ကင်ညာ ကနေ ကိုလံဘီယာ ၊ အီရတ်ကနေ ကိုရီးယား၊ ဆင်းရဲသား ရပ်ကွက်တွေ၊ ကျောင်းတွေ၊ ထောင်တွေ၊ ပြဇာတ်ရုံတွေထိပါ။ သူ့တို့ လူ့အဖွဲ့အစည်းတွေမှာ ပလုံစီနေတဲ့ အကောင်းဆုံး စိတ်ကူးတွေကို နားဆင်ဖို့ လူတွေဟာ ကမ္ဘာတစ်လွှားက TEDx ပွဲတွေမှာ နေ့တိုင်း စုဝေးကြတယ်။ ယနေ့ သင်ဟာ တူညီတဲ့ အနာဂတ်အကြောင်း ကမ္ဘာအနှံ့ ပြောဆိုခြင်းရဲ့ အစိတ်အပိုင်းပါ။ ဒီတော့ TEDx ဆိုတာဘာလဲ။ TEDx ဆိုတာ ပျံ့နှံ့ထိုက်တဲ့ စိတ်ကူးတွေကို ရည်စူးတဲ့ ကိုယ်ကျိုးမဖက် TED ညီလာခံရဲ့ ပဏာမခြေလှမ်း တစ်လှမ်းပါ။ TED လိုပွဲတွေကို ကမ္ဘာအနှံ့ ပျံ့နှံ့ဖို့ အခမဲ့လိုင်စင်တွေကို ခွင့်ပြုပေးပါတယ်။ ဒီနေ့ပွဲဟာ TED ညီလာခံ ပုံစံနဲ့ စံတွေကို အခြေခံထားပေမဲ့ သင့်တို့ရဲ့ ဒေသတွင်း လူမှုအသိုင်းအဝိုင်းက လွတ်လပ်စွာ စီစဉ်ကျင်းပတာပါ။ ဒီတော့ ကျေးဇူးပြုပြီး ဒီနေ့ပွဲမှာ ကြိုးစားလုပ်ပေးသူ စေတနာ့ဝန်ထမ်းအဖွဲ့ကို ကျေးဇူးတင်ဖို့ မမေ့ကြပါနဲ့။ သူတို့ရဲ့ စိတ်ကူးတွေ၊ ရည်စူးမှုနဲ့ အချိန်တွေက ဖြစ်အောင်လုပ်ပေးခဲ့တာပါ။ ဟောပြောသူအားလုံးကို ကြိုတင်စီစဉ် သူတွေပါ၊ ယနေ့ သင် ကြားရမယ့် အမြင်တွေဟာ တကယ်တော့ ဒီဟောပြောသူ တွေဆီကပါ၊ TED မှ ဟုတ်ချင်မှ ဟုတ်မှာပါ။ သူတို့ ဟောပြောချက်တွေက စိတ်လှုပ်ရှားစရာ ဆွေးနွေးမှုတွေ စပေးမယ် မျှော်လင့်ပါတယ်။ ဒါဟာ စပ်စုလိုစိတ်နဲ့ ဝေဖန်ရန်အတွက်၊ ပွင့်လင်းမှုနဲ့ ဆန်းဆစ်တွေးခေါ်ခြင်းအတွက်၊ စေ့ဆော်မှုနဲ့ လုပ်ဆောင်မှုအတွက် နေ့တစ်နေ့ပါ။ ဒီထဲကို ပိုဝင်လာလေလေ ပိုထုတ်ယူနိုင်လေလေပါ။ ကဲအခုတော့ ပွဲကို ဆက်လိုက်ပါဦး။