Return to Video

တသီးတသန့်နေတတ်သူများ၏ အစွမ်း။

  • 0:00 - 0:02
    ကျွန်မ(၉)နှစ် လောက်တုန်းက
  • 0:02 - 0:04
    နွေရာသီစခန်းကို ပထမဆုံးအကြိမ်
    သွားခဲ့တယ်
  • 0:04 - 0:08
    အမေက ခရီးဆောင်အိတ်အပြည့်
    စာအုပ်တွေ ထည့်ပေးလိုက်ပြီး
  • 0:08 - 0:11
    ကျွန်မအတွက်တော့
    တကယ့်ကို သမားရိုးကျဖြစ်စဉ်ပုံရပါတယ်။
  • 0:11 - 0:15
    ကျွန်မတို့မိသားစုမှာ စာဖတ်တာက
    အဖွဲ့လိုက်လုပ်နေကျပဲ
  • 0:15 - 0:18
    ဒါက လူမှုရေးမရှိဘူးလို့ ထင်ရပေမဲ့
  • 0:18 - 0:21
    ကျွန်မတို့အတွက်တော့ မတူတဲ့
    လူမှုရေးလုပ်နည်း တစ်မျိုးပါ
  • 0:21 - 0:24
    အနားမှာထိုင်နေတဲ့ မိသားစုရဲ့
    နွေးထွေးမှုကို ခံစားနေတဲ့ တချိန်ထဲမှာပဲ
  • 0:24 - 0:26
    ကိုယ်သွားချင်တဲ့ စွန့်စားကမ္ဘာကို
    လွတ်လွတ်လပ်လပ်
  • 0:26 - 0:28
    အတွေးထဲမှာ သွားနိုင်တယ်
  • 0:28 - 0:30
    စခန်းမှာလည်း ဒီလိုပုံစံပဲ ဖြစ်ပြီး
  • 0:30 - 0:33
    ပိုတော့ကောင်းမယ်လို့
    ထင်ခဲ့တယ်
  • 0:33 - 0:35
    (ရယ်သံများ)
  • 0:35 - 0:38
    သစ်သားအိမ်လေးထဲမှာ
    မိန်းကလေး(၁၀)ယောက် ညဝတ်အကျီဆင်တူနဲ့
  • 0:38 - 0:40
    စာအုပ်တွေ ဇိမ်နဲ့ ထိုင်ဖတ်နေကြတာ
    မြင်ယောင်မိတယ်
  • 0:40 - 0:42
    (ရယ်သံများ)
  • 0:42 - 0:45
    စခန်းက အရက်မပါတဲ့
    စည်ဘီယာပါတီနဲ့ ပိုတူတယ်
  • 0:45 - 0:48
    ပထမဆုံးနေ့ မှာတင်
  • 0:48 - 0:50
    အတိုင်ပင်ခံဆရာမက
    ကျွန်မတို့ကို စုဝေးစေပြီး
  • 0:50 - 0:53
    စခန်းတစ်လျှောက်လုံး
    နေ့တိုင်း ဆိုရမဲ့
  • 0:53 - 0:56
    ကြွေးကြော်သံကို စခန်းတွင်းစိတ်ဓါတ်
    ဝင်လာအောင် သင်ပေးတယ်
  • 0:56 - 0:58
    ဒီလို ဆိုရမှာပါ
  • 0:58 - 1:00
    "R-O-W-D-I-E, ရောင်းဒီ
  • 1:00 - 1:02
    ဗရုတ်ကျခြင်းကို ဒီလိုစာလုံးပေါင်းပါတယ်
  • 1:02 - 1:05
    ရောင်းဒီ ရောင်းဒီ ငါတို့အားလုံး
    ကျယ်ကျယ်လောင်လောင် ဗရုတ်ကျကြစို့
  • 1:05 - 1:06
    (ရယ်သံများ)
  • 1:07 - 1:09
    ရေး…….
    .
  • 1:09 - 1:13
    ဘာလို့ ကျွန်မတို့က
    ကျယ်လောင် ဗရုတ်ကျရမှာလဲ
  • 1:13 - 1:15
    ပြီးတော့ ရောင်းဒီကို
  • 1:15 - 1:17
    ဘာလို့ စာလုံးမှားပေါင်းတာ
    စဉ်းစားလို့ကိုမရဘူး
  • 1:17 - 1:22
    (ရယ်သံများ)
  • 1:22 - 1:25
    ဒါပေမယ့် ကြွေးကြော်သံကိုတော့
    အများနည်းတူ လိုက်ဆိုလိုက်ပါတယ်
  • 1:25 - 1:27
    ကျွန်မအကောင်းဆုံး လုပ်ခဲ့ပါတယ်
  • 1:27 - 1:31
    ပြီးတော့ ကျွန်မရဲ့စာအုပ်တွေ
    ပြန်ဖတ်နိုင်မယ့် အချိန်ကို စောင့်နေခဲ့တယ်
  • 1:33 - 1:35
    ဒါပေမဲ့ စာအုပ်တွေကို အိတ်ထဲက
    စစထုတ်လိုက်ခြင်းမှာပဲ
  • 1:35 - 1:37
    နှစ်ထပ်ခုတင်ကအမိုက်စားကောင်မလေး
    ရောက်လာပြီး
  • 1:37 - 1:40
    "နင်ဘာလို့ လူကြီးဆန်ဆန်ကြီးလုပ်နေတာလဲ"
    လို့မေးပါတယ်
  • 1:40 - 1:42
    ဒါပေါ့ လူကြီးဆန်တာက
    ဗရုတ်ကျတာနဲ့တော့
  • 1:42 - 1:43
    လုံးဝ ပြောင်းပြန်ပါ
  • 1:44 - 1:46
    ဒုတိယအကြိမ် ထုတ်မယ်လည်းလုပ်ရော
  • 1:46 - 1:49
    စိုးရိမ်တဲ့မျက်နှာနဲ့ အတိုင်ပင်ခံဆရာမ
    ရောက်လာပြီး
  • 1:49 - 1:51
    စခန်းရဲ့ စိတ်ဓါတ်အားမာန်အကြောင်း
    ထပ်ပြောပြီး
  • 1:51 - 1:54
    ဖော်ဖော်ရွေရွေ နေတတ်အောင်
    ကြိုးစားရမယ် လို့ပြောပါတယ်
  • 1:54 - 1:57
    ဒါနဲ့ စာအုပ်တွေကို
  • 1:57 - 2:00
    အိတ်ထဲ ပြန်သိမ်းလိုက်ပြီး
  • 2:00 - 2:04
    ခုတင်အောက်ထဲ ပြန်ထည့်ထားလိုက်တယ်
  • 2:04 - 2:06
    နွေရာသီ တစ်လျှောက်လုံး
    ပြန်မထုတ် ဖြစ်တော့ပါဘူး
  • 2:06 - 2:08
    အဲ့ဒီအတွက် အပြစ်မကင်းသလို
    ခံစားရတယ်
  • 2:08 - 2:10
    ဘယ်နည်းမဆို စာအုပ်တွေ
    ကျွန်မကို လိုအပ်ပြီး
  • 2:10 - 2:13
    အော်ခေါ်နေပေမဲ့ ကျွန်မကသူတို့ကို
    ပစ်ပယ်ထားသလို ခံစားရတယ်
  • 2:13 - 2:16
    ဒါပေမဲ့ သူတို့ကိုတကယ်
    ပစ်ထားလိုက်တာပဲ။ စခန်းပြီးလို့
  • 2:16 - 2:19
    မိသားစုဆီ ပြန်ရောက်တဲ့အထိ
    အဲ့ဒီအိတ်ကို ထပ်မဖွင့်ဖြစ်တော့ဘူး
  • 2:19 - 2:22
    အခု ရှင်တို့ကို နွေရာသီစခန်းအကြောင်း
    ပြောပြတာပါ
  • 2:22 - 2:25
    ရှင်တို့လို အခြားလူ(၅၀)ကိုလည်း
    ဒီအတိုင်း ပြောပြဖြစ်မှာပဲ
  • 2:25 - 2:27
    အမြဲတမ်း ကြားနေရတာက
  • 2:27 - 2:31
    ကျွန်မရဲ့ အေးအေးဆေးဆေးနဲ့
    တစ်သီးတသန့်လို နေတတ်တဲ့အကျင့်က
  • 2:31 - 2:33
    မှန်ကန်တဲ့အရာ မဟုတ်ဘဲ
  • 2:33 - 2:36
    ဖော်ဖော်ရွေရွေ ဘွင်းဘွင်းနေတတ်အောင်
    လုပ်ရမယ်ဆိုတာပါပဲ
  • 2:36 - 2:39
    ဒါပေမယ့် ဒါကမမှန်ဘူး
    တသီးတသန့်နေတတ်သူတွေလည်း
  • 2:39 - 2:42
    ဘွငါးဘွင်းသမားတွေလို အစွမ်းထက်ကြတာပဲလို့
    စိတ်ထဲအမြဲတွေးမိတယ်
  • 2:42 - 2:44
    နှစ်များစွာ ဒီအသိစိတ်ကို
    ငြင်းပယ်ခဲ့ပြီး
  • 2:44 - 2:47
    အလုပ်အများကြီးထဲက အမြဲဖြစ်ချင်ခဲ့တဲ့
    စာရေးဆရာအလုပ်ကို မလုပ်ဘဲ
  • 2:47 - 2:50
    Wall Street ရှေ့နေဖြစ်လာခဲ့တယ်
  • 2:50 - 2:54
    ရဲရင့်ပြီး၊ တော်၊တတ်ကြောင်း
    ကိုယ့်ဟာကိုယ် သက်သေပြချင်တာလည်း ပါတာပေါ့
  • 2:54 - 2:57
    လူစည်ကားတဲ့ ဘားတွေကို အမြဲသွားခဲ့ပြီး
  • 2:57 - 3:00
    တစ်ကယ်က သူငယ်ချင်းတွေနဲ့
    ညစာကောင်းကောင်းစားဖို့ ပိုနှစ်သက်ခဲ့တာ
  • 3:00 - 3:04
    ကိုယ့်ကိုကိုယ် ငြင်းပယ်တဲ့
    ရွေးချယ်မှုတွေကို အလိုလျောက်လုပ်နေမိပြီး
  • 3:04 - 3:07
    လုပ်နေမှန်းတောင် သတိမထားမိခဲ့ဘူး
  • 3:07 - 3:09
    ဒါက တသီးတသန့်သမားတွေလုပ်လေ့ရှိပြီး
  • 3:09 - 3:11
    ကျွန်မတို့အတွက် သေချာတဲ့ အရှုံးပါ
  • 3:11 - 3:13
    လုပ်ဖော်ကိုင်ဖက်တွေ အတွက် အရှုံး
  • 3:13 - 3:16
    လူ့အသိုင်းအဝိုင်း အတွက်လည်း အရှုံးပါပဲ
  • 3:16 - 3:18
    ကြီးကြီးကျယ်ကျယ်ပြောရရင်
    ကမ္ဘာကြီးအတွက်လဲအရှုံးပါ
  • 3:18 - 3:21
    အကြောင်းက ဖန်တီးမှုနဲ့
    ခေါင်းဆောင်မှုအပိုင်းမှာ
  • 3:21 - 3:24
    တသီးတသန့်သမား၏တွေ
    အကောင်းဆုံး လုပ်ကြဖို့လိုအပ်တယ်
  • 3:24 - 3:27
    လူဦးရေ ၃ပုံ ၁ပုံ ကနေ တစ်ဝက်အထိက
    introvert တွေပါ
  • 3:27 - 3:28
    ၃ ပုံ ၁ ပုံ ကနေ တစ်ဝက်အထိ
  • 3:28 - 3:31
    ဒါဆို အသိထဲက ၂ယောက်၊၃ယောက်မှာ
    ၁ ယောက်က တသီးတသန်နေသူပေါ့။
  • 3:31 - 3:34
    ရှင်တို့ကိုယ်တိုင် extrovert ဆိုရင်တောင်
  • 3:34 - 3:36
    လုပ်ဖော်ကိုင်ဖက်တွေ၊
  • 3:36 - 3:38
    အိမ်ထောင်ဖက်၊ ကလေးတွေနဲ့
  • 3:38 - 3:41
    အခု ရှင်တို့ဘေးမှာ
    ထိုင်နေတဲ့ သူတွေလည်း
  • 3:41 - 3:43
    လူ့အသိုင်းအဝိုင်းမှာ အမှန်လို
  • 3:43 - 3:45
    အမြစ်တွယ်နေတဲ့
    ဒီဘက်လိုက်မှုကို ခံရတယ်
  • 3:45 - 3:48
    ကျွန်မတို့အရမ်းငယ်တဲ့အရွယ်
    စကားမပြောတတ်ခင်ကထဲက
  • 3:48 - 3:51
    ဒီလိုပဲ ခံယူထားကြတယ်
  • 3:51 - 3:53
    ဒီဘက်လိုက်မှုကို သေချာသိဖို့ဆိုရင်
  • 3:53 - 3:56
    တစ်သီးတသန့်နေတတ်ခြင်း
    ဆိုတာဘာလဲ နားလည်ဖို့လိုမယ်
  • 3:56 - 3:58
    သူက ရှက်တတ်ခြင်း နဲ့မတူပါဘူး
  • 3:58 - 4:00
    ရှက်တတ်ခြင်းက ဝေဖန်ခံရမှာ
    ကြောက်တာပါ
  • 4:00 - 4:02
    တသီးတသန့်နေတတ်ခြင်းက လူမှုရေးအပါအဝင်
  • 4:02 - 4:04
    လှုံ့ဆော်မှုတွေကို ဘယ်လိုတုံ့ပြန်လဲ
  • 4:04 - 4:06
    အပေါ်မှာ မူတည်တယ်
  • 4:06 - 4:09
    ဘွင်းဘွင်းသမားတွေက လှုံဆော်မှု
    များများကို တောင့်တကြပြီး
  • 4:09 - 4:11
    တသီးတသန့်နေတတ်သူ တွေက တိတ်ဆိတ်ပြီး၊
  • 4:11 - 4:13
    ခပ်လျှိုလျှို အနေအထားမျိုးမှာ
  • 4:14 - 4:16
    ပိုအလုပ်လုပ်နိုင် ကြတယ်
  • 4:16 - 4:18
    အမြဲတမ်း မဟုတ်ပေမဲ့ ယေဘုယျအားဖြင့်တော့
  • 4:18 - 4:20
    ဒီအတိုင်းပဲ
  • 4:20 - 4:24
    ဒါကြောင့် ကျွန်မတို့ရဲ့ စွမ်းဆောင်ရည်တွေ
    အမြင့်ဆုံးဖြစ်စေဖို့
  • 4:24 - 4:26
    မှန်ကန်တဲ့ လှုံ့ဆော်မှုကို
  • 4:26 - 4:29
    ပေးရမှာဖြစ်တယ်
  • 4:29 - 4:31
    ဒီမှာတင် ဘက်လိုက်မှု စပါပြီ
  • 4:31 - 4:33
    ကျွန်မတို့ရဲ့ အကောင်းဆုံး တက္ကသိုလ်တွေ၊
  • 4:33 - 4:35
    ကျောင်းတွေနဲ့ အလုပ်တွေက
  • 4:35 - 4:37
    လှုံ့ဆော်မှု အများကြီးလိုတဲ့
  • 4:37 - 4:40
    extrovert တွေအတွက်ပဲ
    အံကိုက် လုပ်ထားသလို ဖြစ်နေတယ်
  • 4:40 - 4:44
    ပြီးတော့ တည်ထွင်ဖန်တီးမှုနဲ့
  • 4:44 - 4:46
    ကုန်ထုတ်စွမ်းအား အကုန်လုံးက
  • 4:46 - 4:49
    အုပ်စုလိုက်လုပ်ခြင်းကပဲ ဖြစ်လာတယ်ဆိုတဲ့
  • 4:49 - 4:53
    အုပ်စုလိုက် စဉ်းစားထင်မြင်ချက်ပေးတဲ့
    စနစ်သစ်ကြီးရှိနေတယ်
  • 4:54 - 4:56
    ဒါကြောင့် ကနေ့ စာသင်ခန်းတစ်ခုကို
    မြင်ကြည့်ရင်
  • 4:56 - 5:00
    ကျွန်မ ကျောင်းတက်တုန်းက
    ထိုင်ခုံတွေက
  • 5:00 - 5:02
    ဒီလိုမျိုး ခုံတန်းတွေအလိုက် ထိုင်ရတယ်
  • 5:02 - 5:04
    အလုပ်အကုန်နီးပါး မိမိဘာသာ
    ဆုံးဖြတ်လုပ်ရတယ်
  • 5:04 - 5:08
    ဒီခေတ် စာသင်ခန်းတွေမှာတော့
    ခုံတွေကို ပူးထားတယ်
  • 5:08 - 5:11
    ကလေး ၄၊၅၊၆ (သို့)ရ ယောက်လောက်က
    မျက်နှာချင်းဆိုင် ထိုင်ရတယ်
  • 5:11 - 5:13
    ကလေးတွေက မရေတွက်နိုင်တဲ့
    အုပ်စုသင်ခန်းစာတွေ လုပ်ရတယ်
  • 5:14 - 5:16
    သင်္ချာနဲ့ ဖန်တီးရေးသားမှု
    ဘာသာရပ် တွေမှာတောင်
  • 5:16 - 5:19
    တစ်ဦးချင်းစီရဲ့ တွေးခေါ်မှုပေါ်မှာ
    မူတည်တယ်လို့ ထင်ထားပေမယ့်
  • 5:19 - 5:23
    ကလေးတွေက ကော်မတီဝင်တွေလို
    အုပ်စုလိုက် အလုပ်လုပ်ကြရတယ်
  • 5:23 - 5:27
    ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ
    သီးသန့်အလုပ်လုပ်ချင်တဲ့ ကလေးတွေကျတော့
  • 5:27 - 5:29
    ယေဘုယျအားဖြင့် ဘေးထွက်နေတဲ့သူတွေ
  • 5:29 - 5:32
    ပိုဆိုးတာက ပြဿနာကလေးတွေလို့ မြင်ကြတယ်
  • 5:33 - 5:36
    ဆရာ အများစုကလည်း
    introvert ကလေးတွေက
  • 5:36 - 5:38
    အမှတ်ပိုကောင်းပြီး
    ဗဟုသုတပိုကြွယ်ဝတယ်လို့
  • 5:38 - 5:40
    စစ်တမ်းတွေအရ သိရတာတောင်
  • 5:40 - 5:42
    စံပြကျောင်းသား တစ်ယောက်ဟာ
  • 5:42 - 5:44
    ဘွင်းဘွင်းသမားတွေ ဖြစ်ရမယ်လို့
  • 5:44 - 5:46
    ယုံကြည်ကြပြီး အစီရင်ခံကြတယ်
  • 5:46 - 5:48
    (ရယ်သံများ)
  • 5:48 - 5:51
    ဟုတ်ပြီ၊ ကျွန်မတို့အလုပ်တွေမှာလည်း
    ဒီအတိုင်းပဲ
  • 5:51 - 5:54
    အခုကျွန်မတို့က အခန်းမဖွဲ့ထားတဲ့
    ရုံးခန်းတွေမှာ အလုပ်လုပ်ကြတယ်
  • 5:54 - 5:56
    နံရံတွေ ကန့်မထားတဲ့အတွက်
  • 5:56 - 6:00
    လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြည့်နဲ့ဆူညံသံတွေ
    အမြဲမြင်နေ၊ ကြားနေရတယ်
  • 6:00 - 6:02
    ခေါင်းဆောင်မှုပိုင်းမှာဆိုရင်
  • 6:02 - 6:05
    introvert တွေက
    ကနေ့အများနှစ်သက်ကြတဲ့
  • 6:05 - 6:07
    စိန်ခေါ်မှုကြီးတွေကို ယူလေ့မရှိကြပေမဲ့
  • 6:07 - 6:09
    ခေါင်းဆောင်ပိုင်း တာဝန်ကိုတော့
  • 6:09 - 6:12
    လုပ်ရိုးလုပ်စဉ်အရ
    လွှဲပြောင်း တာဝန်ယူရပါတယ်
  • 6:12 - 6:15
    Wharton School က Adam Grant ရဲ့
    စိတ်ဝင်စားစရာ သုတေသနအရ
  • 6:15 - 6:17
    introvert ခေါင်းဆောင်တွေဟာ
  • 6:17 - 6:19
    ဘွင်းဘွင်းတွေထက် ရလဒ်ကောင်းတွေ
    စွမ်းဆောင်နိုင်တယ်
  • 6:19 - 6:22
    တသီးတသန့်နေတတ်သူတွေက
    တက်ကြွတဲ့ဝန်ထမ်းတွေကို
  • 6:22 - 6:25
    အုပ်ချုပ်တဲ့အခါ သူတို့ရဲ့အကြံဉာဏ်တွေကို
    ထုတ်ဖော်ခွင့်ပေးပြီး၊
  • 6:25 - 6:27
    ဘွင်းဘွင်းသမားတွေက မရည်ရွယ်ပေမဲ့
  • 6:27 - 6:29
    စိတ်လှုပ်ရှားမှု များပြီးတော့
  • 6:29 - 6:31
    ကိုယ့်အကြံအစည်အတိုင်း လုပ်တဲ့အခါမှာ
  • 6:31 - 6:36
    တစ်ခြားသူတွေရဲ့ အကြံဉာဏ်တွေကို
    အလွယ်တကူ ထွက်မလာစေတော့ဘူး
  • 6:36 - 6:40
    တစ်ကယ်က သမိုင်းမှာ ပြောင်းလဲမှုလုပ်တဲ့
    ခေါင်းဆောင်အချို့ကတသီးတသန့်နေတတ်သူတွေပါ။
  • 6:40 - 6:41
    ဥပမာအချို့ ပေးပါမယ်
  • 6:41 - 6:44
    Eleanor Roosevelt, Rosa Parks နဲ့
    Gandhi တို့ပါ
  • 6:44 - 6:49
    သူတို့အကုန်လုံးက စကားနည်းပြီး အပြောအဆို
    ညင်သာတဲ့အပြင် ရှက်တောင်ရှက်တတ်ပါတယ်
  • 6:49 - 6:51
    သူတို့ လုံးဝကိုမလုပ်ချင်ပေမဲ့
  • 6:51 - 6:55
    လူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ကြတယ်
  • 6:56 - 6:59
    ဒါက အလိုလိုဖြစ်လာတဲ့ စွမ်းအင်ပါ
  • 6:59 - 7:01
    ဒီခေါင်းဆောင်တွေက အခုလိုပဲ့ကိုင်ပေးနေတာဟာ
  • 7:01 - 7:03
    လူတွေကို ညွှန်ကြားရတာကြိုက်လို့
  • 7:03 - 7:06
    ဒါမှမဟုတ် လူကြည့်ခံချင်လို့မဟုတ်ဘဲ၊
  • 7:06 - 7:08
    သူတို့မှန်တယ်တင်တာကို လုပ်နိုင်ဖို့အတွက်
  • 7:08 - 7:11
    အခြားရွေးချယ်စရာလမ်း မရှိတော့လို့ပါ
  • 7:11 - 7:14
    အခုဒီအချိန်မှာ ဘွင်းဘွင်းသမားတွေကို
  • 7:14 - 7:17
    တစ်ကယ်ပဲ သဘောကျပါတယ်လို့
    ပြောပြဖို့ အရေးပါလာပါပြီ
  • 7:17 - 7:20
    ကျွန်မရဲ့ ချစ်ခင်ပွန်းအပါအဝင်
    သူငယ်ချင်း အချို့က
  • 7:20 - 7:23
    extrovert တွေ ဆိုတာကို
    အမြဲပြောချင်ခဲ့ပါတယ်
  • 7:24 - 7:26
    တသီးတသန့်နေတတ်သူ နဲ့ ဘွင်းဘွင်းသမား
  • 7:26 - 7:29
    ဒီနှစ်ခုကြားမှာ တစ်ချိန်မှာတော့
    ကျွန်မတို့ ကျဆုံးကြတာပါပဲ
  • 7:29 - 7:32
    ဒီစကားအသုံးအနှုန်းတွေကို ဦးဆုံး
    စထွင်ခဲ့တဲ့ စိတ်ပညာရှင် Carl Jung ကတောင်
  • 7:32 - 7:35
    တသီးတသန့် အစစ်၊ ဘွင်းဘွင်း အစစ် ဆိုပြီး
  • 7:35 - 7:36
    မရှိပါဘူး လို့ပြောတယ်
  • 7:36 - 7:39
    အဲ့လို လူမျိုးရှိခဲ့ရင်တောင်
  • 7:39 - 7:41
    အရူးထောင် ထဲမှာပဲရှိမယ်လို့
    သူကပြောတယ်
  • 7:41 - 7:45
    တစ်ချို့လူတွေက တသီးတသန့် သို့မဟုတ်
    ဘွင်းဘွင်း နှစ်မျိုးနှစ်စားကြား ဖြစ်ပြီး
  • 7:45 - 7:47
    သူတို့ကို ဒွန်ဘာဝရှိသူလို့ခေါ်တယ်
  • 7:47 - 7:50
    သူတို့ကတော့ အကောင်းဆုံးတွေကို
    ရထားတယ်လို့ မကြာခဏတွေးမိတယ်
  • 7:51 - 7:54
    ဒါပေမယ့် လူအများစုကတော့
    ကိုယ်ဘယ်လိုလူစားမျိုးလဲဆိုတာ သိကြတယ်
  • 7:54 - 7:57
    ပြောချင်တာက လိုအပ်နေတဲ့
    Yin သို့မဟုတ် Yang ကို
  • 7:57 - 8:01
    ထပ်ဖြည့်လိုက်ရင် ပိုကောင်းတဲ့
    သဘာဝရှိတဲ့သူဖြစ်လာမှာပါ
  • 8:01 - 8:03
    ဖန်တီးနိုင်ခြင်း၊ လုပ်နိုင်စွမ်းတို့နဲ့
  • 8:03 - 8:05
    ပတ်သက်လာရင် ဒီအချက်က
    အရမ်းအရေးကြီးပါတယ်
  • 8:05 - 8:09
    စိတ်ပညာရှင်တွေက ဖန်တီးမှုအားကောင်းသူတွေကို
    ကြည့်လိုက်တဲ့အခါမှာ
  • 8:09 - 8:11
    သူတို့က စိတ်ကူး ဖလှယ်တာတွေ
  • 8:11 - 8:13
    အကြံအစည်တိုးတက်အောင်
    တွေလုပ်တတ်ပြီး
  • 8:13 - 8:15
    တစ်သီးတသန့်နေတတ်တဲ့
  • 8:15 - 8:18
    ဉာဉ်လည်းအများကြီးရှိကြောင်း တွေ့ရှိခဲ့တယ်
    အကြောင်းကတော့
  • 8:18 - 8:20
    တစ်ကိုယ်တည်းရှိခြင်းဟာ
    ဖန်တီးနိုင်စွမ်းအတွက်
  • 8:20 - 8:22
    အရေးပါတဲ့အရာ ဖြစ်လို့ပါပဲ
  • 8:22 - 8:24
    ဒါဆို Darwin က
  • 8:24 - 8:26
    တောထဲမှာ တစ်ယောက်တည်း
    လမ်းလျှောက်ပြီး
  • 8:26 - 8:29
    ညစာစားပွဲ ဖိတ်ကြားချက်တွေကိုလည်း
    အပြတ်ငြင်းခဲ့မှာပဲ
  • 8:30 - 8:33
    Dr. Seuss လို့လူသိများတဲ့
    Theodor Geisel က
  • 8:33 - 8:34
    အံ့သြစရာ ဖန်တီးမှုတွေကို
    La Jolla,
  • 8:34 - 8:36
    California မှာရှိတဲ့
    သူ့အိမ်အနောက်ဖက်က
  • 8:36 - 8:39
    လူသူကင်းမဲ့ ခေါင်းလောင်းမျှော်စင်
    ရုံးခန်းလေးမှာ စိတ်ကူးခဲ့တယ်
  • 8:39 - 8:43
    သူ့စာအုပ်တွေကိုဖတ်တဲ့ ကလေးငယ်တွေက
    သူ့ကို ပျော်ပျော်နေတတ်သူ
  • 8:43 - 8:47
    Santa Clause လိုပုံစံမြင်ယောင်ထားကြပြီး
    ဣန္ဒြေကြီးတဲ့ သူ့ရဲ့အပြင်ပန်းပုံကိုတွေ့ရင်
  • 8:47 - 8:51
    စိတ်ပျက်သွားမှာ စိုးတဲ့အတွက်
    ကလေးတွေကိုတွေ့ရမှာ ဝန်လေးခဲ့တယ်
  • 8:51 - 8:53
    Steve Wozniak က ပထမဆုံး
    Apple ကွန်ပျူတာကို
  • 8:53 - 8:56
    Hewlett-Packard မှာအလုပ်လုပ်နေတုန်းက
    သူ့အိပ်ခန်းငယ်လေးထဲမှာ
  • 8:56 - 8:58
    တစ်ယောက်ထဲ တည်ထွင်ခဲ့တယ်
  • 8:58 - 9:02
    အရွယ်ရောက်ချိန်မှာ အိမ်ကနေထွက်သွားတဲ့အထိ
    တစ်သီးတသန့်နေတတ်သူ မဖြစ်ခဲ့ရင်
  • 9:02 - 9:04
    ဒီလို ကျွမ်းကျင်သူလည်း
    ဖြစ်လာခဲ့မှာ မဟုတ်ဘူးလို့
  • 9:04 - 9:05
    သူကပြောတယ်
  • 9:06 - 9:08
    အခုပြောချင်တာက
  • 9:08 - 9:11
    ပူးပေါင်းဆောက်ရွက်တာတွေ
    ရပ်ဖို့ ဆိုလိုတာ မဟုတ်ပါဘူး
  • 9:11 - 9:15
    ဥပမာပေးရရင် Steve Wozniak က
    Steve Jobs နဲ့ ပူးပေါင်းပြီး
  • 9:15 - 9:17
    Apple ကွန်ပြူတာကို အောင်မြင်စွာ
    စတင်နိုင်သလိုပါပဲ
  • 9:17 - 9:20
    ဒါပေမဲ့ တစ်ကိုယ်တည်းဖြစ်ခြင်းက
    တစ်ကယ်ကို အရေးပါပြီး၊
  • 9:20 - 9:24
    တစ်ချို့ လူတွေအတွက်က
    ရှူရှိုက်လိုက်တဲ့ လေလိုပါပဲ
  • 9:24 - 9:30
    တစ်ကိုယ်တည်းဖြစ်ခြင်းရဲ့ အစွမ်းကောင်းတွေ
    ကိုသိလာတာ ရာစုနှစ်များစွာကထဲကဖြစ်ပြီး
  • 9:30 - 9:33
    မကြာသေးခင်ကမှ ကျွန်မတို့
    မေ့လျော့စ ပြုလာကြတယ်
  • 9:33 - 9:36
    များစွာသော ကမ္ဘာ့ဘာသာကြီး
    တွေကိုကြည့်ရင်
  • 9:36 - 9:38
    ရှာဖွေသူတွေကို တွေ့ရမှာပါ
  • 9:38 - 9:41
    Moses, Jesus, Buddha, Muhammad
    စသည်ဖြင့်
  • 9:41 - 9:45
    သူတို့ဟာ တစ်ကိုယ်တည်း တောထွက်ပြီး
  • 9:45 - 9:48
    ရလာတဲ့ ဘာသာရေးအယူဝါဒတွေနဲ့
    ဗျာဒိတ်တော်တွေကို
  • 9:48 - 9:50
    လူ့အဖွဲ့အစည်းတွေဆီ
    ပြန်ယူလာတာဖြစ်တယ်
  • 9:50 - 9:54
    ဒါကြောင့် တောထွက်ခြင်းမရှိရင်
    ဗျာဒိတ်တော်လည်း မရှိဘူး
  • 9:54 - 9:56
    ခေတ်ပြိုင်စိတ်ပညာရဲ့
  • 9:56 - 9:59
    အမြင်နဲ့ ကြည့်ရင်တော့
    အံ့သြစရာ မဟုတ်ပါဘူး
  • 9:59 - 10:02
    လတ်စသတ်တော့ ကျွန်မတို့ကလူအုပ်ကြားထဲ
    ရောက်ရင် တို့သဘောထားတွေကို
  • 10:03 - 10:05
    အလိုအလျောက် အတုခိုး
    လုပ်တတ်ကြလို့ပါ
  • 10:05 - 10:07
    ဘယ်သူ့ကို သဘောကျလဲဆိုတဲ့
    ကိုယ်ရေးကိုယ်တာနဲ့
  • 10:07 - 10:09
    ရင်ဖွင့်စရာတွေကိုတောင်
  • 10:09 - 10:12
    ကိုယ့်အနားမှာ ရှိတဲ့သူတွေရဲ့
    သဘောထားကို
  • 10:12 - 10:15
    သတိမထားမိဘဲ အတုခိုးမိတတ်ကြတယ်
  • 10:15 - 10:17
    အပြောကောင်းတာနဲ့ အကြံဉာဏ်ကောင်းတာက
  • 10:17 - 10:20
    လုံးဝဆက်စပ်မှုမရှိပေမဲ့လည်း
    အတန်းထဲက ထင်ရှားသူပေါ်လွင်
  • 10:20 - 10:21
    သူတွေရဲ့ ယုံကြည်မှုတွေကို
  • 10:22 - 10:24
    လိုက်နာတတ်ကြတယ်
  • 10:24 - 10:26
    ဒါက လုံးဝကိုဆက်စပ်မှု မရှိတာပါ
  • 10:26 - 10:28
    ဒါကြောင့်---
  • 10:28 - 10:30
    (ရယ်သံများ)
  • 10:30 - 10:33
    အကြံဉာဏ် အကောင်းဆုံး သူနောက်
    လိုက်ချင်လဲလိုက်မယ်
  • 10:33 - 10:35
    မလိုက်ချင်လည်း မလိုက်ဘူးပေါ့
  • 10:35 - 10:38
    ဒါမှမဟုတ် အခွင့်အရေး ရ-မရ အပေါ်ပဲ
    ပုံချထားလိုက် ချင်တာလား?
  • 10:38 - 10:40
    လူတိုင်း ကိုယ့်အကြံဉာဏ်ကို သီးသန့်
  • 10:40 - 10:42
    စဉ်းစားထုတ်ဖော်စေပြီး
  • 10:42 - 10:44
    အုပ်စုတွေရဲ့လွှမ်းမိုးဖျက်စီးမှုက
    ကင်းစေကာ
  • 10:44 - 10:46
    နောက်မှ တစ်ဉီးချင်းစီရဲ့
    အကြံဉာဏ်တွေကို
  • 10:46 - 10:49
    အဖွဲ့လိုက် ပြန်ပူးပေါင်းခြင်းဖြင့်
  • 10:49 - 10:51
    အကောင်းဆုံး အကြံဉာဏ်တွေရယူနိုင်မှာပါ
  • 10:51 - 10:53
    အခု ဒါတွေအားလုံးက အမှန်ဆိုရင်
  • 10:53 - 10:56
    ဘာလို့ ကျွန်မတို့အမှားတွေ လုပ်နေသေးတာလဲ
  • 10:56 - 10:59
    ကျွန်မတို့ ကျောင်းတွေနဲ့ အလုပ်တွေကို
    ဘာလို့ဒီပုံစံ လုပ်ထားတာလဲ
  • 10:59 - 11:02
    ပြီးတော့ ဒီ တသီးတသန့်သမားတွေက
    တစ်ခါတလေ
  • 11:02 - 11:04
    သီးသန့်နေတတ်တာကို
    ဘာကြောင့် အပြစ်ရှိသလို ခံစားစေတာလဲ
  • 11:04 - 11:07
    ယဉ်ကျေးမှုသမိုင်းမှာ နက်ရှိုင်းတဲ့
    အဖြေတစ်ခုရှိတယ်
  • 11:07 - 11:09
    အနောက်တိုင်း လူ့ဘောင်အဖွဲ့အစည်းနဲ့
  • 11:09 - 11:11
    အထူးသဖြင့် U.S မှာ
  • 11:11 - 11:17
    ဆင်ခြင်တွေးခေါ်သူထက် လက်တွေ့လုပ်သူကို
    ပိုနှစ်သက်ကြတယ်
  • 11:19 - 11:22
    ဒါပေမဲ့ အမေရိကန် အစောပိုင်းကာလတွေမှာ
  • 11:22 - 11:25
    သမိုင်းပညာရှင်တွေပြောတဲ့ အကျင့်ကောင်းကို
    ဉီးစားပေးတဲ့ကာလမှာ
  • 11:25 - 11:27
    ကျွန်မတို့ နေခဲ့ကြပြီး
    လူတွေကိုအတွင်းစိတ်နဲ့
  • 11:27 - 11:30
    ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရားအလိုက်
    တန်ဖိုးထားကြတယ်
  • 11:30 - 11:33
    အဲ့ဒီခေတ် တက်ကျမ်းစာအုပ်တွေ
    အားလုံးမှာ
  • 11:33 - 11:34
    "တန်ဖိုးအမြင့်ဆုံးသော အကျင့်စာရိတ္တ"
  • 11:34 - 11:37
    ဆိုတဲ့ ခေါင်းစဉ်တွေ ကိုတွေ့ရမှာပါ
  • 11:37 - 11:40
    Abraham Lincoln လို နှိမ့်ချပြီး
    ဟိတ်ဟန်မရှိသူကို
  • 11:40 - 11:42
    စံအနေနဲ့ ဖော်ပြကြတယ်
  • 11:42 - 11:44
    Ralph Waldo Emerson က သူ့ကို
  • 11:44 - 11:47
    ရာထူးကြီးပေမဲ့ ဘဝင်မမြင့်သူ
    ဆိုပြီး ခေါ်တယ်
  • 11:47 - 11:50
    ဒါပေမဲ့ ၂၀ ရာစုရောက်တဲ့အခါ
  • 11:50 - 11:52
    သမိုင်းပညာရှင်တွေ ပြောတဲ့
  • 11:52 - 11:54
    ပင်ကိုအရည်အသွေး ယဉ်ကျေးမှု
    ခေတ်ကို ရောက်လာတယ်
  • 11:54 - 11:57
    တောင်သူလယ်သမား ခေတ်ကနေ
    စီးပွားရေး လုပ်ငန်းကြီးတွေ
  • 11:57 - 11:58
    လုပ်တဲ့ခေတ် ဖြစ်လာတယ်
  • 11:58 - 12:02
    ဒါကြောင့် မြို့ငယ်ကလူတွေ မြို့ကြီးဆီ
    ပြောင်းရွှေ့လာကြတယ်
  • 12:02 - 12:05
    ဒီတော့ တစ်သက်လုံးသိလာတဲ့သူတွေနဲ့
    အလုပ်လုပ်ရမဲ့အစား
  • 12:05 - 12:09
    သူစိမ်းတွေကြားမှာ လုပ်နိုင်ကြောင်း
    အစွမ်းပြရတယ်
  • 12:09 - 12:11
    ဒါကြောင့် ဆွဲဆောင်မှုရှိခြင်း နဲ့
  • 12:11 - 12:15
    ဦးဆောင်နိုင်ခြင်းတွေက ချက်ချင်း
    အရေးပါသလို ဖြစ်လာတယ်
  • 12:15 - 12:18
    တက်ကျမ်းစာအုပ်တွေက ဒီလိုအပ်ချက်သစ်
    အတိုင်း ပြောင်းလဲလာပြီး
  • 12:18 - 12:20
    "သူငယ်ချင်းရမဲ့နည်းလမ်း နဲ့
  • 12:20 - 12:22
    လူများကိုလွှမ်းမိုးနည်း"
    စတဲ့ နာမည်တွေဖြစ်လာတယ်
  • 12:22 - 12:27
    စံပြပုဂ္ဂိုလ်တွေကို အောင်မြင်တဲ့
    အရောင်းမြှင့်တင်ရေးသမား ပုံစံပြကြတယ်
  • 12:27 - 12:29
    ဒါကတော့ ကျွန်မတို့
    ယနေ့ကမ္ဘာကြီးရဲ့ပုံစံနဲ့
  • 12:29 - 12:33
    ဆက်ခံခဲ့တဲ့ ယဉ်ကျေးမှုအမွေပါ
  • 12:33 - 12:38
    ဒါတွေအားလုံးက လူမှုဆက်ဆံရေး
    အရေးမကြီးဘူးလို့ ပြောတာမဟုတ်ဘူး
  • 12:38 - 12:43
    အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွေ
    ကိုလည်း လုံးဝပယ်လိုက်ဖို့ ပြောတာမဟုတ်ဘူး
  • 12:43 - 12:46
    သူတော်စင်တွေကို လူသူမဲ့တောင်ထိပ်ပေါ်
    သွားခိုင်းတဲ့ ဘာသာတရားကပဲ
  • 12:46 - 12:49
    ချစ်ဖို့နဲ့ ယုံကြည်မှုရှိဖို့ကို
    သင်ပေးပြန်တယ်
  • 12:49 - 12:51
    ယနေ့ သိပ္ပံနဲ့ စီးပွားရေးနယ်ပယ်တွေမှာ
  • 12:51 - 12:53
    ကြုံတေွ့နေတဲ့ ပြဿနာတွေဟာ
  • 12:53 - 12:55
    အရမ်းကြယ်ပြန့် ရှုပ်ထွေးတဲ့အတွက်
  • 12:55 - 12:58
    အဖြေရှာနိုင်ဖို့
  • 12:58 - 12:59
    လူအများကြီးရဲ့ အကူအညီလိုတယ်
  • 12:59 - 13:03
    အတွင်းစွဲသမားတွေကို လွတ်လပ်စွာ
    နေစေခြင်းဖြင့်
  • 13:03 - 13:05
    ဒီပြဿနာ တွေအတွက် သူတို့ရဲ့
  • 13:05 - 13:08
    တမူထူးတဲ့ အဖြေကို ရမှာဖြစ်တယ်
  • 13:09 - 13:14
    ဒါဆိုရင် ဒီခရီးဆောင်အိတ်ထဲ
    ဘာရှိလဲ ပြောပြချင်ပါတယ်
  • 13:18 - 13:20
    ဘာတွေလဲသိလား?
  • 13:20 - 13:22
    စာအုပ်တွေပေါ့
  • 13:22 - 13:24
    စာအုပ်တွေ အပြည့်ပါတဲ့ ခရီးဆောင်အိတ်ပေါ့
  • 13:24 - 13:26
    ဒါက Margaret Atwood ရဲ့
    "Cat's Eye" စာအုပ်
  • 13:26 - 13:29
    ဒါက Milan Kundera ရဲ့ ဝတ္ထုပါ
  • 13:29 - 13:34
    ဒါကတော့ Maimonides ရေးတဲ့
    "သောကများအတွက်လမ်းညွှန်" စာအုပ်ပါ
  • 13:34 - 13:37
    အားလုံးကတော့ ကျွန်မစာအုပ်တွေ မဟုတ်ပါဘူး
  • 13:37 - 13:39
    ဒါတွေက ကျွန်မအဘိုးရဲ့
  • 13:39 - 13:43
    အကြိုက်ဆုံး စာရေးဆရာတွေ
    ရေးထားတဲ့ စာအုပ်တွေပါ
  • 13:43 - 13:45
    ကျွန်မအဘိုးက ဂျူးဓမ္မဆရာ၊
  • 13:45 - 13:47
    မုဆိုးဖိုတစ်ယောက် ဖြစ်ပြီး
  • 13:47 - 13:50
    Brooklyn က တိုက်ခန်းလေးမှာ
    တစ်ယောက်ထဲ နေပါတယ်
  • 13:50 - 13:53
    အဲဒီနေရာက ကျွန်မ အရွယ်ရောက်ချိန်မှာ
    အကြိုက်ဆုံး နေရာလေးဖြစ်ပြီး
  • 13:53 - 13:56
    တစ်စိတ်တစ်ပိုင်းက နူးညံ့ကြင်နာတဲ့
    အဘိုးနဲ့အတူ ရှိနေရတာကြောင့်ရယ်
  • 13:56 - 13:59
    စာအုပ်တွေအပြည့် ရှိတာကြောင့်ရယ်
    လည်းပါတယ်
  • 13:59 - 14:02
    တစ်ကယ့်ကို ဒီအခန်းထဲက
    စားပွဲတိုင်း၊ ထိုင်ခုံတိုင်းဟာ
  • 14:02 - 14:04
    သူတို့ရဲ့ နဂိုတာဝန်တွေကို
    လုပ်နေရာကနေ
  • 14:04 - 14:07
    အခုတော့ စာအုပ်ပုံတွေထားရမယ့်
    နေရာလိုဖြစ်သွားတယ်
  • 14:07 - 14:09
    ကျွန်မတို့ မိသားစုလိုပဲ
  • 14:09 - 14:12
    ကမ္ဘာပေါ်မှာ အဖိုးအကြိုက်ဆုံး အရာကတော့
    စာဖတ်ခြင်းပါ
  • 14:12 - 14:15
    သူ့ရဲ့ဘုရားကျောင်းက ဝတ်ပြုသူတွေ
    ကိုလည်းသူချစ်ပြီး
  • 14:15 - 14:18
    ဓမ္မဆရာသက်တမ်း (၆၂) နှစ်အတွင်း
    အပတ်တိုင်း သူဟောခဲ့တဲ့
  • 14:18 - 14:22
    ဒေသနာတွေထဲမှာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို
    ခံစားသိနိုင်တယ်
  • 14:22 - 14:25
    အပတ်တိုင်း ဖတ်ခဲ့တဲ့စာတွေက
    ဗဟုသုတတွေကို အသုံးပြုပြီး
  • 14:25 - 14:26
    အမျိုးစုံရှုပ်ထွေးတဲ့
  • 14:26 - 14:29
    ရှေးခေတ်နဲ့ လူသားဝါဒ အတွေးအခေါ်တွေအကြောင်း
    ထည့်ဟောပြောပါတယ်
  • 14:29 - 14:32
    လူတွေအဝေးကြီးက တရားဒေသနာကို
    လာနားထောင်ကြတယ်
  • 14:33 - 14:35
    ဒါပေမယ့် အဖိုးအကြောင်း
    တစ်ခုပြောရမယ်ဆိုရင်
  • 14:36 - 14:38
    သူက တရားဟောဆရာကြီး ဖြစ်နေပေမဲ့
  • 14:38 - 14:40
    အလွန်နှိမ့်ချပြီး တစ်ကယ့်
    သီးသန့်နေတတ်တော့
  • 14:40 - 14:43
    သူတရားဟော တဲ့အခါ
  • 14:43 - 14:45
    (၆၂) နှစ်တိုင်တရားဟောခဲ့တဲ့
    တရားနာသူတွေကို
  • 14:45 - 14:49
    မျက်လုံးချင်းဆိုင်ဖို့ ခက်ခဲခဲ့တယ်
  • 14:49 - 14:51
    တရားဟောမနေတဲ့ အချိန်မှာလည်း
  • 14:51 - 14:53
    သူ့ကို နှုတ်ဆက်တဲ့အခါ
  • 14:53 - 14:55
    သူများတွေ အချိန်ကုန်မှာစိုးလို့
  • 14:55 - 14:59
    စကားစ အမြန်ဖြတ်လေ့ရှိတယ်
  • 14:59 - 15:02
    ဒါပေမဲ့ အသက် (၉၄) နှစ်မှာ
    သူဆုံးတဲ့အခါ
  • 15:02 - 15:05
    ဝမ်းနည်းပူဆွေးသူ လူအုပ်ကို
    နေရာပေးနိုင်အောင်
  • 15:05 - 15:09
    ရဲတွေက သူ့အိမ်ပတ်ဝန်းကျင်က လမ်းတွေကို
    ပိတ်ထားလိုက်ရတယ်
  • 15:12 - 15:15
    ဒါကြောင့် အခုနောက်ပိုင်းမှာ
    အဖိုးရဲ့ နမူနာအတိုင်းပဲ
  • 15:15 - 15:16
    ကျင့်သုံးပြီးတော့
  • 15:16 - 15:19
    မကြာခင်က သီးသန့်နေတတ်ခြင်းအကြောင်း
    စာအုပ်ကိုထုတ်ဝေခဲ့တယ်
  • 15:19 - 15:21
    စာအုပ်ကို (၇)နှစ်ကြာ ရေးခဲ့ရတယ်
  • 15:21 - 15:24
    အဲ့ဒီ(၇)နှစ်က ကျွန်မအတွက်တော့
    ပျော်စရာအတိပါပဲ
  • 15:24 - 15:27
    စာတွေဖတ်လိုက်၊ စာရေးလိုက်
  • 15:27 - 15:29
    စဉ်းစားလိုက် သုတေသနလုပ်လိုက်နဲ့ပေါ့
  • 15:29 - 15:31
    ဒါကတော့ အဘိုးစာကြည့်တိုက်ထဲ
  • 15:31 - 15:34
    တစ်နေ့တာ တစ်ကိုယ်ထဲ အချိန်ဖြုန်းသလိုမျိုး
    ကျွန်မရဲ့ပုံစံပါ
  • 15:34 - 15:37
    အခုတော့ ကျွန်မရဲ့အလုပ်က ရုတ်တရက်ကြီး
    ပုံစံပြောင်းသွားပြီး
  • 15:37 - 15:40
    တစ်သီးတသန့်နေတတ်ခြင်း အကြောင်း
  • 15:40 - 15:43
    အခုလို ဒီမှာလာပြောဖို့ ဖြစ်သွားပါတယ်
  • 15:43 - 15:47
    (ရယ်သံများ)
  • 15:47 - 15:49
    အခုလို ပရိသတ်တွေကို ဟောပြောရတာ
  • 15:49 - 15:53
    သိပ်ဂုဏ်ယူပေမဲ့ ကျွန်မအတွက်
  • 15:53 - 15:56
    လုပ်နေကျအရာ မဟုတ်တော့
    အတော်လေးခက်ခဲတယ်
  • 15:56 - 16:00
    ဒါကြောင့် အတတ်နိုင်ဆုံး
    အကောင်းဆုံး ပြင်ဆင်တယ်
  • 16:00 - 16:02
    ပြီးခဲ့တဲ့ တစ်နှစ်လုံး
    လူများရှေ့ စကားပြောဖို့ကို
  • 16:02 - 16:04
    အခွင့်အရေးရတိုင်း လေ့ကျင့်ခဲ့တယ်
  • 16:04 - 16:07
    ဒါကတော့ ကျွန်မရဲ့
    "အရဲစွန့်ပြီး စကားပြောရတဲ့နှစ်" ပါပဲ
  • 16:07 - 16:09
    (ရယ်သံများ)
  • 16:09 - 16:12
    ကျွန်မအတွက် အတော်လေး
    အထောက်အကူပြုတယ်
  • 16:12 - 16:14
    ပိုပြီးအထောက်အကူပြုတာက
  • 16:14 - 16:18
    ကျွန်မတို့ တသီးတသန့်သမားတွေရဲ့
    ခံယူချက်ကို ပြောင်းလဲမှရတော့မယ်ဆိုတဲ့
  • 16:18 - 16:20
    အနေအထားမှာ ရှိနေပြီဆိုသည့်
  • 16:20 - 16:22
    အသိနဲ့ ယုံကြည်မျှော်လင့်ချက်
    ရှိလာလို့ဖြစ်တယ်
  • 16:22 - 16:24
    ဆိုလိုတာက ကျွန်မတို့ အသင့်ရှိနေပြီ
  • 16:25 - 16:27
    ကဲ ဒါဆိုရင် ဒီလိုစိတ်ကူးတူ သူတွေအတွက်
  • 16:27 - 16:30
    တာဝန်(၃)ခု ပေးထားခဲ့ချင်ပါတယ်
  • 16:30 - 16:32
    နံပါတ် (၁)
  • 16:32 - 16:34
    အမြဲ အုပ်စုလိုက်လုပ်ဖို့ ရူးသွပ်တာကို
  • 16:34 - 16:36
    ရပ်တန်းကရပ်ပါ
  • 16:36 - 16:39
    (ရယ်သံများ)
  • 16:39 - 16:41
    ကျေးဇူးတင်ပါတယ်
  • 16:41 - 16:43
    (လက်ခုပ်သံများ)
  • 16:43 - 16:45
    ခုပြောနေတာကို
    ရှင်းရှင်းလင်းလင်း သိစေချင်တယ်
  • 16:45 - 16:47
    ရုံးတွေက လက်ဖက်ရည်ဆိုင်တွေလို
  • 16:47 - 16:51
    ပေါ့ပေါ့ပါးပါး တွေ့ဆုံစကားပြောတာကို
    အားပေးသင့်တယ်
  • 16:51 - 16:53
    အမှတ်မထင် တွေ့ဆုံကြပြီး
  • 16:53 - 16:55
    အသိဉာဏ်ဖလှယ်ကြတဲ့ ပုံစံလိုလေးပဲ
  • 16:55 - 16:57
    လုပ်တာကောင်းပါတယ်
  • 16:57 - 17:00
    introvert တွေအတွက်ရော
    extrovert တွေ အတွက်ရော ပေါ့
  • 17:00 - 17:02
    ဒါပေမဲ့ အလုပ်ခွင်မှာ သီးသန့်တည်ရှိမှု
    လွတ်လပ်မှုနဲ့
  • 17:02 - 17:04
    လုပ်ပိုင်ခွင့်ရဖို့ လိုသေးတယ်
  • 17:04 - 17:05
    ကျောင်းတွေမှာလဲ ဒီလိုပါပဲ
  • 17:05 - 17:08
    ကလေးတွေကို အတူတစ်ကွလုပ်ကိုင်တတ်ဖို့
    တော့ သင်ပေးရမှာပဲ
  • 17:08 - 17:11
    ဒါပေမဲ့ တစ်ယောက်ထဲလုပ်တတ်ဖို့လည်း
    သင်ပေးဖို့လိုတယ်
  • 17:11 - 17:14
    နက်ရှိုင်းတဲ့အတွေးအခေါ်တွေက
    တစ်ကိုယ်ထဲလုပ်ခြင်းကလည်း
  • 17:14 - 17:15
    တစ်စိတ်တစ်ပိုင်း ဖြစ်လာတဲ့အတွက်
  • 17:15 - 17:18
    အပြင်စွဲဘာဝ ကလေးတွေလဲ
    တစ်ဦးထဲ လုပ်နိုင်ဖို့လိုတယ်
  • 17:18 - 17:20
    ဟုတ်ပြီ၊ နံပါတ်(၂) တောထွက်ပါ
  • 17:20 - 17:23
    Buddha လိုမျိုး၊ ကိုယ်ပိုင်
    ဖွင့်ပြချက်တွေ ရှိပါစေ
  • 17:23 - 17:25
    ဆိုလိုတာက
  • 17:25 - 17:28
    တောထဲမှာ သစ်လုံးအိမ်ဆောက်ပြီး
    တစ်ယောက်ထဲ သီးသန့်
  • 17:28 - 17:31
    ဘယ်သူနဲ့မှ မဆက်သွယ်ဖို့
    ပြောချင်တာ မဟုတ်ပါဘူး
  • 17:31 - 17:33
    ကိုယ့်အကြံအစည်ကို ဖော်ထုတ်နိုင်ဖို့နဲ့
  • 17:33 - 17:38
    ကိုယ်ပိုင်စဉ်းစား တွေးခေါ်တတ်ဖို့
    အချိန်ပိုပေးရမယ်လို့ ပြောချင်တာပါ
  • 17:39 - 17:42
    နံပါတ်(၃)
  • 17:42 - 17:44
    ကိုယ့်စိတ်ကူးထဲမှာဘာရှိလဲ နဲ့
    ဘာလို့ သိမ်းထားလဲ
  • 17:44 - 17:46
    သေချာစစ်ဆေးကြည့်ပါ
  • 17:46 - 17:48
    ကဲ ဘွင်းဘွင်းသမားတွေ
    ရှင်တို့ခရီးဆောင်အိတ်
  • 17:48 - 17:50
    မှာလည်း စာအုပ်တွေ ပြည့်ချင်ပြည့်နေမှာပေါ့
  • 17:50 - 17:55
    ဒါမှမဟုတ် ရှန်ပိန်ခွက်တွေ (သို့)
    လေထီးခုန်ဖို့ ကိရိယာတွေနဲ့ ပြည့်နေမလား
  • 17:55 - 17:59
    ဘာပဲဖြစ်နေနေ၊ အခွင့်ရတိုင်း
    ပြန်ထုတ်ဖော်ဖို့ နဲ့ ရှင်တို့ရဲ့
  • 17:59 - 18:02
    ပျော်ရွှင်မှုတွေ၊အားအင်တွေ
    နဲ့ကျွန်မတို့ကို တန်ဆာဆင်ပေးပါ
  • 18:02 - 18:05
    ဒါပေမဲ့ တဝီးတသန်သမားတွေကတော့
  • 18:05 - 18:08
    ကိုယ့်စိတ်ထဲမှာ ဘာရှိလဲဆိုတာကို
    မထုတ်ဖော်ပြောမိဖို့
  • 18:08 - 18:09
    အရမ်းသတိထား နေကြမှာပါ
  • 18:09 - 18:11
    အဲ့ဒီအတွက် ပြဿနာမရှိပါဘူး
  • 18:11 - 18:13
    ဒါပေမဲ့ တစ်ခါတရံလေးမှာတော့
  • 18:13 - 18:16
    ရှင်တို့ရဲ့ စိတ်ကူးတွေကို
    အခြားသူတွေ သိနိုင်ဖို့ ပြောပြပေးပါ
  • 18:16 - 18:19
    ကမ္ဘာကြီးက ရှင်တို့ နဲ့ ရှင်တို့
    လုပ်ဆောင်ချက်တွေကို လိုအပ်တယ်
  • 18:20 - 18:23
    ဒါကြောင့် ဘဝမှာ
    အကောင်းဆုံးခရီးဆက်နိုင်ကြဖို့နဲ့
  • 18:23 - 18:27
    ညင်သာစွာပဲဖြစ်ဖြစ် ပြောရဲဆိုရဲ
    ရှိပါစေလို့ ဆန္ဒပြုလိုက်တယ်
  • 18:27 - 18:28
    ကျေုးဇူးအများကြီးတင်ပါတယ်
  • 18:28 - 18:32
    (လက်ခုပ်သံများ)
  • 18:32 - 18:35
    ကျေးဇူးပါ။ ကျေးဇူးပါ။
  • 18:35 - 18:42
    (လက်ခုပ်သံများ)
Title:
တသီးတသန့်နေတတ်သူများ၏ အစွမ်း။
Speaker:
Susan Cain
Description:

လူမှုရေးနဲ့ ဖော်ရွေတတ်ခြင်းတို့ကိုပဲ အထူးအရေးထားတဲ့ခေတ်မှာ တသီးတသန့်နေတတ်သူ တစ်ယောက်အနေနဲ့ ခက်ခဲပြီး ရှက်စရာတောင် ဖြစ်နေမှာပဲ။ ဒါပေမဲ့ တသီးတသန့်နေတတ်သူ တွေလည်း အံ့မခန်းတဲ့ ပင်ကိုစွမ်းရည် နဲ့ အရည်အချင်းတွေ ရှိကြတဲ့အတွက် သူတို့ကို အားပေးချီးမြှောက်သင့်ကြောင်း Susan Cain က သူမရဲ့ ခိုင်မာတဲ့ယုံကြည်ချက်ကိုဖော်ပြတဲ့ ဒီဟောပြောချက်မှာ ဆွေးနွေးခဲ့ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
18:43

Burmese subtitles

Revisions