TEDx နိဒါန်း။
-
0:02 - 0:07ကင်ညာ ကနေ ကိုလံဘီယာ ၊ အီရတ်ကနေ ကိုရီးယား၊
-
0:07 - 0:11ဆင်းရဲသား ရပ်ကွက်တွေ၊ ကျောင်းတွေ၊
ထောင်တွေ၊ ပြဇာတ်ရုံတွေထိပါ။ -
0:11 - 0:14သူ့တို့ လူ့အဖွဲ့အစည်းတွေမှာ ပလုံစီနေတဲ့
အကောင်းဆုံး စိတ်ကူးတွေကို -
0:14 - 0:19နားဆင်ဖို့ လူတွေဟာ ကမ္ဘာတစ်လွှားက
TEDx ပွဲတွေမှာ နေ့တိုင်း စုဝေးကြတယ်။ -
0:19 - 0:25ယနေ့ သင်ဟာ တူညီတဲ့ အနာဂတ်အကြောင်း
ကမ္ဘာအနှံ့ ပြောဆိုခြင်းရဲ့ အစိတ်အပိုင်းပါ။ -
0:26 - 0:29ဒီတော့ TEDx ဆိုတာဘာလဲ။
-
0:29 - 0:32TEDx ဆိုတာ ပျံ့နှံ့ထိုက်တဲ့
စိတ်ကူးတွေကို ရည်စူးတဲ့ -
0:32 - 0:35ကိုယ်ကျိုးမဖက် TED ညီလာခံရဲ့
ပဏာမခြေလှမ်း တစ်လှမ်းပါ။ -
0:35 - 0:40TED လိုပွဲတွေကို ကမ္ဘာအနှံ့ ပျံ့နှံ့ဖို့
အခမဲ့လိုင်စင်တွေကို ခွင့်ပြုပေးပါတယ်။ -
0:40 - 0:45ဒီနေ့ပွဲဟာ TED ညီလာခံ ပုံစံနဲ့
စံတွေကို အခြေခံထားပေမဲ့ -
0:45 - 0:49သင့်တို့ရဲ့ ဒေသတွင်း လူမှုအသိုင်းအဝိုင်းက
လွတ်လပ်စွာ စီစဉ်ကျင်းပတာပါ။ -
0:49 - 0:51ဒီတော့ ကျေးဇူးပြုပြီး ဒီနေ့ပွဲမှာ
ကြိုးစားလုပ်ပေးသူ -
0:51 - 0:54စေတနာ့ဝန်ထမ်းအဖွဲ့ကို
ကျေးဇူးတင်ဖို့ မမေ့ကြပါနဲ့။ -
0:54 - 1:00သူတို့ရဲ့ စိတ်ကူးတွေ၊ ရည်စူးမှုနဲ့
အချိန်တွေက ဖြစ်အောင်လုပ်ပေးခဲ့တာပါ။ -
1:00 - 1:03ဟောပြောသူအားလုံးကို ကြိုတင်စီစဉ်
သူတွေပါ၊ ယနေ့ သင် ကြားရမယ့် -
1:03 - 1:09အမြင်တွေဟာ တကယ်တော့ ဒီဟောပြောသူ
တွေဆီကပါ၊ TED မှ ဟုတ်ချင်မှ ဟုတ်မှာပါ။ -
1:09 - 1:13သူတို့ ဟောပြောချက်တွေက စိတ်လှုပ်ရှားစရာ
ဆွေးနွေးမှုတွေ စပေးမယ် မျှော်လင့်ပါတယ်။ -
1:13 - 1:16ဒါဟာ စပ်စုလိုစိတ်နဲ့ ဝေဖန်ရန်အတွက်၊
ပွင့်လင်းမှုနဲ့ -
1:16 - 1:23ဆန်းဆစ်တွေးခေါ်ခြင်းအတွက်၊ စေ့ဆော်မှုနဲ့
လုပ်ဆောင်မှုအတွက် နေ့တစ်နေ့ပါ။ -
1:23 - 1:27ဒီထဲကို ပိုဝင်လာလေလေ ပိုထုတ်ယူနိုင်လေလေပါ။
-
1:28 - 1:31ကဲအခုတော့ ပွဲကို ဆက်လိုက်ပါဦး။
- Title:
- TEDx နိဒါန်း။
- Description:
-
TEDx ဟာ TED ဟန် ပွဲတွေကို မည်သည့် နေရာမဆို နေရာတိုင်းမှာ စီစဉ်ကျင်းပတဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတစ်ရပ်ပါ။ ဒေသတွင်းက လှုံ့ဆော်ပေးတဲ့ စိတ်ကူးတွေကို ဂုဏ်ပြုကျင်းပပေးကာ ၎င်းတို့ကို ကမ္ဘာ့စင်မြင့်တစ်ခုပေါ်ကို မြှင့်တင်ပေးခြင်းပါ။ ဟောပြောချက်များကို tedxtalks.ted.com တွင်ကြည့်ရှုနိုင်ပြီး သင့်ဒေတွင်းရှိ Ted.com/tedx တွင် ရှာနိုင်ပါသည်။
ဗီဒီယိုကို Wondros မှ ရိုက်ကူးပေးပါသည်။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 01:41
sann tint approved Burmese subtitles for An intro to TEDx | ||
Myo Aung accepted Burmese subtitles for An intro to TEDx | ||
Myo Aung edited Burmese subtitles for An intro to TEDx | ||
sann tint edited Burmese subtitles for An intro to TEDx | ||
sann tint edited Burmese subtitles for An intro to TEDx | ||
sann tint edited Burmese subtitles for An intro to TEDx | ||
sann tint edited Burmese subtitles for An intro to TEDx |