လူထု ဟောပြောပွဲအား ကြောက်ရွံ့မှုနောက်ကွယ် ကျွန်မနေနေရတဲ့ အကြောင်းရင်း
-
0:00 - 0:05ကျွန်မ ဒါကိုလုပ်ဖို့ သဘောတူလိုက်တော့
-
0:05 - 0:10ကျွန်မ စကားဘဲပြောရမလား
သီချင်းဘဲဆိုရမလားဆိုတာ မသိခဲ့ပါဘူး။ -
0:10 - 0:15ဒါပေမဲ့ ကျွန်မကို ခေါင်းစဉ်က
ဘာသာစကားလို့ ပြောဆိုလာတော့ -
0:15 - 0:20အကြောင်းတစ်ခု ခဏပြောရမယ်ဆိုတာ
ကျွန်မ သိလိုက်ရပါတယ်။ -
0:20 - 0:24ကျွန်မမှာ ပြဿနာတစ်ခုရှိပါတယ်။
-
0:24 - 0:26အဲဒါတော့ ကမ္ဘာပေါ်မှာ
အဆိုးဆုံး အရာမဟုတ်ပါဘူး။ -
0:26 - 0:28ကျွန်မ အခြေအနေကောင်းပါတယ်။
-
0:28 - 0:29ကျွန်မ မီးလောင်းနေတာတော့ မဟုတ်ပါဘူး။
-
0:29 - 0:31တစ်ခြားသူတွေလည်း ပိုဆိုးတဲ့ ပြဿနာတွေနဲ့
-
0:31 - 0:35ရင်ဆိုင်နေရတယ်ဆိုတာ
ကျွန်မသိပါတယ်။ -
0:35 - 0:41ဒါပေမဲ့ ကျွန်မအတွက်
ဘာသာစကား နဲ့ ဂီတဟာ -
0:41 - 0:46ဒီအရာလေး နဲ့ ခွဲမရအောင် ပူးတွဲနေပါတယ်။
-
0:46 - 0:54အဲဒါကတော့ ကျွန်မ စကားထစ်ခြင်းပါ။
-
0:54 - 0:56ဒါ နည်းနည်း ထူးဆန်းပါလိမ့်မယ်
-
0:56 - 1:00ဘာလို့လဲဆိုတော့ ကျွန်မဘဝကို
စင်ပေါ်မှာဘဲ ဖြတ်ကျော်နေရတာလေ။ -
1:00 - 1:03လူတွေက ကျွန်မ ဒီလူထုရှေ့မှာ
-
1:03 - 1:05စကားပြောဖို့ ရှင်တို့ကို စကားပြောဖို့
-
1:05 - 1:08သက်တောင့်သက်သာ ရှိလိမ့်မယ်လို့ ယူဆကြမှာလေ။
-
1:08 - 1:13အမှန်ကတော့ ကျွန်မက အခုထိ
အခုအချိန်လည်းပါပါတယ် -
1:13 - 1:17ဟောပြောပွဲအား ကြောက်ရွံ့မှုရဲ့ နောက်ကွယ်မှာ
-
1:17 - 1:20နေရင်းနဲ့ ဘဝကို ဖြတ်သန်းနေတာပါ။
-
1:20 - 1:25လူထုရှေ့မှာ သီချင်းဆိုတာ
လုံးဝတစ်ခြားစီပါ။ (ရယ်သံများ) -
1:25 - 1:28ဒါပေမဲ့ ကျွန်မတို့ အဲဒါကို မကြာခင်ရောက်မှာပါ။
-
1:28 - 1:34ကျွန်မ ဒီလို ရှင်းရှင်းလင်းလင်း
တစ်ခေါက်မှ မပြောခဲ့ဖူးပါဘူး။ -
1:34 - 1:37ကျွန်မထင်တာ ဘာလို့လဲဆိုတော့
ကျွန်မကြီးလာရင် -
1:37 - 1:39ဒီစကားထစ်တာက
ပျောက်သွားလိမ့်မယ်ဆိုတဲ့ -
1:39 - 1:45မျှော်လင့်ချက်နဲ့ နေနေခဲ့လို့ပါ။
-
1:45 - 1:49ကျွန်မ ကြီးလာရင်
-
1:49 - 1:52ကျွန်မ ပြင်သစ်စကား
ပြောတက်ပါလိမ့်မယ် -
1:52 - 1:55ကြီးလာရင် ငွေကို ကိုင်တွယ်တတ်ပါလိမ့်မယ်
-
1:55 - 1:57ကြီးလာရင် စကားထစ်တာပျောက်ပြီး
-
1:57 - 2:00လူထုရှေ့မှာ စကားပြောတတ်မယ်
ပြီးရင် ဝန်ကြီးချုပ်ရယ် -
2:00 - 2:03တစ်ခြားဖြစ်နိုင်တာတွေ ဖြစ်လိမ့်မယ်ဆိုတဲ့
အတွေးနဲ့ နေနေခဲ့တာပါ။ -
2:03 - 2:07(ရယ်သံများ)
-
2:07 - 2:10ကျွန်မ ဒီအကြောင်းကို ပြောပြနိုင်ပြီလေ
-
2:10 - 2:13အကြောင်းက ကျွန်မ ဒီအချိန်ကို ရောက်နေပြီလေ။
-
2:13 - 2:17ကျွန်မ ဆိုလိုချင်တာက
ကျွန်မ ၂၈ နှစ်ရှိပါပြီ။ -
2:17 - 2:20ကျွန်မ အရွယ်ရောက်ပြီဆိုတာလဲ သေချာပါတယ်။
-
2:20 - 2:22(ရယ်သံများ)
-
2:22 - 2:24ပြီးရင် ကျွန်မက စကားထစ်တဲ့
-
2:24 - 2:28ဖျော်ဖြေသူတစ်ယောက်အနေနဲ့
ဘဝကို ဖြတ်သန်းနေရတဲ့ -
2:28 - 2:31အရွယ်ရောက် အမျိုးသမီးတစ်ယောက်ပါ။
-
2:31 - 2:35ဒါကြောင့် ကျွန်မ ဒါနဲ့ပတ်သတ်ပြီး
ဝန်ခံတာဘဲ ကောင်းပါလိမ့်မယ်။ -
2:35 - 2:39စကားထစ်မှုထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့
ရှုထောင့်လေးတွေ ရှိပါတယ်။ -
2:39 - 2:42ကျွန်မ ကြုံခဲ့ဖူးခဲ့တဲ့
အဆိုးရွားဆုံးအရာကတော့ -
2:42 - 2:45တစ်ခြား စကားထစ်တဲ့သူနဲ့ တွေ့ဆုံခြင်းပါဘဲ။
-
2:45 - 2:49(ရယ်သံများ)
-
2:49 - 2:52ဒါက Hamburg မှာတုန်းက ကြုံကြိုက်ခဲ့တာပါ။
-
2:52 - 2:54ဒီကောင်လေးနဲ့ တွေ့တော့
သူကပြောတယ် -
2:54 - 2:58"ဟဲလို၊ ကျ-ကျ-ကျ-
ကျန်တော်နာမည်ကတော့ Joe ပါ။" -
2:58 - 3:02ကျွန်မကလည်း "ဟဲလို၊ ကျ-ကျ-ကျ-
ကျွန်မနာမည်ကတော့ Meg ပါ။" -
3:02 - 3:04ကျွန်မ ဘယ်လောက်ကြောက်ခဲ့ရလဲဆိုတာ
စဉ်းစားကြည့်လိုက်ပါ -
3:04 - 3:06သူကို ပြောင်နေတယ်လို့ ထင်နေချိန်မှာလေ။
-
3:06 - 3:10(ရယ်သံများ)
-
3:12 - 3:17လူတွေက ကျွန်မကို အချိန်ပြည့်
အရက်မူးနေတယ်လို့ ထင်နေကြပါတယ်။ -
3:17 - 3:21(ရယ်သံများ)
-
3:21 - 3:24လူတွေက ကျွန်မ သူတို့နာမည်ကို
ပြောဖို့ တွန့်ဆုတ်တိုင်း -
3:24 - 3:29မေ့သွားပြီလို့ ထင်တတ်ကြပါတယ်။
-
3:29 - 3:31ဒါကတော်တော် ထူးဆန်းတယ်လေ၊ ဘာလို့လဲဆိုတော့
-
3:31 - 3:35ကိုယ်ပိုင်နာမ်တွေက အခက်ဆုံးပါ။
-
3:35 - 3:39ကျွန်မက ဗုဒ္ဓဟူးဆိုတဲ့ စကားလုံးကို
စာတစ်ကြောင်းမှာ သုံးမယ်ဆိုရင် -
3:39 - 3:42ကျွန်မက အဲဒီဆီကို ရောက်လာရင်
-
3:42 - 3:45ကျွန်မ ထစ်တော့မယ်ဆိုတာ သိနိုင်ပါတယ်။
-
3:45 - 3:48အဲကျရင် ကျွန်မက အဲဒါကို "မနက်ဖြန်"
-
3:48 - 3:50ဒါမှမဟုတ် "အင်္ဂါနောက်တစ်နေ့"
-
3:50 - 3:53ဒါမှမဟုတ် တစ်ခုခု ပြောင်းလို့ရတယ်လေ။
-
3:53 - 3:58အဲ့ဒါ အခက်တော့တွေ့တယ်။ ဒါပေမဲ့
ဒါနဲ့ဘဲ အလစ်ပြေးလို့ရတယ်လေ။ -
3:58 - 4:00ကြာလာတော့ စကားပြောတိုင်း
-
4:00 - 4:05ဒီဖြတ်လမ်းနည်းကို သုံးတတ်လာပြီး
-
4:05 - 4:08နောက်ဆုံးတစ်မိနစ်လေးမှာ
-
4:08 - 4:12စာလုံးကို ပြောင်းပြီးတော့
ဦးနှောက်ကိုလှည့်စားလိုက်တာပေါ့။ -
4:12 - 4:16ဒါပေမဲ့ လူတွေရဲ့ နာမည်ကျတော့
အဲလိုပြောင်းလို့မရဘူးလေ။ -
4:16 - 4:19(ရယ်သံများ)
-
4:19 - 4:22ကျွန်မ jazz သီချင်းတွေဆိုတုန်းက
-
4:22 - 4:27Steve ဆိုတဲ့ စန္ဒရားပညာရှင် တစ်ယောက်နဲ့
အလုပ်လုပ်ခဲ့ဖူးပါတယ်။ -
4:27 - 4:30ရှင်တို့သိမှာပါ
-
4:30 - 4:33S နဲ့ T တစ်စုတည်းလား သက်သက်စီလား
-
4:33 - 4:36ကျွန်မအတွက်တော့ သေကြွင်းတွေပါ။
-
4:37 - 4:39ဒါပေမဲ့ ကျွန်မ ဒီသီချင်းလေ့ကျင့်ဖို့အတွက်
-
4:39 - 4:43တီဝိုင်းအဖွဲ့ကို မိတ်ဆက်ရပါတယ်။
-
4:43 - 4:46Steve နားရောက်တော့
-
4:46 - 4:51"St" နားလေးမှာ တစ်နေတာကို
ကျွန်မ သတိထားမိပါတယ်။ -
4:51 - 4:57အဲဒါကအခက်တွေ့ပြီး သက်တောင့်သက်သာမရှိသလို
စိတ်ပျက်ဖို့လည်းကောင်းပါတယ်။ -
4:57 - 4:59ဒါနဲ့ ဒီလို တစ်ခါနှစ်ခါ ဖြစ်ပြီးနောက်
-
4:59 - 5:04Steve က ကြည်ဖြူစွာနဲ့ဘဲ
Seve လို့ဖြစ်လာပါတယ်။ -
5:04 - 5:09ပြီးရင် ဒီနည်းနဲ့ဘဲ ကျွန်မတို့
အလုပ်ဖြစ်သွားတာပါဘဲ။ (ရယ်သံများ) -
5:10 - 5:12ကျွန်မ ကုထုံးတွေ အများကြီးစမ်းခဲ့ဖူးပါတယ်။
-
5:12 - 5:15သာမန်သုံးနေကျ ကုထုံးကတော့
-
5:15 - 5:19ချောမွေ့စကားပြောကုထုံးဖြစ်ပါတယ်။
-
5:19 - 5:25အဲဒါကတော့ ရှင်ပြောသမျှ
အရာကို သီချင်းလို ဆိုတာပါ။ -
5:25 - 5:27ရှင် အရာရာတိုင်းကို မူကြိုကျောင်းဆရာမ
-
5:27 - 5:31သီချင်းဆိုသလို ဆက်ပြောသွားလိုက်ပါ။
-
5:31 - 5:35ရှင်က တည်ငြိမ်နေတယ်လို့ ထင်ရပါလိမ့်မယ်။
အိပ်ဆေး အများကြီး သောက်ထားသလိုပေါ့ -
5:35 - 5:39ပြီးရင် အရာရာက ငြိမ်သက်နေတယ်လေ။ (ရယ်သံများ)
-
5:39 - 5:42အဲဒါ ကျွန်မမှ မဟုတ်တာ။
-
5:42 - 5:46အဲနည်းကို ကျွန်မသုံးတယ်လေ။
-
5:46 - 5:53ရုပ်မြင်သံကြားအစီအစဉ်မှာ ပါဝင်ရတဲ့အချိန်
-
5:53 - 5:56ရေဒီယို အမေးအဖြေ ဖြေရတဲ့အချိန်
-
5:56 - 6:01ရုပ်သံမှ ကြေညာမှုနှုန်း ဈေးကြီးတဲ့
အချိန်မှာဆို သုံးရပါတယ်။ -
6:01 - 6:04(ရယ်သံများ)
-
6:04 - 6:08ကျွန်မ အလုပ်အတွက်လည်း
အဲနည်းနဲ့ဘဲ ဖြစ်မြောက်သွားတာဘဲလေ။ -
6:08 - 6:11ဒါပေမဲ့ အနုပညာရှင် တစ်ယောက်အနေနဲ့
-
6:11 - 6:17သူတို့အလုပ်က စစ်မှန်ရိုးသားမှု
-
6:17 - 6:21လိုအပ်တဲ့အချိန်မှာ
-
6:21 - 6:25ဒါက လိမ်လည်ရာကျပါတယ်။
-
6:25 - 6:28ဒါကြောင့် သီချင်းမဆိုခင်လေး
သီချင်းဆိုတယ် ဆိုတာ -
6:28 - 6:32ကျွန်မအတွက် ဘာကိုဆိုလိုတာလဲ ဆိုတာကို
ရှင်တို့ကို ပြောပြချင်ပါတယ်။ -
6:32 - 6:36အဲဒါက အသံကောင်းအောင်
လုပ်တာတစ်ခုထက်ပိုပါတယ်။ -
6:36 - 6:41သီချင်းကောင်းကောင်းလေး လုပ်တာထက်ပိုပါတယ်။
-
6:41 - 6:47သိရှိနားလည်နိုင်မှု တစ်ခုထက်လည်း ပိုပါတယ်။
-
6:47 - 6:53ကျွန်မခံစားနေတာတွေကို ရှင်တို့
ခံစားလို့ရအောင် လုပ်တာထက်လည်း ပိုပါတယ်။ -
6:53 - 6:55ဒါက ဒဏ္ဍာရီအကြောင်းလည်း မဟုတ်သလို
-
6:55 - 7:00ရှင်တို့ကို ကျွန်မအကြောင်းကို
ပုံပြင်လိုတင်ပြနေတာလည်း မဟုတ်ပါဘူး။ -
7:00 - 7:06တစ်နည်းနည်းတော့ လူ့ဦးနှောက်ရဲ့
-
7:06 - 7:10အံဖွယ်အလုပ်လုပ်မှုအရ
-
7:10 - 7:16သီချင်းဆိုတဲ့အချိန်
ထစ်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ -
7:16 - 7:20ကျွန်မ ငယ်ငယ်တုန်းက ဒီနည်းက
-
7:20 - 7:22ကျွန်မအတွက် အရမ်းအလုပ်ဖြစ်ခဲ့ပါတယ်။
-
7:22 - 7:28သီချင်းဆိုခြင်းပါ။ ဒါကြောင့် ကျွန်မ
သီချင်းအများကြီး ဆိုခဲ့ပါတယ်။ -
7:28 - 7:32ပြီးရင် ဒါက ဒီနေ့ ကျွန်မ ဒီကိုရောက်နေတဲ့
အကြောင်းရင်းဖြစ်ပါတယ်။ -
7:32 - 7:36(လက်ခုပ်သံများ)
-
7:36 - 7:40ကျေးဇူးပါ။
-
7:42 - 7:47ကျွန်မအတွက် သီချင်းဆိုခြင်းဆိုတာ
ချိုမြိန်တဲ့ ဖြေဖျောက်ခြင်းဖြစ်ပါတယ်။ -
7:47 - 7:55အဲ့ဒီအချိန်လေးဘဲ
ချောမွေ့တယ်လို့ ခံစားရတာပါ။ -
7:55 - 7:59အဲ့ဒီအချိန်လေးဘဲ ကျွန်မပါးစပ်က
ထွက်လာတဲ့အရာက -
7:59 - 8:01ကျွန်မရည်ရွယ်သလို
ပြည့်ပြည့်စုံစုံ တိတိကျကျဖြစ်တာပါ။ -
8:01 - 8:04(ရယ်သံများ)
-
8:04 - 8:07ဒါက TED ဟောပြောပွဲဆိုတာ ကျွန်မသိပါတယ်။
-
8:07 - 8:10ဒါပေမဲ့ ကျွန်မ အခု TED သီချင်းဆိုပါမယ်။
-
8:10 - 8:12ဒီသီချင်းကတော့ အရင်တစ်နှစ်က
-
8:12 - 8:14ကျွန်မရေးခဲ့တာပါ။
ကျေးဇူးအများကြီးတင်ပါတယ်။ -
8:14 - 8:20(လက်ခုပ်အားပေးသံများ)
-
8:27 - 8:33(စန္ဒရားသံ)
-
8:43 - 8:47♪ ငါက အချောအလှလေး ဖြစ်ပါလိမ့်မယ်။ ♪
-
8:47 - 8:50♪ ဒါပေမဲ့ ငါနှာခေါင်းလေးက ♪
-
8:50 - 8:54♪ ငါ မျက်နှာလေးအတွက် ♪
-
8:54 - 8:57♪ နည်းနည်းကြီးလွန်းလှပါတယ်။ ♪
-
8:57 - 9:01♪ ငါက အိပ်မက်မက်သူလေး ဖြစ်ပါလိမ့်မယ်။ ♪
-
9:01 - 9:05♪ ဒါပေမဲ့ ငါ့ အိပ်မက်ဟာ ♪
-
9:05 - 9:08♪ ဒီ နေရာလွတ်လေး အတွက်တော့ ♪
-
9:08 - 9:12♪ နည်းနည်းကြီးလွန်းလှပါတယ်။ ♪
-
9:12 - 9:16♪ ငါက နတ်သမီးလေးဖြစ်ပါလိမ့်မယ်။ ♪
-
9:16 - 9:19ဒါပေမဲ့ ငါ့ ရောင်ခြည်စက်ဝန်းလေးက
-
9:19 - 9:23♪ မင်း တန်ခိုးတောက်ပမှုကြောင့် ♪
-
9:23 - 9:26♪ မှေးမှိန်ရပြီကွယ်။ ♪
-
9:26 - 9:30♪ ပြီးရင် ငါက ဂျိုကာလေး ဖြစ်ပါလိမ့်မယ်။ ♪
-
9:30 - 9:35♪ ဒါပေမဲ့ ဒီဖဲချပ်လေးက
ရူးမိုက်သလိုဖြစ်နေပါတယ်။ ♪ -
9:35 - 9:43♪ မင်းရဲ့ ဖဲချပ်ကို
ထုတ်လိုက်တဲ့အချိန်မှာပေါ့။ ♪ -
9:56 - 9:59♪ ငါသိချင်လိုက်တာကွယ် ♪
-
9:59 - 10:03♪ ငရဲပြည်မှာ ကြယ်တွေရှိလား ♪
-
10:03 - 10:07♪ ငါသိချင်လိုက်တာကွယ် ♪
-
10:07 - 10:11♪ မင်းများ ပြောပြနိုင်မလား ♪
-
10:11 - 10:18♪ ငါသိသမျှအရာကို မေ့ပျောက်သွားအောင်
မင်းလုပ်လိုက်တာကိုလေ ♪ -
10:18 - 10:25♪ လက်လွတ်လိုက်ရမလား မလွတ်ရဘူးလားတောင်
မရွေးချယ်နိုင်တော့ပါဘူးကွယ် ♪ -
10:38 - 10:42♪ ငါ ထာဝစဉ် ကျန်နေရစ်ပါလိမ့်မယ် ♪
-
10:42 - 10:45♪ ဒါပေမဲ့ ငါအိမ်လေးဟာ ♪
-
10:45 - 10:49♪ ဒီနေရာကနေ ♪
-
10:49 - 10:52♪ နည်းနည်းဝေးလွန်းတယ် ♪
-
10:52 - 10:56♪ ငါကြိုးစားခဲ့တာကိုလည်း ကျိန်ဆိုပါတယ် ♪
-
10:56 - 11:00♪ အရှိန်လျှော့ဖို့ကိုလေ ♪
-
11:00 - 11:07♪ မင်းရဲ့လျှောက်လှမ်းအတိုင်း
ငါလမ်းလျှောက်နေတုန်း ♪ -
11:07 - 11:09♪ ဒါပေမဲ့ ငါတွေးလို့ရသမျှ ♪
-
11:09 - 11:15♪ မြို့ထဲမှာ အလေလိုက်ရင်းပေါ့ ♪
-
11:15 - 11:22♪ မိုးထဲမှာ ငါကြည့်လို့လှရဲ့လား ♪
-
11:22 - 11:25♪ ပြီးရင် ငါမသိလိုက်ပါဘူးကွယ် ♪
-
11:25 - 11:29♪ အချောအလှတစ်ယောက်က ♪
-
11:29 - 11:34♪ ငါကိုရုပ်ဆိုးအောင် လုပ်ရက်တယ်ဆိုတာကို ♪
-
11:34 - 11:37♪ ရှက်လိုက်တာကွယ် ♪
-
11:44 - 11:47♪ ငါသိချင်လိုက်တာကွယ် ♪
-
11:47 - 11:51♪ ငရဲပြည်မှာ ကြယ်တွေရှိလား ♪
-
11:51 - 11:55♪ ငါသိချင်လိုက်တာကွယ် ♪
-
11:55 - 11:58♪ မင်းများ ပြောပြနိုင်မလား ♪
-
11:58 - 12:05♪ ငါသိသမျှအရာကို မေ့ပျောက်သွားအောင်
မင်းလုပ်လိုက်တာကိုလေ ♪ -
12:05 - 12:12♪ လက်လွတ်လိုက်ရမလား မလွတ်ရဘူးလားတောင်
မရွေးချယ်နိုင်တော့ပါဘူးကွယ် ♪ -
12:41 - 12:45ကျေးဇူးအများကြီးတင်ပါတယ်။ (လက်ခုပ်သံများ)
- Title:
- လူထု ဟောပြောပွဲအား ကြောက်ရွံ့မှုနောက်ကွယ် ကျွန်မနေနေရတဲ့ အကြောင်းရင်း
- Speaker:
- Megan Washington
- Description:
-
Megan Washington ဟာ သြစတေးလျမှ အကောင်းဆုံး အဆိုတော်နှင့် သီချင်းစာသားရေးဆရာများထဲမှ တစ်ယောက်ဖြစ်ပါတယ်။ ကလေးဘဝကတည်းက သူမဟာ စကားထစ်ခဲ့တာပါ။ ဒီရဲရင့်ပြီး ကိုယ်ရေးဆန်တဲ့ ဟောပြောပွဲမှာ သူမက- ခက်ခဲတဲ့ “st” တွဲဖတ်ရမှာကို ရှောင်ရှားခြင်းမှအစ သူမ ဦးနှောက်ကိုလှည့်စားခဲ့တာနဲ့ စကားလုံးကိုပြောဆိုရမယ်အစား သီချင်းလိုဆိုတာတွေအထိ- ဒီစကားထစ်တဲ့ ပြဿနာကို ဘယ်လိုကျော်လွှားခဲ့တယ်ဆိုတာကို ဖော်ထုတ်ပြောထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 13:02
![]() |
Myo Aung approved Burmese subtitles for Why I live in mortal dread of public speaking | |
![]() |
Myo Aung edited Burmese subtitles for Why I live in mortal dread of public speaking | |
![]() |
Myo Aung edited Burmese subtitles for Why I live in mortal dread of public speaking | |
![]() |
Myo Aung edited Burmese subtitles for Why I live in mortal dread of public speaking | |
![]() |
sann tint accepted Burmese subtitles for Why I live in mortal dread of public speaking | |
![]() |
sann tint edited Burmese subtitles for Why I live in mortal dread of public speaking | |
![]() |
sann tint edited Burmese subtitles for Why I live in mortal dread of public speaking | |
![]() |
Aung Min edited Burmese subtitles for Why I live in mortal dread of public speaking |