< Return to Video

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က ဆေးဝါးတွေကို ဘယ်လို စီမံဆောင်ရွက်ပါသလဲ - Céline Valéry

  • 0:07 - 0:10
    Ibuprofen လို အကိုက်အခဲပျောက်ဆေးကို
    မျိုချလိုက်ရင် ဘာဖြစ်လာတာကို
  • 0:10 - 0:12
    ရှင်တို့ဟာ စဉ်းစားခဲ့ဘူးပါသလား?
  • 0:12 - 0:15
    လည်ချောင်းမှ တစ်ဆင့် လျှောဆင်း
    သွားတဲ့ ဆေးက ခေါင်းကိုက်တာကို၊
  • 0:15 - 0:16
    နာနေတဲ့ ကျောကို၊
  • 0:16 - 0:18
    အဆစ်လွဲနေတဲ့
    ခြေဖဝါးကို ကုပေးနိုင်တယ်။
  • 0:18 - 0:21
    ဒါပေမဲ့ ဆေးဟာ ကုသပေးရမယ့် နေရာကို
    ဘယ်လိုများ ရောက်သွားတာလဲ?
  • 0:21 - 0:25
    အဖြေက ၎င်းဟာ ရှင်တို့ရဲ့ သွေးစီးကြောင်းထဲ
    လိုက်ပြီး စီးကြည့်လျက်၊
  • 0:25 - 0:27
    ကုသပေးရန်အတွက် ခန္ဓာကိုယ်ကို
    ပြေးလွှားကြည့်ရတယ်။
  • 0:27 - 0:31
    ခန္ဓာကိုယ်က ၎င်းကို ထောင်ဖမ်းလျက်
    အာနိသင်ပျက်စေလျက် မလိုလားအပ်တဲ့
  • 0:31 - 0:34
    အရာများအဖြစ် ထုတ်မပစ်မီ လုပ်ဖို့ လိုပါတယ်။
  • 0:34 - 0:37
    ဒီလုပ်ငန်းစဉ်ဟာ အစာချေ
    စနစ်တွင်းမှ စတင်ပါတယ်။
  • 0:37 - 0:41
    ရှင်ဟာ နာကျင်နေတဲ့ ခြေဖဝါးအတွက် Ibuprofen
    ကို သောက်လိုက်တယ် ဆိုပါစို့။
  • 0:41 - 0:44
    မိနစ်ပိုင်း အတွင်းမှာကို ဆေးပြားဟာ
    ဝမ်းထဲရှိ ငရဲမီးအရည်များထဲမှာ
  • 0:44 - 0:46
    စပြီး ကျေပျက်လာပါတယ်။
  • 0:46 - 0:49
    ရောနှောသွားတဲ့ Ibuprofen ဟာ
    အူအသေးဆီကို သွားပါတယ်
  • 0:49 - 0:53
    ပြီးတော့ အူရဲ့နံရံကို ဖြတ်ပြီး သွေးကြော
    ကွန်ရက်ထဲကို ဝင်သွားပါတယ်။
  • 0:53 - 0:56
    သွေးကြောတွေက သွေးနဲ့အတူ
    ပါတဲ့ အရာမှန်သမျှကို
  • 0:56 - 1:00
    အသည်းဆီကို သယ်ပို့ပေးတဲ့
    သွေးလွှတ်ကြောထဲကို စီးဝင်ပါတယ်။
  • 1:00 - 1:03
    နောက်တစ်ဆင့်က အသည်းကို ဖြတ်ကျော်ရန်ပါပဲ။
  • 1:03 - 1:08
    အသည်းထဲက သွေးကြောတွေကို ဖြတ်ပြီး
    ဆေးဝါးမော်လီကျူးတွေ ကူးဖြတ်နေချိန်မှာ
  • 1:08 - 1:11
    အင်ဇိုင်းတွေက Ibuprofen မော်လီကျူးတွေနဲ့
    ဓာတ်ပြုလျက် အာနိသင်ကို
  • 1:11 - 1:13
    ဖျက်ပစ်ရန် အားထုတ်ပါတယ်။
  • 1:13 - 1:17
    ဖျက်ဆီးခံလိုက်ရမယ့် Ibuprofen
    မော်လီကျူးတွေဟာ
  • 1:17 - 1:20
    အကိုက်အခဲကို ပျောက်အောင် ကုမပေးနိုင်ကြပါ။
  • 1:20 - 1:24
    ဒီအဆင့်မှာ Ibuprofen အများစုဟာ
    အမိမခံရဘဲ အသည်းကို ဖြတ်ကျော်ကြပါတယ်။
  • 1:24 - 1:27
    ၎င်းဟာ အသည်းကို ကျော်လျက်
    ဆက်ပြီး သွားပါတယ်၊
  • 1:27 - 1:28
    သွေးပြန်ကြောမှတဆင့်
  • 1:28 - 1:30
    ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု စနစ်ထဲကိုပါ။
  • 1:30 - 1:32
    သောက်ချလိုက်တဲ့နောက်
    နာရီဝက်အကြာတွင်
  • 1:32 - 1:37
    သောက်လိုက်တဲ့ ဆေးထဲက အချို့ဟာ
    လည်ပတ်နေတဲ့ သွေးထဲကို ရောက်သွားကြပါပြီ။
  • 1:37 - 1:40
    သွေးစီးဆင်းမှုဟာ ခန္ဓာကိုယ်
    အပိုင်းတိုင်းကို ရောက်ပါတယ်၊
  • 1:40 - 1:45
    နှလုံး၊ ဦးနှောက်၊ ကျောက်ကပ် စသဖြင့်
    သွားပြီး အသည်းဆီ ပြန်လာပါတယ်။
  • 1:45 - 1:47
    Ibuprofen မော်လီကျူးတွေက
    နာကျင်မှုကို ခန္ဓာကိုယ်ဖက်မှ
  • 1:47 - 1:50
    တအားတုံ့ပြန်နေတဲ့
    နေရာမျိုးကို တွေ့ရတဲ့အခါမှာ၊
  • 1:50 - 1:55
    အဲဒီလို တုံ့ပြန်မှုကြောင့် ပေါ်လာကြတဲ့
    မော်လီကျူးတွေနဲ့ ချိတ်ဆက်လိုက်ကြပါတယ်။
  • 1:55 - 1:58
    Ibuprofen ဆေးဟာ
    နာကျင်မှု အချက်ပြမှုကို ထုတ်လွှင့်ပေးစေတဲ့
  • 1:58 - 2:01
    ဒြပ်ပေါင်း ထုတ်လုပ်မှုကို ပိတ်ဆို့ပါတယ်။
  • 2:01 - 2:03
    ဆေးဝါး မော်လီကျူးတွေ တိုးတိုးစုစည်းလျက်
  • 2:03 - 2:05
    အကိုက်အခဲ တိုက်ဖျက်မှုအားဟာ
    တိုးတိုးလာလျက်
  • 2:05 - 2:09
    တစ်နာရီ ဒါမှဟမုတ် နှစ်နာရီအကြာတွင်
    အကျိုးကို အထိရောက်ဆုံး ခံစားရပါမယ်။
  • 2:09 - 2:12
    ခန္ဓာကိုယ်ဟာ Ibuprofen ကို
    ထိရောက်စွာ ချေဖျက်ပစ်မှု စတင်မယ်၊
  • 2:12 - 2:16
    သွေးထဲ ဆေးပါဝင်မှုဟာ ပျမ်းမျှအားဖြင့်
    နှစ်နာရီတိုင်းမှာ ထက်ဝက်ကျ နည်းလာမှားပါ။
  • 2:16 - 2:19
    Ibuprofen မော်လီကျူးတွေက ၎င်းတို့ရဲ့
    ပစ်မှတ်များမှ ထွက်လာလျက်
  • 2:19 - 2:23
    သွေးကြောစနစ်က ၎င်းတို့ကို ထုတ်ယူပြီး
    သယ်ပို့ပေးဦးမှာပါ။
  • 2:23 - 2:26
    အသည်းဆီကို ပြန်ရောက်တဲ့အခါမှာ
    စုစုပေါင်း ဆေးဝါးထဲက အနည်းငယ်ဟာ
  • 2:26 - 2:29
    ဓာတုဖြစ်စဉ်များအဖြစ်
    ပုံစံပြောင်းလဲသွားလာကြမှာ ဖြစ်ရာ၊
  • 2:29 - 2:33
    နောက်ဆုံးတွင် ကျောက်ကပ်က ဆီးအဖြစ်
    စစ်ထုတ် ပေးသွားမှားပါ။
  • 2:33 - 2:36
    အသည်းထံမှ ခန္ဓာကိုယ်နဲ့ ကျောက်ကပ်ဆီ
    သွေးလည်ပတ်မှုကို
  • 2:36 - 2:38
    တစ်မိနစ်လျှင် တစ်ကြော့နှုန်းဖြင့်
    မောင်းနှင်ပေးပါတယ်။
  • 2:38 - 2:42
    တစ်ကြော့တစ်ကြော့မှာ ဆေးဝါး အနည်းငယ်စီကို
    ချေဖျက်လျက် ထုတ်ပစ်သွားတာပါ။
  • 2:42 - 2:46
    ကျွန်မတို့ သောက်ကြတဲ့ ဆေးတိုင်းအတွက်
    အခြေခံအဆင့်တွေ ဆင်တူပါပဲ။
  • 2:46 - 2:47
    အဲဒီလုပ်ငန်းစဉ် မြန်ဆန်မှုနဲ့
  • 2:47 - 2:50
    သွေးစီးမှုစနစ်ထဲကို ရောဝင်သွားတဲ့
    ဆေးဝါးရဲ့ ပမာဏကျတော့
  • 2:50 - 2:52
    ဆေးဝါး အပေါ်၊ ကာယကံရှင်၊
  • 2:52 - 2:52
    ခန္ဓာကိုယ်ထဲ
  • 2:52 - 2:55
    စိမ့်ဝင်မှု အပေါ်မှာ မူတည်ပြီး
    မတူကွဲပြားပါတယ်။
  • 2:55 - 2:57
    ဆေးဝါးနဲ့အတူ ပါလာတဲ့ အညွှန်းက
    ကူညီပေးနိုင်တာမှန်ပေမဲ့၊
  • 2:57 - 3:00
    အဲဒါတွေဟာ နမူနာ လူဦးရေကို
    အခြေခံတဲ့ ပျမ်းမျှ ကိန်းဂဏန်းပါ၊
  • 3:00 - 3:03
    စားသုံးသူ တစ်ယောက်ယောက်နဲ့
    ကိုက်ညီချင်မှ ကိုက်ညီပါမယ်။
  • 3:03 - 3:05
    ကိုယ့်အတွက် အံဝင်ခွင်ကျတဲ့
    ဆေးပမာဏ သောက်ရပါမယ်။
  • 3:05 - 3:08
    နည်းလွန်းရင် ဆေးဝါးဟာ
    မိမိတာဝန်ကို မထမ်ဆောင်နိုင်ပါ။
  • 3:08 - 3:12
    ဆေးများသွားရင် ဆေးနဲ့ ၎င်းရဲ့ အကျိုးဆက်
    ဓာတ်စဉ်တွေ အဆိပ်သင့်နိုင်ပါတယ်။
  • 3:12 - 3:14
    အဲဒါ ဘယ်ဆေးဝါးအတွက်မဆို မှန်ကန်ပါတယ်။
  • 3:14 - 3:18
    ဆေးဝါး ပမာဏ မှန်ကန်အောင် တိုက်ကျွေးဖို့
    အခက်ဆုံးသူတွေက ကလေးတွေပါ။
  • 3:18 - 3:23
    ကလေးရဲ့ကိုယ်က ဆေးဝါးကို တုံ့ပြန်စီမံပုံရော
    လုပ်ကိုင်ပုံပါ မြန်ဆန်လို့ပါ။
  • 3:23 - 3:27
    ဥပမာ၊ ဆေးတွေကို ချေဖျက်ပေးနိုင်တဲ့
    အသည်းထဲရှိ အင်ဇိုင်းတွေရဲ့ ပမာဏဟာ
  • 3:27 - 3:30
    ကလေးငယ်တွေထဲမှာ သိပ်ကို
    အပြောင်းအလဲ မြန်တတ်ပါတယ်။
  • 3:30 - 3:33
    ရှုပ်ထွေးလာစေကြတဲ့ အကြောင်းတွေထဲက
    တစ်ခုတည်းကို ပြောရသေးတယ်။
  • 3:33 - 3:33
    မျိုးရိုးဗီဇ၊
  • 3:33 - 3:34
    အသက်၊
  • 3:34 - 3:35
    စားသောက်ပုံ၊
  • 3:35 - 3:36
    ရောဂါ၊
  • 3:36 - 3:41
    ကိုယ်ဝန်ရှိခြင်းကတောင် ဆေးဝါးများကို
    က်ခံတုံ့ပြန်ပုံကို ပြောင်းလဲစေနိုင်ပါတယ်။
  • 3:41 - 3:46
    နောင်မှာ ပုံမှန် DNA စမ်းသပ်မှု လုပ်လျက်
    လူတစ်ဦးအတွက် ၎င်းရဲ့ အသည်းနဲ့ အခြား
  • 3:46 - 3:50
    အချက်တွေကို ထည့်တွက်လျက် တိကျစွာ
    ဆေးပမာဏကို တွက်ချက်ပေးလာနိုင်မှာပါ၊
  • 3:50 - 3:51
    လောလောဆယ်မှာတော့၊
  • 3:51 - 3:52
    အကောင်းဆုံးက
    ဆေးအညွှန်းကို ဖတ်ရန်
  • 3:52 - 3:54
    ဆရာဝန် ဒါမှမဟုတ် ဆေးဖေါ်စပ်ပေးသူတွေနဲ့
  • 3:54 - 3:58
    တိုင်ပင်လျက် သူတို့ပြောတဲ့ ပမာဏကို
    အကြံပြုထားတဲ့ အချိန်မှာ သောက်ဖို့ပါပဲ။
Title:
ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က ဆေးဝါးတွေကို ဘယ်လို စီမံဆောင်ရွက်ပါသလဲ - Céline Valéry
Speaker:
Céline Valéry
Description:

ဒီသင်ခန်းစာ အပြည့်ကို ကြည့်ရှုရန်မှာ- http://ed.ted.com/lessons/how-does-your-body-process-medicine-celine-valery

ကိုယ်က ibuprofen လို အကိုက်အခဲ ပျောက်ဆေးကို မျိုချလိုက်တဲ့ အခါမှာ ဘာတွေ ဖြစ်လာလဲ ဆိုတာကို မိတ်ဆွေတို့ စဉ်းစားခဲ့ဘူးပါသလား။ ကိုယ်က မျိုချလိုက်တဲ့ ဆေးဝါးဟာ ခေါင်းကိုက်တာကို၊ ကျောမှာ နာနေတာကို ဒါမှမဟုတ် နာကျင်နေတဲ့ ခြေဖဝါးကို သက်သာအောက် လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆေးဝါးဟာ တကယ့်ကို လိုအပ်နေတဲ့ နေရုာကို ဘယ်လိုလုပ်ပြီး အရောက်သွားတာလဲ။ Céline Valéry က ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က ဆေးဝါးကို ဘယ်လို စီမံဆောင်ရွက်ပုံကို ရှင်းပြထားပါတယ်။

Céline Valéry ရဲ့ သင်ခန်းစာကို Daniel Gray က လှုပ်ရှားပုံမျာဖြင့် တင်ဆက်ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:13

Burmese subtitles

Revisions