ကောင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းကို စွန့်လွှတ်ပြီး ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာပုံ။
-
0:02 - 0:05ဟိုတစ်နေ့က ကျွန်မရဲ့မိတ်ဆွေတစ်ယောက်
လေဆိပ်ကို အငှားကားစီးသွားနေရင်း -
0:05 - 0:08လမ်းမှာ အငှားကာမောင်းသူနဲ့
စကားစမြည်ပြောမိတယ်။ -
0:08 - 0:10သူက သူမကို ပြောတာက
လုံးဝကို ရိုးရိုးသားနဲ့ပါ။ -
0:10 - 0:14"ခင်ဗျားဟာ တကယ့် လူကောင်းဆိုတာ
ကျုပ်ပြောနိုင်တယ်။" -
0:14 - 0:16နောက် ဒီဇာတ်လမ်း ကျွန်မကို ပြောပြတော့
-
0:16 - 0:19သူ့ကို ဘယ်လို အားရကျေနပ်
သွားတယ်ဆိုတာမယုံနိုင်ဘူး၊ -
0:19 - 0:21ဒါက သူ့အတွက် အတော့ကို အရေးပါတယ်တဲ့။
-
0:21 - 0:24ကဲ ဒါက သူစိမ်းသက်သက်တစ်ဦးရဲ့
စကားလုံးတွေအတွက် ကျွန်မမိတ်ဆွေဆီက -
0:24 - 0:26ပြင်းထန်တဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပုံရတယ်၊
-
0:26 - 0:28ဒါပေမဲ့ သူတစ်ဦးတည်းတော့ မဟုတ်ဘူး။
-
0:28 - 0:29ကျွန်မက လူမှုသိပ္ပံပညာရှင်ပါ။
-
0:29 - 0:32လူကောင်းတွေရဲ့ စိတ်ပညာကို လေ့လာပြီး
-
0:32 - 0:36လူကောင်းတစ်ဦလို ခံစားရတာ၊ လူကောင်း
တစ်ဦးအဖြစ် အမြင်ခံရတာနဲ့ ပတ်သက်တဲ့ -
0:36 - 0:41အတော်များများ အလေးအနက် အရေးစိုက်
တယ်ဆိုတဲ့ ကျွန်မ နယ်ပယ်မှာသုတေသနပြုတယ်။ -
0:41 - 0:46ကဲ သင့်ရဲ့ "လူကောင်း"အဓိပ္ပာယ်ဖွင့်ဆိုချက်
သင့်ရဲ့ "လူကောင်း"အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ -
0:46 - 0:49အငှားကားမောင်းသူရဲ့
"လူကောင်း"အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ -
0:49 - 0:51တူညီတဲ့ ဖွင့်ဆိုချက် မဖြစ်လောက်ပေမဲ့
-
0:51 - 0:54ကျွန်မတို့ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဘောင်က ဘာဖြစ်ဖြစ် -
0:54 - 0:57ကိူယ်ကျင့် လက္ခဏာ အတော်များများ
အတွက် အရေးကြီးပါတယ်။ -
0:57 - 1:02ကဲ တစ်ဦဦးက ဒါကို စိန်ခေါ်ရင် ကျွန်မတို့
ပြောတဲ့ ပြက်လုံးတစ်ခုအတွက် မေးတာလို -
1:02 - 1:05(သို့) ကျွန်မတို့ ပြောလောက်တာက
အလုပ်အင်အားစုက မျိုးတူတွေ -
1:05 - 1:08(သို့) စိတ်မချရတဲ့ လုပ်ငန်း
ငွေယိုပေါက်တစ်ခုဆို -
1:08 - 1:11ကျွန်မတို့ဟာ အချိန်များစွာ အနီရောင် ဇုန်
ခံစစ်အနေအထားကို ဝင်သွားတယ်။ -
1:11 - 1:14ဆိုလိုတာက တစ်ခါတစ်ရံမှာ
-
1:14 - 1:18ဘေးဖယ်ခံရတဲ့ အစုတွေက လူတွေကို
ကူညီရာမှာ (သို့) အလှူခံအဖွဲကို လှူရာမှာ -
1:18 - 1:20(သို့) အကျိုးအမြတ်မယူတဲ့အဖွဲ့တွေကို
-
1:20 - 1:24နာရီများစွာ လုပ်အားပေးရာမှာ
နည်းလမ်းစုံနဲ့ ခေါ်တာပါ။ -
1:24 - 1:28လူကောင်း လက္ခဏာကို ကာကွယ်ဖို့
ကျွန်မတို့ လုပ်တယ်။ -
1:28 - 1:30ဒါက လူအများအတွက် အရေးကြီးပါတယ်။
-
1:31 - 1:32ဒါပေမဲ့ ကျွန်မ ဒါကိုပြောမယ်ဆိုရင်ရော။
-
1:32 - 1:37ကောင်းတဲ့လူဖြစ်ခြင်းကို တွယ်တာမှုဟာ
ကျွန်မတို့ရဲ့ ပိုကောင်းတဲ့လူဖြစ်ဖို့ -
1:37 - 1:40လမ်းဆီ ရောက်စေလားလို့
ကျွန်မ ပြောမယ်ဆိုရင်ရော။ -
1:40 - 1:47"လူကောင်း"ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က
ကျဉ်းမြောင်းလွန်းတယ်လို့ ပြောမယ်ဆိုရင်ရော။ -
1:47 - 1:49သိပ္ပံနည်းအရတော့ ကိုက်ညီဖို့
မဖြစ်နိင်ဘူးလား။ -
1:50 - 1:53ပိုကောင်းတဲ့သူဖြစ်ခြင်းရဲ့ လမ်ကြောင်းဟာ
ကောင်းတဲ့သူဖြစ်ခြင်းကို -
1:53 - 1:56စွန့်လွှတ်တာနဲ့
အစပြုတယ်လို့ ကျွန်မပြောရင်ရော။ -
1:57 - 2:00အခု လူ့စိတ် အလုပ်လုပ်ပုံနဲ့ပတ်သက်တဲ့
-
2:00 - 2:01သုတေသနအကြောင်းရှင်း ပြဖိူ့
-
2:01 - 2:02နည်းနည်း ပြောခွင့်ပြုပါ။
-
2:03 - 2:07ဦးနှောက်ဟာ ၎င်းရဲ့အလုပ်များစွာကို
လုပ်ဖို့ ဖြတ်လမ်းတွေကို အားကိုးတယ်။ -
2:07 - 2:08ဆိုလိုတာက အချိန်များစွာမှာ
-
2:08 - 2:12သင့်စိတ်ပိုင်းလုပ်ဆောင်မှုတွေဟာ
နိုးကြားမှုရဲ့အပြင်မှာ ဖြစ်ပျက်နေတာပါ၊ -
2:12 - 2:16သင့်စိတ်ရဲ့အနောက်ဘက်မှာ ဘက်ထရီ
ကျနေတာ၊ စွမ်းအင်စနစ်ကျနေတာမျိုးပါ။ -
2:17 - 2:21တကယ်တမ်းတော့ ဒါဟာ
နယ်သတ်ထားတဲ့ ဆင်ခြင်မှုရဲ့အဆိုပါ။ -
2:21 - 2:24နယ်သတ်ထားတဲ့ ဆင်ခြင်မှုဟာ
လူ့စိတ်ဟာ အကန့်အသတ်ရှိတဲ့ -
2:24 - 2:27သိုလှောင် ရင်းမြစ်တွေ၊
အကန့်အသတ်ရှိတဲ့ လုပ်ဆောင်ခြင်း အစွမ်း -
2:27 - 2:29ရှိတယ်ဆိုတဲ့
နိုဗယ်လ်ဆုရ စိတ်ကူးပါ၊ -
2:29 - 2:33အကျိုးဆက်အနေနဲ့ ၎င်းရဲ့အလုပ်များစွာကို
လုပ်ဖို့ ဖြတ်လမ်းတွေကို အားကိုးတယ်။ -
2:34 - 2:35ဥပမာအနေနဲ့
-
2:36 - 2:38တစ်ချို့သိပ္ပံပညာရှင်တွေ ခန့်မှန်းတာက
သတ်မှတ်ချိန်အတွင်း -
2:39 - 2:41ပိုကောင်းတယ်၊ နှိပ်၊ ဟုတ်လား။ ရပြီ။
-
2:41 - 2:42(ရယ်သံများ)
-
2:42 - 2:44သတ်မှတ်တဲ့အချိန်မှာ
-
2:44 - 2:47၁၁ သန်းရှိတဲ့ သတင်းအချက်အလက်တွေ
ကျွန်မ စိတ်ထဲကို လာနေတယ်။ -
2:48 - 2:50တစ်ဆယ့်တစ်သန်းနော်။
-
2:50 - 2:53ဒီအထဲက ၄၀ ကျော်ငကိုပဲ
သတိရှိရှိ အရေးယူဆောင်ရွက်နေတယ်။ -
2:53 - 2:55ဒီတော့ ၁၁ သန်း၊ ၄၀။
-
2:56 - 2:58ဆိုလိုတာက သင်တို့ ဖြစ်ဖူးတယ်မို့လား။
-
2:58 - 3:00အလုပ်မှာ တကယ် အလုပ်ရှုပ်တဲ့
နေ့တစ်နေ့ ကြုံဖူးလား၊ -
3:00 - 3:02အိမ်ကို ကာမောင်းပြန်တယ်၊
-
3:02 - 3:04တံခါးကို အဝင်မှာ
-
3:04 - 3:08အိမ်ကို ကားမောင်းပြန်လာတာကိုတောင်
သတိမရဘူးဆိုတာ သိလိုက်တယ်၊ -
3:08 - 3:10မီးစိမ်းလား၊ မီးနီလား ဆိုတာမျိုးတွေပေါ့။
-
3:10 - 3:13အလိုအလျောက် မောင်းနှင်နေခဲ့တာ
ကို တောင် သတိမရဘူးလေ။ -
3:13 - 3:16ဒါမှမဟုတ် ရေခဲသေတ္တာဖွင့်ပြီး
-
3:16 - 3:18ထောပတ်ရှာပါတယ်၊
-
3:18 - 3:21ထောပတ်မရှိဘူးလို့ ကျိန်ဆဲတယ်၊
-
3:21 - 3:25ပြီးတော့မှ ထောပတ်က ကိုယ့်ရှေ့မှာ
တစ်ချိန်လုံးရှိနေတာမျိုး ကြုံဖူးလား။ -
3:25 - 3:29ကျွန်မတို့ကို တခစ်ခစ်ရယ်စေတဲ့
"မြူးပျော်အော်ဟစ်"တဲ့ ကာလမျိုးတွေရှိပြီး -
3:29 - 3:31ဒါက ၁၁ သန်းရှိတဲ့ သတင်းအချက်အလက်တွေ
-
3:31 - 3:34ဝင်လာပြီး ၄၀ လောက်ပဲ
သတိရှိရှိ ကိုင်တွယ်နိုင်တဲ့ -
3:34 - 3:37ဦးနှောက်တစ်လုံးထဲမှာ ဖြစ်ပျက်တာပါ။
-
3:37 - 3:40ဒါက နယ်သတ်ထားတဲ့ ဆင်ခြင်မှုရဲ့
နယ်သတ်ထားတဲ့ အပိုင်းပါ။ -
3:43 - 3:46ဒီနယ်သတ်ထားတဲ့ ဆင်ခြင်မှုပေါ်က
လုပ်ဆောင်မှုက -
3:46 - 3:50ကျွန်မနဲ့ ပူပေါင်းဆောင်ရွက်သူတွေဖြစ်တဲ့
Max Bazerman နဲ့ Mahzarin Banaji တို့နဲ့ -
3:50 - 3:53ကျွန်မလုပ်ခဲ့တဲ့ နယ်သတ်ထားတဲ့
ကိုယ်ကျင့်တရားကို -
3:53 - 3:55စေ့ဆော်ပေးတာပါ။
-
3:56 - 3:59ဒီတော့ ဒါ နယ်သတ်ထားတဲ့
ဆင်ခြင်တုံတရားနဲ့တူတဲ့ အဆိုပါ၊ -
3:59 - 4:04ကျွန်မတို့မှာ တစ်နည်းမဟုတ်တစ်နည်းနဲ့
နယ်သတ်ထားပြီး -
4:04 - 4:07ဖြတ်လမ်းတွေကို
အမှီပြုနေတဲ့ လူ့စိတ်ရှိပြီး -
4:07 - 4:10တစ်ခါတစ်ရံ ဒီဖြတ်လမ်းတွေက
ကျွန်မတို့ကို လမ်းလွဲစေတာပါ။ -
4:11 - 4:12နယ်သတ်ထားတဲ့ ဆင်ခြင်တုံတရားနဲ့
-
4:12 - 4:16ဖြစ်နိုင်တာက ကုန်စုံဆိုင်က ဝယ်တဲ့
အဟာရ (သို့) ဘုတ််အစည်းအဝေးခန်းမှာ -
4:16 - 4:19ကျွန်မတို့ မိတ်ဆက်တဲ့ ထုတ်ကုန်တွေကို
သက်ရောက်စေပါတယ်။ -
4:20 - 4:23နယ်သတ်ထားတဲ့ ကိုယ်ကျင့်တရားနဲ့ဆို
လူသားစိတ်ဟာ -
4:23 - 4:25ဒီအလားတူ လူသားစိတ်ဟာ
-
4:25 - 4:26ဆုံးဖြတ်ချက်တွေချနေတယ်၊
-
4:26 - 4:29ဒီမှာတော့ နောက်ထပ် ဘယ်သူ့ကို ခန့်မယ်၊
-
4:29 - 4:31(သို့) ဘယ်ပြက်လုံးပြောမယ်၊
-
4:31 - 4:33(သို့) စိတ်မချရတဲ့ လုပ်ငန်း
ဆုံးဖြတ်ချက်ပေါ့။ -
4:34 - 4:39ဒီတော့ အလုပ်က နယ်သတ်ထားတဲ့
ကိုယ်ကျင့်တရားရဲ့ နမူနာတစ်ခု ပေးပါရစေ။ -
4:39 - 4:42မရည်ရွယ်တဲ့ ဘက်လိုက်မှုဟာ
-
4:42 - 4:45နယ်သတ်ထားတဲ့ ကိုယ်ကျင့်တရားရဲ့
သက်ရောက်မှုတွေကို မြင်ရတဲ့ နေရာတစ်ခုပါ။ -
4:45 - 4:50ဒီတော့ မရည်ရွယ်တဲ့ ဘက်လိုက်မှုဟာ
စိတ်မှာရှိတဲ့ ဆက်စပ်မှုတွေကို ကိုးကားတယ်၊ -
4:50 - 4:54သတင်းအချက်အလက်တွေကို စုစည်းဖို့
သင့်ဦးနှောက်က သုံးနေတဲ့ ဖြတ်လမ်းတွေပါ၊ -
4:54 - 4:56အတော် ဖြစ်နိုင်တာက သင့်သတိမူမိတာရဲ့အပြင်က
-
4:56 - 5:00သင့် သတိထားမိတဲ့ ယုံကြည်မှုတွေနဲ့
သေချာပေါက် တစ်တန်းတည်းမရှိတာပါ၊ -
5:01 - 5:03သုတေသီတွေဖြစ်တဲ့ Nosek, Banaji နဲ့
Greenwald တို့ဟာ -
5:03 - 5:06သန်းချီတဲ့ လူတွေဆီက အချက်အလက်တွေကို
ကြည့်ရှုခဲ့ကြပြီး -
5:06 - 5:09နမူနာအနေနဲ့ သူတို့တွေ့ရှိတာက
-
5:09 - 5:12အမေရိကန် လူဖြူအများစုဟာ
လူမည်းတွေ၊ ကောင်းတာတွေနဲ့စာရင် -
5:12 - 5:16လူဖြူတွေ၊ ကောင်းတာတွေနဲ့
ပိုပြီးလျင်မြန်၊ -
5:16 - 5:19လွယ်ကူစွာ ဆက်စပ်နိုင်ကြပြီး
-
5:20 - 5:25ယောက်ျား၊ မိန်းမ အများစုဟာ မိန်းမနဲ့
သိပ္ပံပညာထက် ယောက်ျားနဲ့ သိပ္ပံပညာကို -
5:25 - 5:30ပိုပြီးလျင်မြန်၊ လွယ်ကူစွာ
ဆက်စပ်နိုင်ကြတာပါ။ -
5:30 - 5:34ဒီဆက်စပ်မှုတွေဟာ လူတွေ
သိစိတ်ရှိရှိ တွေးတာနဲ့ -
5:34 - 5:36သေချာပေါက် တစ်တန်းတည်း ကျမနေဘူး။
-
5:36 - 5:40တကယ်တော့ သူတို့မှာ သာတူညီမျှမှု
ရှိနိုင်လောက်ပါတယ်၊ -
5:40 - 5:45ဒီတော့ တစ်ခါတစ်ရံမှာ ဒီ ၁၁ သန်းနဲ့
ဒီ ၄၀ ဟာ တစ်တန်းတည်း ကျနေတယ်။ -
5:45 - 5:47ဟောဒီမှာ နောက် နမူနာတစ်ခု၊
-
5:47 - 5:49စိတ်ဝင်စားမှုရဲ့ ဝိရောဓိတွေပါ။
-
5:49 - 5:53ဒီတော့ ကျွန်မတို့ဟာ လက်ဆောင်လေးတစ်ခုရဲ့
တန်ဖိုးကို လျှော့တွက်တတ်ကြတယ်၊ -
5:53 - 5:57ဘောပင်တစ်ချောင်း (သို့) ညစာကို
စိတ်ကူးကြည့်ပါ၊ -
5:57 - 6:01လက်ဆောင်လေးဟာ ဆုံးဖြတ်ချက်ချရာမှာ
ဘယ်လောက် သက်ရောက်မှုရှိနိုင်လဲ။ -
6:02 - 6:06လက်ဆောင်ပေးသူရဲ့အမြင်ကို ထောက်ခံ့ဖို့
အထောက်အထားကို ကျွန်မတို့စိတ်က -
6:06 - 6:10မရည်ရွယ်ဘဲ တန်းစီနေတာ
ကျွန်မတို့ မသိကြဘူး၊ -
6:10 - 6:15ဓမ္မဓိဋ္ဌာန်ကျဖို့၊ ပညာရှင်ပီသဖို့
ဘယ်လောက်ပဲ သတိရှိရှိ ကြိုးစားနေနေပါ။ -
6:16 - 6:17ကောင်းတဲ့လူဖြစ်တာကို တွယ်တာကြပေမဲ့
-
6:17 - 6:21နယ်သတ်ထားတဲ့ ကိုယ်ကျင့်တရားကိုလည်း
ကျွန်မတို့ မြင်ပါတယ်၊ -
6:21 - 6:23ကျွန်မတို့ အမှားတွေကို လုပ်နေဆဲပါ၊
-
6:23 - 6:27တစ်ခါတစ်ရံ လူတွေကို နာကျင်စေတဲ့၊
-
6:27 - 6:29အကောင်းဆုံး ကြိုးစားပေမဲ့
တစ်ခါတစ်ရံ မတရားမှုကို -
6:29 - 6:31အားပေးတဲ့
အမှားတွေ ကျွန်မတို့လုပ်မိကြပြီး -
6:32 - 6:36အမှားတွေကနေ သင်ယူတာထက်
ဒါတွေကို ဆင်ခြေပေးကြပါတယ်။ -
6:37 - 6:39ဆိုပါစို့ ဥပမာအဖြစ်
-
6:39 - 6:43ကျွန်မရဲ့အတန်းထဲက ကျောင်းသူ
တစ်ယောက်ဆီကနေ အီးမေးရတဲ့အခါ၊ -
6:43 - 6:46ရေးထားတာက ကျွန်မ တာဝန်းပေးထားတဲ့
-
6:46 - 6:48နှစ်ချီပြီး ကျွန်မ တာဝန်းပေးခဲ့တဲ့
ဖတ်စာက -
6:48 - 6:50လိင်ခွဲခြားမှုတဲ့။
-
6:51 - 6:56(သို့) လူမျိုးတူတဲ့ ကျွန်မအတန်းထဲက
ကျောင်းသားနှစ်ယောက်ကို -
6:56 - 6:58ရောထွေးတဲ့အခါ
-
6:58 - 7:00ဘာမှ မတူဘူးနော်၊
-
7:00 - 7:02လူတိုင်းရဲ့ရှေ့မှာ တစ်ခါမက
-
7:02 - 7:05သူတို့အချင်းချင်းကို ရောထွေးတဲ့အခါမှာပါ။
-
7:06 - 7:10ဒီအမှားမျိုးတွေက ကျွန်မတို့ကို၊
ကျွန်မကို အနီရောင် ဇုန် -
7:10 - 7:13ခံစစ်အနေအထားဆီ
ပို့ပေးတယ်။ -
7:13 - 7:17ဒီလူကောင်း လက္ခဏာအတွက်
တိုက်ခိုက်ရေးမှာ ကျွန်မတို့ကိုထားခဲ့တယ်။ -
7:18 - 7:23ဒါပေမဲ့ Mary Kern နဲ့ တွဲလုပ်နေတဲ့ နယ်သတ်
ကိုယ်ကျင့်တရား နောက်ဆုံးအလုပ်က ဆိုတာက -
7:23 - 7:26ကျွန်မတို့ဟာ အမှားတွေကို လုပ်လေ့ရှိရုံသာမက
ဒီအမှားတွေဘက်ဆီ ယိမ်းယိုင်မှုဟာ -
7:26 - 7:31ကျွန်မတို့ဟာ အနီရောင် ဇုန်နဲ့
ဘယ်လို နီးကပ်နေပုံမှာလည်း မူတည်တယ်တဲ့။ -
7:31 - 7:36ဒီတော့ အချိန်အများစုမှာ လူကောင်း လက္ခဏာကို
ဘယ်သူကမှ စိန်ခေါ်နေတာမဟုတ်တော့ -
7:36 - 7:38ကိုယ့်ဆုံးဖြတ်ချက်တွေရဲ့
ကိုယ်ကျင့်ပိုင်း -
7:38 - 7:40ဂယက်ရိုက်မှုတွေအကြောင်း သိပ် တွေးမနေကြပဲ
-
7:40 - 7:44ကျွန်မတို့ဟာ အချိန်အများစုမှာ
နည်းနည်းလာတဲ့ ကိုယ်ကျင့် အပြုအမူဘက်ဆီ -
7:44 - 7:49တလိပ်လိပ် ရစ်တက်နေတယ်ဆိုတယ်လို့
ကျွန်မတို့ရဲ့ ပုံစံကပြသတယ်။ -
7:49 - 7:52တစ်ဘက်မှာ တစ်ဦးက ကိုယ့်
ကိုယ်ပိုင်လက္ခဏာကိုစိန်ခေါ်နိုင်တယ်၊ -
7:52 - 7:55(သို့) ပြန်ပြောင်းသုံးသပ်ချက်မှာ
ဒါကို ကိုယ်တိုင် စိန်ခေါ်နေလောက်တယ်။ -
7:55 - 7:59ဒီတော့ ဆုံးဖြတ်ချက်တွေရဲ့ကိုယ်ကျင့်ပိုင်း
ဂယက်ရိုက်မှုတွေက အဓိကကျလာတယ်။ -
7:59 - 8:05ဒီဖြစ်ရပ်တွေမှာ ကျွန်မတို့ဟာ ပိုပိုများတဲ့
လူကောင်း အပြုအမူဘက်ဆီ တလိပ်လိပ် ရစ်တက်တယ်၊ -
8:05 - 8:07(သို့) ပိုတိကျရမယ်ဆို
-
8:07 - 8:12လူကောင်းတစ်ဦးလို ခံစားမိစေတဲ့
အပြုအမူဘက်ဆီ ပိုပိုများသွားတာပေါ့၊ -
8:12 - 8:14တကယ်ကျတော့ ဒါက အမြဲတော့ မတူဘူးလေ။
-
8:15 - 8:19နယ်သတ်ထားတဲ့ ကိုယ်ကျင့်တရားနဲ့
စိတ်ကူးဆိုတာက -
8:19 - 8:23ကျွန်မတို့ရဲ့ အတွင်းစိတ်
သံလိုအိမ်မြှောင်ဟာ -
8:23 - 8:28ကိုယ်ကျင့်ပိုင်း ဆုံးဖြတ်ချက်တွေမှာပါနေတဲ့
အရေးပါမှုကို ပိုခန့်မှန်းနေလောက်တာပါ။ -
8:28 - 8:33ကျွန်မတို့ရဲ့ ကိုယ်ကျိုးကြည့်မှုက
ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်တွေကို -
8:33 - 8:36ဘယ်လောက် တွန်းအားပေးနေတာ
ပိုခန့်မှန်းနေတာဖြစ်လောက်ပြီး -
8:36 - 8:42လူကောင်းတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ်
အမြင်က ဘယ်လောက် ကိုယ့်အပြုအမူကို -
8:42 - 8:45ထိခိုက်နေတာကို နားမလည်တာ
ဖြစ်လောက်တယ်။ -
8:45 - 8:50တကယ်တမ်းက ဒီလူကောင်းလက္ခဏာကို
ကာကွယ်ဖို့၊ ဒါကို အနီရောင် ဇုန်ကနေ -
8:50 - 8:52ရှောင်နေဖို့ ကြိုးစားနေတာပါ
-
8:53 - 8:58အမှားတွေကနေ သင်ယူဖို့၊
တကယ် ပိုကောင်းသူတွေဖြစ်ဖို့ -
8:58 - 9:00ကိုယ့်ကိုယ်ကိုယ် တကယ်
နေရာပေးမနေတာပါ။ -
9:02 - 9:05ဖြစ်နိုင်တာက ဒါက
လွယ်မယ်လို့ မျှော်လင့်ကြလို့ပါ။ -
9:05 - 9:09ဒီတစ်ခုမဟုတ်၊ တစ်ခုဆိုတဲ့ ကောင်းတဲ့လူရဲ့
အဓိပ္ပါယ်သတ်မှတ်ချက် ကျွန်မတို့မှာရှိတယ်။ -
9:09 - 9:12သင်ဟာ လူကောင်းတစ်ယောက်
(သို့) ဟုတ်ချင်မှဟုတ်မယ်ပေါ့။ -
9:12 - 9:15သင့်မှာ ဂုဏ်သိက္ခာရှိတယ်
(သို့) မရှိဘူးပေါ့။ -
9:15 - 9:20သင်ဟာ လူမျိုးရေးခွဲခြားသူ၊ လိင်ခွဲခြားသူ၊
လိင်တူဆက်ဆံမှု မုန်းသူ(သို့)မဟုတ်ဘူးပေါ့။ -
9:20 - 9:24ဒီတစ်ခုမဟုတ်၊ တစ်ခု အဓိပ္ပါယ်
သတ်မှတ်ချက်မှာ တိုးပွားဖို့ နေရာမရှိဘူး။ -
9:24 - 9:26ဒါနဲ့ စကားမစပ်
-
9:26 - 9:29ဒါက ဘဝရဲ့အများစု အစိတ်အပိုင်း
တွေမှာကျွန်မတို့လုပ်တာ မဟုတ်ဘူး။ -
9:29 - 9:31ဘဝ၊ စာရင်းကိုင်တတ်ဖို့လိုရင်
-
9:31 - 9:33စာရင်းကိုင်သင်တန်း တက်ရမှာပေါ့။
-
9:33 - 9:35(သို့) မိဘတစ်ဦးဖြစ်လာရင်
-
9:35 - 9:39စာအုပ်တစ်အုပ်ကောက်ပြီး
ဒီအကြောင်းဖတ်တယ်။ -
9:39 - 9:41ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတယ်၊
-
9:41 - 9:43အမှားတွေကနေ သင်ယူတယ်၊
-
9:43 - 9:44အသိသုတကို ခေတ်မီအောင်လုပ်တယ်၊
-
9:44 - 9:46ပိုကောင်းအောင် ဆက်လုပ်တယ်။
-
9:47 - 9:49ဒါပေမဲ့ လူကောင်းတစ်ယောက်ဖြစ်လာဖို့ကျတော့
-
9:49 - 9:51ဒါဟာ ကြိုးစားမှု (သို့) တိုးပွားမှုရဲ့
-
9:51 - 9:53အကျိုးကျေးဇူးမပါပဲ
-
9:53 - 9:56ကိုယ်သိသင့်တဲ့၊ကိုယ်လုပ်သင့်တဲ့
တစ်ခုခုလို့ ထင်ကြတယ်။ -
9:56 - 9:58ဒီတော့ ကျွန်မ တွေးနေခဲ့တာက
-
9:58 - 10:02ကောင်းတဲ့လူဖြစ်ခြင်းဆိုတာကို မေ့ပြီး
-
10:02 - 10:04ဒါကို စွန့်လွှတ်လိုက်ကာ
-
10:04 - 10:07ဒီအစား ပိုမြင့်တဲ့ အဆင့်အတန်းတစ်ခု၊
-
10:07 - 10:10ကောင်းသလိုလိုဖြစ်ခြင်းရဲ့
ပိုမြင့်တဲ့ အဆင့်အတန်းတစ်ခုဆိုရင်ရော။ -
10:13 - 10:17ကောင်းသလိုလိုလူဟာ အမှားတွေ
လုပ်ဆဲဆိုတာ အသေအချာပါ။ -
10:17 - 10:20ကောင်းသလိုလိုလူ အဖြစ်နဲ့
ဒါတွေကို ကျွန်မ တစ်ချိန်လုံးလုပ်နေတယ်။ -
10:21 - 10:25ဒါပေမဲ့ ကောင်းသလိုလိုလူ အဖြစ်နဲ့ ဒါတွေကို
သင်ယူဖို့၊ ဝန်ခံဖို့ ကြိုးစားနေတယ်။ -
10:25 - 10:29ဒါတွေကို မျှော်လင့်ပြီး
ဒါတွေနောက်ကို လိုက်တယ်။ -
10:29 - 10:31ဒီအမှားတွေအတွက် ပေးဆပ်မှုတွေရှိတာ
ကျွန်မ နားလည်တယ်။ -
10:31 - 10:36ကျင့်ဝတ်၊ ဘက်လိုက်မှု၊ ထွေပြားမှုနဲ့
ပါဝင်မှုလို ကိစ္စရပ်တွေနဲ့ ဆိုင်လာတဲ့အခါ -
10:36 - 10:39တကယ့်လူတွေအတွက်
တကယ့်ပေးဆပ်မှုတွေရှိပါတယ်၊ -
10:39 - 10:40ဒါကို ကျွန်မ လက်ခံပါတယ်။
-
10:43 - 10:44အမှန်က ကောင်းသလိုလိုလူ ဖြစ်တဲ့အတွက်
-
10:45 - 10:47ကိုယ်ပိုင်အမှားတွေကို
သတိပြုမိရာမှာ ပိုတော်လာတယ်။ -
10:47 - 10:50လူအများက ဒါတေွကိုထောက်ပြတာကို
ကျွန်မ မစောင့်ဘူး။ -
10:50 - 10:52ဒါတွေကို ရှာတွေ့ဖို့ လေ့ကျင့်တယ်၊
-
10:52 - 10:53အကျိုးဆက်အနေနဲ့က...
-
10:54 - 10:58သေချာတာပေါ့၊ တစ်ခါတစ်လေ
အနေခက်နိုင်တယ်၊ -
10:58 - 10:59ကသိကအောက်ဖြစ်နိုင်ပါတယ်။
-
10:59 - 11:03တစ်ခါတစ်လေ ကိုယ်တိုင် ခုခံနိုင်စွမ်း
မရှိတဲ့ နေရာတစ်ခုထဲရောက်သွားတယ်။ -
11:04 - 11:06ဒါပေမဲ့ ဒီခံနိုင်ရည်မရှိမှုကနေ
-
11:06 - 11:10ပိုကောင်းဖို့ ကျွန်မတို့ ကြိုးစားခဲ့ဖူးတဲ့
အရာတိုင်းလိုပဲ -
11:11 - 11:12တိုးတက်မှုကို မြင်ရတယ်။
-
11:12 - 11:13ကြီးထွားမှုကို မြင်ရတယ်။
-
11:13 - 11:16ကိုယ့်ကိုယ်ကို ပိုကောင်းခွင့်ပေးတယ်။
-
11:17 - 11:20ဘာလို့ ဒါကို ကိုယ့်ကိုယ်ကိုယ် မပေးရမှာလဲ။
-
11:21 - 11:25ကျွန်မတို့ဘဝရဲ့ အခြားအပိုင်းတွေတိုင်းမှာ
ဖွံ့ဖြိုးစေဖို့ ကိုယ့်ဘာသာ နေရာပေးကြတယ်၊ -
11:25 - 11:28ဒီတစ်ခုကလွဲရင်ပေါ့လေ၊
ဒါက အရေးပါဆုံးနေရာပါ။ -
11:29 - 11:30ကျေးဇူးတင်ပါတယ်။
-
11:30 - 11:35(လက်ခုပ်သံများ)
- Title:
- ကောင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းကို စွန့်လွှတ်ပြီး ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာပုံ။
- Speaker:
- Dolly Chugh:
- Description:
-
ကောင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းဆိုတဲ့ သင့်အစွဲအလမ်းက တကယ့်ကို ပိုကောင်းတဲ့ လူစ်ယောက်ဖြစ်လာဖို့ တားဆီးနေတယ်ဆိုရင်ရော။ ဒီနားလည်လွယ်တဲ့ ဟောပြောချက်ထဲမှာ လူမှုရေး စိတ်ပညာရှင် Dolly Chugh ကနေပြီး ကိုယ်ကျင့်ဆိုင်ရာ အပြုအမူရဲ့ တွေးရခက်တဲ့ စိတ်ပညာ ကိုရှင်းပြထားပါတယ်။ ဥပမာ သင့်ရဲ့ဘက်လိုက်မှုတွေကို ရိပ်စားမိဖို့နဲ့ အမှားတွေကို အသိအမှတ်ပြုဖို့ဟာ ဘာကြောင့် ခက်ရတာလဲ၊ နောက်ပြီးတော့ သင့်အမှားတွေကို ဝန်ခံခြင်းနဲ့ ပိုကောင်းမွန်တဲ့ အစပြုမှုတွေဖြစ်လာစေတဲ့ လမ်းကြောင်းကို ပြသထားပါတယ်။ "ကျွန်မတို့ဘဝတွေရဲ့ အခြားအပိုင်းတွေတိုင်းမှာ ကြီးထွားဖွံ့ဖြိုးစေဖို့ ကိုယ့်ဘာသာ နေရာပေးကြတယ်၊ ဒီတစ်ခုကလွဲရင်ပေါ့လေ၊ ဒါက အရေးပါဆုံးနေရာပါ"လို့ Chugh က ဆိုပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 11:48
sann tint approved Burmese subtitles for How to let go of being a "good" person -- and become a better person | ||
Myo Aung accepted Burmese subtitles for How to let go of being a "good" person -- and become a better person | ||
Myo Aung edited Burmese subtitles for How to let go of being a "good" person -- and become a better person | ||
Myo Aung edited Burmese subtitles for How to let go of being a "good" person -- and become a better person | ||
sann tint edited Burmese subtitles for How to let go of being a "good" person -- and become a better person | ||
sann tint edited Burmese subtitles for How to let go of being a "good" person -- and become a better person | ||
sann tint edited Burmese subtitles for How to let go of being a "good" person -- and become a better person | ||
sann tint edited Burmese subtitles for How to let go of being a "good" person -- and become a better person |