1 00:00:07,104 --> 00:00:08,482 ၁၆ ရာစု အလယ်ပိုင်းတွင် 2 00:00:08,482 --> 00:00:11,884 အီတလီနိုင်ငံမှာ အမျိုးသားအဆိုတော်ရဲ့ အသံတမျိုးဟာ သိပ်ကို ခေတ်စားခဲ့တယ်။ 3 00:00:11,884 --> 00:00:14,136 သက်ကြီးတွေ ဘယ်လိုမှ ဆိုမရနိုင်တဲ့ အသံမျိုးကို 4 00:00:14,136 --> 00:00:16,942 သူတို့ဟာ အံ့ဩလောက်ရအောင်ကို ဆိုနိုင်ခဲ့ကြတယ်။ 5 00:00:16,942 --> 00:00:19,961 ဒါပေမဲ့ အဲဒီဆုလာဘ်အတွက် ပေးဆပ်ရတဲ့ တန်ဖိုးဟာ ကြီးမားခဲ့ပါတယ်။ 6 00:00:19,961 --> 00:00:22,045 သူတို့ရဲ့ အဲဒီလို အသံ ပျောက်ကွယ် မသွားအောင် 7 00:00:22,045 --> 00:00:25,097 အဲဒီ အဆိုတော်တွေကို အပျိုဖော်မဝင်မီတွင် သင်းကွပ်ပေးခဲ့ကြရတယ်။ 8 00:00:25,097 --> 00:00:28,830 သူတို့ရဲ့အသံတွေ ပိုနက်ရှိုင်းလာစေမယ့် ဟော်မုန်း ဖြစ်စဉ်ကို ရပ်တန့်ပစ်ဖို့ပါ။ 9 00:00:28,830 --> 00:00:33,791 castrati လို့ အခေါ်ခံခဲ့ကြရသူတို့ရဲ့ နံဝင် ချိုဘွယ် အသံဟာ ဥရောပမှာ နာမည်ကြီးခဲ့ပါတယ်။ 10 00:00:33,791 --> 00:00:39,283 အဲဒီအသံကို ဖန်တီးပေးခဲ့တဲ့ ကြမ်းကြုတ်တဲ့ အစဉ်အလာကို တားမြစ်ခဲ့တဲ့ ၁၈၀၀ အထိပါပဲ။ 11 00:00:39,283 --> 00:00:43,483 အဲဒီအံ့ဖွယ် အသံရဲ့ စွမ်းအားဟာ မယုံကြည် နိုင်ဖွယ် အသံစဉ်ကို ထုတ်ပေးနိုင်ခဲ့ပေမဲ့ 12 00:00:43,483 --> 00:00:48,347 သဘာဝအလျောက် ဖွံ့ဖြိုးလာတဲ့ အသံတွေဟာလည်း အံ့ဖွယ်အသံမျိုးစုံကို ထုတ်လုပ်ပေးနိုင်တယ်။ 13 00:00:48,347 --> 00:00:54,734 ကျုပ်တို့ အသက်ကြီးလာတာနဲ့ အသံကို ပြောင်းလဲ စေတဲ့ အပြောင်းအလဲ ခန္ဓာကိုယ်ထဲ ဖြစ်လာတယ်။ 14 00:00:54,734 --> 00:01:00,529 ဒီတော့ ကျုပ်တို့ရဲ့ အသံအိုးအလုပ်လုပ်ပုံနဲ့ အသံပြောင်းလဲလာရတာ ဘာကြောင့်များလဲ။ 15 00:01:00,529 --> 00:01:05,586 စကားပြောသံ တစ်ခုထွက်ပေါ်လာဖို့ ခန္ဓာ ကိုယ်ထဲက အပိုင်းအမျိုးမျိုး ပါဝင်ရပါတယ်။ 16 00:01:05,586 --> 00:01:09,631 ဒါပေမဲ့ အများဆုံး ပြောင်းလဲလာစေတာက အသက်၊ ကျုပ်တို့ရဲ့ အသံကြိုးများရဲ့ အခြေအနေနဲ့ 17 00:01:09,631 --> 00:01:12,227 ကျုပ်တို့ အသံအိုးများရဲ့ အရွယ်အစားပါ။ 18 00:01:12,227 --> 00:01:16,237 အသံအိုးဟာ ကြွက်သားမျာနဲ့ အရိုးနုတွေ ပါဝင်ပြီး 19 00:01:16,237 --> 00:01:18,865 အသံကြိုးများကို အားပေးလှုပ်ခါစေတဲ့ စနစ်ပါ၊ 20 00:01:18,865 --> 00:01:22,814 တကယ်တော့ ပိုတိကျတဲ့ အမည်က အသံအခေါက်များပါ။ 21 00:01:22,814 --> 00:01:25,857 thyroid နဲ့ arytenoid အရိုးနုတွေအကြား ဆန့်ဆွဲထားတဲ့ 22 00:01:25,857 --> 00:01:31,636 အဲဒီကြွက်သား နှစ်ခုဟာ လေပြွန်ကို ဖွင့်ပိတ် နိုင်တဲ့ ပျော့ပြောင်းတဲ့ ကန့်လန်ကာမျိုးပါ။ 23 00:01:31,636 --> 00:01:34,225 လေကို လည်ချောင်းမှတဆင့် သယ်ပေးတဲ့ ပြွန်ပါ။ 24 00:01:34,225 --> 00:01:36,804 ကျုပ်တို့ အသက်ရှူနေစဉ် အခေါက်တွေဟာ ဘေးမှာ ရှိနေကြလျက်၊ 25 00:01:36,804 --> 00:01:38,706 ကျုပ်တို့ စပြောတော့တာနဲ့ ပိတ်ချလာပါတယ်။ 26 00:01:38,706 --> 00:01:42,497 ကျုပ်တို့ရဲ့ အဆုတ်ဟာ ပိတ်ထားတဲ့ အခေါက် တွေကို ကျော်ပြီး လေကို ထိုးတင်ပေးတယ်၊ 27 00:01:42,507 --> 00:01:46,481 ၎င်းတို့ဟာ ပွင့်လာကြပြီး အမျှင်များကို လှုပ်ရှားစေရင်း အသံကို ထုတ်လုပ်ပေးတယ်။ 28 00:01:46,481 --> 00:01:50,279 တူရိယာ တစ်ခုခု တီးမှုတ်ရာမှာ လိုအပ်သလို အထူးအာရုံစိုက်ရန် မလိုအပ်ဘဲ 29 00:01:50,279 --> 00:01:53,471 ကျုပ်တို့ဟာ အသံစဉ်တွေကို ပြောနေရင်း လိုအပ်သလို ပြောင်းလဲနိုင်ကြတယ်။ 30 00:01:53,471 --> 00:01:55,810 လေကို မြန်ဆန်စွာ ဒါမှမဟုတ် နှေးကွေးစွာ ထုတ်ပေးလျက် 31 00:01:55,810 --> 00:01:58,919 အဲဒီတုန်ခါမှုတွေရဲ့ ကြိမ်နှုန်နဲ့ အားကို ပြောင်းလဲပေးနိုင်ကြပါတယ်။ 32 00:01:58,919 --> 00:02:03,070 အဲဒါက ကျုပ်တို့အသံရဲ့ ကျယ်အားနဲ့ အနိမ့်အမြင့်ကို ညှိပေးတာပါ။ 33 00:02:03,070 --> 00:02:07,605 လျင်မြန်စွာ မသိမသာ လှုပ်ခါမှုတွေက မကျယ်တဲ့ အသံမြင့်တွေကို ဖန်တီးပေးတယ်။ 34 00:02:07,605 --> 00:02:12,743 နှေးပြီး ကြီးမားတဲ့ တုန်ခါမှုတွေကျတော့ နက်ရှိုင်းပြီး နိမ့်တဲ့ အသံကို ဖြစ်စေတယ်။ 35 00:02:12,743 --> 00:02:16,339 နောက်ဆုံးအနေနဲ့၊ အရိုးနုတွေအကြားရှိ အသံအိုး ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို 36 00:02:16,339 --> 00:02:19,104 ပြောင်းလဲပေးလျက် ခုနက အခေါက်တွေကို ကျုံ့ခြင်းဆန့်ခြင်းဖြင့် 37 00:02:19,104 --> 00:02:22,644 ကျုပ်တို့ရဲ့ အတွင်းပိုင်း အသံဆိုင်ရာ တူရီယာကို စိတ်တိုင်းကျ ကစားနိုင်ပါတယ်။ 38 00:02:22,644 --> 00:02:26,483 ကျုပ်တို့ ပြောလိုက်ကြတဲ့ ပထမဦးဆုံး စကား လုံးနဲ့ နောက်ဆုံး ကစားလုံး ဒီအတိုင်းပါပဲ။ 39 00:02:26,483 --> 00:02:29,616 ဒါပေမဲ့ အသက်ကြီးလာရင် ကျုပ်တို့ရဲ့ အသံအိုးလည်း ကြီးရင့်လာတယ်။ 40 00:02:29,616 --> 00:02:32,776 အပျိုဖော်ဝင်ချိန်မှာ ပထမဦးဆုံး အဓိက အကျဆုံး ပြောင်းလဲမှုစတင်တယ်၊ 41 00:02:32,776 --> 00:02:35,477 သင့်ရဲ့ စကားပြောသံဟာ နက်ရှိုင်းလာတယ်။ 42 00:02:35,477 --> 00:02:38,656 သင့်အသံအိုးက ပိုကြီးထွားလာလျက် 43 00:02:38,656 --> 00:02:43,556 အသံ အခေါက်တွေကို ဆန့်ပေးရင်း ၎င်းတို့ လှုပ်ခါရန် ခန်းမကို တိုးဖွင့်ပေးတယ်။ 44 00:02:43,556 --> 00:02:47,437 အဲဒီ ပိုရှည်လာကြတဲ့ အခေါက်များရဲ့ တုန်ခါမှုဟာ နှေးလာကာ ပိုကျယ်လာတယ်။ 45 00:02:47,437 --> 00:02:50,039 အဲဒါကြောင့် အခြေခံသံစဉ်ဟာ နိမ့်လာရတယ်။ 46 00:02:50,039 --> 00:02:53,307 ယောက်ျားလေး အများအပြားအတွက် အဲဒီကြီးထွားမှုဟာ အံ့ဖွယ်ဖြစ်နိုင်ပြီး၊ 47 00:02:53,307 --> 00:02:57,053 testosterone အဆင့်မြင့်လွန်းလို့ အသံဟာ အစပိုင်းတွင် အက်သံ ပါလာတတ်တယ်၊ 48 00:02:57,053 --> 00:03:00,167 အဲဒီနောက်မှာ နက်ဝင်လာကာ အသံအမျိုးမျိုး ပြောင်းလဲရင်း 49 00:03:00,167 --> 00:03:04,258 အာဒံရဲ့ပန်းသီးများ လို့ခေါ်တဲ့ အသံအိုးရဲ့ တုန်ခါသံများ ကြားရနိုင်တယ်။ 50 00:03:04,258 --> 00:03:06,793 အပျိုဖော်ဝင်စဉ် အသံဆိုင်ရာ နောက် အပြောင်းအလဲ တစ်ခုက 51 00:03:06,793 --> 00:03:09,714 တသားတည်းရှိတဲ့ တစ်ရှူးက အခေါက်တွေ လာပြီး ဖုံးအုပ်ချိန်မှာပါ၊ 52 00:03:09,714 --> 00:03:13,625 ကွဲပြားစွာ အလုပ်လုပ်ကြတဲ့ အလွှာသုံးလွှာ အထူး ပေါ်လာစေပါတယ်၊ 53 00:03:13,625 --> 00:03:15,121 ဗဟိုကြွက်သား၊ 54 00:03:15,121 --> 00:03:19,713 ဆွဲဆန့်ထားကာ ပျော့တဲ့အမျှင်များဖြင့် ရစ်ပတ်နေတဲ့ မာနေတဲ့ collagen အလွှာ၊ 55 00:03:19,713 --> 00:03:22,223 ပြီးတော့ အပြင်တွင် ချွဲအမြှေးပါးလွှာတွေပါ။ 56 00:03:22,223 --> 00:03:25,924 အဲဒီ အလွှာတွေက အသံထဲကို နက်ရှိုင်းမှုနဲ့ ပင်ကိုထူးခြားချက်ကို ထည့်ပေးကြတယ်။ 57 00:03:25,924 --> 00:03:30,763 ပျိုဖေါ်မဝင်မီတုန်းက အသံစဉ်တွေနဲ့ ကွဲပြားတဲ့ အသံစဉ်တွေကို ဖြစ်ပေါ်လာစေပါတယ်။ 58 00:03:30,763 --> 00:03:35,587 ပျိုဖော်ဝင်ပြီးနောက်မှာ လူအများစုရဲ့အသံဟာ နှစ် ၅၀ ကြာတဲ့အထိ 59 00:03:35,587 --> 00:03:37,253 မပြောင်းသလောက်ပါပဲ။ 60 00:03:37,253 --> 00:03:39,633 ကျုပ်တို့ဟာ မတူတဲ့ အသံတွေ ကိုယ်စီ သုံးနေကြပေမဲ့၊ 61 00:03:39,633 --> 00:03:44,130 နောက်ဆုံးမှာတော့ အသံအိုး ကြီးရင့်လာမှုနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေကို ခံစားလာကြရတယ်၊ 62 00:03:44,130 --> 00:03:45,928 အဲဒါကို presbyphonia လို့ ခေါ်ပါတယ်။ 63 00:03:45,928 --> 00:03:48,997 ပထမဦးဆုံးအချက်က ကျုပ်တို့ရဲ့ အခေါက်ထဲက ကော်လာဂျင်ဟာ မာလာပါတယ်၊ 64 00:03:48,997 --> 00:03:52,717 ပြီးတော့ ဝန်းရံနေကြတဲ့ အမျှင်တွေ မာကျော ယိုယွင်းလာကြတယ်။ 65 00:03:52,717 --> 00:03:57,299 ပျော့ပြောင်းမှု နည်းလာခြင်းက သက်ကြီး အသံသို့ ပြောင်းလာစေပါတယ်။ 66 00:03:57,299 --> 00:04:01,220 သွေးဆုံးမှုရဲ့ ဟော်မုန်း သက်ရောက်မှုကို ဖြတ်ကျော်ခဲ့ကြရတဲ့ အမျိုးသမီးများဆိုရင် 67 00:04:01,220 --> 00:04:06,634 မြင့်တဲ့ အသံကို အသံအခေါက်များ မျိုချခံရခြင်းကြောင့် ပြောင်းပြန်တွေ့ရတယ်။ 68 00:04:06,634 --> 00:04:13,324 အခေါက်များရဲ့ ထုထယ် တိုးလာမှုက တုန်ခါမှု ကို နှေးစေလျက် အသံကို နက်ရှိုင်းလာစေတယ်။ 69 00:04:13,324 --> 00:04:15,707 အဲဒီလို အသက်ကြီးမှု လက္ခဏာတွေ ပိုရှုပ်ထွေးလာကြပြီး 70 00:04:15,707 --> 00:04:18,735 ကျန်းမားတဲ့ အသံအိုး အာရုံစွန်းတွေ နည်းလာကြတာမို့လို့ 71 00:04:18,735 --> 00:04:23,996 ကြွက်သားကို တိကျစွာ ထိန်းချုပ်မှု နည်းလာကာ အသက်ရှူသံ (သို) မာတဲ့အသံကို ပေါ်လာစေပါတယ်။ 72 00:04:23,996 --> 00:04:28,186 နောက်ဆုံးမှာတော့ သင်ရဲ့ အသံကို ပြောင်းလဲ စေနိုင်ကြတဲ့ ခန္ဓာဗေဒဆိုင်ရာ 73 00:04:28,186 --> 00:04:29,482 အချက်တွေ သိပ်မများကြပါဘူး။ 74 00:04:29,482 --> 00:04:31,791 ဒါပေမဲ့ ကိုယ်က ကောင်းမွန်စွာ ဂရုစိုက်နေထိုင်ပါက၊ 75 00:04:31,791 --> 00:04:35,036 သင်ရဲ့ အသံကို ထုတ်လုပ်ပေးတဲ့ အသံအိုးဟာ အသေအချာ စီမံထားတဲ့ တူရိယာပါ၊ 76 00:04:35,036 --> 00:04:36,389 သီချင်းကြီးတွေကို၊ 77 00:04:36,389 --> 00:04:38,091 စိတ်ဝင်စားစရာ ဟောကြားချက်ကို သာမက 78 00:04:38,091 --> 00:04:40,276 အစွမ်းထက်တဲ့ မိန့်ခွန်းတွေကို ချွေနိုင်မှာပါ။