ဟိုတစ်နေ့က ကျွန်မရဲ့မိတ်ဆွေတစ်ယောက်
လေဆိပ်ကို အငှားကားစီးသွားနေရင်း
လမ်းမှာ အငှားကာမောင်းသူနဲ့
စကားစမြည်ပြောမိတယ်။
သူက သူမကို ပြောတာက
လုံးဝကို ရိုးရိုးသားနဲ့ပါ။
"ခင်ဗျားဟာ တကယ့် လူကောင်းဆိုတာ
ကျုပ်ပြောနိုင်တယ်။"
နောက် ဒီဇာတ်လမ်း ကျွန်မကို ပြောပြတော့
သူ့ကို ဘယ်လို အားရကျေနပ်
သွားတယ်ဆိုတာမယုံနိုင်ဘူး၊
ဒါက သူ့အတွက် အတော့ကို အရေးပါတယ်တဲ့။
ကဲ ဒါက သူစိမ်းသက်သက်တစ်ဦးရဲ့
စကားလုံးတွေအတွက် ကျွန်မမိတ်ဆွေဆီက
ပြင်းထန်တဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပုံရတယ်၊
ဒါပေမဲ့ သူတစ်ဦးတည်းတော့ မဟုတ်ဘူး။
ကျွန်မက လူမှုသိပ္ပံပညာရှင်ပါ။
လူကောင်းတွေရဲ့ စိတ်ပညာကို လေ့လာပြီး
လူကောင်းတစ်ဦလို ခံစားရတာ၊ လူကောင်း
တစ်ဦးအဖြစ် အမြင်ခံရတာနဲ့ ပတ်သက်တဲ့
အတော်များများ အလေးအနက် အရေးစိုက်
တယ်ဆိုတဲ့ ကျွန်မ နယ်ပယ်မှာသုတေသနပြုတယ်။
ကဲ သင့်ရဲ့ "လူကောင်း"အဓိပ္ပာယ်ဖွင့်ဆိုချက်
သင့်ရဲ့ "လူကောင်း"အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့
အငှားကားမောင်းသူရဲ့
"လူကောင်း"အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ
တူညီတဲ့ ဖွင့်ဆိုချက် မဖြစ်လောက်ပေမဲ့
ကျွန်မတို့ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဘောင်က ဘာဖြစ်ဖြစ်
ကိူယ်ကျင့် လက္ခဏာ အတော်များများ
အတွက် အရေးကြီးပါတယ်။
ကဲ တစ်ဦဦးက ဒါကို စိန်ခေါ်ရင် ကျွန်မတို့
ပြောတဲ့ ပြက်လုံးတစ်ခုအတွက် မေးတာလို
(သို့) ကျွန်မတို့ ပြောလောက်တာက
အလုပ်အင်အားစုက မျိုးတူတွေ
(သို့) စိတ်မချရတဲ့ လုပ်ငန်း
ငွေယိုပေါက်တစ်ခုဆို
ကျွန်မတို့ဟာ အချိန်များစွာ အနီရောင် ဇုန်
ခံစစ်အနေအထားကို ဝင်သွားတယ်။
ဆိုလိုတာက တစ်ခါတစ်ရံမှာ
ဘေးဖယ်ခံရတဲ့ အစုတွေက လူတွေကို
ကူညီရာမှာ (သို့) အလှူခံအဖွဲကို လှူရာမှာ
(သို့) အကျိုးအမြတ်မယူတဲ့အဖွဲ့တွေကို
နာရီများစွာ လုပ်အားပေးရာမှာ
နည်းလမ်းစုံနဲ့ ခေါ်တာပါ။
လူကောင်း လက္ခဏာကို ကာကွယ်ဖို့
ကျွန်မတို့ လုပ်တယ်။
ဒါက လူအများအတွက် အရေးကြီးပါတယ်။
ဒါပေမဲ့ ကျွန်မ ဒါကိုပြောမယ်ဆိုရင်ရော။
ကောင်းတဲ့လူဖြစ်ခြင်းကို တွယ်တာမှုဟာ
ကျွန်မတို့ရဲ့ ပိုကောင်းတဲ့လူဖြစ်ဖို့
လမ်းဆီ ရောက်စေလားလို့
ကျွန်မ ပြောမယ်ဆိုရင်ရော။
"လူကောင်း"ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က
ကျဉ်းမြောင်းလွန်းတယ်လို့ ပြောမယ်ဆိုရင်ရော။
သိပ္ပံနည်းအရတော့ ကိုက်ညီဖို့
မဖြစ်နိင်ဘူးလား။
ပိုကောင်းတဲ့သူဖြစ်ခြင်းရဲ့ လမ်ကြောင်းဟာ
ကောင်းတဲ့သူဖြစ်ခြင်းကို
စွန့်လွှတ်တာနဲ့
အစပြုတယ်လို့ ကျွန်မပြောရင်ရော။
အခု လူ့စိတ် အလုပ်လုပ်ပုံနဲ့ပတ်သက်တဲ့
သုတေသနအကြောင်းရှင်း ပြဖိူ့
နည်းနည်း ပြောခွင့်ပြုပါ။
ဦးနှောက်ဟာ ၎င်းရဲ့အလုပ်များစွာကို
လုပ်ဖို့ ဖြတ်လမ်းတွေကို အားကိုးတယ်။
ဆိုလိုတာက အချိန်များစွာမှာ
သင့်စိတ်ပိုင်းလုပ်ဆောင်မှုတွေဟာ
နိုးကြားမှုရဲ့အပြင်မှာ ဖြစ်ပျက်နေတာပါ၊
သင့်စိတ်ရဲ့အနောက်ဘက်မှာ ဘက်ထရီ
ကျနေတာ၊ စွမ်းအင်စနစ်ကျနေတာမျိုးပါ။
တကယ်တမ်းတော့ ဒါဟာ
နယ်သတ်ထားတဲ့ ဆင်ခြင်မှုရဲ့အဆိုပါ။
နယ်သတ်ထားတဲ့ ဆင်ခြင်မှုဟာ
လူ့စိတ်ဟာ အကန့်အသတ်ရှိတဲ့
သိုလှောင် ရင်းမြစ်တွေ၊
အကန့်အသတ်ရှိတဲ့ လုပ်ဆောင်ခြင်း အစွမ်း
ရှိတယ်ဆိုတဲ့
နိုဗယ်လ်ဆုရ စိတ်ကူးပါ၊
အကျိုးဆက်အနေနဲ့ ၎င်းရဲ့အလုပ်များစွာကို
လုပ်ဖို့ ဖြတ်လမ်းတွေကို အားကိုးတယ်။
ဥပမာအနေနဲ့
တစ်ချို့သိပ္ပံပညာရှင်တွေ ခန့်မှန်းတာက
သတ်မှတ်ချိန်အတွင်း
ပိုကောင်းတယ်၊ နှိပ်၊ ဟုတ်လား။ ရပြီ။
(ရယ်သံများ)
သတ်မှတ်တဲ့အချိန်မှာ
၁၁ သန်းရှိတဲ့ သတင်းအချက်အလက်တွေ
ကျွန်မ စိတ်ထဲကို လာနေတယ်။
တစ်ဆယ့်တစ်သန်းနော်။
ဒီအထဲက ၄၀ ကျော်ငကိုပဲ
သတိရှိရှိ အရေးယူဆောင်ရွက်နေတယ်။
ဒီတော့ ၁၁ သန်း၊ ၄၀။
ဆိုလိုတာက သင်တို့ ဖြစ်ဖူးတယ်မို့လား။
အလုပ်မှာ တကယ် အလုပ်ရှုပ်တဲ့
နေ့တစ်နေ့ ကြုံဖူးလား၊
အိမ်ကို ကာမောင်းပြန်တယ်၊
တံခါးကို အဝင်မှာ
အိမ်ကို ကားမောင်းပြန်လာတာကိုတောင်
သတိမရဘူးဆိုတာ သိလိုက်တယ်၊
မီးစိမ်းလား၊ မီးနီလား ဆိုတာမျိုးတွေပေါ့။
အလိုအလျောက် မောင်းနှင်နေခဲ့တာ
ကို တောင် သတိမရဘူးလေ။
ဒါမှမဟုတ် ရေခဲသေတ္တာဖွင့်ပြီး
ထောပတ်ရှာပါတယ်၊
ထောပတ်မရှိဘူးလို့ ကျိန်ဆဲတယ်၊
ပြီးတော့မှ ထောပတ်က ကိုယ့်ရှေ့မှာ
တစ်ချိန်လုံးရှိနေတာမျိုး ကြုံဖူးလား။
ကျွန်မတို့ကို တခစ်ခစ်ရယ်စေတဲ့
"မြူးပျော်အော်ဟစ်"တဲ့ ကာလမျိုးတွေရှိပြီး
ဒါက ၁၁ သန်းရှိတဲ့ သတင်းအချက်အလက်တွေ
ဝင်လာပြီး ၄၀ လောက်ပဲ
သတိရှိရှိ ကိုင်တွယ်နိုင်တဲ့
ဦးနှောက်တစ်လုံးထဲမှာ ဖြစ်ပျက်တာပါ။
ဒါက နယ်သတ်ထားတဲ့ ဆင်ခြင်မှုရဲ့
နယ်သတ်ထားတဲ့ အပိုင်းပါ။
ဒီနယ်သတ်ထားတဲ့ ဆင်ခြင်မှုပေါ်က
လုပ်ဆောင်မှုက
ကျွန်မနဲ့ ပူပေါင်းဆောင်ရွက်သူတွေဖြစ်တဲ့
Max Bazerman နဲ့ Mahzarin Banaji တို့နဲ့
ကျွန်မလုပ်ခဲ့တဲ့ နယ်သတ်ထားတဲ့
ကိုယ်ကျင့်တရားကို
စေ့ဆော်ပေးတာပါ။
ဒီတော့ ဒါ နယ်သတ်ထားတဲ့
ဆင်ခြင်တုံတရားနဲ့တူတဲ့ အဆိုပါ၊
ကျွန်မတို့မှာ တစ်နည်းမဟုတ်တစ်နည်းနဲ့
နယ်သတ်ထားပြီး
ဖြတ်လမ်းတွေကို
အမှီပြုနေတဲ့ လူ့စိတ်ရှိပြီး
တစ်ခါတစ်ရံ ဒီဖြတ်လမ်းတွေက
ကျွန်မတို့ကို လမ်းလွဲစေတာပါ။
နယ်သတ်ထားတဲ့ ဆင်ခြင်တုံတရားနဲ့
ဖြစ်နိုင်တာက ကုန်စုံဆိုင်က ဝယ်တဲ့
အဟာရ (သို့) ဘုတ််အစည်းအဝေးခန်းမှာ
ကျွန်မတို့ မိတ်ဆက်တဲ့ ထုတ်ကုန်တွေကို
သက်ရောက်စေပါတယ်။
နယ်သတ်ထားတဲ့ ကိုယ်ကျင့်တရားနဲ့ဆို
လူသားစိတ်ဟာ
ဒီအလားတူ လူသားစိတ်ဟာ
ဆုံးဖြတ်ချက်တွေချနေတယ်၊
ဒီမှာတော့ နောက်ထပ် ဘယ်သူ့ကို ခန့်မယ်၊
(သို့) ဘယ်ပြက်လုံးပြောမယ်၊
(သို့) စိတ်မချရတဲ့ လုပ်ငန်း
ဆုံးဖြတ်ချက်ပေါ့။
ဒီတော့ အလုပ်က နယ်သတ်ထားတဲ့
ကိုယ်ကျင့်တရားရဲ့ နမူနာတစ်ခု ပေးပါရစေ။
မရည်ရွယ်တဲ့ ဘက်လိုက်မှုဟာ
နယ်သတ်ထားတဲ့ ကိုယ်ကျင့်တရားရဲ့
သက်ရောက်မှုတွေကို မြင်ရတဲ့ နေရာတစ်ခုပါ။
ဒီတော့ မရည်ရွယ်တဲ့ ဘက်လိုက်မှုဟာ
စိတ်မှာရှိတဲ့ ဆက်စပ်မှုတွေကို ကိုးကားတယ်၊
သတင်းအချက်အလက်တွေကို စုစည်းဖို့
သင့်ဦးနှောက်က သုံးနေတဲ့ ဖြတ်လမ်းတွေပါ၊
အတော် ဖြစ်နိုင်တာက သင့်သတိမူမိတာရဲ့အပြင်က
သင့် သတိထားမိတဲ့ ယုံကြည်မှုတွေနဲ့
သေချာပေါက် တစ်တန်းတည်းမရှိတာပါ၊
သုတေသီတွေဖြစ်တဲ့ Nosek, Banaji နဲ့
Greenwald တို့ဟာ
သန်းချီတဲ့ လူတွေဆီက အချက်အလက်တွေကို
ကြည့်ရှုခဲ့ကြပြီး
နမူနာအနေနဲ့ သူတို့တွေ့ရှိတာက
အမေရိကန် လူဖြူအများစုဟာ
လူမည်းတွေ၊ ကောင်းတာတွေနဲ့စာရင်
လူဖြူတွေ၊ ကောင်းတာတွေနဲ့
ပိုပြီးလျင်မြန်၊
လွယ်ကူစွာ ဆက်စပ်နိုင်ကြပြီး
ယောက်ျား၊ မိန်းမ အများစုဟာ မိန်းမနဲ့
သိပ္ပံပညာထက် ယောက်ျားနဲ့ သိပ္ပံပညာကို
ပိုပြီးလျင်မြန်၊ လွယ်ကူစွာ
ဆက်စပ်နိုင်ကြတာပါ။
ဒီဆက်စပ်မှုတွေဟာ လူတွေ
သိစိတ်ရှိရှိ တွေးတာနဲ့
သေချာပေါက် တစ်တန်းတည်း ကျမနေဘူး။
တကယ်တော့ သူတို့မှာ သာတူညီမျှမှု
ရှိနိုင်လောက်ပါတယ်၊
ဒီတော့ တစ်ခါတစ်ရံမှာ ဒီ ၁၁ သန်းနဲ့
ဒီ ၄၀ ဟာ တစ်တန်းတည်း ကျနေတယ်။
ဟောဒီမှာ နောက် နမူနာတစ်ခု၊
စိတ်ဝင်စားမှုရဲ့ ဝိရောဓိတွေပါ။
ဒီတော့ ကျွန်မတို့ဟာ လက်ဆောင်လေးတစ်ခုရဲ့
တန်ဖိုးကို လျှော့တွက်တတ်ကြတယ်၊
ဘောပင်တစ်ချောင်း (သို့) ညစာကို
စိတ်ကူးကြည့်ပါ၊
လက်ဆောင်လေးဟာ ဆုံးဖြတ်ချက်ချရာမှာ
ဘယ်လောက် သက်ရောက်မှုရှိနိုင်လဲ။
လက်ဆောင်ပေးသူရဲ့အမြင်ကို ထောက်ခံ့ဖို့
အထောက်အထားကို ကျွန်မတို့စိတ်က
မရည်ရွယ်ဘဲ တန်းစီနေတာ
ကျွန်မတို့ မသိကြဘူး၊
ဓမ္မဓိဋ္ဌာန်ကျဖို့၊ ပညာရှင်ပီသဖို့
ဘယ်လောက်ပဲ သတိရှိရှိ ကြိုးစားနေနေပါ။
ကောင်းတဲ့လူဖြစ်တာကို တွယ်တာကြပေမဲ့
နယ်သတ်ထားတဲ့ ကိုယ်ကျင့်တရားကိုလည်း
ကျွန်မတို့ မြင်ပါတယ်၊
ကျွန်မတို့ အမှားတွေကို လုပ်နေဆဲပါ၊
တစ်ခါတစ်ရံ လူတွေကို နာကျင်စေတဲ့၊
အကောင်းဆုံး ကြိုးစားပေမဲ့
တစ်ခါတစ်ရံ မတရားမှုကို
အားပေးတဲ့
အမှားတွေ ကျွန်မတို့လုပ်မိကြပြီး
အမှားတွေကနေ သင်ယူတာထက်
ဒါတွေကို ဆင်ခြေပေးကြပါတယ်။
ဆိုပါစို့ ဥပမာအဖြစ်
ကျွန်မရဲ့အတန်းထဲက ကျောင်းသူ
တစ်ယောက်ဆီကနေ အီးမေးရတဲ့အခါ၊
ရေးထားတာက ကျွန်မ တာဝန်းပေးထားတဲ့
နှစ်ချီပြီး ကျွန်မ တာဝန်းပေးခဲ့တဲ့
ဖတ်စာက
လိင်ခွဲခြားမှုတဲ့။
(သို့) လူမျိုးတူတဲ့ ကျွန်မအတန်းထဲက
ကျောင်းသားနှစ်ယောက်ကို
ရောထွေးတဲ့အခါ
ဘာမှ မတူဘူးနော်၊
လူတိုင်းရဲ့ရှေ့မှာ တစ်ခါမက
သူတို့အချင်းချင်းကို ရောထွေးတဲ့အခါမှာပါ။
ဒီအမှားမျိုးတွေက ကျွန်မတို့ကို၊
ကျွန်မကို အနီရောင် ဇုန်
ခံစစ်အနေအထားဆီ
ပို့ပေးတယ်။
ဒီလူကောင်း လက္ခဏာအတွက်
တိုက်ခိုက်ရေးမှာ ကျွန်မတို့ကိုထားခဲ့တယ်။
ဒါပေမဲ့ Mary Kern နဲ့ တွဲလုပ်နေတဲ့ နယ်သတ်
ကိုယ်ကျင့်တရား နောက်ဆုံးအလုပ်က ဆိုတာက
ကျွန်မတို့ဟာ အမှားတွေကို လုပ်လေ့ရှိရုံသာမက
ဒီအမှားတွေဘက်ဆီ ယိမ်းယိုင်မှုဟာ
ကျွန်မတို့ဟာ အနီရောင် ဇုန်နဲ့
ဘယ်လို နီးကပ်နေပုံမှာလည်း မူတည်တယ်တဲ့။
ဒီတော့ အချိန်အများစုမှာ လူကောင်း လက္ခဏာကို
ဘယ်သူကမှ စိန်ခေါ်နေတာမဟုတ်တော့
ကိုယ့်ဆုံးဖြတ်ချက်တွေရဲ့
ကိုယ်ကျင့်ပိုင်း
ဂယက်ရိုက်မှုတွေအကြောင်း သိပ် တွေးမနေကြပဲ
ကျွန်မတို့ဟာ အချိန်အများစုမှာ
နည်းနည်းလာတဲ့ ကိုယ်ကျင့် အပြုအမူဘက်ဆီ
တလိပ်လိပ် ရစ်တက်နေတယ်ဆိုတယ်လို့
ကျွန်မတို့ရဲ့ ပုံစံကပြသတယ်။
တစ်ဘက်မှာ တစ်ဦးက ကိုယ့်
ကိုယ်ပိုင်လက္ခဏာကိုစိန်ခေါ်နိုင်တယ်၊
(သို့) ပြန်ပြောင်းသုံးသပ်ချက်မှာ
ဒါကို ကိုယ်တိုင် စိန်ခေါ်နေလောက်တယ်။
ဒီတော့ ဆုံးဖြတ်ချက်တွေရဲ့ကိုယ်ကျင့်ပိုင်း
ဂယက်ရိုက်မှုတွေက အဓိကကျလာတယ်။
ဒီဖြစ်ရပ်တွေမှာ ကျွန်မတို့ဟာ ပိုပိုများတဲ့
လူကောင်း အပြုအမူဘက်ဆီ တလိပ်လိပ် ရစ်တက်တယ်၊
(သို့) ပိုတိကျရမယ်ဆို
လူကောင်းတစ်ဦးလို ခံစားမိစေတဲ့
အပြုအမူဘက်ဆီ ပိုပိုများသွားတာပေါ့၊
တကယ်ကျတော့ ဒါက အမြဲတော့ မတူဘူးလေ။
နယ်သတ်ထားတဲ့ ကိုယ်ကျင့်တရားနဲ့
စိတ်ကူးဆိုတာက
ကျွန်မတို့ရဲ့ အတွင်းစိတ်
သံလိုအိမ်မြှောင်ဟာ
ကိုယ်ကျင့်ပိုင်း ဆုံးဖြတ်ချက်တွေမှာပါနေတဲ့
အရေးပါမှုကို ပိုခန့်မှန်းနေလောက်တာပါ။
ကျွန်မတို့ရဲ့ ကိုယ်ကျိုးကြည့်မှုက
ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်တွေကို
ဘယ်လောက် တွန်းအားပေးနေတာ
ပိုခန့်မှန်းနေတာဖြစ်လောက်ပြီး
လူကောင်းတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ်
အမြင်က ဘယ်လောက် ကိုယ့်အပြုအမူကို
ထိခိုက်နေတာကို နားမလည်တာ
ဖြစ်လောက်တယ်။
တကယ်တမ်းက ဒီလူကောင်းလက္ခဏာကို
ကာကွယ်ဖို့၊ ဒါကို အနီရောင် ဇုန်ကနေ
ရှောင်နေဖို့ ကြိုးစားနေတာပါ
အမှားတွေကနေ သင်ယူဖို့၊
တကယ် ပိုကောင်းသူတွေဖြစ်ဖို့
ကိုယ့်ကိုယ်ကိုယ် တကယ်
နေရာပေးမနေတာပါ။
ဖြစ်နိုင်တာက ဒါက
လွယ်မယ်လို့ မျှော်လင့်ကြလို့ပါ။
ဒီတစ်ခုမဟုတ်၊ တစ်ခုဆိုတဲ့ ကောင်းတဲ့လူရဲ့
အဓိပ္ပါယ်သတ်မှတ်ချက် ကျွန်မတို့မှာရှိတယ်။
သင်ဟာ လူကောင်းတစ်ယောက်
(သို့) ဟုတ်ချင်မှဟုတ်မယ်ပေါ့။
သင့်မှာ ဂုဏ်သိက္ခာရှိတယ်
(သို့) မရှိဘူးပေါ့။
သင်ဟာ လူမျိုးရေးခွဲခြားသူ၊ လိင်ခွဲခြားသူ၊
လိင်တူဆက်ဆံမှု မုန်းသူ(သို့)မဟုတ်ဘူးပေါ့။
ဒီတစ်ခုမဟုတ်၊ တစ်ခု အဓိပ္ပါယ်
သတ်မှတ်ချက်မှာ တိုးပွားဖို့ နေရာမရှိဘူး။
ဒါနဲ့ စကားမစပ်
ဒါက ဘဝရဲ့အများစု အစိတ်အပိုင်း
တွေမှာကျွန်မတို့လုပ်တာ မဟုတ်ဘူး။
ဘဝ၊ စာရင်းကိုင်တတ်ဖို့လိုရင်
စာရင်းကိုင်သင်တန်း တက်ရမှာပေါ့။
(သို့) မိဘတစ်ဦးဖြစ်လာရင်
စာအုပ်တစ်အုပ်ကောက်ပြီး
ဒီအကြောင်းဖတ်တယ်။
ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတယ်၊
အမှားတွေကနေ သင်ယူတယ်၊
အသိသုတကို ခေတ်မီအောင်လုပ်တယ်၊
ပိုကောင်းအောင် ဆက်လုပ်တယ်။
ဒါပေမဲ့ လူကောင်းတစ်ယောက်ဖြစ်လာဖို့ကျတော့
ဒါဟာ ကြိုးစားမှု (သို့) တိုးပွားမှုရဲ့
အကျိုးကျေးဇူးမပါပဲ
ကိုယ်သိသင့်တဲ့၊ကိုယ်လုပ်သင့်တဲ့
တစ်ခုခုလို့ ထင်ကြတယ်။
ဒီတော့ ကျွန်မ တွေးနေခဲ့တာက
ကောင်းတဲ့လူဖြစ်ခြင်းဆိုတာကို မေ့ပြီး
ဒါကို စွန့်လွှတ်လိုက်ကာ
ဒီအစား ပိုမြင့်တဲ့ အဆင့်အတန်းတစ်ခု၊
ကောင်းသလိုလိုဖြစ်ခြင်းရဲ့
ပိုမြင့်တဲ့ အဆင့်အတန်းတစ်ခုဆိုရင်ရော။
ကောင်းသလိုလိုလူဟာ အမှားတွေ
လုပ်ဆဲဆိုတာ အသေအချာပါ။
ကောင်းသလိုလိုလူ အဖြစ်နဲ့
ဒါတွေကို ကျွန်မ တစ်ချိန်လုံးလုပ်နေတယ်။
ဒါပေမဲ့ ကောင်းသလိုလိုလူ အဖြစ်နဲ့ ဒါတွေကို
သင်ယူဖို့၊ ဝန်ခံဖို့ ကြိုးစားနေတယ်။
ဒါတွေကို မျှော်လင့်ပြီး
ဒါတွေနောက်ကို လိုက်တယ်။
ဒီအမှားတွေအတွက် ပေးဆပ်မှုတွေရှိတာ
ကျွန်မ နားလည်တယ်။
ကျင့်ဝတ်၊ ဘက်လိုက်မှု၊ ထွေပြားမှုနဲ့
ပါဝင်မှုလို ကိစ္စရပ်တွေနဲ့ ဆိုင်လာတဲ့အခါ
တကယ့်လူတွေအတွက်
တကယ့်ပေးဆပ်မှုတွေရှိပါတယ်၊
ဒါကို ကျွန်မ လက်ခံပါတယ်။
အမှန်က ကောင်းသလိုလိုလူ ဖြစ်တဲ့အတွက်
ကိုယ်ပိုင်အမှားတွေကို
သတိပြုမိရာမှာ ပိုတော်လာတယ်။
လူအများက ဒါတေွကိုထောက်ပြတာကို
ကျွန်မ မစောင့်ဘူး။
ဒါတွေကို ရှာတွေ့ဖို့ လေ့ကျင့်တယ်၊
အကျိုးဆက်အနေနဲ့က...
သေချာတာပေါ့၊ တစ်ခါတစ်လေ
အနေခက်နိုင်တယ်၊
ကသိကအောက်ဖြစ်နိုင်ပါတယ်။
တစ်ခါတစ်လေ ကိုယ်တိုင် ခုခံနိုင်စွမ်း
မရှိတဲ့ နေရာတစ်ခုထဲရောက်သွားတယ်။
ဒါပေမဲ့ ဒီခံနိုင်ရည်မရှိမှုကနေ
ပိုကောင်းဖို့ ကျွန်မတို့ ကြိုးစားခဲ့ဖူးတဲ့
အရာတိုင်းလိုပဲ
တိုးတက်မှုကို မြင်ရတယ်။
ကြီးထွားမှုကို မြင်ရတယ်။
ကိုယ့်ကိုယ်ကို ပိုကောင်းခွင့်ပေးတယ်။
ဘာလို့ ဒါကို ကိုယ့်ကိုယ်ကိုယ် မပေးရမှာလဲ။
ကျွန်မတို့ဘဝရဲ့ အခြားအပိုင်းတွေတိုင်းမှာ
ဖွံ့ဖြိုးစေဖို့ ကိုယ့်ဘာသာ နေရာပေးကြတယ်၊
ဒီတစ်ခုကလွဲရင်ပေါ့လေ၊
ဒါက အရေးပါဆုံးနေရာပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)