-
-
ကလေးဝတ် T-Shirt တစ်ထည် အတွက် အထည် 4/5 ကိုက် (သို့)
-
၁ ကိုက် အထည် ရဲ့4/5 လိုအပ်တယ်
-
48 ကိုက် ဆိုရင် T-Shirt အထည် ဘယ်လောက် ရနိုင်မလဲ
-
ကျွန်တော်တို့ ပြောချင်တာကတော့
-
48 ကိုက် ဆိုရင် 1 ကိုက်ရဲ့ 4/5 အုပ်စုလေး ဘယ်နစ်စု ဖြစ်နိုင်မလဲ
-
စာအရပြောရင်တော့ 48 ကိုက် ကို 1 ကိုက်ရဲ့4/5 ရှိတဲ့ အုပ်စုလေးတွေ ခွဲ လိုက်မယ်။
-
ဒါဆို
-
အုပ်စု ဘယ်နစ်စုရှိနေမလဲ?
-
ဘာကြောင့်လဲဆိုတော့ ဒီအုပ်စု တစ်ခုချင်းစီက
-
ကလေး T-Shirt တစ်ထည်စီ လုပ်လို့ရတယ်။
-
ခင်ဗျားက ကျွန်တော့်ကို 1ကိုက်ရဲ့4/5 ပေးမယ်ဆိုရင် ကလေး T-Shirt တစ်ထည်စာပေါ့.
-
ဒါဆို 4/5 ရှိတဲ့ အုပ်စု အရေအတွက် ဟာ ကလေး T-Shirt အရေအတွက် ပဲဖြစ်တယ်။
-
ကဲအခု ကျွန်တော်တို့အပို်င်းကိန်းနဲ့ စားမယ်
-
ကျွန်တော်တို့မှတ်ထားရမှာက ဒါဟာ တူတူပဲဖြစ်တယ်
-
အပိုင်းကိန်းအချင်းချင်း မြှောက်လိုက်တာနဲ့ထပ်တူကျတယ်။
-
.
-
ဒါကြောင့် ဒီမှာ ကျွန်တော့မှာ 4/5 ရှိတယ်ဆိုရင် ဒါဟာ 5/4 ဖြစ်တယ်။
-
ဒါဟာ အပြန်အလှန်ပဲပေါ့။
-
ကဲအခု ခင်ဗျားကပြောမယ်။ ခင်ဗျားမှာ ကိန်းပြည့်တစ်ခုရယ်၊အပိုင်းကိန်း တစ်ခုရယ်ရှိတယ်
-
ခင်ဗျား မှတ်ထားရမှာက မည်သည့် ကိန်းပြည့်မဆို အပိုင်းကိန်း အဖြစ် ရေးလို့ရတယ်။
-
-
ဒါဟာ 48/1 x 5/4 နဲ့တူတယ်။
-
ဒီမှာ ကျွန်တော့်တို့မြှောက်ပြီး ဖြေရှင်းကြမယ်။
-
48 x 5 က ကိန်း ဂဏန်း ကြီး ရမယ်
-
ဒါကို စားဖို့ခက်တယ်
-
ဒါပေမယ့် ဒီမှာ ကျွန်တော်တို့စားလို့ရတယ်
-
ကျွန်တော်တို့ ပိုင်းဝေ နဲ့ ပိုင်းခြေကို 4 နဲ့ စားနိုင်တယ်။
-
(သို့) ဒါဟာ 48 x 5 ပြီးတော့ 4 နဲ့စား တာဖြစ်တယ်။
-
.
-
ကဲအခု ပိုင်းဝေ ကို 4 နဲစားမယ်။
-
ကောင်းပြိး 48 ကို 4 နဲ့ စားလို့ရတယ် ။အဖြေက 12 ရတယ်။
-
ပိုင်းဝေ ကို ဘာပဲလုပ်လုပ် ပိုင်းခြေ ကိုလည်း ကျွန်တော်တို့ အဲ့အတိုင်း လုပ်ရမယ်။
-
ဒါဆို 4 ကို 4 နဲ့ စားတော့ 1 ရတယ်။
-
ဒါဆို ကျွန်တော်တို့မှာ 12 x 5 ကျန်တယ်။ ဒါဟာ 60 နဲ့ ညီတယ်။
-
12 x 5 ဒါဟာ 60/1 ဖြစ်တယ်။
-
60 ပဲဖြစ်တယ်။
-
ဒါကြောင့် တကယ်လို့ 1 ကိုက်ရဲ့4/5 အုပ်စုလေးတွေကို သုံးခြင်းဖြင့် ခင်ဗျားဟာ
-
48 ကိုက်ကနေ ကလေး 60 အတွက် (သို့) ကလေး T-Shirt 60 လုပ်နိုင်တယ်
-