< Return to Video

Earth's Tilt 2: Land of the Midnight Sun

  • 0:09 - 0:11
    မင်းတို့ မြောက်အမေရိကတိုက်မှာ နေနေတယ်လို့တွေးကြည့်ပါ
  • 0:11 - 0:13
    တစ်နေ့မှာ မင်းကနော်ဝေးကမင်းသူငယ်ချင်းကို ခေါ်လိုက်တယ်
  • 0:13 - 0:14
    မြောက်ဝင်ရိုးစွန်းအပေါ်နားက နော်ဝေးကိုလာဖို့ပါ
  • 0:14 - 0:18
    မင်းတို့စကားပြောကြတယ် နောက်နှစ်နွေရာသီမှာ သူ့ဆီသွားလည်ဖို့ မင်းစီစဉ်လိုက်တယ်
  • 0:18 - 0:20
    " နောက်နှစ်နွေရာသီ ဘယ်အချိန်ဖြစ်ဖြစ်ရလား "
  • 0:20 - 0:24
    "ရတယ်။ ဘယ်အချိန်ချိန်ဖြစ်ဖြစ် အဆင်ပြေတယ် "
  • 0:24 - 0:29
    "အိုကေ ဇွန်လဆိုအဆင်ပြေလား?" မင်းတို့ဆီမှာ နွေရာသီမလား ?
  • 0:29 - 0:31
    " ဟုတ်တာပေါ့ "
  • 0:31 - 0:36
    လအနည်းငယ်အတွင်းမှာ ဇွန်လရောက်ရှိလာပြီး လေယာဉ်ပေါ်အမြန်တက် ပြီး မင်းရဲ့ နော်ဝေးခရီးစဉ်ကိုစတင်ခဲ့တယ်
  • 0:36 - 0:38
    တစ်ညမှာ မင်းတို့လျှောက်လည်ကြတယ် သူကပြောတယ်
  • 0:38 - 0:43
    ငါတော့ အိပ်ရာထဲ ထိုးအိပ်တော့မယ်ထင်တယ်
  • 0:43 - 0:48
    အဲ့မှာ မင်းကပြောတယ် " ဟေ့ကောင် နေမဝင်သေးဘူး မင်းအိပ်လို့မရသေးဘူး"
  • 0:48 - 0:51
    မင်းသူငယ်ချင်းက "ဒါပေမယ့် သန်းခေါင်ရှိနေပြီ"
  • 0:51 - 0:57
    "ဘာ ငါနားမလည်ဘူး။ နော်ဝေးမှာ ညလယ်ခေါင်ကြီးထိ နေသာနေတုန်းလား ဘာလို့လဲ"
  • 0:57 - 1:00
    ဒီမေးခွန်းက အရမ်းကောင်းပါတယ်။ ကျွန်မတို့ ရှင်းပြပေးပါမယ်
  • 1:04 - 1:06
    အကယ်၍ ငါတို့ ကမ္ဘာကြီးလည်ပတ်နေတာကို ဘေးဘက်က ကြည့်မယ်ဆိုရင်
  • 1:06 - 1:11
    ကမ္ဘာကြီးက နေကို ဂြိုလ်ပတ်လမ်းအတိုင်း တစ်နှစ်တစ်ကြိမ်လည်ပတ်နေတာကို တွေ့ရတယ်
  • 1:11 - 1:14
    ကမ္ဘာကြီးက ၂၃ ၁/၂ ဒီဂရီစောင်းပါတယ်
  • 1:14 - 1:17
    နေ့တိုင်း သူ့ဝင်ရိုးမှာလည်ပတ်နေတယ်
  • 1:19 - 1:21
    ကမ္ဘာကြီးတစ်ပတ်က ဒီမှာပြည့်တယ်ဆိုရင်
  • 1:21 - 1:25
    ကမ္ဘာ့တောင်ဘက်ခြမ်းက နေနဲ့ အနီးဆုံးဖြစ်နေတယ်
  • 1:25 - 1:28
    ဒါကို ဆောင်းယဉ်စွန်းချိန် လို့ခေါ်ပါတယ်
  • 1:29 - 1:31
    ကမ္ဘာကြီးတစ်ပတ်က ဒီမှာပြည့်တယ်ဆိုရင်တော့
  • 1:31 - 1:35
    ကမ္ဘာ့မြောက်ဘက်ခြမ်းက နေနဲ့အနီးဆုံးဖြစ်နေတယ်
  • 1:35 - 1:38
    ဒါကို နွေယဉ်စွန်းချိန်လို့ခေါ်တယ်
  • 1:38 - 1:41
    ကမ္ဘာနဲ့ ပတ်လမ်းထောင့်မှန်ကျ နေတဲ့နေရာမှာ မျဉ်းဆွဲကြည့်ရင်
  • 1:41 - 1:44
    ဒီထောင့်က ၂၃.၅ ဒီဂရီ မှန်းကျွန်တော်တို့သိတယ်
  • 1:44 - 1:47
    အဲဒါက ငါတို့ထောင့်မှန်မျဉ်းနဲ့ အီကွေတာကြားမှာ
  • 1:47 - 1:51
    ၉၀ - ၂၃.၅ ဒီဂရီ
  • 1:51 - 1:54
    ၆၆.၅ ဒီဂရီဖြစ်တယ်
  • 1:54 - 1:56
    ငါတို့ ဒီနေရာမှာ ကမ္ဘာကိုပတ်ပြီး စက်ဝိုင်းဆွဲကြည့်ရင်
  • 1:56 - 2:00
    ပတ်လမ်းရဲ့ထောင့်ဖြတ်မျဉ်းနဲ့ ကမ္ဘာ့မျက်နှာပြင် ထိတဲ့နေရာမှာပါ
  • 2:00 - 2:03
    ဒီစက်ဝိုင်းက အီကွေတာရဲ့မြောက်လတ္တီကျု ၆၆.၅ ဒီဂရီ မှာပါ
  • 2:03 - 2:06
    ခဏ၊ လတ္တီကျု ? ဘာကြီးလဲ
  • 2:06 - 2:10
    လတ္တီကျု ဆိုတာ မင်းတို့ အီကွေတာကနေ မြောက်ဘက်(သို့) တောင်ဘက် ဘယ်လောက်မှာ ရှိနေလဲ တိုင်းတာ တာပါ
  • 2:10 - 2:13
    အကယ်၍ မင်းက သုညဒီဂရီမှာဆိုရင် မင်းကအီကွေတာရဲ့ဒီနားမှာပါ
  • 2:13 - 2:17
    အကယ်၍ မင်းက မြောက်(သို့) တောင်ရဲ့ ၉၀ဒီဂရီမှာဆိုရင် မင်းက ဝင်ရိုးစွန်းပေါ်မှာပါ
  • 2:19 - 2:23
    ပြီးတော့ မင်းက မြောက်ဘက် ၆၆.၅ ဒီဂရီမှာဆိုရင်တော့၊ ငါတို့ပြောခဲ့သလိုပဲ
  • 2:23 - 2:25
    မင်းက အာတိတ်စက်ဝိုင်းမှာ ရှိနေတာပါ
  • 2:25 - 2:28
    ငါတို့ တောင်ဘက်အခြမ်းမှာလည်း ဒီလိုပါပဲ
  • 2:28 - 2:31
    တောင်ဘက် ၆၆.၅ ဒီဂရီ မှာအဝန်းပိုင်းဆွဲပါမယ်
  • 2:31 - 2:33
    ဒါကို အန္တာတိတ်စက်ဝိုင်းလို့ခေါ်ပါတယ်
  • 2:33 - 2:38
    "ဟုတ်ပြီ ဒါပေမယ့် ဒါက နော်ဝေးမှာ နွေရာသီဆိုရင် နေမဝင်အောင်ဘယ်လိုလုပ်တာလဲ"
  • 2:38 - 2:41
    ငါတို့ လက်တွေ့ ရှင်းပြရင် အကောင်းဆုံးလို့ထင်တယ်
  • 2:41 - 2:46
    ငါတို့မှာ ကမ္ဘာလုံးပုံရှိတယ် ၂၃.၅ ဒီဂရီစောင်းနေတယ်
  • 2:46 - 2:49
    ပြီးတော့ flashlight သုံးပြီး နေပုံစံ လုပ်နေပါတယ်
  • 2:49 - 2:50
    ငါတို့ နော်ဝေးရဲ့ နွေရာသီကို စူးစမ်းနေပါတယ်
  • 2:50 - 2:54
    အခု မြောက်ဘက်ခြမ်းက ငါတို့ရဲ့ ဓာတ်မီး နေဘက် စောင်းနေပါတယ်
  • 2:54 - 2:58
    ဓာတ်မီးက ငါတို့သုတေသန အတွက် အဆင်မပြေဘူးထင်တယ်
  • 3:02 - 3:04
    ဟုတ်ပြီ အဆင်ပြေပြီ
  • 3:04 - 3:08
    နေကိုမျက်နှာမူထားတဲ့ ကမ္ဘာ့တစ်ခြမ်းက လင်းနေတာကိုတွေ့ရတယ်
  • 3:08 - 3:12
    ဒီတစ်ခြမ်းက နေ့အချိန်ဖြစ်ပြီး ဟိုဘက်ခြမ်းမှာတော့ ညအချိန်ဖြစ်တယ်
  • 3:12 - 3:14
    ငါတို့ နော်ဝေးရဲ့မြောက်ဘက် ဒီနားမှာအလံအသေးလေးကပ်မယ်
  • 3:14 - 3:16
    အာတိတ်စက်ဝိုင်းအပေါ်နားလေးမှာပါ
  • 3:16 - 3:21
    ပြီးတော့ ငါတို့ U.S.မှာ အလံလေးထပ်ကပ်မယ်။ အာတိတ်စက်ဝိုင်းအောက်နားမှာပါ
  • 3:21 - 3:26
    ငါတို့ ကမ္ဘာလုံးကိုလှည့်လိုက်ရင် U.S. မှာ နေမသာတော့တာကိုတွေ့ရတယ်
  • 3:26 - 3:28
    နေဝင်သွားတာပါ
  • 3:28 - 3:31
    ဘာပဲဖြစ်ဖြစ် နေကနော်ဝေးမှာ ဆက်သာနေဆဲပါ
  • 3:31 - 3:35
    နော်ဝေးက မြောက်ဘက်အရမ်းရောက်တဲ့အတွက် အမြဲနေသာနေပါတယ်
  • 3:35 - 3:40
    "Oh! မိုက်တယ် ၂၄ နာရီ နေရောင်ရှိတယ်
  • 3:40 - 3:46
    ငါတို့ အများကြီး လုပ်လို့ရတယ် နှင်းလျှောစီးမယ်၊တောင်တက်မယ်၊ ဂေါက်အသေးစား ကစားလို့ရတယ်"
  • 3:46 - 3:48
    "ဆောင်းတွင်းတော့မရဘူးနော်"
  • 3:48 - 3:50
    "ဘာလို့လဲ"
  • 3:50 - 3:52
    နော်ဝေးရဲ့ဆောင်းရာသီကို ကြည့်ရအောင်
  • 3:52 - 3:55
    ဆောင်းတွင်းမှာ မြောက်ဘက်ခြမ်းက နေဘက်ကို မစောင်းဘူး
  • 3:55 - 4:00
    ဒီတော့ ငါတို့ ကမ္ဘာကိုလှည့်ရင် U.S. က နေ့နဲ့ညလည်နေတယ်
  • 4:00 - 4:03
    ဒါပေမယ့် နော်ဝေးအလံကိုတော့ မတွေ့ဘူး
  • 4:03 - 4:04
    အဲဒါက
  • 4:04 - 4:09
    ၂၄ နာရီမှောင်နေတယ်လို့ ပြောတာပါ
  • 4:09 - 4:10
    ဝမ်းနည်းဖို့ကောင်းပေမယ့် အမှန်ပါပဲ
  • 4:10 - 4:13
    "ဟေ့ ဒါတော့မစွံဘူး"
  • 4:13 - 4:15
    "ဟုတ်ပါတယ်"
  • 4:15 - 4:18
    အန္တာတိတ်စက်ဝိုင်းနဲ့ တောင်ဝင်ရိုးစွန်းမှာလည်း အတူတူပါပဲ
  • 4:18 - 4:21
    သူတို့နွေရာသီအချိန်မှာဆိုရင် ၂၄ နာရီနေရောင်ရတယ်
  • 4:21 - 4:24
    ဆောင်းရာသီအချိန်မှာဆိုရင်လည်း ၂၄ နာရီမှောင်တယ်
  • 4:24 - 4:26
    "ဒါက မကောင်းဘူး"
  • 4:26 - 4:28
    အကယ်၍ မင်းက မြောက်(သို့)တောင်ဘက်အဝေးကြီးမှာမနေရင်တောင်
  • 4:28 - 4:31
    ကမ္ဘာရဲ့တိမ်းစောင်းမှုက နေ့တာအတိုအရှည်ကို သက်ရောက်နေတုန်းပဲ
  • 4:31 - 4:36
    အကယ်၍ နွေယဉ်စွန်းတန်းချိန်မှာဆိုရင် အာတိတ်စက်ဝိုင်းအပေါ် ဒီနားမှာ ၂၄ နာရီနေရောင်ရတယ်
  • 4:36 - 4:40
    အန္တာတိကစက်ဝိုင်းအောက် ဒီနားမှာ ၂၄ နာရီ မှောင်တယ်
  • 4:40 - 4:41
    "ဟား"
  • 4:41 - 4:47
    ဒီတော့ အကယ်၍ ငါတို့ U.S. ရဲ့တောင်ဘက်နည်းနည်း၊ အီကွေတာနဲ့ အာတိတ်စက်ဝိုင်းကြားကို သွားရင်
  • 4:47 - 4:50
    ငါတို့ နေရောင် ဘယ်နှစ်နာရီလောက် ရမယ်ထင်လဲ
  • 4:50 - 4:52
    "၂၄ နာရီအောက်ပေါ့"
  • 4:52 - 4:55
    မှန်ပါတယ် ဒါကမြောက်ဘက်ခြမ်းမှာ တစ်နှစ်တာလုံးရဲ့ အရှည်ဆုံးနေ့ပါပဲ
  • 4:55 - 4:59
    အကယ်၍ ငါတို့တောင်ဘက်ကိုဆက်သွားမယ်ဆိုရင် အီကွေတာကိုရောက်တဲ့အထိ ဝင်ရိုးစွန်းနှစ်ခုကြားအလယ်
  • 4:59 - 5:03
    ဒီနေရာမှာ နေ့ ၁၂ နာရီ၊ ည ၁၂ နာရီဖြစ်မယ်
  • 5:03 - 5:09
    အကယ်၍ ငါတို့ဩစတေးလျ ထိ တောင်ဘက် ပိုဝေးဝေးသွားမယ်ဆိုရင်၊ အီကွေတာနဲ့ အန္တာတိတ်စက်ဝိုင်း ကြား
  • 5:09 - 5:11
    ငါတို့နေရောင် ဘယ်နှစ်နာရီလောက်ရမလဲ
  • 5:12 - 5:14
    "၁၂ နာရီအောက်ပေါ့"
  • 5:14 - 5:20
    မှန်ပါတယ် တောင်ဘက်ခြမ်းရဲ့ အတိုဆုံး နေ့ပါပဲ
  • 5:20 - 5:23
    ဆောင်းယဉ်စွန်းချိန်မှာဆိုရင်တော့ ပြောင်းပြန်ပါပဲ
  • 5:23 - 5:26
    အီကွေတာအောက်မှာ နေရောင် ၁၂ နာရီထက်ရတယ်
  • 5:26 - 5:28
    အီကွေတာပေါ်မှာတော့ နေရောင် ၁၂ နာရီအောက်ရတယ်
  • 5:28 - 5:33
    ဒီတော့ အခုမင်းတို့ ကမ္ဘာ့တိမ်းစောင်းမှုက ရာသီကော တစ်နေ့တာနေရောင်ရရှိမှု အပြောင်းအလဲကိုပါ သက်ရောက်တယ်
  • 5:33 - 5:38
    ကမ္ဘာ့တိမ်းစောင်းမှုကြောင့် နွေရာသီမှာနေ့တာရှည်ပြီး ဆောင်းရာသီ မှာနေ့တာတိုတာပါ
  • 5:38 - 5:39
    မှန်ပါတယ်
  • 5:39 - 5:46
    "မိုက်တယ် အခုငါတို့ နွေရာသီရဲ့ သန်းခေါင် mini-golf ပွဲ တွေလုပ်ရမယ် ဟုတ်တယ်ဟုတ် သူငယ်ချင်း
  • Not Synced
    သူငယ်ချင်း နိုးနေလား"
Title:
Earth's Tilt 2: Land of the Midnight Sun
Description:

more » « less
Video Language:
English
Duration:
05:59

Burmese subtitles

Incomplete

Revisions