-
ဒီဗီဒီယိုမှာ အပိုင်းကိန်းရဲ့ သဘောသဘာဝအကြောင်းပြောမယ်
-
အပိုင်းကိန်းဂဏန်းကို များစွာနည်းလမ်းတွေဖြင့် စဉ်းစားလို့ရသည်..
-
ဒါပေမဲ့ ကျွန်တော်တို့ အခြေခံကျဆုံးနည်းကို စဉ်းစားရအောင်
-
ဒီမှာ စတုရန်း တစ်ခုရှိသည်..
-
ဒါက တစ်ခုလုံးလို့ တွေးတောနိုင်သည်..
-
ကဲ ဒီလို ရေးမယ်..
-
ဒါက စတုရန်း တစ်ခုလုံး
-
ကျွန်တော်တို့ လေးခုဖြစ်အောင် ညီညီစိတ်ပိုင်းလိုက်..
-
အလယ်ကို ဖြတ်လိုက်တော့
-
ညီမျှသော နှစ်ခုရသည်
-
နောက်ထပ်ဖြတ်လိုက်ရင် လေးပိုင်းထွက်လာသည်..
-
ညီမျှသော လေးပိုင်း
-
ကျွန်တော် ဒီညီမျှသော လေးပိုင်းမှ
-
ကျွန်တော် တစ်ပိုင်းကို ရွေးချယ်လိုက်မယ်..
-
ဒီတစ်ခုကို ရွေးချယ်
-
မေးခွန်းကတော့ တစ်ခုလုံးထံမှ ဒီအပိုင်းသေးကို ရှာချင်တယ်..
-
အနီရောင် ခြယ်ထားသော အပိုင်း
-
ညီမျှသော လေးပိုင်းထဲမှ တစ်ပိုင်းပါ
-
တစ်၊ နှစ်၊ သုံး၊ လေး ညီမျှသည့်အပိုင်းမှ တစ်ပိုင်းကို ခြယ်ထားတာပါ..
-
ကျွန်တော်တို့ အပိုင်းဂဏန်းလို ရေးနိုင်ပြီး၊ တစ်ခုလံးရဲ့ (1/4)
-
နည်း နှစ်မျိုုးလို့ စဉ်းစားလို့ရပါတယ်
-
ညီမျှသော အပိုင်းလေးပိုင်းထဲမှ တစ်ပိုင်း
-
(သို့) တစ်ခုလုံးကို လေးနှင့်စားသည်..
-
ဒီလောက် တိကျစွာ ရသည်..
-
နောက်တစ်ခုလုပ်ရအောင်
-
ဒီ (1/8)ကို ဘယ်လိုကိုယ်စားပြုရမလဲ။
-
(1/8)
-
ဒီတစ်ခုလုံးကိုခွဲ၊ ဒါကတော့ ထောင့်မှန်လေးထောင့်
-
တစ်ခုလုံးကို ညီမျှသော ရှစ်ပိုင်းခွဲ
-
ညီမျှသော ရှစ်ပိုင်းရအောင် ဒီမှာခွဲ
-
ပြီးတော့ ညီမျှသော အပိုင်းလေးပိုင်းရအောင် ထက်ပြီး နှစ်ပိုင်းထပ်ခွဲ
-
ပြီးတော့ ဒီအပိုင်းကို နှစ်ခါထပ်ခွဲလျှင် ညီမျှသော ရှစ်ပိုင်းရသည်..
-
လက်နှင့်ခွဲတော့ မတိကျဘူး...
-
ဒါပေမဲ့ ပုံပေါက်အောင်ဆွဲတာပါ..
-
ညီမျှသော ရှစ်ပိုင်းရှိပြီ၊ ကျွန်တောတစ်ခုလုံးကို ရွေးမယ်.
-
ဒါကတော့ (1/8) ကျွန်တော် မည်သည့် တစ်ခုကို ရွေးနိုင်သည်
-
ဒီတစ်ခုကိုရွေး၊ ပထမဆုံးဖြစ်သောတစ်ခုကို ရွေးဖို့မလိုဘူး..
-
ဒီအနီရောင်ခြယ်ထားသော အပိုင်းကတော့ တစ်ခုလုံးရဲ့ (1/8) ဖြစ်ပါတယ်..
-
ကြို ပြီး ခြယ်ထားသော နမူနာတွေ ကြည့်ရအောင်
-
ဒီ ဗီဒီယိုကို ခဏရပ်လိုက်ပြီး စာရွက် (သို့) ခေါင်းထဲမှာဖြေပါ.
-
တစ်ခုလုံးက ခရမ်းရောင်ဆိုလျှင် ဒီအနီပိုင်းက ဘာလဲ။
-
တစ်ခုလုံးက အပြာရောင်ဖြစ်လျှင် ဒီအနီပိုင်းက ဘာလဲ။
-
အဝါရောင် တြိဂံက တစ်ခုလုံးဖြစ်လျှင် ဒီအနီပိုင်းက ဘာလဲ။
-
ဒီဗီဒီယိုကို ခဏရပ်လိုက်ပါ.
-
တစ်ခုဆီ ကြည့်ရအောင်
-
ဒီထောင့်မှန်လေးထောင့်မှာ ညီမျှသော သုံးပိုင်းရှိသည်..
-
တစ်ခုကို ခြယ်ထားသည်..
-
အနီရောင် ထောင့်မှန်လေးထောင့်က တစ်ခုလုံးရဲ့ (1/3)
-
ဒီစက်ဝိုင်းကို
-
၁၊ ၂၊ ၃၊ ၄၊ ၅ ညီမျှသော အပိုင်းရှိသည်..
-
ညီမျှသော ၅ ပိုင်း၊ တစ်ပိုင်းကို အရောင်ခြယ်ထားသည်..
-
သေးငယ်သည့် အပိုင်းကတော့ (1/5) ရဲ့ တစ်ခုလုံး
-
ဒီတစ်ခုက စိတ်ဝင်စားဖွယ်ကောင်းသည်.. ပြောချင်တာကတော့
-
အပိုင်းလေးပိုင်းရှိသည်.. တစ်ခုကိုခြယ်ထားသည်။ (1/4)ဖြစ်နိုင်သည်
-
ဒါပေမဲ့ မှတ်မိရမှာက လေးပိုင်းလုံး ညီရပါမည်..
-
ဒီအပိုင်းနှင့် ဒီအပိုင်းက မတူဘူး...
-
ဒီ လေးပိုင်းလုံး မညီဘူး..
-
တြိဂံရဲ့ (1/4) လို့မပြောနိုင်ဘူး..
-
ပြောလို့မရပါဘူး..