1 00:00:07,054 --> 00:00:10,208 Ibuprofen လို အကိုက်အခဲပျောက်ဆေးကို မျိုချလိုက်ရင် ဘာဖြစ်လာတာကို 2 00:00:10,208 --> 00:00:11,964 ရှင်တို့ဟာ စဉ်းစားခဲ့ဘူးပါသလား? 3 00:00:11,964 --> 00:00:14,972 လည်ချောင်းမှ တစ်ဆင့် လျှောဆင်း သွားတဲ့ ဆေးက ခေါင်းကိုက်တာကို၊ 4 00:00:14,972 --> 00:00:16,053 နာနေတဲ့ ကျောကို၊ 5 00:00:16,053 --> 00:00:17,934 အဆစ်လွဲနေတဲ့ ခြေဖဝါးကို ကုပေးနိုင်တယ်။ 6 00:00:17,934 --> 00:00:20,833 ဒါပေမဲ့ ဆေးဟာ ကုသပေးရမယ့် နေရာကို ဘယ်လိုများ ရောက်သွားတာလဲ? 7 00:00:20,833 --> 00:00:24,715 အဖြေက ၎င်းဟာ ရှင်တို့ရဲ့ သွေးစီးကြောင်းထဲ လိုက်ပြီး စီးကြည့်လျက်၊ 8 00:00:24,715 --> 00:00:27,445 ကုသပေးရန်အတွက် ခန္ဓာကိုယ်ကို ပြေးလွှားကြည့်ရတယ်။ 9 00:00:27,445 --> 00:00:31,145 ခန္ဓာကိုယ်က ၎င်းကို ထောင်ဖမ်းလျက် အာနိသင်ပျက်စေလျက် မလိုလားအပ်တဲ့ 10 00:00:31,145 --> 00:00:33,926 အရာများအဖြစ် ထုတ်မပစ်မီ လုပ်ဖို့ လိုပါတယ်။ 11 00:00:33,926 --> 00:00:36,605 ဒီလုပ်ငန်းစဉ်ဟာ အစာချေ စနစ်တွင်းမှ စတင်ပါတယ်။ 12 00:00:36,605 --> 00:00:40,845 ရှင်ဟာ နာကျင်နေတဲ့ ခြေဖဝါးအတွက် Ibuprofen ကို သောက်လိုက်တယ် ဆိုပါစို့။ 13 00:00:40,845 --> 00:00:44,125 မိနစ်ပိုင်း အတွင်းမှာကို ဆေးပြားဟာ ဝမ်းထဲရှိ ငရဲမီးအရည်များထဲမှာ 14 00:00:44,125 --> 00:00:45,736 စပြီး ကျေပျက်လာပါတယ်။ 15 00:00:45,736 --> 00:00:48,552 ရောနှောသွားတဲ့ Ibuprofen ဟာ အူအသေးဆီကို သွားပါတယ် 16 00:00:48,552 --> 00:00:53,276 ပြီးတော့ အူရဲ့နံရံကို ဖြတ်ပြီး သွေးကြော ကွန်ရက်ထဲကို ဝင်သွားပါတယ်။ 17 00:00:53,276 --> 00:00:56,005 သွေးကြောတွေက သွေးနဲ့အတူ ပါတဲ့ အရာမှန်သမျှကို 18 00:00:56,005 --> 00:00:59,845 အသည်းဆီကို သယ်ပို့ပေးတဲ့ သွေးလွှတ်ကြောထဲကို စီးဝင်ပါတယ်။ 19 00:00:59,845 --> 00:01:02,526 နောက်တစ်ဆင့်က အသည်းကို ဖြတ်ကျော်ရန်ပါပဲ။ 20 00:01:02,526 --> 00:01:07,775 အသည်းထဲက သွေးကြောတွေကို ဖြတ်ပြီး ဆေးဝါးမော်လီကျူးတွေ ကူးဖြတ်နေချိန်မှာ 21 00:01:07,775 --> 00:01:11,195 အင်ဇိုင်းတွေက Ibuprofen မော်လီကျူးတွေနဲ့ ဓာတ်ပြုလျက် အာနိသင်ကို 22 00:01:11,195 --> 00:01:13,305 ဖျက်ပစ်ရန် အားထုတ်ပါတယ်။ 23 00:01:13,305 --> 00:01:16,769 ဖျက်ဆီးခံလိုက်ရမယ့် Ibuprofen မော်လီကျူးတွေဟာ 24 00:01:16,769 --> 00:01:19,837 အကိုက်အခဲကို ပျောက်အောင် ကုမပေးနိုင်ကြပါ။ 25 00:01:19,837 --> 00:01:24,396 ဒီအဆင့်မှာ Ibuprofen အများစုဟာ အမိမခံရဘဲ အသည်းကို ဖြတ်ကျော်ကြပါတယ်။ 26 00:01:24,396 --> 00:01:26,527 ၎င်းဟာ အသည်းကို ကျော်လျက် ဆက်ပြီး သွားပါတယ်၊ 27 00:01:26,527 --> 00:01:27,766 သွေးပြန်ကြောမှတဆင့် 28 00:01:27,766 --> 00:01:30,206 ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု စနစ်ထဲကိုပါ။ 29 00:01:30,206 --> 00:01:32,176 သောက်ချလိုက်တဲ့နောက် နာရီဝက်အကြာတွင် 30 00:01:32,176 --> 00:01:36,987 သောက်လိုက်တဲ့ ဆေးထဲက အချို့ဟာ လည်ပတ်နေတဲ့ သွေးထဲကို ရောက်သွားကြပါပြီ။ 31 00:01:36,987 --> 00:01:39,698 သွေးစီးဆင်းမှုဟာ ခန္ဓာကိုယ် အပိုင်းတိုင်းကို ရောက်ပါတယ်၊ 32 00:01:39,698 --> 00:01:44,674 နှလုံး၊ ဦးနှောက်၊ ကျောက်ကပ် စသဖြင့် သွားပြီး အသည်းဆီ ပြန်လာပါတယ်။ 33 00:01:44,674 --> 00:01:47,218 Ibuprofen မော်လီကျူးတွေက နာကျင်မှုကို ခန္ဓာကိုယ်ဖက်မှ 34 00:01:47,218 --> 00:01:50,084 တအားတုံ့ပြန်နေတဲ့ နေရာမျိုးကို တွေ့ရတဲ့အခါမှာ၊ 35 00:01:50,084 --> 00:01:54,611 အဲဒီလို တုံ့ပြန်မှုကြောင့် ပေါ်လာကြတဲ့ မော်လီကျူးတွေနဲ့ ချိတ်ဆက်လိုက်ကြပါတယ်။ 36 00:01:54,611 --> 00:01:57,681 Ibuprofen ဆေးဟာ နာကျင်မှု အချက်ပြမှုကို ထုတ်လွှင့်ပေးစေတဲ့ 37 00:01:57,681 --> 00:02:00,859 ဒြပ်ပေါင်း ထုတ်လုပ်မှုကို ပိတ်ဆို့ပါတယ်။ 38 00:02:00,859 --> 00:02:02,758 ဆေးဝါး မော်လီကျူးတွေ တိုးတိုးစုစည်းလျက် 39 00:02:02,758 --> 00:02:05,388 အကိုက်အခဲ တိုက်ဖျက်မှုအားဟာ တိုးတိုးလာလျက် 40 00:02:05,388 --> 00:02:09,084 တစ်နာရီ ဒါမှဟမုတ် နှစ်နာရီအကြာတွင် အကျိုးကို အထိရောက်ဆုံး ခံစားရပါမယ်။ 41 00:02:09,084 --> 00:02:11,948 ခန္ဓာကိုယ်ဟာ Ibuprofen ကို ထိရောက်စွာ ချေဖျက်ပစ်မှု စတင်မယ်၊ 42 00:02:11,948 --> 00:02:16,299 သွေးထဲ ဆေးပါဝင်မှုဟာ ပျမ်းမျှအားဖြင့် နှစ်နာရီတိုင်းမှာ ထက်ဝက်ကျ နည်းလာမှားပါ။ 43 00:02:16,299 --> 00:02:19,238 Ibuprofen မော်လီကျူးတွေက ၎င်းတို့ရဲ့ ပစ်မှတ်များမှ ထွက်လာလျက် 44 00:02:19,238 --> 00:02:22,828 သွေးကြောစနစ်က ၎င်းတို့ကို ထုတ်ယူပြီး သယ်ပို့ပေးဦးမှာပါ။ 45 00:02:22,828 --> 00:02:26,412 အသည်းဆီကို ပြန်ရောက်တဲ့အခါမှာ စုစုပေါင်း ဆေးဝါးထဲက အနည်းငယ်ဟာ 46 00:02:26,412 --> 00:02:29,169 ဓာတုဖြစ်စဉ်များအဖြစ် ပုံစံပြောင်းလဲသွားလာကြမှာ ဖြစ်ရာ၊ 47 00:02:29,169 --> 00:02:32,728 နောက်ဆုံးတွင် ကျောက်ကပ်က ဆီးအဖြစ် စစ်ထုတ် ပေးသွားမှားပါ။ 48 00:02:32,728 --> 00:02:35,530 အသည်းထံမှ ခန္ဓာကိုယ်နဲ့ ကျောက်ကပ်ဆီ သွေးလည်ပတ်မှုကို 49 00:02:35,530 --> 00:02:38,220 တစ်မိနစ်လျှင် တစ်ကြော့နှုန်းဖြင့် မောင်းနှင်ပေးပါတယ်။ 50 00:02:38,220 --> 00:02:42,398 တစ်ကြော့တစ်ကြော့မှာ ဆေးဝါး အနည်းငယ်စီကို ချေဖျက်လျက် ထုတ်ပစ်သွားတာပါ။ 51 00:02:42,398 --> 00:02:45,570 ကျွန်မတို့ သောက်ကြတဲ့ ဆေးတိုင်းအတွက် အခြေခံအဆင့်တွေ ဆင်တူပါပဲ။ 52 00:02:45,570 --> 00:02:47,119 အဲဒီလုပ်ငန်းစဉ် မြန်ဆန်မှုနဲ့ 53 00:02:47,119 --> 00:02:50,086 သွေးစီးမှုစနစ်ထဲကို ရောဝင်သွားတဲ့ ဆေးဝါးရဲ့ ပမာဏကျတော့ 54 00:02:50,086 --> 00:02:51,538 ဆေးဝါး အပေါ်၊ ကာယကံရှင်၊ 55 00:02:51,538 --> 00:02:52,456 ခန္ဓာကိုယ်ထဲ 56 00:02:52,456 --> 00:02:54,709 စိမ့်ဝင်မှု အပေါ်မှာ မူတည်ပြီး မတူကွဲပြားပါတယ်။ 57 00:02:54,709 --> 00:02:57,320 ဆေးဝါးနဲ့အတူ ပါလာတဲ့ အညွှန်းက ကူညီပေးနိုင်တာမှန်ပေမဲ့၊ 58 00:02:57,320 --> 00:03:00,109 အဲဒါတွေဟာ နမူနာ လူဦးရေကို အခြေခံတဲ့ ပျမ်းမျှ ကိန်းဂဏန်းပါ၊ 59 00:03:00,109 --> 00:03:02,933 စားသုံးသူ တစ်ယောက်ယောက်နဲ့ ကိုက်ညီချင်မှ ကိုက်ညီပါမယ်။ 60 00:03:02,933 --> 00:03:05,201 ကိုယ့်အတွက် အံဝင်ခွင်ကျတဲ့ ဆေးပမာဏ သောက်ရပါမယ်။ 61 00:03:05,201 --> 00:03:07,989 နည်းလွန်းရင် ဆေးဝါးဟာ မိမိတာဝန်ကို မထမ်ဆောင်နိုင်ပါ။ 62 00:03:07,989 --> 00:03:12,210 ဆေးများသွားရင် ဆေးနဲ့ ၎င်းရဲ့ အကျိုးဆက် ဓာတ်စဉ်တွေ အဆိပ်သင့်နိုင်ပါတယ်။ 63 00:03:12,210 --> 00:03:14,151 အဲဒါ ဘယ်ဆေးဝါးအတွက်မဆို မှန်ကန်ပါတယ်။ 64 00:03:14,151 --> 00:03:18,350 ဆေးဝါး ပမာဏ မှန်ကန်အောင် တိုက်ကျွေးဖို့ အခက်ဆုံးသူတွေက ကလေးတွေပါ။ 65 00:03:18,350 --> 00:03:22,930 ကလေးရဲ့ကိုယ်က ဆေးဝါးကို တုံ့ပြန်စီမံပုံရော လုပ်ကိုင်ပုံပါ မြန်ဆန်လို့ပါ။ 66 00:03:22,930 --> 00:03:26,629 ဥပမာ၊ ဆေးတွေကို ချေဖျက်ပေးနိုင်တဲ့ အသည်းထဲရှိ အင်ဇိုင်းတွေရဲ့ ပမာဏဟာ 67 00:03:26,629 --> 00:03:29,781 ကလေးငယ်တွေထဲမှာ သိပ်ကို အပြောင်းအလဲ မြန်တတ်ပါတယ်။ 68 00:03:29,781 --> 00:03:32,590 ရှုပ်ထွေးလာစေကြတဲ့ အကြောင်းတွေထဲက တစ်ခုတည်းကို ပြောရသေးတယ်။ 69 00:03:32,590 --> 00:03:33,461 မျိုးရိုးဗီဇ၊ 70 00:03:33,461 --> 00:03:34,201 အသက်၊ 71 00:03:34,201 --> 00:03:34,941 စားသောက်ပုံ၊ 72 00:03:34,941 --> 00:03:35,685 ရောဂါ၊ 73 00:03:35,685 --> 00:03:40,700 ကိုယ်ဝန်ရှိခြင်းကတောင် ဆေးဝါးများကို က်ခံတုံ့ပြန်ပုံကို ပြောင်းလဲစေနိုင်ပါတယ်။ 74 00:03:40,700 --> 00:03:45,841 နောင်မှာ ပုံမှန် DNA စမ်းသပ်မှု လုပ်လျက် လူတစ်ဦးအတွက် ၎င်းရဲ့ အသည်းနဲ့ အခြား 75 00:03:45,841 --> 00:03:49,570 အချက်တွေကို ထည့်တွက်လျက် တိကျစွာ ဆေးပမာဏကို တွက်ချက်ပေးလာနိုင်မှာပါ၊ 76 00:03:49,570 --> 00:03:50,702 လောလောဆယ်မှာတော့၊ 77 00:03:50,702 --> 00:03:52,341 အကောင်းဆုံးက ဆေးအညွှန်းကို ဖတ်ရန် 78 00:03:52,341 --> 00:03:54,263 ဆရာဝန် ဒါမှမဟုတ် ဆေးဖေါ်စပ်ပေးသူတွေနဲ့ 79 00:03:54,263 --> 00:03:57,922 တိုင်ပင်လျက် သူတို့ပြောတဲ့ ပမာဏကို အကြံပြုထားတဲ့ အချိန်မှာ သောက်ဖို့ပါပဲ။