Return to Video

ကျွန်ုပ်တို့ အသက်ကြီးလာတဲ့အခါ ကိုယ့်အသံ ပြောင်းသွားတာ ဘာ​ကြောင့်လဲ။

  • 0:07 - 0:08
    ၁၆ ရာစု အလယ်ပိုင်းတွင်
  • 0:08 - 0:12
    အီတလီနိုင်ငံမှာ အမျိုးသားအဆိုတော်ရဲ့
    အသံတမျိုးဟာ သိပ်ကို ခေတ်စားခဲ့တယ်။
  • 0:12 - 0:14
    သက်ကြီးတွေ ဘယ်လိုမှ
    ဆိုမရနိုင်တဲ့ အသံမျိုးကို
  • 0:14 - 0:17
    သူတို့ဟာ အံ့ဩလောက်ရအောင်ကို
    ဆိုနိုင်ခဲ့ကြတယ်။
  • 0:17 - 0:20
    ဒါပေမဲ့ အဲဒီဆုလာဘ်အတွက် ပေးဆပ်ရတဲ့
    တန်ဖိုးဟာ ကြီးမားခဲ့ပါတယ်။
  • 0:20 - 0:22
    သူတို့ရဲ့ အဲဒီလို အသံ
    ပျောက်ကွယ် မသွားအောင်
  • 0:22 - 0:25
    အဲဒီ အဆိုတော်တွေကို အပျိုဖော်မဝင်မီတွင်
    သင်းကွပ်ပေးခဲ့ကြရတယ်။
  • 0:25 - 0:29
    သူတို့ရဲ့အသံတွေ ပိုနက်ရှိုင်းလာစေမယ့်
    ဟော်မုန်း ဖြစ်စဉ်ကို ရပ်တန့်ပစ်ဖို့ပါ။
  • 0:29 - 0:34
    castrati လို့ အခေါ်ခံခဲ့ကြရသူတို့ရဲ့ နံဝင်
    ချိုဘွယ် အသံဟာ ဥရောပမှာ နာမည်ကြီးခဲ့ပါတယ်။
  • 0:34 - 0:39
    အဲဒီအသံကို ဖန်တီးပေးခဲ့တဲ့ ကြမ်းကြုတ်တဲ့
    အစဉ်အလာကို တားမြစ်ခဲ့တဲ့ ၁၈၀၀ အထိပါပဲ။
  • 0:39 - 0:43
    အဲဒီအံ့ဖွယ် အသံရဲ့ စွမ်းအားဟာ မယုံကြည်
    နိုင်ဖွယ် အသံစဉ်ကို ထုတ်ပေးနိုင်ခဲ့ပေမဲ့
  • 0:43 - 0:48
    သဘာဝအလျောက် ဖွံ့ဖြိုးလာတဲ့ အသံတွေဟာလည်း
    အံ့ဖွယ်အသံမျိုးစုံကို ထုတ်လုပ်ပေးနိုင်တယ်။
  • 0:48 - 0:55
    ကျုပ်တို့ အသက်ကြီးလာတာနဲ့ အသံကို ပြောင်းလဲ
    စေတဲ့ အပြောင်းအလဲ ခန္ဓာကိုယ်ထဲ ဖြစ်လာတယ်။
  • 0:55 - 1:01
    ဒီတော့ ကျုပ်တို့ရဲ့ အသံအိုးအလုပ်လုပ်ပုံနဲ့
    အသံပြောင်းလဲလာရတာ ဘာကြောင့်များလဲ။
  • 1:01 - 1:06
    စကားပြောသံ တစ်ခုထွက်ပေါ်လာဖို့ ခန္ဓာ
    ကိုယ်ထဲက အပိုင်းအမျိုးမျိုး ပါဝင်ရပါတယ်။
  • 1:06 - 1:10
    ဒါပေမဲ့ အများဆုံး ပြောင်းလဲလာစေတာက အသက်၊
    ကျုပ်တို့ရဲ့ အသံကြိုးများရဲ့ အခြေအနေနဲ့
  • 1:10 - 1:12
    ကျုပ်တို့ အသံအိုးများရဲ့ အရွယ်အစားပါ။
  • 1:12 - 1:16
    အသံအိုးဟာ ကြွက်သားမျာနဲ့ အရိုးနုတွေ
    ပါဝင်ပြီး
  • 1:16 - 1:19
    အသံကြိုးများကို အားပေးလှုပ်ခါစေတဲ့ စနစ်ပါ၊
  • 1:19 - 1:23
    တကယ်တော့ ပိုတိကျတဲ့ အမည်က အသံအခေါက်များပါ။
  • 1:23 - 1:26
    thyroid နဲ့ arytenoid အရိုးနုတွေအကြား
    ဆန့်ဆွဲထားတဲ့
  • 1:26 - 1:32
    အဲဒီကြွက်သား နှစ်ခုဟာ လေပြွန်ကို ဖွင့်ပိတ်
    နိုင်တဲ့ ပျော့ပြောင်းတဲ့ ကန့်လန်ကာမျိုးပါ။
  • 1:32 - 1:34
    လေကို လည်ချောင်းမှတဆင့် သယ်ပေးတဲ့ ပြွန်ပါ။
  • 1:34 - 1:37
    ကျုပ်တို့ အသက်ရှူနေစဉ် အခေါက်တွေဟာ
    ဘေးမှာ ရှိနေကြလျက်၊
  • 1:37 - 1:39
    ကျုပ်တို့ စပြောတော့တာနဲ့ ပိတ်ချလာပါတယ်။
  • 1:39 - 1:42
    ကျုပ်တို့ရဲ့ အဆုတ်ဟာ ပိတ်ထားတဲ့ အခေါက်
    တွေကို ကျော်ပြီး လေကို ထိုးတင်ပေးတယ်၊
  • 1:43 - 1:46
    ၎င်းတို့ဟာ ပွင့်လာကြပြီး အမျှင်များကို
    လှုပ်ရှားစေရင်း အသံကို ထုတ်လုပ်ပေးတယ်။
  • 1:46 - 1:50
    တူရိယာ တစ်ခုခု တီးမှုတ်ရာမှာ လိုအပ်သလို
    အထူးအာရုံစိုက်ရန် မလိုအပ်ဘဲ
  • 1:50 - 1:53
    ကျုပ်တို့ဟာ အသံစဉ်တွေကို ပြောနေရင်း
    လိုအပ်သလို ပြောင်းလဲနိုင်ကြတယ်။
  • 1:53 - 1:56
    လေကို မြန်ဆန်စွာ ဒါမှမဟုတ် နှေးကွေးစွာ
    ထုတ်ပေးလျက်
  • 1:56 - 1:59
    အဲဒီတုန်ခါမှုတွေရဲ့ ကြိမ်နှုန်နဲ့ အားကို
    ပြောင်းလဲပေးနိုင်ကြပါတယ်။
  • 1:59 - 2:03
    အဲဒါက ကျုပ်တို့အသံရဲ့ ကျယ်အားနဲ့
    အနိမ့်အမြင့်ကို ညှိပေးတာပါ။
  • 2:03 - 2:08
    လျင်မြန်စွာ မသိမသာ လှုပ်ခါမှုတွေက
    မကျယ်တဲ့ အသံမြင့်တွေကို ဖန်တီးပေးတယ်။
  • 2:08 - 2:13
    နှေးပြီး ကြီးမားတဲ့ တုန်ခါမှုတွေကျတော့
    နက်ရှိုင်းပြီး နိမ့်တဲ့ အသံကို ဖြစ်စေတယ်။
  • 2:13 - 2:16
    နောက်ဆုံးအနေနဲ့၊ အရိုးနုတွေအကြားရှိ
    အသံအိုး ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို
  • 2:16 - 2:19
    ပြောင်းလဲပေးလျက် ခုနက
    အခေါက်တွေကို ကျုံ့ခြင်းဆန့်ခြင်းဖြင့်
  • 2:19 - 2:23
    ကျုပ်တို့ရဲ့ အတွင်းပိုင်း အသံဆိုင်ရာ
    တူရီယာကို စိတ်တိုင်းကျ ကစားနိုင်ပါတယ်။
  • 2:23 - 2:26
    ကျုပ်တို့ ပြောလိုက်ကြတဲ့ ပထမဦးဆုံး စကား
    လုံးနဲ့ နောက်ဆုံး ကစားလုံး ဒီအတိုင်းပါပဲ။
  • 2:26 - 2:30
    ဒါပေမဲ့ အသက်ကြီးလာရင်
    ကျုပ်တို့ရဲ့ အသံအိုးလည်း ကြီးရင့်လာတယ်။
  • 2:30 - 2:33
    အပျိုဖော်ဝင်ချိန်မှာ ပထမဦးဆုံး အဓိက
    အကျဆုံး ပြောင်းလဲမှုစတင်တယ်၊
  • 2:33 - 2:35
    သင့်ရဲ့ စကားပြောသံဟာ နက်ရှိုင်းလာတယ်။
  • 2:35 - 2:39
    သင့်အသံအိုးက ပိုကြီးထွားလာလျက်
  • 2:39 - 2:44
    အသံ အခေါက်တွေကို ဆန့်ပေးရင်း ၎င်းတို့
    လှုပ်ခါရန် ခန်းမကို တိုးဖွင့်ပေးတယ်။
  • 2:44 - 2:47
    အဲဒီ ပိုရှည်လာကြတဲ့ အခေါက်များရဲ့
    တုန်ခါမှုဟာ နှေးလာကာ ပိုကျယ်လာတယ်။
  • 2:47 - 2:50
    အဲဒါကြောင့် အခြေခံသံစဉ်ဟာ နိမ့်လာရတယ်။
  • 2:50 - 2:53
    ယောက်ျားလေး အများအပြားအတွက်
    အဲဒီကြီးထွားမှုဟာ အံ့ဖွယ်ဖြစ်နိုင်ပြီး၊
  • 2:53 - 2:57
    testosterone အဆင့်မြင့်လွန်းလို့
    အသံဟာ အစပိုင်းတွင် အက်သံ ပါလာတတ်တယ်၊
  • 2:57 - 3:00
    အဲဒီနောက်မှာ နက်ဝင်လာကာ အသံအမျိုးမျိုး
    ပြောင်းလဲရင်း
  • 3:00 - 3:04
    အာဒံရဲ့ပန်းသီးများ လို့ခေါ်တဲ့
    အသံအိုးရဲ့ တုန်ခါသံများ ကြားရနိုင်တယ်။
  • 3:04 - 3:07
    အပျိုဖော်ဝင်စဉ် အသံဆိုင်ရာ
    နောက် အပြောင်းအလဲ တစ်ခုက
  • 3:07 - 3:10
    တသားတည်းရှိတဲ့ တစ်ရှူးက
    အခေါက်တွေ လာပြီး ဖုံးအုပ်ချိန်မှာပါ၊
  • 3:10 - 3:14
    ကွဲပြားစွာ အလုပ်လုပ်ကြတဲ့
    အလွှာသုံးလွှာ အထူး ပေါ်လာစေပါတယ်၊
  • 3:14 - 3:15
    ဗဟိုကြွက်သား၊
  • 3:15 - 3:20
    ဆွဲဆန့်ထားကာ ပျော့တဲ့အမျှင်များဖြင့်
    ရစ်ပတ်နေတဲ့ မာနေတဲ့ collagen အလွှာ၊
  • 3:20 - 3:22
    ပြီးတော့ အပြင်တွင် ချွဲအမြှေးပါးလွှာတွေပါ။
  • 3:22 - 3:26
    အဲဒီ အလွှာတွေက အသံထဲကို နက်ရှိုင်းမှုနဲ့
    ပင်ကိုထူးခြားချက်ကို ထည့်ပေးကြတယ်။
  • 3:26 - 3:31
    ပျိုဖေါ်မဝင်မီတုန်းက အသံစဉ်တွေနဲ့
    ကွဲပြားတဲ့ အသံစဉ်တွေကို ဖြစ်ပေါ်လာစေပါတယ်။
  • 3:31 - 3:36
    ပျိုဖော်ဝင်ပြီးနောက်မှာ လူအများစုရဲ့အသံဟာ
    နှစ် ၅၀ ကြာတဲ့အထိ
  • 3:36 - 3:37
    မပြောင်းသလောက်ပါပဲ။
  • 3:37 - 3:40
    ကျုပ်တို့ဟာ မတူတဲ့ အသံတွေ
    ကိုယ်စီ သုံးနေကြပေမဲ့၊
  • 3:40 - 3:44
    နောက်ဆုံးမှာတော့ အသံအိုး ကြီးရင့်လာမှုနဲ့
    ဆက်စပ်နေတဲ့ လက္ခဏာတွေကို ခံစားလာကြရတယ်၊
  • 3:44 - 3:46
    အဲဒါကို presbyphonia လို့ ခေါ်ပါတယ်။
  • 3:46 - 3:49
    ပထမဦးဆုံးအချက်က ကျုပ်တို့ရဲ့ အခေါက်ထဲက
    ကော်လာဂျင်ဟာ မာလာပါတယ်၊
  • 3:49 - 3:53
    ပြီးတော့ ဝန်းရံနေကြတဲ့ အမျှင်တွေ
    မာကျော ယိုယွင်းလာကြတယ်။
  • 3:53 - 3:57
    ပျော့ပြောင်းမှု နည်းလာခြင်းက သက်ကြီး
    အသံသို့ ပြောင်းလာစေပါတယ်။
  • 3:57 - 4:01
    သွေးဆုံးမှုရဲ့ ဟော်မုန်း သက်ရောက်မှုကို
    ဖြတ်ကျော်ခဲ့ကြရတဲ့ အမျိုးသမီးများဆိုရင်
  • 4:01 - 4:07
    မြင့်တဲ့ အသံကို အသံအခေါက်များ
    မျိုချခံရခြင်းကြောင့် ပြောင်းပြန်တွေ့ရတယ်။
  • 4:07 - 4:13
    အခေါက်များရဲ့ ထုထယ် တိုးလာမှုက တုန်ခါမှု
    ကို နှေးစေလျက် အသံကို နက်ရှိုင်းလာစေတယ်။
  • 4:13 - 4:16
    အဲဒီလို အသက်ကြီးမှု လက္ခဏာတွေ
    ပိုရှုပ်ထွေးလာကြပြီး
  • 4:16 - 4:19
    ကျန်းမားတဲ့ အသံအိုး အာရုံစွန်းတွေ
    နည်းလာကြတာမို့လို့
  • 4:19 - 4:24
    ကြွက်သားကို တိကျစွာ ထိန်းချုပ်မှု နည်းလာကာ
    အသက်ရှူသံ (သို) မာတဲ့အသံကို ပေါ်လာစေပါတယ်။
  • 4:24 - 4:28
    နောက်ဆုံးမှာတော့ သင်ရဲ့ အသံကို ပြောင်းလဲ
    စေနိုင်ကြတဲ့ ခန္ဓာဗေဒဆိုင်ရာ
  • 4:28 - 4:29
    အချက်တွေ သိပ်မများကြပါဘူး။
  • 4:29 - 4:32
    ဒါပေမဲ့ ကိုယ်က ကောင်းမွန်စွာ
    ဂရုစိုက်နေထိုင်ပါက၊
  • 4:32 - 4:35
    သင်ရဲ့ အသံကို ထုတ်လုပ်ပေးတဲ့ အသံအိုးဟာ
    အသေအချာ စီမံထားတဲ့ တူရိယာပါ၊
  • 4:35 - 4:36
    သီချင်းကြီးတွေကို၊
  • 4:36 - 4:38
    စိတ်ဝင်စားစရာ ဟောကြားချက်ကို သာမက
  • 4:38 - 4:40
    အစွမ်းထက်တဲ့
    မိန့်ခွန်းတွေကို ချွေနိုင်မှာပါ။
Title:
ကျွန်ုပ်တို့ အသက်ကြီးလာတဲ့အခါ ကိုယ့်အသံ ပြောင်းသွားတာ ဘာ​ကြောင့်လဲ။
Speaker:
Shaylin A. Schundler
Description:

သင်ခန်းစား အပြည့်ကို ကြည့်ရန်- https://ed.ted.com/lessons/why-does-your-voice-change-as-you-get-older-shaylin-a-schundler

လူ့အသံဟာ အံ့ဘွယ် အသံအမျိုးမျိုး တသီကြီးကို ​ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ ကျွန်ုပ်တို့ အသက် ကြီးရင့်လာတာနဲ့အမျှ၊ ကျွန်ပ်တို့ ခန္ဓာကိုယ်ဟာ ကျွန်ုပ်တို့ရဲ့ အသံကို ပြောင်းစေတဲ့ အပြောင်းအလဲကြီး နှစ်ခု ဖြတ်ကျော်ရပါတယ်။ ဒီတော့ ကျွန်ုပ်တို့ရဲ့ အသံအိုး တကယ် အလုပ်လုပ်ပုံက ဘယ်လိုများလဲ၊ ပြီးတော့ ကျွန်ုပ်တို့ အသံတွေ ပြောင်းလာရတာက ဘာကြောင့်လဲ။ Shaylin A. Schundler က ကျွန်ုပ်တို့ အသက်ကြီးလာတဲ့အခါ ကျွန်ုပ်တို့ရဲ့ အသံ ပြောင်းသွားတာ ဘာ​ကြောင့်လဲ ဆိုတာကို ရှင်းပြထားပါတယ်။

Shaylin A. Schundler ရဲ့ သင်ခန်းစာကို Andrew Foerster & Nick Counter တို့က စီမံညွှန်ကြားပြီး အသက်ဝင်ပုံများဖြင့် ဖေါ်ပြပေးခဲ့ကြပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:55

Burmese subtitles

Revisions