ရူပဗေဒဘာသာရပ်ကို အသစ်ပြန်ရေးနိုင်မယ့် ရှာဖွေတွေ့ရှိချက်။
-
0:01 - 0:04အကယ်၍များ မဟူရာ ညကောင်းကင်ကို စူးစူးစိုက်စိုက်ကြည့်လိုက်ရင်၊
-
0:04 - 0:06သင်ဟာ ကြယ်တွေကို တွေ့မြင်ရပါတယ်။
-
0:06 - 0:09ဒီထက်ပိုပြီး ဝေးဝေးကြည့်လိုက်မယ်ဆိုရင်တော့ ၊ပိုပြီးများပြားတဲ့ ကြယ်တွေကိုတွေ့တာပေါ့။
-
0:09 - 0:11နောက်ထပ်ဝေးဝေးဆိုရင်၊ ကြယ်စင်တွေ၊ နောက်ဝေးဝေးဆိုရင်၊ ပိုပြီးမျာပြားတဲ့ ကြယ်စုတွေကိုတွေ့ရမှာပေါ့။
-
0:11 - 0:15ဒါပေမယ့် ဝေးသထက်ဝေး၊ ဝေးပြီး ဆက်ကြည့်နေဦးမယ်ဆိုရင်တော့
-
0:15 - 0:18နောက်ဆုံးမှာ အတော်ကြာကြာ အချိန်ထိ ဘာမှတွေ့ရတော့မှာမဟုတ်ဘူး။
-
0:18 - 0:22ဒီနောက်မှာတော့ နောက်ဆုံးအနေနဲ့ ခပ်ဖျော့ဖျော့ အလင်းမှိန်မှိန်လေးတစ်စကို တွေ့ရတာပေါ့။
-
0:22 - 0:25ဒါဟာဆိုရင် မဟာပေါက်ကွဲမှုကြီးရဲ့ လက်ကျန်အလင်းတန်းပဲပေါ့။
-
0:25 - 0:28ကဲ၊ မဟာပေါက်ကွဲမှုကြီးဆိုတာက စကြာဝဠာရဲ့ အစောပိုင်း ကာလတုန်းက
-
0:28 - 0:30ကျွန်တော်တို့တွေ မဟူရာ ညကောင်းကင်မှာ မြင်ရတဲ့ မယုံနိူင်လောက်အောင်ကို သေးငယ်ကျုံ့ဝင်နေခဲ့လို့
-
0:30 - 0:33မယုံနိူင်လောက်အောင်ကို ပူလောင်၊
-
0:33 - 0:37မယုံနိူင်လောက်အောင်ကို လုံးချောနေတဲ့ အစိုင်အခဲတစ်ခု၊ နောက်ပြီးတော့
-
0:37 - 0:40ကျွန်တော်တို့ တွေမြင်နေရတာက အဲဒီကနေပြီး ပြန့်ကျဲထွက်လာတာတွေပေါ့။
-
0:40 - 0:43ကဲအခုတော့ အဲဒီအလင်းဖျော့ဖျော့လေးကို ကျွန်တော်တို့
-
0:43 - 0:44အင်မတန်ကို တိကျမှုနဲ့ မြေပုံထုတ်လိုက်ပါပြီ။
-
0:44 - 0:46ကျွန်တော်က "ကျွန်တော်တို့"လို့ပြောလိုက်ပေမဲ့ ဆိုလိုတာက ကျွန်တော်မဟုတ်တဲ့ သူတွေကိုပါ။
-
0:46 - 0:48ကျွန်တော်တို့ ဒီအလင်းဖျော့ဖျော့လေးကို
-
0:48 - 0:49အံ့မခန်းဖွယ်ရာ တိကျမှုနဲ့ မြေပုံထုတ်လိုက်ပြီး၊
-
0:49 - 0:51အံ့သြတုန်လှုပ်ဖွယ်ရာတွေထဲက တစ်ခုကတော့ ။
-
0:51 - 0:54ဒါဟာ လုံးဝနီးပါးကို တစ်ပုံစံတည်း ရှိနေခြင်းပါပဲ
-
0:54 - 0:56ဟုဖက်ကို အလင်းနှစ် ဆယ်လေး ဘီလီယံ
-
0:56 - 0:58ဒီဖက်ကို အလင်းနှစ် ဆယ်လေး ဘီလီယံ
လိုကြည့်လိုက်ရင်၊ -
0:58 - 0:59အပူချိန်က အတူတူပါပဲ။
-
0:59 - 1:02မဟာပေါက်ကွဲမှုကြီး ဖြစ်ကတည်းက ဆိုတော့
-
1:02 - 1:04နှစ်ပေါင်း (၁၄) ဘီလီယံ ရှိပြီဆိုတော့
-
1:04 - 1:07အခုတော့ အရောင်မှိန်ပြီး၊ အေးစက်လာတာပေါ့။
-
1:07 - 1:09အခုဆို အပူချိန်က ၂.၇ ဒီဂရီပါ။
-
1:09 - 1:11ဒါပေမယ့် ၂.၇ ဒီဂရီ အတိအကျတော့ မဟုတ်ဘူး။
-
1:11 - 1:14၂.၇ ဒီဂရီဝန်းကျင်မှာ
-
1:14 - 1:15တစ်သန်းရဲ့ (၁၀)ပိုင်းလောက် ကစားနေတာပါ။
-
1:15 - 1:16ဟောဒီမှာတော့ မဆိုစလောက်ကလေး ပိုပူပြီးတော့
-
1:16 - 1:18ဟောဟိုမှာတော့ မဆိုစလောက်ကလေး ပိုပြီးအေးပါတယ်။
-
1:18 - 1:21ဒါက ဒီအခန်းထဲမှာရှိတဲ့ လူတိုင်းအတွက် အလွန့့်အလွန်ကို အရေးကြီးပါတယ်။
-
1:21 - 1:23ဘာဖြစ်လို့လဲဆိုတော့ နည်းနည်းလေး ပိုပူတဲ့ နေရာမှာ
-
1:23 - 1:25အရာတွေ နည်းနည်းလေး ပိုပြီး ပြည့်ကျပ်နေခဲ့ပြီး၊
-
1:25 - 1:26နည်းနည်းလေး ပိုပြီး ပြည့်ကျပ်တဲ့ နေရာမှာ
-
1:26 - 1:28ကြယ်စုတွေ၊ ကြယ်စု အစုအဖွဲ့တွေ၊ မဟာအစုအဝေးတွေနဲ့
-
1:28 - 1:30စကြာဝဠာအတွင်းမှာ ခင်ဗျားတို့ မြင်တွေ့ရတဲ့
-
1:30 - 1:32တည်ဆေက်ပုံတွေ အကုန်လုံး ရှိနေတာကိုး။
-
1:32 - 1:35နောက်ပြီးတော့ ဒီသေးသေး မှုန်မှုန် ထွေလာသောင်းပြောင်းကလေးတွေ၊
-
1:35 - 1:38တစ်သန်းမှာ အပုံ (၂၀)ဟာ
-
1:38 - 1:40စကြာဝဋ္ဌာရဲ့ အစောပိုင်းကာလက ကွမ်တမ် စက်မှုပိုင်းဆိုင်ရာ ခါယမ်းမှုတွေကြောင့်
-
1:40 - 1:42စကြာဝဋ္ဌာတစ်ခုလုံး အရွယ်အစားအထိ
-
1:42 - 1:45တစ်နံတစ်လျားထိ ဖြန့်ကားသွားခဲ့ ပါတယ်။
-
1:45 - 1:46ဒါဟာ အံ့မခန်းစရာပဲပေါ့။
-
1:46 - 1:48နောက်ပြီးတော့ တနင်္လာနေ့တုန်းက သူတို့ တွေ့ရှိခဲ့တာ ဒါမဟုတ်ပါဘူး။
-
1:48 - 1:50တနင်္လာနေ့တုန်းက သူတို့ တွေ့ရှိခဲ့တာ ပိုပြီး လန်းတာပေါ့။
-
1:50 - 1:52ကဲ ဒီမှာ တနင်္လာနေ့တုန်းက သူတို့ တွေ့ရှိခဲ့တဲ့ ဥစ္စာ။
-
1:52 - 1:56သင့်အနေနဲ့ ခေါင်းလောင်းတစ်လုံးကို ယူပြီး၊
-
1:56 - 1:57တူနဲ့ ခပ်ပြင်းပြင်းလေး ရိုက်ထည့်လိုက်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။
-
1:57 - 1:59ဘာဖြစ်လာမလဲ။ အသံမြည်တာပေါ့။
-
1:59 - 2:01ဒါပေမယ့် အကယ်၍ သင်ဟာ စောင့်ကြည့်နေရင်တော့
-
2:01 - 2:03အဲဒီ ခေါင်းလောင်းမြည်သံဟာ
-
2:03 - 2:05သင်မကြားရတော့တဲ့အထိကို တိုး၊ တိုးသွားတော့တာပေါ့။
-
2:05 - 2:07ကဲ စကြာဝဠာ အဦးအစက မယုံနိူင်လောက်အောင်ကိုပဲ သိပ်သည်းခဲ့တာပေါ့။
-
2:07 - 2:10သတ္တုထည် တစ်ခုလိုပေါ့၊ ပိုပြီးသိပ်သည်းတဲ့ အနေအထားပါ။
-
2:10 - 2:12ထုနှက်လိုက်ရင်၊ အသံမြည်မှာပေါ့။
-
2:12 - 2:14ဒါပေမယ့် မြည်သံက
-
2:14 - 2:16ဟင်းလင်းပြင်နဲ့ အချိန်ဆက်စပ်မှုသဘော သက်သက်ဖြစ်ပြီးတော့
-
2:16 - 2:19တူကတော့ ကွမ်တမ် မက္ကင်းနစ် လှုပ်ရှားမှုပေါ့။
-
2:19 - 2:21တနင်္လာနေ့တုန်းက သူတို့ တွေ့ရှိခဲ့တာဟာ
-
2:21 - 2:23စကြာဝဠာ အဦးအစက ဟင်းလင်းပြင်နဲ့
-
2:23 - 2:25အချိန်ဆက်စပ်မှုသဘောရဲ့ သက်သေခံအထောက်အထား မြည်သံပါ။
-
2:25 - 2:27ကျွန်တော်တို့တွေကတော့ မူလအရင်းခံ ခေတ်က
-
2:27 - 2:29ကမ္ဘာမြေဆွဲအားဆိုင်ရာ လှိုင်းတွေလို့ ခေါ်ကြပါတယ်။
-
2:29 - 2:31သူတို့တွေ့ရှိပုံကို ပြောချင်ပါသေးတယ်။
-
2:31 - 2:33ဒီလှိုင်းတွေဟာဆိုရင် မှေးမှိန်သွားခဲ့တာကြာလှပေါ့။
-
2:33 - 2:34သင်လမ်းလျှောက် ထွက်ရင်တော့
-
2:34 - 2:36သင်ဟာ ခါယမ်းမနေပါဘူး။
-
2:36 - 2:39အာကာသထဲမှာရှိတဲ့ ဒီလှိုင်းတွေကို တကယ်လက်တွေ့တွင်
-
2:39 - 2:42လိုအပ်ချက်တွေအားလုံး အတွက်တော့ လုံးဝက ိုမမြင်ရဘူးဖြစ်နေတယ်။
-
2:42 - 2:45ဒါပေမယ့် အစပိုင်းတုန်းက စကြာဝဋ္ဌာက
-
2:45 - 2:47နောက်ဆုံး အလင်းတန်းဖျော့ဖျော့ ကိုဖြတ်သန်းနေစဉ်ကတော့
-
2:47 - 2:48ကမ္ဘာမြေဆွဲအားဆိုင်ရာ လှိုင်းတွေက
-
2:48 - 2:51ကျွန်တော်တို့မြင်နေရတဲ့ အလင်းတန်းတွေရဲ့
-
2:51 - 2:53တည်ဆောက်မှုထဲမှာ အလိပ်အခွေလေးတွေ ထသွားစေခဲ့ပါတယ်။
-
2:53 - 2:56ဒါကြောင့် မဟူရာ ညကောင်းကင်ကို နက်သထက်နက်နဲအောင် စိုက်ကြည့်ခြင်းအားဖြင့်
-
2:56 - 2:58တကယ်တမ်းမှာ ဒီပုဂ္ဂိုလ်တွေဟာ တောင်ဝင်ရိုးစွန်းမှာ သုံးနှစ်ကြာအောင်ကိုပဲ
-
2:58 - 2:59အအေးစက်ဆုံး၊ အကြည်လင်ဆုံး၊ သန့်ရှင်းနိူင်သမျှ အသန့်ရှင်းဆုံး လေထုကို ဖြတ်သန်းကာ
-
2:59 - 3:01စူးစူးစိုက် ကြည့်နေခဲ့ကြပြီး၊
-
3:01 - 3:03ညရဲ့ကောင်းကင်ထဲမှာ နက်နက်ရှိုင်းရှိုင်းကြည့်ရင်းနဲ့
-
3:03 - 3:06ဒီအလင်းတန်းကို လေ့လာနေခဲ့ကြတယ်၊
-
3:06 - 3:09ကမ္ဘာမြေဆွဲအားဆိုင်ရာ လှိုင်းတွေ၊ စကြဝဠာ အဦးအစရဲ့
-
3:09 - 3:12မြည်သံ စတာတွေရဲ့သင်္ကေတ၊ နိမိတ် တွေဖြစ်တဲ့
-
3:12 - 3:13မှိန်ဖျော့ဖျာ့ အလိမ်အတွန့်တွေကို ရှာဖွေနေခဲ့ ကြတာပေါ့။
-
3:13 - 3:16ဒီလိုနဲ့ တနင်္လာနေ့မှာတော့ သူတို့ ဒါကိုတွေ့ ပြီလို့
-
3:16 - 3:17ကြေညာလိုက်တော့တာပေါ့။
-
3:17 - 3:19ဒါနဲ့ အံ့သြစရာကောင်းပေမဲ့ ကျွန်တော့ အတွက်
-
3:19 - 3:22ခမ်းနားကြီးကျယ်တဲ့ အရာကတော့ မြည်သံချည်း သက်သက်တော့ မဟုတ်ပါဘူး။
-
3:22 - 3:24လုံးဝကို တအံ့တသြ ဖြစ်စေတာကတော့
-
3:24 - 3:26ဒီစင်မြင့် ပေါ် ကျွန်တော်ရောက်နေရတဲ့ အကြောင်းအရင်းက၊ စကြာဝဠာ အစပိုင်းနဲ့ပတ်သက်ပြီး
-
3:26 - 3:28ကျွန်တော်တို့ကို တစ်စုံတစ်ရာ နက်နက်နဲနဲ ပြောပြတဲ့ အရာကိုပါ။
-
3:28 - 3:31ဒါက ကျွန်တော်တို့ကိုပြောပြတာက ကျွန်တော်တို့ နဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ
-
3:31 - 3:33မြင်တွေ့ရတဲ့ အရာရာတိုင်းဟာ
-
3:33 - 3:34အရင်းခံအားဖြင့် လေဖူဖောင်းကြီး တစ်လုံးပဲဖြစ်ပါတယ်ဆိုတာပါ။
-
3:34 - 3:37နောက်ပြီး ဒါက ဖောင်းပွခြင်း အယူအဆပါပဲ။
-
3:37 - 3:39ပူဖောင်းကြီးတစ်လုံးကို အခြားတစ်စုံတစ်ခုက ဝန်းရံထားတာပါ။
-
3:39 - 3:43ဒါက ဖောင်းပွခြင်းအတွက် ပြည့်စုံခိုင်လုံတဲ့ အထောက်အထားတော့ မဟုတ်ဘူးပေါ့။
-
3:43 - 3:45ဒါပေမယ့် ဖောင်းပွခြင်း မဟုတ်တဲ့ ဘယ်ရှင်းပြချက်ဟာမဆို
-
3:45 - 3:47ဒီလိုပဲ တစ်ထပ်တည်း ဖြစ်ရမှာပါ။
-
3:47 - 3:49လောလောဆယ်မှာတော့ ဒါက
-
3:49 - 3:50သီအိုရီတစ်ခု၊ ယူဆချက်တစ်ခု ဖြစ်နေပါပြီ။
-
3:50 - 3:52ကျွန်တော်တို့ ဒါကို တွေမြင်ရလိမ့် မယ်လို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။
-
3:52 - 3:53ခိုင်မာတဲ့သက်သေ အထောက်အထားကို ဘယ်တော့မှာမှ တွေ့ရမှာမဟုတ်ဘူးလို့
-
3:54 - 3:55ထင်စရာ အကြောင်းရင်းတွေ ရှိခဲ့ပေမဲ့၊ ဒါက ခိုင်မာတဲ့ အထောက်အထားပဲပေါ့။
-
3:55 - 3:57ဒါပေမယ့် တကယ်ကိုပဲ ရူးမိုက်တဲ့ အယူအဆကတော့ ကျွန်တေ်တို့ရဲ့ လေဖူပေါင်းက
-
3:57 - 3:59ဒိထက်ကို အမျာကြီးပိုကြီးတဲ့ လေဖူဖောင်းကြီးထဲမှာ တည်ရှိနေတာပါ၊
-
3:59 - 4:02စကြာဝဋ္ဌာကြီးရဲ့ လိမ့် နေတဲ့အိုးကြီတစ်လုံးပေါ့။
-
4:02 - 4:07ကျွန်တေ်တို့ ဒီအရာကို အပြင်ဘက်ကနေပြီး ဘယ်တော့မှ တွေ့ မြင် မရနိုင်ပါ။
-
4:07 - 4:09ဒါပေမယ့် တောင်ဝန်ရိုးစွန်းကိုသွား၊ သုံးနှစ်လောက် အချိန်ကုန်ခံပြီး
-
4:09 - 4:11မဟူရာ ညကောင်းကင်ရဲ့တည်ဆောက်ပုံတွေကို အသေးစိပ် လေ့လာ ခြင်းဖြင့်သာ
-
4:11 - 4:14ကျွန်တော်တို့ဟာ ဒီလိုမျိုး စကြာဝဠာကြီးမျိုးပုံ ပေါက်ကောင်းပေါက်နေတဲ့
-
4:14 - 4:16အရာဝတ္တုကြီးထဲမှာပါ ဆိုတာကို ကျွန်တေ်တို့ ပုံဖော်လို့ ရနိူင်ပါလိမ့် မယ်။
-
4:16 - 4:19ဒါကမှ ကျွန်တော့ကို အံ့သြစေတာပါ။
-
4:19 - 4:21ကျေးဇူတင်ပါတယ်။
-
4:21 - 4:23(လက်ခုပ်သံများ)
- Title:
- ရူပဗေဒဘာသာရပ်ကို အသစ်ပြန်ရေးနိုင်မယ့် ရှာဖွေတွေ့ရှိချက်။
- Speaker:
- Allan Adams
- Description:
-
၂၀၁၄ ခုနှစ်၊ မတ်လ(၁၄)ရက်ေန့က ရူပေဗဒပညာရှင်တစ်စုကေနြပီး စိတ်လှုပ်ရှားစရာေကာင်းတဲ့ ရှာေဖွမှုတစ်ရပ်ကို ေြကညာလိုက်ပါတယ်။ Big Bang (မဟာေပါက်ကွဲမှုြဖစ်စဥ်) အတွက် သဲလွန်စတစ်ခု အေနနဲ့ စြကာဝဠာ ြပန့်ကားလာမှုဆိုင်ရာ ယူဆချက် တစ်ခု အတွက် သက်ေသခံ အချက်အလက်ေတွပါ။ ရူပေဗဒပညာရှင် မဟုတ်သူေတွအတွက် ဘာအဓိပ္ပါယ် ရှိနုိင်သလဲ။ TED ကေနြပီး အယ်လင် အဒမ်စ်ကို ရလာဒ်ေတွနဲ့ပတ်သက်ြပီး အကျဥ်းချုပ် ရှင်းလင်းြပဖို့ အတွက်ေမးြမန်းခဲ့ ြပီး၊ ဒီ လက်တန်းေဆွးနွေးမှုမှာ xkcdက ရမ်ဒယ် မွန်ရိုးကေနြပီး သရုပ်ြပ ရှင်းလင်းထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 04:42
Myo Aung edited Burmese subtitles for The discovery that could rewrite physics | ||
TED edited Burmese subtitles for The discovery that could rewrite physics | ||
TED edited Burmese subtitles for The discovery that could rewrite physics | ||
TED edited Burmese subtitles for The discovery that could rewrite physics | ||
TED edited Burmese subtitles for The discovery that could rewrite physics | ||
TED edited Burmese subtitles for The discovery that could rewrite physics | ||
TED edited Burmese subtitles for The discovery that could rewrite physics | ||
Maggie S (Amara staff) edited Burmese subtitles for The discovery that could rewrite physics |
Myo Aung
Just decided to help review your file!
Myo Aung
Well done!