ပျောက်ဆုံးသွားတဲ့ အချိန်ကို ရှာဖွေခြင်း။ Benedikt Fischer TEDxLeuphanaUniversityLüneburg
-
0:05 - 0:08ကြုံသလို ဖန်တီးထားတဲ့
ပစ္စည်းကြီးရဲ့ နောက်လိုက်ရင်း -
0:08 - 0:10ကျွန်တော့ ကဒ်ပြားတွေကို
လွှင့်ပစ်ပြီး ပြောသင့်တာက -
0:10 - 0:11"အစီအစဉ်တွေရဲ့ အပြောင်းအလဲ"
-
0:11 - 0:13ထူးခြားတာ တစ်ခု ကျွန်တော် ပြောမယ်၊
-
0:13 - 0:15ပျောက်ဆုံးတဲ့ အချိန်ကို
ရှာဖွေမှု စတင်ခိုက်ပေါ့။ -
0:15 - 0:17ဒါပေမယ့် ကြောက်လွန်းတော့
-
0:17 - 0:19ကဒ်အားလုံးကို ဆက်ကိုင်ထားမိတယ်။
-
0:19 - 0:22စိတ်ကူးတွေကနေ ခင်ဗျားတို့ကို
ခေါ်သွားဖို့ ကြိုးစားပါမယ်။ -
0:22 - 0:24ရက်အနည်းငယ်တုန်းက
-
0:24 - 0:25မိတ်ဆွေကောင်းတစ်ဦး ပြောတာက
-
0:25 - 0:27သူ့မိဘတွေက သူ့ညီ၊ ညီမငယ်တွေကို
-
0:27 - 0:28စန္ဒရားသင်တန်း၊ ဘောလုံးတို့ကနေ
-
0:28 - 0:30ကြိုတာ မကြာခင်က ရပ်လိုက်တယ်တဲ့။
-
0:30 - 0:32အခု သူတို့ဟာ စမတ်ဖုန်းကနေ ပို့ဆောင်ရေး
-
0:32 - 0:34ဝန်ဆောင်မှုကို သုံးတယ်တဲ့၊
-
0:34 - 0:37တက္ကစီလုပ်ငန်းနဲ့ တိုးကာ
ပြိုင်နေတဲ့ လုပ်ငန်းမျိုးပေါ့။ -
0:37 - 0:41အော် တော်တော် လက်တွေ့ကျ၊ ထိရောက်တဲ့
အချိန်ကုန်သက်သာတာပဲလို့ ထင်မိတယ်။ -
0:41 - 0:44ဒီနမူနာက ကျွန်တော်တို့ လူအဖွဲ့
အစည်းနဲ့ တန်ဖိုးထားမှုတွေကို -
0:44 - 0:46အတော်ကြီး ပြောပြတယ်။
-
0:46 - 0:48ထိရောက်၊ တိုးတက်၊ လက်တွေ့ကျ၊ မြန်ဆန်
-
0:48 - 0:53အကျိုးများပြီး နည်းပညာဆန်တာကို
ကြိုက်တဲ့ လူ့အဖွဲ့အစည်းပါ။ -
0:53 - 0:55အကြောင်းက အချိန်ဟာ အဖိုးတန်လို့ပါ။
-
0:55 - 0:57ဒါကြောင့်ပဲ မကြာခင်က ဆယ်စုနှစ်တွေမှာ
-
0:57 - 1:00ကျွန်တော်တို့ကို ပိုထိရောက်ပြီး
အကျိုးများစေတဲ့ -
1:00 - 1:03နည်းပညာတွေနဲ့ ဖြေရှင်းနည်းတွေ
ပိုတောင် ထွန်းကားခဲ့ပါပြီ။ -
1:03 - 1:05ရှိသေးတာက ဒီလူ့အဖွဲ့အစည်းမှာပဲ
-
1:05 - 1:07ဝိရောဓိသဘော လေ့လာမှုတစ်ခု လုပ်ဖို့ရှိတယ်
-
1:07 - 1:09ကိုယ့်ဝန်းကျင်က လူတွေ၊ မကြာခဏတော့
-
1:09 - 1:14ကိုယ်တိုင်ပဲ အချိန် နည်းနည်းလေးမှာ ပို၍
ပို၍ စိတ်ဖိစီးကြ၊ ချွတ်ခြုံကျကြနဲ့လေ။ -
1:14 - 1:16အချိန်၊ ဒါနဲပဲ ဖိစီးခံရတဲ့
ခေတ်သစ် လူ့လောကဟာ -
1:16 - 1:19အတော်ကို ဆွေးနွေးရတဲ့ အကြောင်းရပ်ပါ။
-
1:19 - 1:22ဒါပေမဲ့ အရမ်း စံသတ်မှတ်ထားတဲ့
ရှုထောင့်ကနေ ကျွန်တော့အမြင်တော့ -
1:22 - 1:24နေရာတိုင်း အရေးကြီးတာတွေနဲ့ကို
တွေကြတယ်။ -
1:24 - 1:26ထိရောက်မှုရှိပါစေ၊၊ အချိန်မဖြုန်းနဲ့။
-
1:26 - 1:28ကိုယ်ကိုယ်တိုင် ဆိုတာတောင်ပါ။
-
1:28 - 1:30တစ်ဦးတည်းဖြစ်ခြင်း၊ အပန်းဖြေခြင်းအတွက်
-
1:30 - 1:32ဒီလို ဝေါဟာရတွေ ထွင်ကြတယ်။
-
1:32 - 1:35"တန်ဖိုးရှိတဲ့ အချိန်"
"ကိုယ့်အချိန်" "နားချိန်"တဲ့။ -
1:35 - 1:38ဒါတွေဟာ အလားတူ ထိရောက်တဲ့
စိတ်ကူးရဲ့ အပိုင်းတွေပဲလေ။ -
1:38 - 1:41အံဝင်ဖို့ ကြံ့ခိုင်ဖို့၊ သတင်းသိရဖို့၊
-
1:41 - 1:42ဉာဏ်ထက်မြက်ပုံပေါက်ဖို့
-
1:42 - 1:46ဒီလူမှုရေးဖိအားကို ကျွန်တော်တို့
အရှုံးပေးကြတယ်။ -
1:46 - 1:50ငြီးငွေ့မှုရဲ့ အရသာက နေ့စဉ်ဘဝတွေ
ကနေ တားဆီးထားပါတယ်။ -
1:50 - 1:52အကြောင်း က ငြီးငွေ့မှုက
ငြီးငွေ့စရာဖြစ်လို့ပါ။ -
1:52 - 1:54ပိုသိရှိလိုခြင်းက
-
1:54 - 1:56စာတွေ စဖတ်ပြီး သင်ယူခဲ့တယ်။
-
1:56 - 1:57ကျွန်တော်တို့နေတဲ့ ယဉ်ကျေးမှုတွေမှာ
-
1:57 - 2:01မတူညီတဲ့ ဘာသာစကားတွေ၊ ပိုင်နက်
တွေ၊ အကျင့်တွေ မရှိတာတင်မက -
2:01 - 2:05အချိန်ကိုလည်း ခြားနားစွာ ဖြေရှင်း၊
အရသာခံကြသေးတယ်။ -
2:05 - 2:09သိပ်ကွာခြားတဲ့ အချိန်ယဉ်ကျေးမှု နှစ်ခု
ကို ကျွန်တော် အာရုံစိုက်ခဲ့မိတယ်။ -
2:09 - 2:12California က Silicon Valley နဲ့
အရှေ့တောင် အာရှက မြန်မာပြည်ပါ။ -
2:12 - 2:15လူတွေရဲ့ လှုပ်ရှားပုံကို လိုက်ကြည့်တယ်။
-
2:15 - 2:18Silicon Valley လူ့အဖွဲ့အစည်းက
ထိရောက်မှုရဲ့ နောက်ကိုလိုက်တယ်။ -
2:18 - 2:21နည်းပညာက လူတွေရဲ့ဘဝမှာ
နက်ရှိုင်းစွာ စွဲဝင်နေတယ်။ -
2:21 - 2:23၂၄ နာရီ လူ့အဖွဲ့အစည်းတစ်ခု၊
-
2:23 - 2:25လွန်ကဲစွာ ညှိထားတဲ့ အချိန်
-
2:25 - 2:28တင်းကျပ်စွာ ဆွဲထားတဲ့ ချိန်းဆိုမှုတွေ။
-
2:28 - 2:30ဒါပေမဲ့ မြန်မာကတော့ လယ်ယာ စီးပွားရေး
-
2:30 - 2:32ခိုင်မာတဲ့ မိသားစုဖွဲ့စည်းမှုတွေ၊
-
2:32 - 2:34ဗုဒ္ဓဘာသာ အလေးထားတဲ့ လူ့အဖွဲ့အစည်း။
-
2:34 - 2:37အဲဒီမှာ စည်းချက်က
နေ့နဲ့ညပါ ဆွတ်ခူးချိန်ရော -
2:37 - 2:40ချိန်းဆိုမှုတွေနဲ့ပါ သဘာဝ စည်းချက်က
-
2:40 - 2:42ခိုင်မာစွာ စိုးမိုးထားတယ်။
-
2:42 - 2:44ကျွန်တော့ခရီးမှာ လူခြောက်ဦးနဲ့ ဆုံခဲ့ပြီး
-
2:44 - 2:47ဒီည သူတို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
-
2:47 - 2:49Alex က Google က ဒေတာ စိစစ်သူပါ။
-
2:49 - 2:52Alex မနက် အိပ်ရာနိုးတော့
သူ့ iPhone က မြည်လာတယ်၊ -
2:52 - 2:54အပြင်မှာ နေကထွက်နှင့် နေပြီ၊
-
2:54 - 2:58အိပ်ရာထဲမှာရှိတုန်း အီးမေးတွေ
စဖတ်ပြီး ပြန်နေတယ်။ -
2:58 - 3:01သူက အလုပ်ကို အိပ်ယာထဲ ယူတတ်တယ်။
-
3:02 - 3:04အလုပ်ကို Google Bus စီးသွားတော့
-
3:04 - 3:05Wi-Fi နဲ့ ဆက်သွယ်တယ်။
-
3:05 - 3:08ကားပိတ်နေတာတောင် အကျိုးရှိနိုင်တယ်ပေါ့။
-
3:08 - 3:11ညနေအတွက် သီသန့် ချိန်းဆိုမှုကို
ကြံဖန် အချိန် ပေးဖို့ရှိသေးတယ်။ -
3:11 - 3:13သူ့တစ်နေ့တာလုံး အကွက်ချထားတယ်။
-
3:13 - 3:15မကြာခင် Alex ဟာ အလုပ်သစ်နဲ့
အဖွဲ့သစ်ရတော့မယ်၊ -
3:15 - 3:18Silicon Valley မှာ အလုပ်တွေ
ပြောင်းတာ မြန်တာကိုး။ -
3:18 - 3:21တစ်ဖက်မှာတော့ ကိုနီဟာ မြန်မာက
ဆန်စိုက်တဲ့ လယ်သမားပါ။ -
3:21 - 3:23မနက်ဆို နေက သူ့ကို နှိုးတယ်။
-
3:23 - 3:26နွားတွေက ဆာလောင်နေပြီး အစာလိုနေတယ်လေ။
-
3:26 - 3:29နေသိပ်မပူခင် လယ်ထဲဆင်းဖို့ သစ်သားထယ်ကို
-
3:29 - 3:31သူပြင်ဆင်တယ်။
-
3:31 - 3:33လယ်ကွင်းထဲမှာ
-
3:33 - 3:35အဝေးက ထွန်စက်တစ်စီးကို သတိထားမိတယ်။
-
3:35 - 3:38ကိုနီဟာ မတင်မကျနဲ့ တုံ့ပြန်တာ
ကြောက်ခမန်းလိလိပါ။ -
3:38 - 3:41ကျွန်တော်တွေးမိတာက ဒီထွန်စက်ဟာ
သူ့လယ်ကွက်ကို ဘယ်လို ပိုမြန်မြန်နဲ့ -
3:41 - 3:43အကျိုးရှိရှိ ထွန်နိုင်တာ
သိမှသိပါ့မလားပေါ့။ -
3:43 - 3:45ဒါပေမဲ့ မနာလိုဟန် မပြဘူး၊
-
3:45 - 3:47ဒါနဲ့ ပြောင်းပြန်ပါ။
-
3:47 - 3:49သူ့တစ်ရွာလုံး ဒီစက်မျိုး ဝယ်လို့ရနိုင်တဲ့
-
3:49 - 3:51အသေးစားချေးငွေအကြောင်း
-
3:51 - 3:53သူမကြားမိဘူး ထင်မိတယ်။
-
3:53 - 3:56ကိုနီဟာ အမြဲ ဆန်စိုက်တဲ့
လယ်သမား၊ အမြဲ ဒီလိုဖြစ်နေမှာတဲ့။ -
3:56 - 3:59Silicon Valley က လူတွေကို
-
3:59 - 4:02သူတို့ ၂၄ နာရီကို ဘယ်လို
အမျိုးအစားခွဲလဲ မေးကြည့်တော့ -
4:02 - 4:05အမျိုးအစား တစ်ပုံကြီး သူတို့ပေးနိုင်တယ်။
-
4:05 - 4:08"စုဝေးလုပ်ချိန်" "တစ်ယောက်တည်း
လုပ်ချိန်" "အားချိန်" "ပြောင်းချိန်" -
4:08 - 4:11မြန်မာပြည်မှာတော့ ဒီမေးခွန်းက
ဇဝေဇဝါကြီးနဲ့ ကြုံလိုက်ရတယ်။ -
4:11 - 4:15ကိုနီ ပြောတာက "ကျုပ်ရဲ့ ၂၄ နာရီကို
နေ့နဲ့ည ပိုင်းထားတယ်"တဲ့။ -
4:15 - 4:17Steve က ထုတ်လုပ်ရေး မန်နေဂျာပါ။
-
4:17 - 4:18ဒီနေ့ နေ့လယ်စာက လုပ်ငန်း နေ့လယ်စားပွဲ
-
4:18 - 4:22အဆုံးမှာ ပြီး၊ မပြီးအသာထား
ပြက္ခဒိန်မှာ အစ၊ အဆုံးသတ်မှတ်ကာ -
4:22 - 4:26အသေအချာ စီစဉ်ထားတယ်။
-
4:26 - 4:32ပရောဂျက်မျိုးစုံ တစ်ပြိုင်နက်လုပ်ပြီး
တစ်ခုစီမှာ တိုးတက်မှုနဲ့ ပြောင်းလဲမှုက -
4:32 - 4:33နေစဉ် ဒိဋ္ဌဖြစ်ရပ်ပါ။
-
4:33 - 4:36နေ့လယ်စာပြီးတော့ သူ့ရည်းစားကို
အမြန်ဖုံးဆက်တယ်။ -
4:36 - 4:38တစ်ခါ ကိုယ်ပိုင်နဲ့ လုပ်ငန်းကိစ္စတွေမှာ
-
4:38 - 4:41အချိန်ကို ရှေ့နောက်
အလှည့်အပြောင်း လုပ်တယ်။ -
4:41 - 4:44Steve က Qualified Self လှုပ်ရှားမှုရဲ့
နောက်လိုတ်လည်း ဖြစ်တယ်။ -
4:44 - 4:45ဒီဂျစ်တယ် လက်ပတ်နဲ့
-
4:45 - 4:48အချိန်သုံးစွဲမှု အကောင်းဆုံးဖြစ်ဖို့
-
4:48 - 4:52သူ့လှုပ်ရှားမှု စားပုံ၊ အိပ်ပုံတွေကို
ခြေရာခံနိုင်တယ် -
4:52 - 4:53ဒါအားလုံးထက် အချိန်ကို
-
4:53 - 4:57ဘယ်လို သုံးတယ်၊ ဘယ်လို ရင်းနှီး
မြှုပ်နံတယ် ဆိုတာ သူသိတာပါ။ -
4:57 - 4:59ဆန့်ကျင်ဘက် အရှင် ဝိလာဿ ရဟန်းတစ်ပါးပါ။
-
4:59 - 5:02နေ့လယ်ချိန်မှာ ပြတင်းပေါက်က ငေးရင်း
မိနစ် ၂၀ ကုန်ဆုံးတယ်။ -
5:02 - 5:05သူ့ကို အိမ်တစ်လုံးရဲ့ ထောင့်မှာ တွေ့မိတော့
-
5:05 - 5:07တစ်ချိန်လုံး စောင့်ကြည့်ခဲ့တယ်၊
-
5:07 - 5:08ကျွန်တော့အတွက် ဖဿောဖဿဖြစ်တာပေါ့။
-
5:08 - 5:10(ရယ်သံများ)
-
5:10 - 5:11သူ ဘာလုပ်နေတာလဲ။
-
5:11 - 5:13နောက် တရားမှတ်နေတာလားလို့ မေးမိတယ်၊
-
5:13 - 5:15ကိုယ့်အတွက် ယုတ္တိတန်တဲ့ ဖြေရှင်းချက်ပဲ
-
5:15 - 5:17ဒီခေတ်မှာ လူတိုင်း ယောဂလုပ်တာကိုး။
-
5:17 - 5:20သူက ကြည့်နေရုံသက်သက်ပဲတဲ့။
-
5:20 - 5:23အရှင် ဝိလာဿလို အားချိန်ကို စီစဉ်တာ (သို့)
-
5:23 - 5:25မျှော်လင့်ချက်မဲ့ ကုန်ဆုံးတာဟာ
-
5:25 - 5:26Simon ရဲ့ အစီအစဉ်မှာတော့ မပါပါဘူး။
-
5:26 - 5:30Simon က CEO ဖြစ်စ၊ ဒီည
အားကစားရုံမှာရှိနေတယ်။ -
5:30 - 5:32ဘာကြောင့် သူ အဲဒီမှာရှိတာ အတိအကျသိတယ်။
-
5:32 - 5:33အကြောင်းက ကျန်းမာချင်လို့လေ။
-
5:33 - 5:35စီစဉ်ထားသလို တစ်ပတ် ငါးကြိမ်
-
5:35 - 5:38အားချိန်ကို Simon ကုန်ဆုံးသလိုပဲ
-
5:38 - 5:41အနောက်တိုင်း စက်မှု လူ့အဖွဲ့အစည်း
တွေက လူအတော်များများ လုပ်ကြတယ်။ -
5:41 - 5:43နောက်ဆုံး အားချိန်ဆိုတာတောင်
အရင်းအနှီးဖြစ်ပြီး -
5:43 - 5:45မကြာခဏတော့ ဒါကနေရဖို့ မျှော်လင့်တဲ့
-
5:45 - 5:49အကျိုးအမြတ်နဲ့ ပေါင်းစပ်တန်ဖိုးကို
အသိအမှတ်ပြုကြတယ်။ -
5:49 - 5:52မြန်မာပြည်ကို ပြန်ကြည့်တော့
ချောစုက ဆိုင်ရှင်တစ်ယောက်ပါ။ -
5:52 - 5:54သူမ မိသားစုမှာ တီဗီတစ်လုံးရှိပြီး
-
5:54 - 5:56ဘဝသရုပ်ဖော် ဇာတ်လမ်းတွေ ကြည့်တာကြိုက်တယ်။
-
5:56 - 5:58ဇာတ်လမ်းတွေက မြန်မာပြည်က ခေတ်ပေါ်ဘဝရဲ့
-
5:58 - 6:01ဖော်ပြချက်ဖြစ်ပြီး ဒါတွေကို မိသားစု
ဧည့်ခန်းထဲကို ယူဆောင်တယ်။ -
6:01 - 6:05စီစဉ်ထားတဲ့ အားလပ်ချိန်
ဝါသနာထုံရာ စိတ်ကူးပေါ့။ -
6:05 - 6:08ချောစုကိုယ်တိုင် တစ်ခါတစ်လေ
ငြီးငွေ့မိတယ်လို့ ပြောတယ်။ -
6:08 - 6:13သူမရဲ့ အချိန် ယဉ်ကျေးမှုက စီစဉ်ထားတဲ့
အားလပ်ချိန် ဝါသနာထုံရာတွေ မသိဘူး။ -
6:13 - 6:14ဒီည ချောစု အတော်လေး ပင်ပန်းတယ်။
-
6:14 - 6:16သူမ ဆိုင်သိမ်းနေတုန်း
-
6:16 - 6:18ဆိုင်ဖွင့်ချိန်တွေကို
ကျွန်တော် မေးလိုက်တယ်။ -
6:18 - 6:20ကျွန်တော့ကို ကြည့်ပြီး သူအံ့ဩသွားတယ်။
-
6:20 - 6:23မနက်ဆို ဆိုင်ဖွင့်တယ်၊ ညနေ ဆိုင်ပိတ်တယ်လေ။
-
6:23 - 6:24သူမမှာ နာရီ မရှိဘူး။
-
6:24 - 6:26ကိုယ် ဘယ်ကနေ လာတာဖြစ်ဖြစ်
-
6:26 - 6:27အချိန် ယဉ်ကျေးရဲ့ နိုင်ငံသားတွေပါ၊
-
6:27 - 6:31မကြာခဏ သဘောမပေါက်မိတာက
ကိုယ့်ကို ဝန်းရံနေတဲ့ အချိန် ယဉ်ကျေးမှုက -
6:31 - 6:33ကိုယ့်ရဲ့ နည်းလမ်းနဲ့အတူ
အချိန်နဲ့ပတ်သက်ပြီး -
6:33 - 6:36ကိုယ်ရဲ့ ဆုံးဖြတ်ချက်တွေကို
ဘယ်လိုသတ်မှတ်တာကိုပါ။ -
6:36 - 6:37သုတေသီတွေနဲ့ ပါမောက္ခတွေ၊
-
6:37 - 6:40ဂျာမန် လူမှုရေးပညာရှင်
Hartmut Rosa ပြောသလို -
6:40 - 6:43မိမိကိုယ်ပိုင် အချိန် ယဉ်ကျေးမှု
တွေကနေ ခွဲထွက်ဖို့ မဖြစ်နိုင်ဘူး။ -
6:43 - 6:45အီးမေးလ်တွေ၊ ဖုန်းခေါ်တာတွေကို
မတုံ့ပြန်ရင် -
6:45 - 6:47အလုပ်ပြုတ်တယ်။
-
6:47 - 6:50တော်သင့်သလောက် မထုတ်ပြန်ရင်
ဂုဏ်သတင်းမှိန်တယ်၊ -
6:50 - 6:51မအောင်မမြင် ဖြစ်လာတယ်။
-
6:51 - 6:54ဆိုကြတာက ကျန်းမာသုခ လုပ်ငန်း၊ ယောဂ
ယဉ်ကျေးမှု၊ ခွင့်ကာလတွေဟာ -
6:54 - 6:56တကယ့် စနစ်ကျတဲ့ အနားယူချိန်ပါပဲ။
-
6:56 - 6:58ကျန်းမာသုခ အစွဲမှားလေးတွေဟာ
-
6:58 - 7:01အဆုံးမှာ ပိုတောင် စွမ်းဆောင်မှုကောင်းဖို့
-
7:01 - 7:02အဆုံးမှာ ပိုပြီး ထိရောက်မှုရှိဖို့
-
7:02 - 7:05က မှ ခ ကို လောဆော်တာ ဖိစီးမှုနည်းဖို့ပါ။
-
7:05 - 7:07အမြဲ မိမိဘာသာ အကောင်းဆုံး
-
7:07 - 7:10ဆောင်ရွက်ခြင်းရဲ့ စနစ်ကနေ တကယ့်
လွတ်မြောက်မှုဆိုတာ မရှိဘူး။ -
7:10 - 7:14ထင်တာက နည်းပညာလုပ်ငန်းမှာ
ထုတ်အားကောင်းဖို့ ဖိအားဖြစ်ဖြစ်၊ -
7:14 - 7:18အစဉ်အလာက ပေါ်ထွက်တဲ့ ဖိအားဖြစ်ဖြစ်၊
-
7:18 - 7:21အစဉ်အလာထဲမှာ နစ်နေတဲ့
ဘာသာရေး အဖွဲ့အစည်းကဖြစ်ဖြစ်၊ -
7:21 - 7:22နှစ်ခုစလုံးက ဖြစ်ဖြစ်ပါ၊
-
7:22 - 7:25အချိန်ကို သင့်တော်တဲ့နည်းနဲ့
မိမိကိုယ်ကို ထောက်ပံ့ဖို့နဲ့ -
7:25 - 7:28အတိုင်းအတာတစ်ခုထိ တစ်ကိုယ်ရေ
အချိန်ရှိဖို့ အဓိကက -
7:28 - 7:32သက်ဆိုင်ရာ အချိန် ယဉ်ကျေးမှုရဲ့
တန်ဖိုးတွေကို သတိမူမိဖို့နဲ့ -
7:32 - 7:34ဒီတန်ဖိုးတွေဟာ ကိုယ့်ရဲ့ အချိန်ကို
-
7:34 - 7:38ပုဂ္ဂလိက နားလည်မှုအပေါ် ဘယ်လို
လွှမ်းမိုးတာကို မိမိဘာသာ မေးဖို့ပါ။ -
7:38 - 7:40ဆိုလိုတာက ဝေဖန်ဆန်းဆစ်တဲ့
မေးခွန်းတွေ မေးခြင်းပါ။ -
7:40 - 7:43ကိုယ့် အချိန် ယဉ်ကျေးမှု
တန်ဖိုးတွေက ဘာတွေလဲ။ -
7:43 - 7:44ဒါတွေနဲ့ ကိုယ် သဘောတူလား။
-
7:44 - 7:47မဟုတ်ရင် ကိုယ့် အယူအဆတွေအတွက်
ဘယ်လိုနေရာ ဖန်တီးမလဲ။ -
7:47 - 7:50ကိုယ့် ပုဂ္ဂလိက အချိန် ယဉ်ကျေးမှုက ဘာလဲ။
-
7:50 - 7:52ဒီမေးခွန်းက အတော်ခက်တဲ့ တစ်ခုလို့ ထင်တယ်။
-
7:52 - 7:54သတ္တိရှိဖို့ လိုတယ်ထင်ပါတယ်။
-
7:54 - 7:57အကြောင်းက အဖြေတွေက အမြဲတော့
ချက်ချင်း လိုက်မလာဘူးလေ၊ -
7:57 - 7:59ကိုယ့် သတင်းအချက်အလက် အဖွဲ့အစည်းမှာ တကယ်ပဲ
-
7:59 - 8:00ကျင်သားမရတော့တဲ့ တစ်ခုခုလေ။
-
8:00 - 8:03အဓိကက မှန်ကန်တဲ့ ရှာဖွေမှု
သက်တမ်းပဲလိုတာပါ။ -
8:03 - 8:06မီဒီယာမျိုးစုံက ပိုတိုတောင်း၊
ပိုတိကျတဲ့ ပုံစံတွေနဲ့ လာကြတယ်။ -
8:06 - 8:08ဒီညနေခင်းမှာ ကျွန်တော်လည်း
အတိုချုပ်သင့်တယ်။ -
8:08 - 8:11မေးခွန်းတွေ မေးနေရုံသက်သက်၊
-
8:11 - 8:13လက်ငင်း အဖြေမရှိပဲနဲ့ လူတစ်ဦးရဲ့
-
8:13 - 8:15ကိုယ်ပိုင် အချိန် ယဉ်ကျေးမှုကို
မေးတာဟာ အဓိပ္ပါယ်ရှိပါတယ်။ -
8:15 - 8:17ဒီအကြောင်း နောက်ထပ် အတွေးနှစ်ခုပါ။
-
8:17 - 8:20အချိန် ယဉ်ကျေးမှုက မှတ်ယူတာက
အချိန်ကိစ္စမှာ -
8:20 - 8:22ကျားနဲ့မ တန်ဖိုးအရမ်းကွဲတယ်။
-
8:22 - 8:24မိသားစုတွေနဲ့
အတူတူ ကုန်ဆုံးကြတယ်။ -
8:24 - 8:27ဒါက သုသေသီတွေ ထည့်သွင်း
စဉ်းစားနှင့်နေတဲ့ အကြောင်းရင်းတစ်ခု -
8:27 - 8:30မိသားစုတွေရဲ့ အကြွင်းမဲ့
အချိန် ဖယ်ထားမှုတွေပါ။ -
8:30 - 8:34အချိန် ယဉ်ကျေးမှုကို မေးခွန်းထုတ်ခြင်းဟာ
-
8:34 - 8:37မိမိကိုယ်ကို ဖိစီးနေတဲ့ တန်ဖိုးတွေက
ကင်းကွာကာ -
8:37 - 8:41ကိုယ်တကယ် ဖြစ်လိုတဲ့ မိသားစုဘဝ
ဖန်တီးခွင့်ပေးလိမ့်မယ်။ -
8:41 - 8:42ဒုတိယက အချိန် ယဉ်ကျေးမှုက
-
8:42 - 8:46စီစဉ်ထားတဲ့ အားလပ်ချိန် ဝါသနာတွေကို
ထောက်ခံတယ်။ မိမိကိုယ်ကို -
8:46 - 8:48အကောင်းဆုံး ဖြည့်ဆည်းဖို့ ရည်စူးတဲ့
-
8:48 - 8:50အားကစား၊ စာဖတ်တာ၊ သင်ယူတာတို့လို၊
-
8:50 - 8:55ဟိုသွားဒီသွားလုပ်တာ၊ အနည်းဆုံး အစတည်းက
-
8:55 - 8:58ပယ်ချခံရလေ့ရှိတဲ့
အဓိပ္ပါယ်နဲ့ ရည်မှန်းချက်တွေမဲ့နေတဲ့ -
8:58 - 9:00ကြည့်ရှုခြင်း၊ လေးအနက်
ဆင်ခြင်းတို့ပေါ့။ -
9:00 - 9:04အချိန် ယဉ်ကျေးမှု ဗဟိုမှာရှိတာနဲ့
တကယ် ဆိုင်တယ် -
9:04 - 9:06အမြဲ တိတိကျကျ သိဖို့လိုတာက ဘာလို့
-
9:06 - 9:08အချိန်ကို ဒီလိုကုန်ဆုံးကြလဲဆိုတာပါ။
-
9:08 - 9:11အချိန် ယဉ်ကျေးမှုကနေ နည်းနည်း
မိမိကိုယ်ကို ခွာနိုင်ရင် -
9:11 - 9:13လက်ငင်းအကျိုး သိဖို့မလိုတဲ့
-
9:13 - 9:17နည်းတွေမှာ ကျွန်တော်တို့
အချိန် ကုန်ဆုံးနိုင်တာပေါ့။ -
9:17 - 9:20ကလေးတွေကြိုတဲ့ ပထမဆုံး ဥပမာဆီ
အကျဉ်းချုပ် ပြန်သွားပါမယ်။ -
9:20 - 9:23ဒါက ထိရောက်တယ်၊ အချိန်ကုန်
သက်သာတယ်၊ မှန်တယ်။ -
9:23 - 9:24ဒါပေမဲ့ အမှတ်ရမိတာက မိဘတွေနဲ့အတူ
-
9:24 - 9:28ကားပိတ်မိနေတဲ့ အချိန်တွေ၊ စိတ်ကုန်တယ်။
-
9:28 - 9:33ဘောလုံး (သို့) စန္ဒရားကနေလည်း
ကျွန်တော့ကို လာကြိုလောက်တဲ့ အချိန်တွေ။ -
9:33 - 9:36တစ်ခါတစ်လေ ရင်းနှီးပြီး ရိုးသားတဲ့
ကာလတွေ ရှိခဲ့တဲ့အခါ၊ -
9:36 - 9:39တန်ဖိုးရှိတဲ့အချိန် စီစဉ်မထားပဲ
အခြားသူတစ်ယောက်ကို -
9:39 - 9:41တကယ်ပဲ သိကျွမ်းလိုက်ရတဲ့အခါ၊ ဒါမှမဟုတ်
-
9:41 - 9:43မြင့်မားတဲ့ မျှော်လင့်ချက်တွေနဲ့
-
9:43 - 9:46ဝန်ပိနေတဲ့ နောက်ထပ်
မိသားစု အားလပ်ရက်ခရီးပေါ့။ -
9:46 - 9:49မိဘတွေနဲ့အတူ ကားပိတ်တာဟာ မထူးခြားလှပါဘူး။
-
9:49 - 9:51ဒါပေမဲ့ အတူတူပဲ၊ သိပ်မထူးခြား
(သို့) အရေးမပါတာကြောင့် -
9:51 - 9:53သိပ် တန်ဖိုး ရှိနိုင်တာပေါ့။
-
9:53 - 9:56ထုတ်လုပ်မှုကို အာရုံစိုက်၊
ထိရောက်မှု ဇောင်းပေးတဲ့ -
9:56 - 9:58တနည်းနည်းနဲ့ အစီအစဉ်တွေနဲ့
ပြည့်နေတဲ့ -
9:58 - 10:01လူ့အဖွဲ့အစည်းတစ်ခုမှာ မျှော်လင့်
မထားတာအတွက် နေရာထက် -
10:01 - 10:04ဘယ်အချိန် ယဉ်ကျေးမှက ပြဋ္ဌာန်း
ထားတဲ့ မျှော်လင့်ချက်တွေ မရှိဘူး။ -
10:04 - 10:07ခရီးကနေ ကျွန်တော် ဘာထုတ်ယူခဲ့လဲ။
-
10:07 - 10:10ဒီခေတ်မှာ ကိုယ့် အချိန်ရဲ့ လက်ငင်း
တန်ဖိုးတွေက ဘာဆိုတာ -
10:10 - 10:11အမြဲတမ်း မသိပဲနဲ့ သွားဖို့
-
10:11 - 10:13စစ်မှန်တဲ့ သတ္တိလိုတယ်လို့ ထင်ပါတယ်။
-
10:13 - 10:18ဒီသတ္တိကပဲ မမျှော်လင်တာနဲ့ တကယ့်
တန်ဖိုးအတွက် နေရာဖန်တီးတာပါ။ -
10:19 - 10:22(လက်ခုပ်သံများ)
- Title:
- ပျောက်ဆုံးသွားတဲ့ အချိန်ကို ရှာဖွေခြင်း။ Benedikt Fischer TEDxLeuphanaUniversityLüneburg
- Description:
-
more » « less
ယခု ဟောပြောပွဲကို TED ညီလာခံများနှင့် ပေါင်းစည်းထားခြင်းမရှိသော TEDx ဒေသတွင်းပွဲတစ်ခုတွင် ကျင်းပခဲ့ပါသည်။ သူ၏ ယခုဟောပြောချက်တွင် Benedikt Fischer မှနေပြီး အရှေ့တောင်အာရှသားများရဲ့ အချိန်ဆိုင်ရာ ယဉ်ကျေးမှုများနှင့် Silicon Valley မှ နေထိုင်သူများကို နှိုင်းယှဉ်ပြထားပါသည်။ ပရိတ်သတ်များအနေဖြင့် ဘုန်းကြီးတစ်ပါးက ပြတင်းပေါက်တစ်ချပ်မှေနေပြီး အပြင်သို့ မိနစ် ၂၀ ကြာ ကမ္မဋ္ဌာန်းပွားဖို့ အကြောင်းသက်သက်ဖြင့် ငေးစိုက်ကြည့်နိုင်ပုံကို သိမြင်ရပါသည်။
- Video Language:
- German
- Team:
closed TED
- Project:
- TEDxTalks
- Duration:
- 10:32

