အနာဂတ်အလုပ်အကိုင်ဘယ်လိုဖြစ်လာမလဲ?
-
0:00 - 0:03စာရေးဆရာမ ဂျော့ အယ်လီယော့ ကျွန်တော်တို့ကို သတိပေးခဲ့ဖူးပါတယ်
-
0:03 - 0:05အမှားတကာ့ အမှားတွေထဲမှာ
-
0:05 - 0:08ဟောကိန်းထုတ်ခြင်းဟာ အကြောင်းမဲ့ဆုံးဖြစ်ပါတယ်တဲ့
-
0:08 - 0:10သူ့လိုပဲ ၂၀ ရာစု လက်သစ်ဆရာလို့ ကျွန်တော်တို့ အားလုံးလက်ခံထားတဲ့
-
0:10 - 0:14ယောဂီ ဘယ်ရာ က ဒီအဆိုကို သဘောတူခဲ့ပါတယ်
-
0:14 - 0:16သူဆိုခဲ့တာကတော့ ဟောကိန်းထုတ်တယ် ဆိုတာ မလွယ်တဲ့အလုပ်ပါ
-
0:16 - 0:18အထူးသဖြင့် အနာဂတ်နဲ့ ပတ်သက်ရင်ပေါ့
-
0:18 - 0:20ကျွန်တော်ကတော့ သူတို့ရဲ့ သတိပေးချက်တွေကို လျစ်လျှူရှုပြီး
-
0:20 - 0:22အထူး ခန့်မှန်းချက်တစ်ခု လုပ်ချင်ပါတယ်
-
0:22 - 0:25ကျွန်တော်တို့က အလွန် လျင်မြန် ဖန်တီးဖော်ဆောင်နေကြတဲ့ ကမ္ဘာကြီးမှာ
-
0:25 - 0:27ကျွန်တော်တို့ တွေ့ရမှာကတော့
-
0:27 - 0:28သိပ္ပံ ဆန်းကြယ် ဝတ္ထုနဲ့ တူတဲ့အရာတွေ များသထက်များလာပြီး
-
0:28 - 0:31အလုပ်အကိုင်နဲ့ တူတဲ့အရာတွေကတော့ နည်းသထက်နည်းသွားမှာကိုပါပဲ
-
0:31 - 0:34မကြာခင်မှာပဲ ကားတွေက ကိုယ်ဘာသာကိုယ် မောင်းလာကြမှာမို့
-
0:34 - 0:37ထရပ်ကားမောင်းသူတွေ လျော့ပြီး လိုအပ်လာမယ်
-
0:37 - 0:39ကျွန်တော်တို့ဟာ Siri ကို Watson နဲ့ ချိတ်ဆက်လိုက်ခြင်းဖြင့်
-
0:39 - 0:42လုပ်ငန်းတွေကို အလိုအလျောက် ထိန်းချုပ် လုပ်ကိုင်လာစေကြမယ်
-
0:42 - 0:44ဒီအလုပ်တွေဟာ လက်ရှိမှာ ဝန်ဆောင်မှု ကိုယ်စားလှယ်တွေ
-
0:44 - 0:47ပြဿနာရှာဖွေရေးသမား၊ နည်းစနစ် စိစစ်ရေးသမားတွေ လုပ်ကိုင်နေတာပါ
-
0:47 - 0:49အခုကတည်းက R2D2 စက်ရုပ်တွေ ကို
-
0:49 - 0:52လိမ္မော်ရောင် ဆေးသုတ်ပြီး
-
0:52 - 0:55ဂိုထောင်ထဲက စင်တွေကို ရွှေ့ခိုင်းနေပြီဖြစ်လို့
-
0:55 - 0:57ဒီမင်းလမ်းတွေ ထဲမှာ တက်ဆင်း လုပကိုင်နေကြမယ့်
-
0:57 - 0:59လူတွေ ပိုနည်းပြီး လိုလာပါမယ်
-
0:59 - 1:03ကျွန်တော် အခုပြောနေတဲ့ အကြောင်းအရာကိုပဲ
-
1:03 - 1:05လူတွေ ပြောနေကြတာ နှစ်ပေါင်း ၂၀၀ လောက်ရှိနေပါပြီ
-
1:05 - 1:08နည်းပညာကြောင့် အလုပ်လက်မဲ့ဖြစ်မှု အနားကို ကျွန်တော်တို့ ရောက်နေပြီလို့ ပြောလာခဲ့ကြတာ
-
1:08 - 1:10လွန်ခဲ့တဲ့ ရာစုနှစ်ခုလောက်က ဗြိတိန်နိုင်ငံမှာ Luddites ( စက်မှုတော်လှန်ရေးကို ဆန့်ကျင်သော လက်မှုပညာရှင်များ )က
-
1:10 - 1:12စက်ရက်ကန်းတွေကို ဖျက်ဆီးကြကတည်းက စတင်ခဲ့တာပါ
-
1:12 - 1:14ဒါပေမဲ့ သူတို့ရဲ့ ယူဆချက်ဟာ မှားနေပါတယ်
-
1:14 - 1:17တကယ်တော့ ဖွံ့ဖြိုးပြီးကမ္ဘာထဲမှာ ကျွန်တော်တို့ စီးပွားရေးစနစ်ကြီးဟာ
-
1:17 - 1:19လူတိုင်းအလုပ်ကိုယ်စီ ရှိမယ့် အခြေအနေနီးနီးကို ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်
-
1:19 - 1:21ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးလာကြပါတယ်
-
1:21 - 1:24အဲဒါ မှန်တယ်ဆိုရင် ဒီတခါမှာ အခြေအနေဟာ ဘာကြောင့်မတူရတာလဲ။
-
1:24 - 1:27မတူရတဲ့အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ
-
1:27 - 1:29ကျွန်တော်တို့ရဲ့ စက်ကိရိယာတွေဟာ တစ်ခါမှမကြုံဖူးတဲ့
-
1:29 - 1:31အရည်အသွေးတွေကို ပြသနိုင်လာပါပြီ
-
1:31 - 1:35နားလည်နိုင်လာတယ် စကားပြောနိုင်လာတယ် ကြားနိုင်လာတယ် မြင်နိုင်လာတယ်
-
1:35 - 1:39မေးခွန်းတွေကို ဖြေကြားနိုင်လာတယ်၊ နောက်ထပ်လည်း အရည်အသွေး
အသစ်တွေကို ရယူကြလာတော့မှာပါ -
1:39 - 1:41ဥပမာပြောရရင် ရွေ့လျားနိုင်ကြတဲ့ လူသားစက်ရုပ်တွေဟာ
-
1:41 - 1:43တကယ်ကို အခြေခံအကျဆုံး အဆင့်မှာပဲ ရှိပါသေးတယ်
-
1:43 - 1:45ဒါပေမဲ့ ကာကွယ်ရေးဌာနရဲ့ သုတေသနအဖွဲ့က
-
1:45 - 1:47ပြိုင်ပွဲတစ်ခု စီစဉ်လိုက်ပြီး
-
1:47 - 1:49စက်ရုပ်တွေကို ဒီလိုအရာမျိုးတွေ လုပ်ခိုင်းပါတယ်
-
1:49 - 1:51လမ်းကြောင်း မှတ်တမ်းတွေက အလုပ်ဖြစ်မယ်ဆိုရင်
-
1:51 - 1:53ဒီပြိုင်ပွဲလုပ်ရတာ အောင်မြင်တယ်ပေါ့
-
1:53 - 1:57ဒီတော့ ကျွန်တော် လေ့လာကြည့်ရသလောက်
-
1:57 - 1:59ကျွန်တော်တို့ လူသားတွေ ဒီနေ့လုပ်နေတဲ့ အလုပ်တွေကို အန်းဒွိုက် (Andriod)တွေကို လုပ်ခိုင်းလို့ရမယ့် နေ့ဟာ
-
1:59 - 2:02တကယ့်ကို မဝေးတော့ဘူးလို့ ထင်ပါတယ်
-
2:02 - 2:05ဒါ့အပြင် ကျွန်တော်တို့ ဖန်တီးတည်ဆောက်နေတဲ့ ကမ္ဘာမှာ
-
2:05 - 2:09နည်းပညာတွေ များသထက်များလာပြီး အလုပ်အကိုင်ဆိုတဲ့ အရာတွေ နည်းသထက် နည်းလာပါလိမ့်မယ်
-
2:09 - 2:11အဲရစ် ဘရိုင်ယော့ဆန် နဲ့ ကျွန်တော်ကတော့
-
2:11 - 2:13"စက်မှုခေတ်သစ်" လို့ အမည်ပေးထားတဲ့ ခေတ်ပါပဲ
-
2:13 - 2:15မှတ်သားစရာ တစ်ချက်ကတော့
-
2:15 - 2:18ဒါဟာ ပကတိ သတင်းကောင်းကြီးပါပဲ
-
2:18 - 2:21ဒီသတင်းဟာ ဒီနေ့ကမ္ဘာကြီးအတွက် အကောင်းဆုံးသော စီးပွားရေးသတင်းပါပဲ
-
2:21 - 2:24ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာလိမ့်မယ်ဆိုတဲ့ သတင်းမျိုးမှ မဟုတ်ဘဲကိုး ခင်ဗျ
-
2:24 - 2:26ဒီနေ့ခေတ်ကမ္ဘာရဲ့ အကောင်းဆုံးသော စီးပွားရေးသတင်း ဖြစ်ရတဲ့
-
2:26 - 2:28အဓိက အကြောင်းရင်း နှစ်ချက်ရှိပါတယ်
-
2:28 - 2:31ပထမအချက်ကတော့ နည်းပညာ ဖွံ့ဖြိုးမှုဆိုတာ ကျွန်တော်တို့ လက်ရှိလည်ပတ်နေတဲ့
-
2:31 - 2:35စနစ်ကောင်းကြီးကို ဆက်လက်လည်ပတ်စေတဲ့ အရာပဲ ဖြစ်ပါတယ်
-
2:35 - 2:37ဒီစနစ်မှာ ထုတ်လုပ်မှုက အချိန်နဲ့ အမျှ တိုးတက်နေပြီး
-
2:37 - 2:41တစ်ချိန်တည်းမှာပဲ ဈေးနှုန်းကျဆင်းလာနေကာ
-
2:41 - 2:45ထုတ်လုပ်မှုပမာဏနဲ့ အရည်အသွေး တို့ကတော့ အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်သွားမှာ ဖြစ်ပါတယ်
-
2:45 - 2:47လက်ရှိမှာ တချို့သော လူတွေက ဒီဖြစ်စဉ်ကို ကြည့်ပြီး
-
2:47 - 2:48အနိမ့်စား ရုပ်ဝါဒီ လို့ပြောကြပါတယ်
-
2:48 - 2:51ဒါဟာ လုံးဝမှားယွင်းတဲ့ ရှုထောင့် အမြင်ပါ
-
2:51 - 2:53အမှန်တော့ ဒီဖြစ်စဉ်ဟာ ပေါကြွယ်မှုဖြစ်စဉ်ပါ
-
2:53 - 2:56ကျွန်တော်တို့ရဲ့ စီးပွားရေးစနစ်ဆီကနေပြီး ကျွန်တော်တို့ လိုချင်တဲ့ အရာပါ
-
2:56 - 3:00ဒီစက်မှု ခေတ်သစ်က မဟာသတင်းကောင်းဖြစ်ရတဲ့ ဒုတိယအကြောင်းရင် ကတော့
-
3:00 - 3:02Andriod တွေက လူတွေလို အလုပ်လုပ်တတ်လာရင်
-
3:02 - 3:05ကျွန်တော်တို့ လုပ်စရာမလိုတော့ပါဘူး
-
3:05 - 3:09ငြီးငွေ့ဖွယ် အလုပ်တွေ ပင်ပင်ပန်းပန်းအလုပ်တွေ ကနေ လွတ်မြောက်သွားပါလိမ့်မယ်
-
3:09 - 3:11ဒီအကြောင်းကို ကိန်းဘရစ်ခ်ျ နဲ့ ဆီလီကွန် တောင်ကြားက
-
3:11 - 3:14ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီအကြောင်း ပြောဖြစ်တော့
-
3:14 - 3:16"ကောင်းလိုက်တာကွာ ငြီးငွေ့စရာ လည်းမလိုတော့ဘူး ပင်ပင်ပန်းပန်း လုပ်စရာလည်း မလိုတော့ဘူး
-
3:16 - 3:18ဒါဟာ လုံးဝကွဲပြားခြားနားတဲ့ လူ့ အဖွဲ့အစည်းတစ်ခု ကို
-
3:18 - 3:20စိတ်ကူး ပုံဖော်ဖို့ အခွင့်အရေး ပေးလိုက်တာပဲ" တဲ့
-
3:20 - 3:23ဘယ်လို အဖွဲ့အစည်းမျိုးလည်းဆိုတော့ ဖန်တီးသူတွေ လေ့လာရှာဖွေသူတွေ
-
3:23 - 3:25တင်ဆက်သူတွေ စိတ်ကူးကြံဆသူတွေက
-
3:25 - 3:28သူတို့ကို အထောက်အပံ့ ပေးသူတွေ ဘဏ္ဍာရေး စီမံခန့်ခွဲသူတွေနဲ့ ပူးပေါင်းပြီး
-
3:28 - 3:31ကိစ္စရပ်တွေ အပြန်အလှန်ဆွေးနွေးမယ် ဖျော်ဖြေမယ် ဉာဏ်အမြင်ဖွင့်ပေးမယ်
-
3:31 - 3:33အတွေးအမြင်တွေ လှုံ့ဆော်ပေးမယ်
-
3:33 - 3:38TED ဆွေးနွေးပွဲတွေနဲ့ အတော်တူတဲ့ လူအဖွဲ့အစည်းမျိုးပေါ့
-
3:38 - 3:40ကျွန်တော်တို့ဟာ အံ့မခန်း တိုးတက်ပေါ်ထွန်းမှုကို ကြုံတွေ့နေရတယ်ဆိုတဲ့ အချက်ဟာ
-
3:40 - 3:43ဒီလိုနေရာမျိုးမှာ တော်တော်ကို မှန်ကန်ပါတယ်
-
3:43 - 3:45အရာဝတ္ထုတစ်ခု ကို ထုတ်လုပ်ရတာဟာ
-
3:45 - 3:49စာရွက် တစ်ရွက် ပုံနှိပ်ရသလောက် လွယ်တဲ့ ခေတ်ကြီးမှာ
-
3:49 - 3:51အံ့ဩလောက်စရာတွေ အများကြီး ဖြစ်နိုင်ခြေရှိပါတယ်
-
3:51 - 3:54လက်မှုပညာရှင်တွေ ဝါသနာတစ်ခုမှာ စိတ်အား ထက်သန်သူတွေဟာ
-
3:54 - 3:56အခုတော့ တီထွင်ဖန်တီးသူတွေ ဖြစ်လာကြပါပြီ
-
3:56 - 3:59အလုံးအရင်းနဲ့ စိတ်ကူးကြံဆဖန်တီးဖို့ တာဝန်ရှိလာပါတယ်
-
3:59 - 4:01အနုပညာရှင်တွေဟာ အတိတ်ကာလတုန်းက ရှိခဲ့တဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားပြီး
-
4:01 - 4:04ဘယ်တုန်းကမှ မဖြစ်နိုင်ခဲ့တဲ့ အရာတွေကို
-
4:04 - 4:06ဖန်တီးနိုင်လို့ ရလာပါပြီ
-
4:06 - 4:08ဒီလို မဟာစည်ပင် ထွန်းကားမှုခေတ်ထဲမှာ
-
4:08 - 4:11ပတ်ဝန်းကျင်ကို လိုက်ကြည့်လေလေ ရူပဗေဒပညာရှင် ဖရီးမန်း ဒိုင်ဆန်ရဲ့ စကားက
-
4:11 - 4:14ပုံချဲ့ပြီးပြောတာ မဟုတ်ဘူးဆိုတာ
-
4:14 - 4:16ယုံကြည်လာလေလေပါပဲ
-
4:16 - 4:19တကယ့်ကို အရှိကိုအရှိအတိုင်း ပြောထားတာပါ
-
4:19 - 4:21ကျွန်တော်တို့ဟာ အံ့မခန်းကာလတစ်ခုရဲ့ အလယ်ကို ရောက်ရှိနေတာပါ
-
4:21 - 4:22("နည်းပညာဆိုသည်မှာ ဘုရားသခင်ထံမှ လက်ဆောင်ပင်ဖြစ်၏။ ၎င်းသည် ဘုရားသခင်ထံမှ လက်ဆောင်များအနက် အသက်ပြီးလျှင် အကြီးမြတ်ဆုံးသော လက်ဆောင်ဖြစ်သည်။ ၎င်းသည် လူ့ယဉ်ကျေးမှု အနုပညာနှင့် ိပ္ပံပညာတို့ အားလုံး၏ မိခင်ဖြစ်ပေသည်"။) - ဖရီးမန်း ဒိုင်ဆန်
-
4:22 - 4:25အဲဒါက နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတစ်ခု ထုတ်မေးစရာ ဖြစ်လာတယ်
-
4:25 - 4:28ဒီစက်မှုခေတ်သစ် မှာ လွဲချော်သွားနိုင်တာမျိုးက ဘာလဲ ဆိုတာပါပဲ
-
4:28 - 4:31မှန်တယ် မဟုတ်လား။ အဆုံးသတ်လိုက်တော့ အားလုံး တိုးတက်ပြည့်စုံနေတော့၊ အိမ်ပြန်ကြရုံပဲ ရှိတော့တယ်
-
4:31 - 4:34တကယ်တမ်း ကျွန်တော်တို့ ဖန်တီးနေတဲ့ အနာဂတ်အကြောင်း လေးလေးနက်နက် တွေးကြည့်ရင်
-
4:34 - 4:36ရှေ့မှာ စောင့်ကြိုနေတဲ့ တကယ့်ကို ကြောက်မက်ဖွယ် စိန်ခေါ်မှု နှစ်မျိုးနှစ်စားကို တွေ့ရပါလိမ့်မယ်
-
4:36 - 4:40ပထမ တစ်မျိုးကတော့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်
-
4:40 - 4:43ဒီအချက်ကို အတိုချုံးပြီး ထိထိမိမိ ထင်ဟပ်ပေးထားတာ ကတော့ စိတ်ကူးနဲ့ ရေးထားတဲ့
-
4:43 - 4:46ဟင်နရီဖို့ ဒုတိယ နဲ့ မော်တော်ကား အလုပ်သမဂ္ဂဥက္ကဋ္ဌ ဝေါတာရုသာတို့
-
4:46 - 4:48နှစ်ဦးသား အပြန်အလှန် ပြောဆိုကြပုံလေးပါ
-
4:48 - 4:51သူတို့နှစ်ဦးဟာ ခေတ်အမီဆုံး စက်ရုံတစ်ခုကို လှည့်လည်ကြည့်နေတုန်း
-
4:51 - 4:53ဖို့က ပါးစပ်ဆော့ပြီး
-
4:53 - 4:56"ဟေ့ ဝေါတာ၊ မင်းတော့ ဒီစက်ရုပ်တွေကို
-
4:56 - 4:57သမဂ္ဂအဖွဲ့ဝင်ကြေး ဘယ်လို ကောက်ခံမလဲကွ" လို့ မေးလိုက်ပါတယ်
-
4:57 - 4:59ရုသာကလည်း ပြန်ပက်လိုက်ပုံက
-
4:59 - 5:04" ဟေ့ ဟင်နရီ မင်းကော သူတို့တွေကို ကားဝယ်လာအောင် ဘယ်လိုလုပ်မလဲ" တဲ့
-
5:04 - 5:07ဒီဖြစ်ရပ်မှာ ရုသာရဲ့ ပြဿနာက
-
5:07 - 5:11စက်တွေပဲ သုံးလာတဲ့ စီးပွားရေး စနစ်မှာ အလုပ်လုပ်ရဖို့
-
5:11 - 5:13ခက်တယ် ဆိုတာပါပဲ
-
5:13 - 5:15ကိန်းဂဏန်းတွေထဲမှာ အဲဒါကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်
-
5:15 - 5:17လွန်ခဲ့တဲ့ ဆယ်စုနှစ် နစ်စုကို ယူကြည့်ရင်
-
5:17 - 5:21ရင်းနှီးငွေပေါ် ပြန်ရငွေ၊ တစ်နည်း ကော်ပိုရိတ် အမြတ်ငွေဟာ
-
5:21 - 5:23တက်တက်လာနေတာ
-
5:23 - 5:25အခုဆို အမြင့်ဆုံး အဆင့်မှာပဲရှိနေသေးတုန်းပါ
-
5:25 - 5:27လုပ်အား အပေါ် ပြန်ရငွေကို၊
-
5:27 - 5:29တစ်နည်း စီးပွားရေးစနစ်ထဲက ပေးခဲ့တဲ့ လုပ်အားခ စုစုပေါင်းကို ကြည့်ရင်တော့
-
5:29 - 5:32သမိုင်းဝင် အနိမ့်ဆုံး အဆင့်မှာပဲ ရှိနေပြီး
-
5:32 - 5:35ဆန့်ကျင်ဘက်ကို လျင်မြန်စွာ ဦးတည်နေပါတယ်
-
5:35 - 5:37ဒါဟာ ရုသာအတွက်တော့ သတင်းဆိုးပါပဲ
-
5:37 - 5:40ဖို့အတွက်တော့ သတင်းကောင်းဖြစ်ပုံရပေမဲ့
-
5:40 - 5:42တကယ်တော့ အဲလိုမဟုတ်သေးပါဘူး
-
5:42 - 5:46တန်ဖိုးမြင့်ပစ္စည်းတွေကို အရေအတွက် များများ ရောင်းချင်တယ်ဆိုရင်
-
5:46 - 5:49ဝင်ငွေတည်ငြိမ်ပြီး ကြွယ်ဝတဲ့ လူလတ်တန်းစား တော်တော်များများ ရှိဖို့ လိုအပ်ပါတယ်
-
5:49 - 5:52စစ်ပြီးကာလ တစ်လျှောက်လုံးမှာ
-
5:52 - 5:54အမေရိကမှာ ဒီလိုလူတန်းစားမျိုး ရှိခဲ့ပါတယ်
-
5:54 - 5:59ဒါပေမဲ့ လူလတ်တန်းစားတွေဟာ ဒီနေ့တွင် ကြီးမားတဲ့ အန ၱရာယ်နဲ့ ရင်ဆိုင်နေရပါတယ်
-
5:59 - 6:00သိပြီးသား ကိန်းဂဏန်းတွေ ဆိုပေမယ့်
-
6:00 - 6:02တစ်ခုလောက်ပဲ ထပ်ပြောပါရစေ
-
6:02 - 6:05အမေရိကရဲ့ လူတစ်ဦး ပျမ်းမျှဝင်ငွေဟာ
-
6:05 - 6:07ဆယ့်ငါးနှစ်အတွင်းမှာ လက်တွေ့မှာ လျော့ကျလာပါတယ်
-
6:07 - 6:09မညီမျှမှု ဘက်မညီမှု တွေ အချိန်နဲ့အမျှ တိုးပွားလာပြီး
-
6:09 - 6:13အဆိုးဆီကိုပဲ ဦးတည်နေတဲ့ အခြေအနေမျိုးထဲမှာ
-
6:13 - 6:16ချောင်ပိတ်မိမယ့် ကိန်းဆိုက်လာနိုင်ပါတယ်
-
6:16 - 6:18ဒီမညီမျှမှုနဲ့ အတူပါလာမယ့်
-
6:18 - 6:21လူ့အဖွဲ့အစည်း ဆိုင်ရာ စိန်ခေါ်မှု တွေကို သတိပြုရန် လိုလာပါတယ်
-
6:21 - 6:22ကျွန်တော် သိပ်စိတ်မပူမိတဲ့
-
6:22 - 6:24စိန်ခေါ်မှုမျိုးလည်း ရှိပါတယ်
-
6:24 - 6:27ဒီလိုပုံမျိုးတွေက အဲဒါကို ပြသကြပါတယ်
-
6:27 - 6:28ဒါဟာ ကျွန်တော် စိုးရိမ်တဲ့
-
6:28 - 6:31လူမှုရေး ပြဿနာမျိုး မဟုတ်ပါဘူး
-
6:31 - 6:33ကျွန်တော်တို့ စက်ယန ၱရားတွေ အသိစိတ်ဝင်လာပြီး
-
6:33 - 6:37လူတွေကို ပုန်ကန်ရင် ဘာဖြစ်လာမလဲဆိုတဲ့
-
6:37 - 6:40အဆိုးဘက်ကို ကြိုတွေးတာတွေ အမြဲတမ်းရှိလာခဲ့ပါတယ်
-
6:40 - 6:41ကျွန်တော်ကတော့ ကျွန်တော်ကွန်ပျူတာက ပရင်တာကို သိရှိလာတဲ့ နေ့ကစပြီး
-
6:41 - 6:45ဒီအကြောင်းကို စိတ်ပူတော့ မယ်ခင်ဗျာ
-
6:45 - 6:48(ရယ်သံများ) (လက်ခုပ်သံများ)
-
6:48 - 6:51ဆိုတော့ ဒါမျိုးဟာ ကျွန်တော်တို့ စိုးရိမ်ရမယ့် စိန်ခေါ်မှုမျိုး မဟုတ်ပါဘူး
-
6:51 - 6:54တကယ့် စက်မှုခေတ်သစ်မှာ ကြုံလာကြရမယ့်
-
6:54 - 6:56လူမှုရေးရာ စိန်ခေါ်မှုအကြောင်း ပြောရရင်
-
6:56 - 7:00အမေရိကန်အလုပ်သမား နှစ်ဦးရဲ့ ပုံပြင်လေးကို စံနမူနာ တင်ပြီး ပြောပြချင်ပါတယ်
-
7:00 - 7:02ရာနှုန်းပြည့် အမေရိကန် စံနမူနာဖြစ်သွားအောင်
-
7:02 - 7:04နှစ်ယောက်လုံးကို လူဖြူတွေလို့ သဘောထားလိုက်ပါမယ်
-
7:04 - 7:08ပမထ တစ်ဦးက ကောလိပ်ပညာတတ်
-
7:08 - 7:11ကျွမ်းကျင် ပညာရှင်၊ တီထွင်ရှင်၊ မန်နေဂျာ
-
7:11 - 7:14အင်ဂျင်နီယာ၊ ဆရာဝန်၊ ရှေ့နေ လို လုပ်သားမျိုး
-
7:14 - 7:16သူ့ကို ကျွန်တော်တို့က တက်ဒ်လို့ ခေါ်မယ်
-
7:16 - 7:18သူက အမေရိကန် လူလတ်တန်းစားရဲ့ ထိပ်ဆုံးမှာပေါ့
-
7:18 - 7:21သူနဲ့ ယှဉ်လျက် နောက် လုပ်သားကတော့ ကောလိပ် ပညာတတ် မဟုတ်ဘူး
-
7:21 - 7:24ကာယအလုပ်သမားလို၊ စာရေးလိုမျိုး၊
-
7:24 - 7:28အဆင့်မမြင့်တဲ့ ကော်လံဖြူ သို့မဟုတ် ကော်လံပြာ အလုပ်သမား
-
7:28 - 7:30သူ့ကိုတော့ ဘီလ်လို့ ခေါ်မယ်
-
7:30 - 7:32လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကို ပြန်သွားကြည့်ရင်
-
7:32 - 7:36ဘီလ် နဲ့ တက်ဒ် တို့ဟာ အလွန်နီ်းစပ်တဲ့ ဘဝအနေအထားကို ပိုင်ဆိုင်ခဲ့ပါတယ်
-
7:36 - 7:38ဥပမာပြောရရင် ၁၉၆၀ မှာ သူတို့နှစ်ဦးလုံးဟာ အချိန်ပြည့် အလုပ်အကိုင် ရရှိနိုင်တဲ့ အလားအလာမျိုးပါ
-
7:38 - 7:42တစ်ပတ်ကို အနည်းဆုံး နာရီ ၄၀ အလုပ်ရှိတယ်
-
7:42 - 7:45သို့သော် လူမှုရေး သုတေသနပညာရှင် ချားစ် မူရေး မှတ်တမ်းတင်ခဲ့သလိုပဲ
-
7:45 - 7:48ကျွန်တော်တို့ဟာ စီးပွားရေးကို အလိုလိုလည်ပတ်စေရန် လုပ်ကိုင်လာတဲ့ အချိန်မှာ
-
7:48 - 7:52၁၉၆၀ ဆိုတာ စီးပွားရေး လုပ်ငန်းတွေမှာ ကွန်ပျူတာကို စသုံးခါစ အချိန်ပါ
-
7:52 - 7:55အဲဒီလို ကျွန်တော်တို့ဟာ နည်းပညာ၊ အော်တိုထိန်းချုပ်မှု၊ ဒီဂျစ်တယ်ပစ္စည်းတွေကို
-
7:55 - 7:58အရှိန်အဟုန်နဲ့ စီးပွားရေးစနစ်ထဲကို သွတ်သွင်းလာကြချိန်မှာတော့
-
7:58 - 8:01ဘီလ်နဲ့ တက်ဒ်တို့ ရဲ့ ကံကြမ္မာဟာ လုံးဝတစ်ခြားစီ ဖြစ်သွားပါတယ်
-
8:01 - 8:03ဒီအချိန်ကာလ အတွင်းမှာ တက်ဒ်က ဆက်လက်ပြီး အချိန်ပြည့် အလုပ်အကိုင် ရှိနေပါတယ်
-
8:03 - 8:06ဘီလ်ကတော့ ဒီလိုမဟုတ်တော့ပါဘူး
-
8:06 - 8:10ကိစ္စတော်တော်များများမှာ ဘီလ်ဟာ စီးပွားရေးစနစ်ကနေ လုံးဝကင်းကွာသွားပြီး
-
8:10 - 8:12တက်ဒ်ကတော့ မကင်းကွာသလောက်ပါပဲ
-
8:12 - 8:15ဒီအချိန်အတွင်း တက်ဒ်ရဲ့ အိမ်ထောင်ရေးက ပျော်ပျော်ရွှင်ရွှင် ရှိခဲ့ပြီး
-
8:15 - 8:17ဘီလ်ကတော့ ဒီလို မဟုတ်ရှာပါဘူး
-
8:17 - 8:20တက်ဒ်ရဲ့ကလေးတွေကတော့ မိစုံဖစုံ နဲ့ ကြီးပြင်းလာရပြီး
-
8:20 - 8:24ဘီလ်ကလေးတွေရဲ့ အခြေအနေနဲ့တော့ ကွာခြားပါတယ်
-
8:24 - 8:26ဘီလ်ဟာ လူ့အသိုင်းအဝိုင်းထဲနေ ဖယ်ခွာလာနေဆိုတဲ့ အခြားထောက်ပြစရာတွေရော ရှိသေးလားဆိုတော့
-
8:26 - 8:30သူဟာ သမ္မတရွေးကောက်ပွဲတွေမှာ ဝင်မဲပေးတာ လျော့နည်းလာပါတယ်
-
8:30 - 8:34ထောင်ဒဏ် ကျမှုလည်း ပိုများများလာပါတယ်
-
8:34 - 8:38ဒီလိုလူမှုရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်စရာ ပုံပြင်ကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး
-
8:38 - 8:40ဒီဖြစ်စဉ်တွေက ပြန်ပြောင်းလာမယ့် အရိပ်အယောင်ကိုလည်း လုံးဝမတွေ့ရပါဘူး
-
8:40 - 8:43ဒီအချက်ဟာ ဘယ်တိုင်းရင်းသား လူမျိုးစု
-
8:43 - 8:45နေရပ်ဒေသအလိုက် ကိန်းဂဏန်းတွေကိုပဲ ကြည့်ကြည့် မှန်နေပါတယ်
-
8:45 - 8:47ပြီးတော့ အဲဒါတွေဟာ ပိုလို့ကိုပြင်းထန်လာနေကြလို့
-
8:47 - 8:49ကျွန်တော်တို့ရဲ့ အခုလက်ရှိအံ့ဖွယ် တိုးတက်နေတဲ့ လူမှုအခွင့်အရေးလှုပ်ရှားမှုတွေကို တောင်
-
8:49 - 8:53လွှမ်းခြုံသွားနိုင်မယ့် အန ၱရာယ်တောင် ရှိနေပါတယ်
-
8:53 - 8:55ဆီလီကွန်နဲ့ ကိန်းဘရစ်ခ်ျက ကျွန်တော့်ရဲ့ ရောင်းရင်းတွေကတော့
-
8:55 - 9:00သူတို့ကိုသူတို့ တက်ဒ်လို့ အပေါ်ယံလေး မြင်နေကြပါတယ်
-
9:00 - 9:04သူတို့တွေက အလုပ်တွေများနေလျက် ရလဒ်တွေ ဖြစ်ထွန်း အောင်မြင်နေတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားတယ်
-
9:04 - 9:06သူတို့ဆီမှာ ဒါတွေထဲက ရနေတဲ့ အကျိုးအမြတ်တွေကို ပြစရာ ရှိတယ်
-
9:06 - 9:09ဘီလ်ရဲ့ ဘဝကတော့ သူတို့နဲ့ လုံးဝကို ကွာခြားလှပါတယ်
-
9:09 - 9:11သူတို့တွေဟာ ဗော်တိုင်းယားရဲ့ အလုပ်နဲ့ပတ်သက်ပြီး ပြောကြားချက်
-
9:11 - 9:13ဘယ်လောက်ထိ မှန်ကန်ကြောင်း သက်သေပါပဲ
-
9:13 - 9:17အလုပ်ဟာ ကျွန်တော်တို့ကို မိစ္ဆာတရား သုံးပါးကနေ ကယ်တင်ပေးတယ် ဆိုတဲ့ အချက်ပါပဲ
-
9:17 - 9:18အလုပ်သည် လူကို ပျင်းရိခြင်း၊ ဒုစရိုက် နဲ့ ဆင်းရဲနွမ်းပါးမှု တည်းဟူသော မိစ္ဆာတရားသုံးပါး မှ ကယ်တင်ပေး၏ _ ဗော်တိုင်းယား
-
9:18 - 9:21ဒီတော့ စိန်ခေါ်မှုတွေ ဒီလိုရှိနေတာကို ဘယ်လိုရင်ဆိုင်ကြမလဲ
-
9:21 - 9:24ဘောဂဗေဒဆိုင်ရာ ဗျူဟာကတော့ အင်မတန်မှ ရိုးရှင်းပါတယ်
-
9:24 - 9:27အင်မတန်မှ ထင်သာမြင်သာရှိပါတယ် အထူးသဖြင့် ရေတိုမှာပေါ့
-
9:27 - 9:30စက်ရုပ်တွေက လာမယ့်တစ်နှစ် နှစ်နှစ်အတွင်း ကျွန်တော်တို့ရဲ့ အလုပ်တွေအားလုံးကို သိမ်းကျုံးယူသွားမှာ မဟုတ်သေးပါဘူး
-
9:30 - 9:34ဒီတော့ အစဉ်အလာ ဘောဂ ၁၀၁ ဗျူဟာက ဆက်ပြီး အဆင်ပြေမယ်ပေါ့
-
9:34 - 9:36စွန့်ဦးတီထွင်မှုကို အားပေးမယ်
-
9:36 - 9:38အခြေခံအဆောက်အအုံကို ထက်ဝက်လျှော့ချမယ်
-
9:38 - 9:40ကျွန်တော်တို့ရဲ့ ပညာရေးစနစ်က သင့်တော်တဲ့ အရည်အချင်းတွေရှိတဲ့ လူတွေကို
-
9:40 - 9:44မွေးထုတ်ပေးနိုင်တယ် ဆိုတာ သေချာအောင်လုပ်ရမယ်
-
9:44 - 9:47သို့သော် ရေရှည်မှာတော့ ကျွန်တော်တို့ဟာ နည်းပညာအပေါ်မှာ များစွာမှီခိုပြီး
-
9:47 - 9:50လုပ်အားပေါ် မှီခိုမှုနည်းတဲ့ စီးပွားရေးစနစ်ဆီကို ဦးတည်နေမယ်ဆိုရင်
-
9:50 - 9:52ပိုပြီး အရင်းအမြစ်ကျတဲ့ ပြောင်းလဲမှုတွေကို
-
9:52 - 9:54စဉ်းစားရတော့ပါမယ်
-
9:54 - 9:57ဥပမာပြောရရင် အနိမ့်ဆုံးဝင်ငွေ အာမခံချက်လိုမျိုးပေါ့
-
9:57 - 10:01ဒီလိုပြောလိုက်လို့ သဘောမတွေ့သူ တစ်ဦးတစ်လေ ဒီအခန်းထဲရှိနိုင်ပါတယ်
-
10:01 - 10:05ဘာကြောင့်လဲဆိုတော့ အယူအဆက လက်ဝဲအစွန်းရောက်သလိုမျိုး
-
10:05 - 10:08ဓနဥစ္စာ ပြန်လည်ခွဲဝေရေးနဲ့ ပတ်သက်ပြီး အမြစ်လှန်ပြောင်းလဲရေးမျိုး ဆိုတာတွေနဲ့ ဆက်စပ်နေလို့ပါ
-
10:08 - 10:10ဒီအယူအဆနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သုတေသနနည်းနည်း လုပ်လာခဲ့ပါတယ်
-
10:10 - 10:12ခုနက သဘောမတွေ့တဲ့ ပုဂ္ဂိုလ်ကို ကျေနပ်စေကောင်း ကျေနပ်စေနိုင်ပါမယ်
-
10:12 - 10:15အသားတင် အနိမ့်ဆုံးဝင်ငွေ အာမခံချက် ဆိုတာကို
-
10:15 - 10:18ဆိုရှယ်လစ်စနစ်ကို ပါးစပ်ကအမြုပ်ထအောင် ဟောပြောခဲ့ကြတဲ့
-
10:18 - 10:24ဖရက်ဒရစ် ဟေးယက်ခ်၊ ရစ်ချက် နစ်ဆန် နဲ့ မီလ်တန် ဖရီးမန်းတို့က ထောက်ခံခဲ့တာဆိုတာပါပဲ
-
10:24 - 10:25တကယ်လို့များ လူကြီးမင်းတို့က ဒီ အာမခံ ဝင်ငွေ ဆိုတာမျိုးဟာ
-
10:25 - 10:29အောင်မြင်မှုဆီ မောင်းနှင်ရာမှာ အဟန့်အတားဖြစ်စေပြီး
-
10:29 - 10:31မိမိကိုယ်ကို ကျေနပ်မှုကို လျော့ကျစေနိုင်တယ်လို့
-
10:31 - 10:33စိုးများ စိုးရိမ်မိရင်
-
10:33 - 10:36လူတွေရဲ့ လှုပ်ရှားပြောင်းရွှေ့နိုင်စွမ်း ဆိုတဲ့
-
10:36 - 10:38ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုမှာ သိပ်ကို ဂုဏ်ယူခဲ့ရတဲ့ အရာဟာ
-
10:38 - 10:42အခုဆိုရင် တကယ်ကို လူမှုရေး အထောက်အပံ့တွေ ရက်ရက်ရောရောပေးတဲ့
-
10:42 - 10:45မြောက်ဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် နိမ့်ကျလာနေပါပြီ
-
10:45 - 10:48ဒါကြောင့် ဘောဂဗေဒဆိုင်ရာ ဗျူဟာကတော့ အမှန်တကယ်ကို ရိုးရှင်းပါတယ်
-
10:48 - 10:51လူမှုရေးရာ ဗျူဟာကတော့ ပိုပြီး စိန်ခေါ်ချက်တွေရှိပါတယ်
-
10:51 - 10:53ဘီလ်ကို အလုပ်အကိုင်ရှိပြီး တစ်သက်လုံးအလုပ်မြဲအောင်
-
10:53 - 10:57ဘယ်လိုဗျူဟာသုံးရမလဲ ကျွန်တော်တော့ မသိပါဘူး
-
10:57 - 10:59ပညာရေးက ကြီးမားတဲ့ အဲဒီထဲ အခန်းကဏ္ဍက ပါဝင်ဆိုတာ ကျွန်တော်သိပါတယ်
-
10:59 - 11:01ဒီအချက်ကို ကျွန်တော် ကိုယ်တွေ့ ထောက်ခံပါတယ်
-
11:01 - 11:05ကျွန်တော့်ပညာရေးရဲ့ အစောပိုင်းနှစ်တွေမှာ မွန်တာဆရီမှာ တက်ခဲ့ပါတယ်
-
11:05 - 11:06အဲဒီ့ပညာရေးက ကျွန်တော့်ကို သင်ပေးလိုက်တာကတော့
-
11:06 - 11:08ကမ္ဘာကြီးဟာ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပြီး
-
11:08 - 11:11ကျွန်တော့်အလုပ်ကတော့ အဲဒီ့ကမ္ဘာကြီး အကြောင်း စူးစမ်းလေ့လာဖို့ပါ
-
11:11 - 11:13သုံးတန်းလည်းရောက်ရော အဲ့ဒီကျောင်းပိတ်သွားရာ
-
11:13 - 11:15ကျွန်တော်ဟာ အစိုးရ ပညာရေး ကျောင်းကို တက်လာရပါတော့တယ်
-
11:15 - 11:19ကျွန်တော်ကို ကျွန်တော် ဂူးလာဂ်ကို အပို့ခံလိုက်ရသလို ခံစားရပါတယ်
-
11:19 - 11:22အခုပြန်စဉ်းစားကြည့်လိုက်တော့မှ အဲဒီအလုပ်က
-
11:22 - 11:24စာရေး ဒါမှမဟုတ် ကာယအလုပ်သမား ဖြစ်လာနိုင်အောင် ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ ဖြစ်တာ သဘောပေါက်လာတယ်
-
11:24 - 11:27အဲ့ဒီ အချိန်တုန်းကတော့ အလုပ်ဆိုတာ
-
11:27 - 11:31ပျင်းရိဖွယ် ပတ်ဝန်းကျင် ထဲမှာ စိတ်ပျက်အရှုံးပေးရတာမျိုးပါ
-
11:31 - 11:32ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်ဖို့လိုပါတယ်
-
11:32 - 11:36ကျွန်တော်တို့ကို ကျွန်တော်တို့ ဘီလ် အဖြစ်မခံနိုင်ပါဘူး
-
11:36 - 11:38ဒီတော့ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့အရာတွေ ကြုံရဖို့ လက္ခဏာသစ်တွေကို တွေ့နေရပါပြီ
-
11:38 - 11:41နည်းပညာဟာ ပညာရေးကို လေးနက်စွာ ဩဇာလွှမ်းမိုးလာနေကာ
-
11:41 - 11:43အသက်အငယ်ဆုံး သင်ယူသူကနေ အကြီးဆုံးအထိ လူသားတွေ အပေါ်မှာ
-
11:43 - 11:45နက်နက်နဲနဲ အကျိုးသက်ရောက်လာနေတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်
-
11:45 - 11:48ထင်ရှားတဲ့ လုပ်ငန်းရှင်တွေ ပြောနေကြတာကလည်း
-
11:48 - 11:51ကျွန်တော်တို့ တချိန်တုန်းက အလေးပေးလာခဲ့ကြတဲ့ အရာတွေကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီဆိုတာပါပဲ
-
11:51 - 11:53ပြီးတော့ အလွန်လေးနက် တာရှည်ပြီး အချက်အလက်တွေကို အခြေခံထားတဲ့ အားထုတ်မှုများဖြင့်
-
11:53 - 11:56ပြဿနာတွေကို ရင်ဆိုင်နေရဆုံး လူ့အဖွဲ့အစည်းအချို့အတွက် ဘယ်လို ဖြေရှင်းပေးရမယ် ဆိုတာကို
-
11:56 - 11:59နားလည်အောင် ကြိုးစားမှုတွေကိုလည်း တွေ့မြင်နေရပါပြီ
-
11:59 - 12:02ဒီအတွက်ကြောင့် လက္ခဏာကောင်းတွေကို တွေ့နေရပါပြီ
-
12:02 - 12:03သို့သော် လက်ရှိအခြေအနေနဲ့ လုံလောက်ပြီလို့
-
12:03 - 12:05ကျွန်တော် တစ်မိနစ်တောင် မဟန်ဆောင်လိုပါဘူး
-
12:05 - 12:07ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ တကယ့်ကို ကြီးမားလှပါတယ်
-
12:07 - 12:10သာဓကတစ်ခုမျှကို ပြရရင် အနည်းဆုံးခြောက်လ အလုပ်အကိုင်မဲ့နေတဲ့
-
12:10 - 12:13အမေရိကန်နိုင်ငံသား ငါးသန်းလောက် ရှိပါတယ်
-
12:13 - 12:14သူတို့ အကုန်လုံးကို မွန်တဆရီကျောင်းကို ပြန်ပို့လိုက်ပြီး
-
12:14 - 12:17ဒီပြဿနာတွေကို ဖြေရှင်း မရနိုင်ပါ
-
12:17 - 12:19ကျွန်တော် စိတ်အပူဆုံးက ကျွန်တော်တို့ ဖန်တီးနေတဲ့ ကမ္ဘာမှာ
-
12:19 - 12:22အံ့မခန်း နည်းပညာတွေပြည့်နေမှာ ဟုတ်ပေမဲ့
-
12:22 - 12:24လူ့အဖွဲ့အစည်းကတော့ စိတ်ပျက်စရာ ကောင်းကာ
-
12:24 - 12:27နောက်ခံ အဖြစ်တည်ရှိနေတဲ့ စီးပွားရေးစနစ်ကလည်း
-
12:27 - 12:29အခွင့်အလမ်းတွေအစား မညီမျှမှုတွေပဲ ဖန်တီးပေးမှာကိုပါပဲ
-
12:29 - 12:31ဒါပေမဲ့ ကျွန်တော်တို့ တတွေ ဘယ်လို လုပ်ကိုင်နိုင်ကြမယ် ဆိုတာကိုလည်း ကျွန်တော်မသိပါဘူး
-
12:31 - 12:33ကျွန်တော်တို့ ဒီထက်ပိုကောင်းတာကို ဖန်တီးနိုင်မယ်လို့ ယူဆရန်အတွက်
-
12:33 - 12:35အလွန်ရိုးရှင်းတဲ့ အကြောင်းရင်းတစ်ခု ရှိပါတယ်
-
12:35 - 12:37အချက်အလက်တွေ ထွက်လာနေကြပါတယ်
-
12:37 - 12:39ဒီစက်မှုခေတ်သစ်နဲ့ စီးပွားရေးအပြောင်းအလဲဆိုင်ရာ အမှန်တရားတွေဟာ
-
12:39 - 12:42တစ်နေ့တစ်ခြား လူသိများလာနေပါပြီ
-
12:42 - 12:45အဲဒီဖြစ်စဉ်ကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဖြစ်လာစေချင်ရင်တော့
-
12:45 - 12:48အတော်ဆုံး ဘောဂဗေဒပညာရှင်တွေ မူဝါဒချမှတ်သူတွေကို
-
12:48 - 12:50Watson နဲ့အပြိုင် Jeopardy ပဟေဠိပြိုင်ပွဲ ဝင်ခိုင်းလို့ရပါတယ်
-
12:50 - 12:54လွှတ်တော်အမတ်တွေကို မောင်းသူမဲ့ ကားခရီးစဉ်မှာ လိုက်ပါခိုင်းလို့ ရပါတယ်
-
12:54 - 12:56ဒီလိုမျိုးတွေ လုံလုံလောက်လောက် လုပ်နိုင်ရင်တော့
-
12:56 - 12:59အခြေအနေတွေ ပြောင်းလဲသင့်တဲ့ အချက်တွေကို ပိုလို့ကို သတိမူမိလာနိုင်ပါတယ်
-
12:59 - 13:01အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ ပြိုင်ဆိုင်ရေးဆီကို ဦးတည်နေပါပြီ
-
13:01 - 13:03ကျွန်တော်တို့ဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆ်ိုင်ဖြေရှင်းနည်းတွေကို မေ့လျော့ကုန်ပြီ
-
13:03 - 13:06တစ်ချက်လေးတောင် မကြိုးစားချင်လောက်အောင်
စိတ်အားထက်သန်မှု မရှိတော့ဘူး -
13:06 - 13:11ဒါမှမဟုတ် အသည်းမာလာပြီလို့ တစ်စက္ကန့်လေးတောင်မှ မထင်မှတ် မယုံကြည်နိုင်ပါဘူး
-
13:11 - 13:13ကျွန်တော့် ဆွေးနွေးချက်ကို တစ်ဦးနဲ့တစ်ဦး
-
13:13 - 13:16သမုဒ္ဒရာတစ်စင်း ရာစုနှစ်တစ်ခု ခြားနေခဲ့ကြတဲ့ ဝေါဟာရဂုရုတွေရဲ့ မိန့်ကြားချက်တွေနဲ့ စတင်ခဲ့ပါတယ်
-
13:16 - 13:18အခု နိဂုံးချုပ်ရာမှာလည်း အလားတူ အလှမ်းဝေးနေကြတဲ့
-
13:18 - 13:20နိုင်ငံရေးသမားနှစ်ဦးရဲ့ စကားလုံးနဲ့ အဆုံးသတ်ပါရစေ
-
13:20 - 13:23ဝင်စတန်ချာချီ ၁၉၁၄ မှာ ကျွန်တော့် အမိတက္ကသိုလ် MIT ကို လာတုန်းက
-
13:23 - 13:25"အကယ်၍ ကျွန်တော်တို့ဟာ ဒေသအသီးသီးက ပြည်သူလူထုတွေကို
-
13:25 - 13:29ပေါကြွယ်၀ခြင်းဆိုတဲ့ စားပွဲဆီကို ဖိတ်ခေါ်နိုင်တယ် ဆိုရင်တော့
-
13:29 - 13:32ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှု နည်းပညာတွေကို မရပ်မနား စဉ်ဆက်မပြတ်
-
13:32 - 13:35တိုးတက်အောင်လုပ်နိုင်ခဲ့ဖို့ကလွဲပြီး အခြားနည်းလမ်းမရှိနိုင်ပါဘူး" လို့ မိန့်ကြားခဲ့ပါတယ်
-
13:35 - 13:37အေဗရာဟင်လင်ကွန်းကတော့ အခြားလိုအပ်ချက်တစ်ခုကို သဘောပေါက်ခဲ့ပါတယ်
-
13:37 - 13:40သူပြောခဲ့တာက "ကျွန်တော်ဟာ ပြည်သူတွေ အပေါ်မှာ ခိုင်မြဲစွာ ယုံကြည်သူပါ။
-
13:40 - 13:43အမှန်ကိုသာ သိထားရရင် ပြည်သူတို့ဟာ
-
13:43 - 13:45ဘယ်လို အမျိုးသားရေး အကျပ်အတည်းကိုမဆို ရင်ဆိုင်နိုင်ပါတယ်
-
13:45 - 13:48အဓိက အရေးကြီးဆုံးက အချက်အလက်တွေ ရှိတဲ့အတိုင်း သူတို့ကို ချပေးဖို့ပါပဲ" တဲ့
-
13:48 - 13:51အကောင်းမြင်တဲ့ မှတ်ချက်အနေနဲ့ လူကြီးမင်းတို့အတွက် အဓိကချန်ထားခဲ့ချင်တာ ကတော့
-
13:51 - 13:54စက်မှုခေတ်သစ်ဆိုင်ရာ လက်တွေ့ အရှိတရားတွေဟာ ထင်ရှားလာနေကြပါပြီ
-
13:54 - 13:57ကျွန်တော်တို့ ဖန်တီးလိုကြတဲ့ စိန်ခေါ်မှုပြည့်၀ပြီး ပေါကြွယ်ဝတဲ့ စီးပွားရေးစနစ်အတွက်
-
13:57 - 13:59အဲဒီလို အချက်အလက်တွေကို ကောင်းကောင်းအသုံးချနိုင်မယ်လို့
-
13:59 - 14:02ကျွန်တော် ရာနှုန်းပြည့် ယုံကြည်ပါတယ်။
-
14:02 - 14:04ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
-
14:04 - 14:08(လက်ခုပ်သံများ)
- Title:
- အနာဂတ်အလုပ်အကိုင်ဘယ်လိုဖြစ်လာမလဲ?
- Speaker:
- Andrew McAfee
- Description:
-
ဘောဂဗေဒပညာရှင် အန်ဒရူးမက်ကဖီးက အနာဂတ်တွင် စက်ရုပ်များသည် လူသားတို့၏ အလုပ်အကိုင်အားလုံးကိုမဟုတ်လျှင်ပင် ကျွန်တော်တို့ လက်ရှိအကျွမ်းဝင်ပြီးသား အလုပ်အကိုင်များကို ယူလုပ်ကြမည်ဟု အဆိုပြုပြောကြားခဲ့သည်။ ဤရှေ့ပြေးနိမိတ်ဖတ် ဆွေးနွေးချက်တွင် အနာဂတ်အလုပ်အကိုင်များ မည်သို့ဖြစ်လာမည်နည်းနှင့် ထိုအလုပ်အကိုင်အခွင့်အလမ်းများကိုရယူနိုင်ရန် နောင်မျိုးဆက်ကို မည်သို့ပျိုးထောင်ရမည်ကို ဆွေးနွေးတင်ပြထားသည်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 14:15
Myo Aung edited Burmese subtitles for What will future jobs look like? | ||
Myo Aung edited Burmese subtitles for What will future jobs look like? | ||
Dimitra Papageorgiou approved Burmese subtitles for What will future jobs look like? | ||
Dimitra Papageorgiou edited Burmese subtitles for What will future jobs look like? | ||
Dimitra Papageorgiou edited Burmese subtitles for What will future jobs look like? | ||
Myo Aung accepted Burmese subtitles for What will future jobs look like? | ||
Myo Aung commented on Burmese subtitles for What will future jobs look like? | ||
Myo Aung edited Burmese subtitles for What will future jobs look like? |
Myo Aung
The original translation was done well, I did some minor corrections!