၁၂ နှစ်သား app ဖန်တီးသူ။
-
0:05 - 0:08အားလုံးကို နှုတ်ဆက်ပါတယ်၊
ကျွန်တော်က Thomas Suarez ပါ။ -
0:08 - 0:12ကျွန်တော်ဟာ ကွန်ပျူတာများ နှင့်
နည်းပညာတွေကို အစဉ်စိတ်ဝင်စားခဲ့တယ်၊ -
0:12 - 0:14iPhone၊ iPod Touch၊ နှင့် iPad တို့အတွက်
-
0:14 - 0:15အက်ပ်အချို့ကိုတောင် ပြုစုခဲ့ပါတယ်။
-
0:15 - 0:18ဒီနေ့ နှစ်ခုလောက်ကို
မိတ်ဆက်ပေးချင်ပါတယ်။ -
0:18 - 0:22ကျွန်တော်ရဲ့ ပထမဦးဆုံး အက်ပ်က တမူထူးတဲ့
ဗေဒင် ဟောဆရာ Earth Fortune ဆိုတာပါ၊ -
0:22 - 0:25ခင်ဗျားတို့ရဲ့ အနာဂတ်ကို လိုက်ပြီး
အဲဒါဟာ ကမ္ဘာကြီးကို -
0:25 - 0:28အရောင် အမျိုးမျိုးဖြင့် ပြသပေးပါတယ်။
-
0:28 - 0:30ကျွန်တော့ အကြိုက်ဆုံးနဲ့
အအောင်မြင်ဆုံး အက်ပ်က -
0:31 - 0:34Bustin Jieber ပါ- (ရယ်မောသံများ) -
-
0:34 - 0:37အဲဒါက Justin Bieber Whac-A-Mole လေ။
-
0:39 - 0:42ကျောင်းထဲက လူတော်တော်များများက
Justin Biebe မကြိုက်ခဲ့ကြလို့ -
0:42 - 0:44ကျွန်တော်က သူ့ကို
-
0:44 - 0:47အက်ပ်အဖြစ် လုပ်ရန် ဆုံးဖြတ်ခဲ့တာပါ။
-
0:48 - 0:50အဲဒါနဲ့ အဲဒါကို ပရိုဂရမ် ရေးဆွဲလာလိုက်တာ
-
0:50 - 0:53၂၀၁၀ ခုနှစ် ကျောင်းပိတ်ရက်
မတိုင်မီမှာ ဖြန့်ချိနိုင်ခဲ့ပါတယ်။ -
0:54 - 0:57လူတော်တော်များများက မင်းဒါတွေကို
ဘယ်လိုများ လုပ်နိုင်တာလဲ? မေးကြတယ်။ -
0:58 - 1:01အဲဒီလို မေးကြတဲ့ လူတွေဟာ မကြာခဏဆိုသလို
သူတို့ကိုယ်တိုင်ကလည်း -
1:01 - 1:03အက်ပ်ကို ထုတ်လုပ်ချင်ကြလို့ မေးကြတာပါ။
-
1:03 - 1:05ဒီခေတ်မှာ ကလေးငယ် အများတို့ဟာ
ဂိမ်းတွေကို ကစားချင်ကြတယ်၊ -
1:06 - 1:08အခုတော့ ဂိမ်းတွေကို သူတို့
ပြုလုပ်ချင်ကြတယ်၊ -
1:08 - 1:09အဲဒါဟာ ခဲယဉ်းပါတယ်၊
-
1:09 - 1:12ကလေး အများအပြားတို့ဟာ
ပရိုဂရမ် ရေးဆွဲဖို့အတွက် -
1:12 - 1:14ဘယ်သွားရမှန်း မသိကြလို့ပါ။
-
1:14 - 1:17ဘောလုံးကစားချင်ရင် ဘောလုံး
အသင်းကို သွားနိုင်တယ်။ -
1:17 - 1:20တယော တီးချင်ရင် တယောတီး
သင်ခန်းစာကို သွားယူနိုင်တယ်။ -
1:20 - 1:22ဒါပေမဲ့ အက်ပ် တခုခုကို ပြုလုပ်ချင်ရင်ကော?
-
1:22 - 1:24အဲဒီ ကလေးတွေရဲ့ မိဘတွေက
သူတို့ ငယ်စဉ်တုန်းက -
1:24 - 1:27အဲဒီလို အရာတွေကို
ပြုလုပ်ခဲ့နိုင်ပေမဲ့၊ -
1:27 - 1:29အက်ပ်တွေကို ပြုစုခဲ့ကြတဲ့ မိဘတွေကတော့
မများနိုင်ပါ။ (ရယ်မောသံများ) -
1:30 - 1:33ဒီတော့ အက်ပ်ကို ပြုလုပ်ချင်ရင်
ဘယ်မှာ သွားရှာရမှာလဲ? -
1:33 - 1:36ကောင်းပြီ၊ ကျွန်တော် လုပ်ခဲ့ပုံ
ပြောပြမယ်။ လုပ်ခဲ့တာ ဒီလိုပါ။ -
1:36 - 1:38ပထမဦးဆုံး အနေနဲ့၊ ကျွန်တော်
ပရိုဂရမ်တွေကို ရေးဆွဲတယ် -
1:38 - 1:42ပရိုဂရမ် ရေးသားရေး အခြေခံတွေ
သိလာရဖို့ ဘာသာစကားအမျိုးမျိုး -
1:42 - 1:45Python၊ C၊ Java၊ စတာတွေကို လေ့လာနေခဲ့တယ်။
-
1:47 - 1:49အဲဒီနောက်မှာ Apple က iPhone ကို
ထုတ်ရောင်းလာရာ -
1:50 - 1:52အဲဒါနဲ့အတူ iPhone ဖွံ့ဖြိုးရေး
ဆော့ဝဲ တစုံပါလာတယ်၊ -
1:52 - 1:56အဲဒီ ဖွံ့ဖြိုးရေး ဆော့ဝဲ အစုံထဲမှာ
iPhone အက်ပ်တွေကို -
1:56 - 1:59ဖန်တီးရန် နဲ့ ပရိုဂရမ် ရေးဆွဲရေး
ကိရိယာတွေ ပါရှိပါတယ်။ -
2:00 - 2:03အဲဒါ ကျွန်တော့အတွက် အလားအလာသစ်
ကမ္ဘာကြီးကို ဖွင့်ပေးလိုက်တယ်၊ -
2:03 - 2:07အဲဒီ ဆော့ဝဲ ပစ္စည်းတွေနဲ့ နဲနဲလေး
ကစားကြည့်ပြီးတဲ့ နောက်မှာ၊ -
2:07 - 2:10အက်ပ် နှစ်ခုလောက်၊ စမ်းသပ်ရေး
အက်ပ် အချို့ကို ထုတ်လုပ်ခဲ့တယ်။ -
2:10 - 2:13အဲဒါ တခုက Earth Fortune ဆိုတာ ဖြစ်လာတယ်။
-
2:13 - 2:16Earth Fortune ကို
App Store မှာ တင်ဖို့ အသင့်ရှိလာလို့ -
2:16 - 2:20ကျွန်တော့ အက်ပ်ကို App Store မှာ
တင်ပေးဖို့ ပေးရမယ့် -
2:20 - 2:23အခ ၉၉ ဒေါ်လာကို ပေးဖို့
မိဘတွေကို စည်းရုံးခဲ့ရပါတယ်။ -
2:23 - 2:26သဘောတူလိုက်လို့
ကျွန်တော့ အက်ပ်တွေ App Store မှာ ရှိနေပြီ။ -
2:27 - 2:30ကျွန်တော့ကို ကျွန်တော့ မိသာစု၊
မိတ်ဆွေများ၊ ဆရာများ၊ -
2:30 - 2:32ပြီးတော့ Apple Store မှ လူတွေမှအစ
-
2:32 - 2:33အားလုံးတို့က အကြီးအကျယ်
အားပေးခဲ့တာဟာ -
2:33 - 2:36ကျွန်တော့အတွက် တကယ့်ကို အားတက်စရာကြီးပါ။
-
2:36 - 2:39Steve Jobs ထံမှနေပြီး
လှုံ့ဆော်ချက်တွေ အများကြီး ရခဲ့ပါတယ်၊ -
2:39 - 2:42အခုတော့ ကျွန်တော်ဟာ ကျောင်းမှာ
အက်ပ် ကလပ်ကို စတင်ခဲ့ပါတယ်၊ -
2:44 - 2:48ကျွန်တော့ ကျောင်းဆရာများကလည်း
ကျွန်တော့ အက်ပ် ကလပ်ကို ထောက်ပံ့ကြပါတယ်။ -
2:48 - 2:51ကျွန်တော့ ကျောင်းထဲက ဘယ်ကျောင်းသားမဆို
-
2:51 - 2:53အက်ပ်ကို ပုံစံရေးဆွဲမှုကို သင်ယူနိုင်တယ်။
-
2:54 - 2:57ဒီလိုနည်းဖြင့် အတွေ့အကြုံကို
အခြားသူတွေကို မျှပေးနိုင်လာတယ်။ -
2:59 - 3:02ကျွန်တော်တို့ဆီမှာ iPad
Pilot Program ဆိုတာ ရှိပါတယ်၊ -
3:03 - 3:05တချို ပညာရေး ဌာနတွေမှာလည်း
ရှိပါတယ်။ -
3:05 - 3:07ကျွန်တော် အဲဒီပါဝင်နေရတာ သိပ်ကံကောင်းတယ်။
-
3:07 - 3:12iPad တွေကို ဘယ်လို သုံးကြရမလဲ၊
ပြီးတော့ အဲဒီ iPad တွေမှာ -
3:12 - 3:15ဘယ်လို အက်ပ်တွေကို တပ်ဆင်ကြမလဲ
ဆိုတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။ -
3:15 - 3:18ကျွန်တော်တို့ဟာ ကျောင်းဆရာများထံမှနေပြီး
သူတို့ လိုချင်တဲ့ -
3:18 - 3:21အက်ပ်တွေဆိုင်ရာ
တုံ့ပြန်ချက်တွေကို ရရှိနေပါတယ်။ -
3:21 - 3:23ကျွန်တော်တို့ ပြုစုပေးလိုက်လို့ ဈေးကွက်
တင်လိုက်တဲ့ -
3:24 - 3:27အက်ပ်တွေကို ဒီဒေသ နှင့် ကျန်တဲ့
ပညာရေး ဌာနတွေအတွက် အခမဲ့ ဖြစ်ပါမယ်၊ -
3:28 - 3:31ကျွန်တော်တို့ ရောင်းလို့
ရမယ့် ငွေအားလုံးကို -
3:31 - 3:33ဒေသထဲက ပညာရေး
ရန်ပုံငွေအဖွဲ့များ ရရှိကြမှာပါ။ -
3:35 - 3:39ကျွန်တော်တို့ ခေတ်ထဲမှာ၊
ကျောင်းသားတွေဟာ ဆရာတွေနဲ့စာရင် -
3:39 - 3:42နည်းပညာ နယ်ပယ်ထဲမှာ နဲနဲလေး
ပိုသိကြပါတယ်။ (ရယ်မောသံများ) -
3:46 - 3:49ဒီတော့- (ရယ်မောသံများ) -
-
3:50 - 3:54ဆောရီးပဲ - (ရယ်မောသံများ) -
-
3:55 - 3:57ဒါဟာ ဆရာများအတွက် အရင်းအမြစ် ဖြစ်လာတယ်၊
-
3:57 - 4:00ပညာရေး နယ်ပယ်ထဲက လူတွေက
ဒီအရင်းအမြစ်ကို အသိအမှတ်ပြုလျက် -
4:00 - 4:02ကောင်းကောင်းကြီး အသုံးချသင့်ပါတယ်။
-
4:03 - 4:07ကျွန်တော်ဟာ အနာဂတ်ထဲမှာ ဘာတွေ
လုပ်ကိုင်လိုတာ ပြောပြေလိုပါတယ်။ -
4:08 - 4:12ပထမဦးဆုံးအနေနဲ့ အက်ပ် အသစ်တွေ
ဂိမ်းအသစ်တွေကို ပြုစုထုတ်လုပ်သွားပါမယ်။ -
4:12 - 4:15အက်ပ် တခုကို ထုတ်လုပ်ဖို့ကို ဘေးမှ
အဖွဲ့အစည်းတခုနဲ့ လုပ်ကိုင်နေတယ်။ -
4:16 - 4:20ကျွန်တော်ဟာ Android ပရိုဂရမ်ရေးဆွဲမှုနဲ့
ဖွံ့ဖြိုးမှုထဲမှာလည်း ပါဝင်ချင်တယ်၊ -
4:20 - 4:22ကျွန်တော့ အက်ပ် ကလပ်ကိုလည်း
ဆက်လုပ်ကိုင်သွားမှာပါ၊ -
4:22 - 4:24အသိပညာတွေကို ကျောင်းသားတွေ မျှဝေပေးဖို့
-
4:24 - 4:26တခြားနည်းလမ်းတွေကို ရှာကြံသွားမှာပါ။
-
4:26 - 4:28ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)
- Title:
- ၁၂ နှစ်သား app ဖန်တီးသူ။
- Speaker:
- Thomas Suarez
- Description:
-
more » « less
၁၂ နှစ်သားကလေးတွေဟာ ဗီဒီယိုဂိမ်းတွေ ကစားရတာ နှစ်ခြိုက်ကြပါတယ်။ Thomas Suarez ကတော့ ဒါတွေကိုဖန်တီးဖို့ သူ့ဘာသာ သင်ယူခဲ့ပါတယ်။
"Bustin Jeiber," a Whac-A-Mole game လိုမျိုး iPhone app တွေကို ဖန်တီးပြီးတဲ့နောက်မှာတော့ အခုအခါမှာ အခြားကလေးတွေကို ဂိမ်းဖန်တီးသူတွေဖြစ်လာအောင်ကူညီဖို့ သူ့ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးပြုနေပါတယ်။ ( TEDxManhattanBeach တွင်ရိုက်ခဲ့ပါတယ်။) - Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 04:40
|
Myo Aung edited Burmese subtitles for A 12-year-old app developer | |
|
Myo Aung approved Burmese subtitles for A 12-year-old app developer | |
|
Myo Aung edited Burmese subtitles for A 12-year-old app developer | |
|
Myo Aung edited Burmese subtitles for A 12-year-old app developer | |
|
Myo Aung edited Burmese subtitles for A 12-year-old app developer | |
|
Myo Aung accepted Burmese subtitles for A 12-year-old app developer | |
|
Myo Aung edited Burmese subtitles for A 12-year-old app developer | |
|
Myo Aung edited Burmese subtitles for A 12-year-old app developer |
