0:00:07.104,0:00:08.482 ၁၆ ရာစု အလယ်ပိုင်းတွင် 0:00:08.482,0:00:11.884 အီတလီနိုင်ငံမှာ အမျိုးသားအဆိုတော်ရဲ့[br]အသံတမျိုးဟာ သိပ်ကို ခေတ်စားခဲ့တယ်။ 0:00:11.884,0:00:14.136 သက်ကြီးတွေ ဘယ်လိုမှ [br]ဆိုမရနိုင်တဲ့ အသံမျိုးကို 0:00:14.136,0:00:16.942 သူတို့ဟာ အံ့ဩလောက်ရအောင်ကို [br]ဆိုနိုင်ခဲ့ကြတယ်။ 0:00:16.942,0:00:19.961 ဒါပေမဲ့ အဲဒီဆုလာဘ်အတွက် ပေးဆပ်ရတဲ့[br]တန်ဖိုးဟာ ကြီးမားခဲ့ပါတယ်။ 0:00:19.961,0:00:22.045 သူတို့ရဲ့ အဲဒီလို အသံ [br]ပျောက်ကွယ် မသွားအောင် 0:00:22.045,0:00:25.097 အဲဒီ အဆိုတော်တွေကို အပျိုဖော်မဝင်မီတွင်[br]သင်းကွပ်ပေးခဲ့ကြရတယ်။ 0:00:25.097,0:00:28.830 သူတို့ရဲ့အသံတွေ ပိုနက်ရှိုင်းလာစေမယ့် [br]ဟော်မုန်း ဖြစ်စဉ်ကို ရပ်တန့်ပစ်ဖို့ပါ။ 0:00:28.830,0:00:33.791 castrati လို့ အခေါ်ခံခဲ့ကြရသူတို့ရဲ့ နံဝင်[br]ချိုဘွယ် အသံဟာ ဥရောပမှာ နာမည်ကြီးခဲ့ပါတယ်။ 0:00:33.791,0:00:39.283 အဲဒီအသံကို ဖန်တီးပေးခဲ့တဲ့ ကြမ်းကြုတ်တဲ့[br]အစဉ်အလာကို တားမြစ်ခဲ့တဲ့ ၁၈၀၀ အထိပါပဲ။ 0:00:39.283,0:00:43.483 အဲဒီအံ့ဖွယ် အသံရဲ့ စွမ်းအားဟာ မယုံကြည်[br]နိုင်ဖွယ် အသံစဉ်ကို ထုတ်ပေးနိုင်ခဲ့ပေမဲ့ 0:00:43.483,0:00:48.347 သဘာဝအလျောက် ဖွံ့ဖြိုးလာတဲ့ အသံတွေဟာလည်း[br]အံ့ဖွယ်အသံမျိုးစုံကို ထုတ်လုပ်ပေးနိုင်တယ်။ 0:00:48.347,0:00:54.734 ကျုပ်တို့ အသက်ကြီးလာတာနဲ့ အသံကို ပြောင်းလဲ[br]စေတဲ့ အပြောင်းအလဲ ခန္ဓာကိုယ်ထဲ ဖြစ်လာတယ်။ 0:00:54.734,0:01:00.529 ဒီတော့ ကျုပ်တို့ရဲ့ အသံအိုးအလုပ်လုပ်ပုံနဲ့[br]အသံပြောင်းလဲလာရတာ ဘာကြောင့်များလဲ။ 0:01:00.529,0:01:05.586 စကားပြောသံ တစ်ခုထွက်ပေါ်လာဖို့ ခန္ဓာ[br]ကိုယ်ထဲက အပိုင်းအမျိုးမျိုး ပါဝင်ရပါတယ်။ 0:01:05.586,0:01:09.631 ဒါပေမဲ့ အများဆုံး ပြောင်းလဲလာစေတာက အသက်၊[br]ကျုပ်တို့ရဲ့ အသံကြိုးများရဲ့ အခြေအနေနဲ့ 0:01:09.631,0:01:12.227 ကျုပ်တို့ အသံအိုးများရဲ့ အရွယ်အစားပါ။ 0:01:12.227,0:01:16.237 အသံအိုးဟာ ကြွက်သားမျာနဲ့ အရိုးနုတွေ[br]ပါဝင်ပြီး 0:01:16.237,0:01:18.865 အသံကြိုးများကို အားပေးလှုပ်ခါစေတဲ့ စနစ်ပါ၊ 0:01:18.865,0:01:22.814 တကယ်တော့ ပိုတိကျတဲ့ အမည်က အသံအခေါက်များပါ။ 0:01:22.814,0:01:25.857 thyroid နဲ့ arytenoid အရိုးနုတွေအကြား[br]ဆန့်ဆွဲထားတဲ့ 0:01:25.857,0:01:31.636 အဲဒီကြွက်သား နှစ်ခုဟာ လေပြွန်ကို ဖွင့်ပိတ်[br]နိုင်တဲ့ ပျော့ပြောင်းတဲ့ ကန့်လန်ကာမျိုးပါ။ 0:01:31.636,0:01:34.225 လေကို လည်ချောင်းမှတဆင့် သယ်ပေးတဲ့ ပြွန်ပါ။ 0:01:34.225,0:01:36.804 ကျုပ်တို့ အသက်ရှူနေစဉ် အခေါက်တွေဟာ[br]ဘေးမှာ ရှိနေကြလျက်၊ 0:01:36.804,0:01:38.706 ကျုပ်တို့ စပြောတော့တာနဲ့ ပိတ်ချလာပါတယ်။ 0:01:38.706,0:01:42.497 ကျုပ်တို့ရဲ့ အဆုတ်ဟာ ပိတ်ထားတဲ့ အခေါက်[br]တွေကို ကျော်ပြီး လေကို ထိုးတင်ပေးတယ်၊ 0:01:42.507,0:01:46.481 ၎င်းတို့ဟာ ပွင့်လာကြပြီး အမျှင်များကို[br]လှုပ်ရှားစေရင်း အသံကို ထုတ်လုပ်ပေးတယ်။ 0:01:46.481,0:01:50.279 တူရိယာ တစ်ခုခု တီးမှုတ်ရာမှာ လိုအပ်သလို[br]အထူးအာရုံစိုက်ရန် မလိုအပ်ဘဲ 0:01:50.279,0:01:53.471 ကျုပ်တို့ဟာ အသံစဉ်တွေကို ပြောနေရင်း[br]လိုအပ်သလို ပြောင်းလဲနိုင်ကြတယ်။ 0:01:53.471,0:01:55.810 လေကို မြန်ဆန်စွာ ဒါမှမဟုတ် နှေးကွေးစွာ[br]ထုတ်ပေးလျက် 0:01:55.810,0:01:58.919 အဲဒီတုန်ခါမှုတွေရဲ့ ကြိမ်နှုန်နဲ့ အားကို[br]ပြောင်းလဲပေးနိုင်ကြပါတယ်။ 0:01:58.919,0:02:03.070 အဲဒါက ကျုပ်တို့အသံရဲ့ ကျယ်အားနဲ့[br]အနိမ့်အမြင့်ကို ညှိပေးတာပါ။ 0:02:03.070,0:02:07.605 လျင်မြန်စွာ မသိမသာ လှုပ်ခါမှုတွေက[br]မကျယ်တဲ့ အသံမြင့်တွေကို ဖန်တီးပေးတယ်။ 0:02:07.605,0:02:12.743 နှေးပြီး ကြီးမားတဲ့ တုန်ခါမှုတွေကျတော့[br]နက်ရှိုင်းပြီး နိမ့်တဲ့ အသံကို ဖြစ်စေတယ်။ 0:02:12.743,0:02:16.339 နောက်ဆုံးအနေနဲ့၊ အရိုးနုတွေအကြားရှိ[br]အသံအိုး ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို 0:02:16.339,0:02:19.104 ပြောင်းလဲပေးလျက် ခုနက[br]အခေါက်တွေကို ကျုံ့ခြင်းဆန့်ခြင်းဖြင့် 0:02:19.104,0:02:22.644 ကျုပ်တို့ရဲ့ အတွင်းပိုင်း အသံဆိုင်ရာ[br]တူရီယာကို စိတ်တိုင်းကျ ကစားနိုင်ပါတယ်။ 0:02:22.644,0:02:26.483 ကျုပ်တို့ ပြောလိုက်ကြတဲ့ ပထမဦးဆုံး စကား[br]လုံးနဲ့ နောက်ဆုံး ကစားလုံး ဒီအတိုင်းပါပဲ။ 0:02:26.483,0:02:29.616 ဒါပေမဲ့ အသက်ကြီးလာရင်[br]ကျုပ်တို့ရဲ့ အသံအိုးလည်း ကြီးရင့်လာတယ်။ 0:02:29.616,0:02:32.776 အပျိုဖော်ဝင်ချိန်မှာ ပထမဦးဆုံး အဓိက[br]အကျဆုံး ပြောင်းလဲမှုစတင်တယ်၊ 0:02:32.776,0:02:35.477 သင့်ရဲ့ စကားပြောသံဟာ နက်ရှိုင်းလာတယ်။ 0:02:35.477,0:02:38.656 သင့်အသံအိုးက ပိုကြီးထွားလာလျက် 0:02:38.656,0:02:43.556 အသံ အခေါက်တွေကို ဆန့်ပေးရင်း ၎င်းတို့[br]လှုပ်ခါရန် ခန်းမကို တိုးဖွင့်ပေးတယ်။ 0:02:43.556,0:02:47.437 အဲဒီ ပိုရှည်လာကြတဲ့ အခေါက်များရဲ့[br]တုန်ခါမှုဟာ နှေးလာကာ ပိုကျယ်လာတယ်။ 0:02:47.437,0:02:50.039 အဲဒါကြောင့် အခြေခံသံစဉ်ဟာ နိမ့်လာရတယ်။ 0:02:50.039,0:02:53.307 ယောက်ျားလေး အများအပြားအတွက်[br]အဲဒီကြီးထွားမှုဟာ အံ့ဖွယ်ဖြစ်နိုင်ပြီး၊ 0:02:53.307,0:02:57.053 testosterone အဆင့်မြင့်လွန်းလို့[br]အသံဟာ အစပိုင်းတွင် အက်သံ ပါလာတတ်တယ်၊ 0:02:57.053,0:03:00.167 အဲဒီနောက်မှာ နက်ဝင်လာကာ အသံအမျိုးမျိုး[br]ပြောင်းလဲရင်း 0:03:00.167,0:03:04.258 အာဒံရဲ့ပန်းသီးများ လို့ခေါ်တဲ့[br]အသံအိုးရဲ့ တုန်ခါသံများ ကြားရနိုင်တယ်။ 0:03:04.258,0:03:06.793 အပျိုဖော်ဝင်စဉ် အသံဆိုင်ရာ [br]နောက် အပြောင်းအလဲ တစ်ခုက 0:03:06.793,0:03:09.714 တသားတည်းရှိတဲ့ တစ်ရှူးက[br]အခေါက်တွေ လာပြီး ဖုံးအုပ်ချိန်မှာပါ၊ 0:03:09.714,0:03:13.625 ကွဲပြားစွာ အလုပ်လုပ်ကြတဲ့[br]အလွှာသုံးလွှာ အထူး ပေါ်လာစေပါတယ်၊ 0:03:13.625,0:03:15.121 ဗဟိုကြွက်သား၊ 0:03:15.121,0:03:19.713 ဆွဲဆန့်ထားကာ ပျော့တဲ့အမျှင်များဖြင့်[br]ရစ်ပတ်နေတဲ့ မာနေတဲ့ collagen အလွှာ၊ 0:03:19.713,0:03:22.223 ပြီးတော့ အပြင်တွင် ချွဲအမြှေးပါးလွှာတွေပါ။ 0:03:22.223,0:03:25.924 အဲဒီ အလွှာတွေက အသံထဲကို နက်ရှိုင်းမှုနဲ့[br]ပင်ကိုထူးခြားချက်ကို ထည့်ပေးကြတယ်။ 0:03:25.924,0:03:30.763 ပျိုဖေါ်မဝင်မီတုန်းက အသံစဉ်တွေနဲ့[br]ကွဲပြားတဲ့ အသံစဉ်တွေကို ဖြစ်ပေါ်လာစေပါတယ်။ 0:03:30.763,0:03:35.587 ပျိုဖော်ဝင်ပြီးနောက်မှာ လူအများစုရဲ့အသံဟာ[br]နှစ် ၅၀ ကြာတဲ့အထိ 0:03:35.587,0:03:37.253 မပြောင်းသလောက်ပါပဲ။ 0:03:37.253,0:03:39.633 ကျုပ်တို့ဟာ မတူတဲ့ အသံတွေ[br]ကိုယ်စီ သုံးနေကြပေမဲ့၊ 0:03:39.633,0:03:44.130 နောက်ဆုံးမှာတော့ အသံအိုး ကြီးရင့်လာမှုနဲ့[br]ဆက်စပ်နေတဲ့ လက္ခဏာတွေကို ခံစားလာကြရတယ်၊ 0:03:44.130,0:03:45.928 အဲဒါကို presbyphonia လို့ ခေါ်ပါတယ်။ 0:03:45.928,0:03:48.997 ပထမဦးဆုံးအချက်က ကျုပ်တို့ရဲ့ အခေါက်ထဲက[br]ကော်လာဂျင်ဟာ မာလာပါတယ်၊ 0:03:48.997,0:03:52.717 ပြီးတော့ ဝန်းရံနေကြတဲ့ အမျှင်တွေ[br]မာကျော ယိုယွင်းလာကြတယ်။ 0:03:52.717,0:03:57.299 ပျော့ပြောင်းမှု နည်းလာခြင်းက သက်ကြီး[br]အသံသို့ ပြောင်းလာစေပါတယ်။ 0:03:57.299,0:04:01.220 သွေးဆုံးမှုရဲ့ ဟော်မုန်း သက်ရောက်မှုကို[br]ဖြတ်ကျော်ခဲ့ကြရတဲ့ အမျိုးသမီးများဆိုရင် 0:04:01.220,0:04:06.634 မြင့်တဲ့ အသံကို အသံအခေါက်များ[br]မျိုချခံရခြင်းကြောင့် ပြောင်းပြန်တွေ့ရတယ်။ 0:04:06.634,0:04:13.324 အခေါက်များရဲ့ ထုထယ် တိုးလာမှုက တုန်ခါမှု[br]ကို နှေးစေလျက် အသံကို နက်ရှိုင်းလာစေတယ်။ 0:04:13.324,0:04:15.707 အဲဒီလို အသက်ကြီးမှု လက္ခဏာတွေ[br]ပိုရှုပ်ထွေးလာကြပြီး 0:04:15.707,0:04:18.735 ကျန်းမားတဲ့ အသံအိုး အာရုံစွန်းတွေ[br]နည်းလာကြတာမို့လို့ 0:04:18.735,0:04:23.996 ကြွက်သားကို တိကျစွာ ထိန်းချုပ်မှု နည်းလာကာ[br]အသက်ရှူသံ (သို) မာတဲ့အသံကို ပေါ်လာစေပါတယ်။ 0:04:23.996,0:04:28.186 နောက်ဆုံးမှာတော့ သင်ရဲ့ အသံကို ပြောင်းလဲ[br]စေနိုင်ကြတဲ့ ခန္ဓာဗေဒဆိုင်ရာ 0:04:28.186,0:04:29.482 အချက်တွေ သိပ်မများကြပါဘူး။ 0:04:29.482,0:04:31.791 ဒါပေမဲ့ ကိုယ်က ကောင်းမွန်စွာ[br]ဂရုစိုက်နေထိုင်ပါက၊ 0:04:31.791,0:04:35.036 သင်ရဲ့ အသံကို ထုတ်လုပ်ပေးတဲ့ အသံအိုးဟာ[br]အသေအချာ စီမံထားတဲ့ တူရိယာပါ၊ 0:04:35.036,0:04:36.389 သီချင်းကြီးတွေကို၊ 0:04:36.389,0:04:38.091 စိတ်ဝင်စားစရာ ဟောကြားချက်ကို သာမက 0:04:38.091,0:04:40.276 အစွမ်းထက်တဲ့ [br]မိန့်ခွန်းတွေကို ချွေနိုင်မှာပါ။