< Return to Video

ကျွန်ုပ်မှာရှိတဲ့အချက်အလက်တွေနဲ့ သင့်အတွေးအခေါ်တွေကို ပြောင်းလဲပေးပါရစေ။

  • 0:00 - 0:04
    ခင်ဗျားတို့ရဲ့အတွေးအမြင်တွေအကြောင်းပြောမယ်
  • 0:04 - 0:08
    ခင်ဗျားတို့ရဲ့ အတွေးတွေက
    ကျွန်တော့်ရဲ့ဒေတာတွေနဲ့ကိုက်ညီမှုရှိရဲ့လား
  • 0:08 - 0:09
    (ရယ်သံများ)
  • 0:09 - 0:12
    မဟုတ်ရင် တစ်ဦးတစ်ယောက်ကတော့
    အဆင့်မြှင့်ဖို့လိုနေပြီမဟုတ်လား
  • 0:12 - 0:16
    ကမ္ဘာ့ရေးရာတွေအကြောင်း
    ကျွန်တော့်ကျောင်းသားတွေကိုပြောတဲ့အခါ
  • 0:16 - 0:18
    ကျွန်တော်ကော်ဖီသောက်ချိန်မှာ
    သူတို့ပြောတာ
  • 0:18 - 0:21
    ကျွန်တော်နားထောင်တယ်
    သူတို့ကအမြဲ ကိုယ့်ဘက် သူ့ဘက်ခွဲပြောကြတယ်
  • 0:21 - 0:24
    စာသင်ခန်းထဲပြန်ဝင်တဲ့အချိန်ကျွန်တော်မေးတယ်
  • 0:24 - 0:26
    သူ့ဘက်၊ ကိုယ့်ဘက် ဘယ်လိုခွဲလဲဆိုပြီး
  • 0:26 - 0:29
    အို ဒါကအလွယ်လေး သူတို့ပြောကြတာက
    အနောက်ကမ္ဘာနဲ့ ဖွံ့ဖြိုးဆဲကမ္ဘာ
  • 0:29 - 0:31
    ကောလိပ်ကျောင်းတုန်းက သင်ခဲ့ဖူးတာပဲ
  • 0:31 - 0:33
    ဒါဆို ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲ? ဖွင့်ဆိုပုံ?
  • 0:33 - 0:35
    ကျောင်းသားတွေဆိုလိုတာ လူတိုင်းသိကြတာပဲ
  • 0:35 - 0:37
    ခင်ဗျားတို့သိလား
    ကျွန်တော်ဒါမျိုးမေးရင်
  • 0:37 - 0:39
    မိန်းကလေးတစ်ယောက်ပြောတာအရမ်းကောင်းတယ်
  • 0:39 - 0:42
    သိပ်လွယ်တာပဲတဲ့
    အနောက်ကမ္ဘာက အသက်ပိုရှည်၊ မိသားစုဦးရေနည်း
  • 0:42 - 0:45
    ဖွံ့ဖြိုးဆဲကမ္ဘာက အသက်တို၊ မိသားစုဝင်များ
  • 0:45 - 0:48
    ဒီလို အဓိပ္ပာယ်ဖွင့်ဆိုတာကိုကြိုက်တယ်
    ဘာလို့ဆို
  • 0:48 - 0:50
    သူတို့ရဲ့အတွေးအမြင်တွေကို ကျွန်တော်က
  • 0:50 - 0:52
    အချက်အလက်အနေနဲ့ ပြောင်းလိုက်နိုင်လို့ပါပဲ။
  • 0:52 - 0:54
    ဒီမှာ ကိန်းဂဏန်းတွေရှိတယ်
  • 0:54 - 0:56
    ဒီဝင်ရိုးကို ကြည့်လိုက်ရင် မီသာစုဝင်ဦးရေ
  • 0:56 - 0:59
    အမျိုးသမီးတစ်ယောက်မှာရှိတဲ့ ကလေးအရေအတွက်
  • 0:59 - 1:01
    တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး
  • 1:01 - 1:03
    ဒီမှာက အသက်ကိုပြတယ်၊
    မျှော်မှန်းလူ့သက်တမ်း
  • 1:03 - 1:05
    ၃၀နှစ်၊ ၄၀နှစ်၊ ၅၀နှစ်
  • 1:05 - 1:09
    ကျောင်းသားတွေပြောတဲ့အယူအဆနဲ့ ကွက်တိပဲ
  • 1:09 - 1:11
    တစ်ကယ်တော့ ဒါကအိပ်ခန်းကိုပြောတာ
  • 1:11 - 1:15
    လင်မယားနှစ်ယောက်က
    ကလေးနည်းနည်းပဲယူမလားဆုံးဖြတ်ပေးတဲ့နေရာ
  • 1:15 - 1:18
    ကလေးတွေဘယ်လိုပြုစုပျိုးထောင်မလဲ
    အသက်ရှည်ရှည်ဘယ်လောက်နေရမလဲ
  • 1:18 - 1:22
    ပြောရရင် အိပ်ခန်းနဲ့မီးဖိုချောင်ပါပဲ
    ခင်ဗျားမှာ ဆပ်ပြာ၊ ရေ၊ အစားအစာရှိရင်
  • 1:22 - 1:24
    အသက်ရှည်ရှည်နေနိုင်မယ်
  • 1:24 - 1:26
    ကျောင်းသားတွေပြောတာလည်းမှန်တယ်
  • 1:26 - 1:30
    ကမ္ဘာကြီးကိုကြည့်လိုက်ရင်
    ဟိုဘက်နားကတစ်စုကတော့
  • 1:30 - 1:34
    မိသားစုဝင်ကများ၊ အသက်ကတို
    ဖွံ့ဖြိုးဆဲကမ္ဘာပေါ့
  • 1:34 - 1:37
    ဒီအပေါ်ဘက်နားက နိုင်ငံတွေကတော့
  • 1:37 - 1:39
    အနောက်ကမ္ဘာလို့ခေါ်တာပေါ့
  • 1:39 - 1:42
    မိသားစုဝင်နည်းပြီး အသက်ရှည်ကြတယ်
  • 1:42 - 1:44
    ဒီမှာ ခင်ဗျားတွေ့ရမှာက
  • 1:44 - 1:48
    ကျွန်တော့်သက်တမ်းအတွင်း
    ကမ္ဘာကြီးမှာဖြစ်ခဲ့တဲ့ အံ့သြစရာကိစ္စပါ
  • 1:48 - 1:50
    ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ
  • 1:50 - 1:52
    ရေနဲ့ဆပ်ပြာ၊ ကာကွယ်ဆေးတွေရလာတယ်
  • 1:52 - 1:55
    ပြီးတော့ မိသားစုစီမံကိန်းချတာ စလုပ်လာကြတယ်
  • 1:55 - 1:57
    အမေရိကန်ရဲ့ငွေကြေးထောက်ပံမှု၊
  • 1:57 - 2:00
    ပညာရပ်ဆိုင်ရာအကူအညီတွေကြောင့်လည်း
    တစ်စိတ်တစ်ပိုင်းပါတယ်
  • 2:00 - 2:04
    ကလေးနှစ်ယောက်ပဲယူကြတော့တဲ့
    မိသားစုတွေအဖြစ်ပြောင်းလာကြတယ်
  • 2:04 - 2:07
    မျှော်မှန်းသက်တမ်း ၆၀၊ ၇၀ ဖြစ်လာတယ်
  • 2:07 - 2:10
    ဒါပေမဲ့ နိုင်ငံတစ်ချို့က
    ဒီနေရာမှာကျန်ခဲ့တုန်းပဲ
  • 2:10 - 2:13
    အာဖကန်နစ္စတန်ဆို ဒီအောက်နားမှာ
  • 2:13 - 2:16
    လိုက်ဘေးရီယားရှိတယ်၊ ကွန်ဂိုနိုင်ငံရှိတယ်၊
  • 2:16 - 2:18
    ဒီလိုနိုင်ငံတွေလည်းရှိနေသေးတယ်
  • 2:18 - 2:20
    ကျွန်တော့်မှာရှိတဲ့ပြဿနာက
  • 2:20 - 2:24
    ကျွန်တော့်ကျောင်းသားတွေမှာရှိတဲ့
    ကမ္ဘာ့အမြင်ဆိုတာ
  • 2:24 - 2:26
    သူတို့ဆရာတွေမွေးတဲ့နှစ်ကာလလောက်က ကမ္ဘာရဲ့
  • 2:26 - 2:29
    ပကတိအခြေအနေတွေနဲ့ ကိုက်ညီနေတာပါပဲ။
  • 2:29 - 2:32
    (ရယ်သံများ)
  • 2:32 - 2:35
    (လက်ခုပ်တီးသံများ)
  • 2:35 - 2:38
    တကယ်တော့ ဒီပုံကို ပြသတဲ့အခါမှာ
    လွန်ခဲ့တဲ့တစ်ပတ်က ဝါရှင်တန်က
  • 2:38 - 2:41
    ကမ္ဘာ့ကျန်းမာရေးကွန်းဖရင့်တက်ခဲ့ပါတယ်
  • 2:41 - 2:44
    အမေရိကန်က သိပ်ကိုထက်မြက်တဲ့လူတွေမှာတောင်မှ
  • 2:44 - 2:47
    အယူအဆအမှားကို တွေ့မြင်ခဲ့ရတယ်
  • 2:47 - 2:50
    သူ့တို့က ဟိုနားကမက္ကဆီကို၊တရုတ်နိုင်ငံတို့
  • 2:50 - 2:55
    တိုးတက်မှုရှိနေတာကို သတိမပြုမိဘူး
    အမေရိကန်နဲ့ယှဉ်ရင်လေ
  • 2:55 - 2:57
    ဒီပုံမှာ ဆက်ပြီးကြည့်လိုက်ရင်
  • 2:57 - 3:04
    ကဲ ကြည့်လိုက်ရအောင်
  • 3:04 - 3:07
    ဒီနိုင်ငံတွေအမီလိုက်တယ် ဟိုနားက မက်ဆီကို
  • 3:07 - 3:10
    ဒီလူမှုဘဝရှု့ထောင့်နှစ်ခုမှာ
    အမေရိကန်နဲ့တူတူတိုးတက်လာတယ်
  • 3:10 - 3:12
    ဒါကိုသတိပြုမိတဲ့ကမ္ဘာ့ကျန်းမာရေးပညာရှင်
  • 3:12 - 3:15
    အရေအတွက်က ၅ % အောက်လောက်သာရှိတယ်
  • 3:15 - 3:17
    နိုင်ငံကြီးတစ်ခုဖြစ်တဲ့ မက္ကဆီကို
  • 3:17 - 3:20
    လက်နက်တွေက မြောက်ပိုင်းကလာတယ်
    နယ်စပ်ကိုဖြတ်ဝင်တယ်
  • 3:20 - 3:22
    ဆိုတော့ ဒါကိုတားဆီးဖို့လိုတယ်
  • 3:22 - 3:26
    ဘာလို့ဆို အမေရိကန်နဲ့က ဒီလိုမျိုး
    ဆန်းကျယ်တဲ့ဆက်ဆံရေးမျိုးရှိတာကိုး
  • 3:26 - 3:30
    ဒီနားက ဝင်ရိုးကို ပြောင်းကြည့်ရမယ်ဆိုရင်
  • 3:30 - 3:33
    လူတစ်ဦးချင်းဝင်ငွေကို ပြောင်းလိုက်မယ်
  • 3:33 - 3:36
    လူတစ်ဦးချင်းဝင်ငွေ၊ ဒီနားမှာထားလိုက်မယ်
  • 3:36 - 3:38
    ဒါဆိုရင်ကျွန်တော်တို့တွေ့ရမှာက
  • 3:38 - 3:40
    ပထမပုံနဲ့လုံးဝမတူတဲ့ပုံတစ်ခု
  • 3:40 - 3:42
    စကားမစပ် ကျွန်တော်သင်နေတာက
  • 3:42 - 3:44
    "Gapminder World" ကိုဘယ်လိုသုံးရလဲဆိုတာပါ
  • 3:44 - 3:46
    အခုလို ဟိုပြောင်းသည်ပြောင်းလုပ်ပြရင်းနဲ့လေ
  • 3:46 - 3:49
    ဒါက အင်တာနက်မှာ အခမဲ့သုံးလို့ရပါတယ်
  • 3:49 - 3:52
    အခုလို့ ဝင်ရိုးတွေကိုမှန်အောင်ထားပြီးတာနဲ့
  • 3:52 - 3:56
    အနှစ် ၂၀၀ အထိ နောက်ပြန်ကြည့်လို့ရပါပြီ
  • 3:56 - 4:00
    ဒီအပေါ်နားမှာ အမေရိကန်ကိုတွေ့ရမယ်
  • 4:00 - 4:03
    အခြားနိုင်ငံတွေကိုလည်းထည့်ကြည့်လို့ရသေးတယ်
  • 4:03 - 4:06
    ဒီဝင်ရိုးမှာ တစ်ဦးချင်းဝင်ငွေ ကိုထည့်လိုက်
  • 4:06 - 4:09
    အဲဒီခေတ်တုန်းက အမေရိကမှာ
    ဒေါ်လာ ၁၀၀၀၊ ၂၀၀၀ လောက်ဝင်ငွေရှိတယ်
  • 4:09 - 4:13
    မျှော်မှန်းလူ့သက်တမ်းက ၃၅နှစ်ကနေ ၄၀ နှစ်
  • 4:13 - 4:15
    ဒီနေ့ခေတ် အာဖကန်နစ္စတန်နဲ့တူတယ်
  • 4:15 - 4:20
    ကဲဘာဆက်ဖြစ်မလဲ ကြည့်လိုက်ရအောင်
  • 4:20 - 4:22
    သမိုင်းဘာသာရပ်ကို တက္ကသိုလ်မှာ
  • 4:22 - 4:24
    အချိန် ၁နှစ်လောက်ပေးပြီး လေ့လာမယ့်အစား
  • 4:24 - 4:27
    အခုတစ်မိနစ်လောက်ကြည့်လိုက်တာနဲ့
    သမိုင်းအစအဆုံးသိသွားနိုင်ပါတယ်
  • 4:27 - 4:29
    (ရယ်သံများ)
  • 4:29 - 4:34
    အနောက်ဉရောပက အညိုရောင်အဝိုင်း
  • 4:34 - 4:37
    အမေရိကန်က အဝါရောင်အဝိုင်း
  • 4:37 - 4:39
    ချမ်းသာပြီးရင်း ချမ်းသာလာကြတယ်
  • 4:39 - 4:41
    ကျန်းမာရေးကလည်း ပိုပြီးကောင်းလာတယ်
  • 4:41 - 4:43
    အခုနေရာက လွန်ခဲ့တဲ့နှစ် ၁၀၀ရောက်ပြီ
  • 4:43 - 4:46
    အခြားနိုင်ငံတွေ ပြတ်ကျန်ခဲ့တာအချိန်ပေါ့
  • 4:46 - 4:51
    လာပြီ ဒါက တုပ်ကွေးကပ်ရောဂါဖြစ်တာ
  • 4:51 - 4:54
    ဒါကြောင့်တုပ်ကွေးမိမှာ သိပ်ကြောက်ကြတာမလား
  • 4:54 - 4:57
    မှတ်မိသေးတယ်။ မျှော်မှန်းသက်တမ်း ကျသွားတယ်
  • 4:57 - 5:00
    ပြီးတော့အခုပြန်တက်လာပြီ
  • 5:00 - 5:02
    လွတ်လပ်ရေးမရခင်မထိက မတိုးတက်သေးဘူး
  • 5:02 - 5:04
    ဟိုးဘက်နားမှာ တရုတ်နိုင်ငံ
  • 5:04 - 5:06
    ဟိုဘက်က အိန္ဒိယနိုင်ငံရှိမယ်
  • 5:06 - 5:14
    ဘယ်လိုဆက်ဖြစ်ခဲ့လဲဆိုတော့
  • 5:14 - 5:17
    ဒီမှာသတိထားမိလား
    မက္ကဆီကိုက ဒီအပေါ်နားမှာရှိနေတာ
  • 5:17 - 5:19
    မက္ကဆီကိုကအမေရိကန်နဲ့ အားလုံးတူတာတော့မဟုတ်
  • 5:19 - 5:21
    ဒါပေမဲ့ ၂နိုင်ငံက တူလုနီးနီးဖြစ်နေပါပြီ
  • 5:21 - 5:23
    အထူးသဖြင့်ပြောရရင် စိတ်ဝင်စားဖို့ကောင်းတာက
  • 5:23 - 5:25
    လွန်ခဲ့တဲ့ နှစ် ၂၀၀ အတွင်းက
  • 5:25 - 5:28
    တရုတ်နဲ့ အမေရိကပဲ
  • 5:28 - 5:30
    အခုပြနေတဲ့ဆော့ဖ်ဝဲလ်ကို
    ဂူဂဲလ်ကဝယ်လိုက်ပြီး
  • 5:30 - 5:33
    ကျွန်တော့်သားအကြီးဆုံးက
    ဂူဂဲလ်မှာအခုအလုပ်လုပ်နေတယ်
  • 5:33 - 5:36
    ပြောရရင် ဒီဆော့ဖ်ဝဲလ်ဖြစ်လာဖို့
    ကျွန်တော့်သားနဲ့သူ့ဇနီးတို့
  • 5:36 - 5:38
    စတိုခန်းထဲမှာ နှစ်ပေါင်းများစွာရေးခဲ့ရတယ်
  • 5:38 - 5:42
    ဘေကျင်းမှာ တရုတ်စာသင်နေတဲ့
    ကျွန်တော့်မြေးအငယ်ဆုံးတောင်ပါလိုက်သေး
  • 5:42 - 5:46
    နောက်ဆုံး ကျွန်တော့်မှာ အမြင် ၂ခုရလာတယ်
  • 5:46 - 5:48
    တရုတ်နိုင်ငံ ဘေးကျင်းမှာကျောင်းတက်နေတဲ့
  • 5:48 - 5:52
    ကျွန်တော့်မြေးကတော့ ရေရှည်အမြင်တစ်ခုရလာတယ်
  • 5:52 - 5:54
    ဂူဂဲလ်မှာလုပ်နေတဲ့ သားအကြီးဆုံးကလည်း
  • 5:54 - 5:58
    ဒီဆော့ဖ်ဝဲလ်ပြီးဖို့
    ၄ လ ဒါမှမဟုတ် ၆လလောက် အချိန်ယူသင့်တယ်
  • 5:58 - 6:01
    ဂူဂဲလ်က သိပ်ကိုရက်ရောရင်တော့
    အချိန် ၁နှစ်၊ ၂နှစ်ယူလို့ရတာပေါ့
  • 6:01 - 6:03
    ဒါပေမဲ့ တရုတ်မှာကမျိုးဆက်တစ်ခုစာအထိတွေးတယ်
  • 6:03 - 6:06
    ဘာလို့ဆို သူတို့နိုင်ငံ
    သိပ်ကိုဆုတ်ယုတ်ခဲ့တဲ့
  • 6:06 - 6:08
    ကာလတစ်ခုမှတ်မိနေကြတယ်
  • 6:08 - 6:10
    နှစ် ၁၀၀ လောက်နောက်ပြန်ကြည့်လိုက်ရင်ပေါ့
  • 6:10 - 6:13
    ၂၀ရာစုရဲ့ အစောပိုင်းကိုပြန်ကြည့်လိုက်တော့
  • 6:13 - 6:16
    သိပ်ကို ဆိုးရွားခဲ့တယ်
  • 6:16 - 6:19
    မဟာခုန်ပြန်ကျော်လွှားလှုပ်ရှားမှု
    ကာလတွေတုန်းကပေါ့
  • 6:19 - 6:21
    ဒါပေမဲ့ အဲတာ ၁၉၆၃ တုန်းက
  • 6:21 - 6:25
    မော်စီတုံးကြောင့် တရုတ်နိုင်ငံသားတွေ
    ကျန်းမာလာကြတယ်
  • 6:25 - 6:27
    သူကွယ်လွန်သွားတော့ တိန့်ရှောင်ဖိန့်က
  • 6:27 - 6:29
    ခုန်ပျံကျော်လွှားလှုပ်ရှားမှုကိုစတင်ခဲ့တယ်
  • 6:29 - 6:31
    အမေရိကန်က စီးပွားရေးကောင်းအောင်အရင်လုပ်တယ်
  • 6:31 - 6:35
    ပြီးတော့ တဖြည်းဖြည်းချမ်းသာလာတယ်
    ဒါထူးဆန်းတယ်လို့ မထင်မိဘူးလား
  • 6:35 - 6:38
    တရုတ်မှာတော့ အရင်ကျန်းမာလာကြတယ်
  • 6:38 - 6:42
    ပညာရေး၊ အာဟာရစတဲ့အသိပညာတွေကို
    အသုံးချလိုက်တာကိုး
  • 6:42 - 6:45
    ပြီးတော့ ပင်နဆလင်ရဲ့ အကျိုးကျေးဇူး
  • 6:45 - 6:47
    ကာကွယ်ဆေးထိုးတာ၊ မိသားစုစီမံကိန်းချတာ
  • 6:47 - 6:50
    အာရှတိုက်မှာ စီးပွားရေးတိုးတက်မှုမရသေးခင်
  • 6:50 - 6:53
    လူမှုရေးတိုးတက်မှုက အရင်ဖြစ်လာတယ်
  • 6:53 - 6:55
    ပြည်သူ့ကျန်းမာရေးပါမောက္ခတစ်ဦးအနေနဲ့
  • 6:55 - 6:59
    ကျွန်တော့်အတွက်ကတော့ဒီနိုင်ငံတွေ
    အလျင်အမြန်တိုးတက်လာတာသိပ်မထူးဆန်းဘူး
  • 6:59 - 7:01
    ဘာလို့လဲဆိုတော့ ခင်ဗျားတို့ဒီမှာတွေ့ရမှာက
  • 7:01 - 7:04
    သောမတ်ဖရိုင်းမင်းပြောတဲ့ ပြားနေတဲ့ကမ္ဘာ
  • 7:04 - 7:06
    မဟုတ်လား
  • 7:06 - 7:08
    တကယ့်တကယ်တမ်း ပြားသွားတာတော့မဟုတ်ဘူးပေါ့
  • 7:08 - 7:10
    ဝင်ငွေအလယ်အလတ်တန်းနိုင်ငံတွေမှာ
  • 7:10 - 7:12
    ကျွန်တော့်ကျောင်းသားတွေကို ပြောလေ့ရှိတာက
  • 7:12 - 7:15
    ဖွံ့ဖြိုးဆဲကမ္ဘာ ဆိုတဲ့ အယူအဆကို
    ဆက်မသုံးတော့ဖို့
  • 7:15 - 7:18
    ဘာလို့ဆို ဖွံ့ဖြိုးဆဲကမ္ဘာ
    အကြောင်းပြောကြတဲ့အခါ
  • 7:18 - 7:22
    အမေရိကန်သမိုင်းမှာ အပိုင်း ၂ ပိုင်းရှိ
  • 7:22 - 7:26
    နောက်ဆုံးအပိုင်းက ခုလက်ရှိအချိန်
    သမ္မတ အိုဘားမားလက်ထက်
  • 7:26 - 7:28
    အခြားတစ်ပိုင်းကတော့ ပြီးခဲ့တဲ့အတိတ်ကာလ
  • 7:28 - 7:30
    သမ္မတဝါရှင်တန်ကနေ အိုက်စင်ဟောင်ဝါအထိ
  • 7:30 - 7:32
    ခောတ်အဆက်ဆက်အားလုံးပါတယ်
  • 7:32 - 7:34
    ဝါရှင်တန်ကနေ အိုင်စင်ဟောင်ဝါအထိက
  • 7:34 - 7:36
    ဖွံ့ဖြိုးဆဲကမ္ဘာကို ကျွန်တော်တို့
    တွေ့ရတယ်
  • 7:36 - 7:38
    မေဖလားဝါး သင်္ဘောကနေ
  • 7:38 - 7:40
    သမ္မတ အိုက်စင်ဟောင်ဝါအထိခေတ်ကို
  • 7:40 - 7:43
    ဖွံ့ဖြိုးဆဲကမ္ဘာလို့ သတ်မှတ်လို့ရပြီး
  • 7:43 - 7:46
    အဲဒီခေတ်မှာ မြို့ပြတွေ
    အလျင်အမြန်ဖွံ့ဖြိုးလာတယ်
  • 7:46 - 7:48
    အလွန်တော်တဲ့ စွန့်ဦးတီထွင်သူတွေရှိတယ်
  • 7:48 - 7:51
    ဒါပေမဲ့ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့
    နိုင်ငံတွေလည်းရှိနေတယ်
  • 7:51 - 7:54
    ဒါကိစ္စကို ပိုနားလည်အောင် ဘယ်လိုလုပ်ကြမလဲ
  • 7:54 - 7:57
    နည်းလမ်းတစ်ခုအနေနဲ့ သိနိုင်ဖို့ဆိုရင်
    လူအဖွဲ့အစည်းတစ်ခုအတွင်းက
  • 7:57 - 7:59
    "ဝင်ငွေပြန်လည်ဖြန့်ဝေခြင်း"ကိုလေ့လာဖို့ပဲ
  • 7:59 - 8:02
    ဒါက ကမ္ဘာပေါ်ကလူတွေရဲ့
    ဝင်ငွေပြန်လည်ဖြန့်ဝေခြင်း ကိုပြတယ်
  • 8:02 - 8:05
    ၁ ဒေါ်လာကစတယ်
    ဒီနားမှာ စားဖို့အစားအစာရှိတယ်
  • 8:05 - 8:07
    ဒီလူတွေကတော့ ဗိုက်ဆာလျက်နဲ့
    အိပ်ယာဝင်ရတယ်
  • 8:07 - 8:09
    ဒါက လူဦးရေစုစုပေါင်း
  • 8:09 - 8:11
    ဒါက ၁၀ ဒေါ်လာ
    အစိုးရ သို့ ပုဂ္ဂလိက
  • 8:11 - 8:13
    ကျန်းမာရေးစောင့်ရှောက်စနစ်ရှိတယ်
    ဒီအဆင့်မှာ
  • 8:13 - 8:16
    ခင်ဗျားမိသားစုကို ဆေးကုပေးနိုင်တယ်
    ကလေးတွေကျောင်းထားပေးနိုင်တယ်
  • 8:16 - 8:18
    ဒါက ဝင်ငွေမြင့်တဲ့ "OECD" နိုင်ငံတွေ
  • 8:18 - 8:20
    ဂရိ၊ လက်တင်အမေရိက၊ အရှေ့ဥရောပက နိုင်ငံတွေ
  • 8:20 - 8:24
    ဒါက အရှေ့အာရှ၊ အပြာဖျော့ဖျော့က
    အရှေ့တောင်အာရှ
  • 8:24 - 8:27
    အခုပြမှာကတော့
    ကမ္ဘာကြီးဘယ်လိုပြောင်းလဲခဲ့သလဲဆိုတာပါ
  • 8:27 - 8:29
    ဒီလိုပုံစံနဲ့ ပြောင်းလဲခဲ့ပါတယ်
  • 8:29 - 8:32
    ဘယ်လိုဖွံ့ဖြိုးလာတယ်ဆိုတာတွေ့ရလား
    မီလီယံ၊ ဘီလီယံပေါင်းများစွာသော
  • 8:32 - 8:35
    အာရှတိုက်က လူတွေဆင်းရဲတွင်းကတက်နိုင်ခဲ့တယ်
  • 8:35 - 8:37
    ဒီလိုပုံစံမျိုးဖြစ်ခဲ့တယ်
  • 8:37 - 8:39
    နောက်လာမယ့်နှစ်တွေအတွက်
    ကြိုတင်ခန့်မှန်းရင်
  • 8:39 - 8:42
    Lehman Brothers ရုံးတံခါးရှေ့ရောက်တော့
    ကျွန်တော်ရပ်လိုက်ရပြီလေ
  • 8:42 - 8:45
    ဘာလို့လဲဆိုတာ ခင်ဗျားတို့သိပါတယ်
    (ရယ်မောသံများ)
  • 8:45 - 8:47
    အဲဒီနေရာမှာပဲ ကြိုတင်ခန့်မှန်းတဲ့
  • 8:47 - 8:49
    ကိန်းဂဏန်းတွေမမှန်တော့တာပါပဲ
    ဖြစ်နိုင်တာက
  • 8:49 - 8:52
    ကမ္ဘာကြီးက ဒီလိုပုံစံမျိုးဆက်သွားနိုင်တယ်
  • 8:52 - 8:54
    အနည်းနဲ့အများ ဒီလိုပဲဆက်ဖြစ်မှာပါပဲ
  • 8:54 - 8:59
    ဆင်းရဲ။ ချမ်းသာ ကွဲပြားနေတဲ့ကမ္ဘာလို့
    ကြည့်မြင်လို့မရတော့ဘူး
  • 8:59 - 9:01
    ဒီနားက ဝင်ငွေမြင့်တဲ့နိုင်ငံတွေ
  • 9:01 - 9:04
    အမေရိကန်က ဦးဆောင်နေတယ်
  • 9:04 - 9:07
    အလယ်မှာ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးလာတဲ့
    နိုင်ငံတွေရှိတယ်
  • 9:07 - 9:09
    အဲဒီနိုင်ငံတွေကပဲ စီးပွားပျက်ကပ်မဖြစ်အောင်
  • 9:09 - 9:12
    ကျားကန်ထားပေးတယ်
    ဒီနားက ဝင်ငွေနိမ့်တဲ့နိုင်ငံတွေ
  • 9:12 - 9:15
    ငွေတွေဘယ်ကရောက်လာသလဲ
    ဆိုတဲ့အကြောင်းက
  • 9:15 - 9:17
    သူတို့တွေ ငွေစုကြတယ်
    ဆယ်စုနှစ်ကျော်နေပြီ
  • 9:17 - 9:19
    ဒီမှာဝင်ငွေနိမ့်တဲ့နိုင်ငံတွေ
  • 9:19 - 9:21
    အဲဒီနိုင်ငံတွေမှာ စွန့်ဦးတီထွင်သူတွေရှိတယ်
  • 9:21 - 9:24
    ဒီမှာက စစ်ဖြစ်ပြီးပျက်သုဉ်းနေတဲ့နိုင်ငံတွေ
  • 9:24 - 9:29
    အာဖကနစ္စတန်၊ ဆိုမာလီးယား၊
    ကွန်ဂိုကနယ်တစ်ချို့၊ ဆူဒန်က "ဒါဖာ"နယ်
  • 9:29 - 9:31
    တစ်ခေတ်ထဲမှာ အမျိုးစုံသောနိုင်ငံတွေရှိတယ်
  • 9:31 - 9:33
    ဒါကြောင့်ပဲ ဖွံ့ဖြိုးဆဲကမ္ဘာမှာ
  • 9:33 - 9:35
    ဘာဖြစ်နေလဲဆိုတာဖော်ပြဖို့အခက်တွေ့နေရတာပါပဲ
  • 9:35 - 9:37
    ဘာဖြစ်နေလဲဆိုတာသိဖို့ သိပ်ခက်ပါတယ်
  • 9:37 - 9:39
    ဒါကြောင့် အမြဲကျွန်တော်ပြောတတ်တာက
  • 9:39 - 9:42
    အနည်းငယ်ကွဲပြားတဲ့နည်းလမ်းမျိုးနဲ့
    အဖြေရှာဖို့ပါ။
  • 9:42 - 9:46
    နိုင်ငံတစ်နိုင်ငံအတွင်းမှာတောင် ဒေသအလိုက်
    ကြီးမားတဲ့ကွဲပြားခြားနားမှုတွေရှိနေတယ်
  • 9:46 - 9:49
    ခင်ဗျားတို့ဌာနမှာ ဒေသအလိုက်
    ပိုင်းခြားသတ်မှတ်တယ်လို့ သိရတယ်
  • 9:49 - 9:52
    ဆာဟာရသဲကန္တာရအောက်ပိုင်း အာဖရိကနိုင်ငံတွေ၊
    တောင်အာရှနိုင်ငံတွေ
  • 9:52 - 9:54
    အရှေ့အာရှ၊ အာရပ်နိုင်ငံတွေ
  • 9:54 - 9:56
    အရှေ့ဉရောပ၊ လက်တင်အမေရိက၊
    OECD နိုင်ငံတွေ
  • 9:56 - 9:58
    ဒီဝင်ရိုးကတော့ နိုင်ငံတွေရဲ့ GDP ကိုပြတယ်
  • 9:58 - 10:00
    ဒီဝင်ရိုးက ကျန်းမာရေး၊
    ကလေးအသက်ရှင်နှုန်း
  • 10:00 - 10:02
    ဆာဟာရသဲကန္တာရတောင်ပိုင်းက
    အာဖရိကနိုင်ငံတွေ
  • 10:02 - 10:05
    အောက်နားရောက်နေတာ သိပ်တော့မထူးဆန်းဘူး
  • 10:05 - 10:07
    ဒါပေမဲ့ နိုင်ငံအလိုက် အဝိုင်းတွေကို
  • 10:07 - 10:09
    တစ်နိုင်ငံစီ ခွဲချလိုက်တဲ့အခါ
  • 10:09 - 10:12
    အဝိုင်းရဲ့အရွယ်အစားက
    လူဦးရေကိုပြောတာ
  • 10:12 - 10:15
    ဆာရာလီရုန်းနဲ့ မော်ရစ်ချက်နိုင်ငံတွေဆို
    လုံးဝကို ကွဲပြားကြတယ်
  • 10:15 - 10:17
    ဆာဟာရသဲကန္တာရအောက်ပိုင်းအာဖရိကနိုင်ငံတွေ
  • 10:17 - 10:20
    သိပ်ကိုကွဲပြားတယ်။
    ဒီမှာ တောင်အာရှကို ခွဲချလိုက်ရင်
  • 10:20 - 10:22
    အာရပ်ကမ္ဘာ
  • 10:22 - 10:24
    အခု နိုင်ငံအားလုံးကိုတွေ့ရပြီ
  • 10:24 - 10:27
    အရှေ့ဉရောပ၊ လက်တင်အမေရိကနဲ့
    OECD အဖွဲ့ဝင်နိုင်ငံတွေ
  • 10:27 - 10:30
    ကဲကြည့်ရအောင် ကမ္ဘာကြီးတစ်ခုလုံးကို
  • 10:30 - 10:32
    ဒီပုံကို နှစ်ပိုင်းခွဲမြင်လို့မရဘူး
  • 10:32 - 10:35
    မေဖလားဝါးက ဒီအောက်နားမှာ
    ဝါရှင်တန်က ဒီမှာ
  • 10:35 - 10:37
    တိုးတက်ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေ
  • 10:37 - 10:41
    ဒီမှာ လင်ကွန်း၊ ကျော်တက်လာတယ်
  • 10:41 - 10:44
    ဒါကအိုက်စင်ဟောင်ဝါ
    နိုင်ငံကို ခေတ်မီတိုးတက်အောင်လုပ်ပေးတယ်
  • 10:44 - 10:46
    ကဲ ဒါကယနေ့ခေတ် အမေရိက အပေါ်နားမှာ
  • 10:46 - 10:48
    ဒီလမ်းကြောင်းတစ်လျောက်မှာ
    နိုင်ငံတွေရှိတယ်
  • 10:48 - 10:51
    ကဲအခုအရေးကြီးတဲ့အချက်က
  • 10:51 - 10:55
    ကမ္ဘာကြီးဘယ်လိုပြောင်းလဲသွားခဲ့သလဲဆိုတာ
    နားလည်ဖို့ပါပဲ
  • 10:55 - 10:59
    ဒီနေရာမှာ ကျွန်တော် ခဏရပ်လိုက်ဦးမယ်
  • 10:59 - 11:01
    (ရယ်မောသံများ)
  • 11:01 - 11:04
    ကျွန်တော့်တာဝန်ကကမ္ဘာကြီးတစ်ခုလုံးကိုယ်စား
    အမေရိကန်က
  • 11:04 - 11:08
    အခွန်ပေးသူတွေကိုကျေးဇူးတင်စကားပြောဖို့ပါပဲ
    "လူနေမှုဘဝနဲ့ကျန်းမာရေးဆိုင်ရာ
  • 11:08 - 11:10
    အခြေခံအချက်အလက်စစ်တမ်း"
    ကောက်ပေးခဲ့လို့ပါပဲ
  • 11:10 - 11:13
    လူအများစုသတိမပြုမိကြတာက
    ဒါပြက်လုံးပြောတာမဟုတ်ပါဘူး
  • 11:13 - 11:15
    တကယ့်ကို အတည်ပြောတာပါ။
  • 11:15 - 11:19
    ဒါ အမေရိကန်ရဲ့ စဉ်ဆက်မပြတ်ငွေကြေး
    ထောက်ပံ့မှုကြောင့်ပါ။
  • 11:19 - 11:22
    ၂၅ နှစ်တာကာလအတွင်းမှာ
    အလွန်ကောင်းတဲ့ အချက်အလက်ကောက်ယူတဲ့စနစ်နဲ့
  • 11:22 - 11:24
    ကလေးသေနှုန်းကိုတိုင်းတာနိုင်ခဲ့ပါတယ်
  • 11:24 - 11:27
    ဒါကြောင့်ပဲ ကမ္ဘာကြီးမှာဘာတွေဖြစ်နေသလဲ
    အချက်အလက်နဲ့ပြနိုင်တာပါ
  • 11:27 - 11:34
    (လက်ခုပ်တီးသံများ)
  • 11:34 - 11:37
    အမေရိကန်အစိုးရဟာ အကောင်းဆုံးကြိုးစားပြီး
  • 11:37 - 11:40
    အကျိုးစီးပွားမဖက်ဘဲ
    လူအဖွဲ့အစည်းအတွက် အသုံးဝင်တဲ့
  • 11:40 - 11:42
    အချက်အလက်အမှန်ကို ကောက်ယူခဲ့ပါတယ်
  • 11:42 - 11:45
    ရလာတဲ့အချက်အလက်တွေကိုလည်း
    ကမ္ဘာက အခမဲ့အသုံးပြုလို့ရအောင်
  • 11:45 - 11:48
    အင်တာနက်ပေါ် တင်ထားပေးပါတယ်
    ကျေးဇူးအထူးတင်ပါတယ်။
  • 11:48 - 11:50
    ကမ္ဘာဘဏ်နဲ့ ဆန့်ကျင်ဘက်လို့ဆိုနိုင်တာကတော့
  • 11:50 - 11:53
    သူကအစိုးရတွေရဲ့ပိုက်ဆံနဲ့
    အချက်အလက်တွေစုဆောင်းတယ်
  • 11:53 - 11:56
    အခွန်ငွေတွေကိုသုံးတယ်။
    ပြီးတော့ အမြတ်ယူပြီးမှ ပြန်ရောင်းတယ်
  • 11:56 - 11:59
    သိပ်ကို ပြုန်းတီးစေတာပဲ။
    ဂူတင်ဘတ်နည်းလမ်းမျိုးပေါ့။
  • 11:59 - 12:05
    (လက်ခုပ်တီးသံများ)
  • 12:05 - 12:07
    ဒါပေမဲ့ ကမ္ဘာ့ဘဏ်မှာ အလုပ်လုပ်နေတဲ့လူတွေက
  • 12:07 - 12:09
    ကမ္ဘာပေါ်က အတော်ဆုံးတွေထဲမှာပါတယ်
  • 12:09 - 12:11
    သူတို့ကအရည်အသွေးပြည့်ဝတဲ့ "ပရို" တွေပါ။
  • 12:11 - 12:15
    နိုင်ငံတကာက အေဂျင်စီတွေကိုလဲ
    ပြောင်းလဲခေတ်မီလာတဲ့ကမ္ဘာကြီးကို
  • 12:15 - 12:18
    အမီလိုက်နိုင်ဖို့ အဆင့်မြှင့်ပေးချင်ပါတယ်
  • 12:18 - 12:21
    ပွင့်လင်းမြင်သာမှု၊ အခမဲ့ဒေတာရယူနိုင်မှု
    စတာတွေနဲ့ပတ်သတ်လာရင်
  • 12:21 - 12:24
    အမေရိကန်ပြည်ထောင်စုဟာ
    အကောင်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံပါ
  • 12:24 - 12:27
    ဆွီဒင်လူမျိုးပြည်သူ့ကျန်းမာရေးပါမောက္ခ
    တစ်ဦးရဲ့ပါးစပ်က
  • 12:27 - 12:30
    ဒီလိုစကားမျိုးထွက်လာဖို့ဆိုတာမလွယ်ပါဘူး
    (ရယ်မောသံများ)
  • 12:30 - 12:33
    ဒီနေ့မှာ လာပြောဖို့လည်း ပိုက်ဆံရထားတာ
    မဟုတ်ပါဘူး။
  • 12:33 - 12:35
    အချက်အလက်နဲ့ ဘာဖြစ်နေလဲ၊ ဘာကိုပြနေလဲဆိုတာ
  • 12:35 - 12:37
    ခင်ဗျားတို့ကို ကျွန်တော်ပြချင်လို့ပါ
  • 12:37 - 12:39
    ဒီမှာကြည့်လိုက်ပါ
    ဒါက ကမ္ဘာကြီး
  • 12:39 - 12:41
    ဝင်ငွေက အောက်ကဝင်ရိုး
    ကလေးသေနှုန်း
  • 12:41 - 12:43
    ကမ္ဘာမှာ ဘာတွေဖြစ်ခဲ့သလဲ?
  • 12:43 - 12:46
    လွန်ခဲ့တဲ့နှစ် ၅၀
    ၁၉၅၀ ခုနှစ်ကတည်းက
  • 12:46 - 12:49
    ကမ္ဘာမှာ ကလေးသေနှုန်း ကျလာတယ်
    ဒါက "လူနေမှုဘဝနဲ့ကျန်းမာရေးဆိုင်ရာ
  • 12:49 - 12:51
    အခြေခံအချက်အလက်စစ်တမ်း" ကြောင့်သိရတာပါ
  • 12:51 - 12:53
    ဝင်ငွေတွေ တိုးလာကြတယ်
  • 12:53 - 12:55
    အပြာရောင်က အရင်က ဖွံ့ဖြိုးဆဲနိုင်ငံတွေ
  • 12:55 - 13:00
    စက်မှုတိုးတက်နဲ့ အနောက်နိုင်ငံတွေကို
    လိုက်မီလာကြတယ်
  • 13:00 - 13:03
    ကမ္ဘာကတစ်ဆက်တစ်စပ်ထည်း ဖြစ်လာတယ်
    ဟုတ်ပါတယ်၊ ရှိနေသေးတယ်
  • 13:03 - 13:06
    ကွန်ဂိုလို ဆင်းရဲဆဲနိုင်ငံတွေလည်း
  • 13:06 - 13:10
    သမိုင်းကြောင်းတစ်လျောက်မှာလည်းရှိခဲ့တာပါပဲ
  • 13:10 - 13:13
    ဒီနေ့ခေတ် ကြားရတဲ့ "အောက်ခြေကသန်းတစ်ထောင်"
    ကိုဆိုလိုတာပါပဲ
  • 13:13 - 13:16
    ဖြေရှင်းနည်းအသစ်တစ်ခုလည်း လိုအပ်လာပါတယ်
  • 13:16 - 13:19
    ဘယ်လောက်မြန်မြန်ဖြစ်ခဲ့သလဲ?
    ထောင်စုနှစ်ရည်မှန်းချက်-အမှတ်၄
  • 13:19 - 13:21
    (MDG 4) ကိုကြည့်ရင်
  • 13:21 - 13:23
    အမေရိကန်ဆိုရင် MDG 4 သုံးဖို့
  • 13:23 - 13:26
    စိတ်အားထက်သန်မှုသိပ်မရှိတော့ဘူး
    ဒါပေမဲ့ MDG 4 ကိုအသုံးပြုပြီး
  • 13:26 - 13:29
    ကလေးသေနှုန်းကို တိုင်းတာဖို့
    ခင်ဗျားတို့ပဲအဓိကတိုက်တွန်းခဲ့တာ
  • 13:29 - 13:32
    ဘာလို့ဆို ဒါကတစ်ခုတည်းသောနည်းလမ်း
    ဖြစ်နေလို့ပါပဲ။
  • 13:32 - 13:35
    တစ်နှစ်ကို သေနှုန်း ၄% ကျသင့်တယ်လို့
    ကျွန်တော်တို့ပြောလေ့ရှိတယ်
  • 13:35 - 13:37
    ဆွီဒင်နိုင်ငံက အခြေအနေကို ကြည့်ရအောင်
  • 13:37 - 13:40
    လူမှုဘဝဖွံ့ဖြိုးလာအောင် အမြန်လုပ်ခဲ့တယ်
  • 13:40 - 13:42
    ၁၉၀၀ ပြည့်နှစ်တုန်းက အခြေအနေ
  • 13:42 - 13:44
    ၁၉၀၀ တုန်းက ဆွီဒင်နိုင်ငံက ဟိုနားမှာ
  • 13:44 - 13:46
    ဘင်္ဂလားဒေ့ရှ်ရဲ့ ကလေးသေနှုန်းနဲ့တူတယ်
  • 13:46 - 13:48
    ဝင်ငွေကတော့ နည်းနေသေးတာပေါ့
  • 13:48 - 13:51
    အစကောင်းခဲ့တယ်၊
    ထောက်ပံ့မှုတွေကိုကောင်းကောင်းအသုံးချခဲ့တယ်
  • 13:51 - 13:53
    ကလေးတွေကို ကာကွယ်ဆေးထိုးပေးတယ်
    ပိုကောင်းတဲ့
  • 13:53 - 13:55
    သောက်သုံးရေရလာတယ်
    ကလေးသေနှုန်း ကျလာတယ်
  • 13:55 - 13:58
    တစ်နှစ်ကို ၄.၇% ကျတယ်။
    ဆွီဒင်ကို ကျော်တက်သွားတယ်။
  • 13:58 - 14:02
    ဆွီဒင်ရဲ့ ၁၆နှစ်တာကာလကို ပြလိုက်တာပါ
  • 14:02 - 14:04
    ဒုတိယအချီစမယ်
    ဒါကဆွီဒင် ၁၉၁၆ ခုနှစ်
  • 14:04 - 14:06
    ယှဉ်မှာက အီဂျစ်နိုင်ငံရဲ့ ၁၉၉၀ အခြေအနေ
  • 14:06 - 14:09
    ကဲ လာပြန်ပါပြီ
    အမေရိကန်က အကြောင်းပြချက်တွေထဲကတစ်ခုပါ
  • 14:09 - 14:13
    သန့်ရှင်းတဲ့ရေ၊ ဆင်းရဲတဲ့သူတွေအတွက်
    အစာရေစာရလာတယ်
  • 14:13 - 14:15
    ငှက်ဖျားလုံးဝကင်းစင်သွားတယ်။
  • 14:15 - 14:18
    သေနှုန်း ၅.၅% ကျလာ
    ထောင်စုနှစ်ရည်မှန်းချက်က သတ်မှတ်ချက်ထက်
  • 14:18 - 14:21
    ပိုမြန်နေသေးတယ်။
    ကဲ တတိယအခွင့်အရေးက ဘရာဇီးနဲ့
  • 14:21 - 14:25
    လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်း ဘရာဇီးနိုင်ငံမှာ
  • 14:25 - 14:27
    လူမှုဘဝတိုးတက်မှုက အံ့မခန်းပါပဲ
  • 14:27 - 14:29
    ဆွီဒင်ထက် တိုးတက်လာတာမြန်တယ်
  • 14:29 - 14:31
    ဆိုလိုတာက ကမ္ဘာကြီးက
    ဆင်းရဲချမ်းသာကွာဟမှု
  • 14:31 - 14:33
    နည်းလာတယ်။
    ဝင်ငွေအလယ်အလတ်နိုင်ငံတွေ၊
  • 14:33 - 14:35
    ဖွံ့ဖြိုးလာတဲ့စီးပွားရေးနဲ့
    အမီလိုက်လာကြတယ်
  • 14:35 - 14:37
    မြို့ပြတွေကို ပြောင်းရွှေ့လာကြတယ်
  • 14:37 - 14:39
    မြို့ပြမှာပညာရေးစတဲ့
    အခွင့်လမ်းကောင်းရကြတယ်
  • 14:39 - 14:42
    ဒီနေရာမှာ ဆွီဒင်ကကျောင်းသားတွေ
    ဆန္ဒပြကြပြီလေ
  • 14:42 - 14:44
    သူတို့ကပြောတယ်။
    ဒါ မတရားဘူး
  • 14:44 - 14:46
    ဒီနိုင်ငံတွေကကာကွယ်ဆေး၊ ပဋိဇီဝဆေးတွေရှိတယ်
  • 14:46 - 14:48
    အဲဒါတွေက အဲဒီဘက်ခေတ်က ဆွီဒင်မှာ မရနိုင်ဘူး
  • 14:48 - 14:50
    ယှဉ်ပြိုင်မယ်ဆိုရင်ခေတ်စနစ်တူပြိုင်သင့်တယ်
  • 14:50 - 14:53
    အိုကေ ကျွန်တော်မွေးတဲ့နှစ်ကစင်္ကာပူနဲ့ယှဉ်
  • 14:53 - 14:55
    ဆွီဒင်ထက် ကလေးသေးနှုန်းက ၂ ဆ ရှိတယ်
  • 14:55 - 14:57
    ကမ္ဘာပေါ်က အပူပိုင်းနိုင်ငံတစ်နိုင်ငံ
  • 14:57 - 14:59
    အီကွေတာပေါ်က ရွံ့နွံစိမ့်စမ်းတွေနဲ့နိုင်ငံ
  • 14:59 - 15:02
    ကြည့်လိုက်ရအောင်
    လွတ်လပ်ရေးရဖို့ အချိန်တော်တော်ကြာလိုက်တယ်
  • 15:02 - 15:04
    စီးပွားရေးတိုးတက်ဖို့ စလုပ်တယ်၊
    လူမှုဘဝ
  • 15:04 - 15:06
    တိုးတက်ဖို့မြှုပ်နှံလာတယ်
    ငှက်ဖျားမရှိဘူး။
  • 15:06 - 15:08
    အမေရိကန်နဲ့ဆွီဒင်ထက်သာတဲ့
  • 15:08 - 15:10
    သိပ်ကောင်းတဲ့ ကျန်းမာရေးစနစ်ရှိတယ်
  • 15:10 - 15:13
    ဆွီဒင်ထက်သာသွားမယ်လို့တွေးတောင်မတွေးခဲ့ဘူး
  • 15:13 - 15:21
    (လက်ခုပ်တီးသံများ)
  • 15:21 - 15:24
    အစိမ်းရောင်ခြယ်ထားတဲ့နိုင်ငံတွေအားလုံးက
    ထောင်စုနှစ်ရည်မှန်းချက်
  • 15:24 - 15:26
    ပြည့်မီကြတယ်။
    အဝါတွေကတော့ ပြည့်မီလုနီးနီးပါ
  • 15:26 - 15:29
    အနီရောင်တွေကတော့ မပြည့်မီကြဘူး
    မူဝါဒပိုင်းတိုးတက်ဖို့လိုနေသေးတယ်
  • 15:29 - 15:32
    ရိုးစင်းတဲ့ခန့်မှန်းမှုတော့ မဟုတ်သေးဘူး
  • 15:32 - 15:34
    နည်းလမ်းအသစ်တစ်ခုရှာဖို့လိုနေသေးတယ်
  • 15:34 - 15:36
    ကျန်ခဲ့တဲနိုင်ငံတွေကိုပိုကောင်းတဲ့နည်းလမ်း
  • 15:36 - 15:39
    နဲ့ထောက်ပံ့ပေးနိုင်ဖို့။
    ဝင်ငွေအလယ်အလတ်နိုင်ငံတွေရဲ့
  • 15:39 - 15:41
    လုပ်ဆောင်မှုကိုလည်းလေးစားတန်ဖိုးထားပေးရမယ်
  • 15:41 - 15:44
    ကမ္ဘာကိုကြည့်မြင်တဲ့အခါ
    အချက်အလက်ကိုအခြေခံ ကြည့်မြင်ဖို့သင့်တယ်
  • 15:44 - 15:47
    ဒါကလူတစ်ဦးချင်းဝင်ငွေ
    ဒါက HIV ဖြစ်နှုန်း
  • 15:47 - 15:49
    အပြာရောင်က အာဖရိက
  • 15:49 - 15:52
    အဝိုင်းအရွယ်အစားက HIV ကူးစက်ခံအရေအတွက်
  • 15:52 - 15:54
    တောင်အာဖရိကဟာ HIV ဒဏ်ခံစားနေရတာတွေရမယ်
  • 15:54 - 15:57
    လူကြီးအားလုံးရဲ့ ၂၀% ကူးစက်ခံနေရတယ်
  • 15:57 - 16:00
    နိုင်ငံက ဝင်ငွေမြင့်နေပေမယ့်
  • 16:00 - 16:03
    HIV ကူးစက်ခံရသူတွေ အများကြီးရှိနေတယ်
  • 16:03 - 16:06
    ဒါပေမဲ့ ခင်ဗျားထပ်တွေ့မှာက
    ဒီအောက်နားက အာဖရိကနိုင်ငံတွေ
  • 16:06 - 16:10
    အာဖရိကတိုက်မှာ HIV ကပ်ဆိုက်နေတယ်ဆိုတာ
    မဟုတ်ဘူး
  • 16:10 - 16:13
    ဆွီဒင်နဲ့ အမေရိကတို့နဲ့ တူညီတဲ့နိုင်ငံတွေက
  • 16:13 - 16:16
    အာဖရိကမှာ ၅နိုင်ငံ၊ ၁၀နိုင်ငံလောက်ရှိနေတယ်
  • 16:16 - 16:18
    HIV အရမ်းများနေတဲ့နိုင်ငံတွေလည်း ရှိတာပေါ့
  • 16:18 - 16:21
    ဘာဆက်ဖြစ်သွားလဲဆိုတာ ကျွန်တော်ပြမယ်
  • 16:21 - 16:25
    စီးပွားရေးအကောင်းဆုံး အာဖရိကနိုင်ငံတွေထဲက
    တစ်နိုင်ငံ
  • 16:25 - 16:28
    ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်လဲရှိတဲ့
    ဘော့စ်ဝါးနားနိုင်ငံ
  • 16:28 - 16:30
    HIV အရမ်းများတယ်။ အခု ပြန်ကျလာပြီ
  • 16:30 - 16:32
    ကဲအခုဆို မကျတော့ဘူး
  • 16:32 - 16:34
    ဒီနိုင်ငံမှာ PEPFAR အဖွဲ့အစည်းရဲ့အကူအညီနဲ့
  • 16:34 - 16:37
    HIV ကိုဆေးကုပေးလာနိုင်တယ်။
    လူတွေမသေကြတော့ဘူး
  • 16:37 - 16:40
    ဒါကလွယ်လွယ်လေး ဖြစ်လာတာမဟုတ်ဆိုတာ
    ခင်ဗျားသိနိုင်ပါတယ်
  • 16:40 - 16:43
    စစ်ဖြစ်ခြင်းက အကြောင်းရင်းတစ်ခုပါ
  • 16:43 - 16:45
    ကွန်ဂိုမှာကြည့်လိုက်ရင် စစ်ဖြစ်တယ်
  • 16:45 - 16:48
    ဇမ်ဘီယာမှာက ငြိမ်းချမ်းနေတယ်
  • 16:48 - 16:51
    ဆိုတော့ စီးပွားရေးနဲ့မဆိုင်ဘူး။
    ချမ်းသာတဲ့နိုင်ငံမှာနည်းနည်းများ
  • 16:51 - 16:53
    နေသေးတယ်။
    တန်ဇန်းနီးယားကို ဝင်ငွေအလိုက်
  • 16:53 - 16:55
    ခွဲချလိုက်ရင်
    ချမ်းသာတဲ့ ၂၀% က
  • 16:55 - 16:57
    ဆင်းရဲသူထက် HIV ပိုဖြစ်တာတွေ့ရတယ်
  • 16:57 - 17:00
    နိုင်ငံတစ်နိုင်ငံအတွင်းမှာတောင်
    သိပ်ကိုကွဲပြားခြားနားကြတယ်
  • 17:00 - 17:02
    ကင်ညာကခရိုင်မြို့တွေကိုကြည့်လိုက်ရင်
  • 17:02 - 17:05
    သိပ်ကိုကွဲပြားနေကြတယ်
    ဒါ ခင်ဗျားတို့မြင်ရတဲ့အခြေအနေပါပဲ
  • 17:05 - 17:08
    ဆင်းရဲတွင်းနက်နေတာလဲမဟုတ်ဘူး
    သီးသန့်အခြေအနေတစ်မျိုးပါ
  • 17:08 - 17:11
    လူတစ်ယောက်မှာ လိင်ဆက်ဆံတဲ့သူ
    တစ်ဦးထက်ပိုရှိနေတာ
  • 17:11 - 17:14
    လိင်တူဆက်ဆံတဲ့ လူအုပ်စုတွေထဲကပေါ့
  • 17:14 - 17:16
    အာဖရိကတောင်ပိုင်းနဲ့အရှေ့ပိုင်းကနိုင်ငံတွေ
  • 17:16 - 17:18
    ဒီအထဲက တစ်ချို့နေရာတွေမှာ
    အာဖရိကဆိုပြီး
  • 17:18 - 17:21
    သိမ်းကြုံးပြောလို့မရဘူး
    လူမျိုးအခြေခံကိစ္စဆိုပြီးလုပ်မရဘူး
  • 17:21 - 17:25
    ဒါက သက်ဆိုင်တဲ့ဒေသတွင်းကိစ္စဖြစ်ပါတယ်
    ဒေသနဲ့ကိုက်ညီတဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို
  • 17:25 - 17:27
    သူနေရာဒေသအလိုက်ဆောင်ရွက်ရမှာပါ
  • 17:27 - 17:30
    ဆိုတော့ နိဂုံးချုပ်ရရင်
  • 17:30 - 17:33
    ကမ္ဘာ့အဆင်းရဲဆုံး လူပေါင်း ၁ဘီလီယံ
    ခံစားနေရတဲ့
  • 17:33 - 17:36
    ကျွန်တော်တို့မသိကြတဲ့ ကိစ္စရပ်တွေပါပဲ
  • 17:36 - 17:38
    လက်ကိုင်ဖုန်းမဝယ်နိုင်တဲ့သူတွေ
  • 17:38 - 17:40
    ကွန်ပြူတာမမြင်ဘူးတဲ့လူတွေ
  • 17:40 - 17:43
    အိမ်မှာလျှပ်စစ်မီးမရှိတဲ့လူတွေ
  • 17:43 - 17:45
    လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းကကြုံခဲ့ရတဲ့
  • 17:45 - 17:47
    ကွန်ဇိုအကြောသေရောဂါဟာ
    အာဖရိကမှာရှိနေတုန်း
  • 17:47 - 17:52
    အစာရေစာရှားပါးတဲ့အခြေအနေမှာ စားရလေ့ရှိတဲ့
    ကတ်ဆာဗာ အမြစ်ရဲ့အဆိပ်ကြောင့်ဖြစ်တဲ့ရောဂါပါ
  • 17:52 - 17:56
    ၁၉၃၀ တုန်းကမစ္စစပီ မှာတွေ့ခဲ့ရတဲ့ ဗီတာမင်
    ချို့တဲ့လို့ဖြစ်တဲ့"ပလာဂါရာ"ကပ်ရောဂါ
  • 17:56 - 17:59
    အခြားအာဟာရချို့တဲ့လို့ဖြစ်တဲ့ရောဂါတွေနဲ့
    ဆင်တူပါတယ်
  • 17:59 - 18:01
    ချမ်းသာတဲ့လူတွေဘယ်တော့မှမဖြစ်မယ့်ရောဂါပါ
  • 18:01 - 18:04
    မိုဇမ်ဘစ်နိုင်ငံမှာလည်း တွေ့ခဲ့ရတယ်
  • 18:04 - 18:07
    ဒါ မိုဇမ်ဘစ်မှာဖြစ်တဲ့ကပ်ရောဂါ
    ဒါတန်ဇမ်းနီးယားမှာဖြစ်တဲ့ကပ်ရောဂါ
  • 18:07 - 18:09
    ခင်ဗျား ဒီလိုရောဂါရှိတာ ကြားဖူးမှာမဟုတ်ဘူး
  • 18:09 - 18:11
    ဒါက အီဘိုလာထက်တောင် ပိုဆိုးပါတယ်
  • 18:11 - 18:13
    ရောဂါရလိုက်ပြီဆိုရင်လေ
  • 18:13 - 18:15
    အကြောသေပြီးလမ်းမလျောက်နိုင်တာ
  • 18:15 - 18:17
    ပြီးခဲ့တဲ့ ၂ နှစ်ကျော်က
  • 18:17 - 18:19
    လူ ၂၀၀၀ အကြောသေပြီးလမ်းမလျောက်နိုင်တော့ဘူး
  • 18:19 - 18:21
    ဘန်ဒွန်ဒူး ဒေသရဲ့ တောင်ဘက်စွန်းကလူတွေပေါ့
  • 18:21 - 18:23
    အဲဒီဒေသက တရားမဝင် စိန် အရောင်းအဝယ်လုပ်တာ
  • 18:23 - 18:26
    အန်ဂိုလာနိုင်ငံက
    UNITA ကြီးစိုးတဲ့နေရာမှာပေါ့
  • 18:26 - 18:28
    အခုတော့ မရှိကြတော့ဘူး
  • 18:28 - 18:30
    အခုချိန်မှာ ကြီးမားတဲ့
    စီပွားရေးပြဿနာတွေနဲ့
  • 18:30 - 18:33
    လွန်ခဲ့တဲ့တစ်ပတ်ကပဲ
    အင်တာနက်လိုင်း လေးလိုင်း
  • 18:33 - 18:36
    ပထမဆုံးအနေနဲ့ စတပ်တယ်
  • 18:36 - 18:39
    အသစ်ပေါ်ထွက်လာတဲ့ စီးပွားရေးလုပ်ငန်း
    တိုးတက်မှုတွေနဲ့
  • 18:39 - 18:42
    ဝင်ငွေအလယ်အလတ်နိုင်ငံကလူတွေရဲ့ အစွမ်းအစ
    စတာတွေရယ်
  • 18:42 - 18:44
    ဝင်ငွေနိမ့်ပေမယ့် ငြိမ်းချမ်းတဲ့နိုင်ငံတွေ
  • 18:44 - 18:46
    ဒါတွေကို မရောထွေးပစ်လိုက်ပါနဲ့ဦး
  • 18:46 - 18:48
    ၁ ဘီလီယံကိစ္စကတော့ ဖြေရှင်းဖို့ခက်ခဲနေဆဲပါ
  • 18:48 - 18:50
    အယူအဆအသစ်တွေပိုလိုအပ်လာတယ်
  • 18:50 - 18:53
    ဖွံဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးဆဲကမ္ဘာလောက်သာ
    ခွဲခြားသတ်မှတ်နေတာကနေ
  • 18:53 - 18:56
    တွေးပုံအသစ်တစ်ခုလဲ လိုအပ်လာတယ်
    ကမ္ဘာကြီးက စုစုံလာပြီ
  • 18:56 - 18:59
    ဒါပေမဲ့... ဒါပေမဲ့...
    အောက်ခြေက ၁ ဘီလီယံတော့မပါသေးဘူး
  • 18:59 - 19:02
    သူတို့တွေကတော့ ဆင်းရဲမြဲဆင်းရဲဆဲပါပဲ
  • 19:02 - 19:07
    စူပါ ပါဝါနိုင်ငံကြီးတွေမှာလည်းဖြစ်မှာမဟုတ်
  • 19:07 - 19:09
    ဒါပေမဲ့ ခင်းဗျားတို့ဟာ အခုလက်ရှိအချိန်အထိ
  • 19:09 - 19:12
    အရေးကြီးဆုံး စူပါ ပါဝါနိုင်ငံတစ်ခု
    ဖြစ်နေပြီးတော့
  • 19:12 - 19:15
    မျှော်လင့်ချက်အရှိဆုံး နိုင်ငံတစ်ခုလည်း
    ဖြစ်နေဦးမှာပါ
  • 19:15 - 19:17
    ဒီလို အင်စတီကျူးရှင်းတစ်ခုဟာ
  • 19:17 - 19:19
    အလွန်အရေးပါတဲ့နေရာမှာရှိနေပြီးတော့
    အမေရိကန်
  • 19:19 - 19:21
    တစ်နိုင်ငံထဲသာမဟုတ်ပဲ
    တစ်ကမ္ဘာလုံးအတွက်ပါ
  • 19:21 - 19:24
    ခင်ဗျားတို့ဌာနာမည် အမေရိကန်အစိုးရဌာနဆိုတာ
    ခေါ်ရတာအင်မတန်ဆိုးတယ်
  • 19:24 - 19:26
    အစိုးရဌာန မဟုတ်ဘူး
  • 19:26 - 19:28
    ကမ္ဘာ့ဌာန ဖြစ်ပါတယ်။ ခင်ဗျားတို့အပေါ်မှာ
  • 19:28 - 19:30
    ကျွန်တော်တို့ သိပ်ကိုမျှော်လင့်ထားပါတယ်
  • 19:30 - 19:35
    ကျေးဇူးတင်ပါတယ်။
    (လက်ခုပ်တီးသံများ)
Title:
ကျွန်ုပ်မှာရှိတဲ့အချက်အလက်တွေနဲ့ သင့်အတွေးအခေါ်တွေကို ပြောင်းလဲပေးပါရစေ။
Speaker:
Hans Rosling
Description:

အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှာ ဒီနှစ် နွေရာသီတုန်းက ပြောခဲ့တာ။ ဟန်းစ် ရိုးစလင်းက သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက် ဆောဖ်ဝဲလ်အသုံးပြုပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ်မြင်လေ့ရှိကြတဲ့ အစဉ်အလာတွေးခေါ်ရှုမြင်ပုံတွေကို ပြောင်းလဲပစ်မှာပါ။ တရုတ်နိုင်ငံအပေါ် ခွဲခြမ်းစိတ်ဖြာထားတာ၊ စီးပွားရေးမပြိုလဲအောင် ငွေကြေးကူညီထောက်ပံ့ထားရတဲ့ကမ္ဘာကြီး၊ ပုံမှန်ပြနေကြအတိုင်း အချက်အလက်မျိုးစုံ စတာတွေကို ကြည့်လိုက်ကြစို့။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
19:37

Burmese subtitles

Revisions