စမတ်ဖုန်းက ကိုယ့်တည်နေရာကို ဘယ်လိုလုပ် သိတာလဲ - Wilton L. Virgo
-
0:07 - 0:10စမတ်ဖုန်းက ကိုယ် ဘယ်မှာ ရှိနေမှန်းကို
အတိအကျ ဘယ်လိုလုပ် သိနိုင်တာလဲ။ -
0:10 - 0:14အဲဒါရဲ့ အဖြေဟာ ကျွန်ုပ်တို့ရဲ့
ဦးခေါင်း အထက် မိုင် ၁၂,၀၀၀ မှာ ရှိတဲ့ -
0:14 - 0:18ကွမ်တမ် စက်က မောင်းနှင်ပေးတဲ့ အက်တမ်
နာရီ တပ်ဆင်ထားတဲ့ -
0:18 - 0:21ကမ္ဘာပတ်ဂြိုဟ်တု ထဲမှာ ရှိတယ်။
-
0:21 - 0:22ခက်လိုက်တာ။
-
0:22 - 0:24အဲဒါကို ရှင်းပြပါရစေ။
-
0:24 - 0:29ပထမဦးဆုံး အနေနဲ့ ကိုယ်သိချင်တဲ့ တည်နေရာ
အတွက် ဂြိုဟ်တုပေါ်က အချိန်က -
0:29 - 0:32ဘာြဖစ်လို့ အရေးကြီးတာလဲ မေးရပါမယ်။
-
0:32 - 0:34ကိုယ့်ဖုန်းက ပထမဦးဆုံး သိဖို့ လိုအပ်တာက
-
0:34 - 0:37၎င်းဟာ ဂြိုလ်တုထံမှ အကွာအဝေးကိုပါ။
-
0:37 - 0:41ဂြိုဟ်တုတိုင်းဟာ တချိန်လုံး ရေဒီယိုအချက်ပြ
လှိုင်တွေကို ထုတ်လွှင့်ပေးနေရာ -
0:41 - 0:46အလင်းရဲ့ အမြန်နှုန်းဖြင့်
ဖုန်းထံ ရောက်လာပါတယ်။ -
0:46 - 0:48အချက်ပြမှု ရောက်ချိန်ကို ကိုယ့်ဖုန်းက
မှတ်ယူပြီး -
0:48 - 0:52ဂြိုလ်တုမှ အကွာအဝေးကို = c x အချိန်
ဆိုတဲ့ ရိုးရှင်းတဲ့ပုံသေနည်းဖြင့် -
0:52 - 0:58တွက်ချက်ုယူတတ်တယ်၊
-
0:58 - 1:03အဲဒီမှာ c မှာ အလင်း၏ အမြန်နှုန်နဲ့ အချိန်
ကျတော့ အချက်ပြမှု လာခဲ့ရတဲ့ အချိန်ကာလပါ။ -
1:03 - 1:04ဒါပေမဲ့ ပြဿနာတစ်ခုက
-
1:04 - 1:06အလင်းဟာ မယုံနိုင်လောက်အောင်ကို
မြန်လွန်းတယ်။ -
1:06 - 1:10ကျွန်ုပ်တို့ဟာ အချိန်ကို အနီးဆုံးစက္ကန့်ထိ
တွက်နိုင်ကြမယ်ဆိုရင် -
1:10 - 1:13ကမ္ဘာမြေပေါ်ကတင်မက ဒီထက် ပိုဝေးတဲ့
အရာတိုင်းဟာ -
1:13 - 1:16ဂြိုဟ်တုမှ တူညီတဲ့အကွာအဝေမှာ
ရှိနေတယ်လို့ ထင်ရပါမယ်။ -
1:16 - 1:20ဒါနဲ့ အဲဒီအကွာအဝေးကို မီတာအနည်းငယ်
အထိ တိကျစွာ တွက်နိုင်ရန် -
1:20 - 1:24ကျန်ုပ်တို့ဟာ ရှိရှိသမျှထဲက
အကောင်းဆုံးနာရီကို လိုအပ်ပါလိမ့်မယ်။ -
1:24 - 1:28အက်တမ်နာရီတွေ ဆိုရင်၊
တချို့တို့ဟာ ဘယ်လောက်ကို တိကျလဲဆိုတော့ -
1:28 - 1:31၎င်းတို့က လာမယ့် နှစ်ပေါင်း သန်း ၃၀၀
အလုပ်လုပ်တောင်မှ -
1:31 - 1:36တစ်စက္ကန့်တောင် အမှား မရှိနိုင်ပါဘူး။
-
1:36 - 1:39အနုမြူနာရီ လုပ်ကိုင်မှုက
ကွမ်တမ်ရူပဗေဒကို အခြေခံပါတယ်။ -
1:39 - 1:42နာရီအားလုံးတို့ဆီမှာ ကြိမ်နှုန်းဟာ
ပုံသေ ရှိရပါမယ်။ -
1:42 - 1:45တစ်နည်း၊ နာရီဆိုတာ အချိန်ကာလကို
တိုင်းတာပေးနိုင်ရန် -
1:45 - 1:49ထပ်ခါထပ်ခါ ဖြစ်တဲ့
လှုပ်ရှားမှုကို အခြေခံရတယ်။ -
1:49 - 1:53အဘိုးရဲ့ နာရီက ဆွဲငင်အားကြောင့်
တချိန်လုံး လှုပ်ယမ်းနေရတဲ့ ချိန်သီးကို -
1:53 - 1:56အားကိုလျက် အလုပ်လုပ်သလိုပဲ၊
-
1:56 - 1:58အက်တမ်နာရီ အတွက် အချက်ပေးသံကို
-
1:58 - 2:03အက်တမ်ထဲရှိ စွမ်းအင်အဆင့် နှစ်ဆင့်အကြား
ကူးပြောင်းမှုမှ ပေးပါတယ်။ -
2:03 - 2:06ကွမ်တမ် ရူပဗေဒက
အဲဒီလိုနည်းဖြင့် ထောက်ကူပေးတာပါ။ -
2:06 - 2:09ကွမ်တမ် မက္ကင်းနစ်အရ
အက်တမ်ထံမှ စွမ်းအင် ရှိပါတယ်၊ -
2:09 - 2:13ဒါပေမဲ့ ၎င်းတို့ဟာ စိတ်ကြိုက်
ပမာဏကို ယူလို့ မရနိုင်ပါ။ -
2:13 - 2:18အဲဒီအစား၊ အဏုမြူစွမ်းအင်ဟာ တိကျတဲ့
အဆင့်နှင့် ဆက်စပ်မှု ရှိတယ်။ -
2:18 - 2:20ကျွန်ုပ်တို့က အဲဒါကို
quanta ခေါ်ကြတယ်။ -
2:20 - 2:24ရိုးရှင်းတဲ့ ဥပမာနဲ့ ပြောရပါက၊
ရှင်းနေတဲ့ လမ်းပေါ်မှာ ကားမောင်းသလိုပါ။ -
2:24 - 2:26ကိုယ်က အမြန်နှုန်းကို တိုးလိုက်တာနဲ့
-
2:26 - 2:32ကိုယ်ဟာ၊ ဥပမာ တစ်နာရီ မိုင် ၂၀ မှ မိုင် ၇၀
အထိ အမြန်မောင်းရနိုင်ပါတယ်။ -
2:32 - 2:35ကိုယ့်ဆီမှာ ကွမ်တမ် အက်တမ် ကားသာရှိခဲ့ရင်၊
-
2:35 - 2:38ကိုယ့်ကားရဲ့ အမြန်နှုန်းဟာ
တပြေးညီ တက်လာမှာ မဟုတ်ပါ။ -
2:38 - 2:44အဲဒီအစား၊ ကိုယ်ဟာ နှုန်းတစ်ခုမှ တစ်ခုသို့
ခုန်လိုက် ကူးလိုက် ဖြစ်နေပါမယ်။ -
2:44 - 2:49အက်တမ်ထဲတွင် စွမ်းအင် အဆင့်တစ်ခုမှ
နောက်တစ်ခုသို့ ကူးပြောင်းရင်၊ -
2:49 - 2:50ကွမ်တမ် မက္ကင်းနစ်ရဲ့ အဆိုအရ
-
2:50 - 2:55စွမ်းအင်ခြားနားချက်ဆီမှာ
ကြိမ်နှုန်း သီးခြားစီရှိပြီး -
2:55 - 2:57အဲဒါကို ကိန်းသေ တစ်ခုနဲ့ မြှောက်ရင်
-
2:57 - 3:03စွမ်းအင်ထဲက အပြောင်းလဲဟာ Planck
ကိန်းသေလို့ ခေါ်တဲ့ဂဏန်း တစ်ခုနဲ့ညီတယ်၊ -
3:03 - 3:05ကြိမ်နှုန်းရဲ့ အချိန်ကို တိုင်းတယ်။
-
3:05 - 3:10အဲဒီလို ထူးခြားတဲ့ ကြိမ်နှုန်းနဲ့မှ
ကျွန်ုပ်တို့ရဲ့ နာရီကို တည်ဆောက်ရမယ်။ -
3:10 - 3:16GPS ဂြိုဟ်တုတွေဟာ cesium နှင့် rubidium
အက်တမ်ကြိမ်နှုန်းကို စံနှုန်းအဖြစ်သုံးတယ်။ -
3:16 - 3:19cesium 133 ကိစ္စမှာကျတော့၊
-
3:19 - 3:29နာရီရဲ့ ထူးခြားတဲ့ ကြိမ်နှုန်းဟာ
9.192.631.770 Hz ဖြစ်ပါတယ်။ -
3:29 - 3:32တစ်စက္ကန့်မှာ ၉ ဘီလီယံ လည်ပတ်မှုပါ။
-
3:32 - 3:33တကယ့်ကို မြန်တဲ့ နာရီပါပဲ။
-
3:33 - 3:36နာရီကို ထုတ်လုပ်သူဟာ ဘယ်လောက်ပဲ
ကျွမ်းကျင်ကျွမ်းကျင်၊ -
3:36 - 3:38ချိန်သီ၊ သံကြိုးရစ် စနစ်၊
-
3:38 - 3:43သလင်းကျောက်ရဲ့ တုန်ခါမှုတို့ဆီမှာ
ကြိမ်နှုန်း မတူကြပါ။ -
3:43 - 3:47ဒါပေမဲ့ စကြဝဠာထဲ ရှိသမျှ cesium 133
အက်တမ် ကျတော့ -
3:47 - 3:51တိကျတဲ့ ကြိမ်နှုန်းကိုသာ ထုတ်လုပ်ပေးတယ်။
-
3:51 - 3:53အဲဒီလို အက်တမ်နာရီရဲ့ ကျေးဇူးကြောင့်
-
3:53 - 3:57ကျွန်ုပ်တို့ဟာ အချိန်ကို စက္ကန့်ရဲ့
ဘီလျံပုံ တစ်ပုံအထိ တိကျစွာ တိုင်းနိုင်လို့ -
3:57 - 4:02ဂြိုလ်တုထံမှ အကွာအဝေးကို
လွန်စွာမှ တိကျစွာ တိုင်းနိုင်ပါတယ်။ -
4:02 - 4:07ကျွန်ုပ်တို့ဟာ အမြဲလိုလို ကမ္ဘာမြေပေါ်မှ
ရှိနေကြတာကို မေ့ပစ်လိုက်ကြပါစို့။ -
4:07 - 4:10သင်ဟာ ဂြိုဟ်တုထံမှ ဘယ်လောက် ဝေးတဲ့
နေရာမှာ ရှိကြောင်း ကျွန်ုပ်တို့ သိလာရပြီ။ -
4:10 - 4:13တနည်၊ သင်ဟာ ဂြိုဟ်တုကို ဗဟုပြုထားတဲ့
-
4:13 - 4:16စက်လုံးရဲ့ မျက်နှာပြင် တစ်နေရာမှာရှိနေတယ်။
-
4:16 - 4:18ကိုယ့်နေရာကို ဒုတိယဂြိုဟ်တုထံမှ
အကွာအဝေး တိုင်းကြည့်ရင် -
4:18 - 4:21တစ်ခုနဲ့တစ်ခု ထပ်နေမယ့်
နောက် စက်ဝန်း တစ်ခုကို ရပါမယ်။ -
4:21 - 4:22အဲဒီလို ဆက်တိုင်းကြည့်ပါက၊
-
4:22 - 4:24လေးကြိမ်မျှ တိုင်းလိုက်ရုံနဲ့
-
4:24 - 4:27ပြီးတော့ အိုင်းစတိုင်းရဲ့သီအိုရီကိုသုံးပြီ
နည်းနည်းလေး ပြင်ပေးလိုက်ရင်၊ -
4:27 - 4:34ကိုယ့်နေရာကို အာကာသထဲမှာ လုံးဝကို
တိကျစွာ ပင်ထိုးပေးနိုင်ပါပြီ။ -
4:34 - 4:35အဲဒီလို လုပ်နိုင်ဖို့အတွက်-
-
4:35 - 4:38ဘီလီယံချီ တန်တဲ့
ဂြိုဟ်တုများရဲ့ ကွန်ရက်လိုတယ်၊ -
4:38 - 4:40လှုပ်ခါနေတဲ့ cesium အက်တမ်ရယ်၊
-
4:40 - 4:41ကွမ်တမ် မက္ကင်းနစ်ရယ်၊
-
4:41 - 4:42နှိုင်းယှဉ်ချက် သီအိုရီ၊
-
4:42 - 4:43စမတ်ဖုန်း တစ်လုံး၊
-
4:43 - 4:46နဲ့ ကျွန်ုပ်တို့ လိုအပ်ပါတယ်။
-
4:46 - 4:47ဘာများ ခက်လို့လဲ။
- Title:
- စမတ်ဖုန်းက ကိုယ့်တည်နေရာကို ဘယ်လိုလုပ် သိတာလဲ - Wilton L. Virgo
- Speaker:
- Wilton L. Virgo
- Description:
-
သင်ခန်းစာ အပြည့်ကို ကြည့်ရန်- http://ed.ted.com/lessons/how-does-your-smartphone-know-your-location-wilton-l-virgo
တည်နေရာဆိုင်ရာ GPS အက်ပ် စမတ်ဖုန်းထဲ ပါရှိနေခြင်းက ခရီးသွား မြေပုံကို ရေးဆွဲရာတွင် ဒါမှမဟုတ် အနီးအနားရှိ ဖြစ်ရပ်များကို ရှာရာတွင် သိပ်ကို အသုံးတည့်ပါတယ်။ ဒါပေမဲ့ ကိုယ့်စမတ်ဖုန်းက ကိုယ့်တည်နေရာကို ဘယ်လိုလုပ် သိနိုင်သလဲ မေးစရာ ရှိပါတယ်။ Wilton L. Virgo က အဲဒါရဲ့ အဖြေဟာ ကျွန်ုပ်တို့ ဦးခေါင်းရဲ့ အထက် မိုင် ၁၂,၀၀၀ ဝေးတဲ့ နေရာမှာ ရှိနေပြီး ကွမ်တမ် မက္ကင်းနစ်ရဲ့ အားဖြင့် မောင်းနှင်တဲ့ အက်တမ် နာရီဖြင့် အချိန်ကို တိုင်းနိုင်တဲ့ ကမ္ဘာပတ် ဂြိုဟ်တုထဲမှာ ရှိနေကြောင်းကို ရှင်းပြထားပါတယ်။
Wilton L. Virgo ရဲ့ သင်ခန်းစာကို Nick Hilditch ကနေပြီး ပုံများဖြင့် သက်ဝင် လှုပ်ရှားပေးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:04
![]() |
Myo Aung approved Burmese subtitles for How does your smartphone know your location? | |
![]() |
Sanda Aung accepted Burmese subtitles for How does your smartphone know your location? | |
![]() |
Sanda Aung edited Burmese subtitles for How does your smartphone know your location? | |
![]() |
Myo Aung edited Burmese subtitles for How does your smartphone know your location? | |
![]() |
Myo Aung edited Burmese subtitles for How does your smartphone know your location? |