-
အခု ကျွန်တော်တို့မှာ အပေါင်းပုစ္ဆာ ၃ ပုဒ်ရှိတယ်
-
ကျွန်တော် ခင်ဗျားတို့ကို ဗီဒီယိုကို ခဏရပ်ထားပြီး ကိုယ့်ဟာကိုယ် တွက်ကြည့်စေချင်ပါတယ်
-
ဒါပေမယ့် ခင်ဗျားတို့ တွက်တဲ့အခါမှာ ဂဏန်းသယ်တဲ့အပိုင်းကို သေချာစိတ်ထဲမှတ်ပြီး တွက်ကြည့်စေချင်တယ်
-
ဒါဆို ခင်ဗျားတို့ တွက်ကြည့်ပြီးပြီလို့ထင်တယ်။ အခု ကျွန်တော်ခင်ဗျားတို့နဲ့အတူ တွက်ပါမယ်
-
ကျွန်တော်တို့ ၉ နဲ့ ၆ ပေါင်းမယ်။ ခုဂဏန်း ၉ နဲ့ ခုဂဏန်း ၆၊ ၉ နဲ့ ၆ နဲ့ပေါင်းတော့ ၁၅ ရတယ်။ ဒီတော့ ၅ ကို ရေးပြီး ၁ ကို မှတ်ပါမယ်
-
ကျွန်တော်တို့ဘာလုပ်လိုက်တာလဲ? ၁ ကဘာလဲ?
-
ကျွန်တော်တို့ အဲဒါကို ဆယ်နေရာမှာ ထားလိုက်တာပါ။ ၁ ကိုဆယ်နေရာမှာထားလိုက်တော့ ၁၀ ဖြစ်ပါတယ်
-
ကျွန်တော်တို့ပြောချင်တာက ၉ + ၆ က ၁၀ + ၅ နဲ့တူတူပါပဲ။ ဒီက ၁၀နဲ့ ၅ နဲ့ပေါင်းတော့ ၁၅ ရတယ်
-
အခု ဆယ်နေရာမှာ ၁ ရယ် ၀ ရယ် ၉ ရယ်ပေါင်းတော့ ၁၀ ရတယ်
-
ဒီတော့ ကျွန်တော်တို့ ၀ ရေးပြီး ၁ ကို သယ်ပါမယ်
-
၁ ရယ် ၀ ရယ် ၉ ရယ်ပေါင်းတာက ၁၀ ပါ
-
တကယ်က ဘာအဓိပ္ပာယ်လဲ
-
ဒါက ဆယ်နေရာက ၁၊ ဆယ်နေရာက ဝ၊ ဆယ်နေရာက ၉။ ဒီတော့ ဆယ်နေရာက ၁၀ ရတယ်။ ဆယ်နေရာက ၁၀ ဆိုတော့ ၁၀၀။
-
ဒါမှမဟုတ် ၁၀၀ ကိုနောက်တစ်နည်းနဲ့စဉ်းစားရင်၊
-
အခု ကျွန်တော်တို့မှာ ၁+၇+ ၉ ရှိတယ်။ ၁၇ ရပါတယ်
-
အခုကျွန်တော်တို့သိထားရမှာက ဒါက ရာဂဏန်းနေရာမှာပါ။ အမှန်တော့ ၁၀၀ နဲ့ ၇၀၀ နဲ့ ၉၀၀ ပေါင်းပြီး ၁၇၀၀ (သို့)
-
၁၀၀၀ နဲ့ ၇၀၀ ရတာပါ။ ပြီးတော့ ဒီမှာ ၅ ရှိတယ်။ ကျွန်တော်တို့ ပြီးပါပြီ
-
အခု ဒီဟာကို တွက်ရအောင်။ ကျွန်တော်ဒီပုံစံရေးရတာက ကိုယ့်ဟာကိုယ် ဂဏန်းတွေကို မှန်မှန်ကန်ကန် ချရေးတတ်အောင်လို့ပါ
-
ဒါဆို ပြန်ရေးပါမယ်။ခုနက အစိမ်းရောင်နဲ့ပဲပြပါမယ်။ ၃၇၃ + ခုနေရာမှာ ခုဂဏန်းရေးမယ်။ ဆယ်နေရာမှာ ဆယ်ဂဏန်းရေးမယ်
-
ဒီတော့ ကျွန်တော်တို့ မှန်ကန်တဲ့ ဂဏန်းစဉ်အတိုင်းပေါင်းနေပါတယ်
-
၃+၈ က ၁၁။ ခုနေရာက ၁ရေး ဆယ်နေရာကို ၁ပို့။ ၁၀+၁ =၁၁
-
၁ နဲ့၇ နဲ့ပေါင်းတော့ ၈။ ၈နဲ့ ၈နဲ့ပေါင်းတော့ ၁၆။ ဆယ်နေရာက ၁၆။ ၁၆ ကိုရေးမယ်
-
ဆယ်နေရာက ၁၆ ဆိုတာဘာလဲ။ ၁၆၀ ပါ။ ဒီ ၆ က ၆၀ ဖြစ်ပြီး ကျွန်တော့်မှာ ၁၀၀ ရှိတယ်
-
၁ နဲ့ ၃ နဲ့ပေါင်းတော့ ၄။ ဒါတွေက ရာဂဏန်းတွေပါ ဒီတော့ ၄၀၀
-
ကျွန်တော်တို့ ၄၆၁ ရတယ်
-
အခုနောက်ဆုံးကတော့ ၉ နဲ့ ၃နဲ့ပေါင်းရင် ၁၂။ ခုနေရာမှာ ၂ရေးမယ်။ ဆယ်နေရာကို ၁ ပို့မယ်။ ၁၂ က ၁၀+၂ နဲ့တူတူပါပဲ
-
အခု ဆယ်နေရာမှာ ၁ နဲ့ ၄ နဲ့ ၉ နဲ့ပေါင်းတော့ ၁၄။ ဒီတော့ ကျွန်တော်တို့ ၄ ရေးပြီး ၁ ပို့ပါမယ်
-
သတိထားရမှာက ဒါက ၁၀ ရယ် ၄၀ ရယ် ၉၀ရယ်ပေါင်းခြင်းပါ ဒီတော့ ၁၄၀။ ၄၀ နဲ့ ၁၀၀ ပေါင်းတာပါပဲ
-
ပြီးတော့ ၁ + ၁+ ၂ ဆိုတော့ ၄။ ဒါပေမယ့် ရာဂဏန်းနေရာမှာ ဖြစ်တဲ့အတွက် ၁၀၀ + ၁၀၀ + ၂၀၀ ဒါမှမဟုတ် ၄၀၀ ပါ
-
ကျွန်တော်တို့ ပြီးပါပြီ။