ဝစ်ကီပီးဒီးယား မွေးဖွားလာခြင်း
-
0:00 - 0:04စံပြစွယ်စုံကျမ်းတစ်ခုဟာ တော်လှန်ပြောင်းလဲနိုင်ရမယ် လုံလုံခြုံခြံု နေချင်တာမျိုးကို ရပ်ပစ်ရမယ်လို့
-
0:04 - 0:08နောက်ပိုင်းမှာ Britannica စွယ်စုံကျမ်းရဲ့ အကြီးတန်း စာတည်းဖြစ်လာတဲ့ Charles Van Doren က ၁၉၆၂ မှာ ပြောခဲ့ပါတယ်။
-
0:08 - 0:11ဒါပေမဲ့ Britannica ရဲ့ ၁၉၆၂ နောက်ပိုင်း သမိုင်းတစ်လျှောက်ကို သိကြရင်တော့
-
0:11 - 0:13တော်လှန်ပြောင်းလဲရဲတဲ့သဘော လုံးဝမရှိခဲ့ပါဘူး
-
0:13 - 0:18လုံးဝကို လုံခြံုစိတ်ချရတဲ့ လေးလံထိုင်းမှိုင်းလှတဲ့ စွယ်စုံကျမ်းအမျိုးအစား တစ်ခုအဖြစ်သာ ရှိနေပါသေးတယ်။
-
0:18 - 0:23အခြားတစ်ဖက်မှာတော့ “၀ီကီပီးဒီးယား” က တကယ့်ကို တော်လှန်ပြောင်းလဲတဲ့ အယူအဆနဲ့ စတင်ခဲ့ပါတယ်။
-
0:23 - 0:25အဲဒါကတော့ လူသားတို့ရဲ့ ဗဟုသုတ အစုအပေါင်းကြီးကိုု
-
0:25 - 0:27ကမ္ဘာပေါ်က လူတစ်ဦးစီတိုင်းကနေ အခမဲ့ရယူနိုင်တဲ့ ကမ္ဘာတစ်ခုကို
-
0:27 - 0:30ကျွန်တော်တို့အားလုံး စိတ်ကူးပုံဖော်ကြည့်နိုင်ဖို့ပါ
-
0:30 - 0:32ကျွန်တော်တို့ အခုလုပ်နေတာ အဲဒါပါပဲ။ ဒီတော့ ၀ီကီပီးဒီးယား ဆိုတာ
-
0:33 - 0:35ခုနက သရုပ်ဖော်ပြကွက်လေးကို ခင်ဗျားတို့ကြည့်လိုက်ရပါပြီ၊
-
0:35 - 0:39၀ီကီပီးဒီးယား ဆိုတာ “free license” (အကန့် အသတ်မဲ့ သုံးလို့ရတဲ့) စနစ်သုံး စွယ်စုံကျမ်းတစ်ခုပါ။
-
0:39 - 0:41ကမ္ဘာတစ်ဝှမ်းက စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာက ဘာသာစကားပေါင်း များစွာနဲ့ ရေးသားကြပါတယ်၊
-
0:41 - 0:43ခုနက သရုပ်ပြသွားတဲ့ ဆော့ဝဲ အမျိုးအစားဖြစ်တဲ့
-
0:43 - 0:46၀ီကီ ဆော့ဝဲကို သုံးပြီးရေးတာပါ
-
0:46 - 0:48-- ဒီတော့ မည်သူမဆို မြန်မြန်ဆန်ဆန် တည်းဖြတ်ပြီး သိမ်းဆည်း ( Save ) လိုက်လို့ရပါတယ်။
-
0:48 - 0:51ပြီးရင် အင်တာနက်ပေါ်မှာ ချက်ချင်းလွှင့်တင်ပြီးသား ဖြစ်သွားပါတယ်။
-
0:51 - 0:56၀ီကီပီးဒီးယားနဲ့ သက်ဆိုင်သမျှကို စီမံဆောင်ရွက်နေတဲ့သူတွေ အားလုံးနီးပါးဟာ စေတနာ့ဝန်ထမ်းတွေပါ
-
0:56 - 1:00ဒီတော့ Yochai ( ဟားဗတ်ဥပဒေပါမေက္ခ) က အဖွဲ့အစည်းဆိုင်ရာ စနစ်သစ်တွေ အကြောင်းပြောတော့ သေချာပေါက် ၀ီကီပီးဒီးယားကို ရည်ညွှန်းပြောဆိုနေတာပါ
-
1:00 - 1:04ကျွန်တော်ဒီနေ့တော့ ၀ီကီပီးဒီးယား ရဲ့ အတွင်းပိုင်းမှာ
-
1:04 - 1:08တကယ်တမ်း ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို နည်းနည်း ထပ်ပြီးပြောပါ့မယ်။
-
1:08 - 1:13၀ီကီပီးဒီးယား ကို ကျွန်တော်တည်ထောင်ခဲ့တဲ့ အကျိုးအမြတ်မယူ အဖွဲ့အစည်း ၀ီကီပီးဒီးယား ဖောင်ဒေးရှင်းက ပိုင်ဆိုင်ပါတယ်
-
1:13 - 1:18ကျွန်တော်တို့ရဲ့ ဦးတည်ချက် ၀ီကီပီးဒီးယား ဖောင်ဒေးရှင်းရဲ့ ပင်မရည်ရွယ်ချက်ကတော့
-
1:18 - 1:21ကမ္ဘာပေါ်ကလူတိုင်းကို အခမဲ့ စွယ်စုံကျမ်းတစ်ခု ပေးနိုင်ဖို့ပါ။
-
1:21 - 1:23ဒါက ဘာကိုဆိုလိုတာလဲလို့ ခင်ဗျားတို့တွေးမိရင်တော့
-
1:23 - 1:26ဒါဟာ အလန်းစား ဝက်ဆိုက်တစ်ခု တည်ဆောက်တာထက် အများကြီးပိုပါတယ်
-
1:26 - 1:30ကျွန်တော်တို့အားလုံးက ဒီဂျစ်တယ် ပိုင်းခြားမှု ( နည်းပညာကွာဟ၍ စီးပွားရေးပါ မညီမျှမှု)၊ ကမ္ဘာ့ဆင်းရဲမွဲတေမှုနဲ့
-
1:30 - 1:34နေရာတိုင်းမှာ လူတိုင်းကို သူတို့လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရရှိစေပြီး
-
1:34 - 1:35ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်အောင် မြှင့်တင်အင်အားပေးရာမှာ စိတ်ဝင်တစားရှိကြပါတယ်
-
1:35 - 1:39ဒါ့ကြောင့် ကျွန်တော်တို့ဟာ အင်တာနက်ဆိုတာထက်ကို ကျော်လွန်တဲ့ လုပ်ငန်းတွေ အများကြီးလုပ်ရမှာပါ
-
1:39 - 1:43ဒါကလည်း “free license” စနစ်ကို ရွေးချယ်ရတဲ့အကြောင်းရင်းရဲ့ ကြီးမားတဲ့အစိတ်အပိုင်းပါ
-
1:43 - 1:45ဒီစနစ်က ဒေသခံ စွန့်ဦးတီထွင်ရေးသမားတွေ ဒါမှမဟုတ် ဆန္ဒရှိသူ မည်သူမဆို
-
1:45 - 1:47ကျွန်တော်တို့ရဲ့ အချက်အလက်တွေကိုယူပြီး အလိုရှိရာ လုပ်နိုင်ပါအောင် မြှင့်တင်ကူညီပေးနိုင်လို့ပါ
-
1:47 - 1:51ကူးယူနိုင်ပါတယ် ပြန်လည်ဖြန့်ဝေနိုင်ပါတယ်
-
1:51 - 1:53စီးပွားရေးအရဖြစ်စေ စီးပွားရေးအတွက်မဟုတ်ဘဲဖြစ်စေ လုပ်နိုင်ပါတယ်။
-
1:53 - 1:57ဒီတော့ ၀ီကီပီးဒီးယားကို အကြောင်းပြုပြီး အခွင့်အရေးတွေအများကြီး
-
1:57 - 1:59ကမ္ဘာတစ်လွှားမှာ ပေါ်ပေါက်လာပါတယ်
-
1:59 - 2:01ကျွန်တော်တို့က ပြည်သူတွေရဲ့လှူဒါန်းမှုနဲ့ ရပ်တည်နေတာပါ
-
2:01 - 2:04စိတ်ဝင်စားစရာ အကောင်းဆုံးတွေထဲက တစ်ခုကတော့ ၀ီကီပီးဒီးယား လည်ပတ်ဖို့အတွက်
-
2:04 - 2:07တကယ်တမ်း လိုအပ်တဲ့ငွေကြေး ဘယ်လောက်တောင် နည်းတယ်ဆိုတာပါပဲ
-
2:07 - 2:12Yochai က ပုံနှိပ်စက်တစ်ခု ရဲ့ ကုန်ကျစရိတ် ဂရပ်ဖ်ဇယားကို ပြသသွားပါတယ်
-
2:12 - 2:16ကျွန်တော်ကတော့ ၀ီကီပီးဒီးယားရဲ့ ကုန်ကျစရိတ်ကို ပြောပြသွားပါ့မယ်။
-
2:16 - 2:18ဒါပေမဲ့ အရင်ဆုံး ၀ီကီပီးဒီးယား ရဲ့အရွယ်အစား ဘယ်လောက် ကြီးတယ်ဆိုတာကို ပြပါမယ်ခင်ဗျာ။
-
2:18 - 2:22ကျွန်တော်တို့မှာ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးပေါင်း ၆သိန်း ရှိပါတယ်
-
2:22 - 2:26ဘာသာစကားပေါင်း များစွာနဲ့ ဆောင်းပါးပေါင်း နှစ်သန်း ရှိနေပါပြီ
-
2:26 - 2:29အကြီးဆုံး ဘာသာစကားတွေကတော့ ဂျာမန်၊ ဂျပန်နဲ့ ပြင်သစ်တို့ဖြစ်ပြီး
-
2:29 - 2:33အနောက်ဥရောပ ဘာသာစကား အားလုံးက တော်တော်လေး အရွယ်အစားကြီးပါတယ်
-
2:33 - 2:36ဒါပေမဲ့ ကျွန်တော်တို့ ဝက်ဆိုက်ဆီကိုလာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းရဲ့
-
2:36 - 2:38သုံးပုံတစ်ပုံ ဝန်းကျင်လောက်ကသာ အင်္ဂလိပ်ဘာသာ ၀ီကီပီးဒီးယားဆီမှာ ဆုံတွေ့ပါတယ်။
-
2:38 - 2:40လူတော်တော်များများက အံ့အားသင့်ကြပါတယ်။
-
2:40 - 2:44လူအများအပြားက အင်တာနက်သုံးရင် အင်္ဂလိပ်ဘာသာစကားကို အလွန်ဗဟိုပြုပြီးတွေးလေ့ရှိပါတယ်။
-
2:44 - 2:47ကျွန်တော်တို့ကတော့ တကယ့်ကို ဂလိုဘယ်ဆန်ပါတယ်။ ဘာသာစကားတွေ အများကြီးနဲ့တွေးပြီး ရှာဖွေကြတာပါ။
-
2:48 - 2:51ကျွန်တော်တို ့ဘယ်လောက်တောင် ပေါ်ပြူလာဖြစ်နေပြီလဲ -- ကျွန်တော်တို့ ထိပ်တန်းဝက်ဆိုက် ၅၀ စာရင်းမှာပါပါတယ်
-
2:51 - 2:53နယူးယောက်တိုင်းစ် သတင်းစာထက်တောင် ပိုပြီး ပေါ်ပြူလာဖြစ်ပါတယ်။
-
2:53 - 2:57ဒီတော့ ဒီနေရာမှာ Yochai ရဲ့ဆွေးနွေးချက်ဆီ ရောက်တာပါပဲ။
-
2:58 - 3:01ဒီပုံက ၀ီကီပီးဒီးယားရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြတာပါ ကျွန်တော်တို့ကဟိုနားက အပြာလိုင်းပါ။
-
3:01 - 3:04နယူးယောက်တိုင်းစ် ကတော့ ဟိုးဘက်နားကပါ
-
3:04 - 3:07စိတ်ဝင်စားဖို့ ကောင်းတာက နယူးယောက်တိုင်းစ် ဝက်ဆိုက်ဆိုတာ ကျယ်ပြန့်ကြီးမားပြီး
-
3:07 - 3:11အဖွဲ့အစည်းနဲ ့ ဆောင်ရွက်နေတာဖြစ်ကာ ဝန်ထမ်းပေါင်း ဘယ်နှစ်ရာရှိမှန်းတောင် ကျွန်တော်မသိပါဘူး။
-
3:11 - 3:14ကျွန်တော်တို့မှာတော့ ဝန်ထမ်းတစ်ဦးသာရှိပါတယ်။
-
3:14 - 3:17အဲဒီဝန်ထမ်းကတော့ ခေါင်းဆောင် ဆော့ဝဲ ရေးဆွဲသူ ပါ
-
3:17 - 3:20သူကလည်း ၂၀၀၅ ခုနှစ် ဇန်နဝါရီလမှ ဝန်ထမ်းဖြစ်လာတာပါ။
-
3:20 - 3:22ကျွန်တော်တို့ရဲ့ အများဆုံး ဖွံ့ဖြိုးမှုတွေက အဲဒီမတိုင်ခင်ကတည်းကပါ။
-
3:22 - 3:25လူမျိုးစုံ ရောပြွမ်းနေတဲ့ စေတနာဝန်ထမ်း အဖွဲ့ကနေ စီမံခန့်ခွဲပါတယ်။
-
3:25 - 3:27တည်းဖြတ်မှုအားလုံးကို စေတနာ့ဝန်ထမ်းတွေက လုပ်ဆောင်ပါတယ်။
-
3:27 - 3:29ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့ နည်းလမ်းက ခင်ဗျားတို့ စဉ်းစားနိုင်သမျှ
-
3:29 - 3:32သမရိုးကျ အဖွဲ့အစည်းပုံစံတွေနဲ့ လုံးဝကိုမတူပါဘူး။
-
3:32 - 3:34လူတွေက အမြဲတမ်းမေးကြပါတယ် “ ဒီတော့ ဘယ်သူက ဒါကိုကြီးကြပ်လဲ” တဲ့။
-
3:34 - 3:39ဒါမှမဟုတ် “ဒါကိုဘယ်သူလုပ်တာလဲ” နဲ့ပေါ့။ အဖြေကတော့ ဝင်ပါချင်သူ မည်သူမဆိုပါပဲ။
-
3:39 - 3:42အင်မတန်မှ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ပရမ်းပတာကိစ္စပါ။
-
3:42 - 3:45ကျွန်တော်တို့အခု နေရာသုံးနေရာမှာ ဆာဗာပေါင်း ကိုးဆယ်ကျော် ရှိနေပါပြီ
-
3:45 - 3:49အဲဒါတွေကို အွန်လိုင်းပေါ်က စေတနာ့ဝန်ထမ်း နည်းစနစ်ပိုင်း အုပ်ချုပ်ရေးမှူး တွေက ကွပ်ကဲပါတယ်။
-
3:49 - 3:52နေ့ည အချိန်မရွေး ကျွန်တော် အွန်လိုင်းပေါ်တက်ပြီး
-
3:52 - 3:56ဆာဗာတွေနဲ့ ပတ်သက်သမျှ မေးခွန်းမေးဖို ့ စောင့်နေတဲ့သူ
-
3:56 - 4:00ရှစ်ဦးကနေ ဆယ်ဦးအထိ တွေ့နိုင်ပါတယ်။
-
4:00 - 4:02ကုမ္ပဏီတစ်ခုမှာ အဲဒီလိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး
-
4:02 - 4:06တစ်ရက်ကို ၂၄ နာရီအပြည့် အသင့်ရှိနေတဲ့ ဝန်ထမ်းအဖွဲ့ကိုဖွဲ့ရပြီး
-
4:06 - 4:10၀ီကီပီးဒီးယားမှာ ကျွန်တော်တို့ လုပ်နေသလိုမျိုး လုပ်နိုင်ဖို့ ဘယ်လိုမှမတတ်နိုင်ပါဘူး
-
4:10 - 4:13ကျွန်တော်တို့ ဝက်ဆိုက်စာမျက်နှာကို ကြည့်ရှုမှုပေါင်း တစ်လလျှင် ၁.၄ ဘီလျံ ရှိပါတယ်။
-
4:13 - 4:16ဒီတော့ တော်တော့ကိုကြီးတဲ့အရာပါပဲ
-
4:16 - 4:18ပြီးတော့ စေတနာဝန်ထမ်းတွေက အကုန်စီမံဆောင်ရွက်ပါတယ်
-
4:18 - 4:23ကျွန်တော်တို့ရဲ့ bandwidth အတွက် လစဉ်ကုန်ကျငွေဟာ ဒေါ်လာငါးထောင်လောက်ပဲ ရှိပါတယ်။
-
4:23 - 4:25အဲဒါက ကျွန်တော်တို့ရဲ့ အဓိကကုန်ကျငွေပါ။
-
4:25 - 4:28အမှန်က ဝန်ထမ်းတစ်ယောက်မှ မငှားပဲ လည်ပတ်နိုင်ပါတယ်။
-
4:28 - 4:31Brion (ဘရိုင်ယန်) ကိုငှားလိုက်တာက
-
4:31 - 4:33သူက ဝီကီပီဒီးယားမှာ အချိန်ပိုင်း နှစ်နစ် လုပ်ခဲ့ကာ အချိန်ပြည့် လုပ်နေလို့ပါ။
-
4:33 - 4:37သူကို ကျွန်တော်တို့ ငှားလိုက်တာက စိတ်လှုပ်ရှားစရာတွေ လုပ်နိုင်ပြီး တစ်ခါတစ်လေ ရုပ်ရှင် သွားကြည့်နိုင်အောင်လို့ပါ
-
4:38 - 4:41ဒီတော့ အရေးပါတဲ့ မေးခွန်းကတော့ ဒီလိုပရမ်းပတာနိုင်လှတဲ့ အဖွဲ့အစည်းမှာ လုပ်သမျှအားလုံး
-
4:41 - 4:45အမှိုက်တွေချည်း မဟုတ်ရတာလဲ ဒီဝက်ဆိုက်က ဘာလို့ အဲ့လောက် ကောင်းနေရတာလဲဆိုတာပါ။
-
4:45 - 4:48ပထမဦးဆုံးအနေနဲ့ ဘယ်လောက်ကောင်းလဲဆိုတော့ တော်တော်လေး ကောင်းပါတယ် ပြည့်စုံတယ်လို့တော့ မဟုတ်ပါဘူး။
-
4:48 - 4:51ဒါပေမဲ့ ခင်ဗျားတို့မျှော်မှန်းထားတာထက်ကို အများကြီးပိုကောင်းပါတယ်။
-
4:51 - 4:53ကျွန်တော်တို့့ရဲ့ လုံးဝ ပရမ်းပတာမော်ဒယ်ကို ထည့်စဉ်းစား ပြောရရင်ပေါ့နော်။
-
4:53 - 4:56ဒီတော့ ကျွန်တော့်အကြောင်း ဝက်ဆိုက်စာမျက်နှာမှာ အူကြောင်ကြောင် တည်းဖြတ်ချက် လုပ်တာကို ခင်ဗျားတွေ့ရင်
-
4:56 - 5:00အော် ဒီစာမျက်နှာကတော့ အမှိုက်ဖြစ်သွားမှာပဲလို့ ခင်ဗျားတို့က ထင်ပါလိမ့်မယ်။
-
5:00 - 5:04ဒါပေမဲ့ အရည်အသွေး စစ်ဆေးမှုတြွေ မင်ပြီးရင်တော့ -- အဲလို စစ်ဆေးမှုတွေ လုံလုံလောက်လောက် မရှိသေးပါဘူး။
-
5:04 - 5:06ကျွန်တော်ကတော့ ဒါမျိုးတွေကိုပိုပြီး များများလုပ်ဖို့အားပေးပါတယ်
-
5:06 - 5:10၀ီကီပီးဒီးယားကို သမရိုးကျ စွယ်စုံကျမ်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့အနိုင်ရပါတယ်။
-
5:10 - 5:13ဂျာမန်မဂ္ဂဇင်းတစ်ခုက အင်္ဂလိပ်ဘာသာ ၀ီကီပီးဒီးယားထက် အလွန့်အလွန်ပိုသေးတဲ့
-
5:13 - 5:16ဂျာမန်ဘာသာ ၀ီကီပီးဒီးယားကို Microsoft Encarta စွယ်စုံကျမ်းနဲ့
-
5:16 - 5:20Brockhaus Multimedia တို့နဲ့ နှိုင်းယှဉ်ခဲ့ရာမှာ
-
5:20 - 5:22အကုန်လုံးကို ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်
-
5:22 - 5:25သူတို့က ကျွမ်းကျင်ပညာရှင်တွေကို ဆောင်းပါးတွေ လာရောက်ကြည့်ရှုခိုင်းပြီး အရည်အသွေးကို နှိုင်းယှဉ်စေပါတယ်
-
5:25 - 5:28အဲဒီ့ရလဒ်ကတော့ ကျွန်တော်တို့အတွက် ကျေနပ်စရာပါ။
-
5:28 - 5:32လူတွေအများကြီးလည်း Bush-Kerry အငြင်းပွားဖွယ်ကိစ္စ အကြောင်း ကြားဖူးကြပါတယ်
-
5:32 - 5:36မီဒီယာကလည်း အဲဒီကိစ္စကို အတိုင်းအတာတစ်ခုအထိ အကျယ်တဝင့် ဖော်ပြကြပါတယ်။
-
5:36 - 5:39Red Herring ကဆောင်းပါးတစ်ပုဒ်ကနေ စတင်ခဲ့တာပါ။
-
5:39 - 5:42သတင်းထောက်တွေက ကျွန်တော်ကို ဖုန်းဆက်ပါတယ်၊ ကျွန်တော်ပြောချင်တာက
-
5:42 - 5:47သူတို့ ကျွန်တော့ နာမည်တော့ မှန်အောင်ပေါင်းပါတယ်။ ဒါပေမဲ့ခင်ဗျ
-
5:47 - 5:49ဒီ Bush-Kerry ကိစ္စ အင်မတန် အငြင်းပွားဖွယ်ကိစ္စပါ။
-
5:49 - 5:53၀ီကီပီးဒီးယား အသိုက်အဝန်းဟာ ဒီကိစ္စကြောင့် တစ်စစီပြိုကွဲနေပြီ လို့ သူတို့ကဆိုချင်တာပါ။
-
5:53 - 5:56ဒီတော့ “ ဒါတွေဟာ ၀ီကီပီးဒီးယား သမိုင်း တစ်လျှောက်မှာ အငြင်းပွားဖွယ် အကောင်းဆုံးပါ” လို့ ကျွန်တော်ကပြောတယ် ဆိုပြီးဖော်ပြလိုက်ပါတယ်။
-
5:56 - 5:58အမှန်တော့ ကျွန်တော်က ဒါတွေဟာ လုံးဝအငြင်းပွားစရာ မရှိဘူးလို့ ပြောခဲ့တာပါ။
-
5:58 - 6:04ဒီတော့ ကိုးကားဖော်ပြချက်က သိပ်မကွာပါဘူးနော် ( ရယ်သံများ)
-
6:04 - 6:07ဆောင်းပါးတွေကို အများကြီးတည်းဖြတ်ထားပါတယ်။ ကိစ္စအနည်းငယ်မှာ ဆောင်းပါးတွေကို ပိတ်ပင်လိုက်တယ်ဆိုတာ မှန်ပါတယ်၊
-
6:07 - 6:10တိုင်းမဂ္ဂဇင်းက မကြာသေးမီကပဲ ရေးသားလိုက်ပါတယ်။
-
6:10 - 6:13"တစ်ခါတစ်လေ ပြင်းထန်လွန်းတဲ့ အရေးယူမှုတွေ လိုအပ်ပါတယ်။
-
6:13 - 6:18၂၀၀၄ ခုနှစ်ရဲ့ အများစုမှာ Wales က Bush-Kerry ဆိုင်ရာဆောင်းပါးတွေကို ပိတ်ပစ်ခဲ့ပါတယ်” တဲ့
-
6:18 - 6:22ဒီရေးသားချက်က ကျွန်တော်တို့တွေ အနေနဲ့ တစ်ခါတစ်လေ ဟိုနားဒီနားမှာ ပိတ်ပစ်ရတာတွေရှိပါတယ်လို့
-
6:22 - 6:24ကျွန်တော်က သတင်းသမားကို ပြောလိုက်ပြီးနောက်မှ ပါလာတာပါ။
-
6:24 - 6:27ဒီတော့ ယေဘုယျအမှန်တရားက ၀ီကီပီးဒီးယား အသိုက်အဝန်းမှာ
-
6:27 - 6:31အငြင်းပွားစရာတွေရှိမယ်လို့ ခင်ဗျားတို့ ထင်ကောင်းထင်နိုင်တဲ့၊
-
6:31 - 6:33ကိစ္စမျိုးဟာ တကယ်တမ်း အငြင်းပွားမှု လုံးဝမရှိပါဘူး။
-
6:33 - 6:36အငြင်းပွားဖွယ် အကြောင်းအရာဆိုင်ရာ ဆောင်းပါးတွေကို တည်းဖြတ်မှုတွေ အရမ်းများပါတယ်။
-
6:36 - 6:39ဒါပေမဲ့ ဒီလိုလုပ်လို့ ကျွန်တော်တို့ အသိုက်အဝန်းမှာ အငြင်းပွားစရာ များများစားစား မဖြစ်လာစေပါဘူး။
-
6:39 - 6:44အကြောင်းကတော့ လူအများစုက ဘက်မလိုက်မှုရဲ့ အရေးပါလိုအပ်ချက်ကို နားလည်လို့ပါ။
-
6:46 - 6:50တကယ့်တိုက်ပွဲက လက်ယာဝါဒီနဲ့ လက်ဝဲဝါဒီတွေကြားထဲမှာ ဖြစ်တာမဟုတ်ပါဘူး။
-
6:50 - 6:52ဒါက လူအများစု ယူဆကြတာပါ။
-
6:52 - 6:55တကယ်က အတွေးအခေါ်ရှိသူအဖွဲ့နဲ့ ကြောင်တောင်တောင် လူတွေအဖွဲ့ကြားက တိုက်ပွဲပါ။
-
6:55 - 6:59နိုင်ငံရေးဂိုဏ်း အစဉ်အတန်းရဲ့ ဘယ်ဘက်ခြမ်းကမှ ဒီနှစ်ဖွဲ့အပေါ် လက်ဝါးကြီးအုပ် ခြယ်လှယ်နေခြင်း မရှိပါဘူး။
-
6:59 - 7:03Bush-Kerry ဖြစ်ရပ်နဲ့ပတ်သက်ပြီး တကယ့်အမှန်တရားက
-
7:03 - 7:05Bush-Kerry ဆောင်းပါးတွေကို ပိတ်ပစ်တာ
-
7:05 - 7:08၂၀၀၄ ခုနှစ်ကာလရဲ့ တစ်ရာခိုင်နှုန်း အောက်တောင်နည်းပါတယ်။
-
7:08 - 7:10အငြင်းပွားစရာရှိတယ် ဆိုတဲ့ အကြောင်းရင်းကြောင့် မဟုတ်ပါဘူး။
-
7:10 - 7:13ဖြစ်ရိုးဖြစ်စဉ် လက်သရမ်းဖျက်ဆီးမှုပါ။
-
7:13 - 7:17ဇာတ်ခုံပေါ်မှာတောင် တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။
-
7:17 - 7:20တစ်ခါတစ်လေ သတင်းသမားတွေက ကျွန်တော့ကို သတင်းပို့ကြတယ်။
-
7:20 - 7:23သူတို့ဝီကီပီးဒီးယားကို တမင်ကို ဖျက်လို့ဖျက်ဆီး လုပ်တဲ့အခါမှာ ပြန်ပြင်တာ မြန်လွန်းလို့သူတို့ အံ့အားသင့်ရပါသတဲ့။
-
7:23 - 7:27ဒီတော့ ကျွန်တော်က ပြောလိုက်ပါတယ်၊ ကျွန်တော်ပြောနေကျပါပဲ။ ဒါမျိုးမလုပ်ပါနဲ့ မကောင်းပါဘူးလို့ပေါ့။
-
7:27 - 7:29ဒီတော့ ကျွန်တော်တို့ ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ကြသလဲ။
-
7:29 - 7:31ဒီအရည်အသွေး ထိန်းချုပ်မှုကို ဘယ်လို စီမံခန့်ခွဲနေသလဲ။
-
7:31 - 7:34ဒါက ဘယ်လို အလုပ်လုပ်သလဲပေါ့။
-
7:34 - 7:37အခြေခံအားဖြင့် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ နည်းနည်းလေးပါပဲ။
-
7:37 - 7:40အများစုကတော့ လူမှုရေးရာမူဝါဒတွေနဲ့ ဆော့ဝဲ ပိုင်းဆိုင်ရာတွေပါ။
-
7:40 - 7:44အကြီးမားဆုံးနဲ့ အရေးပါဆုံးကတော့ ကျွန်တော်တို့ရဲ့ ဘက်မလိုက ်အမြင်မူဝါဒပါပဲ။
-
7:44 - 7:47ဒါဟာ ဒီအသိုက်အဝန်းရဲ့ လုံးဝအငြင်းပွားရန်မရှိတဲ့ ပင်မ ဥပဒေသအနေနဲ့
-
7:47 - 7:51အစဦးပိုင်းကတည်းက ကျွန်တော် သတ်မှတ်ထားခဲ့တာပါ။
-
7:51 - 7:54ဒီအချက်ဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့ လူမှုရေးအခြေခံ သဘောတရားလည်း ဖြစ်ပါတယ်။
-
7:54 - 7:58ဆိုလိုတာက ကျွန်တော်တို့ အမှန်တရားနဲ့ ဓမ္မဓိဌာန်ကျမှု တို့အကြောင်း သိပ်မပြောပါဘူး။
-
7:58 - 8:02အကြောင်းရင်းကတော့ တကယ်လို့သာ ကျွန်တော်တို့က ခေါင်းစဉ်တစ်ခုနဲ့ ပတ်သက်ပြီး မှန်တယ်ဆိုတဲ့ အရာတွေချည်း ရေးမယ်ဆိုပြီး
-
8:02 - 8:05ဘာဟာတွေတော့ ရေးရမယ်လို့ စဉ်းစားဆုံးဖြတ်နေရရင် ဘာမှအကျိုးမရှိပါဘူး။
-
8:05 - 8:07ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား မှန်တယ်ထင်တာကို ကျွန်တော်က လက်မခံနိုင်တာမျိုးလည်း ရှိလို့ပါ။
-
8:07 - 8:10ဒါပေမဲ့ ကျွန်တော်တို့ ၀ီကီပီးဒီးယား အသိုက်အဝန်းမှာ ရာဇဝင်ရှိတဲ့့
-
8:10 - 8:12ကျွန်တော်တို့ချင်းသုံးတဲ့ “ဘက်မလိုက်မှု” ဆိုတဲ့ စကားရပ် တစ်ခုရှိပါတယ်။
-
8:12 - 8:16အကြမ်းဖျင်းအားဖြင့် ဆိုလိုတာက အငြင်းပွားဖွယ် အကြောင်းအရာ တစ်ရပ် ပေါ်လာတိုင်း
-
8:16 - 8:19၀ီကီပီးဒီးယား ကိုယ်တိုင်က အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်ဖက်မှာမှ မရပ်ဖို့ပါ။
-
8:19 - 8:22ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေက ဒါနဲ့ပတ်သက်ပြီး ဘာတွေပြောတယ် ဆိုတာကိုသာ မှတ်တမ်းပြုတင်ပြပါတယ်။
-
8:22 - 8:25ဒါ့ကြောင့် ဒီဘက်မလိုက်မူဝါဒက ကျွန်တော်တို့အတွက် တကယ်ကို အရေးကြီးပါတယ်။
-
8:25 - 8:29အကြောင်းက အင်မတန်မှ မတူကွဲပြားကြတဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ အသိုက်အဝန်းတစ်ခုက
-
8:29 - 8:31အတူတကွ စုပေါင်းပြီး တကယ်အလုပ်ဖြစ်စေဖို့ အင်အားပေးမြှင့်တင်ပေးနိုင်လို့ပါ။
-
8:31 - 8:34ဒါ့ကြောင့် ကျွန်တော်တို့မှာ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု နောက်ခံတွေ
-
8:34 - 8:36လွန်စွာကွဲပြားတဲ့ ပါဝင်ရေးသားတွေရရှိထားတာပါ။
-
8:36 - 8:38အစကတည်းက ညှိနှိုင်းဖြေလျော့ပေးမှု လုံးဝမရှိတဲ့
-
8:38 - 8:40ခိုင်မာတဲ့ ဘက်မလိုက်မူဝါဒကို ကျင့်သုံးခြင်းအားဖြင့်
-
8:40 - 8:42လူတွေ အတူတကွ အလုပ်လုပ်နိုင်ဖို့ သေချာစေပြီး
-
8:42 - 8:44စွယ်စုံကျမ်းထဲက တည်းပုဒ်တွေ ခေါင်းစီးတွေဟာ တွေဟာ
-
8:44 - 8:47လက်ဝဲဝါဒီနဲ့ လက်ယာဝါဒီတို့ကြားက အပြန်အလှန်တိုက်ပွဲ မဖြစ်လာစေတော့ပါဘူး။
-
8:47 - 8:49တကယ်လို့ ဒီလိုအပြုအမူများ လုပ်ခဲ့ရင်
-
8:49 - 8:51ဒီအသိုက်အဝန်းကနေ ထွက်သွားဖို ့တောင်းဆိုခံရမှာပါပဲ။
-
8:52 - 8:54နောက်တော့ အချိန်နဲ့တပြေးညီ အကဲဖြတ်မှု (real-time peer review)
-
8:54 - 8:57ဝက်ဆိုက်ပေါ်က တည်းဖြတ်လိုက်တဲ့ အပြောင်းအလဲမှန်သမျှဟာ “ လတ်တလော ပြင်ဆင်ချက်မျာ းစာမျက်နှာ” ဆီကို ရောက်သွားပါမယ်
-
8:57 - 9:00အဲဒီတော့ တစ်ယောက်က ပြင်လိုက်တယ်ဆိုတာနဲ့ “ လတ်တလော ပြင်ဆင်ချက်များ စာမျက်နှာ” ဆီကို ချက်ချင်းရောက်သွားပါတယ်။
-
9:00 - 9:04အဲဒီ “ လတ်တလော ပြင်ဆင်ချက်များ စာမျက်နှာ” ကလည်း IRC ချန်နယ်ထဲက ိုပို့လိုက်ပါတယ်
-
9:04 - 9:06IRC ဆိုတာ လူတွေက ဆော့ဝဲ တန်ဆာပလာ အမျိုးမျိုးကို သုံးပြီးစောင့်ကြပ်နေတဲ့
-
9:06 - 9:08အင်တာနက် စကားဝိုင်း ချန်နယ်ပဲဖြစ်ပါတယ်။
-
9:10 - 9:12ပြီးတော့ လူတွေက RSS feed တွေရနိုင်ပါတယ်။
-
9:12 - 9:15ဒီပြင်ဆင်ချက်တွေ အကြောင်းကို အီးမေးလ်ကနေ တစ်ဆင့် အကြောင်းကြားစာတွေ ရနိုင်ပါတယ်
-
9:15 - 9:17ပြီးတော့ အသုံးပြုသူတွေ အနေနဲ့ သူတို့ကိုယ်ပိုင် စောင့်ကြည့် စာရင်းတွေလည်း ချမှတ်ထားလို့ရပါတယ်။
-
9:17 - 9:20ဒါ့ကြောင့် ကျွန်တော့်အကြောင်း စာမျက်နှာဆိုရင် စေတနာ့ဝန်ထမ်း အနည်းငယ်ရဲ့ စောင့်ကြည့် စာရင်းမှာပါပါတယ်။
-
9:20 - 9:22မကြာခဏ ရန်လိုဖျက်ဆီး (vandalize) ခံရလို့ပါ။
-
9:24 - 9:28ဒါ့ကြောင့် ဖြစ်နေတာက တစ်ယောက်ယောက်က အပြောင်းအလဲကို အလွန်ကို မြန်မြန်ဆန်ဆန်သတိပြုပြီး
-
9:28 - 9:32ပြင်ထားကို မူလအတိုင်း ရိုးရိုးလေးပြန်ပြင်လိုက်ရုံပါပဲ။
-
9:32 - 9:34ဥပမာပြရရင် စာမျက်နှာသစ်များဆိုင်ရာ သတင်းပေးပို့ချက ်တစ်ခုရှိပါတယ်။
-
9:34 - 9:36ဒီတော့ ၀ီကီပီးဒီးယားရဲ့ တစ်ခုသော စာမျက်နှာဆီကို သွားလို့ရပါတယ်။
-
9:36 - 9:38စာမျက်နှာသစ်တစ်ခု ဖန်တီးလိုက်တိုင်း အဲဒီစာမျက်နှာကို သွားကြည့်လို့ရပါတယ်။
-
9:38 - 9:40ဒီဟာက တကယ်ကိုအရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ အသစ်ဖန်တီးလိုက်တဲ့ စာမျက်နှာအများအပြားက
-
9:40 - 9:43ASDFASDF ဆိုတာမျိုး ဖျက်ပစ်ရမယ့် အမှိုက်တွေချည်းဖြစ်နေလို့ပါ။
-
9:43 - 9:46ဒါပေမဲ့ ဒါကလည်း ၀ီကီပီးဒီးယားမှာ တချို့သော ဆောင်းပါးသစ်တွေနဲ့ ပတ်သက်ပြီး
-
9:46 - 9:48စိတ်ဝင်စားစရာ ပျော်စရာကောင်းတဲ့ ကိစ္စအများစုထဲက တချို့ပါ။
-
9:48 - 9:50စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး လူတွေက ဆောင်းပါးတစ်ခု စတင်လိုက်ပါမယ်။
-
9:50 - 9:52အခြားလူတွေက စိတ်ဝင်စားသွားပြီး သူတို့လည်းပါဝင်လာပြီး၊
-
9:52 - 9:54အဲဒီဆောင်းပါးကို ပိုကောင်းလာအောင ်ကူညီပြီးလုပ်ကြပါတယ်။
-
9:54 - 9:56ဒီတော့ ၀ီကီပီးဒီးယားနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် အကောင်းဆုံးနဲ့ စိတ်ဝင်စားဖွယ် အကောင်းဆုံး အချက်တွေထဲက တစ်ခုဖြစ်တဲ့
-
9:56 - 10:00အမည်မသိ အသုံးပြုသူတွေက တည်းဖြတ်ပြင်ဆင်မှုတွေ ကျွန်တော်တို့မှာ ရှိတယ်ဆိုတာမှန်ပါတယ်။
-
10:00 - 10:04ဒါ့ကြောင့် Chris က ဝက်ဆိုက်ထဲ Log In ဝင်တာမျိုးတွေ ဘာတွေ၊ ဘာမှကိုမလုပ်ရပဲ သူပြင်ဆင်လို့ ရလိုက်ပါတယ်။
-
10:04 - 10:07ဝက်ဆိုက်ပေါ်ကို ဒီတိုင်းသွားပြီး ပြင်လိုက်ရုံပါပဲ
-
10:07 - 10:10သို့တိုင်အောင် တကယ်တမ်း ဝက်ဆိုက်မှာ ပြင်ဆင်တည်းဖြတ်မှုရဲ့ ၁၈ % ကသာ
-
10:10 - 10:12အမည်မသိ အသုံးပြုသူတွေက လုပ်တာဖြစ်နေပါတယ်။
-
10:12 - 10:14ဒါဟာ နားလည်သဘောပေါက်ဖို့ တကယ်ကိုအရေးကြီးတဲ့ အချက်ကတော့
-
10:14 - 10:17ဝက်ဆိုက်ပေါ်က ပြင်ဆင်တည်းဖြတ်မှုတွေ အများစုက
-
10:17 - 10:21အဆက်အသွယ် အမြဲတမ်းရှိနေတဲ့ လူပေါင်း ၆၀၀ ကနေ ၁၀၀၀ အထိရှိနိုင်တဲ့
-
10:21 - 10:23ကျစ်လျစ်စွာ ဖွဲ့စည်းထားတဲ့ အသိုက်အဝန်းဆီကနေ လာတာပါ။
-
10:23 - 10:25ကျွန်တော်တို့မှာ IRC ချန်နယ်ပေါင်း ၄၀ ၊ စာပို့စာရင်းပေါင်း ၄၀ ရှိပါတယ်
-
10:25 - 10:29ဒီလူတွေအားလုံးက အချင်းချင်းသိကြပါတယ်၊ ဆက်သွယ်ကြပါတယ်၊ ကျွန်တော်တို့မှာ အွန်လိုင်းပြင်ပ အစည်းအဝေးတွေလည်း ရှိပါတယ်။
-
10:29 - 10:31ဒီလူတွေက ဝက်ဆိုက်ရဲ့ အစိတ်အပိုင်း ကြီးကြီးမားမားကို လုပ်နေတဲ့သူတွေပါ။
-
10:31 - 10:36သူတို့တွေက တစ်နည်းအားဖြင့် သူတို့လုပ်နေတဲ့ ကိစ္စအပေါ်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ကျွမ်းကျင်မှု အရည်အသွေ းပြည့်ဝသူတွေပါ။
-
10:36 - 10:40ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပြဌာန်းထားတဲ့ အဆင့် သတ်မှတ်ချက်တွေကတော့
-
10:40 - 10:42ကျွမ်းကျင်မှု အဆင့်အရည်အသွေးန ဲ့ညီမျှ ဒါမှမဟုတ် ပိုမြင့်ပါတယ်။
-
10:42 - 10:44ကျွန်တော်တို့ ဒီသတ်မှတ်ချက်တွေကို အမြဲတမ်း မပြည့်မီပါဘူး။
-
10:44 - 10:46ဒါပေမဲ့ ကျွန်တော်တို့ အပြင်းအထန် ကြိုးစားနေတာ ဒီသတ်မှတ်ချက်တွေပြည့်မီဖို့ပါပဲ
-
10:46 - 10:49ဒီတော့ အဲဒီကျစ်လျစ်တဲ့ အသိုက်အဝန်းဆိုတာ ဒီဝက်ဆိုက်ကို အမှန်တကယ် အလေးထားတဲ့သူတွေပါ။
-
10:49 - 10:51ဒီလူတွေဟာ ကျွန်တော် တွေ့ဖူးသမျှ စမတ်ကျဆုံး ပုဂ္ဂိုလ်တွေထဲက တချို့ပါ။
-
10:51 - 10:53သေချာပေါက် ကျွန်တော် တာဝန်မို ့ ပြောရတယ်ဆိုပေမဲ့ တကယ်ကို မှန်တာပါခင်ဗျ။
-
10:53 - 10:57စွယ်စုံကျမ်းတစ်ခု ေ ရးရတာကို ပျော်ပြီး စွဲနေတဲ့ လူစားမျိုးတွေက
-
10:57 - 10:59တော်တော်လေး သားနားတဲ့ သူတွေဖြစ်နေတတ်တယ်ခင်ဗျ ( ရယ်သံများ )
-
11:00 - 11:02တန်ဆာပလာတွေ နဲ့ ဆော့ဝဲ: ကိုယ်လုပ်တာကို ကိုယ်ပြန်စောင့်ကြပ််ဖို့နဲ့ အလုပ်တွေ အားလုံးကို စောင့်ကြပ်နိုင်ဖို့
-
11:02 - 11:06ကျွန်တော်တို့ကို (ကျွန်တော်တို့ အသိုက်အဝန်းကို ဆိုလိုတာပါ) ခွင့်ပြုပေးတဲ့ ကိရိယာတွေ အများကြီးရှိပါတယ်
-
11:06 - 11:08ဒါကတော့ "ပြားချပ်သော ကမ္ဘာ" ဆိုတဲ့ စာမျက်နှာရဲ့ သမိုင်းမှတ်တမ်းပါ
-
11:08 - 11:11ပြီးတော့ လုပ်ထားတဲ့ ပြင်ဆင်ချက်တွေကို ခင်ဗျားတို့မြင်နိုင်ပါတယ်။
-
11:11 - 11:14ဒီစာမျက်နှာနဲ့ ပတ်သက်ပြီး ကောင်းတာက ဒါကို ခင်ဗျားက ချက်ချင်း တစ်ချက်လောက် ကြည့်လိုက်ပြီး
-
11:14 - 11:16“အိုကေ၊ ငါနားလည်သွားပြီ” ဆိုပြီး ဖြစ်သွားပါတယ်။
-
11:16 - 11:19တစ်ယောက်ယောက်က သူရဲ့စာမျက်နှာဆီသွားပြီ းကြည့်လိုက်လို့
-
11:19 - 11:21အမည်မသိ IP အမှတ်စဉ်ပိုင်ရှင် တစ်ဦးဦးက ပြင်ဆင်ထားတာကိုတွေ့ရင်
-
11:21 - 11:24“ဒါသံသယဖြစ်စရာပဲ။ ဒီလူဘယ်သူပါလိမ့်” ဆိုပြီး ဒီပြင်ဆင်မှု သမိုင်းမှတ်တမ်းကို လာကြည့်လိုက်ရင်တော့
-
11:24 - 11:28အနီရောင်နဲ့ မှတ်သားထားတဲ့ ပြင်ဆင်ချက်တွေကို ချက်ချင်းတွေ့နိုင်ပါတယ်။
-
11:28 - 11:32ဒီတော့မှ “အိုကေ။ကောင်းပြီလေ။ ဒီစာလုံးတွေကပြောင်းသွားတယ်။ ဒီလိုဒီလို” ဆိုတာမျိုးပေါ့။
-
11:32 - 11:37ဒါကတော့ စာမျက်နှာတစ်ခုရဲ့ သမိုင်းမှတ်တမ်းကို ခပ်မြန်မြန် စောင့်ကြည့် ထိန်းချုပ်ဖို့ ကျွန်တော်တို့သုံးတဲ့ ကိရိယာ တန်ဆာပလာတစ်ခုပါ။
-
11:37 - 11:40ဒီအသိုက်အဝန်းထဲမှာ ကျွန်တော်တို့လုပ်တဲ့ နောက်တစ်ခုကတော့
-
11:40 - 11:43ဘယ်အရာကိုမဆို အသေ မသတ်မှတ်ထားတာပါ။
-
11:43 - 11:47လူမှုရေးရာ စည်းမျဉ်းတွေ အလုပ်လုပ်ပုံ စနစ်တွေကို
-
11:47 - 11:49ဒီဆော့ဝဲ ထဲမှာ လုံးဝပြင်လို့ ရအောင် လုပ်ထားပါတယ်။
-
11:49 - 11:51ဒါတွေအားလုံးက ဝီကီစာမျက်နှာတွေမှာ ရှိနေရုံပါပဲ။
-
11:51 - 11:54ဒီစည်းမျဉ်းတွေကို လိုက်နာအောင် ကွပ်ကဲနေတာမျိုး တစ်ခုမှမရှိပါဘူး။
-
11:54 - 11:57ဒီနေရာမှာ ကျွန်တော ်သာဓကပြစရာကတော့ “ပယ်ဖျက်ရန် ဆန္ဒမဲ ပေးတဲ့ စာမျက်နှာ” ပါ
-
11:58 - 12:01ဒီတော့ ကျွန်တော်အစောပိုင်းက တင်ပြခဲ့သလိုပဲ လူတွေက ASDFASDF ဆိုပြီး လာရိုက်သွားတာတွေရှိပါတယ်။
-
12:01 - 12:04ဒါကို ပယ်ဖျက်ပစ်ရပါတယ် ဒီလိုကိစ္စမျိုးတွေကတော့ နည်းစနစ်ပိုင်း အုပ်ချုပ်ရေးမှူးတွေ ပယ်ဖျက်ပစ်လိုက်တာပါပဲ။
-
12:04 - 12:06ဒါနဲ့ပတ်သက်ပြီး အချေအတင်ဖြစ်စရာ ကြီးကြီးမားမားမရှိပါဘူး။
-
12:06 - 12:10ဒါပေမဲ့ဗျ ဒီအကြောင်းအရာဟာ စွယ်စုံကျမ်းတစ်ခုမှာ ထည့်ရလောက်အောင် ထင်ရှားသလားဆိုတာ အဖြေရှာရတဲ့
-
12:10 - 12:12ကိစ္စမျိုးတွေလည်း ရှိတာကိုလည်း ခင်ဗျားတို့ မှန်းဆကြည့်လို့ရပါတယ်။
-
12:12 - 12:16ဒီအချက်အလက်တွေက မှန်ကန်ကြောင်း သက်သေပြနိုင်ရဲ့လား၊ အလိမ်အညာလား၊ မှန်ကန်ရဲ့လား၊ ဘာများပါလိမ့် ဆိုတာမျိုးတွေပါ။
-
12:16 - 12:19ဒီတော့ ဒါအတွက် အဖြေကို ဆုံးဖြတ်ပေးဖို့ လူမှုရေးရာ နည်းစနစ်တစ်ခု လိုအပ်လာခဲ့ပါတယ်။
-
12:19 - 12:22ဒီအသိုက်အဝန်းထဲမှာ အလိုအလျောက်ပေါ်ပေါက်လာတဲ့ နည်းစနစ်တစ်ခုကတော့
-
12:22 - 12:24“ပယ်ဖျက်ရန် ဆန္ဒမဲ ပေးတဲ့ စာမျက်နှာ” ပါပဲ။
-
12:24 - 12:26အသေးစိတ် သာဓကတစ်ခုအနေနဲ့ ဒီမှာ"Twisted Issues" ဆိုတဲ့ ရုပ်ရှင် အကြောင်း စာမျက်နှာပါ။
-
12:26 - 12:28ပထမဆုံးလူက ပြောပါတယ်၊ “ရုပ်ရှင်လို့တော့ ယူဆရတာပဲ။
-
12:28 - 12:32ဒါပေမဲ့ Google စမ်းသပ်မှုမှာတော့ မအောင်မြင်ရှာဘူး။” တဲ့။
-
12:32 - 12:35Google စမ်းသပ်မှုဆိုတာကတော့ တစ်ခုခုကို Google မှာရှိမလားလို့ ရှာကြည့်လိုက်တာကို ပြောတာပါ။
-
12:35 - 12:39အကြောင်းကတော့ Google မှာတောင် မရှိဘူးဆိုရင် လုံးဝမရှိတာမျိုး ဖြစ်နိုင်လို့ပါ။
-
12:39 - 12:43ခြွင်းချက်မဲ့ စည်းမျဉ်းတော့ မဟုတ်ပါဘူးခင်ဗျာ ဒါပေမဲ ့ခပ်မြန််မြန် ရှာကြည့်ဖို့ အဆင်ပြေတဲ့ လမ်းစပါ
-
12:44 - 12:47ဒီတော့ တစ်ယောက်ယောက်က"ကျေးဇူးပြုပြီး ဖျက်ပစ်လိုက်ပါ။ ဒါကမထင်ရှားလို့ ဖျက်ပစ်လိုက်ပါ” လို့ပြောပါတယ်။
-
12:47 - 12:49နောက် တစ်ယောက်ကတော့ “နေဦး။ နေဦး။ နေဦး။ နေဦး။ ငါတွေ့ပြီ။
-
12:49 - 12:51'Film Threat Video Guide: the 20 Underground Films You Must See.' ဆိုတဲ့
-
12:51 - 12:53စာအုပ်တစ်အုပ်မှာ တွေ့လိုက်တယ်" လို့ပြောပြန်တယ်
-
12:53 - 12:55အော် ကောင်းပြီလေ။ နောက်တစ်ယောက်က " ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်လိုက်ပါ " လို့ပြောပါမယ်။
-
12:55 - 12:59တစ်ယောက်က" ငါဒါကို IMDB ဝက်ဆိုက်မှာတွေ့ပြီ။ မဖျက်ပါနဲ့။ ထားလိုက်ပါ။ ထားလိုက်ပါ။ " လို့ပြောပြန်တယ်
-
12:59 - 13:02ဒီဆော့ဝဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတာက
-
13:02 - 13:05ဒီဆန္ဒပြုချက်တွေက ဝက်ဆိုက် စာမျက်နှာပေါ်မှာ ဒီအတိုင်း စာရိုက်ထည့်လိုက်တာပါ။
-
13:05 - 13:10စကားဝိုင်းတစ်ခု အဖြစ်သာ ဆန္ဒမဲ ပေးနေကြတာ မဟုတ်ပါဘူး။
-
13:10 - 13:12ဖြစ်သွားတာက နောက်ဆုံးအချိန်လည်း ရောက်ရော နည်းစနစ်ပို်င်း အုပ်ချုပ်ရေးမှူး တစ်ဦးက
-
13:12 - 13:15ဒီစာမျက်နှာကို မြန်မြန်လာကြည့်ပြီး
-
13:15 - 13:18“ကောင်းပြီ။ ဖျက်မှာ ၁၈ခု။ ထားမှာ ၂ခု။ ငါတို့ဖျက်ပစ်လိုက်မယ်” ဆိုပါတယ်။
-
13:18 - 13:23ဒါပေမဲ့ အခြားကိစ္စတွေမှာတော့ ဖျက်တာ ၁၈ခု၊ ထားမှာ ၂ခု ဆိုပေမယ့်လည်း မဖျက်ဘဲထားလိုက် ရတွေရှိပါတယ်။
-
13:23 - 13:25ဘာဖြစ်လို့လည်းဆိုတော့ ထားမယ်ဆိုတဲ့ နောက်ဆုံး ၂ခုက " တစ်မိနစ်လောက်နေပါဦး။ တစ်မိနစ်လောက်နေပါဦး။
-
13:25 - 13:27ဘယ်သူမှမတွေ့မိသေးပေမယ့် ဒါကိုစာအုပ်တစ်အုပ်မှာ ငါတွေ့လိုက်တယ်။
-
13:27 - 13:31ဒါအကြောင်းဖော်ပြတဲ့စာမျက်နှာရဲ့ Link ကိုငါတွေ့ပြီ။ မနက်ဖြန်ကြရင် ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်လိုက်ပါ့မယ်။
-
13:31 - 13:34ကျေးဇူးပြုပြီး မဖျက်ပစ်လိုက်ပါနဲ့" ဆိုတော့လည်း ဒီစာမျက်နှာမြဲသွားပါတယ်။
-
13:34 - 13:36မဲပေးတဲ့သူတွေက ဘယ်သူတွေလည်းဆိုတာလည်း အရေးပါပါတယ်။
-
13:36 - 13:38ကျွန်တော်ပြောသလိုပဲ ဒါက တကယ့်ကိုကျစ်လျစ်တဲ့ အသိုက်အဝန်းပါ
-
13:38 - 13:40ဒီအောက်နားမှာ Rick Kay က "ထားလိုက်ပါ။ တကယ့်ရုပ်ရှင်ပဲ။" ဆိုပြီးပြောပါတယ်
-
13:40 - 13:43Rick Kay ဆိုတာက နာမည်ကြီး ၀ီကီပီးဒီးယားသမားပါ။
-
13:43 - 13:46အလိမ်အညာတွေ၊ လက်သရမ်း ဖျက်ဆီးတာတွေ၊
-
13:46 - 13:48ပယ်ဖျက်ရန် မဲပေးခြင်းတွေနဲ့ ပတ်သက်ပြီးအများကြီး လုပ်ခဲ့သူပါ။
-
13:48 - 13:51သူလုပ်တဲ့အလုပ် သူကျွမ်းကျင်တော့ ဒီအသိုက်အဝန်းအတွင်းမှာ
-
13:51 - 13:53သူအမြင်က တော်တော်လေး အရေးပါ အရာရောက်ပါတယ်။
-
13:53 - 13:55ဒီတော့ ဒါတွေအားလုံးကို ဘယ်လို စီမံအုပ်ချုပ်သလဲ။
-
13:55 - 13:59အုပ်ချုပ်ရေးမှူးတွေလို ကိစ္စမျိုးနဲ့ပတ်သက်ပြီး တကယ်သိချင်ကြပါတယ်။
-
13:59 - 14:03၀ီကီပီးဒီးယား အုပ်ချုပ်မှုပုံစံ၊ ဒီအသိုက်အဝန်းကို အုပ်ချုပ်မှုဟာ
-
14:03 - 14:07ရှုပ်ထွေးစရာ ကောင်းပေမယ့် အလုပ်ဖြစ်တဲ့ အများဆန္ဒအမြင်တွေ ယှဉ်တွဲထားမှုပါ။
-
14:07 - 14:09ဆိုလိုတာ ကျွန်တော်တို့က ဆောင်းပါးတွေမှာ ပါဝင်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မဲမပေးမိအောင် ကြိုးစားပါတယ်။
-
14:09 - 14:13ဘာလို့လဲဆိုတော့ လူအများစုရဲ့အမြင်တိုင်းက မဖြစ်မနေ ဘက်လိုက်မှု ကင်းတာမျိုးမဟုတ်လို့ပါ
-
14:13 - 14:15ဒီမိုကရေစီ သဘောနည်းနည်းပေါ့။ နည်းစနစ်ပိုင်း အုပ်ချုပ်ရေးမှူးတွေ
-
14:15 - 14:18သူတို့တွေဟာ စာမျက်နှာတွေကို ဖျက်နိုင်တဲ့သူတွေပါ
-
14:18 - 14:20စာမျက်နှာတွေကို ဖျက်ဖို့ အခွင့်အရေးရှိသူတွေလို့ မဆိုလိုပါဘူး
-
14:20 - 14:23သူတို့လည်း စည်းမျဉ်းတွေ အားလုံးကို လိုက်နာရပါသေးတယ်။ ဒါပေမဲ့ သူတို့ကို ရွေးချယ်တင်မြှောက်ထားတာပါ။
-
14:23 - 14:25သူတို့က အသိုက်အဝန်းက ရွေးချယ်တင်မြှောက်တာပါ။ တစ်ခါတစ်လေလူတွေ ကြံုရာ ကျပန်း အင်တာနက်လူရှုပ်တွေက
-
14:25 - 14:29စွယ်စုံကျမ်းပါ အကြောင်းအရာတွေမှာ ဘက်လိုက်လွှမ်းမိုးလို့ရအောင်
-
14:29 - 14:31အုပ်ချုပ်ရေးမှူးတွေကို ကျွန်တော့် စိတ်တိုင်းကျ ကိုယ်တိုင်ရွေးတယ်လို့ ကျွန်တော်ကို စွပ်စွဲချင်ကြပါတယ်။
-
14:31 - 14:35ဒါမျိုးကို ကျွန်တော် အမြဲတမ်း ရယ်မိပါတယ်။ အမှန်က သူတို့တွေကို သယ်ပုံဘယ်နည်း ေ ရွးတယ်ဆိုတာ ကျွန်တော်မသိပါဘူး။
-
14:35 - 14:37အထက်ကနေ အာဏာနဲ့ ထိန်းချုပ်တာမျိုး နည်းနည်းတော့ရှိပါတယ်။
-
14:37 - 14:40Rick Kay ရဲ့ အမြင်က ကျွန်တော်တို့မသိတဲ့ အခြားလူတစ်ဦးထက် ပိုပြီးအရာရောက်တယ်လို့
-
14:40 - 14:43ကျွန်တော် ပြောတုန်းကတည်းက ခင်ဗျားတို့ ဒီအကြောင်းကို ရေးတေးတေးတော့ သိလိုက်မှာပါ။
-
14:43 - 14:47ကျွန်တော် ဒီအကြောင်းအရာကို ဟိုတလောက ဖောင်ဒေးရှင်းဘုတ်အဖွဲ့ဝင်အဖြစ်
-
14:47 - 14:50မဲမပေးသူအရေအတွက်ရဲ့ နှစ်ဆပိုတဲ့ ထောက်ခံမဲနဲ့ ပြန်လည်ရွေးကောက်ခံရတဲ့
-
14:50 - 14:54Angela နဲ့အတူ တစ်ခါတစ်လေ ဟောပြောပါတယ်။
-
14:54 - 14:58ကျွန်တော်က “ဥပမာအားဖြင့် Angela ဆိုရင် ၀ီကီပီးဒီးယား မှာ ဘာလုပ်လုပ် အပြစ်လွတ်တဲ့သူပါ။
-
14:58 - 15:01ဘာလို့လဲဆိုတော့ ကတကယ့်ကို လေးစားခံရပြီး အာဏာရှိသူမို့ပါ”။
-
15:01 - 15:03လို့ပြောတိုင်း Angela မှာ ရှက်သွားပါတယ်။
-
15:03 - 15:07ဒီသရော်ချက်ရဲ့ အဓိပ္ပာယ်ကတော့ Angela အပြစ်လွတ်တယ်ဆိုတာက သူမက ခင်ဗျားသိသမျှထဲမှာ
-
15:07 - 15:10၀ီကီပီးဒီးယားရဲ့ စည်းမျဉ်းစည်းကမ်း မှန်သမျှကို ဘယ်သောအခါမှ မချိုးဖောက်တဲ့ သူတစ်ဦးဖြစ်လို့ပါ။
-
15:10 - 15:13သူမက ၀ီကီပီးဒီးယားရဲ့ စည်းမျဉ်းစည်းကမ်းမှန်သမျှကို
-
15:13 - 15:16တကယ်သိတဲ့ တစ်ဦးတည်းသော သူလို့လည်း ကျွန်တော်ဆိုချင်ပါတယ်။
-
15:16 - 15:20ဒီမှာ တစ်ချက်လွှတ် အမိန့်မျိုးလည်း ရှိပါတယ်။ ဒါက ဒီအသိုက်အဝန်းအတွင်းမှာ ကျွန်တော်ရဲ့ အခန်းကဏ္ဍပါ။
-
15:21 - 15:26အဲဒီအကြောင်းကို ဘာလင်မြို့မှာ ကျွန်တော်ပြောတော့ နောက်တစ်နေ့ သတင်းစာခေါင်းကြီးပိုင်းမှာ
-
15:26 - 15:29"မိမိသည် အင်္ဂလန်ဘုရင်မကြီးဖြစ်၏" ဆိုပြီး ရေးလာပါတယ်။
-
15:29 - 15:32ကျွန်တော်ပြောခဲ့တာ အဲလိုမျိုးမဟုတ်ရပါဘူး ခင်ဗျ (ရယ်သံများ)
-
15:34 - 15:36ဒါပေမဲ့ ကျွန်တော်ပြောချင်တာက ဒီအသိုက်အဝန်း အတွင်းက ကျွန်တော့်ရဲ့ အခန်းကဏ္ဍ အကြောင်းပါ။
-
15:36 - 15:39ဒီ အခမဲ့ ဆော့ဝဲ လောကမှာ ကြာရှည်နေတဲ့ ထုံးတမ်းတစ်ခုဖြစ်တဲ့
-
15:39 - 15:44“သဘောကောင်းသော အာဏာရှင်” ဆိုတဲ့ စံနမူနာတစ်ခုရှိပါတယ်။
-
15:44 - 15:47အခမဲ့ ဆော့ဝဲ စီမံကိန်းအများစုကို ကြည့်လိုက်ရင်
-
15:47 - 15:49“သဘောကောင်းသောအာဏာရှင်” လို့ အားလုံးက လက်ခံထားတဲ့
-
15:49 - 15:52ဦးဆောင် ချုပ်ကိုင်သူ တစ်ဦးရှိပါတယ်။
-
15:52 - 15:55အဲ၊ ကျွန်တော်ကတော့ “သဘောကောင်းသော အာဏာရှင်” ဆိုတဲ့ စကားရပ်ကိုမကြိုက်ပါဘူး။
-
15:55 - 15:58ဒီစိတ်ကူးစိတ်သန်းတွေနဲ့ တည်ဆောက်ထားတဲ့ နယ်ပယ်ကြီးထဲက ကျွန်တော်ရဲ့အလုပ် ဒါမှမဟုတ် အခန်းကဏ္ဍက
-
15:58 - 16:03တစ်ကမ္ဘာလုံးက ပြုစုပေါင်းစည်းပေးထားတဲ့ လူသားဗဟုသုတတွေ အားလုံးကို ထိန်းချုပ်နေတဲ့ အာဏာရှင်ဖြစ်ဖို့လို့ မထင်ပါဘူး
-
16:03 - 16:05ဒါမျိုးက လုံးဝမသင့်လျော်ပါဘူး
-
16:05 - 16:08သို့တိုင် တစ်ခါတစ်လေ အာဏာရှင်သဘောတော့ အတိုင်းအတာတစ်ခုထိ လိုအပ်ပါသေးတယ်။
-
16:08 - 16:11အတိုင်းအတာတစ်ခုထိ -- တစ်ခါတစ်လေ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချရတာတွေရှိပါတယ်
-
16:11 - 16:14ကျွန်တော်တို့ ပုံသေဆုံးဖြတ်ချက်ချမှတ်မှု လုပ်စဉ်တွေကြောင့်
-
16:14 - 16:16အများကြီး နှောင့်နှေးကြန့်ကြာမှုတွေ မဖြစ်စေချင်ပါဘူး။
-
16:16 - 16:20ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။
-
16:20 - 16:22ဘာလို့ ဒါကအရေးကြီးသလဲ ဆိုတာ ဥပမာ တစ်ခုအနေနဲ့
-
16:22 - 16:25ဟိုတလောက နာဇီလက်သစ် ဝက်ဆိုက်ဒ်တစ်ခုက ၀ီကီပီးဒီးယားကို တွေ့သွားတဲ့ အခြေအနေတစ်ခု ရှိခဲ့ပါတယ်။
-
16:25 - 16:30သူတို့ကဆိုပါတယ် "အမယ်လေး။ စိတ်ပျက်စရာပဲ။ ဒါက ဂျူးပူးပေါင်းကြံစည်ရေး ဝက်ဆိုက်တစ်ခုပဲ။
-
16:30 - 16:33ဒို့မကြိုက်တဲ့ ဆောင်းပါးတွေကိ ုပယ်ဖျက်ခိုင်းမယ်။
-
16:33 - 16:35သူတို့မှာ မဲခွဲဆုံးဖြတ်တဲ့ စနစ်ရှိကြောင်း ဒို့တွေသိရတယ်။
-
16:35 - 16:39ဒို့မှာ အဖွဲ့ဝင်ပေါင်း လေးထောင်ရှိတယ်။ သူတို့တွေကိုပို့ပြီး အားလုံးကိုမဲပေးခိုင်းလိုက်ပြီး
-
16:39 - 16:41ဒီဝက်ဆိုက် စာမျက်နှာတွေကို ဖျက်ပစ်ရအောင်လုပ်မယ်။ " တဲ့ခင်ဗျ။
-
16:41 - 16:44သူတို့ တကယ်တမ်း ၁၈ယောက်လောက်ပဲ ပေါ်လာနိုင်အောင် လုပ်နိုင်ခဲ့ပါတယ်။
-
16:44 - 16:46ခင်ဗျားတို့ နာဇီလက်သစ် ကိန်းကဏန်းတွေ သိရတာပေါ့ဗျာ။
-
16:46 - 16:49သူတို့မှာ ၁၈ ယောက်လောက်ပဲ ရှိချိန်မှာ လေးထောင်လောက် ရှိတယ် လို့ထင်နေကြတယ်။
-
16:49 - 16:54ဒါပေမဲ့ သူတို့ ၁၈ ယောက်ကို ဝက်ဆိုက် ပေါ်လာပြီး နည်းနည်း ရူးကြောင်ကြောင်နိုင်တဲ့နည်းနဲ့
-
16:54 - 16:56လုံးဝပြည့်စုံကောင်းမွန်တဲ့ ဆောင်းပါးတွေကို ဖျက်ပေးဖို့ မဲပေးအောင် လုပ်နိုင်ခဲ့ပါတယ်။
-
16:56 - 16:59မဲက ၈၅ မဲ ၁၈ မဲ နဲ့ပြီးသွားပြီး ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနည်းကျ လုပ်ရိုးလုပ်စဉ်တွေအပေါ်မှာ
-
16:59 - 17:02အန္တရာယ်တော့ အမှန်တကယ်မရှိခဲ့ပါဘူး ဆိုတာတော့ပြောစရာ မလိုဘူးပေါ့။
-
17:02 - 17:05သို့သော် လူတွေကပြောကြပါတယ်။ " ဒါပေမဲ့ ဒို့တွေဘာလုပ်ကြမလဲ။
-
17:05 - 17:09ဆိုလိုတာက ဒါမျိုးကဖြစ်လာနိုင်ပြီး အဖွဲ့တစ်ခုခုက
-
17:09 - 17:11တကယ်ကို လေးလေးနက်နက်စုဖွဲ့ပြီး မဲတွေလာပေးချင်ရင် ဘယ်လိုဖြစ်လာမလဲ" တဲ့။
-
17:11 - 17:14ဒီတော့ "သွားစမ်းပါကွာ။ စည်းမျဉ်းတွေ ပြောင်းပစ်လိုက်ရုံပဲပေါ့" လို့ ကျွန်တော်က ပြောလိုက်ပါတယ်။
-
17:14 - 17:19ဒါက ဒီအသိုက်အဝန်းအတွင်းက ကျွန်တော်ရဲ့ တာဝန်ပါပဲ။ ကျွန်တော်တို့ရဲ့ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုတို့က
-
17:19 - 17:22အချက်အလက်တွေရဲ့ အရည်အသွေးကို ထိခိုက်စေတာမျိုး လုံးဝ ခွင့်မပြုဘူးဆိုတာ ပြောဖို့ပါ။
-
17:22 - 17:25လူတွေက ကျွန်တော့် အခန်းကဏ္ဍပေါ်မှာ ယုံကြည်နေသရွေ့
-
17:25 - 17:27ကျွန်တော့် အတွက် ခိုင်မာတဲ့နေရာ တစ်ခုရှိနေပါတယ်။
-
17:27 - 17:31သေချာပေါက် အခမဲ့ ဆော့ဝဲ စနစ်ကြောင့်ပေါ့။ ကျွန်တော်လုပ်တာ မကောင်းရင်
-
17:31 - 17:33စေတနာဝန်ထမ်းတွေက သူတို့ဖန်တီးထားတာ ယူပြီးထွက်သွားဖို့ ဝန်မလေးဘူးဆိုတာထက် ပိုပါတယ်။
-
17:33 - 17:35ကျွန်တော်ကနေ ဘယ်သူ့ကိုမှ ဘာလုပ်ပါလို့ပြောလို့မရပါဘူး
-
17:35 - 17:39ဒီတော့ နောက်ဆုံး ပြောချင်တာကတော့ ၀ီကီပီးဒီးယား ဘယ်လို အလုပ်လုပ်တယ်ဆိုတာ နားလည်ဖို့ပါ။
-
17:39 - 17:43ကျွန်တော်တို့ရဲ့ ဝီကီစံသတ်မှတ်ချက်ဟာ ကျွန်တော်တို့ အလုပ်လုပ်တဲ့ပုံစံပါပဲ
-
17:43 - 17:47ကျွန်တော်တို့က အစွန်းရောက် အင်တာနက် မင်းမဲ့ ဝါဒီတွေ မဟုတ်ပါဘူးခင်ဗျာ။
-
17:47 - 17:50တကယ်တော့ ကျွန်တော်တို့က လူမှုရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး အလွန်ကို ပြောင်းလွယ်ပြင်လွယ်ရှိပါတယ်။
-
17:50 - 17:54ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသိုက်အဝန်းရဲ့ စွဲမြဲတဲ့ စိတ်ဝင်စား အလေးပေးမှုကိုက ကျွန်တော့်တို့ လုပ်ဆောင်ချက်ရဲ့ အရည်အသွေး ကောင်းဖို့သာဖြစ်ပါတယ်
-
17:54 - 17:58ကျွန်တော်တို့ ဒီလိုလုပ်ဖို့ ဘယ်နည်းလမ်းကို သုံးတယ်ဆိုတဲ့ အချက်မဟုတ်ပါဘူး
-
17:58 - 18:00ကျေးဇူးတင်ပါတယ်ခင်ဗျာ/
-
18:00 - 18:03(လက်ခုပ်သံများ)
-
18:03 - 18:05Ben Saunders: ဟုတ်ကဲ့။ ကျွန်တော်ကတော့ Ben Saunders ပါ။
-
18:05 - 18:09Jimmy ခင်ဗျ၊ ဘက်မလိုက်မှုဟာ ၀ီကီပီးဒီးယား အောင်မြင်မှုရဲ့ သော့ချက်လို့ ခင်ဗျား ပြောခဲ့တယ်နော်
-
18:09 - 18:13ကျွန်တော် တွေးမြင်မိတာက ကျွန်တော်တို့ ကလေးတွေကို ပညာသင်ကြားဖို့သုံးနေတဲ့
-
18:13 - 18:16ပြဌာန်းစာအုပ်တွေဟာ မလွှဲမရှောင်သာအောင်ကို ဘက်လိုက်တဲ့သဘောရှိပါတယ်
-
18:16 - 18:20၀ီကီပီးဒီးယားကို ဆရာ၊ ဆရာမတွေသုံးတာ ကြံုဖူးပါသလား
-
18:20 - 18:22၀ီကီပီးဒီးယား ကနေ ပညာရေးကဏ္ဍကို ပြောင်းလဲစေနိုင်မှုနဲ့ ပတ်သက်ပြီးဘယ်လို မြင်ပါသလဲ
-
18:22 - 18:27Jimmy Wales: ဟုတ်ကဲ့။ ဆရာ၊ ဆရာမတွေ အများအပြား ၀ီကီပီးဒီးယားကို စသုံးနေပါပြီ
-
18:27 - 18:31၀ီကီပီးဒီးယား နဲ့ပတ်သက်ပြီး မီဒီယာက ပြောနေတဲ့ ဇာတ်ကြောင်းတွေ ရှိပါတယ် ကျွန်တော်တော့ အမှားတွေလို့ ထင်တယ်
-
18:31 - 18:34ဘလော့ဂါတွေနဲ့ သတင်းစာတွေ နှိုင်းယှဉ်မှု ဇာတ်ကြောင့် ပေါက်လာတာပါ
-
18:34 - 18:38ဇာတ်ကြောင်းကတော့ “ဒီမှာလေ ၀ီကီပီးဒီးယားဆိုတဲ့ ဆန်းဆန်းပြားပြား အရာတစ်ခုပေါ့။
-
18:38 - 18:44ဒါပေမဲ့ ဒါကို ပညာရှင်တွေကမုန်းတယ်။ ဆရာဆရာမတွေ မုန်းတယ်။” တဲ့။ နောက်တော့ ဒီအချက်က မမှန်ဘူးဖြစ်နေပါတယ်။
-
18:44 - 18:46"အဘယ်ကြောင့် ပညာရှင်များ ၀ီကီပီးဒီးယားကို မုန်းသလဲ?" လို့ဆိုလာတဲ့
-
18:46 - 18:48စာနယ်ဇင်းသမား တစ်ယောက်ဆီက အီးမေးလ်တစ်စောင်ရခဲ့တဲ့ နောက်ဆုံးတစ်ခေါက်က
-
18:48 - 18:50ကျွန်တော်ရဲ့ ဟားဗတ်တက္ကသိုလ် အီးမေးလ်လိပ်စာနဲ့ ပို့လိုက်ပါတယ်
-
18:50 - 18:52သိပ်မကြာသေးခင်ကမှ အဲဒီမှာ အဖွဲ့ဝင်အနေနဲ့ သတ်မှတ်ပေးခြင်းခံထားရလို့ပါ
-
18:52 - 18:55"တကယ်က သူတို့အကုန်လုံး မုန်းတယ်လည်းမဟုတ်ပါဘူး" လို့ကျွန်တော် ပြောလိုက်ပါတယ် (ရယ်သံများ)
-
18:55 - 18:58ဒါပေမဲ့ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ ကျွန်တော်ထင်ပါတယ်
-
18:58 - 19:00တကယ်တမ်း ကျွန်တော်တို့မှာ စီမံကိန်းတစ်ခုရှိပါတယ်
-
19:00 - 19:02ကျွန်တော်ကိုယ်တိုင် စိတ်လှုပ်ရှားမိတဲ့အရာပါ
-
19:02 - 19:04ဝီကီ စာအုပ်များ ဆိုတဲ့ စီမံကိန်းပါ
-
19:04 - 19:06ဘာသာစကားအားလုံးနဲ့ ဖတ်စာအုပ်တွေ ဖန်တီးဖို့ အားထုတ်မှု တစ်ရပ်ပါ
-
19:06 - 19:08ဒါက တော်တော်လေး ပိုကြီးမားတဲ့ စီမံကိန်းဖြစ်ပြီး
-
19:08 - 19:12အသီးအပွင့်ဖြစ်လာဖို့ နောင် နှစ် ၂၀ လောက် ကြာနိုင်ပါတယ်
-
19:12 - 19:14ဒါပေမဲ့ ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းက ကမ္ဘာပေါ်က လူတစ်ဦးချင်းစီကို
-
19:14 - 19:17စွယ်စုံကျမ်း တစ်ခုပေးနိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ပါ
-
19:17 - 19:20သူတို့တွေကို AOL စီဒီချပ်ပြားတွေနဲ့ အသုံးမဝင်တာတွေ စာတိုက်ကနေ ပို့ပေးမယ်လို့ ပြောတာမဟုတ်ပါဘူး
-
19:20 - 19:23သူတို့ အသုံးချနိုင်မယ့် ကိရိယာတစ်ခုကိုပေးမှာပါ
-
19:23 - 19:25ကမ္ဘာပေါ်က လူတော်တော်များများအတွက်
-
19:25 - 19:27တက္ကသိုလ်အဆင့် ရေးသားထားတဲ့ စွယ်စုံကျမ်းတစ်ခုကို ပေးလိုက်လည်း
-
19:27 - 19:29ကိုယ်တကယ ်အသုံးချနိုင်လောက်တဲ့ အခြေအနေအထိ
-
19:29 - 19:31မြှင့်တင်တည်ဆောက်ပေးနိုင်တဲ့ စာအုပ်စာတမ်းတွေ မရှိထားဘူးဆိုရင်
-
19:31 - 19:33ဘာမှ အကျိုးမရှိပါဘူး
-
19:33 - 19:36ဒါကြောင့် ဝီကီစာအုပ်စီမံကိန်းက ဒါကိုလုပ်ပေးနိုင်ဖို့အတွက် အားထုတ်မှုတစ်ရပ်ပါ
-
19:36 - 19:38ကျွန်တော်ထင်ပါတယ် ကျွန်တော်တို့မြင်ရမှာ သိပ်ကိုကြီးမားတဲ့ --
-
19:38 - 19:39ကျွန်တော်တို့ဆီက လာတာတောင် ဟုတ်ချင်မှဟုတ်မှာပါ
-
19:39 - 19:41အမျိုးမျိုးသော ဆန်းသစ်တီထွင်မှုတွေ ဖြစ်နေတာကိုးခင်ဗျ
-
19:41 - 19:45ဒါပေမဲ့ အခမဲ့ လိုင်စင် စနစ်သုံးတဲ့ ပြဌာန်းစာအုပ်တွေဟာ ပညာရေးကဏ္ဍမှာ နောက်ပေါ်လာမယ့် ကြီးကျယ်တဲ့ အရာပါပဲ။
- Title:
- ဝစ်ကီပီးဒီးယား မွေးဖွားလာခြင်း
- Speaker:
- ဂျင်မီဝေးလ်စ်
- Description:
-
ဂျင်မီဝေးလ်စ် က “ လူမျိုးစုံရောပြွမ်းနေသောစေတနာဝန်ထမ်းအစုအဖွဲ့ ” ကို စုစည်းခဲ့ပုံ၊ ၎င်းတို့ကို ပူးပေါင်းဆောင်ရွက်ပြီး ကိုယ်တိုင်ခန့်ခွဲ၊ ကိုယ်တိုင်ပြင်ဆင်၍ အမြဲတမ်းတည်းဖြတ်နေသောစွယ်စုံကျမ်းတစ်ခုဖြစ်သည့် ဝစ်ကီပီးဒီးယားကို ဖန်တီးရန် ကိရိယာများပေးခဲ့ပုံကို ပြန်ပြောင်းသတိရပြောပြထားသည်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 19:45
![]() |
sann tint edited Burmese subtitles for The birth of Wikipedia | |
![]() |
Myo Aung edited Burmese subtitles for The birth of Wikipedia | |
![]() |
TED edited Burmese subtitles for The birth of Wikipedia | |
![]() |
TED edited Burmese subtitles for The birth of Wikipedia | |
![]() |
TED edited Burmese subtitles for The birth of Wikipedia | |
![]() |
Myo Aung approved Burmese subtitles for The birth of Wikipedia | |
![]() |
Myo Aung commented on Burmese subtitles for The birth of Wikipedia | |
![]() |
Myo Aung edited Burmese subtitles for The birth of Wikipedia |
sann tint
excellent translation on sort of informative talk @ I just did spaceing between phrases so that the viewer could meake sense the context a little more convenient way and some very minor adjustmens !
Myo Aung
Done!