ဘာလို့ကျွန်တော်တို့အားလုံးစိတ်ခံစားမှုဆိုင်ရာအခြေခံအတတ်ပညာကိုလေ့ကျင့်ဖို့လိုအပ်တာလဲ
-
0:03 - 0:06ကျွန်တော်ဟာ တစ်ယောက်ကိုတစ်ယောက်
အရမ်းချစ်ကြတဲ့ -
0:06 - 0:09အမြွာညီအစ်ကိုတစ်ယောက်နဲ့
အတူတူကြီးပြင်းခဲ့ပါတယ်။ -
0:09 - 0:13အမြွာအဖြစ်ကြီးပြင်းခဲ့ရတဲ့ကျွန်တော်ဟာ
-
0:13 - 0:16အခုဆိုရင် ဘက်လိုက်ခြင်းကို
ရှာဖွေတဲ့နေရာမှာဆရာတစ်ဆူဖြစ်နေပါပြီ။ -
0:17 - 0:21သူ့ရဲ့ကွတ်ကီးတွေဟာကျွန်တော့်ထက်
နည်းနည်းလေးပိုကြီးနေခဲ့ရင် -
0:22 - 0:23ကျွန်တော်မှာ မေးခွန်းတေွရှိတယ်
-
0:23 - 0:26ရှင်းနေတာက ဆာနေလို့တော့မဟုတ်ပါဘူး
-
0:26 - 0:28(ရယ်သံများ)
-
0:29 - 0:33ကျွန်တော်စိတ်ပညာရှင်တစ်ယောက်ဖြစ်လာတော့
သူမတူတဲ့ဘက်လိုက်နည်းတစ်ခုကို -
0:33 - 0:35စတင်သတိထားမိလာတယ်
-
0:35 - 0:40ဘယ်လိုလဲဆိုတော့-လူတွေဟာ စိတ်ထက်
ကိုယ်ခန္ဓာကို ပိုပြီးတန်ဖိုးထားကြတယ်။ -
0:40 - 0:46ကျွန်တော်ဟာစိတ်ပညာပါရဂူဘွဲ့အတွက်
တက္ကသိုလ်မှာကိုးနှစ်တာပညာဆည်းပူးခဲ့တယ်။ -
0:46 - 0:50လူတွေက ကျွန်တော်လိပ်စာကဒ်ကိုကြည့်ပြီး
-
0:51 - 0:55အိုး..စိတ်ပညာရှင်ပဲဆရာဝန်အစစ်မှမဟုတ်ဘဲ
လို့ ဘယ်နှစ်ယောက်တောင်ပြောကြမလဲမသိဘူး -
0:56 - 0:58တကယ်တော့လိပ်စာကဒ်ကို
ဒီလိုရေးထားသင့်တာ -
0:58 - 1:01[Dr. Guy Winch, စိတ်ပညာရှင်
(ဆရာဝန်အစစ်မဟုတ်)] -
1:01 - 1:02(ရယ်သံများ)
-
1:03 - 1:07ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကို စိတ်ထက်
ဘက်လိုက်အသားပေးနေတာကို -
1:07 - 1:09ကျွန်တော်နေရာတိုင်းမှာတွေ့ရတယ်
-
1:10 - 1:11ဟိုတလောက
သူငယ်ချင်းအိမ်ကိုရောက်တော့ -
1:11 - 1:14သူတို့ရဲ့ငါးနှစ်အရွယ်ကလေးက
အိပ်ရာဝင်ဖို့ပြင်ဆင်နေတယ် -
1:14 - 1:18ကလေးဟာ မျက်နှာသစ်ဘေစင်ရှေ့ခုံပေါ်
မတ်တပ်ရပ်သွားတိုက်နေတုန်း -
1:18 - 1:21ခုံပေါ်ကချော်ကျပြီး
သူ့ရဲ့ခြေထောက်က ခုံနဲ့ခြစ်မိသွားတယ်ကလေးက -
1:22 - 1:25ခဏလောက်ငိုသွားပါတယ်
နောက် ပြန်ထလာတယ်။ -
1:25 - 1:29ခုံပေါ်ပြန်တက်ပြီး
အနာကပ်ပလာစတာရှိတဲ့ပုံးကိုယူတယ် -
1:29 - 1:30ပလာစတာ ၁ခုယူပြီး
သူ့အနာပေါ်ကပ်လိုက်တယ် -
1:31 - 1:35ကောင်းလေးက ဖိနပ်ကြိုးကို
ချည်ချင်မှ ချည်တတ်လိမ့်မယ် -
1:35 - 1:39ဒါပေမဲ့ သူကအနာကိုအုပ်ထားရမယ်ဆိုတာ
သိပါတယ် ဒါမှ အနာပိုးမဝင်မှာလေ -
1:39 - 1:43နောက်ပြီး သင်တို့ရဲ့သွားကို ဂရုစိုက်လို့
တစ်နေ့နှစ်ကြိမ်သွားတိုက်တယ် -
1:43 - 1:46ကျွန်တော်တို့ကိုယ်ခန္ဓာကျန်းမာဖို့
ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာရယ် -
1:46 - 1:49သွားကျန်းမာဖို့ဘယ်လိုပြုမူရမယ်ဆိုတာ
သိကြတယ်ဟုတ်။ -
1:49 - 1:52ကျွန်တော်တို့တွေဟာ ငါးနှစ်သားလောက်ကတည်းက
ဒါတွေကိုသိခဲ့ကြတယ် -
1:52 - 1:57ဒါပေမယ့်စိတ်ကျန်းမာရေးကိုဘယ်လို
ထိန်းသိမ်းရမယ်ဆိုတာသိကြပါသလား။ -
1:57 - 1:59အဖြေကတော့ ရှင်းပါတယ်။
မသိခဲ့ပါဘူး။ -
2:00 - 2:04ကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအတွက်
ကျွန်တော်တို့ဘာတွေသင်ကြားပေးလဲ။ -
2:05 - 2:06ဘာမှမသင်ကြားပေးပါဘူး။
-
2:07 - 2:11စိတ်ကိုဂရုစိုက်တာထက်
သွားကိုဂရုစိုက်တဲ့အချိန်တွေ -
2:12 - 2:13ပိုများနေတော့ဘာဖြစ်လဲ။
-
2:14 - 2:19စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထက်
ကိုယ်ခန္ဓာကျန်းမာရေးက -
2:19 - 2:21ကျွန်တော်တို့အတွက်ဘာလို့ပိုအရေးကြီးနေတာလဲ။
-
2:21 - 2:26ကျွန်တော်တို့ဟာရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေ
ထက် စိတ်ဒဏ်ရာတွေကို ပိုခံစားရပါတယ် -
2:26 - 2:30စိတ်ဒဏ်ရာဆိုရာမှာကျရှုံးမှု၊ငြင်းပယ်ခံရမှု
အထီးကျန်မှု မျိုးတွေဖြစ်နိုင်တယ် -
2:30 - 2:34အဲ့ဒါကိုမှ လစ်လျှူရှုမယ်ဆို
သူတို့ခံစားနေရတာပိုဆိုးလာလိမ့်မယ် -
2:34 - 2:37ဒါအပြင်သူတို့ဟာကျွန်တော်တို့၏လူနေမှုကိုပါ
သိသိသာသာထိခိုက်နိုင်ပါတယ် -
2:37 - 2:41အဲ့လိုစိတ်ဒဏ်ရာတွေကိုကုစားဖို့
အသုံးပြုနိုင်တဲ့သိပ္ပံနည်းကျရှာဖွေထားသော -
2:41 - 2:45နည်းလမ်းတွေရှိတာတောင်မှ
ကျွန်တော်တို့အသုံးပြုဖို့ -
2:46 - 2:47ဝန်လေးနေကြပါတယ်။
-
2:47 - 2:50ကျွန်တော်တို့ဟာ ဖြစ်သင့်တာတွေလည်း
ဖြစ်မလာတတ်ပါဘူး။ -
2:50 - 2:54"အိုး..စိတ်ညစ်နေတာလား၊ခါထုတ်ပစ်လိုက်စမ်းပါ
ဒါတွေကသင့်ဦးနှောက်ထဲကဖြစ်နေတာပါ" -
2:55 - 2:58ခြေကျိုးနေတဲ့သူတစ်ယောက်ကို
သင်ဒီလိုပြောဖို့စိတ်ကူးဖူးလား။ -
2:58 - 3:01"လမ်းလျှောက်လိုက်စမ်းပါ၊
ကျိုးတယ်ဆိုတာခြေထောက်ထဲမှာဖြစ်နေတာပါ"လို့ -
3:01 - 3:03(ရယ်သံများ)
-
3:03 - 3:06ကိုယ်ခန္ဓာနဲ့စိတ်ကျန်းမာရေးကြားဟနေတဲ့
-
3:06 - 3:09ကွက်လပ်ကလေးကိုပြန်ဖြည့်ဖို့အချိန်တန်ပါပြီ။
ကိုယ်ခန္ဓာ နဲ့ -
3:09 - 3:11စိတ်ကျန်းမာရေးကို
တန်းတူထားဖို့အချိန်ကျပါပြီ။ -
3:12 - 3:14အမြွာတွေလိုပေါ့
-
3:15 - 3:19ပြောရင်းနဲ့မှ ကျွန်တော့်
အမြွာညီ ကလည်း စ်တ်ပညာရှင်ပဲ -
3:19 - 3:21ဒါဆို သူလည်းဆရာဝန်အစစ်မဟုတ်ဘူးပေါ့
-
3:21 - 3:23(ရယ်သံများ)
-
3:24 - 3:26ကျွန်တော်တို့က
တူတူသင်ယူခဲ့ရတာမဟုတ်ပါဘူး -
3:26 - 3:30ကျွန်တော့်ဘဝမှာအခက်ခဲဆုံးလုပ်ခဲ့ရတာက
-
3:30 - 3:33စိတ်ပညာပါရဂူဘွဲ့အတွက်
အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး -
3:33 - 3:35နယူးယောက်မြို့ကိုသွားရတာပါပဲ
-
3:36 - 3:39ကျွန်တော်တို့ဘဝမှာ ပထမဆုံးအကြိမ်
ခွဲခွာရခြင်းဖြစ်ခဲ့တယ် -
3:39 - 3:42အဲဒီလိုခွဲခွာရခြင်းဟာ ကျွန်တော်တို့
၂ယောက်လုံးအတွက်စိတ်မအီမသာဖြစ်စေတယ် -
3:42 - 3:46ဒါပေမယ့် သူကတော့ မိသားစုတွေ
သူငယ်ချင်းတွေနဲ့ကျန်ခဲ့ပါတယ် -
3:46 - 3:48ကျွန်တော်တော့နိုင်ငံခြားမှာ
တစ်ယောက်တည်း -
3:48 - 3:50ကျွန်တော်တို့ဟာတစ်ဦးကိုတစ်ဦး
အရမ်းလွမ်းကြပါတယ် -
3:50 - 3:53သို့သော် နိုင်ငံခြားဖုန်းခေါ်ဆိုခတွေက
စျေးကြီးတော့ -
3:53 - 3:58ကျွန်တော်တို့ဟာ ရက်သတ္တပတ်၁ပတ်ကို
၅မိနစ်ပဲဖုန်းပြောဖို့ တတ်နိုင်ပါတယ်။ -
3:58 - 4:00ကျွန်တော်တို့မွေးနေ့ရောက်လာတော့
-
4:00 - 4:03ပထမဆုံးအကြိမ်မွေးနေ့တူတူမကျင်းပရဘူးပေါ့
-
4:03 - 4:04ဒါကြောင့် ပုံအောပြီးဖုန်းကို
-
4:04 - 4:06ဒီတပတ် ၁ဝမိနစ်ကြာအောင်ပြောကြမယ်
ဆုံးဖြတ်ကြတယ် -
4:06 - 4:07(ရယ်သံများ)
-
4:07 - 4:12မနက်ခင်းကျတော့ အခန်းထဲမှာ
ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း -
4:12 - 4:14သူဖုန်းခေါ်လာမှာကိုစောင့်နေတယ်
-
4:14 - 4:15စောင့်နေတယ်...
-
4:16 - 4:17ဒါပေမဲ့ ဖုန်းမလာခဲ့ပါဘူး
-
4:18 - 4:20စံတော်ချိန်ကွာနေလို့
ကျွန်တော်ဒီလိုယူဆလိုက်တယ် -
4:20 - 4:23"အိုကေ ဘော်ဒါတွေနဲ့ထွက်လည်နေတာ
နေမှာ ပြီးရင်သူဆက်မှာပေါ့" -
4:23 - 4:25ဖုန်းမရှိသေးလို့နေမှာပါ လို့
-
4:25 - 4:27ဒါပေမဲ့ သူ့ဆီကဖုန်းမလာပါဘူး။
-
4:27 - 4:32ဒါနဲ့ ဆယ်လတာဝေးကွာနေခဲ့ပြီး
ကျွန်တော်စတင်သတိထားမိတာလာက -
4:32 - 4:35ကျွန်တော်လွမ်းနေသလောက်
သူမလွမ်းဘူးဆိုတာပဲ -
4:36 - 4:39မနက်မှာဖုန်းခေါ်မယ်လို့သိနေပေမဲ့
-
4:39 - 4:43အဲဒီညဟာကျွန်တော့်ဘဝအတွက်ဝမ်းအနည်းဆုံးနဲ့
အကြာဆုံးညတွေထဲကညတစ်ညဖြစ်ခဲ့တယ် -
4:45 - 4:47နောက်နေ့မနက်အိပ်ရာနိုးလာပြီး
-
4:47 - 4:48ဖုန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့
-
4:48 - 4:51မနေ့ကဟိုဟိုဒီဒီလမ်းလျှောက်ရင်း
ဖုန်းကြိုးကိုတိုက်မိသွားတာ -
4:51 - 4:53တွေ့လိုက်တယ်
-
4:55 - 4:56အိပ်ရာကနေချက်ချင်းထ
-
4:56 - 5:00၁စက္ကန့်ကြာတော့
ဖုန်းမြည်လာတယ် -
5:00 - 5:01ကျွန်တော့်ညီဆီကဖုန်းပေါ့
-
5:01 - 5:03ဟုတ်တယ်
ဒီကောင်မူးများမူးနေလားမသိဘူး -
5:03 - 5:05(ရယ်သံများ)
-
5:05 - 5:09သူ့ဘဝအတွက်လည်း ဝမ်းအနည်းဆုံးနဲ့
အကြာဆုံးသောညဖြစ်ခဲ့တာပဲ။ -
5:09 - 5:12ဘာဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြဖို့
ကြိုးစားနေတုန်းသူက -
5:12 - 5:13"ငါဖုန်းမခေါ်မှန်းသိရင်
-
5:13 - 5:15မင်းကဘာလို့
ငါ့ဆီကိုဖုန်းမဆက်လာတာလဲ -
5:15 - 5:18ငါနားမလည်ဘူး"
လို့ပြောတယ် -
5:19 - 5:20သူမှန်တယ်လေ
-
5:21 - 5:23ကျွန်တော်ဘာလို့သူဆီ
ဖုန်းမဆက်ခဲ့မိပါလိမ့်? -
5:23 - 5:25ကျွန်တော့်အတွက်အဖြေမရှိခဲ့ပါဘူး။
-
5:26 - 5:27သို့သော်
ဒီနေ့တော့ဖြေနိုင်ပါပြီ -
5:27 - 5:28ရိုးရိုးလေးပါပဲ။
-
5:30 - 5:31အထီးကျန်ဆန်မှု။
-
5:32 - 5:36အထီးကျန်ဆန်တာကနက်ရှိုင်းတဲ့
စိတ်ဒဏ်ရာတစ်ခုအဖြစ်ဖန်တီးပါတယ် -
5:36 - 5:40အဲ့ဒဏ်ရာက အသိအမြင်တွေဝေဝါးစေတယ်
အတွေးအခေါ်တွေ ရောထွေးစေတယ် -
5:40 - 5:45အထီးကျန်ဆန်တာဟာ ပတ်ဝန်းကျင်က
တကယ်ဂရုစိုက်ပေမယ့် ဂရုမစိုက်ဘူးလို့ -
5:46 - 5:48ငါတို့စိတ်ကိုအယုံသွင်းပါတယ်
အထီးကျန်ဆန်တာကသင့်နှလုံးသားကို -
5:48 - 5:52ခံနိုင်တာထက်ပိုပြီးနာကျင်လာရတဲ့အခါ
ငြင်းဆန်မှုတွေ စိတ်နှလုံးပူဆွေးမှုတွေက -
5:52 - 5:56သင့်ကိုလွမ်းခြုံလိုက်တော့
လူတွေနဲ့ဆက်ဆံရမှာကိုကြောက်လာစေတယ် -
5:56 - 6:00ကျွန်တော်ဟာတကယ်ကို
အထီးကျန်ဆန်ခဲ့ရတယ်ဆိုပေမယ့် -
6:00 - 6:03အချိန်တိုင်းလူတွေကကျွန်တော့်အနားမှာရှိပေး
နေကြတော့လူတွေနဲ့ထိတွေရမှာမကြောက်တော့ဘူး -
6:04 - 6:08သို့သော် အထီးကျန်ဆန်မှုကို ကိုယ့်ဘာသာကိုယ်
အဓိပ္ပာယ်ဖွင့်ကြည့်တော့ -
6:08 - 6:14အထီးကျန်တာဟာ သင်က သင့်ရဲ့ပတ်ဝန်းကျင်ကို
ခံစားချက်အရ သို့ လူမှုရေးအရ -
6:14 - 6:15အဆက်အသွယ်ဖြတ်တောက်တာပါပဲ
-
6:15 - 6:17ကျွန်တော်လည်းလုပ်ခဲ့တယ်
-
6:17 - 6:23အထီးကျန်ဆန်မှုအတွက်သုတေသနစာတမ်းတွေ
အများကြီးရှိပါတယ် နောက်ပြီးအားလုံးက -
6:23 - 6:26ကြောက်စရာကောင်းနေတယ်
အထီးကျန်ဆန်တာကစိတ်မအီမသာရုံလေးမဟုတ်ဘူးနော် -
6:26 - 6:27သင့်အသက်ကိုပါနုတ်သွားနိုင်တယ်
-
6:28 - 6:29ကျွန်တော် စနေတာမဟုတ်ဘူးနော်
-
6:29 - 6:33နာတာရှည်အထီးကျန်ဆန်နေသူက
စောစောသေဖို့ -
6:33 - 6:34၁၄ရာနှုန်းပိုများပါတယ်
-
6:35 - 6:36တစ်ဆယ့်လေးရာခိုင်နှုန်းပါ
-
6:37 - 6:39အထီးကျန်ဆန်မှုဟာ သွေးကိုတိုးစေတယ်
-
6:39 - 6:41သွေးတွင်းအဆီဓာတ်တွေများစေပါတယ်
-
6:41 - 6:45ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအားစနစ်ကိုတောင်
ဖိနှိပ်ကာ -
6:45 - 6:49ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်ပေးနေသေးတယ်
-
6:49 - 6:52တကယ်တော့
အားလုံးပေါင်းပြီးနိဂုံးချုပ်ပြောရရင် -
6:52 - 6:56နာတာရှည်အထီးကျန်ဆန်နေသူဟာ
သူ့ရဲ့ရေရှည်ကျန်းမာရေးအတွက်ကော -
6:56 - 6:59အသက်ရှည်ဖို့အတွက်ပါ
စီးကရက်သောက်တာလောက်နီးနီး -
6:59 - 7:00အန္တရာယ်များပါတယ်
-
7:00 - 7:05အခုဆိုဆေးလိပ်ဗူးတွေမှာ သင့်ကိုသေစေနိုင်တယ်
လို့သတိပေးစာတွေကပ်ထားပါတယ် -
7:05 - 7:07ဒါပေမယ့် အထီးကျန်ဆန်မှုမှာတော့မကပ်ထားဘူး
-
7:07 - 7:09ဒါမို့ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ
-
7:09 - 7:12ကျန်းမာရေးကို
ဦးစားပေးဖို့အရေးကြီးတာပေါ့ -
7:12 - 7:15စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့
ကျွန်တော်တို့လေ့ကျင့်ရပါတယ် -
7:15 - 7:18ဘာကြောင့်လဲဆိုတော့
စိတ်ဒဏ်ရာကိုကျွန်တော်တို့မကုသနိုင်ဘူးလေ -
7:18 - 7:22အကယ်၍သင်စိတ်ဒဏ်ရာရတာလုံး၀မသိခဲ့ဘူးဆိုရင်
ခံစားချက်ပိုင်းဆိုင်ရာနာကျင်မှုကိုသတိရပါ -
7:22 - 7:25အထီးကျန်ဆန်မှုဟာ
ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကို -
7:25 - 7:28ကောက်ကွေးစေရုံတင်မကဘူး
ကျွန်တော်တို့ကိုပါအမှားတွေလုပ်မိစေတယ် -
7:29 - 7:31ရှုံးနိမ့်မှုကလည်းအလားတူပါပဲ။
-
7:32 - 7:34ကျွန်တော်ကလေးထိန်းကျောင်းတစ်ခုကို
သွားလည်တော့ -
7:34 - 7:39ကလေးသုံးယောက်ဟာ တူညီတဲ့
ပလပ်စတစ်ရုပ်လေးတွေနဲ့ကစားနေတာတွေ့ခဲ့တယ် -
7:39 - 7:43အနီရောင်ခလုပ်လေးကိုတွန်းလိုက်ရင်
ချစ်စရာခွေးရုပ်လေးထွက်လာတယ် -
7:44 - 7:48မိန်းကလေးတစ်ယောက်က ခရမ်းရောင်ခလုပ်ကို
ဆွဲလိုက်တွန်းလိုက်လုပ်နေတယ် -
7:48 - 7:51ပြီးတော့ထိုင်ချလိုက်ပြီး
အောက်နှုတ်ခမ်းတုန်တုန်နဲ့ -
7:51 - 7:53အရုပ်ကိုကြည့်နေတယ်
-
7:53 - 7:56သူ့ဘေးနားကကောင်လေးကတော့
သူ့ရဲ့ဖြစ်ပျက်ပုံကိုကြည့်နေပြီး -
7:56 - 8:00သူ့အရုပ်ပေါ်ကခလုပ်တွေကိုနှိပ်ကြည့်မနေ
တော့ဘဲ မျက်ရည်ပေါက်ပေါက်ကျအောင်ငိုတော့တယ် -
8:01 - 8:05အဲ့အချိန်မှာ နောက်ကောင်မလေးတစ်ယောက်က
အနီရောင်ခလုပ်ကို တွန်းမမိမချင်း -
8:05 - 8:06သူနားလည်သမျှကြိုးစားနေပါတယ်
-
8:06 - 8:10ချစ်စရာခွေးရုပ်လေးထွက်လာတော့
ပျော်ရွှင်စွာအော်ဟစ်ပါလေရော -
8:10 - 8:14ဒါကြောင့် တူညီတဲ့ပလပ်စတစ်ရုပ်တွေနဲ့
ကလေး၃ယောက်ဟာ -
8:14 - 8:17ရှုံးနိမ့်မှုကို ကွဲပြားစွာတုံ့ပြန်ကြပါတယ်
-
8:18 - 8:22ပထမကလေးနှစ်ယောက်ဟာ အနီရောင်ခလုပ်ကို
အောင်မြင်စွာတွန်းနိုင်စွမ်းရှိပါတယ် -
8:22 - 8:26ဒီလိုအောင်မြင်မှုမရအောင်
တစ်ခုတည်းသောတားဆီးထားတဲ့အရာကတော့ -
8:26 - 8:29အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးလေလို့
သူတို့ကိုလှည့်စားထားတဲ့စိတ် ပါပဲ -
8:30 - 8:34လူကြီးတွေလည်းဒီလိုပါပဲ
အချိန်တိုင်းလှည့်စားခံနေရပါတယ် -
8:34 - 8:39တကယ်တော့ကျွန်တော်တို့မှာ စိတ်အနှောက်အယှက်
ဖြစ်စရာတွေ ပြဿနာတွေပေါ်လာတိုင်း -
8:39 - 8:43ထကြွလာတတ်တဲ့ မကောင်းတဲ့စိတ်ခံစားချက်နဲ့
ယုံကြည်မှုတွေရှိနေပါတယ် -
8:43 - 8:46သင်ဟာရှုံနိမ့်မှုကို ဘယ်လိုတုံ့ပြန်လဲဆိုတာ
သတိထားမိပါသလား။ -
8:47 - 8:48သတိထားမိသင့်ပါတယ်။
-
8:48 - 8:52ဘာလို့လဲဆိုတော့
သင့်ကိုမလုပ်နိုင်လောက်ပါဘူးလို့ -
8:52 - 8:54သင့်စိတ်ကိုအယုံသွင်းရင်
သင်ယုံမိမှာမလို့ပဲ။ -
8:54 - 8:57ရှုံးနိမ့်ခဲ့တဲ့ကလေးနှစ်ယောက်လိုပဲ
သင်လည်းအားကိုးရာမဲ့ဖြစ်သွားလိမ့်မယ် -
8:57 - 9:01နောက် သင်ကြိုးစားနေတာကိုရပ်ချင်ရပ်လိုက်မယ်
(သို့)မကြိုးစားတော့ပဲနေချင်နေလိုက်မယ် -
9:01 - 9:04ဒါဆို မအောင်မြင်နိုင်တော့ပါဘူးလို့
သင့်ကိုယ်သင် ပိုထင်လာလိမ့်မယ် -
9:04 - 9:09ဒါကြောင့် လူတွေဟာသူတို့တကယ်ရှိရမယ့်
စွမ်းရည်ထက်နိမ့်ပြီးလုပ်ဆောင်နေကြတာပါ -
9:09 - 9:12ဘာလို့လဲဆိုတော့ ဘဝတစ်လျှောက် တစ်နေရာမှာ
တခါတရံ ရှုံးနိမ့်မှုတစ်ခုဟာ -
9:12 - 9:16သူတို့မအောင်မြင်နိုင်ဘူးလို့အယုံသွင်းတယ်
နောက်ပြီး သူတို့က ယုံလိုက်ကြတယ် -
9:17 - 9:21ကျွန်တော်တို့ဟာတစုံတခုကိုယုံကြည်လိုက်ပြီ
ဆိုရင်ပြန်ပြင်ဖို့အတော်ခဲယဉ်းသွားပါပြီ -
9:22 - 9:26ကျွန်တော်ဒီသင်ခန်းစာကိုခက်ခဲစွာသင်ယူခဲ့ရတာ
ကျွန်တော်နဲ့ကျွန်တော့်ညီ -
9:26 - 9:29ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော်တို့
သူငယ်ချင်းတွေနဲ့ညအမှောင်ထဲ -
9:29 - 9:31ကားမောင်းတော့ ရဲကားက
ကျွန်တော်တို့ကားကိုတားတယ် -
9:31 - 9:35ဒီနယ်မြေမှာ လုယက်မှုတွေရှိတော့
သံသယဖြစ်ဖွယ်တွေရှာပါတယ် -
9:35 - 9:38ရဲအရာရှိက ကားအနားကပ်လာပြီး
သူ့ဓာတ်မီးက ကားမောင်းသူကိုထိုးလိုက်တယ် -
9:39 - 9:41ကားရှေ့ခန်းမှာကျွန်တော့်ညီထိုင်တယ်
-
9:41 - 9:42နောက်မှာကျွန်တော်ပေါ့
-
9:42 - 9:45ရဲအရာရှိက မျက်ဆန်ပြူးကြီးနဲ့ကြည့်ပြီး
ဒီလိုပြောလိုက်တယ် -
9:45 - 9:47မင်းမျက်နှာကိုငါအရင်က
ဘယ်နေရာမှာတွေ့ဖူးတာပါလိမ့်? -
9:47 - 9:50(ရယ်သံများ)
-
9:50 - 9:51ကျွန်တော်က
-
9:52 - 9:53ရှေ့ခုံမှာလေ လို့ပြောလိုက်တယ်
-
9:53 - 9:56(ရယ်သံများ)
-
9:56 - 9:58ဒါပေမဲ့ အဲ့လိုပြောလိုက်တာသူ့ဖို့
အဓိပ္ပါယ်မရှိစေဘဲ -
9:58 - 10:00ကျွန်တော့်ကိုဆေးကြောင်နေတယ်လို့
သူထင်သွားတယ် -
10:01 - 10:02(ရယ်သံများ)
-
10:02 - 10:05ဒါနဲ့ကားထဲကကျွန်တော့်ကိုဆွဲထုတ်ပြီး
ရှာဖွေပါတော့တယ် -
10:05 - 10:07ရဲကားနားခေါ်သွားပြီး
-
10:07 - 10:10ကျွန်တော့်မှာရဲမှုခင်းလုံးဝမရှိကြောင်း
အတည်ပြုပြီးမှ -
10:10 - 10:14ကျွန်တော့်အမြွာညီကားရှေ့မှာထိုင်နေတာ
သူ့ကိုပြလိုက်တယ် -
10:14 - 10:16ကျွန်တော်တို့ကားမောင်းထွက်သွား
ပြီးတာတောင်မှ -
10:16 - 10:19သူ့မျက်နှာကိုကြည့်လိုက်ရင်
ကျွန်တော်တစ်ခုခုခိုးပြီး -
10:19 - 10:21ထွက်ပြေးသွားတယ်လို့သူ့စိတ်ထဲထင်နေတုန်းပဲ
-
10:21 - 10:23(ရယ်သံများ)
-
10:23 - 10:27ကျွန်တော်တို့ရဲ့စိတ်ကတစ်ခါယုံမိပြီးသွားရင်
ပြန်ပြင်ဖို့တော်တော်ခက်သွားပါတယ် -
10:27 - 10:30ရှုံးနိမ့်ပြီးလို့ စိတ်ဓာတ်ကျတာတွေ
လက်လျှော့လိုက်တာတွေဟာ -
10:30 - 10:32သဘာဝကျလွန်းပါတယ်
-
10:32 - 10:36ဒါပေမဲ့ သင့်ကိုမအောင်မြင်နိုင်တော့ဘူးလို့
အယုံသွင်းတာကိုငြင်းဆန်နိုင်ပါတယ် -
10:36 - 10:39အားကိုးရာမဲ့နေတဲ့ခံစားချက်ကို
သင်ကိုယ်တိုင်ဖယ်ရှားရလိမ့်မယ် -
10:39 - 10:42အခြေအနေပေါ်မူတည်ပြီး
ကျွန်တော်တို့စိတ်ကို ထိန်းချုပ်ရပါလိမ့်မယ် -
10:42 - 10:45အဲဒီလိုဆန့်ကျင်ဖက်သဘောဆောင်တဲ့
စက်ဝန်းတွေ မဖြစ်တည်ကပင် -
10:45 - 10:46ကျွန်တော်တို့ဖြတ်ထားဖို့လိုတယ်
-
10:46 - 10:48(စိတ်ပိုင်းဆိုင်ရာယိုစိမ့်မှု
ရပ်တန့်ပစ်ပါ) -
10:48 - 10:51ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစားချက်တွေဟာ
-
10:51 - 10:54ကျွန်တော်တို့ထင်သလို့
ကျွန်တော်တို့အပေါ်သစ္စာရှိတာမဟုတ်ပါဘူး -
10:54 - 10:57သူတို့ဟာ စိတ်ဂနာမငြိမ်တဲ့သူငယ်ချင်းတွေနဲ့
တူတယ် -
10:57 - 11:02တစ်မိနစ်လောက် အားပေးထောက်ခံနေပေမယ့်
နောက်မိနစ်မှာစိတ်မချမ်းမြေ့စရာတွေဖြစ်စေတယ် -
11:02 - 11:06ကျွန်တော်ဟာ အိမ်ထောင်သက်အနှစ်၂ဝလောက်ရှိတဲ့
-
11:06 - 11:08ဆိုးဆိုးဝါးဝါး အိမ်ထောင်ကွဲထားတဲ့
-
11:08 - 11:11အမျိုးသမီးတစ်ယောက်နဲ့အလုပ်တူတူလုပ်ဖူးတယ်
-
11:11 - 11:13သူမဟာ အွန်လိုင်းပေါ်မှာတွေ့တဲ့
အမျိုးသားတစ်ယောက်နဲ့ -
11:13 - 11:16ပထမအကြိမ်တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပါပြီ
သူဟာအောင်မြင်ပြီး -
11:16 - 11:19ကြည့်ကောင်းတဲ့သူတစ်ယောက်
အရေးကြီးဆုံးကသူမအတွက်အမှန်ကန်လို့ထင်ခဲ့တယ် -
11:19 - 11:22ဒါမို့သူမစိတ်တွေလုပ်ရှားနေတယ်
အ၀တ်အစားတစ်စုံအသစ်ဝယ်လိုက်တယ် -
11:22 - 11:25သူတို့နှစ်ယောက်ဂုဏ်သရေရှိတဲ့နယူးယောက်က
ဘားတစ်ခုမှာဆုံကြရင်းအဖျော်ယမကာသောက်ကြတယ် -
11:25 - 11:29ဆုံကြပြီး ၁ဝမိနစ်လောက်နေတော့
အဲ့အမျိုးသားဟာ မတ်တပ်ထရပ်ကာ -
11:29 - 11:32ကျွန်တော် ခင်ဗျားကိုစိတ်မဝင်စားဘူး
လို့ပြောပြီးထွက်သွားတယ် -
11:34 - 11:37ငြင်းပယ်ခြင်းဟာသိပ်ကိုနာကျင်လွန်းလှပါတယ်
-
11:37 - 11:39ဒီအမျိုးသမီးဟာမလှုပ်နိုင်အောင်
နာကျင်ခဲ့ရပါတယ် -
11:39 - 11:42သူလုပ်နိုင်ခဲ့တာက
သူ့သူငယ်ချင်းဆီဖုန်းဆက်ဖို့ပဲ -
11:42 - 11:46အဲ့မှာ သူငယ်ချင်းကပြောတယ်
"ဟုတ်ပြီ မင်းကဘာကိုမျှော်လင့်နေတာလဲ -
11:47 - 11:50မင်းမှာတင်ပါးကြီးကြီးရှိတယ်
မင်းမှာစိတ်ဝင်စားစရာစကားပြောဖို့မရှိဘူး -
11:50 - 11:53ဘာလို့ချောမောခန့်ညားတဲ့
အမျိုးသားတစ်ယောက်က -
11:53 - 11:56နင့်လို အရှုံးသမားတစ်ယောက်အနေနဲ့
ချိန်းရတာလဲ -
11:56 - 12:00သိပ်ကိုကြမ်းကြုတ်တဲ့သူငယ်ချင်းပဲဆိုပြီး
အံသြမှင်သက်သွားတယ်မလား။ဟုတ်တယ်။ -
12:00 - 12:03သို့သော် အကယ်၍ အဲ့လိုပြောတာတွေက
သူငယ်ချင်းမဟုတ်ဘူးလို့ကျွန်တော်ပြောရင် -
12:03 - 12:06ခင်ဗျားတို့အဲ့လောက်ကြီးအံ့သြမှင်သက်
နေတော့မှာမဟုတ်ဘူး -
12:06 - 12:08အဲ့ဒီမျိုးသမီးက သူ့ဘာသာပြန်ပြောတာမျိုးပေါ့
-
12:08 - 12:11အဲဒီလိုပဲ ကျွန်တော်တို့တွေကတစ်စုံတစ်ခုကို
လုပ်လိုက်ကြတယ် -
12:11 - 12:13အထူးသဖြင့် ငြင်းပယ်ခြင်းခံရပြီးတဲ့အခါပေါ့
-
12:13 - 12:17ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမှားတွေ
ချို့ယွင်းချက်တွေ -
12:17 - 12:19ဖြစ်ချင်ခဲ့တာတွေ မဖြစ်ချင်ခဲ့တာတွေ
ကို စတွေးတယ်၊ -
12:19 - 12:20ကိုယ့်အမည်နာမတွေရေရွတ်တော့တယ်
-
12:20 - 12:23ကြမ်းကြမ်းတမ်းတမ်းမဟုတ်တောင်
အဲဒီလိုလုပ်ကြတယ် -
12:23 - 12:25ကျွန်တော်တို့လုပ်တာတွေကစိတ်ဝင်စားစရာပဲ
-
12:25 - 12:28ဘာလို့လဲဆိုတော့အတွင်းစိတ်ကထိခိုက်နေလို့ပဲ
-
12:28 - 12:31ဒါကိုမှ ဘာလို့ ထပ်ထပ်ပြီး
ဖျက်ဆီးချင်ရတာလဲ။ -
12:31 - 12:34ကျနော်တို့ဟာ ကိုယ်ခန္ဓာဒဏ်ရာကို
ပိုဆိုးအောင် တမင်လုပ်လေ့မရှိဘူး၊ -
12:34 - 12:37ဓားတစ်ချောင်းယူပြီး ဘယ်လောက်
နက်အောင် လုပ်လို့ရမလဲ -
12:37 - 12:40ဆိုပြီး ကိုယ့်လက်မောင်းကို
လှီးဖြတ်မှာ မဟုတ်ပါဘူး -
12:40 - 12:44စိတ်ဒဏ်ရာတွေကိုကျတော့ အချိန်တိုင်း
ကျွန်တော်တို့ အဲ့လိုပြုမူကြတယ် -
12:44 - 12:47ဘာလို့လဲ။ ဘာလို့လဲဆို
စိတ်ကျန်းမာရေးဆိုင်ရာအားနည်းနေလို့ပါ -
12:47 - 12:50ဘာလို့လဲဆို ကျွန်တော်တို့ဟာ
စိတ်ကျန်းမာရေးကိုဦးစားမပေးလို့ပဲ -
12:51 - 12:54လေ့လာမှုပေါင်းဒါဇင်နဲ့ချီပြီးသိလာရတာက
ကိုယ့်ဘာသာကိုယ်ယုံကြည်မှုနည်းလေလေ -
12:54 - 12:58စိတ်ဖိစီးမှုတွေပူပန်သောကတွေများများလာပါတယ်
-
12:58 - 13:01အဲ့ဒါကြောင့်ကျဆုံးမှုတွေ
ငြင်းပယ်မှုတွေကိုပိုခံစားရစေပါတယ် -
13:01 - 13:04နောက်ပြီးပြန်ကောင်းဖို့အချိန်တွေအများကြီး
ကြာပါလိမ့်မယ် -
13:04 - 13:07ဒါကြောင့်ကျွန်တော်တို့ငြင်းပယ်ခံရပြီဆိုရင်
ပထမဆုံးလုပ်သင့်တာကတော့ -
13:07 - 13:09ကိုယ့်ရဲ့ယုံကြည်မှုကိုအားပေးဖို့ပါပဲ
-
13:09 - 13:12ငြင်းပယ်မှုတွေတိုက်ပွဲမဝင်ဘဲ
အားပျော့သွားအောင်လုပ်လိုက်ပါ -
13:13 - 13:15သင်စိတ်ပိုင်းဆိုင်ရာ နာကျင်နေတဲ့အခါ
-
13:15 - 13:18သူငယ်ချင်းကောင်းတစ်ယောက်ဆီက
သင်မျှော်လင့်နေတဲ့ -
13:19 - 13:21မေတ္တာအကြင်နာအတိုင်း သင့်ကိုသင်
ပေးလိုက်ပါ -
13:21 - 13:23(သင့်တန်ဖိုး သင်ကာကွယ်ပါ)
-
13:23 - 13:28ကျွန်တော်တို့ဆီမှာစိတ်ပိုင်းဆိုင်ရာ
အကျင့်ဆိုးတွေရှိနေတတ်ပါတယ် ပြောင်းလဲပစ်ပါ -
13:28 - 13:32အဆိုးဆုံးနဲ့ အဖြစ်များဆုံးသော
အကျင့်ဆိုးတစ်ခုကတော့ စားမြုံပြန်ခြင်းပါပဲ -
13:32 - 13:35စားမြုံပြန်တယ်ဆိုတာ
အေးဆေးစဉ်းစားတွေးတောတာပေါ့ -
13:35 - 13:37သင့်သူဌေးက သင့်ကိုအော်ငေါက်လိုက်တဲ့အခါ
-
13:37 - 13:40(သို့)သင့်ဆရာကသင့်ကိုအခန်းထဲ
အသုံးမကျသူလို့ထင်အောင်လုပ်တဲ့အခါ -
13:40 - 13:42(သို့)သင့်သူငယ်ချင်းနဲ့
အကြီးအကျယ်ရန်ဖြစ်တဲ့အခါ -
13:42 - 13:46အဲ့ဒီဖြစ်စဉ်တွေကို ပြန်တွေးတောစဉ်းစားနေတာ
ကိုရပ်တန့်ဖို့ -
13:46 - 13:48ရက်အတော်ကြာ တခါတလေ
ရက်သတ္တပတ်တွေထိကြာတတ်ပါတယ် -
13:48 - 13:52အဲ့လိုစိတ်ရှုပ်စရာကောင်းတဲ့ဖြစ်စဉ်တွေကို
စားမြုံပြန်နေတာဟာ အလွယ်တကူအကျင့်တစ်ခု -
13:52 - 13:55ဖြစ်လာနိုင်ပြီးသိပ်ကိုရင်းနှီးမှုများပါတယ်
ဘာလို့လဲဆိုတော့ -
13:55 - 14:00သင့်အချိန်တွေကိုစိတ်ပျက်စရာကောင်းတဲ့
မကောင်းတဲ့အတွေးတွေပေါ်အာရုံထားလို့ပဲ -
14:00 - 14:03အဲဒီတော့ သင့်ကိုသိသာတဲ့အန္တရာယ်တွေ
ဖြစ်လာပါတယ် -
14:03 - 14:05စိတ်ဓာတ်ကျစေတာတွေ
-
14:05 - 14:07အရက်သမားဖြစ်လာတာတွေ
-
14:07 - 14:08အစားအသောက်ပျက်လာတာ
-
14:08 - 14:10နှလုံးရောဂါလိုမျိုးတောင်မှဖြစ်လာနိုင်တယ်
-
14:11 - 14:12ပြဿနာက
-
14:12 - 14:16စားမြုံပြန်ဖို့ဆော်သြတာဟာသိပ်ပြင်းထန်ပြီး
သိပ်အရေးကြီးတဲ့အကျင်းဆိုးမို့ -
14:16 - 14:18ဟန့်တားဖို့ခက်ခဲပါတယ်
-
14:18 - 14:20ကျွန်တော်ဟာဒါကိုအချက်တစ်ခုအနေနဲ့
သိခဲ့ပါတယ် -
14:20 - 14:24တစ်နှစ်စွန်းစွန်းလောက်တုန်းက
ကိုယ့်ဘာသာကိုယ် အဲ့အကျင့်ကိုဖန်တီးခဲ့တယ် -
14:25 - 14:30ကျွန်တော့်အမြွာညီမှာ
အဆင့် ၃အဆင့် သွေးကင်ဆာရှိနေတာသိလိုက်ရတယ် -
14:31 - 14:33ကင်ဆာကအတော်အပျံ့မြန်တာပဲ
-
14:33 - 14:36ဒါနဲ့သူ့ခန္ဓာတစ်ခုလုံးအကျိတ်တွေထွက်လာပါရော
-
14:37 - 14:40နောက်သူ့ကိုကင်ဆာဆေးတွေစပေးပါတော့တယ်
-
14:42 - 14:46သူအဲဒီလိုဖြစ်နေတာကို
ကျွန်တော်မတွေးဘဲမနေနိုင်ဘူး -
14:46 - 14:49သူတစ်ခါလေးတောင်မှစောတကမတက်တောင်မှပဲ
သူဘယ်လောက်ခံစားနေရမလဲလို့လည်း -
14:50 - 14:54ကျွန်တော်မတွေးဘဲမနေနိုင်ပြန်ဘူး
-
14:54 - 14:57သူ့ဆီမှာအံ့သြစရာကောင်းလောက်တဲ့
သဘောထားကောင်းရှိနေခဲ့တယ် -
14:57 - 15:00သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက
သြချရလောက်တယ် -
15:00 - 15:04ကျွန်တော်ကရုပ်ပိုင်းဆိုင်ရာကျန်းမာပေမယ့်
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတော့သုံစားမရဘူး -
15:05 - 15:07ဒါပေမယ့်ဘာလုပ်ရမလဲဆိုတာ
သိပါတယ် -
15:07 - 15:11လေ့လာမှုတွေအရ
၂မိနစ်စာအာရုံအပြောင်းအလဲလေးကတောင်မှ -
15:11 - 15:14ဒီအချိန်တွေမှာစားမြုံပြန်တာကို
ချေဖျက်ဖို့လုံလောက်ပါတယ် -
15:14 - 15:18ဒါကြောင့်ကျွန်တော်စိုးရိမ်ပူပန်
သောကရောက်ပြီးအတွေးဆိုးတွေဝင်လာရင် -
15:18 - 15:22အခြားတစ်ခုကိုအာရုံစိုက်ဖို့ဖိအားပေးခဲ့တယ်
အတွေးဆိုးတွေမရှိတော့တဲ့အချိန်အထိပေါ့ -
15:22 - 15:27တစ်ပါတ်အတွင်းကျွန်တော်အတွေးတွေ
ပြောင်းသွားခဲ့တယ် -
15:27 - 15:29နောက်ပြီးအကောင်းမြင်တတ်လာပြီး
မျှော်လင့်ချက်ထားတတ်လာတယ် -
15:30 - 15:31(အတွေးဆိုးတွေကိုတိုက်ထုတ်ပစ်လိုက်ပါ)
-
15:31 - 15:36ကျွန်တော့်ညီကိုကင်ဆာဆေးပေးပြီး ၉ပတ်ကြာတော့
ကွန်ပြူတာဓာတ်မှန်ရိုက်တယ် -
15:36 - 15:39သူ့အဖြေတွေရလာတော့
ကျွန်တော်သူ့ဘေးမှာရှိနေတယ် -
15:39 - 15:41အကျိတ်တွေပြုတ်ပြုတ်ပြုန်းကုန်ပါပြီ
-
15:42 - 15:45သူနောက်ထပ်
ကင်ဆာဆေး၃ခါစာခံယူရဦးမယ်ဆိုပေမယ့် -
15:45 - 15:47သူနေပြန်ကောင်းလာပြီးဆိုတာသိလိုက်ရတယ်
-
15:48 - 15:51ဒီဓာတ်ပုံလေးကလွန်ခဲ့တဲ့
၂ပတ်ကရိုက်ထားတာပါ -
15:54 - 15:56သင်အထီးကျန်ဆန်နေတာကို အရေးယူလိုက်တာ
-
15:57 - 16:00ရှုံးနိမ့်မှုအတွက်တုန့်ပြန်မှုတွေ
အမျိုးမျိုးပြောင်းလိုက်တာ -
16:00 - 16:03သင့်တန်ဖိုးကို သင်ကာကွယ်တာ
-
16:03 - 16:05အတွေးဆိုးအတွေးညစ်တွေကို
တိုက်ထုတ်ပစ်တာတွေဟာ -
16:05 - 16:08သင့်ရဲ့စိတ်ဒဏ်ရာတွေကို
မပျောက်ကင်းစေနိုင်ပါဘူး -
16:08 - 16:11စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ပါ
-
16:11 - 16:12မွေးမြူပါ
-
16:13 - 16:17လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကလူတွေဟာ
တကိုယ်ရည်သန့်ရှင်းကိုလုပ်ဆောင်လာကြတယ် -
16:17 - 16:22လူ့သက်တမ်းရှည်နှုန်းလည်း
ဆယ်စုနှစ်အတွင်း -
16:22 - 16:23၅ဝရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့တယ်
-
16:24 - 16:28အကယ်၍ကျွန်တော်တို့သာစိတ်ပိုင်းဆိုင်ရာ
ကျန်းမာကြံ့ခိုင်ရေးကိုစတင်လေ့ကျင်မယ်ဆိုရင် -
16:28 - 16:31ကျွန်တော်တို့ ပျော်ရွှင်မှုတွေကလည်း
တဟုန်ထိုးတိုးတက်လာမှာယုံကြည်ပါတယ် -
16:32 - 16:34အကယ်၍သာလူတိုင်း
စိတ်ပိုင်းဆိုင်ရာကျန်းမာနေကြမယ်ဆိုရင် -
16:34 - 16:37ကမ္ဘာကြီးကဘယ်လိုဖြစ်နေမလဲလို့
စိတ်ကူးကြည့်ဖူးလား။ -
16:37 - 16:40အထီးကျန်ဆန်မှုတွေနည်းလာရင်
စိတ်ဓာတ်ကျတာတွေနည်းလာရင် -
16:40 - 16:43လူတွေကရှုံးနိမ့်မှုကိုဘယ်လိုကျော်လွှားရမယ်
ဆိုတာသိလာကြရင် -
16:43 - 16:46သူတို့ဘဝကို သူတို့ကျေနပ်ပြီး
ပိုအားပေးလာကြရင် -
16:47 - 16:49သူတို့ဘဝတွေဟာပိုပျော်လာပြီး
ပြီးပြည့်စုံလာရင် -
16:50 - 16:53အဲဒီလိုကမ္ဘာမျိုးက
ကျွန်တော်နေချင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ -
16:54 - 16:58ကျွန်တော့်ညီလည်းဒီလိုကမ္ဘာလေးမှာ
နေချင်မှာပါပဲ -
16:58 - 17:03သင်ဗဟုသုတတွေရပြီး
ရိုးရှင်းတဲ့အကျင့်အချို့ကိုပြင်မယ်ဆိုရင် -
17:04 - 17:07ကျွန်တော်တို့အားလုံး
နေနိုင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ -
17:07 - 17:09အားလုံးကိုကျေးဇူးတင်ပါတယ်
-
17:09 - 17:11(လက်ခုပ်သံများ)
- Title:
- ဘာလို့ကျွန်တော်တို့အားလုံးစိတ်ခံစားမှုဆိုင်ရာအခြေခံအတတ်ပညာကိုလေ့ကျင့်ဖို့လိုအပ်တာလဲ
- Speaker:
- Guy Winch
- Description:
-
ဒီဆွေးနွေးချက်ဟာဒေသဆိုင်ရာTEDxပွဲတစ်ခုမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဖျားနာရင် နေမကောင်းဖြစ်ရင် ဆရာဝန်ဆီသွားပြကြပါတယ်။ ဒါပေမယ့် အပြစ်တွေ ဆုံးရှုံးမှုတွေ အထီးကျန်ဆန်မှုတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကျ ကျန်းမာရေးပညာရှင်တွေနဲ့မပြသတာလဲ။ ကျွန်တော်တို့အများစုဟာ တစ်ဦးတစ်ယောက်ချင်းရဲ့စိတ်ကျန်းမာရေးတွေနဲ့ဆက်စပ်နေတယ်လို့ Guy Winch ကဆိုပါတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့တော့မတွေးမိဘူး။ ဒါကြောင့် သူက ကျွန်တော်တို့ကိုယ်ခန္ဓာကြီးကိုဂရုစိုက်သလို စိတ် ခံစားချက်တွေကိုလည်း ဂရုစိုက်တတ်ဖို့ စိတ်ကျန်းမာသန်စွမ်းအောင်ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာသက်သေသာဓကတွေနဲ့ပြောပြသွားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 17:24
![]() |
sann tint approved Burmese subtitles for Why we all need to practice emotional first aid | |
![]() |
sann tint accepted Burmese subtitles for Why we all need to practice emotional first aid | |
![]() |
sann tint edited Burmese subtitles for Why we all need to practice emotional first aid | |
![]() |
sann tint edited Burmese subtitles for Why we all need to practice emotional first aid | |
![]() |
Thura Soe edited Burmese subtitles for Why we all need to practice emotional first aid | |
![]() |
Thura Soe edited Burmese subtitles for Why we all need to practice emotional first aid | |
![]() |
Thura Soe edited Burmese subtitles for Why we all need to practice emotional first aid | |
![]() |
Thura Soe edited Burmese subtitles for Why we all need to practice emotional first aid |