1 00:00:07,238 --> 00:00:09,119 လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ ခန့်က 2 00:00:09,119 --> 00:00:11,801 Alexandria နယ် ရဲ့ အုပ်ချုပ်သူများက 3 00:00:11,801 --> 00:00:14,196 လူသားလိုအပ်ချက်တခုကို ဖြည့်ဖို့ ကြိုးစားခဲ့ကြပါတယ် 4 00:00:14,196 --> 00:00:18,590 ကမ္ဘာပေါ်က အသိပညာအားလုံးကို တစ်နေရာထဲ စုစည်းဖို့ပါ။ 5 00:00:18,590 --> 00:00:19,824 အဓိကအားဖြင့် 6 00:00:19,824 --> 00:00:23,623 Alexandria စာကြည့်တိုက်အနေနဲ့ ပုရပိုက်ပေါင်းများစွာ သိမ်းဆည်းခဲ့ပြီး 7 00:00:23,623 --> 00:00:27,157 ဂရိခေတ်ရဲ့ ဉာဏ်ကြီးရှင်တွေကို ဆွဲဆောင်ခဲ့ပါတယ် 8 00:00:27,157 --> 00:00:31,697 ဒါပေမဲ့ ၅ ရာစု အကုန်မှာ စာကြည့်တိုက်ကြီးတခုလုံး ဖျက်စီးခံခဲ့ရတယ်။ 9 00:00:31,697 --> 00:00:35,227 အများစု က မီးလောင်တိုက်သွင်းခံခဲ့ရတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ 10 00:00:35,227 --> 00:00:39,483 စာကြည့်တိုက် တိုးတက်ချိန်၊ကျဆုံးချိန် ရဲ့ အမှန်တရားက ရှုပ်ထွေးလှပါတယ်။ 11 00:00:39,483 --> 00:00:42,776 စာကြည့်တိုက် ဆိုတဲ့ အကြံဉာဏ်က အလက်ဇန်းဒါးဘုရင် ဆီက ဖြစ်လာခဲ့တာပါ။ 12 00:00:42,776 --> 00:00:45,038 သူ့ကိုယ်သူ အုပ်ချုပ်သူ အဖြစ် ကြေညာအပြီးမှာ 13 00:00:45,038 --> 00:00:47,846 Aristotle ရဲ့ တပည့်ရင်းဖြစ်သူ ဘုရင်ဟာ 14 00:00:47,846 --> 00:00:52,524 သူ့နယ် မှာ ပညာရပ်ဝန်းတခုကို တည်ဆောက်ဖို့ အာရုံစိုက်ခဲ့တယ် 15 00:00:52,524 --> 00:00:54,732 တည်ဆောက်မှု မစတင်ခင်မှာ သူ သေဆုံးသွားခဲ့ပေမဲ့ 16 00:00:54,732 --> 00:00:56,745 သူ့နောက် ဆက်ခံသူ Ptolemy ဘုရင် ၁ က 17 00:00:56,745 --> 00:01:01,354 ပြတိုက်နဲ့ စာကြည့်တိုက်အတွက် အလက်ဇန်းဒါးရဲ့ အစီအစဉ်ကို ဆက်လုပ်ခဲ့တယ်။ 18 00:01:01,354 --> 00:01:03,740 မြို့တော်ရဲ့ အချက်အချာနေရာမှာ တည်ရှိတဲ့ 19 00:01:03,740 --> 00:01:05,266 Ptolemy စာကြည့်တိုက် ကို 20 00:01:05,266 --> 00:01:08,105 ကြီးမားတဲ့ Hellenistic လက်ရာ ကျောက်တိုင်တွေ 21 00:01:08,105 --> 00:01:10,100 ခေတ်ဟောင်း အီဂျစ်ရိုးရာ လွှမ်းမိုးမှုတွေ 22 00:01:10,100 --> 00:01:15,061 ဒီပေါင်းစပ်မှုတွေကြောင့် ဗိသုကာလက်ရာ က သြဇာကြီးမားခဲ့တယ်။ 23 00:01:15,061 --> 00:01:20,089 ၎င်းမှာ ဟောပြောခန်းမကြီးတွေ၊ စာသင်ခန်းတွေ နဲ့အတူ စာအုပ်စင်ကြီးတွေ ပါဝင်ပါတယ်။ 24 00:01:20,089 --> 00:01:21,958 အဆောက်အဦး တည်ဆောက်ပြီးပြီးချင်းမှာ 25 00:01:21,958 --> 00:01:26,441 Ptolemy ဘုရင် ၁ ဟာ ရှေးဟောင်းဂရိ နဲ့ အီဂျစ်ရှေးစာလိပ်တွေကို စတင်စုဆောင်းခဲ့တယ် 26 00:01:26,441 --> 00:01:30,842 ဘုရင့်ထောက်ပံ့မှုစရိတ်နဲ့ ပညာတော်သင်တွေကို Alexandria မှာ နေထိုင်ပညာသင်စေခဲ့တယ်။ 27 00:01:30,842 --> 00:01:34,490 သူတို့ရဲ့ ကိုယ်ပိုင်စာပေတွေကြောင့် စာကြည်တိုက် က ဖွံ့ဖြိုးလာပါတယ်၊ 28 00:01:34,490 --> 00:01:39,695 ဒါပေမဲ့ အုပ်ချုပ်သူတွေအနေနဲ့ တစ်ကမ္ဘာလုံးက စာအုပ်တိုင်းရဲ့မိတ္တူတွေ လိုချင်နေတုန်းပါ။ 29 00:01:39,695 --> 00:01:44,332 ကံကောင်းစွာနဲ့ Alexandria မြို့မှာ မြေထဲပင်လယ် ဆိပ်ကမ်း ရှိခဲ့တယ်။ 30 00:01:44,332 --> 00:01:49,201 Ptolemy ဘုရင် ၃ လက်ထက်မှာ အဲဒီဆိပ်ကမ်းကပ် သင်္ဘောတွေအတွက် 31 00:01:49,201 --> 00:01:51,943 မိတ္တူကူးဖို့စာအုပ်တွေယူခဲ့ရမယ့် မူဝါဒကို ထုတ်ခဲ့တယ်။ 32 00:01:51,943 --> 00:01:55,080 စာကြည့်တိုက်က စာတွေကို မိတ္တူပွားပြီးးတဲ့အခါ 33 00:01:55,080 --> 00:01:58,553 မူရင်းတွေကို သိမ်းထားပြီး မိတ္တူတွေကို သင်္ဘောတွေဆီ ပြန်ပေးခဲ့တယ် 34 00:01:58,553 --> 00:02:02,094 ကြေးစားစာအုပ်မုဆိုးတွေကလဲ မြေထဲပင်လယ် တလျှောက် 35 00:02:02,094 --> 00:02:03,912 စာအုပ်စာပေ အသစ်တွေ ရှာဖွေခဲ့ကြပြီး 36 00:02:03,912 --> 00:02:06,735 Alexandria ရဲ့ အုပ်ချုပ်သူတွေက ပြိုင်ဘက်တွေကို အလဲထိုးဖို့ 37 00:02:06,735 --> 00:02:12,173 ပုရပိုက်ပြုလုပ်ရာမှာ အသုံးပြုတဲ့ အီဂျစ် papyrus အချပ်များကို ရပ်တန့်ခဲ့ပါတယ် 38 00:02:12,173 --> 00:02:16,274 ဒီတွန်းအားတွေကြောင့် စာအုပ်သန်းချီကို Alexandria ဆီသို့ ယူဆောင်လာနိုင်ခဲ့တယ်။ 39 00:02:16,274 --> 00:02:17,825 စာကြည့်တိုက် ဖွံ့ဖြိုးတာနှင့်မျှ 40 00:02:17,825 --> 00:02:21,856 သတင်းအချက်အလက်တွေကို အရင်ကထက် ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်လာတယ်။ 41 00:02:21,856 --> 00:02:26,689 ဒါပေမဲ့ အသေးစိတ်အကြောင်းအရာများကို အတိအကျ အလွယ်တကူရှာဖွေဖို့ ခက်ခဲနေဆဲပါ။ 42 00:02:26,689 --> 00:02:31,599 ကံကောင်းစွာနဲ့ Cyrene မှ Callimachus ပညာတော်သင်တဦးက 43 00:02:31,599 --> 00:02:33,851 ဇယားချပ်များ ဖန်တီး၍ ဖြေရှင်းရန် ကြိုးစားခဲ့တယ်၊ 44 00:02:33,851 --> 00:02:37,238 စာကြည့်တိုက်အချက်အလက်များပါဝင်သော စာရင်းစာအုပ်တွဲပေါင်း ၁၂၀ သည် 45 00:02:37,238 --> 00:02:39,307 ဖြေရှင်းနည်း၏ လမ်းစ ဖြစ်ခဲ့သည် 46 00:02:39,307 --> 00:02:40,745 စာရင်းဇယားများကိုအသုံးပြုပြီး 47 00:02:40,745 --> 00:02:43,888 စာကြည့်တိုက်၏ စုဆောင်းမှုများကို မည်သူမဆို ရှာဖွေနိုင်လာသည်။ 48 00:02:43,888 --> 00:02:46,721 သူတို့ အံ့သြဖွယ် ရှာဖွေမှုအသစ်များ ပြုလုပ်နိုင်လာခဲ့သည်။ 49 00:02:46,721 --> 00:02:49,414 Columbus ရွက်မလွှင့်ခင် နှစ်ပေါင်း ၁၆၀၀ ခန့်က 50 00:02:49,414 --> 00:02:52,732 Eratosthenes သည် ကမ္ဘာကြီး လုံးဝန်းသည်ဟု မယုံကြည်ခဲ့ပါ၊ 51 00:02:52,732 --> 00:02:55,234 သို့သော် ၎င်း၏အဝန်းနှင့်အချင်း ကို 52 00:02:55,234 --> 00:02:57,618 တကယ့်အရွယ်အစား၏ မိုင်အနည်းငယ်အထိ တွက်ချက်ခဲ့သည်။ 53 00:02:57,618 --> 00:03:00,920 Alexandria မှ Heron လို့နာမည်ကြီးသူက ကမ္ဘာ့ပထမဆုံးရေနွေးငွေ့အင်ဂျင်ကို 54 00:03:00,920 --> 00:03:03,595 စက်မှုတော်လှန်ရေးအတွင်း ကျမှ ပြန်တီထွင်နိုင်ခဲ့ကြသည်ထက် 55 00:03:03,595 --> 00:03:06,638 နှစ် ၁၀၀၀ ကျော် စောပြီး တီထွင် ထုတ်လုပ်နိုင်ခဲ့တယ်။ 56 00:03:06,638 --> 00:03:13,685 ဘီစီ ၂၈၃ မှတည်ထောင်ပြီး နှစ် ၃၀၀ အတွင်း စာကြည့်တိုက် အရှိန်အဟုန်ဖွံ့ဖြိုးလာခဲ့သည်။ 57 00:03:13,685 --> 00:03:19,211 သို့သော် ဘီစီ ၄၈တွင် Julius Caesar မှ Alexandria နယ်ကို စီးနင်းသိမ်းပိုက်ပြီး 58 00:03:19,211 --> 00:03:21,800 ဆိပ်ကမ်းရှိ သင်္ဘောများကို မီးရှို့ခဲ့သည်။ 59 00:03:21,800 --> 00:03:26,827 နှစ်များစွာ ပညာတော်သင်များက စာကြည့်တိုက် မြို့နှင့်အတူ မီးရှို့ခံခဲ့ရသည် ယုံခဲ့သည်။ 60 00:03:26,827 --> 00:03:30,314 မီးသည် မြို့၏အရေးကြီးနေရာများကို ဖျက်စီးသည်မှာ ဖြစ်နိုင်သော်လည်း 61 00:03:30,314 --> 00:03:32,135 ရှေးဟောင်းစာများအရ ပညာတော်သင်များသည် 62 00:03:32,135 --> 00:03:36,661 တိုက်ခိုက်မှုအပြီး ရာစုနှစ်များစွာထိ စာကြည်တိုက်တွင် ဆက်လေ့လာခဲ့သည်ဟု သိရသည်။ 63 00:03:36,661 --> 00:03:41,235 အဆုံးတွင် စာကြည့်တိုက်သည် ဂရိ မှ ရောမခေတ်အပြောင်းတွင် တဖြည်းဖြည်း 64 00:03:41,235 --> 00:03:42,266 ပျောက်ကွယ်သွားခဲ့သည်။ 65 00:03:42,266 --> 00:03:43,172 ထို့နောက် ခရစ်ယာန် 66 00:03:43,172 --> 00:03:45,177 နှင့် မူစလင်များ လက်ထဲတွင် ပျက်စီးခဲ့သည်။ 67 00:03:45,177 --> 00:03:48,323 အုပ်ချုပ်သူအဆက်ဆက်သည် ၎င်းတည်ရှိမှုကို ဂုဏ်ယူစရာ အရင်းအမြစ်တခုထက် 68 00:03:48,323 --> 00:03:50,786 အနှောက်အယှက်အဖြစ်သာ မြင်ခဲ့ကြသည် 69 00:03:50,786 --> 00:03:52,882 ခရစ်နှင် ၄၁၅ တွင် 70 00:03:52,882 --> 00:03:56,288 ခရစ်ယာန်အုပ်ချုပ်သူများသည် Hypatia ဆိုသူ သင်္ချာပညာရှင်တဦးကို 71 00:03:56,288 --> 00:03:59,956 စာကြည့်တိုက်မှ ရှေးဟောင်းဂရိစာများလေ့လာမှု ကြောင့် ဘာသာမဲ့အရိုင်းအစိုင်းအဖြစ် 72 00:03:59,956 --> 00:04:02,379 သတ်မှတ်ကာ သေဒဏ်စီရင်ခဲ့သည်။ 73 00:04:02,379 --> 00:04:06,903 Alexandria စာကြည့်တိုက်နှင့် ၎င်း၏ မရေတွက်နိုင်သောစာများ ပျောက်သွားသည့်အခါ 74 00:04:06,903 --> 00:04:09,625 ကျွန်တော်တို့အနေနဲ့ အသိပညာများကို ပြန်လည်စုဆောင်းရန် 75 00:04:09,625 --> 00:04:10,557 ပိုင်ဆိုင်ရန် နှင့် 76 00:04:10,557 --> 00:04:12,506 ထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားကြရမည်။ 77 00:04:12,506 --> 00:04:14,737 ယခုအခါ အချက်အလက်များကို အလွယ်တကူ ရရှိနိုင်ပြီး 78 00:04:14,737 --> 00:04:17,383 ၎င်းကို ထိန်းသိမ်းနိုင်သည့် အဆင့်မြင့် နည်းပညာရှိသော်လဲ 79 00:04:17,383 --> 00:04:19,040 ကျွန်တော်တို့အနေဖြင့် ဒစ်ဂျစ်တယ် 80 00:04:19,040 --> 00:04:22,487 ပိုင်ဆိုင်မှုများကို Alexandria ၏ မှင်နှင့်စာရွက်လိပ်များကဲ့သို့ 81 00:04:22,487 --> 00:04:25,790 မပျက်စီးပဲ ရေရှည်ကာကွယ်ရန်မှာ မသေချာပေ။ 82 00:04:25,790 --> 00:04:29,406 ဒါ့အပြင် ကျွန်တော်တို့၏ အသိပညာရေချိန်သည် ရုပ်ဝတ္ထုအရ လုံခြုံနိုင်သော်လည်း 83 00:04:29,406 --> 00:04:32,672 အတွင်းစိတ်အန္တရာယ်များကို ကာကွယ်ရဦးမည်။ 84 00:04:32,672 --> 00:04:34,869 စာကြည့်တိုက်ကို တစ်စစီ ဖြစ်စေသောအကြောင်းများ 85 00:04:34,869 --> 00:04:36,252 ဖြစ်သော အသိပညာကိုကြောက်ခြင်း၊ 86 00:04:36,252 --> 00:04:39,791 အတိတ်အကြောင်းများကို ခေတ်ကုန်နေပြီလို့ တစ်ဖက်စွန်းတွေးခြင်းများဖြစ်သည်။ 87 00:04:39,791 --> 00:04:43,967 ကွာခြားချက်မှာ ဘယ်အရာကိုပြင်ဆင်ရမလဲဆိုတာ ကျွန်တော်တို့ ယခု သိနေကြပါပြီ။