ဟာကျူလီရဲ့ စွန့်စားခန်း ဒဏ္ဍာရီများ
-
0:12 - 0:15ဟာကျူလီ ဆိုတဲ့ ချံပီယံ လူသား ဟာ
-
0:15 - 0:18ကြောက်မက်ဖွယ် အမှားကြီးတစ်ခုကို
ကျူးလွန်မိခဲ့ပါတယ်။ -
0:18 - 0:23တကယ့်ကို ကြီးမားတဲ့ မှုခင်းကြီးတစ်ခုကို
ကျူးလွန်မိခဲ့ပါတယ်။ -
0:23 - 0:28တကယ်တော့ ဟာကျူလီကို မုန်းနေတဲ့
နတ်ဘုရားမ ဟီရာ က -
0:28 - 0:32ခေတ္တရူးသွားအောင် လုပ်ပစ်ခဲ့လို့
-
0:32 - 0:35သူ့မိသားစုက ဓားစာခံဖြစ်သွားရတာပါ။
-
0:35 - 0:38စိတ်မချမ်းမသာဖြစ်နေတဲ့ ဟာကျူလီဟာ
သူ့အပြစ်တွေကို ချေဖျက်ဖို့ -
0:38 - 0:40Oracle of Delphi ထံတွင် အဖြေရှာခဲ့ပါတယ်။
-
0:40 - 0:44Oracle of Delphi က ဟီရာနတ်ဘုရားမ
အထူးချစ်ခင်သူ -
0:44 - 0:49Tiryns ဘုရင် Eurystheus ထံမှာ
သွားရောက်အလုပ်အကျွေးပြုဖို့ တာ၀န်ပေးပါတယ်။ -
0:49 - 0:54Eurystheus ဟာ ဟာကျူလီကို အရှက်ခွဲချင်လို့
-
0:54 - 0:57မကောင်းဆိုးဝါးတွေနဲ့ချည်း ရင်ဆိုင်ရမယ့်
-
0:57 - 1:00မဖြစ်နိုင်တဲ့ အလုပ်ဆယ်ခုကို
ခိုင်းလိုက်ပါတယ်။ -
1:00 - 1:04အဆိုပါ အလုပ်တာ၀န် ဆယ်ခုကို
-
1:04 - 1:09ဟာကျူလီ ရဲ့ အောင်ခြင်းဆယ်ပါး လို့
လူသိများခဲ့ပါတယ်။ -
1:09 - 1:13ပထမဆုံးအလုပ်ကတော့ အမျိုးသမီးတွေ
သူရဲကောင်းတွေကို ဖမ်းထားတဲ့ -
1:13 - 1:16Nemean ခြင်္သေ့ကြီးကို
ရှင်းရမှာ ဖြစ်ပါတယ်။ -
1:16 - 1:21ခြင်္သေ့ကြီးရဲ့ ရွှေရောင်အမွှေးတွေဟာ
မြှားတံတွေ မတိုးပါဘူး၊ -
1:21 - 1:24ဒါပေမဲ့ ဟာကျူလီဟာ
သူ့ရဲ့တင်းပုတ်ကို သုံးပြီး ခြင်္သေ့ကြီးကို -
1:24 - 1:29မှောင်နေတဲ့ ဂူထဲမှာ ချောင်ပိတ်ပြီး
လည်ပင်းညှစ်သတ်နိုင်ခဲ့ပါတယ်။ -
1:29 - 1:32အရေခွံခွာဖို့ ဓါးမရှိလို့
Athena နတ်ဘုရား အကြံပေးချက်အတိုင်း -
1:32 - 1:38ခြင်္သေ့ကြီးရဲ့ သွားကို
ဓါးလို သုံးခဲ့ပါတယ်။ -
1:38 - 1:42ခြင်္သေ့အရေခွံကို ခြုံပြီး
Eurystheus ဘုရင်ဆီ Tiryns ကို -
1:42 - 1:48ပြန်သွားတော့ ဘုရင်က ရင်မဆိုင်ရဲပဲ
ဝိုင်အိုးထဲ ၀င်ပုန်းနေခဲ့ပါတယ်။ -
1:48 - 1:50ယူဆောင်လာတဲ့ ပစ္စည်းတွေကိုလည်း
-
1:50 - 1:54(ဘုရင်က ကြောက်နေလို့) အဝေးမှာ ထားခဲ့ရတယ်။
-
1:54 - 2:00ဒုတိယတာ၀န်ကတော့ ခေါင်းအများကြီးပါတဲ့
Lernaean Hydra မြွေနဂါးကြီးကို သတ်ဖို့ပါ။ -
2:00 - 2:02ဟာကျူလီဟာ ကြိုးစားတိုက်ခိုက်ခဲ့ပါတယ်၊
-
2:02 - 2:07ဒါပေမယ့် ခေါင်းတစ်လုံးဖြတ်တိုင်း
နောက်ခေါင်းတစ်လုံး ထပ်ထွက်လာလို့၊ -
2:07 - 2:08ဘယ်လိုမှ ရှင်းမရပဲ ဖြစ်နေခဲ့ပါတယ်။
-
2:08 - 2:11နောက်ဆုံး သူ့တူရိုးလာက
ဖြတ်ပြီးတဲ့လည်ပင်းတိုင်းကို -
2:11 - 2:13မီးရှို့ပစ်ဖို့ အကြံပေးကာမှ
-
2:13 - 2:16အဆင်ပြေသွားခဲ့ပါတယ်။
-
2:16 - 2:20မြွေနဂါးကြီး သေပြီးနောက် ကောင်းကင်မှာ
မြွေနဂါးနက္ခတ် ပေါ်လာခဲ့ပါတယ်။ -
2:20 - 2:26နောက်ထပ်တာ၀န်ကတော့ သမင်တစ်ကောင်ကို
အရှင်ဖမ်းဖို့ ဖြစ်ပါတယ်။ -
2:26 - 2:32Ceryneian Hind သမင်မဟာ မြားထက်တောင်
မြန်အောင် ပြေးနိုင်သူပါ။ -
2:32 - 2:34ဒီသမင်ကို တစ်နှစ်ကြာအောင် လိုက်ခဲ့ရင်း
-
2:34 - 2:39နောက်ဆုံး မြောက်ဘက်
Hyperborea ဒေသမှာ မိခဲ့တယ်။ -
2:39 - 2:43ဒီသမင်ဟာ အမဲလိုက် နတ်ဘုရားမ
Artemis ရဲ့ သမင်မို့ -
2:43 - 2:46ပြန်ပေးပါ့မယ်လို့ သစ္စာဆိုခဲ့ရပါတယ်။
-
2:46 - 2:50Eurystheus ဘုရင်လက်ထဲကိုရောက်ပြီးမှ
-
2:50 - 2:54ဟာကျူလီက လွှတ်ပေးလိုက်တာကြောင့်
-
2:54 - 3:00အလုပ်လည်းပြီးသလို ကတိလည်းတည်ခဲ့ပါတယ်။
-
3:00 - 3:04စတုထ္တအလုပ်ကတော့
စိုက်ခင်းတွေကို ဖျက်ဆီးနေတဲ့ -
3:04 - 3:06Erymanthian တော၀က်ကို
ဖမ်းဖို့ ဖြစ်ခဲ့တယ်။ -
3:06 - 3:10လူတပိုင်း မြင်းတပိုင်း ပညာရှိ Chiron ရဲ့
-
3:10 - 3:14အကြံနဲ့ နှင်းထူထူထဲမှာ ဖမ်းမိခဲ့ပါတယ်။
-
3:14 - 3:19ငါးခုမြောက်အလုပ်ကတော့ အမှိုက်ရှင်းဖို့ပါ။
-
3:19 - 3:23Augeas ဘုရင်ရဲ့ နွားတင်းကုပ်ဟာ
-
3:23 - 3:26နှစ်ကာလရှည်ကြာ မရှင်းလင်းပဲ ထားထားတဲ့
နေရာတစ်ခုပါ။ -
3:26 - 3:29ဟာကျူလီကတော့ တင်းကုပ်ရဲ့ တန်ကြေး
ဆယ်ပုံတစ်ပုံသာ သူရခဲ့ရင် -
3:29 - 3:32တစ်ရက်တည်းနဲ့
အပြီးရှင်းပေးမယ် လို့ ကတိပေးပါတယ်။ -
3:32 - 3:35Augeas ဘုရင်က မဖြစ်နိုင်ဘူး လို့
တွက်ဆထားပါတယ်။ -
3:35 - 3:38ဟာကျူလီဟာ ဧရာမမြောင်းကြီးတွေ တူးပြီး
-
3:38 - 3:42အနီးနားက မြစ်တွေကို လမ်းကြောင်းပြောင်း
-
3:42 - 3:45နွားတင်းကုပ် ပြောင်သွားတဲ့အထိ
ဖြတ်စီးစေခဲ့ပါတယ်။ -
3:45 - 3:48နောက်တာ၀န်သုံးခုကတော့ အန္တရာယ်ကြီးခဲ့တယ်။
-
3:48 - 3:51အနိုင်ရဖို့ နည်းစနစ်တွေလဲ လိုပါတယ်။
-
3:51 - 3:57လူသားစား Stymphalian ငှက်တွေဟာ
လူမတိုးနိုင်တဲ့ ရွံ့နွံ့တောထဲမှာ နေပါတယ်။ -
3:57 - 4:02နတ်ဘုရားမ Athena ဆီက ချူသံနဲ့
လေထဲကို မောင်းထုတ်ပြီး -
4:02 - 4:04အကုန်လုံးကို မြှားနဲ့ ပစ်ချခဲ့ပါတယ်။
-
4:04 - 4:09ဘယ်သူမှ မနိုင်တဲ့
ခရိကျွန်းက နွားသိုးကြီးကိုလည်း -
4:09 - 4:13လှည့်စားချုပ်ကိုင်ပြီး
အနိုင်ယူခဲ့ပြန်ပါတယ်။ -
4:13 - 4:15ဆေးဖော်ဖို့အတွက် လာသမျှဧည့်သည်ကို
-
4:15 - 4:19မြင်းစာကျွေးနေတဲ့ အရူးဘုရင်
Diomedes ကိုလည်း -
4:19 - 4:21ဟာကျူလီက ရင်ဆိုင်ရပြန်ပါတယ်။
-
4:21 - 4:24ဘုရင်နဲ့ နပမ်းလုံး၊
သူ့မြင်းကို ပြန်ကျွေးခဲ့ပြီး -
4:24 - 4:27မြင်းကို အရဖမ်းဆီးနိုင်ခဲ့ပါတယ်။
-
4:31 - 4:36ကိုးခုမြောက်အလုပ်ကတော့ တခြားအလုပ်တွေထက်
ပိုအန္တရာယ်ကြီးခဲ့တယ်။ -
4:36 - 4:39သူကတော့ Amazons ဘုရင်မ Hippolyta ပါ။
-
4:39 - 4:46ဟာကျူလီရဲ့တာ၀န်က ဘုရင်မအဖေ
စစ်ဘုရား Ares ရဲ့ ခါးပတ်ကို ယူရန်ပါ။ -
4:46 - 4:51Themyscira ကို ရွက်လွှင့်လာခဲ့ပြီး
တိုက်ခိုက်ဖို့ ပြင်ခဲ့ပေမယ့် -
4:51 - 4:55ဘုရင်မကိုယ်တိုင်က ဟာကျူလီကို
အထင်ကြီးတာကြောင့် -
4:55 - 4:58ခါးပတ်ကို လိုလိုလားလား ပေးခဲ့ပါတယ်။
-
4:58 - 5:00ဒသမမြောက် အလုပ်အဖြစ်
-
5:00 - 5:05ဘီလူးကြီး Geryon ထံမှ မှော်၀င်နွားနီကြီး
အရယူရမှာ ဖြစ်ပါတယ်။ -
5:05 - 5:09ဘီလူးကြီးဟာ ခေါင်းသုံးလုံး ကိုယ်သုံးခု
ရှိပါတယ်။ -
5:09 - 5:13လမ်းမှာ ပူပြင်းလှတဲ့ လစ်ဗျားသဲကန္တာရကို
ဖြတ်သန်းရတဲ့အခါ -
5:13 - 5:15ဟာကျူလီဟာ နေမင်းကို လေးနဲ့ပစ်ပါတယ်။
-
5:15 - 5:19နေနတ်ဘုရား Helios ဟာ ဟာကျူလီရဲ့အစွမ်းကို
လေးစားလို့ -
5:19 - 5:25သူ့ရဲ့ မြင်းရထားကို ငှားလိုက်ပါတယ်။
-
5:25 - 5:28ဘီလူးကြီးကို မသတ်ခင်မှာ
သူတို့ရဲ့ ခြံစောင့်နဲ့ -
5:28 - 5:33ခေါင်းနှစ်လုံးနဲ့ ခွေးကြီးကိုလည်း
ရှင်းရပါသေးတယ်။ -
5:33 - 5:34အလုပ်ဆယ်ခုစလုံး လုပ်ပြီးသွားပါပြီ။
-
5:34 - 5:38ဒါပေမဲ့ Eurystheus က အလုပ်နှစ်ခု
ပြီးပြီလို့ တွက်မရနိုင်တာကို ထောက်ပြပါတယ်။ -
5:38 - 5:41မြွေနဂါးကြီးကို ရှင်းတဲ့နေရာမှာ
တူရဲ့အကူအညီယူခဲ့ရခြင်း -
5:41 - 5:45တင်းကုပ်ကို ရှင်းရာမှာ အဖိုးအခယူခြင်းတို့
ဖြစ်ပါတယ်။ -
5:45 - 5:49ဒါ့ကြောင့် ၁၁ ခုမြောက်အနေနဲ့
-
5:49 - 5:54Hesperides နတ်သမီး ဥယျာဉ်မှ ရွှေပန်းသီးကို
သွားယူရမှာပါ။ -
5:54 - 5:58ဟာကျူလီဟာ ရေအောက်ကမ္ဘာက
ဘုရင်ကိုဖမ်းပြီး -
5:58 - 6:03ဥယျာဉ်ရှိရာအရပ်ကို မေးခဲ့ပါတယ်။
-
6:03 - 6:08ကောင်းကင်ဘုံကိုထမ်းထားတဲ့ ဧရာမ Atlas ကို
တွေ့တဲ့အခါ -
6:08 - 6:14ပန်းသီးကို သွားယူစေပြီး နေရာချင်းလဲဖို့
တောင်းဆိုပါတယ်။ -
6:14 - 6:19ပန်းသီးရလာပြီးနောက် နေရာခဏလဲဖို့
လှည့်စားတောင်းဆိုပြီး -
6:19 - 6:22ပန်းသီးတွေနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။
-
6:22 - 6:27နောက်ဆုံး ၁၂ ခုမြောက်အလုပ်ကတော့
Cerberus ကို လက်ရဖမ်းဖို့ပါ။ -
6:27 - 6:31မြေအောက်ကမ္ဘာကို စောင့်တဲ့
ခေါင်းသုံးလုံးနဲ့ ခွေးကြီးပေါ့။ -
6:31 - 6:37Hermes နဲ့ Athena တို့ရဲ့ အကူအညီနဲ့
ဟာကျူလီဟာ ငရဲမင်း Hades နဲ့ တွေ့ခဲ့ရတယ်။ -
6:37 - 6:40ငရဲမင်းက လက်ချည်းဗလာနဲ့ဖမ်းနိုင်ရင်
-
6:40 - 6:42ဖမ်းသွားနိုင်ကြောင်း ပြောခဲ့ပါတယ်။
-
6:42 - 6:47ဟာကျူလီဟာ ခွေးကြီးရဲ့ ခေါင်းသုံးလုံးကို
တပြိုင်နက်ချုပ်ပြီး ဖမ်းနိုင်ခဲ့ပါတယ်။ -
6:47 - 6:50ခွေးကြီးကို မြင်ပြီး ကြောက်နေတဲ့
Eurystheus ဘုရင်ဟာ -
6:50 - 6:55ဟာကျူလီ အလုပ်တာ၀န်များအားလုံး
ပြီးမြောက်ကြောင်း ကြေညာခဲ့ပါတယ်။ -
6:55 - 6:58၁၂ နှစ်ကြာ ကာလအတွင်းမှာ ဟာကျူလီဟာ
-
6:58 - 7:01သူ့မိသားစု ၀ဠ်ကြွေးတွေကို ကြေအောင်
ဆပ်နိုင်ခဲ့ပြီး -
7:01 - 7:04နတ်ပြည်မှာ နေရာတစ်ခု ရရှိခဲ့ပါတယ်။
-
7:04 - 7:08နောက်ထပ်အရေးကြီးတာကတော့
-
7:08 - 7:12ဟာကျူလီမွှေခဲ့တဲ့ ပြဿနာတွေဟာ
နတ်ဘုရားကမ္ဘာကို လှုပ်ခတ်ခဲ့ပြီး -
7:12 - 7:17နောက်ပိုင်းမှာ မီးခိုးကြွက်လျှောက်
ပြဿနာတွေ ပေါ်ပေါက်လာခဲ့ပါတယ် -
7:17 - 7:21ဒီပြဿနာတွေဟာ လူသားတွေ
အင်အားကြီးလာဖို့ ဖန်လာခဲ့ပါတယ် -
7:21 - 7:23ဟာကျူလီဟာ သူ့ရဲ့အပြစ်တွေကို
ဆေးကြောရင်း -
7:23 - 7:28ကမ္ဘာကြီးရဲ့ ရူးသွပ်မှုကိုပါ
ထိန်းကျောင်းနိုင်ခဲ့ပါတယ်။
- Title:
- ဟာကျူလီရဲ့ စွန့်စားခန်း ဒဏ္ဍာရီများ
- Speaker:
- Alex Gendler
- Description:
-
သင်ခန်းစာအပြည့်အစုံ ကြည့်ရန်မှာ-https://ed.ted.com/lessons/the-myth-of-hercules-12-labors-in-8-bits-alex-gendler
Zeus ရဲ့သား လူသား ချံပီယာဖြစ်တဲ့ ဟာကျူလီဟာ ခဏတာရူးသွပ်သွားပြီး သူ့ရဲ့မိသားစုကို သတ်ဖြတ်မိပါတယ်။ ဒီအပြစ်တွေကို ဆေးကြောဖို့ ဟာကျူလီဟာ မကောင်းဆိုးဝါး သတ္တဝါ ကြီးများကို ရင်ဆိုင်ပြီး မဖြစ်နိုင်တဲ့ တာ၀န်ကြီးဆယ့်နှစ်ခုကို လုပ်ဆောင်ခဲ့ရပါတယ်။ ဒီအကြောင်းကို Alex Gendler က ပြန်ပြောပြထားတာ ဖြစ်ပါတယ်။
သင်ခန်းစာပို့ချသူ - အဲလက်စ် ဂျင်ဒလာ
ဒါရိုက်တာ - ဂျရမီး ဘဲလ်လစ် နှင့် ဂျက်ဖ် လီဘား - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 07:42
![]() |
sann tint approved Burmese subtitles for The myth of Hercules | |
![]() |
Myo Aung accepted Burmese subtitles for The myth of Hercules | |
![]() |
Myo Aung edited Burmese subtitles for The myth of Hercules | |
![]() |
Myo Aung edited Burmese subtitles for The myth of Hercules | |
![]() |
Ko Ko Oo edited Burmese subtitles for The myth of Hercules |