Alexandria စာကြည့်တိုက်
-
0:07 - 0:09လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ ခန့်က
-
0:09 - 0:12Alexandria နယ် ရဲ့ အုပ်ချုပ်သူများက
-
0:12 - 0:14လူသားလိုအပ်ချက်တခုကို ဖြည့်ဖို့
ကြိုးစားခဲ့ကြပါတယ် -
0:14 - 0:19ကမ္ဘာပေါ်က အသိပညာအားလုံးကို တစ်နေရာထဲ
စုစည်းဖို့ပါ။ -
0:19 - 0:20အဓိကအားဖြင့်
-
0:20 - 0:24Alexandria စာကြည့်တိုက်အနေနဲ့
ပုရပိုက်ပေါင်းများစွာ သိမ်းဆည်းခဲ့ပြီး -
0:24 - 0:27ဂရိခေတ်ရဲ့ ဉာဏ်ကြီးရှင်တွေကို
ဆွဲဆောင်ခဲ့ပါတယ် -
0:27 - 0:32ဒါပေမဲ့ ၅ ရာစု အကုန်မှာ
စာကြည့်တိုက်ကြီးတခုလုံး ဖျက်စီးခံခဲ့ရတယ်။ -
0:32 - 0:35အများစု က မီးလောင်တိုက်သွင်းခံခဲ့ရတယ်လို့
ယုံကြည်ခဲ့ကြပါတယ်။ -
0:35 - 0:39စာကြည့်တိုက် တိုးတက်ချိန်၊ကျဆုံးချိန် ရဲ့
အမှန်တရားက ရှုပ်ထွေးလှပါတယ်။ -
0:39 - 0:43စာကြည့်တိုက် ဆိုတဲ့ အကြံဉာဏ်က
အလက်ဇန်းဒါးဘုရင် ဆီက ဖြစ်လာခဲ့တာပါ။ -
0:43 - 0:45သူ့ကိုယ်သူ အုပ်ချုပ်သူ အဖြစ်
ကြေညာအပြီးမှာ -
0:45 - 0:48Aristotle ရဲ့ တပည့်ရင်းဖြစ်သူ ဘုရင်ဟာ
-
0:48 - 0:53သူ့နယ် မှာ ပညာရပ်ဝန်းတခုကို တည်ဆောက်ဖို့
အာရုံစိုက်ခဲ့တယ် -
0:53 - 0:55တည်ဆောက်မှု မစတင်ခင်မှာ
သူ သေဆုံးသွားခဲ့ပေမဲ့ -
0:55 - 0:57သူ့နောက် ဆက်ခံသူ
Ptolemy ဘုရင် ၁ က -
0:57 - 1:01ပြတိုက်နဲ့ စာကြည့်တိုက်အတွက်
အလက်ဇန်းဒါးရဲ့ အစီအစဉ်ကို ဆက်လုပ်ခဲ့တယ်။ -
1:01 - 1:04မြို့တော်ရဲ့ အချက်အချာနေရာမှာ
တည်ရှိတဲ့ -
1:04 - 1:05Ptolemy စာကြည့်တိုက် ကို
-
1:05 - 1:08ကြီးမားတဲ့ Hellenistic လက်ရာ
ကျောက်တိုင်တွေ -
1:08 - 1:10ခေတ်ဟောင်း အီဂျစ်ရိုးရာ လွှမ်းမိုးမှုတွေ
-
1:10 - 1:15ဒီပေါင်းစပ်မှုတွေကြောင့်
ဗိသုကာလက်ရာ က သြဇာကြီးမားခဲ့တယ်။ -
1:15 - 1:20၎င်းမှာ ဟောပြောခန်းမကြီးတွေ၊ စာသင်ခန်းတွေ
နဲ့အတူ စာအုပ်စင်ကြီးတွေ ပါဝင်ပါတယ်။ -
1:20 - 1:22အဆောက်အဦး တည်ဆောက်ပြီးပြီးချင်းမှာ
-
1:22 - 1:26Ptolemy ဘုရင် ၁ ဟာ ရှေးဟောင်းဂရိ နဲ့
အီဂျစ်ရှေးစာလိပ်တွေကို စတင်စုဆောင်းခဲ့တယ် -
1:26 - 1:31ဘုရင့်ထောက်ပံ့မှုစရိတ်နဲ့ ပညာတော်သင်တွေကို
Alexandria မှာ နေထိုင်ပညာသင်စေခဲ့တယ်။ -
1:31 - 1:34သူတို့ရဲ့ ကိုယ်ပိုင်စာပေတွေကြောင့်
စာကြည်တိုက် က ဖွံ့ဖြိုးလာပါတယ်၊ -
1:34 - 1:40ဒါပေမဲ့ အုပ်ချုပ်သူတွေအနေနဲ့ တစ်ကမ္ဘာလုံးက
စာအုပ်တိုင်းရဲ့မိတ္တူတွေ လိုချင်နေတုန်းပါ။ -
1:40 - 1:44ကံကောင်းစွာနဲ့ Alexandria မြို့မှာ
မြေထဲပင်လယ် ဆိပ်ကမ်း ရှိခဲ့တယ်။ -
1:44 - 1:49Ptolemy ဘုရင် ၃ လက်ထက်မှာ
အဲဒီဆိပ်ကမ်းကပ် သင်္ဘောတွေအတွက် -
1:49 - 1:52မိတ္တူကူးဖို့စာအုပ်တွေယူခဲ့ရမယ့်
မူဝါဒကို ထုတ်ခဲ့တယ်။ -
1:52 - 1:55စာကြည့်တိုက်က စာတွေကို
မိတ္တူပွားပြီးးတဲ့အခါ -
1:55 - 1:59မူရင်းတွေကို သိမ်းထားပြီး မိတ္တူတွေကို
သင်္ဘောတွေဆီ ပြန်ပေးခဲ့တယ် -
1:59 - 2:02ကြေးစားစာအုပ်မုဆိုးတွေကလဲ
မြေထဲပင်လယ် တလျှောက် -
2:02 - 2:04စာအုပ်စာပေ အသစ်တွေ ရှာဖွေခဲ့ကြပြီး
-
2:04 - 2:07Alexandria ရဲ့ အုပ်ချုပ်သူတွေက
ပြိုင်ဘက်တွေကို အလဲထိုးဖို့ -
2:07 - 2:12ပုရပိုက်ပြုလုပ်ရာမှာ အသုံးပြုတဲ့ အီဂျစ်
papyrus အချပ်များကို ရပ်တန့်ခဲ့ပါတယ် -
2:12 - 2:16ဒီတွန်းအားတွေကြောင့် စာအုပ်သန်းချီကို
Alexandria ဆီသို့ ယူဆောင်လာနိုင်ခဲ့တယ်။ -
2:16 - 2:18စာကြည့်တိုက် ဖွံ့ဖြိုးတာနှင့်မျှ
-
2:18 - 2:22သတင်းအချက်အလက်တွေကို အရင်ကထက်
ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်လာတယ်။ -
2:22 - 2:27ဒါပေမဲ့ အသေးစိတ်အကြောင်းအရာများကို
အတိအကျ အလွယ်တကူရှာဖွေဖို့ ခက်ခဲနေဆဲပါ။ -
2:27 - 2:32ကံကောင်းစွာနဲ့ Cyrene မှ Callimachus
ပညာတော်သင်တဦးက -
2:32 - 2:34ဇယားချပ်များ ဖန်တီး၍ ဖြေရှင်းရန်
ကြိုးစားခဲ့တယ်၊ -
2:34 - 2:37စာကြည့်တိုက်အချက်အလက်များပါဝင်သော
စာရင်းစာအုပ်တွဲပေါင်း ၁၂၀ သည် -
2:37 - 2:39ဖြေရှင်းနည်း၏ လမ်းစ ဖြစ်ခဲ့သည်
-
2:39 - 2:41စာရင်းဇယားများကိုအသုံးပြုပြီး
-
2:41 - 2:44စာကြည့်တိုက်၏ စုဆောင်းမှုများကို
မည်သူမဆို ရှာဖွေနိုင်လာသည်။ -
2:44 - 2:47သူတို့ အံ့သြဖွယ် ရှာဖွေမှုအသစ်များ
ပြုလုပ်နိုင်လာခဲ့သည်။ -
2:47 - 2:49Columbus ရွက်မလွှင့်ခင်
နှစ်ပေါင်း ၁၆၀၀ ခန့်က -
2:49 - 2:53Eratosthenes သည် ကမ္ဘာကြီး
လုံးဝန်းသည်ဟု မယုံကြည်ခဲ့ပါ၊ -
2:53 - 2:55သို့သော် ၎င်း၏အဝန်းနှင့်အချင်း ကို
-
2:55 - 2:58တကယ့်အရွယ်အစား၏ မိုင်အနည်းငယ်အထိ
တွက်ချက်ခဲ့သည်။ -
2:58 - 3:01Alexandria မှ Heron လို့နာမည်ကြီးသူက
ကမ္ဘာ့ပထမဆုံးရေနွေးငွေ့အင်ဂျင်ကို -
3:01 - 3:04စက်မှုတော်လှန်ရေးအတွင်း ကျမှ
ပြန်တီထွင်နိုင်ခဲ့ကြသည်ထက် -
3:04 - 3:07နှစ် ၁၀၀၀ ကျော် စောပြီး တီထွင်
ထုတ်လုပ်နိုင်ခဲ့တယ်။ -
3:07 - 3:14ဘီစီ ၂၈၃ မှတည်ထောင်ပြီး နှစ် ၃၀၀ အတွင်း
စာကြည့်တိုက် အရှိန်အဟုန်ဖွံ့ဖြိုးလာခဲ့သည်။ -
3:14 - 3:19သို့သော် ဘီစီ ၄၈တွင် Julius Caesar မှ
Alexandria နယ်ကို စီးနင်းသိမ်းပိုက်ပြီး -
3:19 - 3:22ဆိပ်ကမ်းရှိ သင်္ဘောများကို မီးရှို့ခဲ့သည်။
-
3:22 - 3:27နှစ်များစွာ ပညာတော်သင်များက စာကြည့်တိုက်
မြို့နှင့်အတူ မီးရှို့ခံခဲ့ရသည် ယုံခဲ့သည်။ -
3:27 - 3:30မီးသည် မြို့၏အရေးကြီးနေရာများကို
ဖျက်စီးသည်မှာ ဖြစ်နိုင်သော်လည်း -
3:30 - 3:32ရှေးဟောင်းစာများအရ ပညာတော်သင်များသည်
-
3:32 - 3:37တိုက်ခိုက်မှုအပြီး ရာစုနှစ်များစွာထိ
စာကြည်တိုက်တွင် ဆက်လေ့လာခဲ့သည်ဟု သိရသည်။ -
3:37 - 3:41အဆုံးတွင် စာကြည့်တိုက်သည်
ဂရိ မှ ရောမခေတ်အပြောင်းတွင် တဖြည်းဖြည်း -
3:41 - 3:42ပျောက်ကွယ်သွားခဲ့သည်။
-
3:42 - 3:43ထို့နောက် ခရစ်ယာန်
-
3:43 - 3:45နှင့် မူစလင်များ လက်ထဲတွင် ပျက်စီးခဲ့သည်။
-
3:45 - 3:48အုပ်ချုပ်သူအဆက်ဆက်သည် ၎င်းတည်ရှိမှုကို
ဂုဏ်ယူစရာ အရင်းအမြစ်တခုထက် -
3:48 - 3:51အနှောက်အယှက်အဖြစ်သာ မြင်ခဲ့ကြသည်
-
3:51 - 3:53ခရစ်နှင် ၄၁၅ တွင်
-
3:53 - 3:56ခရစ်ယာန်အုပ်ချုပ်သူများသည် Hypatia ဆိုသူ
သင်္ချာပညာရှင်တဦးကို -
3:56 - 4:00စာကြည့်တိုက်မှ ရှေးဟောင်းဂရိစာများလေ့လာမှု
ကြောင့် ဘာသာမဲ့အရိုင်းအစိုင်းအဖြစ် -
4:00 - 4:02သတ်မှတ်ကာ သေဒဏ်စီရင်ခဲ့သည်။
-
4:02 - 4:07Alexandria စာကြည့်တိုက်နှင့် ၎င်း၏
မရေတွက်နိုင်သောစာများ ပျောက်သွားသည့်အခါ -
4:07 - 4:10ကျွန်တော်တို့အနေနဲ့ အသိပညာများကို
ပြန်လည်စုဆောင်းရန် -
4:10 - 4:11ပိုင်ဆိုင်ရန် နှင့်
-
4:11 - 4:13ထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားကြရမည်။
-
4:13 - 4:15ယခုအခါ အချက်အလက်များကို
အလွယ်တကူ ရရှိနိုင်ပြီး -
4:15 - 4:17၎င်းကို ထိန်းသိမ်းနိုင်သည့် အဆင့်မြင့်
နည်းပညာရှိသော်လဲ -
4:17 - 4:19ကျွန်တော်တို့အနေဖြင့် ဒစ်ဂျစ်တယ်
-
4:19 - 4:22ပိုင်ဆိုင်မှုများကို Alexandria ၏
မှင်နှင့်စာရွက်လိပ်များကဲ့သို့ -
4:22 - 4:26မပျက်စီးပဲ ရေရှည်ကာကွယ်ရန်မှာ
မသေချာပေ။ -
4:26 - 4:29ဒါ့အပြင် ကျွန်တော်တို့၏ အသိပညာရေချိန်သည်
ရုပ်ဝတ္ထုအရ လုံခြုံနိုင်သော်လည်း -
4:29 - 4:33အတွင်းစိတ်အန္တရာယ်များကို ကာကွယ်ရဦးမည်။
-
4:33 - 4:35စာကြည့်တိုက်ကို တစ်စစီ
ဖြစ်စေသောအကြောင်းများ -
4:35 - 4:36ဖြစ်သော အသိပညာကိုကြောက်ခြင်း၊
-
4:36 - 4:40အတိတ်အကြောင်းများကို ခေတ်ကုန်နေပြီလို့
တစ်ဖက်စွန်းတွေးခြင်းများဖြစ်သည်။ -
4:40 - 4:44ကွာခြားချက်မှာ ဘယ်အရာကိုပြင်ဆင်ရမလဲဆိုတာ
ကျွန်တော်တို့ ယခု သိနေကြပါပြီ။
- Title:
- Alexandria စာကြည့်တိုက်
- Speaker:
- Elizabeth Cox
- Description:
-
အပြည့်အစုံ ကို - https://ed.ted.com/lessons/what-really-happened-to-the-library-of-alexandria-elizabeth-cox တွင် ရှုပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ ခန့်က Alexandria နယ် ရဲ့ အုပ်ချုပ်သူများက လူသားလိုအပ်ချက်တခုကို ဖြည့်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကမ္ဘာပေါ်က အသိပညာအားလုံးကို တနေရာထဲ စုစည်းဖို့ပါ။ အဓိက အားဖြင့် Alexandria စာကြည့်တိုက်အနေနဲ့ ပရပိုဏ်ပေါင်းများစွာ သိမ်းဆည်းခဲ့ပြီး ဂရိခေတ်ရဲ့ ဥာဏ်ကြီးရှင်တွေကို ဆွဲဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ၅ ရာစု အကုန်မှာ စာကြည့်တိုက်ကြီးတခုလုံး ဖျက်စီးခံခဲ့ရပါတယ်။ Elizabeth Cox က ဒီအဆောက်အအုံကြီး ရဲ့ တိုးတက်ချိန် ၊ ကျဆုံးချိန်များအကြောင်းကို အသေးစိတ် မှတ်တမ်းဖော်ပြထားတာပါ ။
Elizabeth Cox ၏ သင်ခန်းစာကို Inna Phillimore မှ ညွှန်ကြားရိုက်ကူးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:59
![]() |
sann tint edited Burmese subtitles for What really happened to the Library of Alexandria? | |
![]() |
sann tint approved Burmese subtitles for What really happened to the Library of Alexandria? | |
![]() |
sann tint edited Burmese subtitles for What really happened to the Library of Alexandria? | |
![]() |
sann tint edited Burmese subtitles for What really happened to the Library of Alexandria? | |
![]() |
sann tint edited Burmese subtitles for What really happened to the Library of Alexandria? | |
![]() |
sann tint edited Burmese subtitles for What really happened to the Library of Alexandria? | |
![]() |
Myo Aung accepted Burmese subtitles for What really happened to the Library of Alexandria? | |
![]() |
Myo Aung edited Burmese subtitles for What really happened to the Library of Alexandria? |