ရူပနက္ခတ္တပညာနဲ့ လက်တွေ့ပြဿနာတွေကို ကျွန်မတို့ ဘယ်လိုလေ့လာမလဲ။
-
0:01 - 0:04ကျွန်မက ရူပနက္ခတ္တပညာရှင်တစ်ယောက်ပါ။
-
0:04 - 0:07စကြာဝဠာထဲက ကြယ်ပေါက်ကွဲမှုတွေကို
ကျွန်မလေ့လာပါတယ်။ -
0:07 - 0:09ဒါပေမဲ့ ချို့ယွင်းချက်တစ်ခု ရှိတယ်၊
-
0:09 - 0:12ဂနာမငြိမ်တာနဲ့ ပျင်းရိလွယ်တတ်တာပါ။
-
0:12 - 0:16ရူပနက္ခတ္တပညာရှင် အနေနဲ့
စကြာဝဠာတစ်ခုလုံးကို လေ့လာဖို့ -
0:16 - 0:18အခွင့်အရေးရှိနေပေမည့်လည်း
-
0:18 - 0:21ဒါကိုပဲ အမြဲလုပ်နေရမယ်ဆိုတဲ့ အတွေးက
-
0:21 - 0:24ကျွန်မကို အမြဲကန့်သတ်၊
ချုပ်နှောင်ထားသလို ခံစားရစေတယ်။ -
0:25 - 0:29ကျွန်မရဲ့ အာရုံမစိုက်မနိုင်တာနဲ့
ပျင်းတတ်တာက -
0:29 - 0:30ချို့ယွင်းချက်မဟုတ်ရင်၊
-
0:30 - 0:33ဒါတွေကို အရည်အချင်းတစ်ခုအဖြစ်
ပြောင်းနိုင်မယ်ဆိုရင်ရော။ -
0:34 - 0:36ရူပနက္ခတ္တပညာရှင်တစ်ယောက်က
သူလေ့လာတဲ့ အရာတွေနဲ့ -
0:36 - 0:38ထိတွေ့ဆက်ဆံမှု မလုပ်နိုင်ပါဘူး။
-
0:38 - 0:42ကြယ်တွေဘာကြောင့်၊ဘယ်လိုပေါက်ကွဲလဲသိဖို့
အခန်းထဲ ကြယ်တစ်လုံးကို မဖောက်ကြည့်နိုင်ဘူး။ -
0:42 - 0:45ကောင်းကင်ဓာတ်ပုံ၊
ဗီဒီယိုတွေနေပဲ လေ့လာနိုင်ပါတယ်။ -
0:45 - 0:48စကြာဝဠာအကြောင်း ကျွန်မတို့သိသမျှ၊
-
0:48 - 0:51အချိန်နဲ့ဟင်းလင်းပြင် စဖြစ်စေခဲ့တဲ့
မဟာပေါက်ကွဲမှုကနေ -
0:51 - 0:53ကြယ်တွေ၊ကြယ်စုတွေနဲ့ နေအဖွဲ့အစည်းရဲ့
ဖြစ်တည်လာပုံနဲ့ -
0:54 - 0:56ပြောင်းလဲလာပုံတွေအထိကို
-
0:56 - 0:59ကောင်းကင်ယံက ပုံရိပ်တွေကို
လေ့လာပြီးပဲ သိခဲ့ရတယ်။ -
1:00 - 1:04စကြာဝဠာတစ်ခုလုံးလို
ရှုပ်ထွေးတဲ့စနစ်တစ်ခုကို လေ့လာဖို့ -
1:04 - 1:09ရူပနက္ခတ္တပညာရှင်တွေဟာ
ကြီးမားရှုပ်ထွေးတဲ့ ဒေတာစုတွေကနေ -
1:09 - 1:11ရိုးရှင်းတဲ့ ပုံစံငယ်တွေ၊
အဖြေတွေ ထုတ်တတ်ရပါတယ်။ -
1:12 - 1:14ဒါဆို ဒီကျွမ်းကျင်မှုနဲ့
ဘာတွေထပ်လုပ်နိုင်ဦးမလဲ။ -
1:16 - 1:20ကင်မရာတွေကို ကျွန်မတို့ဖက်ဆီ
လှည့်လိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ။ -
1:21 - 1:24မြို့ပြလေ့လာရေးစခန်းမှာ
ခုပြောသလို လုပ်နေကြပါတယ်။ -
1:24 - 1:27ကျွန်မ ယောင်္ကျားလည်းဖြစ်၊
ရူပနက္ခတ္တပညာရှင်လည်းဖြစ်တဲ့ -
1:27 - 1:28Greg Dobler ဟာ
-
1:28 - 1:32၂၀၁၃ မှာ ပထမဆုံး မြို့ပြလေ့လာရေးစခန်းကို
နယူးယောက်တက္ကသိုလ်မှာ တည်ထောင်ခဲ့ပါတယ်။ -
1:32 - 1:34၂၀၁၅မှာ သူနဲ့ ကျွန်မလက်တွဲခဲ့ပါတယ်။
-
1:34 - 1:36ကျွန်မတို့ လုပ်ခဲ့တာ အချို့ကတော့
-
1:36 - 1:38မြို့ရဲ့ ညပိုင်းဓာတ်ပုံတွေကို ရိုက်ယူပြီး
-
1:38 - 1:41မြို့ပြအလင်းရောင်တွေကို
ကြယ်တွေလေ့လာသလို လေ့လာတာပါ။ -
1:42 - 1:44အလင်းရောင်တွေ အချိန်နဲ့အမျှပြောင်းလဲပုံနဲ့
-
1:44 - 1:46ကြယ်တာရာတွေရဲ့ အလင်းကို လေ့လာပြီးတော့
-
1:46 - 1:48ပေါက်ကွဲနေတဲ့ကြယ်တွေရဲ့ သဘာဝကို
ကျွန်မတို့လေ့လာရပါတယ်။ -
1:49 - 1:51မြို့ပြအလင်းတွေကိုလည်း
ထိုနည်းတူ လေ့လာပြီးတော့ -
1:51 - 1:56မြို့ဟာ စွမ်းအင်ဘယ်လောက်လိုသလဲ၊
သုံးသလဲ မှန်းဆနိုင်၊တိုင်းတာနိုင်တယ်။ -
1:56 - 1:58နောက် ကြီးထွားလာမယ့် မြို့ပြရဲ့
-
1:58 - 2:01လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်မယ့်
ဓာတ်အားစနစ် လုပ်ဖို့ကူပေးနိုင်တယ်။ -
2:02 - 2:06နေ့ပိုင်းဓာတ်ပုံတွေမှာတော့
ညစ်ညမ်းဓာတ်ငွေ့တွေကို မှတ်တမ်းတင်ပါတယ်။ -
2:06 - 2:10နယူးယောက်မြို့က
ဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ ၇၅%ဟာ -
2:10 - 2:13အပူပေးဖို့ ဆီကို လောင်ကျွမ်းစေတဲ့
ဒီလိုအဆောက်အအုံမျိူးက ထွက်ပါတယ်။ -
2:14 - 2:17လေအရည်သွေးတိုင်းစက်နဲ့
ညစ်ညမ်းမှုကို တိုင်းတာနိုင်ပါတယ်။ -
2:17 - 2:21ဒါပေမဲ့ နယူးယောက်ကအဆောက်အအုံတိုင်းမှာ
အရည်သွေးတိုင်းစက်တွေ တပ်ထားပြီး -
2:21 - 2:23သန်းချီတဲ့စောင့်ကြည့်စက်တွေက
ဒေတာဖတ်ရမှာကို တွေးကြည့်ပါ။ -
2:23 - 2:25ကုန်ကျစရိတ် မှန်းကြည့်ပါ။
-
2:26 - 2:29နယူးယောက်ကောင်းကင်က ဓာတ်ငွေ့တွေကို
ခြေရာခံရှာဖွေနိုင်တဲ့ သင်္ချာပုံစံငယ် -
2:30 - 2:33နျူရယ်ကွန်ရက်တစ်ခုကို
နယူးယောက်တက္ကသိုလ်ကျောင်းသားတစ်စုနဲ့ -
2:33 - 2:35ကျွန်မတို့ တည်ဆောက်ခဲ့တယ်။
-
2:35 - 2:37ဖြူပြီးပျောက်လွယ်တဲ့
ဘေးမဖြစ်တဲ့ မီးခိုးငွေ့လား၊ -
2:37 - 2:40မည်းပြီး မပျောက်လွယ်တဲ့
ညစ်ညမ်းဓာတ်ငွေ့လားဆိုတာ -
2:40 - 2:43ကျွန်မတို့ ခွဲခြားနိုင်ပြီးတော့
-
2:43 - 2:46ဝန်းကျင်ဒေသတစ်ခုရဲ့ ညစ်ညမ်းမှုမြေပုံကို
မူရေးဆွဲသူတွေဆီ ထောက်ပံ့ပေးနိုင်ပါတယ်။ -
2:48 - 2:52မြေလှန်ပြောင်းလဲနိုင်တဲ့ အဖြေတွေကို
ဒီနယ်ပယ်စုံရောတဲ့ ပရောဂျက်ကထွက်စေခဲ့တယ်။ -
2:54 - 2:57ဒါပေမဲ့ ရူပနက္ခတဗေဒမှာ သုံးတဲ့
ဒေတာဆန်းစစ်တဲ့နည်းနာတွေက -
2:57 - 2:59ဘယ်လိုဒေတာမျိုးမဆိုမှာ သုံးနိုင်ပါတယ်၊
-
2:59 - 3:00ဓာတ်ပုံတွေမှ မဟုတ်ပါဘူး။
-
3:00 - 3:04ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေတွေက
သူတို့စီရင်စုမှာ ဖြစ်နေတဲ့ -
3:04 - 3:07စီရင်နှောင့်နှေးမှုတွေကို နားလည်ဖို့
ကျွန်မတို့ အကူညီတောင်းခံရပါတယ်။ -
3:07 - 3:10ခံဝန်နဲ့ ဒါမှမဟုတ် ထောင်ထဲမှာ
တရားစီရင်ခံဖို့ နှစ်ချီစောင့်နေတဲ့ -
3:10 - 3:12လူတွေရှိပါတယ်။
-
3:12 - 3:15ဘယ်လိုအမှုတွေက အချိန်ဆွဲတတ်လဲဆိုတာ
သူတို့ သိချင်တယ်၊ -
3:15 - 3:18နောက် ဒါကိုလေ့လာဖို့ သူတို့မှာ
ဒေတာစုအကြီးကြီးရှိတယ်၊ -
3:18 - 3:19ဒါပေမဲ့ ကျွမ်းကျင်မှုနဲ့
-
3:19 - 3:22ကိရိယာတွေ သူတို့ဆီမှာ မရှိပါဘူး။
-
3:22 - 3:23အဲ့နေရာကို ကျွန်မတို့ဝင်ဖြည့်ပါတယ်။
-
3:24 - 3:27ကျွန်မလုပ်ကိုင်ဖက် ပြည်သူ့ မူဝါဒ ပါမောက္ခ
Angela Hawkenနဲ့ အတူတွဲပြီး -
3:27 - 3:30တရားစီရင်မှုဖြစ်စဥ်တွေကို
ပိုမြင်လွယ်၊နားလည်လွယ်စေမယ့် -
3:30 - 3:34ရုပ်ပြတွေကို ကျွန်မတို့အဖွဲ့က
ရှေ့နေတွေအတွက် လုပ်ပေးခဲ့ပါတယ်။ -
3:35 - 3:38ဒါပေမဲ့ ကျွန်မတို့ကိုယ်တိုင်လည်း
ဒေတာတွေကို ကြည့်ပြီး -
3:38 - 3:40စီရင်မှုနှောင့်နှေးတာတွေက
သူတို့စီရင်စုတွေက -
3:40 - 3:44လူမှုမညီမျှမှုတွေကြောင့်လားဆိုတာ
လေ့လာခဲ့ကြပါတယ်။ -
3:44 - 3:46ကြယ်ပေါက်ကွဲမှုထောင်ချီ
လေ့လာတဲ့နည်းတွေကို -
3:46 - 3:49အမှုထောင်ချီမှာ သုံးပြီးတော့ပဲ
-
3:49 - 3:52ကျွန်မတို့ အဲ့လိုလေ့လာခဲ့ကြတာပါ။
-
3:52 - 3:53ဒီလိုလုပ်ခြင်းအားဖြင့်
-
3:53 - 3:55တခြားစီရင်စုတွေက သူတို့ရဲ့
ဘက်လိုက်မှုတွေကို လေ့လာချင်ရင် -
3:55 - 3:58သုံးဖို့ ပုံစံငယ်ကို ကျွန်မတို့
လုပ်ပြီးသားဖြစ်သွားပါတယ်။ -
3:58 - 4:01နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့
ရူပနက္ခတပညာရှင်တွေ ပူးပေါင်းမှုဟာ -
4:01 - 4:03လူနေမှုအဆင့်အတန်းမြင့်ဖို့
အထောက်အပံ့ဖြစ်တဲ့ -
4:03 - 4:06မြေလှန်ပြောင်းလဲနိုင်တဲ့
အဖြေတွေ ဖန်တီးခဲ့ပါတယ်။ -
4:07 - 4:09ဒါပေမဲ့ ဒါက အသွားအပြန်ရှိပါတယ်။
-
4:09 - 4:11ရူပနက္ခတ္တပညာကို မြို့ပြပညာရပ်ဆီ
ကျွန်မယူသွားသလို၊ -
4:12 - 4:15မြို့ပြပညာရပ်မှာ ကျွန်မသိခဲ့ရတာကို
ရူပနက္ခတ္တပညာဆီ ပြန်ယူသွားနိုင်ပါတယ်။ -
4:16 - 4:18အလင်းပဲ့တင်ထပ်ခြင်း၊
-
4:18 - 4:23အာကာသဖုန်မှုန့်တွေပေါ်
ကြယ်ပေါက်ကွဲမှုက အလင်းပြန်မှု။ -
4:24 - 4:29ကျွန်မတို့ရဲ့ပုံတွေမှာ အလင်းပြန်မှုတွေဟာ
မီးခိုးငွေ့လိုပဲ ဖြူပြီးပျောက်လွယ်တဲ့ -
4:29 - 4:31လှုပ်နေတဲ့အရာတွေအဖြစ် ပေါ်ပါတယ်။
-
4:31 - 4:35ကောင်းကင်ဓာတ်ပုံတွေမှာ
အလင်းပဲ့တင်ထပ်တာကို ထောက်လှမ်းဖို့ -
4:35 - 4:39မြို့ပြဓာတ်ပုံတွေမှာ မီးခိုးခြေရာခံတဲ့
ပုံစံငယ်ကိုပဲ ကျွန်မပြုပြင်နေပါတယ်။ -
4:40 - 4:44ကိုယ့်ပညာရပ်ရဲ့ အပြင်ထွက်ပြီးတော့
ကျွန်မကိုစိတ်ဝင်စားစေတဲ့ အရာတွေကို -
4:44 - 4:45လေ့လာရတာက
-
4:45 - 4:48ကျွန်မရဲ့ ဂနာမငြိမ်မှုကို
အရည်အချင်းတစ်ခုဖြစ်စေခဲ့ပါတယ်။ -
4:49 - 4:54ကျွန်မတို့၊ရှင်တို့ အားလုံးမှာ မထင်မှတ်တဲ့
မြေလှန်ပစ်နိုင်တဲ့အဖြေသစ်တွေဆီ ဦးတည်စေတဲ့ -
4:54 - 4:58တမူထူးခြားတဲ့ ရှုထောင့်အမြင်တွေ ရှိပါတယ်။
-
4:59 - 5:00ကျေးဇူးတင်ပါတယ်။
-
5:00 - 5:04(လက်ခုပ်သံများ)
- Title:
- ရူပနက္ခတ္တပညာနဲ့ လက်တွေ့ပြဿနာတွေကို ကျွန်မတို့ ဘယ်လိုလေ့လာမလဲ။
- Speaker:
- Federica Bianco
- Description:
-
စကြာဝဠာတစ်ခုလုံးလို ရှုပ်ထွေးတဲ့စနစ်တစ်ခုကို လေ့လာဖို့ ရူပနက္ခတ္တပညာရှင်တွေဟာ ကြီးမားရှုပ်ထွေးတဲ့ ဒေတာစုတွေကနေ ရိုးရှင်းတဲ့ ပုံစံငယ်တွေ၊အဖြေတွေ ထုတ်တတ်ရပါတယ်။ ဒါဆို ဒီကျွမ်းကျင်မှုနဲ့ သူတို့ဘာတွေထပ်လုပ်နိုင်ဦးမလဲ။ နယ်ပယ်စုံဟောပြောပွဲတစ်ခုမှာ TE အဖွဲ့ဝင်နဲ့ ရူပနက္ခတ္တပညာရှင်တစ်ဦးဖြစ်တဲ့ Federica Biancoက ရူပနက္ခတ္တ ဒေတာလေ့လာနည်းစနစ်တွေကို မြို့ပြ၊လူမှုရေးပြဿနာတွေနဲ့ ကြယ်တွေရဲ့ ဆန်းကြယ်မှုကို ဖြေရှင်းရာမှာ သူဘယ်လိုသုံးနေလဲဆိုတာ ရှင်းပြထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 05:17
sann tint approved Burmese subtitles for How we use astrophysics to study earthbound problems | ||
sann tint edited Burmese subtitles for How we use astrophysics to study earthbound problems | ||
sann tint accepted Burmese subtitles for How we use astrophysics to study earthbound problems | ||
sann tint edited Burmese subtitles for How we use astrophysics to study earthbound problems | ||
Thaw Tint Te Tun edited Burmese subtitles for How we use astrophysics to study earthbound problems | ||
Thaw Tint Te Tun edited Burmese subtitles for How we use astrophysics to study earthbound problems | ||
Thaw Tint Te Tun edited Burmese subtitles for How we use astrophysics to study earthbound problems | ||
Thaw Tint Te Tun edited Burmese subtitles for How we use astrophysics to study earthbound problems |