< Return to Video

ရေချိုးရင်း အာခိမိဒိ နိယာမဖြစ်လာပုံ - Mark Salata

  • 0:14 - 0:16
    သင်ယူဖို့ အကောင်းဆုံး အခွင့်အရေးတချို့က
  • 0:16 - 0:18
    ဦးနှောက်ခြောက်စေတဲ့
    အချိန်လေးတွေဖြစ်ပါတယ်။
  • 0:18 - 0:21
    ဒီလို အခိုက်အတန့်တွေမှာ
    စူးစမ်း မေးမြန်းဖို့ စတင်ပါ။
  • 0:21 - 0:23
    ဒီလို အခိုက်အတန့်တွေက
    သမိုင်းတလျောက် ရှိခဲ့ပြီး
  • 0:23 - 0:26
    တကယ့် အံဖွယ်ရာ
    တွေ့ရှိမှုတချို့ ရှိခဲ့ပါတယ်။
  • 0:26 - 0:27
    ဒီပုံပြင်က ဥပမာပေါ့။
  • 0:27 - 0:29
    တစ်ခါက အာခိမိဒိ ခေါ်တဲ့
    လူတစ်ဦး ရှိခဲ့တယ်။
  • 0:29 - 0:32
    ဘီစီ ၂၈၇၊ စစ္စလီ ကျွန်းက
    Syracuse မြို့မှာ သူ့ကို မွေးပါတယ်။
  • 0:32 - 0:35
    သူဟာ ဂရိ သင်္ချာပညာရှင်၊
    ရူပဗေဒပညာရှင်၊ အင်္ဂျင်နီယာ
  • 0:35 - 0:37
    တီထွင်သူနဲ့ နက္ခတ္တဗေဒသမားတစ်ဦးပါ။
  • 0:37 - 0:40
    တစ်နေ့... စစ်စ္စလီဘုရင်ကြီးက
    ရွှေပန်းထိမ်သည်က သူ့ကို
  • 0:40 - 0:43
    လှည့်စားသလားဆိုတာကို ဖော်ထုတ်ပေးဖို့
    အာခိမိဒီကို ဆင့်ခေါ်တယ်။
  • 0:43 - 0:46
    ဘုရင်ကြီးက သရဖူတစ်ခုလုပ်ဖို့
    လိုအပ်တဲ့ ရွှေပမာဏ တိကျကို
  • 0:46 - 0:48
    ပန်းထိမ်သည်ထံ ပေးခဲ့ကြောင်း မိန့်ပါတယ်။
  • 0:48 - 0:52
    သို့သော် သရဖူ ရတဲ့အခါ မင်းကြီးက၊
    ပန်းထိမ်သည်က လူလည်ကျပြီး ရွှေအနည်းကို
  • 0:52 - 0:54
    သူ့ဖို့ ယူကာ သရဖူထဲမှာ
    ငွေထည့်သုံးထားကြောင်းကို
  • 0:54 - 0:56
    သံသယဝင်ပါတယ်။
  • 0:56 - 0:59
    မင်းကြီးက ပြဿနာဖြေရှင်းဖို့
    အာခိမိဒိကို မိန့်ပါတယ်။
  • 0:59 - 1:04
    ဒါပေမဲ့ တားမြစ်ချက်တစ်ခုရှိတာက
    သရဖူကို ထိခိုက်အောင် မလုပ်ရဘူးဆိုတာပါ။
  • 1:04 - 1:06
    တစ်နေ့ သူရေချိုးနေစဉ်မှာ
  • 1:06 - 1:09
    အာခိမိဒိက.. ရေဇလားထဲ စိမ်လိုက်တဲ့အခါ
    ဇလားထဲက ရေတွေ
  • 1:09 - 1:12
    မြင့်တက်လာပြီး လျှံကျကြောင်းကို
    သူ သတိပြုမိခဲ့ပါတယ်။
  • 1:12 - 1:15
    ဖယ်ထုတ်တဲ့ ရေပမာဏဟာ
    သူ့ခန္ဓာကိုယ် နှစ်လိုက်တဲ့
  • 1:15 - 1:18
    ပမာဏအပေါ်မှုတည်ကြောင်း
    သူ.. ရုတ်တရက် သဘောပေါက်ခဲ့ပါတယ်။
  • 1:18 - 1:21
    ဒီတွေ့ရှိချက်က ရေဇလားထဲက
    ခုန်ထွက်တဲ့အထိ သူ့ကိုစိတ်လှုပ်ရှားစေကာ
  • 1:21 - 1:24
    ကိုယ်ဗလာနဲ့ လမ်းပေါ်လျှောက်ပြေးရင်း
    Eureka လို့ အော်ပါတော့တယ်။
  • 1:24 - 1:27
    ရှေးဂရိစကားအရ ဒါက
    ငါတွေ့ပြီဆိုတဲ့ အဓိပ္ပာယ်ပါ။
  • 1:27 - 1:29
    သူ ဘာကို တွေ့ခဲ့တာပါလဲ။
  • 1:29 - 1:31
    ဘုရင့်ပုစ္ဆာကို ဖြေရှင်းဖို့ နည်းတွေ့တာပါ။
  • 1:31 - 1:34
    ရွှေစင်ရဲ့ သိပ်သည်းမှုနဲ့
    သရဖူရဲ့ သိပ်သည်းမှု တူ၊ မတူ
  • 1:34 - 1:37
    သိရဖို့ အာခိမိဒိအနေနဲ့ စစ်ဆေးဖို့
    လိုကြောင်းကို ခင်ဗျားသိပါတယ်။
  • 1:37 - 1:40
    သိပ်သည်းဟာ ၀တ္ထုတစ်ခုရဲ့ ဒြပ်ထုကို
    ၎င်းရဲ့ ထုထည်နဲ့ စားခြင်းပါ
  • 1:40 - 1:43
    ရွှေစစ်စစ်က အလွန် သိပ်သည်းပြီး
    ငွေက သိပ်သည်းမှု နည်းပါတယ်။
  • 1:43 - 1:48
    သရဖူထဲမှာ ငွေပါရင်တော့ ရွှေအစစ်နဲ့
    ပြုလုပ်သည်ထက် သိပ်သည်းမှု နည်းပါလိမ့်မယ်။
  • 1:48 - 1:51
    သို့သော် ဘာနဲ့ပဲလုပ်လုပ် သရဖူကတော့
    ဒီပုံပဲ ဖြစ်ပါလိမ့်မယ်။
  • 1:51 - 1:53
    ထုထည်တူတယ်လို့ ဆိုလိုတာပါ။
  • 1:53 - 1:55
    အရင်ဆုံး သရဖူရဲ့ ဒြပ်ထုကို
    တိုင်းပြီးတော့
  • 1:55 - 1:57
    ၎င်းရဲ့ ထုထည်ကို အာခိမိဒိ တိုင်းနိုင်ရင်
  • 1:57 - 1:59
    ဘယ်လောက် သိပ်သည်းတာကို
    သူ တွေ့နိုင်ပါတယ်။
  • 1:59 - 2:02
    ဒါပေမဲ့ သရဖူရဲ့ ထုထည် တိုင်းဖို့က
    မလွယ်ပါဘူး သေတ္တာ သို့မဟုတ်
  • 2:02 - 2:04
    ဘောလုံးလို ၎င်းက
    ပုံသဏ္ဌာန်မှန် မဟုတ်လို့ပါ။
  • 2:04 - 2:08
    ၎င်းရဲ့ အရွယ်ကိုတိုင်းပြီး တခြးာ
    ပုံစံတွေလို မြောက်လို့မရနိုင်ပါဘူး။
  • 2:08 - 2:11
    အာခိမိဒိ သဘောပေါက်လိုက်တဲ့ ဖြေရှင်းချက်က
  • 2:11 - 2:13
    သရဖူကို ရေဇလားထဲ နှစ်ဖို့ဖြစ်ပါတယ်။
  • 2:13 - 2:16
    ရေထဲမှာ ၎င်းကိုထားပြီး ရေကို
    ဘယ်လောက်ဖယ်ထုတ်လဲ ကြည့်ခြင်းဖြင့်
  • 2:16 - 2:18
    ထုထည်ကို သူတိုင်းနိုင်ပြီး
  • 2:18 - 2:21
    သရဖူရဲ့ သိပ်သည်းဆကို
    သူတွက်နိုင်ပါတယ်။
  • 2:21 - 2:23
    သရဖူရ ရွှေစစ်စစ်ထက်
    သိပ်သည်းမှု နည်းရင်တော့
  • 2:23 - 2:26
    ပန်းထိမ်သည်က မင်းကြီးကို လှည့်စားတာ
    သိပ်ကို သေချာပါတယ်။
  • 2:26 - 2:29
    အာခိမိဒိက မင်းကြီးထံပြန်သွားပြီး
    သူ့ စမ်းသပ်ချက်ကို လုပ်တဲ့အခါ
  • 2:29 - 2:33
    ပုံပြင်အရတော့ ပန်းထိမ်သည်က
    မင်းကြီးကို တကယ်ပဲ လှည့်စားကြောင်းနဲ့
  • 2:33 - 2:36
    ငွေတချို့ ရောထားကြောင်း
    သူတွေ့ခဲ့ပြီး ဒီကနေ့ခေတ်မှာ
  • 2:36 - 2:39
    ထုထည်တိုင်းဖို့ အရာ၀တ္ထုက
    ရေကို ဖယ်ထုတ်တဲ့ နည်းအသုံးပြုခြင်းကို
  • 2:39 - 2:42
    အာခိမိဒိ နိယာမလို့ ခေါ်ပါတယ်။
    ခင်ဗျား နောက်တစ်ခါ ရေချိုးရင်
  • 2:42 - 2:45
    အာခမိဒိ နိယာမ လုပ်ဆောင်ပုံကို
    ခံစားနိုင်ပြီးတော့
  • 2:45 - 2:49
    ခင်ဗျား ကိုယ်ပိုင်ဟန်နဲ့ ဉာဏ်ကျယ်တဲ့
    စိတ်ကူးတစ်ခု ရသွားနိုင်ပါတယ်။
Title:
ရေချိုးရင်း အာခိမိဒိ နိယာမဖြစ်လာပုံ - Mark Salata
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/mark-salata-how-taking-a-bath-led-to-archimedes-principle

ရှာဖွေတွေရှိခြင်းနဲ့ တည်ထွင်မှုတို့ရဲ့ ဇာတ်လမ်းတွေက ဖြေရှင်းစရာ ပြဿနာတစ်ခုနဲ့ များသောအားဖြင့် အစပြုပါတယ်။ သံသယဖြစ်စရာ ရွှေပန်းထိမ်သည်ကို စုံစမ်းဖော်ထုတ်ဖို့ မင်းကြီးရဲ့ အမိန့်တော်က ရှေးကျတဲ့ ဂရိသင်္ချာပညာရှင် အာခိမိဒိကို ကျော်ကြားစေတဲ့ နိယာမကို ကံအားလျော်စွာ ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။

သင်ခန်းစာတင်ဆက်သူ - Amdon Consulting's Mark Salata၊ ရုပ်သံလှုပ်ရှာမှုပုံရိပ် - TED-Ed.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:01

Burmese subtitles

Revisions