-
လူနေမှုစနစ်ကြီးအစပြုခဲ့တာ
နှစ်ပေါင်းဘီလီယံနဲ့
-
အထက် ရှိနေပါပြီ
-
သက်ရှိကမ္ဘာကြီးမှ အမှိုက်ဆိုတာမရှိပါ
-
အဲဒီအစား ရုပ်ဝါဒပြောင်းလဲခြင်းပဲရှိတယ်
-
တစ်ကောင်စွန့်လိုက်တာက တခြားကောင်အတွက်အစာပဲ
-
နေရောင်ခြည်က စွမ်းအင်ထုတ်လွှတ်တယ်
-
သူတို့ကြီးထွားတယ်၊ သေဆုံးကြတယ်
-
အာဟာရဓာတ်တွေက မြေဆီဖြစ်သွားကြတယ်
-
နောက်ထပ် လည်ပတ်ကြပြန်တယ်
-
သို့ပေမယ့် လူသားတွေအနေနဲ့
-
ကျွန်တော်တို့က အစဉ်လိုက်ဖွံ့ဖြိုးလာကြတယ်
-
တီထွင်တယ်၊ အသုံးပြုတယ်၊ စွန့်ပစ်လိုက်ကြတယ်
-
ဖုန်းအသစ် ပေါ်လာပြီလေ
-
အဟောင်းကို ချောင်ထိုးထားလိုက်ကြတယ်
-
ကျွန်တော်တို့အဝတ်လျှော်စက်ပျက်ရင်
-
အသစ်တစ်ခု ဝယ်လိုက်ကြတယ်
-
ဒီလိုတွေ လုပ်ကြတိုင်းမှာ ကျွန်တော်တို့ဟာ
ကန့်သတ်ချက်ရှိတဲ့အရင်းအမြစ်တွေကိုသုံးပြီး
-
အဆိပ်ဖြစ်စေတဲ့အမှိုက်တွေထုတ်လုပ်နေကြတာပါပဲ
-
ဒီလိုက ရေရှည်မှာတော့ မဖြစ်ဘူး
-
ဒီတော့ ဘာလုပ်ကြမလဲ
-
သက်ရှိကမ္ဘာကြီး သံသရာလည်ပုံကို
ကျွန်တော်တို့လက်ခံကြမယ်ဆိုရင်
-
ကျွန်တော်တို့တွေးမြင်ပုံကိုပြောင်းနိုင်တယ်
-
ပြီးတော့ ချွေတာရေးစက်ဝန်းကို စတင်နိုင်မယ်
-
ဂေဟစက်ဝန်းနဲ့ပဲ စလိုက်ကြရအောင်
-
စွန့်ပစ်ပစ္စည်းတွေကို လျော့ချဖို့ထက်
ဘယ်လိုပြန်သုံးစွဲနိုင်ကြမလဲ
-
ထုတ်ကုန်တွေနဲ့ အစိတ်အပိုင်းတွေကို
ပြန်လည်သုံးသပ်ပြီး ဒီဇိုင်းဆွဲရမယ်
-
ပြီးတော့ ထုပ်ပိုးမှုတွေရောပဲ
-
ဘေးကင်းပြီး မြေဩဇာဖြစ်မယ့်
ထုတ်ကုန်တွေ ဖန်တီးနိုင်ပါတယ်
-
အမြန်ကြီးထွားဖို့ ကူညီပေးနိုင်ဖို့ပေါ့
-
ရုပ်ရှင်တွေထဲမှာ ပြောကြသလိုပဲ
-
"ဒါတွေထုတ်လုပ်ဖို့ ဘယ်အရင်းအမြစ်မှ
မဆုံးရှုံးခဲ့ပါဘူး"
-
ဒီတော့ အဝတ်လျှော်စက်တွေ
မိုဘိုင်းဖုန်းတွေ၊ ရေခဲသေတ္တာတွေကရော
-
သူတို့ကမဆွေးမြေ့နိုင်တာ ကျွန်တော်တို့သိတယ်
-
ကျွန်တော်တို့ တခြားပုံစံနဲ့
ပြန်သုံးသပ်ဖို့ ပြောနေကြတာပါ
-
အရေးကြီးတဲ့ စက်ဝန်းသံသရာလည်ဖို့တွေ
-
ပေါ်လီမာတွေနဲ့ သတ္တုစပ်လေးတွေ
-
သူတို့အရဲ့ အရည်အသွေးတွေက ကျန်ရှိနေပြီး
-
ဆက်လက်အသုံးဝင်နိုင်တာက
-
တစ်ခုချင်းစီရဲ့ သက်တမ်း
ကျော်လွန်ပြီးတဲ့အချိန်ထိတောင်မှပါပဲ
-
တကယ်လို့ ဒီနေ့ကုန်ပစ္စည်းက နောက်ရက်အတွက်
အရင်းအမြစ်တစ်ခုဖြစ်လာရင်ရော ဘာဖြစ်မလဲ
-
ဒါဟာ စီးပွားရေးအရ ယုတ္တိကျပါတယ်
-
လွှင့်ပစ်လိုက်မယ့်အစား
အစားထိုးသုံးမယ့်ပုံစံဟာ နေသားကျသွားမှာပါ
-
ကျွန်တော်တို့ရွေးတဲ့ ပြန်ယူပြန်သုံးစနစ်က
-
ထုတ်ကုန်တွေနဲ့အစိတ်အပိုင်းတွေကို ပြန်ဖြုတ်
ပြန်တပ်ဖို့ ဒီဇိုင်းဆွဲထားတာမျိုး တစ်ခုပါ
-
ဖြေရှင်းနည်းတစ်ခုကတော့ ကျွန်တော်တို့ရဲ့
ပိုင်ဆိုင်မှုတွေကို ပြန်သုံးသပ်ဖို့ပါ
-
တကယ်လို့ ကျွန်တော်တို့ရဲ့ နည်းပညာတွေကို
တကယ် မပိုင်ခဲ့ရင်ရော
-
ကုန်ထုတ်လုပ်ငန်းတွေကနေ
သူတို့ကို ရထားတာပဲ
-
အခု သူတို့ကို ဒီစက်ဝန်းနှစ်ခုမှာ ထည့်ကြမယ်
-
ထုတ်ကုန်တွေကို ထုတ်လုပ်သူတွေဆီ
ပြန်ပို့မယ်လို့ စဉ်းစားကြည့်ပါ
-
နည်းပညာသုံးထုတ်ကုန်တွေကို ပြင်သုံးကြဖို့လေ
-
သူတို့ရဲ့ ဇီဝအစိတ်အပိုင်းတွေဟာ
စိုက်ပျိုးရေးကို တိုးမြှင့်စေနိုင်မှာပါ
-
အဲဒီထုတ်ကုန်တွေဟာပြန်လည်ပြည့်ဖြိုးစွမ်းအင်
တွေနဲ့ ပြုလုပ်မယ် သယ်ယူကြမယ်လို့
-
စဉ်းစားကြည့်ပါဦး
-
ဒီနေရာမှာ ပေါကြွယ်မှုကို ရေရှည်စေမယ့်
ပုံစံတစ်ခုရှိပါတယ်
-
နောက်ပြီး သတင်းကောင်းတွေက
-
ကုမ္ပဏီတွေ ရှိနေပါပြီ
-
အဲလိုအစီအစဉ်တွေကို အကောင်အထည်
ဖော်ဖို့အတွက်ပါ
-
သို့ပေမယ့် ဂေဟစက်ဝန်းက စက်ရုံတစ်ခုထဲကပဲ
ထုတ်ကုန်တစ်ခုထဲကို ပြောင်းလဲဖို့ မဟုတ်ပါ
-
ဒါဟာ ကျွန်တော်တို့ရဲ့ အခြေခံအဆောက်အဦတွေနဲ့
စီးပွားရေးလုပ်ငန်းတွေရဲ့ ဆက်နွယ်မှု
-
အကြောင်းပါပဲ
-
အတူတူဆောင်ရွက်ကြပါမယ်
-
ဒါဟာ စွမ်းအင်အကြောင်းဖြစ်ပါတယ်
-
ဒါဟာ လည်ပတ်မှုစနစ်အကြောင်း
ပြန်လည်သုံးသပ်တာဖြစ်ပါတယ်
-
အမြင်သစ်တွေ၊ အလားအလာသစ်တွေကိုဖွင့်လှစ်ဖို့
ထူးခြားတဲ့အခွင့်အလမ်းတွေ ရှိပါတယ်
-
ပစ္စုပ္ပာန်ရဲ့ စိတ်ပျက်စရာတွေထဲမှာ
ပိတ်မိနေကြမယ့်အစား
-
အတွေးအမြင်သစ်တွေနဲ့
-
ပြန်လည်သုံးသပ်ကြပြီးတော့
ကျွန်တော်တို့ အနာဂတ်ကို ပြန်ရေးဆွဲကြရအောင်