ရေချိုးရင်း အာခိမိဒိ နိယာမဖြစ်လာပုံ - Mark Salata
-
0:14 - 0:16သင်ယူဖို့ အကောင်းဆုံး အခွင့်အရေးတချို့က
-
0:16 - 0:18ဦးနှောက်ခြောက်စေတဲ့
အချိန်လေးတွေဖြစ်ပါတယ်။ -
0:18 - 0:21ဒီလို အခိုက်အတန့်တွေမှာ
စူးစမ်း မေးမြန်းဖို့ စတင်ပါ။ -
0:21 - 0:23ဒီလို အခိုက်အတန့်တွေက
သမိုင်းတလျောက် ရှိခဲ့ပြီး -
0:23 - 0:26တကယ့် အံဖွယ်ရာ
တွေ့ရှိမှုတချို့ ရှိခဲ့ပါတယ်။ -
0:26 - 0:27ဒီပုံပြင်က ဥပမာပေါ့။
-
0:27 - 0:29တစ်ခါက အာခိမိဒိ ခေါ်တဲ့
လူတစ်ဦး ရှိခဲ့တယ်။ -
0:29 - 0:32ဘီစီ ၂၈၇၊ စစ္စလီ ကျွန်းက
Syracuse မြို့မှာ သူ့ကို မွေးပါတယ်။ -
0:32 - 0:35သူဟာ ဂရိ သင်္ချာပညာရှင်၊
ရူပဗေဒပညာရှင်၊ အင်္ဂျင်နီယာ -
0:35 - 0:37တီထွင်သူနဲ့ နက္ခတ္တဗေဒသမားတစ်ဦးပါ။
-
0:37 - 0:40တစ်နေ့... စစ်စ္စလီဘုရင်ကြီးက
ရွှေပန်းထိမ်သည်က သူ့ကို -
0:40 - 0:43လှည့်စားသလားဆိုတာကို ဖော်ထုတ်ပေးဖို့
အာခိမိဒီကို ဆင့်ခေါ်တယ်။ -
0:43 - 0:46ဘုရင်ကြီးက သရဖူတစ်ခုလုပ်ဖို့
လိုအပ်တဲ့ ရွှေပမာဏ တိကျကို -
0:46 - 0:48ပန်းထိမ်သည်ထံ ပေးခဲ့ကြောင်း မိန့်ပါတယ်။
-
0:48 - 0:52သို့သော် သရဖူ ရတဲ့အခါ မင်းကြီးက၊
ပန်းထိမ်သည်က လူလည်ကျပြီး ရွှေအနည်းကို -
0:52 - 0:54သူ့ဖို့ ယူကာ သရဖူထဲမှာ
ငွေထည့်သုံးထားကြောင်းကို -
0:54 - 0:56သံသယဝင်ပါတယ်။
-
0:56 - 0:59မင်းကြီးက ပြဿနာဖြေရှင်းဖို့
အာခိမိဒိကို မိန့်ပါတယ်။ -
0:59 - 1:04ဒါပေမဲ့ တားမြစ်ချက်တစ်ခုရှိတာက
သရဖူကို ထိခိုက်အောင် မလုပ်ရဘူးဆိုတာပါ။ -
1:04 - 1:06တစ်နေ့ သူရေချိုးနေစဉ်မှာ
-
1:06 - 1:09အာခိမိဒိက.. ရေဇလားထဲ စိမ်လိုက်တဲ့အခါ
ဇလားထဲက ရေတွေ -
1:09 - 1:12မြင့်တက်လာပြီး လျှံကျကြောင်းကို
သူ သတိပြုမိခဲ့ပါတယ်။ -
1:12 - 1:15ဖယ်ထုတ်တဲ့ ရေပမာဏဟာ
သူ့ခန္ဓာကိုယ် နှစ်လိုက်တဲ့ -
1:15 - 1:18ပမာဏအပေါ်မှုတည်ကြောင်း
သူ.. ရုတ်တရက် သဘောပေါက်ခဲ့ပါတယ်။ -
1:18 - 1:21ဒီတွေ့ရှိချက်က ရေဇလားထဲက
ခုန်ထွက်တဲ့အထိ သူ့ကိုစိတ်လှုပ်ရှားစေကာ -
1:21 - 1:24ကိုယ်ဗလာနဲ့ လမ်းပေါ်လျှောက်ပြေးရင်း
Eureka လို့ အော်ပါတော့တယ်။ -
1:24 - 1:27ရှေးဂရိစကားအရ ဒါက
ငါတွေ့ပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ -
1:27 - 1:29သူ ဘာကို တွေ့ခဲ့တာပါလဲ။
-
1:29 - 1:31ဘုရင့်ပုစ္ဆာကို ဖြေရှင်းဖို့ နည်းတွေ့တာပါ။
-
1:31 - 1:34ရွှေစင်ရဲ့ သိပ်သည်းမှုနဲ့
သရဖူရဲ့ သိပ်သည်းမှု တူ၊ မတူ -
1:34 - 1:37သိရဖို့ အာခိမိဒိအနေနဲ့ စစ်ဆေးဖို့
လိုကြောင်းကို ခင်ဗျားသိပါတယ်။ -
1:37 - 1:40သိပ်သည်းဟာ ၀တ္ထုတစ်ခုရဲ့ ဒြပ်ထုကို
၎င်းရဲ့ ထုထည်နဲ့ စားခြင်းပါ -
1:40 - 1:43ရွှေစစ်စစ်က အလွန် သိပ်သည်းပြီး
ငွေက သိပ်သည်းမှု နည်းပါတယ်။ -
1:43 - 1:48သရဖူထဲမှာ ငွေပါရင်တော့ ရွှေအစစ်နဲ့
ပြုလုပ်သည်ထက် သိပ်သည်းမှု နည်းပါလိမ့်မယ်။ -
1:48 - 1:51သို့သော် ဘာနဲ့ပဲလုပ်လုပ် သရဖူကတော့
ဒီပုံပဲ ဖြစ်ပါလိမ့်မယ်။ -
1:51 - 1:53ထုထည်တူတယ်လို့ ဆိုလိုတာပါ။
-
1:53 - 1:55အရင်ဆုံး သရဖူရဲ့ ဒြပ်ထုကို
တိုင်းပြီးတော့ -
1:55 - 1:57၎င်းရဲ့ ထုထည်ကို အာခိမိဒိ တိုင်းနိုင်ရင်
-
1:57 - 1:59ဘယ်လောက် သိပ်သည်းတာကို
သူ တွေ့နိုင်ပါတယ်။ -
1:59 - 2:02ဒါပေမဲ့ သရဖူရဲ့ ထုထည် တိုင်းဖို့က
မလွယ်ပါဘူး သေတ္တာ သို့မဟုတ် -
2:02 - 2:04ဘောလုံးလို ၎င်းက
ပုံသဏ္ဌာန်မှန် မဟုတ်လို့ပါ။ -
2:04 - 2:08၎င်းရဲ့ အရွယ်ကိုတိုင်းပြီး တခြးာ
ပုံစံတွေလို မြောက်လို့မရနိုင်ပါဘူး။ -
2:08 - 2:11အာခိမိဒိ သဘောပေါက်လိုက်တဲ့ ဖြေရှင်းချက်က
-
2:11 - 2:13သရဖူကို ရေဇလားထဲ နှစ်ဖို့ဖြစ်ပါတယ်။
-
2:13 - 2:16ရေထဲမှာ ၎င်းကိုထားပြီး ရေကို
ဘယ်လောက်ဖယ်ထုတ်လဲ ကြည့်ခြင်းဖြင့် -
2:16 - 2:18ထုထည်ကို သူတိုင်းနိုင်ပြီး
-
2:18 - 2:21သရဖူရဲ့ သိပ်သည်းဆကို
သူတွက်နိုင်ပါတယ်။ -
2:21 - 2:23သရဖူရ ရွှေစစ်စစ်ထက်
သိပ်သည်းမှု နည်းရင်တော့ -
2:23 - 2:26ပန်းထိမ်သည်က မင်းကြီးကို လှည့်စားတာ
သိပ်ကို သေချာပါတယ်။ -
2:26 - 2:29အာခိမိဒိက မင်းကြီးထံပြန်သွားပြီး
သူ့ စမ်းသပ်ချက်ကို လုပ်တဲ့အခါ -
2:29 - 2:33ပုံပြင်အရတော့ ပန်းထိမ်သည်က
မင်းကြီးကို တကယ်ပဲ လှည့်စားကြောင်းနဲ့ -
2:33 - 2:36ငွေတချို့ ရောထားကြောင်း
သူတွေ့ခဲ့ပြီး ဒီကနေ့ခေတ်မှာ -
2:36 - 2:39ထုထည်တိုင်းဖို့ အရာ၀တ္ထုက
ရေကို ဖယ်ထုတ်တဲ့ နည်းအသုံးပြုခြင်းကို -
2:39 - 2:42အာခိမိဒိ နိယာမလို့ ခေါ်ပါတယ်။
ခင်ဗျား နောက်တစ်ခါ ရေချိုးရင် -
2:42 - 2:45အာခမိဒိ နိယာမ လုပ်ဆောင်ပုံကို
ခံစားနိုင်ပြီးတော့ -
2:45 - 2:49ခင်ဗျား ကိုယ်ပိုင်ဟန်နဲ့ ဉာဏ်ကျယ်တဲ့
စိတ်ကူးတစ်ခု ရသွားနိုင်ပါတယ်။
- Title:
- ရေချိုးရင်း အာခိမိဒိ နိယာမဖြစ်လာပုံ - Mark Salata
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/mark-salata-how-taking-a-bath-led-to-archimedes-principle
ရှာဖွေတွေရှိခြင်းနဲ့ တည်ထွင်မှုတို့ရဲ့ ဇာတ်လမ်းတွေက ဖြေရှင်းစရာ ပြဿနာတစ်ခုနဲ့ များသောအားဖြင့် အစပြုပါတယ်။ သံသယဖြစ်စရာ ရွှေပန်းထိမ်သည်ကို စုံစမ်းဖော်ထုတ်ဖို့ မင်းကြီးရဲ့ အမိန့်တော်က ရှေးကျတဲ့ ဂရိသင်္ချာပညာရှင် အာခိမိဒိကို ကျော်ကြားစေတဲ့ နိယာမကို ကံအားလျော်စွာ ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။
သင်ခန်းစာတင်ဆက်သူ - Amdon Consulting's Mark Salata၊ ရုပ်သံလှုပ်ရှာမှုပုံရိပ် - TED-Ed.
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 03:01
![]() |
sann tint approved Burmese subtitles for How taking a bath led to Archimedes' principle - Mark Salata | |
![]() |
sann tint accepted Burmese subtitles for How taking a bath led to Archimedes' principle - Mark Salata | |
![]() |
sann tint edited Burmese subtitles for How taking a bath led to Archimedes' principle - Mark Salata | |
![]() |
sann tint edited Burmese subtitles for How taking a bath led to Archimedes' principle - Mark Salata | |
![]() |
sann tint edited Burmese subtitles for How taking a bath led to Archimedes' principle - Mark Salata | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for How taking a bath led to Archimedes' principle - Mark Salata | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for How taking a bath led to Archimedes' principle - Mark Salata | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for How taking a bath led to Archimedes' principle - Mark Salata |