အသက် ဘယ်လောက်ပဲ ဖြစ်ဖြစ် ထက်သန်ပြင်းပြစွာ နေထိုင်နည်း
-
0:01 - 0:03ကလေးတို့ရေ
-
0:03 - 0:04(ရယ်သံများ)
-
0:04 - 0:07ကျွန်မက ၇၁ နှစ်ပါ။
-
0:07 - 0:09(လက်ခုပ်သံများ)
-
0:09 - 0:12ကျွန်မ ခင်ပွန်းက ၇၆ နှစ်။
-
0:12 - 0:15မိဘတွေကတော့ ၉၀ နှောင်းပိုင်း
-
0:15 - 0:18ခွေးကလေး Olivia က ၁၆ နှစ်။
-
0:18 - 0:20ဒီတော့ ဇရာအကြောင်းကို ပြောကြရအောင်ကွယ်။
-
0:20 - 0:22မှန်ကြည့်တဲ့အခါ အတွန့်ကြောင်းတွေမြင်ရလို့၊
-
0:22 - 0:24ကျွန်မရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ
-
0:24 - 0:27တွဲကျနေလို့ အဲဒါတွေကို လိုက်ရှာရင် တွေ့မှာ မဟုတ်တာကို
သဘောပေါက်လာရလို့ -
0:27 - 0:30စိတ်ထံ ခံစားရတာတွေကို ပြောပါရစေ။
-
0:30 - 0:31(ရယ်သံများ)
-
0:31 - 0:34Mary Oliver ကသူမရဲ့ကဗျာ
တစ်ပုဒ်ထဲမှာဆိုထားတာက -
0:34 - 0:38"ပြောပါဦး၊ မင်းရဲ့အရိုင်းဆန်ပြီး တန်ဖိုးရှိလှတဲ့ဘဝကို
-
0:38 - 0:42ဘယ်လိုများ လုပ်ဖို့ စီစဉ်ထားလဲဆိုတာ"
-
0:42 - 0:46ကျွန်မကတော့ စတ်ဓာတ် ထက်ထက်သန်သန်နဲ့
နေထိုင်ဖို့ ရည်ရွယ်ထားတယ်လေ။ -
0:46 - 0:48အိုမင်းခြင်းဟာ ဘယ်အချိန်မှာ စလဲ။
-
0:48 - 0:50လူ့အဖွဲ့အစည်းက ဆုံးဖြတ်တာက
ကျွန်မတို့အိုမင်းတာက -
0:50 - 0:54ထုံစံအရတော့ ၆၅ နှစ်လောက်၊ သက်ကြီးရွယ်အိုဆေးဝါး
အကူအညီရရှိတဲ့အခါပေါ့။ -
0:54 - 0:57ဒါပေမဲ့ တကယ်က မွေးစမှာပဲ စပြီးအိုမင်းလာတာပါ
-
0:57 - 0:59ကျွန်မတို့ဟာ အခုကို အိုမင်းနေကြပြီး၊
-
0:59 - 1:02ဒါကို အတွေ့ကြုံခံစားပုံက အမျိုးမျိုးပါ။
-
1:02 - 1:06ကျွန်မတို့အားလုံးဟာ တကယ့်အသက်ထက်
ပိုပြီးနုပျိုကြပါတယ်။ -
1:06 - 1:08ဘာလို့လဲဆိုတော့ စိတ်ဓာတ်က အိုတယ်လို့မှမရှိတာ။
-
1:08 - 1:11ကျွန်မ ၁ရ နှစ်ပဲရှိသေးတယ်။
-
1:11 - 1:15Sophia Loren ပါ။ သူမကိုကြည့်လိုက်ပါ။
-
1:15 - 1:18သူပြောတာက သင်ဘာပဲမြင်မြင်၊
-
1:18 - 1:20သူကတော့ spaghetti ကိုပဲ အရင်းခံတယ်တဲ့။
-
1:20 - 1:22ကျွန်မ စမ်းကြည့်လိုက်တာ မဟုတ်တဲ့နေရာတွေမှာ
-
1:22 - 1:25၁၀ ပေါင်တိုးလာတာပဲ။
-
1:25 - 1:30သဘောထားအနေနဲ့ကျတော့၊ အိုမင်းခြင်းဟာ
သဘောထားနဲ့ ကျန်းမာရေးလည်းဖြစ်တယ် -
1:30 - 1:33ဒီအိုမင်းခြင်း ခရီးရှည်မှာ ကျွန်မရဲ့ ဂုရုစစ်စစ်က
-
1:33 - 1:35Olga Murray ပါ။
-
1:35 - 1:38ဒကယ်လီဖိုးနီးယားက ဒီမိန်းကလေးက
အသက် ၆၀ အရွယ်မှာ -
1:38 - 1:41အိမ်စေအကျဉ်းသား မိန်းကလေးတွေကို ကယ်ဖို့
-
1:41 - 1:44နီပေါမှာ အလုပ် စလုပ်ကိုင်လာခဲ့တယ်။
-
1:44 - 1:48အသက် ၈၈ မှာ မိန်းကလေး ၁၂၀၀၀ ကို ကယ်နိုင်ခဲ့ပြီ။
-
1:48 - 1:50နိုင်ငံထဲက ယဉ်ကျေးမှုကို ပြောင်းလဲလိုက်ပြီလေ။
-
1:50 - 1:51(လက်ခုပ်သံများ)
-
1:51 - 1:55အခု သမီးငယ်တွေကို အခိုင်းစေအဖြစ် ရောင်းစားတဲ့
-
1:55 - 1:58ဖခင်တွေဟာ တရားမဝင်တော့ဘူး။
-
1:58 - 2:01သူက မိဘမဲ့ရိပ်သာနဲ့
-
2:01 - 2:03အဟာရဆိုင်ရာ ဆေးခန်းတွေကိုလည်း
ထူထောင်ထားသေးတယ်။ -
2:03 - 2:04သူဟာ အမြဲပျော်ရွှင်နေပြီး
-
2:04 - 2:08ထာဝရ နုပျိုနေတာပေါ့။
-
2:08 - 2:12လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ကျွန်မ
ဘာတွေဆုံရှုံးသွားပြီလဲ။ -
2:12 - 2:14လူတွေ၊ ဟုတ်တာပေါ့၊
-
2:14 - 2:18နေရာတွေ ပြီးတော့ နုပျိုမှုရဲ့
အကန့်သတ်မဲ့စွမ်းအင်ပေါ့ -
2:18 - 2:20လွတ်လပ်မှု စပြီးဆုံးရှုံးနေခြင်းက
-
2:20 - 2:22ကျွန်မကို ခြောက်လှန့်တော့တာပေါ့။
-
2:22 - 2:26Ram Dass ပြောတာက မှီခိုမှုဟာ နာကျင်ပေမဲ့
-
2:26 - 2:29ဒါကို လက်ခံလိုက်ရင် ဝေဒနာခံစားမှု
ပိုနည်းပါတယ်တဲ့။ -
2:29 - 2:31ဆိုးဝါးတဲ့ လေဖြတ်ပြီးတဲ့နောက်
-
2:31 - 2:35သူ့ရဲ့ ထာဝရစိတ်ရင်းက
ကိုယ်ခန္ဓာထဲက အပြောင်းအလဲတွေကို -
2:35 - 2:37သိမ်မွေ့ခြင်းနဲ့ စောင့်ကြည့်ပြီး၊
-
2:37 - 2:41သူကို ကူညီသူတွေကိုကျေးဇူး တင်တယ်။
-
2:41 - 2:44ဘာတွေ ကျွန်မရရှိထားလဲ။
-
2:44 - 2:48လွတ်လပ်မှု၊ နောက်ထပ်ဘာကိုမှ သက်သေပြစရာ
မလိုတော့ဘူးလေ။ -
2:48 - 2:51ငါဘယ်သူဖြစ်ခဲ့တယ်၊ ဘာဖြစ်ချင်တယ်၊
-
2:51 - 2:52တခြားလူတွေကငါ့ကိုဘာဖြစ်ဖို့
မျှော်လင့်တယ်ဆိုတဲ့ -
2:52 - 2:56အတွေးထဲမှာ နစ်မနေဘူးလေ။
-
2:56 - 3:00ယောက်ျားတွေ နှစ်သက်အောင်လည်း
လုပ်စရာမလိုတော့ဘူး၊ -
3:00 - 3:03တိရိစ္ဆာန်တွေပဲရှိတော့တာပေါ့။
-
3:03 - 3:06ကိုယ့်အတ္တစိတ်ကို ခေါက်ထားပြီး
-
3:06 - 3:09ရှိနေသေးတာကိုပဲ အရသာခံဖို့ပြော ပြောနေမိတယ်။
-
3:09 - 3:11ခန္ဓာကိုယ်က ပြိုလဲလာပေမဲ့
-
3:11 - 3:14ဦးနှောက်ကတော့ အဲ့လိုမဟုတ်သေးပါဘူး။
-
3:14 - 3:16ကျွန်မဦးနှောက်ကို မြတ်နိုးတယ်
-
3:16 - 3:19ပိုပြီးပေါ့ပါးလာတယ်လို့ ခံစားရတယ်
-
3:19 - 3:24အာဃာတတို့၊ ရည်မှန်းချက်တို့၊ ပလွှားမှုတို့၊
-
3:24 - 3:26ဒုက္ခခံရကျိုး မနပ်တဲ့ ဘယ်ငရဲကျမယ့်
-
3:26 - 3:28အပြစ်ကြီးတွေကိုမှ ဆောင်မထားဘူး
-
3:28 - 3:30လွှတ်ချလိုက်ရတာ အရမ်းကောင်းလိုက်တာ။
-
3:30 - 3:32ဒီထက်စောစောက စခဲ့သင့်တာလေ။
-
3:32 - 3:35ပိုပြီးသိမ်မွေ့လာတယ်လို့လည်း ခံစားရသေးတယ်၊
-
3:35 - 3:39အားနွဲ့သူဖြစ်ရတာကို လန့်မနေတော့တဲ့ အတွက်လေ။
-
3:39 - 3:43ဒါကိုပျော့ကွက်တစ်ခုလို့ မမြင်တော့ဘူး။
-
3:43 - 3:45ပြီးတော့ ယုံကြည်သက်ဝင်မှုကို
လည်းရလိုက်ပါပြီ -
3:45 - 3:47အရင်က မရဏတရားက
-
3:47 - 3:49အနီးနားမှာဆိုတာကို သတိမူမိပါတယ်။
-
3:49 - 3:55အခု ဘေးချင်းကပ် ဒါမှမဟုတ်
ကျွန်မအိမ်ထဲမှာပေါ့။ -
3:55 - 3:57သတိရှိရှိနေထိုင်ပြီး
-
3:57 - 3:59ပစ္စုပ္ပန်ကာလထဲမှာပဲ ရှိနေဖို့ကြိုးစားပါတယ်။
-
3:59 - 4:01စကားမစပ် Dalai Lama ဆိုတာက
-
4:01 - 4:03ကျက်သရေရှိရှိ အိုမင်းလာတဲ့သူပါ။
-
4:03 - 4:06ဒါပေမဲ့ ဘယ်သူ သတ်သက်လွတ်စားပြီး၊
အိမ်ထောင်မပြုပဲနေချင်ကြလဲ။ -
4:06 - 4:09(ရယ်သံများ)
-
4:13 - 4:15တရားထိုင်ခြင်းက ကူပါတယ်။
-
4:15 - 4:19။ (ဗွီဒီယို) ကလေး။ ဥုံ၊ ဥုံ၊ ဥုံ။
-
4:19 - 4:21Isabel Allende: ဥုံ၊ ဥုံ။ ဒါပါပဲ၊
-
4:21 - 4:23စောစောစရင် ကောင်းတာပေါ့။
-
4:23 - 4:27သိတဲ့အတိုင်း၊ ကျွန်မလို အလကား
မိန်းမ တစ်ယောက်အတွက်တော့ -
4:27 - 4:30ဒီယဉ်ကျေးမှုထဲမှာ အိုမင်းဖို့ဟာ
တော်တော်ခက်ပါတယ်။ -
4:30 - 4:35အတွင်းမှာ နေလို့ကောင်း၊ နှစ်လိုဖွယ်ကောင်း၊
စွဲမက်စရာ၊ ညှို့ဓာတ်ရှိသူလို ခံစားမိတယ်။ -
4:35 - 4:38ဒါကို တခြားဘယ်သူမှ မသိကြဘူး။
(ရယ်သံများ) -
4:38 - 4:40ကျွန်မကို မြင်မရနိုင်ဘူး။
-
4:40 - 4:42လူတွေရဲ့ဂရုစိုက်မှုကို လိုချင်တယ်၊
-
4:42 - 4:45မမြင်မိကြမှာကို ရွံ့မုန်းတယ်။
-
4:45 - 4:47(ရယ်သံများ) (လက်ခုပ်သံများ)
-
4:47 - 4:49ဒါကတော့ Grace Dammann ရဲ့ အဆိုပါ။
-
4:49 - 4:51သူမဟာ ကြောက်မက်ဖွယ်
ယဉ်မတော်တဆ ဖြစ်မှုနောက်မှာ -
4:51 - 4:54တွန်းလှည်းနဲ့ ထိုင်နေရတာ ၆နှစ် ရှိပါပြီ။
-
4:54 - 4:58သူပြောတာက ရေနွေးပူပူဖြင့် ရေချိုးရတာလောက်
-
4:58 - 4:59ဇိမ်ကျတာ ဘာမှမရှိဘူးတဲ့၊
-
4:59 - 5:01ရေစက်တိုင်းဟာ
-
5:01 - 5:04အာရုံတိုင်းကို ကောင်းချီးပေးတာတဲ့။
-
5:04 - 5:07သူ့ကိုယ်သူ ဒုက္ခိတ တစ်ယောက်လို့မမြင်ဘူး။
-
5:07 - 5:11သူ့စိတ်ထဲမှာတော့ သမုဒ္ဒရာထဲမှာ
လှိုင်းစီးနေတုန်းပဲ။ -
5:11 - 5:15Ethel Seiderman ဆိုရင်
ကျွန်မတို့ ကယ်လီဖိုးနီးယားက -
5:15 - 5:18မြတ်နိုးခံရသူ တက်ကြွစွာ
လှုပ်ရှားနေသူတစ်ယောက်ပါ။ -
5:18 - 5:22အနီရောင် အထူးဒီဇိုင်း ဖိနပ်ကိုစီးထားကာ
-
5:22 - 5:24သူမရဲ့ဂါထာကတော့ ပုဝါတစ်ထည်က ကောင်းနေပေမယ့်
-
5:24 - 5:26နှစ်ထည် ဆိုရင် ပိုကောင်းတာပေါ့တဲ့။
-
5:26 - 5:29မုဆိုးမဖြစ်တာ ၉နှစ် ရှိပါပြီ။
-
5:29 - 5:31ဒါပေမဲ့ နောက်အဖော်ကို ရှာမနေပါဘူး။
-
5:31 - 5:34သူပြောတာက သံဝါသပြုနိုင်တဲ့ နည်းတွေက
-
5:34 - 5:36အကန့်အသတ်တစ်ခုအနေနဲ့ပဲရှိတာပါတဲ့။
-
5:36 - 5:38အင်း နောက်တစ်နည်းနဲ့ သူပြောတာက
-
5:38 - 5:40နည်းအားလုံးကို သူစမ်းပြီးပြီတဲ့။
-
5:40 - 5:43(ရယ်သံများ)
-
5:43 - 5:44ကျွန်မကတော့
-
5:44 - 5:48Antonio Banderas နဲ့
ကာမဂုဏ် စိတ်ကူးတွေရှိတုန်းပဲ။ -
5:48 - 5:49(ရယ်သံများ)
-
5:49 - 5:54သနားစရာ ကျွန်မ အမျိုးသားကတော့
ဒါကိုသည်းခံဖို့လိုတာပေါ့ -
5:54 - 5:56ဒီတော့ ဘယ်လိုလုပ်ပြီး ထက်သန်တဲ့စိတ် ဘယ်ရှိနေနိုင်တာလဲ။
-
5:56 - 6:00ကျွန်မ အသက် ၇၁ နှစ်မှာ ထက်သန်စရာ
စိတ်ဆန္ဒ မရှိနိုင်ဘူးလေ။ -
6:00 - 6:02ကာလတစ်ခုကြာ လေ့ကျင့်နေခဲ့ပြီး
-
6:02 - 6:06ထိုင်းမှိုင်း၊ ငြီးငွေ့လာရင် ဟန်ဆောင်လိုက်တာပေါ့။
-
6:06 - 6:08သဘောထား၊ သဘောထားပါပဲ။
-
6:08 - 6:11ဘယ်လိုလေ့ကျင့်လဲ။ ဘာကိုပဲကြုံတွေ့တွေ့၊
-
6:11 - 6:13အင်းလို့ပြောရင်း လေ့ကျင့်တာပေါ့။
-
6:13 - 6:16အလွမ်းဇာတ်၊ ဟာသ၊ အဆွေးဇာတ်၊
-
6:16 - 6:19အချစ်၊ မရဏ၊ ဆုံးရှုံးမှု စတာတွေပေါ့။
-
6:19 - 6:21ဘဝကို လက်ခံလိုက်ခြင်းပါ။
-
6:21 - 6:24ပြီးတော့ ချစ်ခင်နေတုန်းပဲဆိုပြီး
ကြိုးစားလေ့ကျင့်တယ်။ -
6:24 - 6:26ဒါကအမြဲတမ်းတော့ အလုပ်မဖြစ်ပါဘူး။
-
6:26 - 6:27ဒီလိုကြိုစားခြင်းအတွက်
-
6:27 - 6:29ကျွန်မကိုအပြစ်တင်လို့ မရဘူးလေ။
-
6:29 - 6:31နောက်ပြီး နောက်ဆုံးမှတ်ချက်တစ်ခုက
-
6:31 - 6:35အငြိမ်းစားယူတာကို
စပိန်ဘာသာက jubilación တဲ့။ -
6:35 - 6:38ဂုဏ်ယူဝင့်ကြွားခြင်းပေါ့။ အောင်ပွဲခံခြင်းလေ
-
6:38 - 6:39ကျွန်မတို့ပေးစရာတွေ ပေးပြီးပြီလေ။
-
6:39 - 6:41လူ့အဖွဲ့အစည်းကို ပေးဆပ်ပြီးပါပြီ။
-
6:41 - 6:45အခုကျွန်မတို့အချိန်ပါ၊
သိပ်ကောင်းတဲ့ ကာလတစ်ခုပါ။ -
6:45 - 6:48နေမကောင်းတာ ဒါမှမဟုတ်
ဆင်းရဲတာ မဟုတ်ရင် -
6:48 - 6:49သင့်မှာ ရွေးချယ်စရာတွေ ရှိပါတယ်။
-
6:49 - 6:52ကျွန်မကတော့ စိတ်ဓာတ် ထက်သန်စွာနေဖို့
ရွေးချယ်ထားတယ်၊ -
6:52 - 6:54ပွင့်လင်းတဲ့နှလုံးသားနဲ့ ထိတွေ့ပြီးတော့ပါ။
-
6:54 - 6:57ဒီအပေါ်မှာ နေ့တိုင်းလုပ်နေပါတယ်။
-
6:57 - 7:01ကျွန်မနဲ့အတူ ပါဝင်ချင်လား။
-
7:01 - 7:02ကျေးဇူးတင်ပါတယ်။
-
7:02 - 7:08(လက်ခုပ်သံများ)
-
7:08 - 7:11June Cohen၊ ဒီတော့ Isabel IA၊ ကျေးဇူးတင်ပါတယ်ရှင်။
-
7:11 - 7:14JC၊ ပထမဆုံးက TED အဖွဲ့အတွက်
-
7:14 - 7:17ပြောဆိုဖို့တစ်ခါမှ မှတ်ယူမထားချင်ပေမယ့် ကျွန်မ
ရှင့်ကိုပြောချင်တာက -
7:17 - 7:19ရှင်ဟာ နှစ်လိုဖွယ်ကောင်းတုန်း ညှို့ဓာတ်ရှိတုန်း၊
ရမ္မက်ဆန်တုန်းပဲ -
7:19 - 7:21ကျွန်မတို့အားလုံး သဘောတူတယ်လို့
-
7:21 - 7:23ကျွန်မခံစားမိတာပါ။ ဟူတ်တယ်နော်။
-
7:23 - 7:26IA၊ ဩော်၊ ကျေးဇူးတင်ပါတယ်ရှင်။
(လက်ခုပ်သံများ) -
7:26 - 7:27JC၊ လက်တွေကို ချလိုက်ပါ။
IA၊ မဟုတ်ပါဘူး၊ ဒါက မိတ်ကပ်ပါ။ -
7:28 - 7:30JC ရှင့်ရဲ့ ကာမဂုဏ်စိတ်ကူးတွေဆိုင်ရာ
နောက်မေးခွန်းကို မေးမယ်ဆိုရင်ကော -
7:30 - 7:32IA၊အိုး ရပါတယ်၊ ဘာများပါလိမ့်။
-
7:32 - 7:34(ရယ်သံများ)
-
7:34 - 7:35JC၊ ကာမဂုဏ်စိတ်ကူးတွေအကြောင်းပါ။
IA၊ Antonio Banderas နဲ့ပေါ့။ -
7:35 - 7:38JC၊ ရှင့်မှာ ဒိထက်ပိုပြီးမျှဝေချင်တာများ
ရှိနေမလားလို့ပါ။ -
7:38 - 7:41IA၊ ကောင်းပြီ၊ အဲဒီထဲကတစ်ခုတော့ ဒါပါ။(ရယ်သံများ)
-
7:41 - 7:46အဲဒီထဲကတစ်ခုတော့
-
7:46 - 7:48မက်ဆီကိုချပါတီပေါ်မှာ Antonio Banderas ရဲ့
-
7:48 - 7:51ဝတ်လစ်စလစ်ပုံကို တင်ထားလိုက်တယ်။
-
7:51 - 7:55နယ်ထားတဲ့ ထောပတ်သီးအနှစ်နဲ့ဆော့ကို
သူ့အပေါ်မှာဆမ်းလိုက်တယ်။ -
7:55 - 7:58သူ့ကိုလိပ်ပြီး စားလိုက်တာပေါ့။ (ရယ်သံများ)
-
7:58 - 8:00ကျေးဇူးတင်ပါတယ်။
-
8:00 - 8:03(လက်ခုပ်သံများ)
- Title:
- အသက် ဘယ်လောက်ပဲ ဖြစ်ဖြစ် ထက်သန်ပြင်းပြစွာ နေထိုင်နည်း
- Speaker:
- Isabel Allende
- Description:
-
စာရေးဆရာမ Isabel Allende ဟာ အသက်(ရ၁)နှစ်ရှိပါပြီ။ အရေးအကြောင်း အနည်းငယ် ရှိပေမည့်လည်း သူမမှာ မယုံနိုင်လောက်တဲ့ အနာဂတ်အမြင်လည်းရှိပါသေးတယ်။အရွယ်မျိုးစုံကို ရည်ရွယ်တဲ့ ဒီပွင့်လင်းတဲ့ ဟောပြောချက်ထဲမှာ အသက်အရွယ်ရလာတာနဲ့အမျှ သူမရဲ့ ကြောက်ရွံ့မှုတွေ အကြောင်းကို ပြောပြထားပြီး၊ စိတ်ဓာတ် ထက်ထက်သန်သန်နဲ့ ဆက်လက် နေထိုင်ဖို့ သူမရဲ့ အစီအစဉ်တွေကို မျှဝေထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 08:16
![]() |
Myo Aung approved Burmese subtitles for How to live passionately—no matter your age | |
![]() |
Myo Aung edited Burmese subtitles for How to live passionately—no matter your age | |
![]() |
Myo Aung edited Burmese subtitles for How to live passionately—no matter your age | |
![]() |
Myo Aung edited Burmese subtitles for How to live passionately—no matter your age | |
![]() |
Myo Aung edited Burmese subtitles for How to live passionately—no matter your age | |
![]() |
Myo Aung edited Burmese subtitles for How to live passionately—no matter your age | |
![]() |
Myo Aung accepted Burmese subtitles for How to live passionately—no matter your age | |
![]() |
sann tint edited Burmese subtitles for How to live passionately—no matter your age |