျတော့ နပိုလီယမ်ဟာ အီတလီလှုပ်ရှားမှု အရေးအခင်းမှာ
  • 8:52 - 8:54
    စစ်သူကြီး အဖြစ်ခန့်အပ်ခံရတယ်
  • 8:54 - 9:00
    ၁၇၉၇ ရောက်တော့
  • 9:00 - 9:02
    ပထမအကြိမ်စစ်ပွဲကို အဆုံးသတ်ပေးနိုင်လိုက်တယ်
  • 9:02 - 9:04
    ပြင်သစ်အတွက် အလွန်မြင့်မြတ်တဲ့ အောင်နိုင်မှုတစ်ခုလို့ ပြောရင် မမှားပါဘူး
  • 9:04 - 9:06
    သြစတြီးယားရော အီတလီကိုရော အပြတ်အသတ်နိုင်လိုက်တာပေါ့
  • 9:06 - 9:07
    ကမ်ပိုဖော်မီယို စာချုပ်နဲ့
  • 9:07 - 9:09
    အဲ့ဒီ စစ်ပွဲကို အဆုံးသတ်ခဲ့တယ်
  • 9:09 - 9:10
    အဲ့ဒါက နပိုလီယမ်ပေါ့
  • 9:10 - 9:15
    ဒီနားမှာ သူပေါ့
  • 9:15 - 9:17
    သင်သိမှာပါ
  • 9:17 - 9:19
    သူတော်တော် လူသိများခဲ့တာကိုပေါ့
  • 9:19 - 9:22
    နောက် သူသတင်းစာ တစ်ချို့ကို စတင် ထုတ်ဝေတယ်
  • 9:22 - 9:24
    ပြီးတော့ စစ်ဘက်ဆိုင်ရာအကြီးအကဲတစ်ချို့ကိုလည်း
  • 9:24 - 9:27
    နောက်ပိုင်းဆက်ဖြစ်လာတဲ့ တန်ပြန်တော်လှန်ရေးတွေကို
  • 9:27 - 9:29
    တော်ဝင်မျိုးတွေဘက်ကနေပြီးတော့ နှိမ်နင်းပေးဖို့ စေလွှတ်ခဲ့တယ်
  • 9:29 - 9:32
    ဆိုတော့ အဆမတန်ကျော်ကြားလေ ကျော်ကြားလေဖြစ်လာတော့တာပေါ့
  • 9:32 - 9:34
    ဒရက်ထရီအုပ်စုကလည်း
  • 9:34 - 9:36
    သူ့ကို နည်းနည်းပါးပါးရှိန်စပြုလာတာပေါ့
  • 9:36 - 9:37
    သူလုပ်ချင်ရာကို လုပ်ခွင့်ပေးလိုက်ကြတော့တယ် နောက်ဆုံး
  • 9:37 - 9:40
    အဲ့ကစလို့ နပိုလီယန်ဟာ တူလွန်ကနေထွက်တယ်
  • 9:40 - 9:43
    အီဂျစ်ကို သွားတယ်
  • 9:43 - 9:46
    မြင့်မြတ်မှုအပေါင်း ခညောင်းပြီးသွားတယ်ဆိုပါတော့ဗျာ
  • 9:46 - 9:50
    ပြီးတော့ ရှိသမျှ အရာအားလုံးကို မျိုးဖြုတ်တော့တာပဲ
  • 9:50 - 9:53
    တွေ့သမျှ လူကို သတ်ပစ်ကြတယ်... စစ်ပွဲအများကြီးအောင်နိုင်လာတယ်
  • 9:53 - 9:57
    အီဂျစ်ရော ဆီးရီးယားမှာရှိတဲ့ အော်တိုမန်တွေ(တူရကီ) အကုန်လုံးရောပေါ့
  • 9:57 - 9:57
    သူ့အတွက် ကံမကောင်းအကြောင်းမလှဖြစ်သွားတာကတော့
  • 9:57 - 10:01
    သူ့ရဲ့ ချစ်လှစွာသောသူငယ်ချင်း ဟာရီတို နယ်ဆင်ဟာ
  • 10:01 - 10:05
    နိုင်းမြစ်စစ်ပွဲမှာ သူ့စစ်တပ်ကို ဖြိုလိုက်တာပဲ
  • 10:05 - 10:08
    ဟာရီတို.... ဒါကို အနက်ရောင်လေးနဲ့ဆွဲလိုက်မယ်
  • 10:08 - 10:10
    ဆိုတော့ ဒါက
  • 10:10 - 10:15
    ဟာရီတို နယ်ဆင်က သူ့စစ်တပ်တွေကို ဖြိုခွင်းလိုက်တယ်
  • 10:15 - 10:16
    အဲ့မှာ သူတို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဖြစ်သွားတယ်
  • 10:16 - 10:19
    ၁၇၉၉ ကျတော့ သူ့စစ်တပ်တွေကို စွန့်ပစ်ပြီး
  • 10:19 - 10:22
    ပြင်သစ်ကို
  • 10:22 - 10:25
    တစ်ယောက်တည်းပြန်လာရတတယ်
  • 10:25 - 10:28
    ၁၇၉၉ မှာပေါ့
  • 10:28 - 10:34
    နပိုလီယန်က ပြင်သစ်ကို ပြန်လာတယ်
  • 10:34 - 10:36
    နောက်ဆုံး သင်ခန်းစာမှာတုန်းက ကျွန်တော်တို့ တွေ့ခဲ့ သလိုပဲ
  • 10:36 - 10:39
    အာဏာကိုင် ၂ ယောက်နဲ့တွဲပြီး
  • 10:39 - 10:41
    ပြင်သစ်ရဲ့ ကောင်စစ်ဝန် ၃ ဦးအဖြစ် ဦးစီးဦးရွက်ပြုခဲ့တယ်
  • 10:41 - 10:44
    တိုတိုပြောရရင် .... ၁၇၉၉ မှာ
  • 10:44 - 10:49
    သူ့ကိယ်သူ ပထမမြောက် ကောင်စစ်ဝန်ဆိုပြီး ကြေညာနိုင်လိုက်တယ်
  • 10:49 - 10:51
    ဒါက ဖတ်ဖို့ခက်တယ်... အဆင်ပြေအောင်လုပ်ပေးပါ့မယ်
  • 10:51 - 11:01
    ဆိုတော့ ၁၇၉၉ မှာ ... သူဟာ ပထမဆုံးကောင်စစ်ဝန်ဖြစ်လာတယ်
  • 11:01 - 11:07
    ပြင်သစ်ရဲ့ အာဏာရှင်လဲ ဖြစ်လာတယ်
  • 11:07 - 11:09
    ဒါတွေ ဖြစ်နေတယ်ဆိုတာ
  • 11:09 - 11:12
    ဒုတိယ ညွန့်ပေါင်းစစ်ပွဲကာလမှာ ဖြစ်တယ်ဆိုတာ အမှတ်ထားဖို့လိုပါတယ်
  • 11:12 - 11:15
    ၁၇၉၈ ရောက်တော့ သင်သိတဲ့အတိုင်း... စစ်ပွဲမှာ သူအဲလောက်ကြီး ကြီးကြီးမားမား မစွမ်းဆောင်နိုင်ခဲ့ပါဘူး
  • 11:15 - 11:18
    အီဂျစ်သွားပြီး အလုပ်မဟုတ်တာတွေ သွားလုပ်နေတာကိုး
  • 11:18 - 11:20
    သူတို့တွေက အင်္ဂလန်နဲ့ စစ်ဖြစ်နေတဲ့ အချိန်ပေါ့
  • 11:20 - 11:24
    ဒါ့ကြောင့် ဟာရီတို နယ်ဆင်က သူ့စစ်တပ်တွေကို မျိုးဖြုတ်လိုက်တာပေါ့
  • 11:24 - 11:28
    ၁၇၉၉ နှစ်ကုန်မှာ သူ အာဏာသိမ်းပြီးတာတောင်
  • 11:28 - 11:31
    ၁၈၀၀ ကုန်စောပိုင်းလို့လဲ ပြောလို့ရပါတယ်... အဲ့ဒီကာလမှာတောင်... သူတို့တွေစစ်ခင်းနေကြတုန်းပဲ
  • 11:31 - 11:34
    နပိုလီယန်က ... အရာအားလုံးကို သိမ်းပိုက်ခဲ့တယ်... အာဏာရူးတယ်
  • 11:34 - 11:39
    Alps ကို ဖြတ်ပြီး အီတလီကို သူ့စစ်တပ်တွေနဲ့ ချီတပ်သွားတယ်
  • 11:39 - 11:41
    ဒီနေရာကနေပြီးတော့ပေါ့
  • 11:41 - 11:43
    ပြီးတော့ နောက်တစ်ကြိမ်.... ဒီပုံစံက ပြန်ပေါ်လာတယ်
  • 11:43 - 11:45
    ဒီနေရာမှာကျတော့
  • 11:45 - 11:46
    အစကတော့
  • 11:46 - 11:48
    သူ့သွားတဲ့လမ်းလားဆိုတာ... သိပ်ပြီးမကွဲပြားပါဘူး
  • 11:48 - 11:50
    အီတလီတော်လှန်ရေးကတော်တော်ဆိုးဆိုးဝါးဝါး အနေအထားနဲ့ စခဲ့တာပါ
  • 11:50 - 11:52
    သို့သော် နောက်ဆုံးမှာတော့... သူပဲနိုင်တာပါပဲ
  • 11:52 - 11:54
    မာရမ်ဂို နဲ့ ဟိုဟမ်လင်ဒမ် စစ်ပွဲမှာ
  • 11:54 - 11:58
    သြစတြီးယားတွေု နောက်တစ်ကြိမ်အောင်နိုင်ခြင်းပေါ့
  • 11:58 - 12:00
    ကျွန်တော်ပြောနေတာ သိပ်မရှင်းဘူးဆိုတာ သိပါတယ်
  • 12:00 - 12:03
    နပိုလီယမ်ဟာ သူ့စစ်တပ်တွေကို ဦးဆောင်ပြီး
  • 12:03 - 12:05
    ဒုတိယမြောက် စစ်ပွဲကိုလည်း
  • 12:05 - 12:09
    အဆုံးသတ်နိုင်ခဲ့တယ်
  • 12:09 - 12:11
    ပြီးတော့ အင်္ဂလန်ပြည့်ရှင်နိုင်ငံ .... ဗြိတိသျှနိုင်ငံ
  • 12:11 - 12:14
    သင်ခေါ်ချင်သလို ခေါ်ပါ
  • 12:14 - 12:18
    လူတော်တော်များများကတော့ ... ဗြိတိသျှလို့လဲ သုံးပါတယ်
  • 12:18 - 12:20
    ရည်ညွှန်းတာကတော့
  • 12:20 - 12:22
    အင်္ဂလန်ရော အိုင်ယာလန်ရောပါတာပေါ့
  • 12:22 - 12:23
    သိပ်ပြီး ထုံးတမ်းစဉ်လာကျချင်ရင်တော့
  • 12:23 - 12:26
    ဗြိတိသျှအင်ပါယာဆိုတာ
  • 12:26 - 12:28
    အင်္ဂလန်ရယ် .... စကော့တလန်ရယ်... ဝေးလ်လူမျိုးတွေရယ်ကို ဆိုလိုတာပါ
  • 12:28 - 12:31
    အိုင်ယာလန်ဆိုရင်လည်းမမှားပါဘူး
  • 12:31 - 12:33
    ခဏခဏတော့
  • 12:33 - 12:35
    အင်္ဂလန်ပြည့်ရှင် နှင့် အိုင်ယာလန်နိုင်ငံတော် ဆိုပြီး အရှည်ပြီးပြောမနေချင်ဘူးဗျာ
  • 12:35 - 12:38
    ၁၈၀၀ အစောပိုင်းထဲက ... ညီညွတ်ပြီးသားပါ
  • 12:38 - 12:41
    ဗြိတိသျှလို့သာ သုံးလိုက်တော့မယ်
  • 12:41 - 12:43
    စစ်ပွဲကိုလည်း ငြီးငွေ့လာကြပြီ
  • 12:43 - 12:46
    ဒါကြောင့် ဗြိတိသျှတွေလည်း စစ်ကို အဆုံးသတ်လိုက်ကြတယ်
  • 12:46 - 12:48
    ကျွန်တော်တို့ အရင်ကပြောခဲ့သလိုပဲ
  • 12:48 - 12:51
    အေမီယမ်စာချုပ် ချုပ်ဆိုခဲ့တယ်ဆိုတာလေ
  • 12:51 - 12:55
    ဒါပေမဲ့ မကြာပါဘူးကွယ်
  • 12:55 - 12:59
    ၁၈၀၃ မှာ.. နပိုလီယမ်က ပါဝါရှိတုန်းပဲ
  • 12:59 - 13:03
    တတိယမြောကါ စစ်ပွဲကတော့ ပေါ်လာာတာပါပဲ
  • 13:03 - 13:06
    နောက်လာမဲ့ သင်ခန်းစာမှာတော့
  • 13:06 - 13:09
    ဒီလိုပဲ လာမဲ့စစ်ပွဲတွေကို... နပိုလီယမ် ဘယ်လိုအောင်မြင်ခဲ့လည်းဆိုတာ
  • 13:09 - 13:13
    တွေ့ရပါမယ်
  • 13:13 - 13:17
    သူ့စိတ်ထဲမှာတော့ အာဏာကအနှိုင်းမဲ့ပေါ့
Title:
Napoleon and the Wars of the First and Second Coalitions
Description:

more » « less
Video Language:
English
Team:
Khan Academy
Duration:
13:19

Burmese subtitles

Revisions