ကလေးဝတ် T-Shirt တစ်ထည် အတွက် အထည် 4/5 ကိုက် (သို့) ၁ ကိုက် အထည် ရဲ့4/5 လိုအပ်တယ် 48 ကိုက် ဆိုရင် T-Shirt အထည် ဘယ်လောက် ရနိုင်မလဲ ကျွန်တော်တို့ ပြောချင်တာကတော့ 48 ကိုက် ဆိုရင် 1 ကိုက်ရဲ့ 4/5 အုပ်စုလေး ဘယ်နစ်စု ဖြစ်နိုင်မလဲ စာအရပြောရင်တော့ 48 ကိုက် ကို 1 ကိုက်ရဲ့4/5 ရှိတဲ့ အုပ်စုလေးတွေ ခွဲ လိုက်မယ်။ ဒါဆို အုပ်စု ဘယ်နစ်စုရှိနေမလဲ? ဘာကြောင့်လဲဆိုတော့ ဒီအုပ်စု တစ်ခုချင်းစီက ကလေး T-Shirt တစ်ထည်စီ လုပ်လို့ရတယ်။ ခင်ဗျားက ကျွန်တော့်ကို 1ကိုက်ရဲ့4/5 ပေးမယ်ဆိုရင် ကလေး T-Shirt တစ်ထည်စာပေါ့. ဒါဆို 4/5 ရှိတဲ့ အုပ်စု အရေအတွက် ဟာ ကလေး T-Shirt အရေအတွက် ပဲဖြစ်တယ်။ ကဲအခု ကျွန်တော်တို့အပို်င်းကိန်းနဲ့ စားမယ် ကျွန်တော်တို့မှတ်ထားရမှာက ဒါဟာ တူတူပဲဖြစ်တယ် အပိုင်းကိန်းအချင်းချင်း မြှောက်လိုက်တာနဲ့ထပ်တူကျတယ်။ . ဒါကြောင့် ဒီမှာ ကျွန်တော့မှာ 4/5 ရှိတယ်ဆိုရင် ဒါဟာ 5/4 ဖြစ်တယ်။ ဒါဟာ အပြန်အလှန်ပဲပေါ့။ ကဲအခု ခင်ဗျားကပြောမယ်။ ခင်ဗျားမှာ ကိန်းပြည့်တစ်ခုရယ်၊အပိုင်းကိန်း တစ်ခုရယ်ရှိတယ် ခင်ဗျား မှတ်ထားရမှာက မည်သည့် ကိန်းပြည့်မဆို အပိုင်းကိန်း အဖြစ် ရေးလို့ရတယ်။ ဒါဟာ 48/1 x 5/4 နဲ့တူတယ်။ ဒီမှာ ကျွန်တော့်တို့မြှောက်ပြီး ဖြေရှင်းကြမယ်။ 48 x 5 က ကိန်း ဂဏန်း ကြီး ရမယ် ဒါကို စားဖို့ခက်တယ် ဒါပေမယ့် ဒီမှာ ကျွန်တော်တို့စားလို့ရတယ် ကျွန်တော်တို့ ပိုင်းဝေ နဲ့ ပိုင်းခြေကို 4 နဲ့ စားနိုင်တယ်။ (သို့) ဒါဟာ 48 x 5 ပြီးတော့ 4 နဲ့စား တာဖြစ်တယ်။ . ကဲအခု ပိုင်းဝေ ကို 4 နဲစားမယ်။ ကောင်းပြိး 48 ကို 4 နဲ့ စားလို့ရတယ် ။အဖြေက 12 ရတယ်။ ပိုင်းဝေ ကို ဘာပဲလုပ်လုပ် ပိုင်းခြေ ကိုလည်း ကျွန်တော်တို့ အဲ့အတိုင်း လုပ်ရမယ်။ ဒါဆို 4 ကို 4 နဲ့ စားတော့ 1 ရတယ်။ ဒါဆို ကျွန်တော်တို့မှာ 12 x 5 ကျန်တယ်။ ဒါဟာ 60 နဲ့ ညီတယ်။ 12 x 5 ဒါဟာ 60/1 ဖြစ်တယ်။ 60 ပဲဖြစ်တယ်။ ဒါကြောင့် တကယ်လို့ 1 ကိုက်ရဲ့4/5 အုပ်စုလေးတွေကို သုံးခြင်းဖြင့် ခင်ဗျားဟာ 48 ကိုက်ကနေ ကလေး 60 အတွက် (သို့) ကလေး T-Shirt 60 လုပ်နိုင်တယ်