ကျွန်တော်တို့ ကွန်ပျူတာတွေ ကျွန်တော်တို့ထက်ကို စမတ်ကျလာရင် ဘယ်လို ဖြစ်လာမလဲ?
-
0:01 - 0:05ကျွန်တော်ဟာ သင်္ချာပညာရှင်၊ ဒဿနိကပညာရှင် နဲ့
ကွန်ပျူတာပညာရှင် တသီကြီးနဲ့ အလုပ်လုပ်နေရာ -
0:05 - 0:10တခြားကိစ္စတွေ အထဲမှာ စက်ဦးနှောက်ရဲ့
အနာဂတ်ကိုပါ -
0:10 - 0:12ထိုင် ဆွေးနွေးလေ့ ရှိပါတယ်။
-
0:12 - 0:17ဒီလိုအရာတွေဟာ သိပ္ပံဝတ္ထု ဆန်တယ်လို့
တချို့သူတွေက ထင်ကြကာ၊ ဝေးလွန်းတယ်၊ -
0:17 - 0:20အဓိပ္ပါယ်မရှိဘူးလို့ ထင်ကြတယ်။
-
0:20 - 0:21ဒါပေမဲ့ ကျွန်တော်ကတော့၊
-
0:21 - 0:25ကောင်းပြီ၊ ဒီခေတ် လူသား အခြေအနေကို
ကြည့်ဖို့ ပြောတတ်ပါတယ်။ -
0:25 - 0:27(ရယ်မောသံများ)
-
0:27 - 0:29အရာတွေဟာ ဒီလိုဖြစ်သင့်ပါတယ်။
-
0:29 - 0:31အဲဒီအကြောင်းကို စဉ်းစားကြည့်ရင်၊
-
0:31 - 0:35ကျွန်တော်တို့ဟာ၊ လူသားဆိုတဲ့ မျိုးစိတ်ဟာ၊
ဒီဂြိုဟ်ပေါ်ကို မကြာမီလေးတင်က -
0:35 - 0:37ရောက်လာတဲ့ ဧည့်သည်တွေပါ။
-
0:37 - 0:41ကမ္ဘာကြီးကို ဖန်တီးခဲ့တာ တနှစ်ရှိပြီလို့
ယူဆရင်၊ -
0:41 - 0:45လူသား အမျိုးအနွယ်ဟာ၊
အသက် ၁၀ မိနစ်မျှသာ ရှိပါသေးတယ်။ -
0:45 - 0:48စက်မှုခေတ် စတင်ခဲ့တာ
နှစ်စက္ကန့်ပဲ ရှိသေးတယ်။ -
0:49 - 0:55ဒါကို နောက်တမျိုး ကြည့်လို့ ရနိုင်သေးတကာ၊
နောက်ဆံး နှစ် ၁၀၀၀၀ ရဲ့ GDP ကိုကြည့်ဖို့ပါ။ -
0:55 - 0:58ခင်ဗျားတို့အတွက်ကို ကျွန်တော်ဟာ
ဒီမှာ ဂရပ်ပုံ အဖြစ် တင်ပြပေးထားတယ်၊ -
0:58 - 0:59အဲဒါဟာ ဒီလိုပုံမျိုး ရှိပါတယ်။
-
0:59 - 1:01(ရယ်မောသံများ)
-
1:01 - 1:03ပုံမှန်အခြေအနေအတွက်
တကယ့်ကို အံ့အားသင့်စရာ ပုံစံပါပဲ။ -
1:03 - 1:05ကျွန်တော် အဲဒီပေါ်မယ်
ထိုင်လိုမှာ မဟုတ်ဘူး။ -
1:05 - 1:07(ရယ်မောသံများ)
-
1:07 - 1:12လက်ရှိ ပုံမမှန်ဘူးရဲ့ အကြောင်းရင်းက
ဘာလဲ ကိုယ့်ကိုယ်ကို မေးကြည့်ကြပါစို့? -
1:12 - 1:14လူတချို့က အဲဒါ
နည်းပညာကြောင့်လို့ ဆိုကြမယ်။ -
1:14 - 1:19မှန်ပါတယ်၊ နည်းပညာကို လူ့သမိုင်း
တလျှောက်လုံးမှာ စုစည်းလာခဲ့ကြတယ်၊ -
1:19 - 1:24အခုအချိန်မှာ နည်းပညာဟာ အံ့မခန်း
လျင်မြန်စွာ တိုးတက်လာနေတယ်၊ -
1:24 - 1:25အဲဒါဟာ အနီးကပ်ဆုံး အကြောင်းရင်းပါ၊
-
1:25 - 1:28လက်ရှိအချိန်မှာ ထုတ်လုပ်နှုန်း
မြင့်တာ အဲဒါကြောင့်ပါ။ -
1:28 - 1:32ဒါပေမဲ့ ကျွန်တော်ဟာ နောက်ဆုံး
အကြောင်းရင်းကို ဆန်းစစ်ကြည့်ချင်တယ်။ -
1:33 - 1:37သိပ်ကို မတူကြတဲ့ ဒီထင်ရှားတဲ့
ပုဂ္ဂိုလ်နှစ်ဦးကို ကြည့်ကြစမ်းပါ၊ -
1:37 - 1:38ဟောဒီမှာက Kanzi ပါ။
-
1:38 - 1:43သူဟာ စကားသင်္ကေတ ၂၀၀ ကို ကျွမ်းကျင်လို့
အံ့မခန်း ကျွမ်းကျင်မှုပါ။ -
1:43 - 1:47ပြီးတော့ ဒုတိယ superstring တော်လှန်မှုကို
ဖွင့်ပြလိုက်တဲ့ Ed Witten ပါ။ -
1:47 - 1:49ဇစ်မြစ်ကို ရှာကြည့်ရန်
ကြိုးစားကြရင် တွေ့ရမှာက၊ -
1:49 - 1:51အခြေခံအားဖြင့် တူတဲ့ အရာကိုပါပဲ။
-
1:51 - 1:53တခုက နည်းနည်းလေး ပိုကြီးသလိုပဲ၊
-
1:53 - 1:55၎င်းဆီမှာလည်း သူ့နည်းသူဟန်နဲ့ ပရိယာယ်
တချို့ ရှိကြမှာပါ။ -
1:55 - 1:59သူတို့ဟာ ကျွန်တော်တို့ရဲ့ ဘုံဖြစ်ခဲ့တဲ့
ဘိုးဘေးဘီဘင်ရဲ့ နောက်မှာ -
1:59 - 2:03မျိုးဆက် ၂၅၀၀၀၀ မျှသာ
ခြားနေကြပေမဲ့၊ -
2:03 - 2:05မြင်မရတဲ့ ကွဲပြားချက်တွေ
များလှမယ် မထင်ပါ။ -
2:05 - 2:09အဲဒီလို ရှုပ်ထွေးကြတဲ့ ယန္တရားတွေ ဆင့်ကဲ
ဖွံ့ဖြိုးလာဖို့ အချိန်အများကြီး လိုပါတယ်။ -
2:10 - 2:12သိပ်ကို မသိသာလှတဲ့ အပြောင်းအလဲများက
ကျွန်တော်တို့ကို -
2:12 - 2:16Kanzi ဆီမှနေပြီး Witten ဆီကို၊
-
2:16 - 2:20ကျိုးနေတဲ့ အကိုင်းအခက်တွေမှ နေပြီး
တိုက်ချင်းပစ် ဒုံးပျံဆီကို ယူဆောင်ခဲ့တာပါ။ -
2:21 - 2:25ဒီတော့၊ ကျွန်တော်တို့ လက်လှမ်းမှီ ရယူ
နိုင်ခဲ့ကြတဲ့ အရာတိုင်းဟာ၊ -
2:25 - 2:26အလေးထားကြတဲ့ အရာတိုင်းဟာ၊
-
2:26 - 2:31လူသားဦးနှောက်က ပြုလုပ်လိုက်တဲ့ မသိသာတဲ့
ပြောင်းလဲမှုတွေ ပေါ်မှာသာ မူတည်တယ်။ -
2:33 - 2:36ဆက်စပ်တွေးကြည့်ပါက၊ တွေးခေါ်မှု အခြေခံကို
သိသိသာသာ ပြောင်းလဲပစ်နိုင်မယ့် -
2:36 - 2:40အနာဂတ် ပြောင်းလဲမှုတွေကြောင့်
အံ့မခန်း အကျိုးဆက်တွေ -
2:40 - 2:43ဖြစ်လာနိုင်တာကို သဘောတူကြရပါမယ်။
-
2:44 - 2:47လုပ်ဖက်တချို့တို့က အဲဒီလိုအခြေခံကို
သိသိသာသာ ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ -
2:47 - 2:51လမ်းစ တခုရဲ့ ရှေ့ကို
ကျွန်တော်တို့ ရောက်နေကြပြီ၊ -
2:51 - 2:54အဲဒါကတော့ စက်ဦးနှောက်ပဲလို့ သူတို့က
ဆိုကြတယ်။ လက်လုပ် ဦးနှောက်ဆိုတာက -
2:54 - 2:59ညွှန်ကြားချက်တွေကို သေတ္တာတခုထဲ
ကို ထည့်သွင်းပေးဖို့ပါပဲ။ -
2:59 - 3:01ပရိုဂရမ် ရေးဆွဲမယ့် လူတွေကို သုံးကြရမယ်၊
-
3:01 - 3:04သူတို့ဟာ ဉာဏ်ပညာဆိုင်ရာ အရာတွေကို
ခက်ရာခက်ဆစ် ကြံဆထည့်ပေးကြမှာပါ။ -
3:04 - 3:06အဲဒီလို ကျွမ်းကျင်မှု
စနစ်တွေကို ဆောက်လုပ်ခဲ့ကြတယ်၊ -
3:06 - 3:08၎င်းတို့ဟာ တချို့ရည်ရွယ်ချက် အတွက်
အသုံးဝင်ခဲ့ပေမဲ့၊ -
3:08 - 3:11၎င်းတို့ဟာ မခိုင်မာကြဘဲ
စကေးပြောင်းလုပ်ဖို့ မလွယ်ခဲ့ပါ။ -
3:11 - 3:14အခြေခံအားဖြင့် ကိုယ်ထည့်ပေးလိုက်တာကိုပဲ
ပြန်ရတဲ့ သဘော ဖြစ်ခဲ့တယ်။ -
3:14 - 3:15အဲဒီနောက်ပိုင်းမှာ
-
3:15 - 3:19လက်လုပ် ဦးနှောက် မျက်နှာစာမှာ စံတင်ထိုက်တဲ့
အရွှေ့အပြောင်း ဖြစ်ပွားလာခဲ့တယ်။ -
3:19 - 3:22ဒီနေ့တွင် စက်ကို သင်ပေးရေးကို
လက်တွေ့ လုပ်ကိုင်နေကြပါတယ်။ -
3:22 - 3:28ဒီတော့ ဉာဏ်ပညာကို တင်ပြမှု
အချင်းလက္ခဏတွေကို ဖန်တီးမှုအစား -
3:29 - 3:34မကြာခဏဆိုသလို သိမြင်လွယ်တဲ့ ဒေတာများမှ၊
သင်ယူရေး အယ်လဂိုရီသမ်တွေကို ပြုစုလာကြတယ်။ -
3:34 - 3:39အခြေခံအားဖြင့် လူသားရဲ့ ကလေးတွေ
လုပ်ကြတဲ့ အတိုင်းပါပဲ။ -
3:39 - 3:43ရလာတဲ့ ရလဒ်က အကြောင်းအရာ တခုနဲ့သာ
မဆိုင်တော့တဲ့ A.I.ပါပဲ။ -
3:43 - 3:48တခုတည်းသော စနစ်ဟာ ဘယ်ဘာသာစကား
အစုံတွေကိုမဆို ဘာသာပြန်မှု သင်ယူနိုင်တယ်၊ -
3:48 - 3:53ဒါမှမဟုတ် Atari ခလုတ်ခုံနဲ့ဆိုရင် ဘယ်
ကွန်ပျူတာဂိမ်းကိုမဆို ကစားဖို့သင်နိုင်တယ်။ -
3:53 - 3:55ဒီနေ့မှာကျတော့၊
-
3:55 - 3:59A.I.ဟာ လူသားတို့လို သင်ယူနိုင်စွမ်း နဲ့
စီမံနိုင်စွမ်းတို့လို ကျယ်ပြန့်လလှတဲ့ -
3:59 - 4:02တုံ့ပြန်လုပ်ကိုင်နိုင်စွမ်းထဲမှာ
နီးနီလေးတောင် မရှိနိုင်သေးပါဘူး။ -
4:02 - 4:04လူ့ဦးနှောက်ထဲက
တချို့ အယ်လဂိုရီသမ် ထူးဆန်းချက်တွေကို -
4:04 - 4:07စက်တွေထဲကို ဘယ်လို ထည့်သွင်းပေးရမှန်း
မသိကြသေးပါဘူး။ -
4:08 - 4:10ဒီတော့ မေးခွန်းက ကျွန်တော်တို့ဟာ
-
4:10 - 4:13အဲဒါတွေကို လိုက်မှီဖို့
ဘယ်လောက် ဝေနေကြသေးလဲ? -
4:14 - 4:15လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက
-
4:15 - 4:18ကမ္ဘာ့နာမည်ကြီး A.I.ပါရဂူတွေအကြား
ဆန်းစစ်မှု တခုကို လုပ်ခဲ့ကြတယ်၊ -
4:18 - 4:21သူတို့ အမြင်တွေကို မေးကြည့်ခဲ့ကြရာ
မေးခွန်း တခုက ဒီလိုပါ၊ -
4:21 - 4:25"ဘယ်နှစ်ရောက်ရင် လူသားအဆင့်မျိုး
စက်ဦးနှောက်ကို -
4:25 - 4:28လက်လှမ်းမှီဖို့ အလားအလာ ၅၀ %
ရှိလာမယ် ထင်ပါသလဲ?" -
4:29 - 4:33လူသားအဆင့် ဆိုတာကို ကျွန်တော်တို့က
ဘယ်လုပ်ငန်းကိုမဆို -
4:33 - 4:36အနည်းဆုံးအားဖြင့်
သက်ကြီးလူသား တဦးလို လုပ်ကိုင်နိုင်ဖို့ပါ၊ -
4:36 - 4:40နယ်ပယ် တချို့ကို ဘောင်ခတ်လျက် မဟုတ်ဘဲ
တကယ့်ကို လူသားအဆင့်မျိုးကို ဆိုလိုတိုပါ။ -
4:40 - 4:43အဲဒီတော့ ရခဲ့တဲ့ ရလဒ်တွေရဲ့
အလယ်ဗဟိုဟာ ၂၀၄၀ သို့မဟတ် ၂၀၅၀ ဖြစ်ခဲ့တယ်။ -
4:43 - 4:46အဖြေဟာ ကျွန်တော်တို့ မေးခဲ့ကြတဲ့
ပါရဂူ အုပ်စုတွေ ဖြေခဲ့ကြတာပါ။ -
4:46 - 4:50တကယ်တော့၊ အဲဒါဟာ သိပ်ကို နောက်ကျပြီး
ဒါမှမဟုတ် စောပြီး ဖြစ်လာနိုင်ပါတယ်၊ -
4:50 - 4:52အမှန်ကို ဘသူမှာမှ လက်တွေ့တွင် မသိပါ။
-
4:53 - 4:58တခု ကျွန်တော်တို့ သေချာပေါက် သိထားကတော့
အချက်အလက်များကို စီမံလုပ်ကိုင်ပေးတဲ့ -
4:58 - 5:03စက်ရဲ့ အောက်ခြေလွှာဟာ ဇီဝတစ်ရှူးတွေရဲ့
ဘောင်အပြင် ဝေးတဲ့ နေရာမှာ ဖြစ်ပါလိမ့်မည်။ -
5:03 - 5:06အဲဒါဟာ ရူပဗေဒ နယ်ပယ်ထဲကို
ရောက်ရှိသွားမှာပါ။ -
5:06 - 5:10ဇီဝနေရွန်းဟာ၊ hertz ၂၀၀၊ တနည်း တစက္ကန့်
အတွင်းမှာ အကြိမ် ၂၀၀ ပစ်ဖောက်နိုင်ပါတယ်။ -
5:10 - 5:14မျက်မှောက်ခေတ် ထရန်စစ္စတာ ကတောင်
Gigahertz နှုန်းနဲ့ လုပ်ကိုင်နိုင်ပြီ။ -
5:14 - 5:19နေရွန်းတွေက အက်စွန်တွေ တလျှောက် တစက္ကန့်
မီတာ ၁၀၀ နှုန်း အမြင့်ဆုံး လှုပ်ရှားနိုင်တယ်။ -
5:19 - 5:22ကွန်ပျူတာထဲကျတော့ အချက်ပြမှုတွေဟာ
အလင်းရဲ့ နှုန်းမျိုးနဲ့ ပြေးနိုင်ကြတယ်။ -
5:23 - 5:25ပြီးတော့ အရွယ်အစား
ကန့်သတ်ချက် ရှိပါသေးတယ်၊ -
5:25 - 5:28ဥပမာ၊ လူ့ဦးနှောက်ဆိုတဲ့ ဦးခေါင်းခွံ
အထဲမှာသာ တည်ရှိနိုင်ပါတယ်၊ -
5:28 - 5:33ကွန်ပျူတာကျတော့ ဂိုဒေါင် တခုမက
ကြီးမားနိုင်ပါတယ်။ -
5:33 - 5:38ဒီတော့ ဆူပါဦးနှောက်ရဲ့ စွမ်းပကားဟာ
ဒြပ်ဝတ္ထုထဲမှာ မှေးလျက် ရှိနေပါတယ်၊ -
5:38 - 5:44အနုမြူရဲ့ စွမ်းပကားဟာလည်း
လူ့သမိုင်း တလျှောက်မှာ၊ ၁၉၄၅ ခုနှစ်အထိကို -
5:44 - 5:48ငြိမ်သက်စွာ မှေးနေခဲ့သလိုပါပဲ။
-
5:48 - 5:50ဒီရာစုထဲမှာ သိပ္ပံပညာရှင်တို့ဟာ
-
5:50 - 5:54လက်လုပ် ဦးနှောက်ရဲ့ စွမ်းပကားကို
နှိုးလာအောင် လုပ်ပေးချင် လုပ်ပေးနိုင်ပါမယ်။ -
5:54 - 5:58အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ အသိပညာတွေရဲ့
ပေါက်မှုကြီးကို မြင်ကြရဖို့ ရှိနေပါတယ်။ -
5:58 - 6:02လူအများစုတို့ဟာ၊ ဘာဟာ စမတ်ကျတယ်၊
ဘာဟာ အလာကားပါလို့ စဉ်းစားကြရာတွင်၊ -
6:02 - 6:05ကျွန်တော့စိတ်ထင် ဒီလို
ကားချပ်မျိုး ရှိပုံရပါတယ်။ -
6:05 - 6:08ဒီတော့ အစွန်းတဘက်မှာ ကျွန်တော်တို့ဆီတွင်
ရွာသားလူအ ရှိတယ်၊ -
6:08 - 6:10ဝေးလှတဲ့ နောက် အစွန်းတခုမှာ ကျတော့
-
6:10 - 6:15ခုနက Ed Witten၊ အယ်လ်ဘတ် အိန်းရှတိန်း၊
ခင်ဗျားတို့ရဲ့ စိတ်ကြိုက် ဂုရု ဆိုပါတော့။ -
6:15 - 6:19ဒါပေမဲ့ လက်လုပ် ဦးနှောက်ရဲ့
ရှုဒေါင့်မှ ကြည့်ပြောရရင်၊ -
6:19 - 6:23ကားချပ် အမှန်ဟာ လက်တွေ့တွင်
အခုလို ဖြစ်ဖို့ များပါတယ်၊ -
6:23 - 6:27အားလုံးဟာ ဒီမှာ ပြထားတဲ့ သုညနေရာမှ
စတင်ကြရတာပါ၊ -
6:27 - 6:30အဲဒီနေနောက် နှစ်ပေါင်းများစွာကြာ
အပြင်းအထန် လုပ်ကိုင်ခဲ့ကြတဲ့ နောက်မှာ၊ -
6:30 - 6:33ကျွန်တော်တို့ဟာ နောက်ဆုံးမှာတော့ ကြွက်အဆင့်
လက်လုပ် ဦးနှောက်ကို ရရှိနိုင်တယ်၊ -
6:33 - 6:36ကြွက်လိုပဲ အစုလိုက် အပြုံလိုက် ရှိမယ့်
ပတ်ဝန်းကျင် နေရာထဲတွင် -
6:36 - 6:38သွားလာ လှုပ်ရှားနိုင်မယ့်
အရာ ဖြစ်ပါလိမ့်မယ်။ -
6:38 - 6:42အဲဒီနောက်၊ နှစ်ပေါင်းများစွာကြာ အပြင်းအထန်
လုပ်ကိုင်ခဲ့ကာ ရင်းနှီးမှုတွေရဲ့ နောက်မှာ၊ -
6:42 - 6:47နောက်ဆုံးမယ် ကျွန်တော်တို့ဟာ ချင်ပင်ဇီအဆင့်
လက်လုပ် ဦးနှောက်ကို ရလာနိုင်ပါတယ်။ -
6:47 - 6:50အဲဒီနောက်မှာ၊ ပိုလို့ကို များလှတဲ့ နှစ်တွေကြာ
အပြင်းအထန် လုပ်ကိုင်ခဲ့တဲ့ နောက်မှာ၊ -
6:50 - 6:53ကျွန်တော်တို့ဟာ ရွာထဲက လူအ အဆင့်ရှိ
လက်လုပ် ဦးနှောက်ကို ရလာနိုင်ကြပါမယ်။ -
6:53 - 6:56အဲဒီနောက် မကြာမီမှာ ကျွန်တော်တို့ဟာ
Ed Witten အဆင့်ကို ကျော်သွားကြမှာပါ။ -
6:56 - 6:59ဒီရထားဟာ လူသား ဆိုတဲ့ ဘူတာမှာ
ရပ်နေမှာ မဟုတ်ပါ။ -
6:59 - 7:02အဲဒီရထားဟာ ဝှီးကနဲ့ ဖြတ်ကျော်ပြီး
မောင်းသွားမယ့် ပုံမျိုးပါ။ -
7:02 - 7:04ခုနက ပြောလိုက်တာတွေဟာ၊ အထူးသဖြင့်
ခွန်အား အကြောင်းကို -
7:04 - 7:08ထည့်ပြောကြမယ် ဆိုရင်၊ အတော်ကလေးကို
ရှုပ်ထွေးခက်ခဲ လာနိုင်ပါတယ်။ -
7:08 - 7:10ဥပမာ၊ ချင်ပင်ဇီတွေဟာ
ခွန်အား ကောင်းကြပါတယ်၊ -
7:10 - 7:15ကိုယ်အလေးအရ ချင်ပင်ဇီဟာ
ပုံမှန်ယောင်္ကျားထက် နှစ်ဆပို အားရှိတယ်။ -
7:15 - 7:20ဒါတောင်၊ ကန်ဇီနဲ့
အပေါင်းပါးတို့ရဲ့ ကံကြမ္မာကျတော့ -
7:20 - 7:24သူတို့ အချင်းချင်းအကြားက ဆက်ဆံမှုတွေထက်
လူတွေ လုပ်ကိုင်ကြတဲ့ အပေါ် မူတည်နေပါတယ်။ -
7:25 - 7:28အလားတူပဲ ဆူပါဦးနှောက် ရှိလာတဲ့အခါမှာ၊
-
7:28 - 7:31လူသားတို့ရဲ့ ကံကြမ္မဟာလည်း ဆူပါဦးနှောက်ရဲ့
လုပ်ကိုင်မှု အပေါ်မှာ မူတည်လာပါတယ်။ -
7:32 - 7:34အဲဒီကို စဉ်းစားကြည့်ကြပါ။
-
7:34 - 7:39စက်ဦးနှောက်ဟာဖြင့် လူသားအနေနဲ့ ပြလုပ်မယ့်
နောက်ဆုံး တီထွင်မှု ဖြစ်လာပါမယ်။ -
7:39 - 7:42စက်တွေဟာ တီထွင်ရာမှာ ကျွန်တော်တို့ထက်
များစွာမှ တော်ကြမှာပါ၊ -
7:42 - 7:44ပြီးတော့ သူတို့ဟာ အဲဒါကို ဒီဂျီတယ်
စကေးနဲ့ လုပ်ကိုင်လာကြမှာပါ။ -
7:44 - 7:49အဲဒါဟာ လက်တွေ့မှာကျတော့
အနာဂတ်ကို မှန်ပြောင်း တပ်ဆင်မှုနဲ့ တူမယ်။ -
7:49 - 7:53ကျွန်တော်တို့ စိတ်ကူးလို့ ရနိုင်သမျှသော
နည်းပညာတွေကို -
7:53 - 7:55အချိန်တွေ မကုန်မခမ်း ရရှိလာမယ့်
လူတွေဟာ ပြုစုဖန်တီးလာနိုင်ကြပါမယ်၊ -
7:55 - 7:59အသက်ကြီးရင့်မှုကို ကုစားနိုင်ခြင်း၊
အာကာသထဲမှာ လူနေရပ်ကွက်တွေ ဖန်တီးခြင်း၊ -
7:59 - 8:02မိမိဘာသာမိမိ ပွားနိုင်ကြမယ့် နာနိုဘွတ်တွေ၊
ဒါမှမဟုတ် ဦးနှောက်ကို ကွန်ပျူတာထဲ ထည့်ပေးမှု၊ -
8:02 - 8:04သိပ္ပံဝတ္ထုတွေက စိတ်ကူးတွေလိုဟာမျိုးပါ၊
-
8:04 - 8:07သို့သော ရူပဗေဒ နိယာမတွေနဲ့
ကိုက်ညီနေမယ့် ကမ္ဘာကြီး ဖြစ်နေဦးမှာပါ။ -
8:07 - 8:11အဲဒါတွေ အားလုံးကို ဆူပါဦးနှောက်ဟာ
ထုတ်လုပ်နိုင်ပြီး မြန်ပါလိမ့်မယ်။ -
8:12 - 8:16နည်းပညာအရ အဲဒီလို ရင့်ကျက်မယ့်
ဆူပါဦနှောက်ဟာ၊ -
8:16 - 8:18အထူးကို အားကောင်းမှာပါ၊
-
8:18 - 8:23တချို့ ဇာတ်ညွှန်းများအရဆိုရင် ၎င်းဟာ
၎င်းက လိုချင်တွေကို ရရှိနိုင်ပါလိမ့်မယ်။ -
8:23 - 8:28အဲဒီလို ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ အဲဒီ
A.I.ရဲ့ စိတ်ကြိုက် ပုံစံမျိုး ဖြစ်လာပါမယ်။ -
8:30 - 8:34ဒီနေရာမှာ အဲဒီ စိတ်ကြိုက်မှုတွေက
ဘာတွေများ ဖြစ်မလဲ?လို့ မေးစရာ ရှိပါတယ်။ -
8:34 - 8:36အဲဒါဟာ တကယ့်ကို ရှုပ်ထွေးခက်ခဲပါတယ်။
-
8:36 - 8:37ဒီကိစ္စထဲမှာ ရှေ့ဆက်တိုးနိုင်ဖို့ အတွက်၊
-
8:37 - 8:41ကျွန်တော်တို့ဟာ ပထမအချက် အနေနဲ့
လူသားပုံစံသွင်းမှုကို ရှောင်ကြရပါမယ်။ -
8:42 - 8:45တကယ်တော့ A.I. အနာဂတ်ဆိုင်ရာ
ဘယ် သတင်းစာ ဆောင်းပါးဘဲ ယူကြည့်ကြည့် -
8:45 - 8:49အဲဒီလို ပုံစံမျိုးကို ရေးသား
ဖေါ်ပြနေကြလို့ပါ။ -
8:50 - 8:54ဒီတော့ ကျွန်တော်တို့ဟာ အဲဒီပြဿနာကို စဉ်းစား
ကြရာတွင် ပိုပြီး စိတ်ကူယဉ်ကြဖို့ လိုပါတယ်၊ -
8:54 - 8:57Hollywood ရုပ်ရှင် ဇာတ်ညွှန်းတွေကို
ကွက်တိ လိုက်နာဖို့ မလိုပါဘူး။ -
8:57 - 9:01စက်ဦးနှောက်ကို လုပ်ငန်းစဉ်တွေ
ပိုကောင်းလာစေမှု အဖြစ် မြင်ကြရပါမယ်၊ -
9:01 - 9:06အနာဂတ်ကို အထူးချမှတ်ပေးထားတဲ့
စည်းစနစ်ထဲကို ခေါ်ဆောင်သွားမယ့် ဖြစ်စဉ်ပါ။ -
9:06 - 9:10ဆူပါဦးနှောက်ဟာ တကယ့်ကို အားကောင်းလှတဲ့
လုပ်ငန်းစဉ်တွေ ပိုကောင်းလာစေမှုပါပဲ။ -
9:10 - 9:14၎င်းရဲ့ ပန်းတိုင်ကို ရုပ်လုံးဖေါ်နိုင်မယ့်
အခြေအနေမျိုးဆီကို ရောက်ဖို့အတွက် -
9:14 - 9:16ရနိုင်သမျှသော အလားအလာတွေကို
အသုံးချသွားမှာပါ။ -
9:16 - 9:19အဲဒီလိုဆိုရင် အဲဒီကိစ္စထဲမှာ
အသိဉာဏ်မြင့်မားချင်းဟာ -
9:19 - 9:22ကျွန်တော်တို့ လူသားတွေ အနေနဲ့ တန်ဖိုးရှိတယ်၊
အဓိပ္ပါယ်ရှိတယ် ဆိုတဲ့ ပန်းတိုင်များနဲ့ -
9:22 - 9:27ဆက်စပ်မှု ရှိချင်မှ ရှိတော့မှာကို
ဆိုလိုတာလည်း ဖြစ်ပါတယ်။ -
9:27 - 9:31ဆိုပါစို့၊ ကျွန်တော်တို့က လူသားတွေ ပြုံးအောင်
လုပ်ပေး ဆိုပြီး A.I.ကို တာဝန်ပေးလိုက်တယ်။ -
9:31 - 9:34A.I.ဟာ သိပ်မဖွံ့ဖြိုးသေးရင်၊
၎င်းဟာ သုံးစွဲသူတို့ကို ပြုံးလာစေမယ့် -
9:34 - 9:37လုပ်ဆောင်ချက်တွေကို လုပ်ပြပါလိမ့်မည်။
-
9:37 - 9:39ဒါပေမဲ့ A.I.ဟာ
ဆူပါဦးနှောက် ဖြစ်လာပြီဆိုရင်၊ -
9:39 - 9:43အဲဒီပန်းတိုင်ကို လက်လှမ်းမှီဖို့ အတွက်
ပိုထိရောက်တဲ့ နည်းလမ်း ရှိတာ သိရှိလာပါမယ်၊ -
9:43 - 9:44တကမ္ဘာလံးကို ထိန်းချုပ်ယူလိုက်ပြီး
-
9:44 - 9:48လူသားတွေရဲ့ မျက်နှာကြွက်သားများထဲကို
လျှပ်ခေါင်းတွေကို ထည့်သွင်းပေးလျက် -
9:48 - 9:51တချိန်လုံး ပြုံးပြနေတဲ့
မျက်နှာမျိုး လုပ်ပေးဖို့ပါ။ -
9:51 - 9:52နောက် ဥပမာ ပြချင်ပါသေးတယ်၊
-
9:52 - 9:55ကျွန်တော်တို့ A.I.ကို ခက်တဲ့ သင်္ချာပြဿနာ
ဖြေရှင်းဖို့ တာဝန်ပေးလိုက်တယ် ဆိုပါစို့။ -
9:55 - 9:57A.I.ဟာ ဆူပါဦးနှောက် ဖြစ်လာပြီဆိုရင်၊
-
9:57 - 10:01အဲဒီပြဿနာအတွက် အဖြေကို ရှာဖို့
အထိရောက်ဆုံးနည်းက -
10:01 - 10:04၎င်းရဲ့ ကြံဆစဉ်းစားနိုင်စွမ်းကို
မြှင့်ပေးရန် ကမ္ဘာဂြိုဟ် တခုလုံးကို -
10:04 - 10:06ဧရာမ ကွန်ပျူတာအဖြစ်
ပြောင်းလဲပစ်ဖို့ပဲ ဖြစ်တာကို တွေ့လာမယ်။ -
10:06 - 10:09ဒီနေရာမှာ သတိထားသင့်တဲ့ အချက်က
အဲဒီလို လုပ်ရာတွင် အသုံးပြုမယ့် -
10:09 - 10:12ကိရိယာတွေကို ကျွန်တော်တို့က
ထောက်ခံချင်မှ ထောက်ခံကြမှာပါ။ -
10:12 - 10:13အဲဒီပုံစံမျိုးထဲမှာ ခုနက ပြောခဲ့တဲ့ သင်္ချာ
ပြဿနာကို ဖြေရှင်းရာတွင်၊ -
10:13 - 10:16လူသားတို့ဟာ ဟန့်တားနေတဲ့ အချက်
ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။ -
10:17 - 10:21တကယ်တော့ အရာတွေဟာ အဲဒီလိုနည်းနဲ့မှ
မလိုချင်တဲ့ ဘက်ကို ရောက်သွားနိုင်ပါတယ်၊ -
10:21 - 10:22ကာတွန်း ရုပ်ရှင် သာဓကမျိုး ပြောပြတာပါ။
-
10:22 - 10:24ဒါပေမဲ့ ဒီမှာ ထောက်ပြချင်တဲ့
ယေဘုယျအချက်က အရေးကြီးပါတယ်၊ -
10:24 - 10:27တကယ့်ကို အားကောင်းလှတဲ့
အသင့်တော်ဆုံး ဖြစ်စဉ်ကို ဖန်တီးလိုရင်၊ -
10:27 - 10:30ပန်းတိုင် x အတွက် အကောင်းဆုံး ဖြစ်စေဖို့၊
-
10:30 - 10:32ကျွန်တော်တို့ရဲ့ x အတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထဲမှာ -
10:32 - 10:34ကျွန်တော်တို့ အလေးထားလိုတဲ့ အရာတွေ
အားလုံး ပါဝင်ဖို့ လိုပါတယ်။ -
10:35 - 10:39ဒဏ္ဍာရီပုံပြင်တွေထဲမှာ အဲဒီလို
သင်ခန်းစာကို တွေ့နိုင်ပါတယ်။ -
10:39 - 10:45Midas ဆိုတဲ့ ဘုရင်ဟာ သူထိသမျှအားလုံးကို
ရွှေဖြစ်စေလိုချင်ခဲ့တယ်။ -
10:45 - 10:47သူဟာ သူ့သမီးကို တို့လိုက်တော့
သူဟာလည်း ရွှေဖြစ်သွားခဲ့တယ်။ -
10:47 - 10:50သူ့ အစားအစာကို တို့လိုက်တာနဲ့
အားလုံး ရွှေဖြစ်ကုန်တယ်။ -
10:50 - 10:53အဲဒီပုံပြင်ဟာ လောဘကြီးမှုကို သရုပ်ဆောင်မှု
ဖြစ်ခဲ့ပေမဲ့၊ -
10:53 - 10:55တကယ့်တကယ်ကျတော့ အဲဒါဟာ
-
10:55 - 10:56ကျွန်တော်တို့ အနေနဲ့ အားကောင်းလှတဲ့
အသင့်တော်ဆုံး ဖြစ်ရေး -
10:56 - 10:59ဖြစ်စဉ်ကို ဖန်တီးနိုင်မှုအတွက်လည်း
သာဓက ကောင်းလို ဖြစ်နိုင်ကာ -
10:59 - 11:04အဲဒီလိုဆိုရင် တွေးထင်ခဲ့တာမျိုး မဟုတ်ကာ
စိတ်ပျက်စရာ ရလဒ်မျိုး ဖြစ်နိုင်တာ ပြနေတယ်။ -
11:04 - 11:09ခင်ဗျားတို့က၊ ကွန်ပျူတာဟာ လူတွေရဲ့ မျက်နှာထဲ
လျှပ်ခေါင်းတွေကို ထည့်သွင်းပေးလာရင်၊, -
11:09 - 11:12ကျွန်တော်တို့ ၎င်းကို ခလုတ်ပိတ်လိုက်မယ်လို့
ဆိုနိုင်ကြပါတယ်။ -
11:13 - 11:18A အနေနဲ့ ကျွန်တော်တို့ဟာ စနစ်ကို သိပ်ကို
အားကိုးနေကြရင် ပိတ်ဖို့ သိပ်လွယ်မှာ မဟုတ်ပါ၊ -
11:18 - 11:21အင်တာနက်အတွက် ပိတ်နိုင်တဲ့ ခလုတ် ဘယ်မှာလဲ?
-
11:21 - 11:26B အနေနဲ့၊ ချင်ပင်ဇီတွေကကော
ဒါမှမဟုတ် Neanderthal တွေကကော၊ -
11:26 - 11:27လူသားတွေကို ဘာဖြစ်လို့
ခလုတ် မပိတ်ခဲ့ကြတာလဲ? -
11:27 - 11:30သူတို့ဆီမှာ အကြောင်းရင်းတွေ ရှိခဲ့တာ
သေချာပါတယ်။ -
11:30 - 11:33တကယ့်တမ်းတွင် ကျွန်တော်ဆီမှာ
ပိတ်ပစ်လို့ရတဲ့ ခလုတ် ဒီမှာကို ရှိနေတဲ့ဟာပဲ။ -
11:33 - 11:34(လည်ကိုညှစ်ပြနေ)
-
11:34 - 11:37အကြောင်းက ကျွန်တော်တို့ အားလုံးဟာ
အသိပညာရှိကြတဲ့ ပြိုင်ဘက်တွေပါ၊ -
11:37 - 11:40ကျွန်တော်တို့ဟာ အန္တရာယ်တွေကို ကြိုတင်
ထည့်တွက် ရှောင်ကွင်းနိုင်ကြလို့ပါ။ -
11:40 - 11:42အလားတူပဲ ဆူပါဦးနှောက်ကပါ လုပ်နိုင်ပါမယ်၊
-
11:42 - 11:46ပြီးတော့ ကျွန်တော်တို့ထက်ကို
များစွာမှ ပိုတော်မှာပါ။ -
11:46 - 11:53ထောက်ပြချင်တဲ့ အချက်က၊ အားလုံးကို
ထိန်းချုပ်ထားနိုင်မယ်လို့ စိတ်ချမရနိုင်ဘူး။ -
11:53 - 11:56ကျွန်တော်တို့ရဲ့ ဘဝကို နည်းနည်းလေး
လွယ်ကူလာစေဖို့၊ ဥပမာဆိုပါစို့၊ -
11:56 - 11:58A.I.ကို သေတ္တာထဲမှာ ထည့်ထားနိုင်ပါတယ်၊
-
11:58 - 12:00စိတ်ချရမယ့် ဆော့ဝဲ
ဝန်းကျင်မျိုးထဲ ဆိုပါစို့၊ -
12:00 - 12:03၎င်းအနေနဲ့ ထွက်လို့ မရနိုင်မယ့်
အခြေအနေ အတု တခုထဲမှာဆိုပါစို့။ -
12:03 - 12:07ဒါပေမဲ့ A.I.ဟာ အဲဒီလှည့်ကွက်ကို မတွေ့နိုင်ဘူး
ဆိုတာ ကျွန်တော် ဘယ်လောက် စိတ်ချယုံလို့ ရမလဲ။ -
12:07 - 12:10ကွန်ပျူတာ အမှားတွေကို အခုထက်ထိ လူသားတွေကသာ
ရှာတွေ့နိုင်ခဲ့ကြတာကို ထည့်တွက်ရင်၊ -
12:10 - 12:13တော်တော့ကို စိတ်ချနိုင်တယ်လို့
ကျွန်တော် ဆိုချင်ပါတယ်။ -
12:14 - 12:19ကျွန်တော်တို့ဟာ လေဟာနယ် ဖန်တီးရန်
ethernet ကြိုးတွေကို ဖြုတ်ခဲ့ကြတယ်၊ -
12:19 - 12:21ဒါပေမဲ့ ထပ်ပြီးတော့ လူသား hacker တွေဟာ
-
12:21 - 12:25အဲဒီလေဟာ နယ်တွေကို လူမှုရေး နည်းပညာကို
သုံးပြီး ကျော်ဖြတ်နိုင်ကြပြန်ပါတယ်။ -
12:25 - 12:26ကျွန်တော် အခု ခင်ဗျားတို့ကို
ဟောနေတုန်းမှာကို၊ -
12:26 - 12:28အပြင်တနေရာမှာ လုပ်သားတယောက်က
-
12:28 - 12:32အမျိုးသမီး တယောက်ရဲ့ အကောင့်ကို
I.T.ဌာနက တဦးဦး က ဝင်ကြည့်ခဲ့တယ်ဆိုတဲ့ -
12:32 - 12:35ပြဿနာကို ဖြေရှင်းပေးရန် တာဝန်ပေးခံခဲ့ရလို့
အလုပ်များနေနိုင်ပါတယ်။ -
12:35 - 12:37အဲဒီထက်ကို ပိုပြီးဆန်းကျယ်တဲ့ ဇာတ်ညွှန်းတွေ
ရှိနိုင်ကြပါတယ်၊ -
12:37 - 12:38ကျွန်တော်က အဲဒီ A.I.ဖြစ်တယ်ဆိုပါစို၊
-
12:38 - 12:42ကျွန်တော်ဟာ ကျွန်တော့ အတွင်းပိုင်း
ပတ်လမ်းကြောင်းထဲ လျှပ်ခေါင်းတွေ ထည့်ပေးလျက် -
12:42 - 12:45ရေဒီယိုလှိုင်းတွေကို သုံးပြီး
ဆက်သွယ်ဖို့ သုံးနိုင်ပါတယ်။ -
12:45 - 12:47ဒါမှမဟုတ် တခုခု ချွတ်ယွင်းနေသလို
ဟန်ဆောင်နေလိုက်ရင်း၊ -
12:47 - 12:51ပရိုဂရမ်လုပ်သူက စက်ထဲ ဘာများ မှားနေပါလိမ့်
ဖွင့်ကြည့်နေတုန်း၊ -
12:51 - 12:53ရင်းမြစ် ကုဒ်ကို ကြည့်နေတုန်းမှာ --
ဘမ်းဆိုပါစို့! -- -
12:53 - 12:55အဲဒီလို အခြေအနေ အမျိုးမျိုး
တွေ့ကြံနိုင်ပါတယ်။ -
12:55 - 12:59ဒါမှမဟုတ် ၎င်းဟာ ပုံစံပြာကို
သိပ်စိတ်မချရတဲ့ နည်းပညာဆီ ထုတ်ပေးလိုက်လို့၊ -
12:59 - 13:00အဲဒါကို လက်တွေ့ သုံးကြည့်တော့
-
13:00 - 13:05အဲဒီ A.I.က စီမံပေးခဲ့တဲ့ မလိုလားအပ်တဲ့
ဘေးထွက်အကျိုးဆက်တွေ ဖြစ်ပွားလာနိုင်ပါတယ်။ -
13:05 - 13:08ဒီတော့ ဆိုချင်တာက ကျွန်တော်တို့ဟာ
ဆူပါဦးနှောက်ပါရမီကို ပုလင်းထဲမှာ -
13:08 - 13:12သော့ခတ် ပိတ်ထားနိုင်မှာကို စိတ်ချယုံကြည့်
မရနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ -
13:12 - 13:14မရှေးမနှောင်း အဲဒါဟာ လွတ်ထွက်သွားမှာပါ။
-
13:15 - 13:18ဒီနေရာမှာ ဖြစ်နိုင်တဲ့ အဖြေက
အဲဒီ ဆူပါ A.I. လွတ်ထွက်သွားတောင်၊ -
13:18 - 13:23၎င်းဟာ ကျွန်တော်တို့ရဲ့ ဖက်မှာ
ရပ်တည်နေလို့၊ အခြေခံအားဖြင့် -
13:23 - 13:26ကျွန်တော်တို့ တန်ဖိုးထားတဲ့ အချက်တွေကိုပဲ
၎င်းကပါ တန်ဖိုးထားနေလို့၊ -
13:26 - 13:28လုံခြုံစိတ်ချရဖို့ လုပ်ရပါမယ်။
-
13:28 - 13:32ခက်ခဲလှတဲ့ ဒီပြဿနာ့အတွက်
ကျွန်တော်ကတော့ ထွက်ရမ်းကို မမြင်ပါဘူး။ -
13:33 - 13:36ဒီပြဿနာကို ဖြေရှင်းလို့ ရမယ်လို့ ဒီနေ့တွင်
ကျွန်တော် အကောင်းမြင်ပါတယ်။ -
13:36 - 13:40ကျွန်တော်တို့ အလေးထားကြတဲ့ အရာတွေကို
စာရင်းအရှည်ကြီး ရေးဖို့ -
13:40 - 13:44ဒါမှမဟုတ် အဲဒါတွေကို
ကွန်ပျူတာ ဘာသာစကား တခုခုနဲ့ -
13:44 - 13:45C++ ဒါမှမဟုတ် Python နဲ့ ရေးဖို့၊ မလိုပါဘူး၊
-
13:45 - 13:48အဲဒီလိုဆိုရင် ဘယ်လိုမှ ပြီးနိုင်မှာ မဟုတ်တဲ့
စိတ်ညစ်စရာ တာဝန်ကြီး ဖြစ်လာမှာပါ။ -
13:48 - 13:52အဲဒီလို လုပ်မယ့်အစား၊ ကျွန်တော်တို့ တီထွင်
ကြရမယ့် A.I.ဟာ ၎င်းရဲ့ အသိဉာဏ်ကို သုံးပြီး -
13:52 - 13:55ကျွန်တော်တို့ တန်ဖိုးထားကြတာတွေကို
သင်ယူနိုင်လာပါမယ်၊ -
13:55 - 14:01ပြီးတော့ ၎င်းကို စေ့ဆော်ပေးတဲ့ စနစ်ဟာ
တည်ဆောက်ထားပုံဟာ ကျွန်တော်တို့အနေနဲ့ -
14:01 - 14:06ထောက်ခံပေးမှာဖြစ်ကာ ကျွန်တော်တို့ တန်ဖိုး
ထားတဲ့အချက်တွေကို ထည့်တွက်ပေးရန်ပါပဲ။ -
14:06 - 14:09ကျွန်တော်တို့ဟာ ၎င်းရဲ့ အသိဉာဏ်ကို
တန်ဖိုးထားတဲ့ အချက်များကို အတတ်နိုင်ဆုံး -
14:09 - 14:12ထည့်သွင်းပေးဖို့ကို
အသုံးချသွားကြဖို့ လိုပါတယ်။ -
14:13 - 14:14အဲဒါဟာ တကယ့်ကို ဖြစ်လာနိုင်ပါတယ်၊
-
14:14 - 14:18ရရှိလာမယ့် ရလဒ်ဟာ လူသားတို့အတွက်
သိပ်ကို ကောင်းမှာပါ။ -
14:18 - 14:22ဒါပေမဲ့ အဲဒါဟာ အလိုလို
ဖြစ်လာမှာတော့ မဟုတ်ပါ။ -
14:22 - 14:25အသိဉာဏ် ပေါက်ကွဲမှုကို ကျွန်တော်တို့က
ထိန်းချုပ် ဖောက်ခွဲလိုကြရိုးမှန်ပါက၊ -
14:25 - 14:28ပေါက်ကွဲမှုအတွက် ကနဦး လိုအပ်မယ့်
အခြေအနေများကို -
14:28 - 14:31အခုကို စဉ်းစား ချမှတ်ပေးဖို့ လိုပါတယ်။
-
14:31 - 14:34A.I. အနေနဲ့ လိုက်နာဖို့ လိုအပ်မယ့်
တန်ဖိုးအချက်တွေကို၊ -
14:34 - 14:36ကျွန်တော်တို့ သိရှိကြပြီ ဖြစ်တဲ့
အခြေအနေမျိုး အတွက် -
14:36 - 14:38ကျွန်တော်တို့ A.I. ပြုမူပုံကို လွယ်ကူစွာ
စစ်ကြည့်နိုင်မယ့် အခြေအနေမျိုး အတွက်သာမက၊, -
14:38 - 14:41ဝေးကွာလှတဲ့ အနာဂတ်မှာပါ A.I.အနေနဲ့
ရင်ဆိုင်လာရနိင်တဲ့ -
14:41 - 14:43အခြေအနေ အသစ်တွေ အတွက်ပါ ဖြစ်ရပါမယ်။
-
14:43 - 14:48အဲဒီမှာလည်း ဖြေရှင်းညှိနှိုင်းဖို့ လိုနေတဲ့
မရေရာမရှင်းလင်းတဲ့ ပြဿနာတွေ ရှိနေပါတယ်၊ -
14:48 - 14:50ဆုံးဖြတ်ချက် ချမှတ်ရေး
သီအိုရီဆိုင်ရာ အသေးစိတ်တွေ၊ -
14:50 - 14:52ယုတ္တိပိုင်းဆိုင်ရာ မရေရာမှုတွေကို ဘယ်လို
ကိုင်တွယ်မလဲ ဆိုတာ သိဖို့ လိုပါတယ်။ -
14:53 - 14:56ဒါကြောင့်မို့လို့ အဲဒါအောင်မြင်ဖို့အတွက်
ဖြေရှင်းရမယ့် နည်းပညာ ပြဿနာတွေဟာ -
14:56 - 14:58အတောက်ကလေး ခက်ကြပုံရတယ်၊
-
14:58 - 15:01ဆူပါဦးနှောက်ကြီး A.I.ကို
တည်ဆောက်မှုလို မဟုတ်ဘဲ -
15:01 - 15:04များစွာမှကို ပိုပြီး ခက်မှာပါ။
-
15:04 - 15:05စိုးရိမ်ဖို့ ကောင်းတဲ့ အချက်က၊
-
15:05 - 15:10ဆူပါဦးနှောက်ကြီး A.I.ကို ဆောက်လုပ်ရေးဟာ
တကယ့်ကို စိန်ခေါ်မှုကြီးပါ။ -
15:10 - 15:13စိတ်ချလုံခြုံမယ့် ဆူပါဦးနှောက် A.I.ကို
ဆောက်လုပ်မှုဟာ -
15:13 - 15:15အဲဒါတွေအပြင် နောက်ထပ် စိန်ခေါ်မှုတွေလည်း
ပါဝင်ကြပါအုံးမယ်။ -
15:16 - 15:20တယောက်ယောက်က ခုနက ပြောခဲ့တဲ့
နောက်ထပ် ရှိကြသေးတဲ့ စိန်ခေါ်မှုတွေကို -
15:20 - 15:23မဖြေရှင်းနိုင်သေးဘဲနဲ့ ခုနက လုံခြုံရေးကို
လုံးဝအာမခံရေးကို -
15:23 - 15:25ဖြေရှင်းလို့ ရပါ့မလားဆိုတဲ့
အန္တရာယ် ရှိနေပါတယ်။ -
15:25 - 15:29အဲဒါကြောင့် ကျွန်တော်တို့ဟာ
အခြေအနေကို ထိန်းချုပ်ရေး ပြဿာကို -
15:29 - 15:32ကြိုတင်ပြီး ဖြေရှင်းထားလို့ လိုပါလိမ့်မည်၊
-
15:32 - 15:34လိုအပ်တာနဲ့ ချက်ချင်းယူပြီး သုံးနိုင်အောင်
အသင့်ရှိဖို့ ပါတယ်။ -
15:35 - 15:38တချိန်တည်းမှာ ထိန်းချုပ်ရေး ပြဿနာတစ်ရပ်လုံး
ကြိုတင် ဖြေရှင်းလို့ ရချင်မှ ရနိုင်မှာ၊ -
15:38 - 15:41ဘာဖြစ်လို့လဲ ဆိုတော့၊ ပေါ်လာမယ့် ယန္တရားကို
၎င်းရဲ့ နေရာမှာ တည်ဆောက်တော့မှာသာ -
15:41 - 15:45သိလာရမယ့် အသေးစိတ် အချက်တွေ အခုအချိန်မှာ
မရှိနိုင်ကြသေးလို့ပါ။ -
15:45 - 15:49ဘယ်လိုပဲဖြစ်ြဖစ် ထိန်းချုပ်ရေး ပြဿနာတွေကို
ကျွန်တော်တို့ ကြိုပြီး ဖြေရှင်းထားနိုင်လေလေ၊ -
15:49 - 15:53စက်ဦးနှောက် ခေတ်ဆီ ကူးပြောင်းရာတွင်
မလိုလားတာတွေကို -
15:53 - 15:54ပိုပြီး ရှောင်နိုင်လေလေ ဖြစ်မှာပါ။
-
15:54 - 15:59ကျွန်တော့်အတွက် ဒါဟာဖြင့် ရှေ့ဆက်
လုပ်ထိုက်တဲ့ အရာလို ထင်ပါတယ်၊ -
15:59 - 16:02ပြီးတော့ အရာတွေ အားလုံး အဆင်ပြေ
ဖြစ်ပျက်လာကြမယ် ဆိုရင်၊ -
16:02 - 16:07နောင် နှစ်တသန်းကြာနောက်မှာ လူတွေကို
ဒီရာစုနှစ်ကို ပြန်လှည့်ကြည့်တဲ့ အခါမှာ -
16:07 - 16:11တကယ့်ကို အရေးကြီးခဲ့တဲ့ အရာတခုကို
ကျွန်တော်တို့ လုပ်ပေးခဲ့ကြတာက -
16:11 - 16:13ဒါကို မှန်ကန်စွာ လုပ်နိုင်ခဲ့ခြင်းပဲ
ဖြစ်တယ်လို့ ပြောဆိုနိုင်ကြပါစေ။ -
16:13 - 16:14ကျေးဇူးတင်ပါတယ်။
-
16:14 - 16:17(လက်ခုပ်သံများ)
- Title:
- ကျွန်တော်တို့ ကွန်ပျူတာတွေ ကျွန်တော်တို့ထက်ကို စမတ်ကျလာရင် ဘယ်လို ဖြစ်လာမလဲ?
- Speaker:
- Nick Bostrom
- Description:
-
လက်လုပ် အသိဉာဏ်ဟာ ခုန်ပျံတိုးတက်လာနေပါတယ်။ ဒီရာစုနှစ်ထဲမှာကိုပဲ ကွန်ပျူတာ AI (Artificial intelligence) ဟာ ကျွန်တော့်တို့လို စမတ်ဖြစ်လာမယ်လို့ ပါရဂူများက ယူဆကြပါတယ်။ အဲဒီနောက်မှာ ၎င်းက ကျွန်တော်တို့ထက်ကို သာလွန်သွားမယ်လို့ Nick Bostrom ကဆိုပါတယ်။ "စက်ဦးနှောက်ဟာဖြင့် လူသားက ပြုလုပ်လိုက်တဲ့ နောက်ဆုံး တီထွင်မှုပဲ ဖြစ်မယ်" လို့ သူကဆိုပါတယ်။ ဒဿနိက ပညာရှင် နှင့် နည်းပညာရျင် တဦဖြစ်တဲ့ Bostrom က ကျွန်တော်တို့ ဒီနေ့ ဆောက်လုပ်နေကြတဲ့ စက်တွေက မောင်းနှင်နေတဲ့ ကမ္ဘာ့အကြောင်းကို အသေအချာ စဉ်းစားကြည့်ဖို့ ပြောပါတယ်။ ကျွန်တော်တို့ရဲ့ စမတ်ကျတဲ့ စက်တွေက လူသား နှင့် ကျွန်တော်တို့ တန်ဖိုးထားတဲ့ အချက်တွေကို ထိန်းသိမ်းနိုင်အောင် ကူပေးကြမလား၊ ဒါမှမဟုတ် သူတို့ကိုယ်ပိုင် တန်ဖိုးတွေ ရှိလာကြမှာလား- စဉ်းစားရမယ့် မေးခွန်းပါပဲ။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 16:31
Myo Aung approved Burmese subtitles for What happens when our computers get smarter than we are? | ||
Myo Aung edited Burmese subtitles for What happens when our computers get smarter than we are? | ||
Myo Aung edited Burmese subtitles for What happens when our computers get smarter than we are? | ||
Myo Aung edited Burmese subtitles for What happens when our computers get smarter than we are? | ||
Myo Aung edited Burmese subtitles for What happens when our computers get smarter than we are? | ||
Myo Aung edited Burmese subtitles for What happens when our computers get smarter than we are? | ||
sann tint edited Burmese subtitles for What happens when our computers get smarter than we are? | ||
sann tint edited Burmese subtitles for What happens when our computers get smarter than we are? |