< Return to Video

အချိန်ကို (စာရေးခြင်းနှင့် ရုပ်ရှင်ထဲတွင်) နှေးအောင်လုပ်ခြင်း - Aaron Sitze

  • 0:13 - 0:17
    ကျွန်တော့အသက် ၁၆ နှစ်မှာ ပထမဆုံး
    ကား မတော်တဆတိုက်မှု ဖြစ်ခဲ့တယ်။
  • 0:17 - 0:19
    ကျွန်တော်က လိုင်စင် ရခါစ၊
    အိမ်ကိုမောင်းပြန်တုန်း
  • 0:19 - 0:21
    ကားတစ်စီးက လမ်းဆုံကို ထိုးဝင်လာတယ်၊
  • 0:21 - 0:23
    ဝုန်း၊ ကျွန်တော့ကားကို ဝင်တိုက်တယ်၊
  • 0:23 - 0:24
    အဖြစ်က ဒီလောက်ကိုမြန်တယ်။
  • 0:24 - 0:25
    ဝုန်း။
  • 0:25 - 0:27
    ဒါပေမဲ့ ဒီအမှတ်ရမှုကို ပြန်ကြည့်တော့
  • 0:27 - 0:28
    နှစ်စက္ကန့် မကြာဘူး။
  • 0:28 - 0:32
    ကား တာယာတွေဟာ ရပ်ဖို့အချက်ပြ
    ဆိုင်းဘုတ်ကိုဖြတ်ပြီးလိမ့်နေတာ မြင်ရတယ်။
  • 0:32 - 0:33
    စဉ်းစားဖို့ အချိန်ရတယ်။
  • 0:33 - 0:36
    "သိတယ်၊ ဒီကားက ကျွန်တော့ကို
    တိုက်တော့မယ် ထင်တယ်။"
  • 0:36 - 0:38
    စက်ခေါင်းအဖုံးရဲ့ ညာဘက်ထောင့်ဟာ
  • 0:38 - 0:39
    သတ္တုလွှာလို တွန့်ကြေသွားတာ မြင်ရတယ်။
  • 0:39 - 0:42
    ဆေးအနီ ကွာကျပြီး လေထဲလွင့်
    ပါသွားတာ မြင်မိတယ်။
  • 0:42 - 0:46
    ဒါ အားလုံးကို မြင်ရတယ်၊ အနှေးပြကွက်မှာ
    ဖြစ်ပျက်နေတာမျိုးလေ။
  • 0:46 - 0:50
    ကျွန်တော့မှတ်ဉာဏ်ထဲမှာ ဒီအတွေ့အကြုံက
    ဆယ်စက္ကန့်ကြာတယ်။
  • 0:50 - 0:51
    ဒါပေမဲ့ ဘာကြောင့်လဲ။
  • 0:51 - 0:52
    ဘာကြောင့် မှတ်ဉာဏ် ပြန်ဖွင့်ကြည့်တာက
  • 0:52 - 0:54
    တကယ် ဖြစ်ခဲ့တာထက် ပိုကြာရတာလဲ။
  • 0:54 - 0:56
    ဒါက စိတ်ဝင်စားစရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး
  • 0:56 - 0:58
    ကား မတော်တဆမှုတွေ ရိုလာ ကိုစတာ၊
  • 0:58 - 0:59
    (သို့) ပထမဆုံးအနမ်း
  • 0:59 - 1:00
    ဒါတွေပဲ မဟုတ်ဘူး။
  • 1:00 - 1:04
    ဒီအဖြစ်ပပျက်တွေဟာ တကယ်ဖြစ်တာထက်
    ပိုကြာပုံရတယ်။
  • 1:04 - 1:05
    ဒါပေမဲ့ ဘာကြောင့်လဲ။
  • 1:05 - 1:07
    ဒီအတွေ့အကြုံအကြောင်း ရေးဖို့ဖြစ်လာတဲ့အခါ
  • 1:07 - 1:11
    ဒီထူးဆန်းတဲ့ ခံစားမှုက ဘယ်လိုရလာတာလဲ။
  • 1:11 - 1:14
    စာရေးသူတစ်ယောက်အနေနဲ့ အချိန်ကို
    ဘယ်လို နှေးအောင်လုပ်ယူလဲ။
  • 1:14 - 1:17
    အဖြေရဖို့ ဟောလီဝုဒ်ကို
    သွားလည်ဖို့လိုပါတယ်။
  • 1:17 - 1:19
    အနှေးပြကွက်ကို ရုပ်ရှင်ရိုက်သူ
    တွေဖန်တီးပုံက
  • 1:19 - 1:22
    စာရေးသူတွေ အနှေးပြကွက်ဖန်တီးပုံ
    အကြောင်းကို ပြောပြပါလိမ့်မယ်။
  • 1:22 - 1:24
    ပထမဆုံး၊ ရုပ်ရှင်အလုပ်လုပ်ပုံကို
    သတိရလိုက်ရအောင်။
  • 1:24 - 1:27
    ကင်မရာဖွင့်တဲ့အခါ လှုပ်ရှားမှုကို
    ရိုက်နေတာမဟုတ်ဘူး။
  • 1:27 - 1:30
    တစ်ပုံချင်းစီကို အများကြီး ရိုက်နေတာပါ။
  • 1:30 - 1:34
    ဒီနောက် ရုပ်ရှင်ပြစက်မှာ
    ပုံတွေကို ပြန်ဖွင့်တဲ့အခါ
  • 1:34 - 1:37
    ပုံးတွေ ရောသွားပြီး လှုပ်ရှားတဲ့
    အသွင်ကို ဖန်းတီးပေးတယ်။
  • 1:37 - 1:39
    ဖွင့်ပိတ် စာအုပ်တစ်အုပ်လိုပေါ့။
  • 1:39 - 1:41
    ဒီတော့ ကင်မရာသမားဟာ
    မင်းသမီး ဒေစီခင်းထဲမှာ
  • 1:41 - 1:43
    ပုံမှန်လှုပ်ရှားမှုနဲ့ တစ်လှမ်းချင်း
    ခုန်နေတာကို
  • 1:43 - 1:45
    ရုပ်ရှင်ရိုက်ဖို့လိုတယ်ဆိုပါစို့။
  • 1:45 - 1:47
    အသင့်ပြင်၊ စမယ်၊
  • 1:47 - 1:49
    သူမက ကွင်းပြင်မှာတစ်လှမ်းချင်းခုန်တယ်
  • 1:49 - 1:50
    သူက ရိုက်ကူးပြီး
  • 1:50 - 1:52
    တည်းဖြတ်တယ်။
  • 1:52 - 1:53
    အလွယ်သင်္ချာနည်းနဲ့ပဲဆို
  • 1:53 - 1:56
    ကင်မရာသမားက ပုံ ၅၀ ရိုက်ခဲ့တယ်ပေါ့။
  • 1:56 - 1:59
    အကွက်လေးတွေ ၅၀ အရှည်ရှိတဲ့ ရုပ်ရှင်ပေါ့။
  • 1:59 - 2:02
    ကဲ၊ ဒီရုပ်ရှင်ကိုယူပြီး
  • 2:02 - 2:06
    ၅ စက္ကန့်ကို အကွက် ၅၀ နှုန်းနဲ့
    ပြန်ဖွင့်ကြည့်ရအောင်။
  • 2:06 - 2:07
    ဒီနှုန်းက ပုံသေပါ၊
  • 2:07 - 2:09
    ရုပ်ရှင်ပြစက်က ဒီနှုန်းအတိုင်း
    အမြဲသွားတယ်။
  • 2:09 - 2:14
    လွယ်ပါတယ်၊ အကွက် ၅၀ ဆိုတော့
    ရုပ်ရှင်က စက္ကန့် ၅၀ ကြာတယ်။
  • 2:14 - 2:17
    သူမဟာ ကွင်းပြင်မှာ တစ်လှမ်းချင်းခုန်တယ်
  • 2:17 - 2:19
    ဖြတ်။
  • 2:19 - 2:22
    ဒီနောက်တော့ ရုပ်ရှင်ထဲမှာ အချိန်ကို
    ဘယ်လို နှေးအောင်လုပ်လဲ။
  • 2:22 - 2:24
    အနှေးလှုပ်ရှားမှုကို ဘယ်လိုဖန်တီးကြလဲ။
  • 2:24 - 2:28
    ဒါက မျှော်လင့်မထားတာဖြစ်လောက်ပေမဲ့
    ပုံတွေကို လျှော့ရိုက်တာမဟုတ်ဘဲ
  • 2:28 - 2:31
    ပုံတွေ ပိုရိုက်တာပါ။
  • 2:31 - 2:32
    အသင့်ပြင်၊ စမယ်။
  • 2:32 - 2:34
    သူမက ကွင်းပြင်မှာတစ်လှမ်းချင်းခုန်တယ်၊
  • 2:34 - 2:35
    သူက ရိုက်ကူးပြီး
  • 2:35 - 2:37
    တည်းဖြတ်တယ်။
  • 2:37 - 2:41
    အခု ရုပ်ရှင်အများကြီးရတယ်၊ အရှည်ကြီးပေါ့၊
  • 2:41 - 2:43
    ဆိုပါစို့၊ အကွက် ၁၀၀ ရှည်တယ်ပေါ့။
  • 2:43 - 2:45
    အခု ဒါကို ပြန်ပြတဲ့အခါ
  • 2:45 - 2:48
    ကြည့်ရတာ အချိန်ပိုကြာတယ်။
  • 2:48 - 2:51
    အနှေးပြကွက်ထဲမှာ မင်းသမီးရှိတယ်။
  • 2:51 - 2:57
    ဒေစီခင်းမှာ တစ်လှမ်းချင်း ခုန်ရင်းပေါ့။
  • 2:57 - 2:58
    ဒါက အခု ရေးသားတာကို ဖြစ်စေတယ်
  • 2:58 - 3:00
    ဇာတ်လမ်းတစ်ပုဒ်ရေးတဲ့အခါ
  • 3:00 - 3:03
    မြင်ကွင်းတစ်ခုမှာ အနှေးပြကွက်တစ်ခုကို
    သုံးချင်နိုင်တယ်။
  • 3:03 - 3:05
    ဒါက သားနားတဲ့ သက်ရောက်မှုပါ၊
    ဟောလိဝုဒ်မှာ လိုလေ
  • 3:05 - 3:08
    စာဖတ်သူရဲ့အာရုံစိုက်မှုကို အရေးပါတဲ့
    ကာလတွေဆီ ဆွဲခေါ်တယ်
  • 3:08 - 3:09
    ကဲ ဒီမှာတော့ သင်လုပ်လိုက်ပုံပါ။
  • 3:09 - 3:11
    ကျွန်တော်တို့ စာဖတ်တဲအခါ
  • 3:11 - 3:13
    ဦးနှောက်က စကားလုံးတွေကို
    ရုပ်ပုံတွေအဖြစ်ဖန်တီးပြီး
  • 3:13 - 3:15
    ရုပ်ပုံတွေက လှုပ်ရှားမှုအဖြစ် ရောသွားတယ်။
  • 3:15 - 3:18
    ဒီတော့ ကျွန်တော်တို့ဖတ်တာက ဒါကို
    ဖတ်ဖို့ ကြာတဲ့အချိန်ထဲမှာ
  • 3:18 - 3:20
    ကျွန်တော်တို့ မြင်တာပါ။
  • 3:20 - 3:22
    ဥပမာ၊ ချန်ပီယံကစားပွဲထဲက သင့်ရဲ့ပွဲသိမ်း
  • 3:22 - 3:25
    အလွတ်ပစ်မြောက်မှုအကြောင်းဇာတ်လမ်း
    တစ်ပုဒ်ရေးတာ စိတ်ကူးကြည့်ပါ။
  • 3:25 - 3:27
    ဒီမှာက စာရေးသူတစ်ဦးအနေနဲ့
  • 3:27 - 3:29
    သင်ဟာ မြင်ကွင်းထုတ်လုပ်ပေးတဲ့
  • 3:29 - 3:32
    တစ်စက္ကန့်ချင်းရဲ့
    အားပြိုင်မှုကို ရိုက်ယူဖို့ အချိန်ကို
  • 3:32 - 3:34
    နှေးပစ်ချင်လောက်တာပါ။
  • 3:34 - 3:35
    သင် အာရုံကိုစုစည်းတယ်
  • 3:35 - 3:36
    စာရွက်ပေါ် ခဲတံတင်တယ်၊
  • 3:36 - 3:38
    အချိန်ကို တကယ်ပဲ နှေးပစ်ချင်တယ်၊
  • 3:38 - 3:39
    သင် ရေးတာက
  • 3:39 - 3:41
    "ငါ ဘောလုံးကို ကွင်းထဲကို ပစ်လိုက်တယ်၊
  • 3:41 - 3:44
    အချိန်ကို နှေးသွားတယ်၊
    နောက် ငါတို့ နိုင်သွားတယ်။"
  • 3:44 - 3:47
    ဒါကိုဖတ်ဖို့ နှစ်စက္ကန့်ကြာတယ်၊
  • 3:47 - 3:51
    ဒါကြောင့် စာဖတ်သူဟာ နှစ်စက္ကန့်ကြာတဲ့
    မြင်ကွင်းတစ်ခုကို စိတ်ကူးမိတယ်။
  • 3:51 - 3:53
    ဘောလုံး မြောက်တက်တယ်၊
    ကျလာတယ်၊ ပြီးပြီလေ။
  • 3:53 - 3:56
    မြင်တယ်နော်၊ "အချိန်ကို နှေးပစ်တယ်"
    လို့ ရေးခဲ့တာတောင်
  • 3:56 - 3:58
    စာဖတ်သူအတွက်
    ဒီသက်ရောက်မှု မရခဲ့ဘူး။
  • 3:58 - 4:00
    ပြောရုံသက်သက်နဲ့ ဖြစ်မလာဘူးလေ။
  • 4:00 - 4:02
    အခုတော့ ရုပ်ရှင်ရိုက်တာကို ကြည့်ရအောင်။
  • 4:02 - 4:04
    ပိုးများတဲ့ပုံတွေနဲ့ အချိန်က နှေးသွားတယ်
  • 4:04 - 4:06
    ထပ်ကြိုးစားပါ။
  • 4:06 - 4:10
    ဒီတစ်ကြိမ်မှာ အများကြီး ပိုရေးတယ်။
  • 4:10 - 4:12
    "ဒူးကွေးကာ ဘောလုံးကို
    လျော့လျော့လေးကိုင်တယ်
  • 4:12 - 4:15
    ဘောလုံးကို ကြမ်းပြင်မှာ တစ်ချက်
    ပိုခုန်စေတယ်၊
  • 4:15 - 4:16
    ကျွန်တော့ အတွေးတွေစုတယ်၊
  • 4:16 - 4:18
    ဒါက တဒင်္ဂပါ။
  • 4:18 - 4:22
    ဘောလုံးကို ဖွဖွလေး လွတ်လိုက်စဉ်မှာ
    ကျွန်တော့ ညာလက်မောင်းဟာ ဆန့်သွားတယ်၊
  • 4:22 - 4:27
    အနားဆီ ခုံးတက်စဉ်မှာ မသိမသာလေး လည်သွားတယ်၊
  • 4:27 - 4:29
    ကျွန်တော် အသက်အောင့်လိုက်တယ်။
  • 4:29 - 4:32
    ဘောလုံးဟာ အနောက်ဘက် အနားကို
    ပွတ်သွားတယ်၊
  • 4:32 - 4:37
    ညင်သာတဲ့ ကျေနပ်စရာ အဝှေ့တစ်ခုနဲ့
    ပိုက်ကနေ ကျလာတယ်။
  • 4:37 - 4:41
    လူစုဟာ သူတို့ရဲ့ထိုင်ခုံတွေကနေ
    ပွင့်ထွက်ကြတယ်။
  • 4:41 - 4:45
    မြင်တယ်နော်၊ စာရေးခြင်းကနေ
    အချိန်ကို နှေးပစ်လိုက်တာပါ။
  • 4:45 - 4:46
    အနှစ်ချုပ်က ဒါပါ။
  • 4:46 - 4:49
    ဘဝမှာ တကယ် ကြာတာထက် ပိုကြာတဲ့
  • 4:49 - 4:50
    ကာလတွေရှိပါတယ်။
  • 4:50 - 4:52
    သင့်ဇာတ်လမ်းကို စီစဉ်နေတုန်းမှာ
  • 4:52 - 4:54
    ဒီကာလတွေအကြောင်း တွေးပါ၊
  • 4:54 - 4:57
    နာရီထက် အချိန်ပိုကြာတဲ့
    ဘဝရဲ့အတိုအထွာတွေ၊
  • 4:57 - 4:59
    သတင်းဆိုးကြားတဲ့ ကာလ၊
  • 4:59 - 5:01
    သတင်းကောင်းကြားတဲ့ ကာလ၊
  • 5:01 - 5:05
    ရည်မှန်းချက်ရောက်တာသိတော့
    ရင်ဖိုစရာကောင်းတဲ့ကာလ၊
  • 5:05 - 5:09
    (သို့) ရောက်တော့မှာမဟုတ်ဘူးလို့
    သိလိုက်တဲ့ ကာလ။
  • 5:09 - 5:11
    သင့်ဇာတ်လမ်းမှာ ဒီကာလတွေကို ရှာတွေ့တာနဲ့
  • 5:11 - 5:14
    သင်စာရေးတဲ့အခါ အနှေးပြကွက်ရဲ့
    ဒီသက်ရောက်မှုကို အသုံးပြုနိုင်ပါတယ်။
  • 5:14 - 5:18
    သတိတော့ရပါ၊ "အချိန်ကို နှေးလိုက်တယ်"
    ဆိုရုံနဲ့ မလုံလောက်ပါဘူး၊
  • 5:18 - 5:21
    ဝါကျတစ်ကြောင်းမှာ နာမဝိသေသန
    တစ်လုံး၊ နှစ်လုံး
  • 5:21 - 5:23
    ပစ်ထည့်ပီး ပြီးပြီဆိုရုံနဲ့ မရပါဘူး။
  • 5:23 - 5:25
    သရုပ်ဖော် အရေးအသားဟာ အရေးအသား
    ကောင်းပါ၊ ဒါမှန်ပါတယ်။
  • 5:25 - 5:30
    ဒါပေမဲ့ ဘဝထဲက အနှေးပြကွက်တစ်ခုရဲ့
    ခံစားချက်ကို ဖော်ပြချင်ရင်တော့
  • 5:30 - 5:32
    တကယ်ပဲ စာမျက်နှာပေါ်မှာ
  • 5:32 - 5:35
    ရုပ်ပိုင်း နေရာလွတ်ပိုယူပြီး
  • 5:35 - 5:37
    စကာပြောဖို့ ဖလင်ကို ပိုသုံးဖို့လိုပါတယ်။
  • 5:37 - 5:39
    ဒီလိုလုပ်ခြင်းက
    အားပြိုင်မှုတစ်ခုဖြစ်စေကာ
  • 5:39 - 5:41
    သင့်စာဖတ်သူကို ဆက်လက်
    စိတ်ဝင်းစားစေလိမ့်မယ်။
  • 5:41 - 5:42
    ဒီနည်းနဲ့ နောက် စာရေးတဲ့အခါ
  • 5:42 - 5:45
    သင့်ကိုယ်ပိုင်အရေးအသားရဲ့ ကင်မရာကို
    သင်ထိန်းချုပ်နိုင်လိမ့်မယ်။
Title:
အချိန်ကို (စာရေးခြင်းနှင့် ရုပ်ရှင်ထဲတွင်) နှေးအောင်လုပ်ခြင်း - Aaron Sitze
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/slowing-down-time-in-writing-film-aaron-sitze တွင် ကြည့်ရှုပါ။
ကျွန်ုပ်တို့ဘဝတွေမှာ တစ်ချို့သော တဒင်္ဂတွေဟာ ထာဝရတည်တံ့နေသလို ထင်ရပါတယ်။ ပထမဦးဆုံး အနမ်းတစ်ပွင့် (သို့) ကားတိုက်မှုတစ်ခုဖြစ်ဖြစ်ပါ၊ အချိန်ဟာ ဆွဲဆန့်ပြီး ရပ်နေတယ်လို့တောင် ထင်ရဟန်ရှိပါတယ်။ Aaron Sitze ကနေပြီး ဒီအတွေ့အထိအာရုံကို ရုပ်ရှင်ရုံထဲကို ပို့ပေးပုံနဲ့ အလားတူ လုပ်ရိုးလုပ်စဉ်တွေကို သင့်ရဲ့စာရေးသားခြင်းမှာ အချိန်ကို နှေးလာအောင် အသုံးပြုနိုင်ပုံကို ရှင်းပြထားပါတယ်။

သင်ခန်းစာကို Aaron Sitze က ပြုစုပြီး လှုပ်ရှားမှုရုပ်ပုံများကို TED-Ed က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
06:00

Burmese subtitles

Revisions