< Return to Video
အနာဂတ်အလုပ်အကိုင်ဘယ်လိုဖြစ်လာမလဲ?
  • 0:00 - 0:03
    စာရေးဆရာမ ဂျော့ အယ်လီယော့ ကျွန်တော်တို့ကို သတိပေးခဲ့ဖူးပါတယ်
  • 0:03 - 0:05
    အမှားတကာ့ အမှားတွေထဲမှာ
  • 0:05 - 0:08
    ဟောကိန်းထုတ်ခြင်းဟာ အကြောင်းမဲ့ဆုံးဖြစ်ပါတယ်တဲ့
  • 0:08 - 0:10
    သူ့လိုပဲ ၂၀ ရာစု လက်သစ်ဆရာလို့ ကျွန်တော်တို့ အားလုံးလက်ခံထားတဲ့
  • 0:10 - 0:14
    ယောဂီ ဘယ်ရာ က ဒီအဆိုကို သဘောတူခဲ့ပါတယ်
  • 0:14 - 0:16
    သူဆိုခဲ့တာကတော့ ဟောကိန်းထုတ်တယ် ဆိုတာ မလွယ်တဲ့အလုပ်ပါ
  • 0:16 - 0:18
    အထူးသဖြင့် အနာဂတ်နဲ့ ပတ်သက်ရင်ပေါ့
  • 0:18 - 0:20
    ကျွန်တော်ကတော့ သူတို့ရဲ့ သတိပေးချက်တွေကို လျစ်လျှူရှုပြီး
  • 0:20 - 0:22
    အထူး ခန့်မှန်းချက်တစ်ခု လုပ်ချင်ပါတယ်
  • 0:22 - 0:25
    ကျွန်တော်တို့က အလွန် လျင်မြန် ဖန်တီးဖော်ဆောင်နေကြတဲ့ ကမ္ဘာကြီးမှာ
  • 0:25 - 0:27
    ကျွန်တော်တို့ တွေ့ရမှာကတော့
  • 0:27 - 0:28
    သိပ္ပံ ဆန်းကြယ် ဝတ္ထုနဲ့ တူတဲ့အရာတွေ များသထက်များလာပြီး
  • 0:28 - 0:31
    အလုပ်အကိုင်နဲ့ တူတဲ့အရာတွေကတော့ နည်းသထက်နည်းသွားမှာကိုပါပဲ
  • 0:31 - 0:34
    မကြာခင်မှာပဲ ကားတွေက ကိုယ်ဘာသာကိုယ် မောင်းလာကြမှာမို့
  • 0:34 - 0:37
    ထရပ်ကားမောင်းသူတွေ လျော့ပြီး လိုအပ်လာမယ်
  • 0:37 - 0:39
    ကျွန်တော်တို့ဟာ Siri ကို Watson နဲ့ ချိတ်ဆက်လိုက်ခြင်းဖြင့်
  • 0:39 - 0:42
    လုပ်ငန်းတွေကို အလိုအလျောက် ထိန်းချုပ် လုပ်ကိုင်လာစေကြမယ်
  • 0:42 - 0:44
    ဒီအလုပ်တွေဟာ လက်ရှိမှာ ဝန်ဆောင်မှု ကိုယ်စားလှယ်တွေ
  • 0:44 - 0:47
    ပြဿနာရှာဖွေရေးသမား၊ နည်းစနစ် စိစစ်ရေးသမားတွေ လုပ်ကိုင်နေတာပါ
  • 0:47 - 0:49
    အခုကတည်းက R2D2 စက်ရုပ်တွေ ကို
  • 0:49 - 0:52
    လိမ္မော်ရောင် ဆေးသုတ်ပြီး
  • 0:52 - 0:55
    ဂိုထောင်ထဲက စင်တွေကို ရွှေ့ခိုင်းနေပြီဖြစ်လို့
  • 0:55 - 0:57
    ဒီမင်းလမ်းတွေ ထဲမှာ တက်ဆင်း လုပကိုင်နေကြမယ့်
  • 0:57 - 0:59
    လူတွေ ပိုနည်းပြီး လိုလာပါမယ်
  • 0:59 - 1:03
    ကျွန်တော် အခုပြောနေတဲ့ အကြောင်းအရာကိုပဲ
  • 1:03 - 1:05
    လူတွေ ပြောနေကြတာ နှစ်ပေါင်း ၂၀၀ လောက်ရှိနေပါပြီ
  • 1:05 - 1:08
    နည်းပညာကြောင့် အလုပ်လက်မဲ့ဖြစ်မှု အနားကို ကျွန်တော်တို့ ရောက်နေပြီလို့ ပြောလာခဲ့ကြတာ
  • 1:08 - 1:10
    လွန်ခဲ့တဲ့ ရာစုနှစ်ခုလောက်က ဗြိတိန်နိုင်ငံမှာ Luddites ( စက်မှုတော်လှန်ရေးကို ဆန့်ကျင်သော လက်မှုပညာရှင်များ )က
  • 1:10 - 1:12
    စက်ရက်ကန်းတွေကို ဖျက်ဆီးကြကတည်းက စတင်ခဲ့တာပါ
  • 1:12 - 1:14
    ဒါပေမဲ့ သူတို့ရဲ့ ယူဆချက်ဟာ မှားနေပါတယ်
  • 1:14 - 1:17
    တကယ်တော့ ဖွံ့ဖြိုးပြီးကမ္ဘာထဲမှာ ကျွန်တော်တို့ စီးပွားရေးစနစ်ကြီးဟာ
  • 1:17 - 1:19
    လူတိုင်းအလုပ်ကိုယ်စီ ရှိမယ့် အခြေအနေနီးနီးကို ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်
  • 1:19 - 1:21
    ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးလာကြပါတယ်
  • 1:21 - 1:24
    အဲဒါ မှန်တယ်ဆိုရင် ဒီတခါမှာ အခြေအနေဟာ ဘာကြောင့်မတူရတာလဲ။
  • 1:24 - 1:27
    မတူရတဲ့အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ
  • 1:27 - 1:29
    ကျွန်တော်တို့ရဲ့ စက်ကိရိယာတွေဟာ တစ်ခါမှမကြုံဖူးတဲ့
  • 1:29 - 1:31
    အရည်အသွေးတွေကို ပြသနိုင်လာပါပြီ
  • 1:31 - 1:35
    နားလည်နိုင်လာတယ် စကားပြောနိုင်လာတယ် ကြားနိုင်လာတယ် မြင်နိုင်လာတယ်
  • 1:35 - 1:39
    မေးခွန်းတွေကို ဖြေကြားနိုင်လာတယ်၊ နောက်ထပ်လည်း အရည်အသွေး
    အသစ်တွေကို ရယူကြလာတော့မှာပါ
  • 1:39 - 1:41
    ဥပမာပြောရရင် ရွေ့လျားနိုင်ကြတဲ့ လူသားစက်ရုပ်တွေဟာ
  • 1:41 - 1:43
    တကယ်ကို အခြေခံအကျဆုံး အဆင့်မှာပဲ ရှိပါသေးတယ်
  • 1:43 - 1:45
    ဒါပေမဲ့ ကာကွယ်ရေးဌာနရဲ့ သုတေသနအဖွဲ့က
  • 1:45 - 1:47
    ပြိုင်ပွဲတစ်ခု စီစဉ်လိုက်ပြီး
  • 1:47 - 1:49
    စက်ရုပ်တွေကို ဒီလိုအရာမျိုးတွေ လုပ်ခိုင်းပါတယ်
  • 1:49 - 1:51
    လမ်းကြောင်း မှတ်တမ်းတွေက အလုပ်ဖြစ်မယ်ဆိုရင်
  • 1:51 - 1:53
    ဒီပြိုင်ပွဲလုပ်ရတာ အောင်မြင်တယ်ပေါ့
  • 1:53 - 1:57
    ဒီတော့ ကျွန်တော် လေ့လာကြည့်ရသလောက်
  • 1:57 - 1:59
    ကျွန်တော်တို့ လူသားတွေ ဒီနေ့လုပ်နေတဲ့ အလုပ်တွေကို အန်းဒွိုက် (Andriod)တွေကို လုပ်ခိုင်းလို့ရမယ့် နေ့ဟာ
  • 1:59 - 2:02
    တကယ့်ကို မဝေးတော့ဘူးလို့ ထင်ပါတယ်
  • 2:02 - 2:05
    ဒါ့အပြင် ကျွန်တော်တို့ ဖန်တီးတည်ဆောက်နေတဲ့ ကမ္ဘာမှာ
  • 2:05 - 2:09
    နည်းပညာတွေ များသထက်များလာပြီး အလုပ်အကိုင်ဆိုတဲ့ အရာတွေ နည်းသထက် နည်းလာပါလိမ့်မယ်
  • 2:09 - 2:11
    အဲရစ် ဘရိုင်ယော့ဆန် နဲ့ ကျွန်တော်ကတော့
  • 2:11 - 2:13
    "စက်မှုခေတ်သစ်" လို့ အမည်ပေးထားတဲ့ ခေတ်ပါပဲ
  • 2:13 - 2:15
    မှတ်သားစရာ တစ်ချက်ကတော့
  • 2:15 - 2:18
    ဒါဟာ ပကတိ သတင်းကောင်းကြီးပါပဲ
  • 2:18 - 2:21
    ဒီသတင်းဟာ ဒီနေ့ကမ္ဘာကြီးအတွက် အကောင်းဆုံးသော စီးပွားရေးသတင်းပါပဲ
  • 2:21 - 2:24
    ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာလိမ့်မယ်ဆိုတဲ့ သတင်းမျိုးမှ မဟုတ်ဘဲကိုး ခင်ဗျ
  • 2:24 - 2:26
    ဒီနေ့ခေတ်ကမ္ဘာရဲ့ အကောင်းဆုံးသော စီးပွားရေးသတင်း ဖြစ်ရတဲ့
  • 2:26 - 2:28
    အဓိက အကြောင်းရင်း နှစ်ချက်ရှိပါတယ်
  • 2:28 - 2:31
    ပထမအချက်ကတော့ နည်းပညာ ဖွံ့ဖြိုးမှုဆိုတာ ကျွန်တော်တို့ လက်ရှိလည်ပတ်နေတဲ့
  • 2:31 - 2:35
    စနစ်ကောင်းကြီးကို ဆက်လက်လည်ပတ်စေတဲ့ အရာပဲ ဖြစ်ပါတယ်
  • 2:35 - 2:37
    ဒီစနစ်မှာ ထုတ်လုပ်မှုက အချိန်နဲ့ အမျှ တိုးတက်နေပြီး
  • 2:37 - 2:41
    တစ်ချိန်တည်းမှာပဲ ဈေးနှုန်းကျဆင်းလာနေကာ
  • 2:41 - 2:45
    ထုတ်လုပ်မှုပမာဏနဲ့ အရည်အသွေး တို့ကတော့ အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်သွားမှာ ဖြစ်ပါတယ်
  • 2:45 - 2:47
    လက်ရှိမှာ တချို့သော လူတွေက ဒီဖြစ်စဉ်ကို ကြည့်ပြီး
  • 2:47 - 2:48
    အနိမ့်စား ရုပ်ဝါဒီ လို့ပြောကြပါတယ်
  • 2:48 - 2:51
    ဒါဟာ လုံးဝမှားယွင်းတဲ့ ရှုထောင့် အမြင်ပါ
  • 2:51 - 2:53
    အမှန်တော့ ဒီဖြစ်စဉ်ဟာ ပေါကြွယ်မှုဖြစ်စဉ်ပါ
  • 2:53 - 2:56
    ကျွန်တော်တို့ရဲ့ စီးပွားရေးစနစ်ဆီကနေပြီး ကျွန်တော်တို့ လိုချင်တဲ့ အရာပါ
  • 2:56 - 3:00
    ဒီစက်မှု ခေတ်သစ်က မဟာသတင်းကောင်းဖြစ်ရတဲ့ ဒုတိယအကြောင်းရင် ကတော့
  • 3:00 - 3:02
    Andriod တွေက လူတွေလို အလုပ်လုပ်တတ်လာရင်
  • 3:02 - 3:05
    ကျွန်တော်တို့ လုပ်စရာမလိုတော့ပါဘူး
  • 3:05 - 3:09
    ငြီးငွေ့ဖွယ် အလုပ်တွေ ပင်ပင်ပန်းပန်းအလုပ်တွေ ကနေ လွတ်မြောက်သွားပါလိမ့်မယ်
  • 3:09 - 3:11
    ဒီအကြောင်းကို ကိန်းဘရစ်ခ်ျ နဲ့ ဆီလီကွန် တောင်ကြားက
  • 3:11 - 3:14
    ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီအကြောင်း ပြောဖြစ်တော့
  • 3:14 - 3:16
    "ကောင်းလိုက်တာကွာ ငြီးငွေ့စရာ လည်းမလိုတော့ဘူး ပင်ပင်ပန်းပန်း လုပ်စရာလည်း မလိုတော့ဘူး
  • 3:16 - 3:18
    ဒါဟာ လုံးဝကွဲပြားခြားနားတဲ့ လူ့ အဖွဲ့အစည်းတစ်ခု ကို
  • 3:18 - 3:20
    စိတ်ကူး ပုံဖော်ဖို့ အခွင့်အရေး ပေးလိုက်တာပဲ" တဲ့
  • 3:20 - 3:23
    ဘယ်လို အဖွဲ့အစည်းမျိုးလည်းဆိုတော့ ဖန်တီးသူတွေ လေ့လာရှာဖွေသူတွေ
  • 3:23 - 3:25
    တင်ဆက်သူတွေ စိတ်ကူးကြံဆသူတွေက
  • 3:25 - 3:28
    သူတို့ကို အထောက်အပံ့ ပေးသူတွေ ဘဏ္ဍာရေး စီမံခန့်ခွဲသူတွေနဲ့ ပူးပေါင်းပြီး
  • 3:28 - 3:31
    ကိစ္စရပ်တွေ အပြန်အလှန်ဆွေးနွေးမယ် ဖျော်ဖြေမယ် ဉာဏ်အမြင်ဖွင့်ပေးမယ်
  • 3:31 - 3:33
    အတွေးအမြင်တွေ လှုံ့ဆော်ပေးမယ်
  • 3:33 - 3:38
    TED ဆွေးနွေးပွဲတွေနဲ့ အတော်တူတဲ့ လူအဖွဲ့အစည်းမျိုးပေါ့
  • 3:38 - 3:40
    ကျွန်တော်တို့ဟာ အံ့မခန်း တိုးတက်ပေါ်ထွန်းမှုကို ကြုံတွေ့နေရတယ်ဆိုတဲ့ အချက်ဟာ
  • 3:40 - 3:43
    ဒီလိုနေရာမျိုးမှာ တော်တော်ကို မှန်ကန်ပါတယ်
  • 3:43 - 3:45
    အရာဝတ္ထုတစ်ခု ကို ထုတ်လုပ်ရတာဟာ
  • 3:45 - 3:49
    စာရွက် တစ်ရွက် ပုံနှိပ်ရသလောက် လွယ်တဲ့ ခေတ်ကြီးမှာ
  • 3:49 - 3:51
    အံ့ဩလောက်စရာတွေ အများကြီး ဖြစ်နိုင်ခြေရှိပါတယ်
  • 3:51 - 3:54
    လက်မှုပညာရှင်တွေ ၀ါသနာတစ်ခုမှာ စိတ်အား ထက်သန်သူတွေဟာ
  • 3:54 - 3:56
    အခုတော့ တီထွင်ဖန်တီးသူတွေ ဖြစ်လာကြပါပြီ
  • 3:56 - 3:59
    အလုံးအရင်းနဲ့ စိတ်ကူးကြံဆဖန်တီးဖို့ တာဝန်ရှိလာပါတယ်
  • 3:59 - 4:01
    အနုပညာရှင်တွေဟာ အတိတ်ကာလတုန်းက ရှိခဲ့တဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားပြီး
  • 4:01 - 4:04
    ဘယ်တုန်းကမှ မဖြစ်နိုင်ခဲ့တဲ့ အရာတွေကို
  • 4:04 - 4:06
    ဖန်တီးနိုင်လို့ ရလာပါပြီ
  • 4:06 - 4:08
    ဒီလို မဟာစည်ပင် ထွန်းကားမှုခေတ်ထဲမှာ
  • 4:08 - 4:11
    ပတ်ဝန်းကျင်ကို လိုက်ကြည့်လေလေ ရူပဗေဒပညာရှင် ဖရီးမန်း ဒိုင်ဆန်ရဲ့ စကားက
  • 4:11 - 4:14
    ပုံချဲ့ပြီးပြောတာ မဟုတ်ဘူးဆိုတာ
  • 4:14 - 4:16
    ယုံကြည်လာလေလေပါပဲ
  • 4:16 - 4:19
    တကယ့်ကို အရှိကိုအရှိအတိုင်း ပြောထားတာပါ
  • 4:19 - 4:21
    ကျွန်တော်တို့ဟာ အံ့မခန်းကာလတစ်ခုရဲ့ အလယ်ကို ရောက်ရှိနေတာပါ
  • 4:21 - 4:22
    ("နည်းပညာဆိုသည်မှာ ဘုရားသခင်ထံမှ လက်ဆောင်ပင်ဖြစ်၏။ ၎င်းသည် ဘုရားသခင်ထံမှ လက်ဆောင်များအနက် အသက်ပြီးလျှင် အကြီးမြတ်ဆုံးသော လက်ဆောင်ဖြစ်သည်။ ၎င်းသည် လူ့ယဉ်ကျေးမှု အနုပညာနှင့ိပ္ပံပညာတို့ အားလုံး၏ မိခင်ဖြစ်ပေသည်"။) - ဖရီးမန်း ဒိုင်ဆန်
  • 4:22 - 4:25
    အဲဒါက နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတစ်ခု ထုတ်မေးစရာ ဖြစ်လာတယ်
  • 4:25 - 4:28
    ဒီစက်မှုခေတ်သစ် မှာ လွဲချော်သွားနိုင်တာမျိုးက ဘာလဲ ဆိုတာပါပဲ
  • 4:28 - 4:31
    မှန်တယ် မဟုတ်လား။ အဆုံးသတ်လိုက်တော့ အားလုံး တိုးတက်ပြည့်စုံနေတော့၊ အိမ်ပြန်ကြရုံပဲ ရှိတော့တယ်
  • 4:31 - 4:34
    တကယ်တမ်း ကျွန်တော်တို့ ဖန်တီးနေတဲ့ အနာဂတ်အကြောင်း လေးလေးနက်နက် တွေးကြည့်ရင်
  • 4:34 - 4:36
    ရှေ့မှာ စောင့်ကြိုနေတဲ့ တကယ့်ကို ကြောက်မက်ဖွယ် စိန်ခေါ်မှု နှစ်မျိုးနှစ်စားကို တွေ့ရပါလိမ့်မယ်
  • 4:36 - 4:40
    ပထမ တစ်မျိုးကတော့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်
  • 4:40 - 4:43
    ဒီအချက်ကို အတိုချုံးပြီး ထိထိမိမိ ထင်ဟပ်ပေးထားတာ ကတော့ စိတ်ကူးနဲ့ ရေးထားတဲ့
  • 4:43 - 4:46
    ဟင်နရီဖို့ ဒုတိယ နဲ့ မော်တော်ကား အလုပ်သမဂ္ဂဥက္ကဋ္ဌ ဝေါတာရုသာတို့
  • 4:46 - 4:48
    နှစ်ဦးသား အပြန်အလှန် ပြောဆိုကြပုံလေးပါ
  • 4:48 - 4:51
    သူတို့နှစ်ဦးဟာ ခေတ်အမီဆုံး စက်ရုံတစ်ခုကို လှည့်လည်ကြည့်နေတုန်း
  • 4:51 - 4:53
    ဖို့က ပါးစပ်ဆော့ပြီး
  • 4:53 - 4:56
    "ဟေ့ ဝေါတာ၊ မင်းတော့ ဒီစက်ရုပ်တွေကို
  • 4:56 - 4:57
    သမဂ္ဂအဖွဲ့ဝင်ကြေး ဘယ်လို ကောက်ခံမလဲကွ" လို့ မေးလိုက်ပါတယ်
  • 4:57 - 4:59
    ရုသာကလည်း ပြန်ပက်လိုက်ပုံက
  • 4:59 - 5:04
    " ဟေ့ ဟင်နရီ မင်းကော သူတို့တွေကို ကားဝယ်လာအောင် ဘယ်လိုလုပ်မလဲ" တဲ့
  • 5:04 - 5:07
    ဒီဖြစ်ရပ်မှာ ရုသာရဲ့ ပြဿနာက
  • 5:07 - 5:11
    စက်တွေပဲ သုံးလာတဲ့ စီးပွားရေး စနစ်မှာ အလုပ်လုပ်ရဖို့
  • 5:11 - 5:13
    ခက်တယ် ဆိုတာပါပဲ
  • 5:13 - 5:15
    ကိန်းဂဏန်းတွေထဲမှာ အဲဒါကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်
  • 5:15 - 5:17
    လွန်ခဲ့တဲ့ ဆယ်စုနှစ် နစ်စုကို ယူကြည့်ရင်
  • 5:17 - 5:21
    ရင်းနှီးငွေပေါ် ပြန်ရငွေ၊ တစ်နည်း ကော်ပိုရိတ် အမြတ်ငွေဟာ
  • 5:21 - 5:23
    တက်တက်လာနေတာ
  • 5:23 - 5:25
    အခုဆို အမြင့်ဆုံး အဆင့်မှာပဲရှိနေသေးတုန်းပါ
  • 5:25 - 5:27
    လုပ်အား အပေါ် ပြန်ရငွေကို၊
  • 5:27 - 5:29
    တစ်နည်း စီးပွားရေးစနစ်ထဲက ပေးခဲ့တဲ့ လုပ်အားခ စုစုပေါင်းကို ကြည့်ရင်တော့
  • 5:29 - 5:32
    သမိုင်းဝင် အနိမ့်ဆုံး အဆင့်မှာပဲ ရှိနေပြီး
  • 5:32 - 5:35
    ဆန့်ကျင်ဘက်ကို လျင်မြန်စွာ ဦးတည်နေပါတယ်
  • 5:35 - 5:37
    ဒါဟာ ရုသာအတွက်တော့ သတင်းဆိုးပါပဲ
  • 5:37 - 5:40
    ဖို့အတွက်တော့ သတင်းကောင်းဖြစ်ပုံရပေမဲ့
  • 5:40 - 5:42
    တကယ်တော့ အဲလိုမဟုတ်သေးပါဘူး
  • 5:42 - 5:46
    တန်ဖိုးမြင့်ပစ္စည်းတွေကို အရေအတွက် များများ ရောင်းချင်တယ်ဆိုရင်
  • 5:46 - 5:49
  • 5:49 - 5:52
    စစ်ပြီးကာလ တစ်လျှောက်လုံးမှာ
  • 5:52 - 5:54
    အမေရိကမှာ ဒီလိုလူတန်းစားမျိုး ရှိခဲ့ပါတယ်
  • 5:54 - 5:59
    ဒါပေမဲ့ လူလတ်တန်းစားတွေဟာ ဒီနေ့တွင် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်
  • 5:59 - 6:00
    သိပြီးသား ကိန်းဂဏန်းတွေ ဆိုပေမယ့်
  • 6:00 - 6:02
    တစ်ခုလောက်ပဲ ထပ်ပြောပါရစေ
  • 6:02 - 6:05
    အမေရိကရဲ့ လူတစ်ဦး ပျမ်းမျှဝင်ငွေဟာ
  • 6:05 - 6:07
    ဆယ့်ငါးနှစ်အတွင်းမှာ လက်တွေ့မှာ လျော့ကျလာပါတယ်
  • 6:07 - 6:09
    မညီမျှမှု ဘက်မညီမှု တွေ အချိန်နဲ့အမျှ တိုးပွားလာပြီး
  • 6:09 - 6:13
    အဆိုးဆီကိုပဲ ဦးတည်နေတဲ့ အခြေအနေမျိုးထဲမှာ
  • 6:13 - 6:16
    ချောင်ပိတ်မိမယ့် ကိန်းဆိုက်လာနိုင်ပါတယ်
  • 6:16 - 6:18
    ဒီမညီမျှမှုနဲ့ အတူပါလာမယ့်
  • 6:18 - 6:21
    လူ့အဖွဲ့အစည်း ဆိုင်ရာ စိန်ခေါ်မှု တွေကို သတိပြုရန် လိုလာပါတယ်
  • 6:21 - 6:22
    ကျွန်တော် သိပ်စိတ်မပူမိတဲ့
  • 6:22 - 6:24
    စိန်ခေါ်မှုမျိုးလည်း ရှိပါတယ်
  • 6:24 - 6:27
    ဒီလိုပုံမျိုးတွေက အဲဒါကို ပြသကြပါတယ်
  • 6:27 - 6:28
    ဒါဟာ ကျွန်တော် စိုးရိမ်တဲ့
  • 6:28 - 6:31
    လူမှုရေး ပြဿနာမျိုး မဟုတ်ပါဘူး
  • 6:31 - 6:33
    ကျွန်တော်တို့ စက်ယန္တရားတွေ အသိစိတ်ဝင်လာပြီး
  • 6:33 - 6:37
    လူတွေကို ပုန်ကန်ရင် ဘာဖြစ်လာမလဲဆိုတဲ့
  • 6:37 - 6:40
    အဆိုးဘက်ကို ကြိုတွေးတာတွေ အမြဲတမ်းရှိလာခဲ့ပါတယ်
  • 6:40 - 6:41
    ကျွန်တော်ကတော့ ကျွန်တော်ကွန်ပျူတာက ပရင်တာကို သိရှိလာတဲ့ နေ့ကစပြီး
  • 6:41 - 6:45
    ဒီအကြောင်းကို စိတ်ပူတော့ မယ်ခင်ဗျာ
  • 6:45 - 6:48
    (ရယ်သံများ) (လက်ခုပ်သံများ)
  • 6:48 - 6:51
    ဆိုတော့ ဒါမျိုးဟာ ကျွန်တော်တို့ စိုးရိမ်ရမယ့် စိန်ခေါ်မှုမျိုး မဟုတ်ပါဘူး
  • 6:51 - 6:54
    တကယ့် စက်မှုခေတ်သစ်မှာ ကြုံလာကြရမယ့်
  • 6:54 - 6:56
    လူမှုရေးရာ စိန်ခေါ်မှုအကြောင်း ပြောရရင်
  • 6:56 - 7:00
    အမေရိကန်အလုပ်သမား နှစ်ဦးရဲ့ ပုံပြင်လေးကို စံနမူနာ တင်ပြီး ပြောပြချင်ပါတယ်
  • 7:00 - 7:02
    ရာနှုန်းပြည့် အမေရိကန် စံနမူနာဖြစ်သွားအောင်
  • 7:02 - 7:04
    နှစ်ယောက်လုံးကို လူဖြူတွေလို့ သဘောထားလိုက်ပါမယ်
  • 7:04 - 7:08
    ပမထ တစ်ဦးက ကောလိပ်ပညာတတ်
  • 7:08 - 7:11
    ကျွမ်းကျင် ပညာရှင်၊ တီထွင်ရှင်၊ မန်နေဂျာ
  • 7:11 - 7:14
    အင်ဂျင်နီယာ၊ ဆရာဝန်၊ ရှေ့နေ လို လုပ်သားမျိုး
  • 7:14 - 7:16
    သူ့ကို ကျွန်တော်တို့က တက်ဒ်လို့ ခေါ်မယ်
  • 7:16 - 7:18
    သူက အမေရိကန် လူလတ်တန်းစားရဲ့ ထိပ်ဆုံးမှာပေါ့
  • 7:18 - 7:21
    သူနဲ့ ယှဉ်လျက် နောက် လုပ်သားကတော့ ကောလိပ် ပညာတတ် မဟုတ်ဘူး
  • 7:21 - 7:24
    ကာယအလုပ်သမားလို၊ စာရေးလိုမျိုး၊
  • 7:24 - 7:28
    အဆင့်မမြင့်တဲ့ ကော်လံဖြူ သို့မဟုတ် ကော်လံပြာ အလုပ်သမား
  • 7:28 - 7:30
    သူ့ကိုတော့ ဘီလ်လို့ ခေါ်မယ်
  • 7:30 - 7:32
    လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကို ပြန်သွားကြည့်ရင်
  • 7:32 - 7:36
    ဘီလ် နဲ့ တက်ဒ် တို့ဟာ အလွန်နီ်းစပ်တဲ့ ဘ၀အနေအထားကို ပိုင်ဆိုင်ခဲ့ပါတယ်
  • 7:36 - 7:38
    ဥပမာပြောရရင် ၁၉၆၀ မှာ သူတို့နှစ်ဦးလုံးဟာ အချိန်ပြည့် အလုပ်အကိုင် ရရှိနိုင်တဲ့ အလားအလာမျိုးပါ
  • 7:38 - 7:42
    တစ်ပတ်ကို အနည်းဆုံး နာရီ ၄၀ အလုပ်ရှိတယ်
  • 7:42 - 7:45
    သို့သော် လူမှုရေး သုတေသနပညာရှင် ချားစ် မူရေး မှတ်တမ်းတင်ခဲ့သလိုပဲ
  • 7:45 - 7:48
    ကျွန်တော်တို့ဟာ စီးပွားရေးကို အလိုလိုလည်ပတ်စေရန် လုပ်ကိုင်လာတဲ့ အချိန်မှာ
  • 7:48 - 7:52
    ၁၉၆၀ ဆိုတာ စီးပွားရေး လုပ်ငန်းတွေမှာ ကွန်ပျူတာကို စသုံးခါစ အချိန်ပါ
  • 7:52 - 7:55
    အဲဒီလို ကျွန်တော်တို့ဟာ နည်းပညာ၊ အော်တိုထိန်းချုပ်မှု၊ ဒီဂျစ်တယ်ပစ္စည်းတွေကို
  • 7:55 - 7:58
    အရှိန်အဟုန်နဲ့ စီးပွားရေးစနစ်ထဲကို သွတ်သွင်းလာကြချိန်မှာတော့
  • 7:58 - 8:01
    ဘီလ်နဲ့ တက်ဒ်တို့ ရဲ့ ကံကြမ္မာဟာ လုံးဝတစ်ခြားစီ ဖြစ်သွားပါတယ်
  • 8:01 - 8:03
    ဒီအချိန်ကာလ အတွင်းမှာ တက်ဒ်က ဆက်လက်ပြီး အချိန်ပြည့် အလုပ်အကိုင် ရှိနေပါတယ်
  • 8:03 - 8:06
    ဘီလ်ကတော့ ဒီလိုမဟုတ်တော့ပါဘူး
  • 8:06 - 8:10
    ကိစ္စတော်တော်များများမှာ ဘီလ်ဟာ စီးပွားရေးစနစ်ကနေ လုံးဝကင်းကွာသွားပြီး
  • 8:10 - 8:12
    တက်ဒ်ကတော့ မကင်းကွာသလောက်ပါပဲ
  • 8:12 - 8:15
    ဒီအချိန်အတွင်း တက်ဒ်ရဲ့ အိမ်ထောင်ရေးက ပျော်ပျော်ရွှင်ရွှင် ရှိခဲ့ပြီး
  • 8:15 - 8:17
    ဘီလ်ကတော့ ဒီလို မဟုတ်ရှာပါဘူး
  • 8:17 - 8:20
    တက်ဒ်ရဲ့ကလေးတွေကတော့ မိစုံဖစုံ နဲ့ ကြီးပြင်းလာရပြီး
  • 8:20 - 8:24
    ဘီလ်ကလေးတွေရဲ့ အခြေအနေနဲ့တော့ ကွာခြားပါတယ်
  • 8:24 - 8:26
    ဘီလ်ဟာ လူ့အသိုင်းအ၀ိုင်းထဲနေ ဖယ်ခွာလာနေဆိုတဲ့ အခြားထောက်ပြစရာတွေရော ရှိသေးလားဆိုတော့
  • 8:26 - 8:30
    သူဟာ သမ္မတရွေးကောက်ပွဲတွေမှာ ၀င်မဲပေးတာ လျော့နည်းလာပါတယ်
  • 8:30 - 8:34
    ထောင်ဒဏ် ကျမှုလည်း ပိုများများလာပါတယ်
  • 8:34 - 8:38
    ဒီလိုလူမှုရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်စရာ ပုံပြင်ကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး
  • 8:38 - 8:40
    ဒီဖြစ်စဉ်တွေက ပြန်ပြောင်းလာမယ့် အရိပ်အယောင်ကိုလည်း လုံးဝမတွေ့ရပါဘူး
  • 8:40 - 8:43
    ဒီအချက်ဟာ ဘယ်တိုင်းရင်းသား လူမျိုးစု
  • 8:43 - 8:45
    နေရပ်ဒေသအလိုက် ကိန်းဂဏန်းတွေကိုပဲ ကြည့်ကြည့် မှန်နေပါတယ်
  • 8:45 - 8:47
    ပြီးတော့ အဲဒါတွေဟာ ပိုလို့ကိုပြင်းထန်လာနေကြလို့
  • 8:47 - 8:49
    ကျွန်တော်တို့ရဲ့ အခုလက်ရှိအံ့ဖွယ် တိုးတက်နေတဲ့ လူမှုအခွင့်အရေးလှုပ်ရှားမှုတွေကို တောင်
  • 8:49 - 8:53
    လွှမ်းခြုံသွားနိုင်မယ့် အန္တရာယ်တောင် ရှိနေပါတယ်
  • 8:53 - 8:55
    ဆီလီကွန်နဲ့ ကိန်းဘရစ်ခ်ျက ကျွန်တော့်ရဲ့ ရောင်းရင်းတွေကတော့
  • 8:55 - 9:00
    သူတို့ကိုသူတို့ တက်ဒ်လို့ အပေါ်ယံလေး မြင်နေကြပါတယ်
  • 9:00 - 9:04
    သူတို့တွေက အလုပ်တွေများနေလျက် ရလဒ်တွေ ဖြစ်ထွန်း အောင်မြင်နေတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်ထားတယ်
  • 9:04 - 9:06
    သူတို့ဆီမှာ ဒါတွေထဲက ရနေတဲ့ အကျိုးအမြတ်တွေကို ပြစရာ ရှိတယ်
  • 9:06 - 9:09
    ဘီလ်ရဲ့ ဘ၀ကတော့ သူတို့နဲ့ လုံးဝကို ကွာခြားလှပါတယ်
  • 9:09 - 9:11
    သူတို့တွေဟာ ဗော်တိုင်းယားရဲ့ အလုပ်နဲ့ပတ်သက်ပြီး ပြောကြားချက်
  • 9:11 - 9:13
    ဘယ်လောက်ထိ မှန်ကန်ကြောင်း သက်သေပါပဲ
  • 9:13 - 9:17
    အလုပ်ဟာ ကျွန်တော်တို့ကို မိစ္ဆာတရား သုံးပါးကနေ ကယ်တင်ပေးတယ် ဆိုတဲ့ အချက်ပါပဲ
  • 9:17 - 9:18
    အလုပ်သည် လူကို ပျင်းရိခြင်း၊ ဒုစရိုက် နဲ့ ဆင်းရဲနွမ်းပါးမှု တည်းဟူသော မိစ္ဆာတရားသုံးပါး မှ ကယ်တင်ပေး၏ _ ဗော်တိုင်းယား
  • 9:18 - 9:21
    ဒီတော့ စိန်ခေါ်မှုတွေ ဒီလိုရှိနေတာကို ဘယ်လိုရင်ဆိုင်ကြမလဲ
  • 9:21 - 9:24
    ဘောဂဗေဒဆိုင်ရာ ဗျူဟာကတော့ အင်မတန်မှ ရိုးရှင်းပါတယ်
  • 9:24 - 9:27
    အင်မတန်မှ ထင်သာမြင်သာရှိပါတယ် အထူးသဖြင့် ရေတိုမှာပေါ့
  • 9:27 - 9:30
    စက်ရုပ်တွေက လာမယ့်တစ်နှစ် နှစ်နှစ်အတွင်း ကျွန်တော်တို့ရဲ့ အလုပ်တွေအားလုံးကို သိမ်းကျုံးယူသွားမှာ မဟုတ်သေးပါဘူး
  • 9:30 - 9:34
    ဒီတော့ အစဉ်အလာ ဘောဂ ၁၀၁ ဗျူဟာက ဆက်ပြီး အဆင်ပြေမယ်ပေါ့
  • 9:34 - 9:36
    စွန့်ဦးတီထွင်မှုကို အားပေးမယ်
  • 9:36 - 9:38
    အခြေခံအဆောက်အအုံကို ထက်ဝက်လျှော့ချမယ်
  • 9:38 - 9:40
    ကျွန်တော်တို့ရဲ့ ပညာရေးစနစ်က သင့်တော်တဲ့ အရည်အချင်းတွေရှိတဲ့ လူတွေကို
  • 9:40 - 9:44
    မွေးထုတ်ပေးနိုင်တယ် ဆိုတာ သေချာအောင်လုပ်ရမယ်
  • 9:44 - 9:47
    သို့သော် ရေရှည်မှာတော့ ကျွန်တော်တို့ဟာ နည်းပညာအပေါ်မှာ များစွာမှီခိုပြီး
  • 9:47 - 9:50
    လုပ်အားပေါ် မှီခိုမှုနည်းတဲ့ စီးပွားရေးစနစ်ဆီကို ဦးတည်နေမယ်ဆိုရင်
  • 9:50 - 9:52
    ပိုပြီး အရင်းအမြစ်ကျတဲ့ ပြောင်းလဲမှုတွေကို
  • 9:52 - 9:54
    စဉ်းစားရတော့ပါမယ်
  • 9:54 - 9:57
    ဥပမာပြောရရင် အနိမ့်ဆုံးဝင်ငွေ အာမခံချက်လိုမျိုးပေါ့
  • 9:57 - 10:01
    ဒီလိုပြောလိုက်လို့ သဘောမတွေ့သူ တစ်ဦးတစ်လေ ဒီအခန်းထဲရှိနိုင်ပါတယ်
  • 10:01 - 10:05
    ဘာကြောင့်လဲဆိုတော့ အယူအဆက လက်ဝဲအစွန်းရောက်သလိုမျိုး
  • 10:05 - 10:08
    ဓနဥစ္စာ ပြန်လည်ခွဲဝေရေးနဲ့ ပတ်သက်ပြီး အမြစ်လှန်ပြောင်းလဲရေးမျိုး ဆိုတာတွေနဲ့ ဆက်စပ်နေလို့ပါ
  • 10:08 - 10:10
    ဒီအယူအဆနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သုတေသနနည်းနည်း လုပ်လာခဲ့ပါတယ်
  • 10:10 - 10:12
    ခုနက သဘောမတွေ့တဲ့ ပုဂ္ဂိုလ်ကို ကျေနပ်စေကောင်း ကျေနပ်စေနိုင်ပါမယ်
  • 10:12 - 10:15
    အသားတင် အနိမ့်ဆုံးဝင်ငွေ အာမခံချက် ဆိုတာကို
  • 10:15 - 10:18
    ဆိုရှယ်လစ်စနစ်ကို ပါးစပ်ကအမြုပ်ထအောင် ဟောပြောခဲ့ကြတဲ့
  • 10:18 - 10:24
    ဖရက်ဒရစ် ဟေးယက်ခ်၊ ရစ်ချက် နစ်ဆန် နဲ့ မီလ်တန် ဖရီးမန်းတို့က ထောက်ခံခဲ့တာဆိုတာပါပဲ
  • 10:24 - 10:25
    တကယ်လို့များ လူကြီးမင်းတို့က ဒီ အာမခံ ၀င်ငွေ ဆိုတာမျိုးဟာ
  • 10:25 - 10:29
    အောင်မြင်မှုဆီ မောင်းနှင်ရာမှာ အဟန့်အတားဖြစ်စေပြီး
  • 10:29 - 10:31
    မိမိကိုယ်ကို ကျေနပ်မှုကို လျော့ကျစေနိုင်တယ်လို့
  • 10:31 - 10:33
    စိုးများ စိုးရိမ်မိရင်
  • 10:33 - 10:36
    လူတွေရဲ့ လှုပ်ရှားပြောင်းရွှေ့နိုင်စွမ်း ဆိုတဲ့
  • 10:36 - 10:38
    ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုမှာ သိပ်ကို ဂုဏ်ယူခဲ့ရတဲ့ အရာဟာ
  • 10:38 - 10:42
    အခုဆိုရင် တကယ်ကို လူမှုရေး အထောက်အပံ့တွေ ရက်ရက်ရောရောပေးတဲ့
  • 10:42 - 10:45
    မြောက်ဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် နိမ့်ကျလာနေပါပြီ
  • 10:45 - 10:48
    ဒါကြောင့် ဘောဂဗေဒဆိုင်ရာ ဗျူဟာကတော့ အမှန်တကယ်ကို ရိုးရှင်းပါတယ်
  • 10:48 - 10:51
    လူမှုရေးရာ ဗျူဟာကတော့ ပိုပြီး စိန်ခေါ်ချက်တွေရှိပါတယ်
  • 10:51 - 10:53
    ဘီလ်ကို အလုပ်အကိုင်ရှိပြီး တစ်သက်လုံးအလုပ်မြဲအောင်
  • 10:53 - 10:57
    ဘယ်လိုဗျူဟာသုံးရမလဲ ကျွန်တော်တော့ မသိပါဘူး
  • 10:57 - 10:59
    ပညာရေးက ကြီးမားတဲ့ အဲဒီထဲ အခန်းကဏ္ဍက ပါဝင်ဆိုတာ ကျွန်တော်သိပါတယ်
  • 10:59 - 11:01
    ဒီအချက်ကို ကျွန်တော် ကိုယ်တွေ့ ထောက်ခံပါတယ်
  • 11:01 - 11:05
    ကျွန်တော့်ပညာရေးရဲ့ အစောပိုင်းနှစ်တွေမှာ မွန်တာဆရီမှာ တက်ခဲ့ပါတယ်
  • 11:05 - 11:06
    အဲဒီ့ပညာရေးက ကျွန်တော့်ကို သင်ပေးလိုက်တာကတော့
  • 11:06 - 11:08
    ကမ္ဘာကြီးဟာ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပြီး
  • 11:08 - 11:11
    ကျွန်တော့်အလုပ်ကတော့ အဲဒီ့ကမ္ဘာကြီး အကြောင်း စူးစမ်းလေ့လာဖို့ပါ
  • 11:11 - 11:13
    သုံးတန်းလည်းရောက်ရော အဲ့ဒီကျောင်းပိတ်သွားရာ
  • 11:13 - 11:15
    ကျွန်တော်ဟာ အစိုးရ ပညာရေး ကျောင်းကို တက်လာရပါတော့တယ်
  • 11:15 - 11:19
    ကျွန်တော်ကို ကျွန်တော် ဂူးလာဂ်ကို အပို့ခံလိုက်ရသလို ခံစားရပါတယ်
  • 11:19 - 11:22
    အခုပြန်စဉ်းစားကြည့်လိုက်တော့မှ အဲဒီအလုပ်က
  • 11:22 - 11:24
    စာရေး ဒါမှမဟုတ် ကာယအလုပ်သမား ဖြစ်လာနိုင်အောင် ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ ဖြစ်တာ သဘောပေါက်လာတယ်
  • 11:24 - 11:27
    အဲ့ဒီ အချိန်တုန်းကတော့ အလုပ်ဆိုတာ
  • 11:27 - 11:31
    ပျင်းရိဖွယ် ပတ်ဝန်းကျင် ထဲမှာ စိတ်ပျက်အရှုံးပေးရတာမျိုးပါ
  • 11:31 - 11:32
    ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်ဖို့လိုပါတယ်
  • 11:32 - 11:36
    ကျွန်တော်တို့ကို ကျွန်တော်တို့ ဘီလ် အဖြစ်မခံနိုင်ပါဘူး
  • 11:36 - 11:38
    ဒီတော့ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့အရာတွေ ကြုံရဖို့ လက္ခဏာသစ်တွေကို တွေ့နေရပါပြီ
  • 11:38 - 11:41
    နည်းပညာဟာ ပညာရေးကို လေးနက်စွာ သြဇာလွှမ်းမိုးလာနေကာ
  • 11:41 - 11:43
    အသက်အငယ်ဆုံး သင်ယူသူကနေ အကြီးဆုံးအထိ လူသားတွေ အပေါ်မှာ
  • 11:43 - 11:45
    နက်နက်နဲနဲ အကျိုးသက်ရောက်လာနေတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်
  • 11:45 - 11:48
    ထင်ရှားတဲ့ လုပ်ငန်းရှင်တွေ ပြောနေကြတာကလည်း
  • 11:48 - 11:51
    ကျွန်တော်တို့ တချိန်တုန်းက အလေးပေးလာခဲ့ကြတဲ့ အရာတွေကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီဆိုတာပါပဲ
  • 11:51 - 11:53
    ပြီးတော့ အလွန်လေးနက် တာရှည်ပြီး အချက်အလက်တွေကို အခြေခံထားတဲ့ အားထုတ်မှုများဖြင့်
  • 11:53 - 11:56
    ပြဿနာတွေကို ရင်ဆိုင်နေရဆုံး လူ့အဖွဲ့အစည်းအချို့အတွက် ဘယ်လို ဖြေရှင်းပေးရမယ် ဆိုတာကို
  • 11:56 - 11:59
    နားလည်အောင် ကြိုးစားမှုတွေကိုလည်း တွေ့မြင်နေရပါပြီ
  • 11:59 - 12:02
    ဒီအတွက်ကြောင့် လက္ခဏာကောင်းတွေကို တွေ့နေရပါပြီ
  • 12:02 - 12:03
    သို့သော် လက်ရှိအခြေအနေနဲ့ လုံလောက်ပြီလို့
  • 12:03 - 12:05
    ကျွန်တော် တစ်မိနစ်တောင် မဟန်ဆောင်လိုပါဘူး
  • 12:05 - 12:07
    ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ တကယ့်ကို ကြီးမားလှပါတယ်
  • 12:07 - 12:10
    သာဓကတစ်ခုမျှကို ပြရရင် အနည်းဆုံးခြောက်လ အလုပ်အကိုင်မဲ့နေတဲ့
  • 12:10 - 12:13
    အမေရိကန်နိုင်ငံသား ငါးသန်းလောက် ရှိပါတယ်
  • 12:13 - 12:14
    သူတို့ အကုန်လုံးကို မွန်တဆရီကျောင်းကို ပြန်ပို့လိုက်ပြီး
  • 12:14 - 12:17
    ဒီပြဿနာတွေကို ဖြေရှင်း မရနိုင်ပါ
  • 12:17 - 12:19
    ကျွန်တော် စိတ်အပူဆုံးက ကျွန်တော်တို့ ဖန်တီးနေတဲ့ ကမ္ဘာမှာ
  • 12:19 - 12:22
    အံ့မခန်း နည်းပညာတွေပြည့်နေမှာ ဟုတ်ပေမဲ့
  • 12:22 - 12:24
    လူ့အဖွဲ့အစည်းကတော့ စိတ်ပျက်စရာ ကောင်းကာ
  • 12:24 - 12:27
    နောက်ခံ အဖြစ်တည်ရှိနေတဲ့ စီးပွားရေးစနစ်ကလည်း
  • 12:27 - 12:29
    အခွင့်အလမ်းတွေအစား မညီမျှမှုတွေပဲ ဖန်တီးပေးမှာကိုပါပဲ
  • 12:29 - 12:31
    ဒါပေမဲ့ ကျွန်တော်တို့ တတွေ ဘယ်လို လုပ်ကိုင်နိုင်ကြမယ် ဆိုတာကိုလည်း ကျွန်တော်မသိပါဘူး
  • 12:31 - 12:33
    ကျွန်တော်တို့ ဒီထက်ပိုကောင်းတာကို ဖန်တီးနိုင်မယ်လို့ ယူဆရန်အတွက်
  • 12:33 - 12:35
    အလွန်ရိုးရှင်းတဲ့ အကြောင်းရင်းတစ်ခု ရှိပါတယ်
  • 12:35 - 12:37
    အချက်အလက်တွေ ထွက်လာနေကြပါတယ်
  • 12:37 - 12:39
    ဒီစက်မှုခေတ်သစ်နဲ့ စီးပွားရေးအပြောင်းအလဲဆိုင်ရာ အမှန်တရားတွေဟာ
  • 12:39 - 12:42
    တစ်နေ့တစ်ခြား လူသိများလာနေပါပြီ
  • 12:42 - 12:45
    အဲဒီဖြစ်စဉ်ကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဖြစ်လာစေချင်ရင်တော့
  • 12:45 - 12:48
    အတော်ဆုံး ဘောဂဗေဒပညာရှင်တွေ မူဝါဒချမှတ်သူတွေကို
  • 12:48 - 12:50
    Watson နဲ့အပြိုင် Jeopardy ပဟေဠိပြိုင်ပွဲ ၀င်ခိုင်းလို့ရပါတယ်
  • 12:50 - 12:54
    လွှတ်တော်အမတ်တွေကို မောင်းသူမဲ့ ကားခရီးစဉ်မှာ လိုက်ပါခိုင်းလို့ ရပါတယ်
  • 12:54 - 12:56
    ဒီလိုမျိုးတွေ လုံလုံလောက်လောက် လုပ်နိုင်ရင်တော့
  • 12:56 - 12:59
    အခြေအနေတွေ ပြောင်းလဲသင့်တဲ့ အချက်တွေကို ပိုလို့ကို သတိမူမိလာနိုင်ပါတယ်
  • 12:59 - 13:01
    အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ ပြိုင်ဆိုင်ရေးဆီကို ဦးတည်နေပါပြီ
  • 13:01 - 13:03
    ကျွန်တော်တို့ဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနည်းတွေကို မေ့လျော့ကုန်ပြီ
  • 13:03 - 13:06
    တစ်ချက်လေးတောင် မကြိုးစားချင်လောက်အောင်
    စိတ်အားထက်သန်မှု မရှိတော့ဘူး
  • 13:06 - 13:11
    ဒါမှမဟုတ် အသည်းမာလာပြီလို့ တစ်စက္ကန့်လေးတောင်မှ မထင်မှတ် မယုံကြည်နိုင်ပါဘူး
  • 13:11 - 13:13
    ကျွန်တော့် ဆွေးနွေးချက်ကို တစ်ဦးနဲ့တစ်ဦး
  • 13:13 - 13:16
    သမုဒ္ဒရာတစ်စင်း ရာစုနှစ်တစ်ခု ခြားနေခဲ့ကြတဲ့ ဝေါဟာရဂုရုတွေရဲ့ မိန့်ကြားချက်တွေနဲ့ စတင်ခဲ့ပါတယ်
  • 13:16 - 13:18
    အခု နိဂုံးချုပ်ရာမှာလည်း အလားတူ အလှမ်းဝေးနေကြတဲ့
  • 13:18 - 13:20
    နိုင်ငံရေးသမားနှစ်ဦးရဲ့ စကားလုံးနဲ့ အဆုံးသတ်ပါရစေ
  • 13:20 - 13:23
  • 13:23 - 13:25
    "အကယ်၍ ကျွန်တော်တို့ဟာ ဒေသအသီးသီးက ပြည်သူလူထုတွေကို
  • 13:25 - 13:29
    ပေါကြွယ်ဝခြင်းဆိုတဲ့ စားပွဲဆီကို ဖိတ်ခေါ်နိုင်တယ် ဆိုရင်တော့
  • 13:29 - 13:32
    ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှု နည်းပညာတွေကို မရပ်မနား စဉ်ဆက်မပြတ်
  • 13:32 - 13:35
    တိုးတက်အောင်လုပ်နိုင်ခဲ့ဖို့ကလွဲပြီး အခြားနည်းလမ်းမရှိနိုင်ပါဘူး" လို့ မိန့်ကြားခဲ့ပါတယ်
  • 13:35 - 13:37
    အေဗရာဟင်လင်ကွန်းကတော့ အခြားလိုအပ်ချက်တစ်ခုကို သဘောပေါက်ခဲ့ပါတယ်
  • 13:37 - 13:40
    သူပြောခဲ့တာက "ကျွန်တော်ဟာ ပြည်သူတွေ အပေါ်မှာ ခိုင်မြဲစွာ ယုံကြည်သူပါ။
  • 13:40 - 13:43
    အမှန်ကိုသာ သိထားရရင် ပြည်သူတို့ဟာ
  • 13:43 - 13:45
    ဘယ်လို အမျိုးသားရေး အကျပ်အတည်းကိုမဆို ရင်ဆိုင်နိုင်ပါတယ်
  • 13:45 - 13:48
    အဓိက အရေးကြီးဆုံးက အချက်အလက်တွေ ရှိတဲ့အတိုင်း သူတို့ကို ချပေးဖို့ပါပဲ" တဲ့
  • 13:48 - 13:51
    အကောင်းမြင်တဲ့ မှတ်ချက်အနေနဲ့ လူကြီးမင်းတို့အတွက် အဓိကချန်ထားခဲ့ချင်တာ ကတော့
  • 13:51 - 13:54
    စက်မှုခေတ်သစ်ဆိုင်ရာ လက်တွေ့ အရှိတရားတွေဟာ ထင်ရှားလာနေကြပါပြီ
  • 13:54 - 13:57
    ကျွန်တော်တို့ ဖန်တီးလိုကြတဲ့ စိန်ခေါ်မှုပြည့်ဝပြီး ပေါကြွယ်ဝတဲ့ စီးပွားရေးစနစ်အတွက်
  • 13:57 - 13:59
    အဲဒီလို အချက်အလက်တွေကို ကောင်းကောင်းအသုံးချနိုင်မယ်လို့
  • 13:59 - 14:02
    ကျွန်တော် ရာနှုန်းပြည့် ယုံကြည်ပါတယ်။
  • 14:02 - 14:04
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
  • 14:04 - 14:08
    (လက်ခုပ်သံများ)
Title:
အနာဂတ်အလုပ်အကိုင်ဘယ်လိုဖြစ်လာမလဲ?
Speaker:
Andrew McAfee
Description:
ဘောဂဗေဒပညာရှင် အန်ဒရူးမက်ကဖီးက အနာဂတ်တွင် စက်ရုပ်များသည် လူသားတို့၏ အလုပ်အကိုင်အားလုံးကိုမဟုတ်လျှင်ပင် ကျွန်တော်တို့ လက်ရှိအကျွမ်းဝင်ပြီးသား အလုပ်အကိုင်များကို ယူလုပ်ကြမည်ဟု အဆိုပြုပြောကြားခဲ့သည်။ ဤရှေ့ပြေးနိမိတ်ဖတ် ဆွေးနွေးချက်တွင် အနာဂတ်အလုပ်အကိုင်များ မည်သို့ဖြစ်လာမည်နည်းနှင့် ထိုအလုပ်အကိုင်အခွင့်အလမ်းများကိုရယူနိုင်ရန် နောင်မျိုးဆက်ကို မည်သို့ပျိုးထောင်ရမည်ကို ဆွေးနွေးတင်ပြထားသည်။
more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:15
  • The original translation was done well, I did some minor corrections!
Burmese subtitles
Revisions Compare revisions