လူနေမှုစနစ်ကြီးအစပြုခဲ့တာ နှစ်ပေါင်းဘီလီယံနဲ့ အထက် ရှိနေပါပြီ သက်ရှိကမ္ဘာကြီးမှ အမှိုက်ဆိုတာမရှိပါ အဲဒီအစား ရုပ်ဝါဒပြောင်းလဲခြင်းပဲရှိတယ် တစ်ကောင်စွန့်လိုက်တာက တခြားကောင်အတွက်အစာပဲ နေရောင်ခြည်က စွမ်းအင်ထုတ်လွှတ်တယ် သူတို့ကြီးထွားတယ်၊ သေဆုံးကြတယ် အာဟာရဓာတ်တွေက မြေဆီဖြစ်သွားကြတယ် နောက်ထပ် လည်ပတ်ကြပြန်တယ် သို့ပေမယ့် လူသားတွေအနေနဲ့ ကျွန်တော်တို့က အစဉ်လိုက်ဖွံ့ဖြိုးလာကြတယ် တီထွင်တယ်၊ အသုံးပြုတယ်၊ စွန့်ပစ်လိုက်ကြတယ် ဖုန်းအသစ် ပေါ်လာပြီလေ အဟောင်းကို ချောင်ထိုးထားလိုက်ကြတယ် ကျွန်တော်တို့အဝတ်လျှော်စက်ပျက်ရင် အသစ်တစ်ခု ဝယ်လိုက်ကြတယ် ဒီလိုတွေ လုပ်ကြတိုင်းမှာ ကျွန်တော်တို့ဟာ ကန့်သတ်ချက်ရှိတဲ့အရင်းအမြစ်တွေကိုသုံးပြီး အဆိပ်ဖြစ်စေတဲ့အမှိုက်တွေထုတ်လုပ်နေကြတာပါပဲ ဒီလိုက ရေရှည်မှာတော့ မဖြစ်ဘူး ဒီတော့ ဘာလုပ်ကြမလဲ သက်ရှိကမ္ဘာကြီး သံသရာလည်ပုံကို ကျွန်တော်တို့လက်ခံကြမယ်ဆိုရင် ကျွန်တော်တို့တွေးမြင်ပုံကိုပြောင်းနိုင်တယ် ပြီးတော့ ချွေတာရေးစက်ဝန်းကို စတင်နိုင်မယ် ဂေဟစက်ဝန်းနဲ့ပဲ စလိုက်ကြရအောင် စွန့်ပစ်ပစ္စည်းတွေကို လျော့ချဖို့ထက် ဘယ်လိုပြန်သုံးစွဲနိုင်ကြမလဲ ထုတ်ကုန်တွေနဲ့ အစိတ်အပိုင်းတွေကို ပြန်လည်သုံးသပ်ပြီး ဒီဇိုင်းဆွဲရမယ် ပြီးတော့ ထုပ်ပိုးမှုတွေရောပဲ ဘေးကင်းပြီး မြေဩဇာဖြစ်မယ့် ထုတ်ကုန်တွေ ဖန်တီးနိုင်ပါတယ် အမြန်ကြီးထွားဖို့ ကူညီပေးနိုင်ဖို့ပေါ့ ရုပ်ရှင်တွေထဲမှာ ပြောကြသလိုပဲ "ဒါတွေထုတ်လုပ်ဖို့ ဘယ်အရင်းအမြစ်မှ မဆုံးရှုံးခဲ့ပါဘူး" ဒီတော့ အဝတ်လျှော်စက်တွေ မိုဘိုင်းဖုန်းတွေ၊ ရေခဲသေတ္တာတွေကရော သူတို့ကမဆွေးမြေ့နိုင်တာ ကျွန်တော်တို့သိတယ် ကျွန်တော်တို့ တခြားပုံစံနဲ့ ပြန်သုံးသပ်ဖို့ ပြောနေကြတာပါ အရေးကြီးတဲ့ စက်ဝန်းသံသရာလည်ဖို့တွေ ပေါ်လီမာတွေနဲ့ သတ္တုစပ်လေးတွေ သူတို့အရဲ့ အရည်အသွေးတွေက ကျန်ရှိနေပြီး ဆက်လက်အသုံးဝင်နိုင်တာက တစ်ခုချင်းစီရဲ့ သက်တမ်း ကျော်လွန်ပြီးတဲ့အချိန်ထိတောင်မှပါပဲ တကယ်လို့ ဒီနေ့ကုန်ပစ္စည်းက နောက်ရက်အတွက် အရင်းအမြစ်တစ်ခုဖြစ်လာရင်ရော ဘာဖြစ်မလဲ ဒါဟာ စီးပွားရေးအရ ယုတ္တိကျပါတယ် လွှင့်ပစ်လိုက်မယ့်အစား အစားထိုးသုံးမယ့်ပုံစံဟာ နေသားကျသွားမှာပါ ကျွန်တော်တို့ရွေးတဲ့ ပြန်ယူပြန်သုံးစနစ်က ထုတ်ကုန်တွေနဲ့အစိတ်အပိုင်းတွေကို ပြန်ဖြုတ် ပြန်တပ်ဖို့ ဒီဇိုင်းဆွဲထားတာမျိုး တစ်ခုပါ ဖြေရှင်းနည်းတစ်ခုကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်သုံးသပ်ဖို့ပါ တကယ်လို့ ကျွန်တော်တို့ရဲ့ နည်းပညာတွေကို တကယ် မပိုင်ခဲ့ရင်ရော ကုန်ထုတ်လုပ်ငန်းတွေကနေ သူတို့ကို ရထားတာပဲ အခု သူတို့ကို ဒီစက်ဝန်းနှစ်ခုမှာ ထည့်ကြမယ် ထုတ်ကုန်တွေကို ထုတ်လုပ်သူတွေဆီ ပြန်ပို့မယ်လို့ စဉ်းစားကြည့်ပါ နည်းပညာသုံးထုတ်ကုန်တွေကို ပြင်သုံးကြဖို့လေ သူတို့ရဲ့ ဇီဝအစိတ်အပိုင်းတွေဟာ စိုက်ပျိုးရေးကို တိုးမြှင့်စေနိုင်မှာပါ အဲဒီထုတ်ကုန်တွေဟာပြန်လည်ပြည့်ဖြိုးစွမ်းအင် တွေနဲ့ ပြုလုပ်မယ် သယ်ယူကြမယ်လို့ စဉ်းစားကြည့်ပါဦး ဒီနေရာမှာ ပေါကြွယ်မှုကို ရေရှည်စေမယ့် ပုံစံတစ်ခုရှိပါတယ် နောက်ပြီး သတင်းကောင်းတွေက ကုမ္ပဏီတွေ ရှိနေပါပြီ အဲလိုအစီအစဉ်တွေကို အကောင်အထည် ဖော်ဖို့အတွက်ပါ သို့ပေမယ့် ဂေဟစက်ဝန်းက စက်ရုံတစ်ခုထဲကပဲ ထုတ်ကုန်တစ်ခုထဲကို ပြောင်းလဲဖို့ မဟုတ်ပါ ဒါဟာ ကျွန်တော်တို့ရဲ့ အခြေခံအဆောက်အဦတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဆက်နွယ်မှု အကြောင်းပါပဲ အတူတူဆောင်ရွက်ကြပါမယ် ဒါဟာ စွမ်းအင်အကြောင်းဖြစ်ပါတယ် ဒါဟာ လည်ပတ်မှုစနစ်အကြောင်း ပြန်လည်သုံးသပ်တာဖြစ်ပါတယ် အမြင်သစ်တွေ၊ အလားအလာသစ်တွေကိုဖွင့်လှစ်ဖို့ ထူးခြားတဲ့အခွင့်အလမ်းတွေ ရှိပါတယ် ပစ္စုပ္ပာန်ရဲ့ စိတ်ပျက်စရာတွေထဲမှာ ပိတ်မိနေကြမယ့်အစား အတွေးအမြင်သစ်တွေနဲ့ ပြန်လည်သုံးသပ်ကြပြီးတော့ ကျွန်တော်တို့ အနာဂတ်ကို ပြန်ရေးဆွဲကြရအောင်