ဘာကြောင့် ဖန်သားပြင်တွေက ကျွန်ုပ်တို့ကို ပျော်ရွှင်မှု ပိုနည်းစေတာလဲ။
-
0:01 - 0:04လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စိတ်ဝင်စားစရာ
ကောလဟလတစ်ခု ကြားခဲ့တယ်။ -
0:04 - 0:07သိရတာ အိမ်မွေးတိရိစ္ဆာန်အစာ
ကုမ္ပဏီကြီးရဲ့ ဦးစီးဟာ -
0:07 - 0:09အစုရှင်တွေရဲ့ နှစ်ပတ်လည် အစည်းအဝေးကို
-
0:09 - 0:11ခွေးစာဘူးနဲ့ တက်ခဲ့မယ်။
-
0:11 - 0:13ပြီးတော့ ခွေးစာဘူးကို သူစားခဲ့မယ်ပေါ့။
-
0:13 - 0:16ဒါက သူ့အတွက် ကောင်းတယ်ဆို
သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေအတွက် -
0:16 - 0:18ကောင်းတယ်လို့ သိမ်းသွင်းတဲ့နည်းပါ။
-
0:18 - 0:20ဒီနည်းဗျူဟာကို "ခွေးစာစားခြင်း"လို့
အခုသိကြပြီး -
0:20 - 0:23စီးပွားရေးလောကမှာ တွေ့နေကျ
နည်းဗျူဟာတစ်ခုပါ။ -
0:23 - 0:25လူတိုင်း ဝင်ပြီး ခွေးစာစားတယ်လို့
မဆိုလိုပေမဲ့ -
0:25 - 0:28စီးပွားရေးသမားတွေဟာ
ထုတ်ကုန်တေွကို ယုံကြည်တာ -
0:28 - 0:29ပြသဖို့ သူတို့ ကိုယ်ပိုင်
-
0:29 - 0:31ထုတ်ကုန်တွေကို သုံးကြလိမ့်မယ်။
-
0:31 - 0:33အခု ဒါက ကျယ်ပြန့်တဲ့ အလေ့အထတစ်ခုဆိုပေမဲ့
-
0:33 - 0:36တကယ် စိတ်ဝင်စားစရာကောင်းလို့
ထင်မိတာက ဒီစည်းမျဉ်းရဲ့ -
0:36 - 0:37ခြွင်းချက်တွေတွေ့တဲ့အခါ
-
0:37 - 0:40ကိုယ်ပိုင် ထုတ်ကုန်တွေကိုမသုံးကြတဲ့
လုပ်ငန်းတွေ (သို့) -
0:40 - 0:41ဒီထဲကလူတွေရဲ့ ကိစ္စတွေတွေ့တော့ပါ။
-
0:41 - 0:45ဖြစ်သွားတာက တွေ့နေကျ ပုံစံ၊
အတော် ပုံမှန်ဖြစ်တဲ့နည်းတစ်ခုမှာ -
0:45 - 0:46ဒီလိုဖြစ်တဲ့ လုပ်ငန်းက
-
0:46 - 0:48ဖန်သားပြင် အခြေပြု နည်းပညာ လုပ်ငန်းပါ။
-
0:48 - 0:53ဒါနဲ့ ၂၀၁၀ မှာ Steve Jobs က
iPad ကို ဖြန့်ချီနေတုန်းက -
0:53 - 0:56iPad ကို "ထူးခြားတဲ့’’ ကိရိယာလို့
ဖော်ပြခဲ့တယ်။ -
0:56 - 0:59"သင်ရဖူးခဲ့တာရဲ့ အကောင်းဆုံး
ရှာဖွေခြင်း အတွေ့အကြုံ" -
0:59 - 1:02လက်ပ်တော့ထက် ပိုကောင်းတာ
စမတ်ဖုန်းထက် ပိုကောင်းတာ၊ -
1:02 - 1:03မယုံနိုင်စရာ အတွေ့အကြုံတစ်ခုပါ။"
-
1:03 - 1:06တစ်လ၊ နှစ်လကြာတော့
New York Times မှ သတင်းစာသမားက -
1:06 - 1:07သူ့ကို ချဉ်းကပ်ခဲ့ကာ
-
1:07 - 1:09သူတို့ ဖုန်းအကြာကြီး ပြောခဲ့တယ်
-
1:09 - 1:10ဖုန်းပြောတဲ့အဆုံးမှာ
-
1:10 - 1:13သတင်းစာသမားက ဘောလုံးပျော့လိုမျိုး
မေးခွန်းတစ်ခု ပစ်မေးလိုက်တယ်။ -
1:13 - 1:16သူပြောတာက "မင်းတို့ကလေးတွေ
iPad ကို ချစ်ရမှာပေါ့ကွ"တဲ့။ -
1:17 - 1:18ဒီအတွက် သိသာတဲ့ အဖြေရှိပါတယ်။
-
1:18 - 1:21ဒါပေမဲ့ Jobs ပြောတာက
သတင်းစာသမားကို အံဩစေခဲ့တယ်။ -
1:21 - 1:22သူအရမ်း အံ့ဩသွားတယ်။
-
1:22 - 1:25အကြောင်းက သူပြောတာက
"သူတို့ ဒါကို မသုံးဖူးဘူး၊ -
1:25 - 1:28အိမ်မှာ ကလေးတွေသုံးတဲ့ နည်းပညာ
ပမာဏကို ငါတို့ ကန့်သတ်တယ်။" -
1:28 - 1:32ဒါက နည်းပညာလောကမှာ တွေ့နေကျပါ။
-
1:32 - 1:34တကယ်က Silicon Valley နဲ့ အတော်နီးနီးလေးက
-
1:34 - 1:36Peninsula က Waldorf School
ဆိုတဲ့ ကျောင်းရှိပြီး -
1:37 - 1:40အဌမတန်းမှပဲ ဖန်ပြင်တွေကို မိတ်ဆက်ပေးတယ်။
-
1:40 - 1:42ဒီကျောင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာက
-
1:42 - 1:44ဒီမှာတက်တဲ့ ကလေးတွေရဲ ၇၅% ရဲ့ မိဘတွေဟာ
-
1:44 - 1:47Silicon Valley ရဲ့ အလုပ်အမှုဆောင်အဆင့်
တွေဖြစ်တာပါ။ -
1:47 - 1:51ကျွန်တော် ဒီအကြောင်းကြားတော့
ဒါစိတ်ဝင်စားစရာ၊ အံ့ဩစရာလို့ တွေးမိပြီး -
1:51 - 1:54ဖန်သားပြင်တွေက ကျွန်တော်၊ ကိုယ့် မိသားစု၊
ကိုယ်ချစ်တဲ့လူတွေနဲ့ -
1:54 - 1:56များပြားတဲ့ လူတွေကို ကို ဘာလုပ်နေလဲဆိုတာ
-
1:56 - 1:57စဉ်းစားဖို့ တွန်းပို့တယ်။
-
1:57 - 1:59ဒါနဲ့ ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး
-
1:59 - 2:01စီးပွားရေးနဲ့ စိတ်ပညာ ပါမောက္ခအနေနဲ့
-
2:01 - 2:04ဘဝအပေါ် ဖန်သားပြင်တွေရဲ့
သက်ရောက်မှုတွေကို လေ့လာနေခဲ့တယ်။ -
2:05 - 2:09ကျွန်တော်တို့ဆီက အချိန်ဘယ်လောက်
ယူတယ်ဆိုတာကို အာရုံစိုက်တာနဲ့ပဲ စချင်တယ်၊ -
2:09 - 2:12ဒီနောက် အချိန်က ဘယ်လိုဆိုတဲ့အကြောင်း
ပြောနိုင်တာပေါ့။ -
2:12 - 2:14ဒီမှာ ပြနေတာက သမိုင်းထဲက မတူညီတဲ့
အမှတ် သုံးခုက -
2:14 - 2:17ပျမ်းမျှ ၂၄ နာရီ အလုပ်လုပ်ရက်ပါ။
-
2:17 - 2:19၂၀၀၇ ၊ လွန်ခဲ့တဲ့ ၁၀ နှစ်
-
2:19 - 2:20၂၀၁၅
-
2:20 - 2:23ပြီးတော့ ပြီးခဲ့တဲ့ အပတ်ကပဲ
ကောက်ယူခဲ့တဲ့ ဒေတာပါ။ -
2:23 - 2:25အားလုံး အဲဒီလောက်ကြီး အများကြီး
-
2:25 - 2:26ပြောင်းလဲမသွားခဲ့ပါဘူး။
-
2:27 - 2:30တစ်ရက် ခုနှစ်နာရီခွဲက ရှစ်နာရီလောက်
အကြမ်းဖျင်း အိပ်ကြတယ်၊ -
2:30 - 2:33နည်းနည်း ကျသွားတယ်လို့ တစ်ချို့ပြောပေမဲ့
အများကြီး မပြောင်းလဲပါဘူး။ -
2:33 - 2:37တစ်ရက်ကို ရှစ်နာရီကနေ ကိုးနာရီ
အလုပ်လုပ်တယ်။ -
2:37 - 2:38အသက်ဆက်ရေး လုပ်ဆောင်မှုတွေမှာ
ပါတယ်၊ -
2:38 - 2:42စားတာ၊ ရေချိုးတာ၊ ကလေးတွေကို
စောင့်ရှောက်တာတို့မှာ -
2:42 - 2:43တစ်ရက် သုံးနာရီလောက်ပေါ့
-
2:43 - 2:44ဒါက ဒီအဖြူကွက်လပ် ကျန်နေတယ်၊
-
2:44 - 2:46ကျွန်တော်တို့ ကိုယ်ပိုင်အချိန်ပါ။
-
2:46 - 2:49ဒီကွက်လပ်က ကျွန်တော်တို့အတွက်
မယုံနိုင်အောင် အရေးပါတယ်။ -
2:49 - 2:52ဒါက ကျွန်တော်တို့ကို သီးခြားဖြစ်စေတဲ့
လုပ်ရာ ကွက်လပ်ပါ၊ -
2:52 - 2:55ဒါက ဝါသနာတွေ ဖြစ်ပေါ်ရာ၊
ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိရာ၊ -
2:55 - 2:58ကိုယ့်ဘဝအကြောင်း တွေးမိရာ၊
ဖန်တီးမှုဖြစ်စေရာ၊ -
2:58 - 3:00ကိုယ့်ဘဝ အဓိပ္ပါယ်ရှိ၊မရှိ အနီးကပ်
-
3:00 - 3:02ပြန်ဆွဲပြီး ဖြေရှင်းဖို့ကြိုးစားရာပါ။
-
3:02 - 3:04ဒါတစ်ချို့ကို အလုပ်ကနေလည်းရပေမဲ့
-
3:04 - 3:06လူတွေ သူတို့ဘဝတွေကို ပြန်ကြည့်တဲ့အခါ
-
3:06 - 3:08သူတို့ ဘဝအဆုံးမှာ ဒီလိုဖြစ်ခဲ့ပါလားလို
-
3:08 - 3:09အံ့ဩကြတယ်၊
-
3:09 - 3:11သူတို့ ပြောတဲ့ နောက်ဆုံးအရာတွေ ကြည့်တယ်
-
3:11 - 3:15သူတို့က ဒီကိုယ်ပိုင် အဖြူရောင်ကွက်လပ်မှာ
ဖြစ်ပျက်တဲ့ ကာလတွေကို ပြောနေတယ်။ -
3:15 - 3:17ဒီတော့ အလေးထားအပ်ရာ၊ အရေးကြီးပါတယ်။
-
3:17 - 3:19ကဲ အခုပြသမှာက ကာလအသီးသီးမှာ
-
3:19 - 3:22ဖန်သားပြင်တွေကနေ ယူသွားတဲ့ ဒီနေရာလပ်က
ဘယ်လောက်ရှိတာကိုပါ။ -
3:22 - 3:23၂၀၀၇ ခုနှစ်မှာ
-
3:23 - 3:24ဒီလောက်များပါတယ်။
-
3:24 - 3:27ဒါက Apple ကနေပြီး
iPhone ကို မိတ်ဆက်တဲ့နှစ်ပါ။ -
3:27 - 3:29နောက်ရှစ်နှစ်အကြာမှာ
-
3:29 - 3:30ဒီလောက်များပါတယ်။
-
3:31 - 3:33အခု ဒီလောက်ပါ။
-
3:33 - 3:37ဒါက ဖန်သားပြင်တွေရှေ့မှာ ကျွန်တော်တို့
သုံးကြတဲ့ အားလပ်ချိန်ပမာဏပါ။ -
3:37 - 3:40ဒီအဝါရောင်ဧရိယာ၊ ဒီငွေရောင်မျှင်မျှင်လေးက
အံ့ဖွယ်ဖြစ်ပေါ်ရာပါ။ -
3:40 - 3:42ဒါက သင့်ရဲ့ လူသားဆန်တဲ့ ဘဝတွေပါ။
-
3:42 - 3:44အခုတော့ ဒါက အရမ်းသေးတဲ့ အကွက်ထဲမှာပါ။
-
3:44 - 3:46ဒီတော့ ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ကြလဲ။
-
3:46 - 3:47ကဲ ပထမ မေးခွန်းက
-
3:47 - 3:49ဒီအနီရောင်ကွက်လပ်က ဘာနဲ့တူလဲ။
-
3:49 - 3:51ကဲ တကယ်တော့ ဖန်သားပြင်တွေဟာ
နည်းလမ်းများစွာမှာ -
3:51 - 3:53အံ့ဖွယ်ရာပါ။
-
3:53 - 3:54ကျွန်တော် New York မှာနေတာ
-
3:54 - 3:56မိသားစုဝင်အများအပြားက Australia မှာနေပြီး
-
3:56 - 3:57ကျွန်တော့မှာ တစ်နှစ်သားရှိတယ်
-
3:57 - 4:01သူတို့ကို သူနဲ့မတ်ဆက်ပေးဖို့ နည်းလမ်းက
ဖန်သားပြင်တွေနဲ့ပါ။ -
4:01 - 4:04လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ ကဆို ဒီအတိုင်း
-
4:04 - 4:05လုပ်နိုင်စရာမရှိဘူး။
-
4:05 - 4:07ဒီတော့ ဒါတွေကလာတဲ့ ကောင်းတာတွေ
အများကြီးပါ။ -
4:07 - 4:09သင်လုပ်နိုင်တာက သင့်ကိုယ်သင်မေးတာပါ။
-
4:09 - 4:11ဒီအချိန်အတွင်း ဘာတွေဆက်ဖြစ်နေလဲ။
-
4:11 - 4:13သုံးနေတဲ့ အက်ပ်တွေဟာ
ဘယ်လိုတန်ဖိုးတက်စေလို့လဲ။ -
4:13 - 4:15တချို့က တန်ဖိုးတက်စေပါတယ်။
-
4:15 - 4:17ဒါတွေသုံးနေတဲ့ လူတွေကို ရပ်ခိုင်းပြီး
-
4:17 - 4:19"အခု ဘယ်လိုခံစားရလဲ" လို့မေးရင်
-
4:19 - 4:21ဒီ အက်ပ်တွေက အတော်လေးကောင်းတယ်လို့
သူတို့ပြောကြတယ်၊ -
4:21 - 4:24အပန်းဖြေမှု၊ လေ့ကျင့်ခန်း၊ မိုးလေဝသ၊
စာဖတ်ခြင်းတွေ၊ ပညာရေးနဲ့ -
4:25 - 4:26ကျန်းမာရေးကို အလေးပေးတာတွေပေါ့။
-
4:26 - 4:29ဒါတွေ တစ်ခုစီအပေါ်မှာ တစ်နေ့
ပျှမ်းမျှ ကိုးမိနစ် အချိန်ကုန်ခံတယ်။ -
4:29 - 4:32ဒါတွေက သူတို့ကို
ပျော်ရွှင်မှု နည်းအောင်လုပ်တယ်။ -
4:32 - 4:36လူတွေတစ်ဝက်လောက်ကို ကြားဖြတ်ပြီး
"ဘယ်လို ခံစားရလဲ" မေးရင် -
4:36 - 4:38ဒါတွေသုံးရတာ မကောင်းဘူးလို့ ပြောကြတယ်။
-
4:38 - 4:39ဒါတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာက
-
4:40 - 4:41ချိန်းဆို၊ လူမှုကွန်ရက်၊ ဂိမ်းကစား၊
-
4:41 - 4:44ဖျော်ဖြေရေး၊ သတင်း၊ ဝက်ရှာဖွေခြင်း
အက်ပ်တွေမှာ -
4:44 - 4:47တစ်ခုချင်းကို တစ်နေ့ကို ၂၇ မိနစ်
အချိန်ကုန်ခံသူတွေပါ။ -
4:47 - 4:50ကိုယ့်ကို မပျော်အောင်လုပ်တဲ့ အက်ပ်တွေမှာ
အချိန် သုံးဆ ပိုကုန်ကြတယ်။ -
4:50 - 4:52ဒါက သိပ်ဉာဏ်မရှိရာကျပါတယ်။
-
4:53 - 4:55ဒီအက်ပ်တွေမှာ ဒီလောက်အချိန်အများကြီး
ကုန်တဲ့အကြောင်းက -
4:55 - 4:57ကိုယ့်ကို မပျော်စေတာက
-
4:57 - 4:58ရပ်ဖို့ အချက်ပြတာတွေကို လုယူတာပါ
-
4:58 - 5:01၂၀ ရာစုမှာ ရပ်တဲ့အချက်ပြမှုတွေ
နေရာတိုင်းမှာပါ။ -
5:01 - 5:02ကိုယ် လုပ်ခဲ့တာတိုင်းမှာ
ထည့်ဖုတ်ထားတယ်။ -
5:02 - 5:06ရပ်တဲ့အချက်ပြမှုက အခြေခံအားဖြင့်
ဆက်လုပ်ဖို့ -
5:06 - 5:09အသစ်တစ်ခု၊ မတူတာတစ်ခုခု
လုပ်ဖို့အချက်ပြတာပါ။ -
5:09 - 5:12သတင်းစာတွေအကြောင်း တွေးကြည့်ပါ၊
နောက်ဆုံးမှာ အဆုံးသတ်ရောက်လာတယ်၊ -
5:12 - 5:14သတင်းစာကို ခေါက်ထားပြီး
ဘေးဖယ်ထားလိုက်တယ်။ -
5:14 - 5:17မဂ္ဂဇင်းတွေ၊ စာအုပ်တွေလည်း အတူတူပဲ၊
နောက်ဆုံးအခန်းရောက်လာတယ်၊ -
5:17 - 5:20ဆက်ဖတ်ချင်လားလို့ စဉ်းစားဖို့
သင့်ကို စေ့ဆော်တယ်။ -
5:21 - 5:23တီဗီမှာ ပြပွဲတစ်ပွဲကြည့်တယ်၊
နောက်ဆုံး ပြပွဲပြီးသွားမယ် -
5:23 - 5:26နောက်တစ်ပွဲမလာမချင်း
တစ်ပတ် သင့်မှာ ရှိမယ်။ -
5:26 - 5:27ရပ်တဲ့ အချက်ပြမှုတွေ နေရာတိုင်းမှာပါ
-
5:27 - 5:31ဒါပေမဲ့ ဒီနေ့ မီဒီယာကို သုံးစွဲကြပုံက
ရပ်တဲ့အချက်ပြမှုတွေ မရှိသလိုဖြစ်နေတယ်။ -
5:32 - 5:33သတင်းစီးဝင်မှုက လှိမ့်ဝင်လာပြီး
-
5:34 - 5:37အရာတိုင်းဟာ မကုန်နိုင်အောင်ပဲလေ၊
Twitter Facebook Instagram -
5:37 - 5:40အီးမေးလ်၊ စာတိုပို့ခြင်း၊ သတင်းတွေ၊
-
5:40 - 5:43အြခားရင်းမြစ်အစုံစုံကို စစ်တဲ့အခါ
-
5:43 - 5:46သင်ဟာ ဆက်ကာ၊ဆက်ကာ သွားနိုင်တာပဲ။
-
5:46 - 5:50ဒီတော့ အနောက်ဥရောပကနေ ဘာလုပ်ရမယ်
ဆိုတာ အချက်ပြမှုရနိုင်တယ်။ -
5:50 - 5:54အဲဒီမှာ အလုပ်ခွင်ထဲက အတော်များတဲ့
စိတ်ကူးကောင်းတွေ သူတို့မှာ ရှိပုံရတယ် -
5:54 - 5:56ဟောဒီမှာ နမူနာတစ်ခုပါ။
ဒါ ဒတ်ခ်ျဒီဇိုင်းကုမ္ပဏီပါ -
5:56 - 5:59သူတို့လုပ်ခဲ့တာက
မျက်နှာကြက်ထိ ဆင်ထားတဲ့ စာရေးခုံတွေပါ -
5:59 - 6:01နေ့စဉ် ညနေ ၆ နာရီမှာပါ၊
-
6:01 - 6:03သင် ဘယ်သူ့ကို အီးမေလ်ပို့နေနေ၊
ဘာလုပ်နေနေပါ၊ -
6:03 - 6:05ခုံတွေက မျက်နှာကြက်ထိ မြင့်တယ်။
-
6:05 - 6:06(ရယ်သံများ)
-
6:06 - 6:07(လက်ခုပ်သံများ)
-
6:07 - 6:12တစ်ပတ်ကို လေးရက်၊ ကွက်လပ်ဟာ
ယောဂအခန်းအဖြစ် ပြောင်းသွားတယ်၊ -
6:12 - 6:13တစ်ပတ်တစ်ရက် အကအသင်းဖြစ်သွားတယ်။
-
6:13 - 6:16ဘယ်ဟာကို စွဲလုပ်တာက
သင့်အပေါ်မူတည်ပါတယ်။ -
6:16 - 6:18ဒါပေမဲ့ ရပ်တဲ့စည်းမျဉ်းကောင်းပါ။
-
6:18 - 6:19အကြောင်းက ဒါက အဆုံးမှာ
အရာရာ ရပ်သွားတယ်။ -
6:19 - 6:21အလုပ်လုပ်ဖို့ မရှိလို့ ဆိုလိုတာကြောင့်ပါ။
-
6:22 - 6:25Daimler ဂျာမန် ကားကုမ္ပဏီမှာ
နောက်ထပ် ပြောင်မြောက်တဲ့ နည်းဗျူဟာရှိတယ်။ -
6:25 - 6:27အားလပ်ရက်ခရီးထွက်တဲ့အခါ
-
6:27 - 6:29"ဒီလူ အားလပ်ရက်ခရီး ထွက်နေတယ်၊ နောက်ဆုံး
-
6:29 - 6:30သင့်ဆီ စာပြန်လာမယ်"လို့ ပြောမယ့်အစား
-
6:31 - 6:34ပြောတာက "ဒီလူက အနားယူနေတယ်၊
ဒါကြောင့် သင့်အီးမေးလ်ကို ဖျက်လိုက်ပြီ၊ -
6:34 - 6:36ဒီလူ သင်ပို့တဲ့ အီးမေးလ်ကို ဘယ်တော့မှ
မတွေ့တော့ဘူး" -
6:36 - 6:37(ရယ်သံများ)
-
6:37 - 6:40"တစ်ပတ်နှစ်ပတ်အတွင်း သင်အီးမေးလ်
ပြန်ပို့နိုင်တယ်၊ -
6:40 - 6:42(သို့) အခြားလူဆီ ပို့နိုင်တယ်"
-
6:42 - 6:43(ရယ်သံများ)
-
6:43 - 6:44ဒီလိုနဲ့
-
6:44 - 6:48(လက်ခုပ်သံများ)
-
6:49 - 6:51ဘယ်လိုဆိုတာ စိတ်ကူးကြည့်နိုင်တယ်။
-
6:51 - 6:53သင် အားလပ်ရက်ခရီးထွက်နေတယ်၊
တကယ် အားလပ်ရက်ခရီးမှာပါ။ -
6:53 - 6:55ဒီကုမ္ပဏီမှာ အလုပ်လုပ်တဲ့ လူတွေဟာ တကယ်ပဲ
-
6:55 - 6:57အလုပ်ကနေ အနားရတယ်လို့ ခံစားရတယ်။
-
6:57 - 6:59ဒါပေမဲ့ တကယ်က ဒါက ကိုယ်ပိုင်ဘဝမှာ
-
6:59 - 7:02အိမ်မှာ ဘာလုပ်သင့်တဲ့အကြောင်း
သိပ်မပြောပြတော့ -
7:02 - 7:03အကြံပေးချင်ပါတယ်။
-
7:03 - 7:08ပြောဖို့ လွယ်ပါတယ်။ ညနေ ၅ နာရီနဲ့
၆ နာရီကြား ဖုန်းမသုံးတော့ဘူးလို့ပါ။ -
7:08 - 7:11ပြဿနာက ညနေ ၅ နာရီ၊ ၆ နာရီဟာ
နေ့အမျိုးမျိုးမှာ အမျိုးမျိုးဖြစ်နေပုံရတာ။ -
7:11 - 7:14ပြောဖို့ ပိုကောင်းတဲ့ နည်းဗျူဟာလို့ထင်တာက
-
7:14 - 7:15တစ်ချို့ကို နေ့တိုင်းလုပ်တယ်၊
-
7:15 - 7:17နေ့စဉ်ဖြစ်တဲ့ အကြောင်းတရားတစ်ချို့ပါ၊
-
7:17 - 7:19ဥပမာ ညစာစားတာပေါ့။
-
7:19 - 7:20တစ်ခါတစ်လေ တစ်ယောက်တည်း
-
7:20 - 7:22တစ်ခါတစ်လေတော့ အခြားသူတွေနဲ့၊
-
7:22 - 7:23တစ်ခါတစ်လေ စားသောက်ဆိုင်၊
-
7:23 - 7:24တစ်ခါတစ်လေ အိမ်မှာပေါ့၊
-
7:24 - 7:28ဒါပေမဲ့ ကျွန်တော်ကျင့်သုံးတဲ့နည်းက
ဖုန်းကို စားပွဲမှာ ဘယ်တော့မှမသုံးဘူး။ -
7:28 - 7:30အဝေးမှာ၊
-
7:30 - 7:31ဖြစ်နိုင်မျှ အဝေးမှာပါ။
-
7:31 - 7:33ဆွဲဆောင်မှုကို ခုခံရာမှာ အတော်ညံ့လို့ပါ။
-
7:33 - 7:36ဒါပေမဲ့ ရပ်တဲ့အချက်ပြမှုရတဲ့ခါ
ညစာ စစားတိုင်း -
7:36 - 7:38ဖုန်းက အဝေးရောက်နေတယ်၊
-
7:38 - 7:39ဆွဲဆောင်မှုကို တစ်ပါတည်း ရှောင်တာပါ
-
7:39 - 7:41အစမှာတော့ နာကျင်တာပေါ့၊
-
7:41 - 7:43ပွဲကောင်းတွေလွဲပြီလို့ပေါ့။
-
7:43 - 7:44(ရယ်သံများ)
-
7:44 - 7:45ကျွန်တော် ရုန်းကန်ခဲ့တယ်
-
7:45 - 7:47ဒါပေမဲ့ ကြုံရတာက၊ သင် ကျင့်သားရသွားတယ်၊
-
7:47 - 7:50မူယစ်ဆေးဖြတ်တာလိုအလားတူ
သင်ကျော်လွှားတာပါ။ -
7:50 - 7:53ကြုံရတာက ဘဝဟာ ပိုပြီး
အရောင်စုံ၊ ပိုကြွယ်ဝ၊ -
7:53 - 7:54ပိုစိတ်ဝင်စားစရာကောင်းလာ
-
7:54 - 7:56စကားပြောဆိုတာတွေပိုကောင်းလာတာပါ။
-
7:56 - 7:59သင်ဟာ တကယ်ပဲ သင်နဲ့အတူရှိနေကြတဲ့
လူတွေနဲ့ဆက်သွယ်တာပါ၊ -
7:59 - 8:01စိတ်ဝင်စားစရာနည်းဗျူဟာ လို့ထင်ပြီး
-
8:01 - 8:03ဒါ အလုပ်ဖြစ်တာသိတယ်၊
အကြောင်းက လူတွေဒါကို လုပ်တဲ့အခါ -
8:03 - 8:06စမ်းလုပ်ခဲ့ကြတဲ့ လူအတော်များများကို
ခြေရာခံကြည့်တော့ -
8:06 - 8:07ဒါက ကျယ်ပြန့်သွားတယ်။
-
8:07 - 8:08သူတို့ အတော်နေလို့ကောင်းတယ်
-
8:08 - 8:12ဒါကို မနက်ပိုင်း တစ်နေ့တာရဲ့
ပထမနာရီ စလုပ်ကြတယ်။ -
8:12 - 8:15စနေ၊တနင်္ဂနွေမှာ သူတို့ဖုန်းတွေကို
လေယာဉ်စနစ်စထားတယ်။ -
8:15 - 8:18ဒီနည်းက သင်ဖုန်းမှာ ကင်မရရှိသေးပေမဲ့
ဖုန်းတော့ မဟုတ်တော့ဘူး။ -
8:19 - 8:20ဒါဟာ တကယ် စွမ်းတဲ့စိတ်ကူးပါ။
-
8:20 - 8:23ဒါကိုလုပ်တဲ့အခါ သူတို့ဘဝနဲ့ပတ်သက်ပြီး
အများကြီး နေလို့ကောင်းကြတာ သိပါတယ်။ -
8:24 - 8:26ဒီတော့ ဒီကနေ မှတ်သားစရာက ဘာလဲ။
-
8:26 - 8:28ဖန်ပြင်တွေဟာ အံ့ဖွယ်ရာပါ၊
ဒါကို ပြောပြီးပါပြီ၊ -
8:28 - 8:29မှန်တယ်လို့ ခံစားမိပါတယ်။
-
8:29 - 8:34ဒါပေမဲ့ ကျွန်တော်တို့ သုံးပုံက တကယ့်ကို
မြန်ပြီး ရှည်တဲ့လမ်းထဲကို မောင်းနေပြီး -
8:34 - 8:37လီဗာကို ကြမ်းပြင်မှာ နင်းထားတဲ့
ကားထဲမှာရှိတာမျိုးနဲ့ အရမ်းဆင်တယ် -
8:37 - 8:39ဘရိတ်ခြေနင်းဆီရောက်ဖို့
ခက်တာမျိုးပါ။ -
8:39 - 8:41သင့်မှာ ရွေးချယ်မှုတစ်ခုရှိတယ်။
-
8:42 - 8:46ပြောမယ်ဆို လှပတဲ့ သမုဒ္ဒရာရှုခင်းတွေကို
စုန်မျှောကာ -
8:46 - 8:49ပြတင်းပေါက်ကနေ လျှပ်တစ်ပြက်
ဓာတ်ပုံရိုက်နိုင်တယ်၊ ဒါကအလွယ်လေးပါ၊ -
8:49 - 8:52(သို့) လမ်းဘေးကို ကားကိုရွှေ့ဖို့
ဘရိတ်ခြေနင်းကို တွန်းဖို့ -
8:52 - 8:54အပြင်ထွက်ဖို့
-
8:54 - 8:55တမင်ထွက်လိုက်လို့ရတယ်၊
-
8:55 - 8:57ဖိနပ်နဲ့ ခြေအိတ်တွေချွတ်ပါ
-
8:57 - 8:59သဲပေါ်ကို ခြေတစ်လှမ်းနှစ်လှမ်းပါ
-
8:59 - 9:01ခြေဖဝါးအောက်က သဲဟာ
ဘယ်လိုဆိုတာ ခံစားပါ -
9:02 - 9:03သမုဒ္ဒရာဆီ လမ်းလျှောက်ပါ
-
9:03 - 9:05သမုဒ္ဒရာက သင့်ခြေချင်းဝတ်တွေကို
ရိုက်ခတ်ပါစေ၊ -
9:05 - 9:08သင့်ဘဝဟာ ပိုကြွယ်ဝပြီး
ပိုအဓိပ္ပါယ်ပြည့်ဝလာမယ် -
9:08 - 9:10အကြောင်းက ဒီအတွေ့အကြုံကို
ရှုသွင်းလိုက်ပြီး -
9:10 - 9:13ကားထဲမှာ သင့်ဖုန်းကျန်ခဲ့လို့ပါ။
-
9:13 - 9:14ကျေးဇူးပါ။
-
9:14 - 9:16(လက်ခုပ်သံများ)
- Title:
- ဘာကြောင့် ဖန်သားပြင်တွေက ကျွန်ုပ်တို့ကို ပျော်ရွှင်မှု ပိုနည်းစေတာလဲ။
- Speaker:
- Adam Alter
- Description:
-
ဖန်သားပြင်တွေနဲ့ ကိရိယာတွေက ကျွန်ုပ်တို့ကို ဘာတွေလုပ်နေလဲ။ စိတ်ပညာရှင် Adam Alter ဟာ ဖန်သားပြင်တွေက ကျွန်ုပ်တို့ဆီကနေ အချိန်တွေ ဘယ်လောက်တောင် ခိုးယူပြီး ဒါတွေက ဘယ်လိုလွတ်မြောက်နေတယ်ဆိုတာကို လေ့လာပါတယ်။ သူကနေပြီး သင့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက် (သို့) ကွန်ပြူတာကို စိုက်ကြည့်ရင်း ကုန်ဆုံးသွားတဲ့ နာရီအားလုံးဟာ ဘာကြောင့် သင့်ကို စိတ်မချမ်းမြေ့အောင် လုပ်နေလောက်တာနဲ့ ဒါနဲ့ ပတ်သက်ပြီး သင်လုပ်နိုင်တာကို မျှဝေထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 09:29
sann tint edited Burmese subtitles for Why our screens make us less happy | ||
sann tint approved Burmese subtitles for Why our screens make us less happy | ||
Myo Aung accepted Burmese subtitles for Why our screens make us less happy | ||
Myo Aung edited Burmese subtitles for Why our screens make us less happy | ||
sann tint edited Burmese subtitles for Why our screens make us less happy | ||
sann tint edited Burmese subtitles for Why our screens make us less happy | ||
sann tint edited Burmese subtitles for Why our screens make us less happy | ||
sann tint edited Burmese subtitles for Why our screens make us less happy |