-
ဥက္ကဌ အလက်ဇန္ဒား၊
အထက်လွှတ်တော်အမတ် မာရေးနှင့်တကွ
-
ဂုဏ်သရေရှိ ကော်မတီအဖွဲ့ဝင်များကို
-
ဒီနေ့ စကားပြောခွင့်ပေးတဲ့အတွက်
ကျေးဇူးတင်ရှိပါတယ်
-
အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ
-
ကျွန်တော်ဖော်ပြခဲ့တဲ့အတိုင်းပါပဲ
ကျွန်တော့်နာမည်က အေသန်လင်ဒန်ဘာဂါ ဖြစ်ပြီး
-
နောဝေါ့ခ် အထက်တန်းကျောင်းမှာ
စီနီယာတန်းတက်ရောက်နေပါတယ်
-
ကျွန်တော့်အမေက ကာကွယ်ဆေးဆန့်ကျင်မှုကို
ထောက်ခံသူ တစ်ဦးပါ
-
ကာကွယ်ဆေးတွေဟာ အော်တစ်ဇင်ရောဂါ၊
ဦးနှောက်ထိခိုက်မှုတွေကို ဖြစ်စေပြီး
-
ကျန်းမာရေးနဲ့ လူဘောင်အဖွဲ့အစည်း လုံခြုံမှုကို
အကျိုးမဖြစ်စေဘူးလို့ ယုံကြည်နေသူပေါ့
-
အဲဒီလိုထင်မြင်ချက်တွေဟာ မှားပါတယ်လို့
သိပ္ပံပညာဆိုင်ရာ အဖွဲ့အစည်းက
-
အကြိမ်ကြိမ်အခါခါ
ထုတ်ပြန်ထားပေမယ့်လည်းလေ
-
ကျွန်တော့်တစ်ဘဝလုံး
ကာကွယ်ဆေးမျိုးစုံ မထိုးဘဲနေခဲ့တယ်
-
ဝက်သက်ရောဂါ၊ ရေကျောက်၊ ဒါမှမဟုတ်
ပိုလီယိုရောဂါကာကွယ်ပေးတဲ့ ဆေးတွေပေါ့
-
ဒါပေမဲ့ ဒီဇင်ဘာလ ၂၀၁၈ မှာတော့
-
ကျွန်တော်မထိုးခဲ့ရတဲ့ ကာကွယ်ဆေးတွေကို စထိုးခဲ့တယ်
-
ကျွန်တော့်အမေ သဘောမတူပေမယ့်လည်းပေါ့
-
နောက်ဆုံးတော့ ဒီနေ့ ဒီနေရာမှာ
ပြောနေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာပါပြီ
-
အဲဒီအတွက် ကျွန်တော် အလွန်ပျော်မိပြီး
ကျေးဇူးတင်ပါတယ်
-
အခု ဘာကြောင့် ကျွန်တော် ဒီကိုလာခဲ့ရသလဲဆိုတာနဲ့
တကယ်ပြောပြချင်တဲ့အကြောင်းက ဘာလဲဆိုတာကို နားလည်စေဖို့
-
ကျွန်တော့်ရဲ့ အိမ်ဘဝအကြောင်း၊ ကျွန်တော်ကြီးပြင်းခဲ့ရတဲ့
အကြောင်းနဲ့ပက်သက်ပြီး အသေးစိတ်ကို မျှဝေရပါမယ်
-
ကျွန်တော်က အမေ့ရဲ့ ယုံကြည်မှုဖြစ်တဲ့
ကာကွယ်ဆေးတွေဟာ အန္တရာယ်များတယ်ဆိုတဲ့
-
ယုံကြည်မှုကို နားလည်ရင်းနဲ့ ကြီးပြင်းခဲ့ရတာပါ
-
ပြီးတော့ သူကလည်း ဒီအမြင်တွေနဲ့ ပက်သက်ပြီး
ပွင့်ပွင့်လင်းလင်း ပြောပါလိမ့်မယ်
-
အွန်လိုင်းကနေရော လူကိုယ်တိုင်ပါ
-
သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်းကို ပြောပါလိမ့်မယ်
-
ပြီးတော့ ဒီယုံကြည်မှုတွေဟာ
ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ဆုံတွေ့ခဲ့ရပါတယ်
-
ကျွန်တော့်ဘဝတစ်လျှောက်လုံး
သံသယမျိုးစေ့တွေ စိုက်ပျိုးခဲ့ပြီး
-
မေးခွန်းတွေ တိုးပွားလာခဲ့တယ်
-
ကျွန်တော့်အမေ လက်ခံရရှိလောက်မယ့်
ရန်လိုမှုတွေကြောင့်ပေါ့
-
ဒါပေမဲ့ တကယ်တမ်း အဲဒါက
ဘယ်နေရာကိုမှ တကယ်မရောက်ခဲ့ပါဘူး
-
အခု နားလည်ဖို့ အရေးကြီးလာပါပြီ
-
ကျွန်တော် အထက်တန်းကျောင်း စတက်ခဲ့တဲ့အတွက်
-
ကိုယ့်ကိုယ်ကိုယ် စပြီး ဝေဖန်သုံးသပ်ခဲ့တဲ့အတွက်
-
ကာကွယ်ဆေးတွေရဲ့ အကာအကွယ်ပေးမှုဆိုင်ရာ
အချက်အလက်တွေဟာ
-
သိပ်ကို ပိုလွန်းတယ်လို့ မြင်ခဲ့မိတယ်
-
ကျွန်တော့်ကျောင်းမှာ စကားရည်လုအဖွဲ့ကို
စတင် ဉီးဆောင်ပြီး
-
အထက်က အမှန်တရားတွေကို စူးစမ်းရှာဖွေရင်းပေါ့
-
ပြီးတော့ ယေဘုယျကျကျ စကားရည်လုဖို့
ပြောဆိုနိုင်ဖို့
-
သေချာတဲ့ အရည်အချင်းတစ်ခု ရှိရမယ်ဆိုတာ
နားလည်ခဲ့တယ်
-
အချေအတင်ဆွေးနွေးမှုတွေကို သတိပြုရတဲ့အခါမျိုးပေါ့
-
ဆွေးနွေးမှုတစ်ခုမှာ အမြဲတမ်းလိိုလို နှစ်ဖက်ရဖြစ်တတ်တဲ့ ဆွေးနွေးမှုမျိုးပေါ့
-
အမြဲတမ်းလိိုလို အချေ ဒါမှမဟုတ် အတင်ရှိတတ်ပြီး
-
စကားရည်လုဖို့အတွက် ပြန်ပြောစရာ တစ်ခုခုရှိရဦးမယ်လေ
-
အဲဒါက အခြေခံအရ မှန်တယ်လို့ ထင်ရပေမယ့်လည်း
-
ကာကွယ်ဆေးဆိုင်ရာ စကားရည်လုပွဲအတွက်တော့ မမှန်ပါဘူး
-
အမေမှားခဲ့တယ်ဆိုတဲ့ ပူပန်မှုနဲ့ပဲ
-
ကျွန်တော် အမေ့ကို ဖြောင်းဖြခဲ့တယ်
-
ကျွန်တော် အမေ့ကို အခါခါ ဖြောင်းဖြခဲ့တယ်
-
ကာကွယ်ဆေးတွေဟာ ဘေးကင်းတာကြောင့် ကျွန်တော် ကာကွယ်ဆေးထိုးသင့်တယ်လို့ ရှင်းပြကြည့်ရင်းနဲ့ပေါ့
-
ကာကွယ်ဆေးတွေဟာ အော်တစ်ဇင်ဖြစ်နိုင်ပြီး အလွန်အမင်း ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတဲ့
-
ယူဆချက်တွေဟာ မှားယွင်းပါတယ်လို့ သေချာထောက်ပြထားတဲ့
-
CDC က ဆောင်းပါးနဲ့တောင်မှ
-
ဖြောင်းဖြကြည့်ပါသေးတယ်
-
ကျွန်တော် အမေ့ကို CDC ရဲ့ ဆောင်းပါးဖြစ်တဲ့ ကာကွယ်ဆေးတွေဟာ
-
အော်တစ်ဇင်မဖြစ်နိုင်ဘူးလို့ အခိုင်အမာပြောထားတဲ့
အချက်ကို သာဓကထား ဖြောင်းဖြတော့
-
သူတို့က သားကို အဲဒီလို တွေးစေချင်လို့ဆိုပြီး
သူက တုံ့ပြန်ခဲ့ပါတယ်
-
အဲဒီအချက်ကြောင့် သံသယနဲ့ ပူပန်မှုတွေ
ဉီးဆောင်လာခဲ့ပါတယ်
-
အခု ဒီလို ပြန်လည်အတည်ပြုထားတဲ့
ပြောကြားချက်တွေဖြစ်တဲ့
-
ကာကွယ်ဆေးတွေရဲ့ ကာကွယ်မှု သက်သေဟာ
-
အနည်းဆုံး ဖြစ်ရပ်မှန်အဆင့်ထက်တော့
-
ပိုကောင်းပါတယ် ကျွန်တော့်အမေ
ပြောပြောနေတဲ့ အမြစ်တွယ်နေတဲ့
-
သတင်းအမှားထက်ပေါ့
-
ပြီးတော့ အဲဒါက ဒီနေ့ ကျွန်တော်
အလေးပေးချင်တဲ့ အရာဖြစ်ပါတယ်
-
ကာကွယ်နိုင်တဲ့ ရောဂါ
ဖြစ်ပွားမှုတွေကို တွန်းလှန်ဖို့
-
ကျွန်တော့်စိတ်ထဲက အချက်ကတော့
ဒီကိစ္စရဲ့ ဉီးဆောင်မှုပါပဲ
-
အမေက အွန်လိုင်းနဲ့ လူမှုကွန်ယက်ပေါ်က
ကာကွယ်ဆေးဆန့်ကျင်ရေးအဖွဲ့တွေဖက် လှည့်ပြီး
-
သက်သေနဲ့ ကာကွယ်မှုကို ရှာဖွေနေပါတယ်
-
ကျန်းမာရေး အရာရှိတွေနဲ့ ယုံကြည်ရတဲ့
အရင်းအမြစ်တွေထက်ပေါ့
-
အဲဒါက ဘေးတစ်ခု ဖြစ်နိုင်တယ်လို့
ထင်ရပါတယ်
-
အန္တရာယ်ရှိတဲ့ ကာကွယ်ဆေး
စွပ်စွဲချက်တွေကြောင့်ပေါ့
-
ဒါပေမဲ့ ဒါက မမှန်ပါဘူး
-
ကျွန်တော့်အမေဟာ သူ့ကလေးတွေကို
ချစ်လာခဲ့တယ်
-
ပြီးတော့ စိုးရိမ်ပူပန်နေခဲ့ပါတယ်
-
ဒီသတင်းအမှားက ပျံ့သွားပြီး
-
လုံလောက်အောင် မထိန်းညှိနိုင်ပါဘူး
-
ဒါပေမဲ့ ဒီအသိကို ကျွန်တော်နဲ့အတူ ကပ်ထားပါတယ်
-
ကျွန်တေ
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-