< Return to Video

Newton's Third Law of Motion

  • 0:00 - 0:01
  • 0:01 - 0:04
    အခုငါတို့ နယူတန် ရဲ့ တတိယ နိယာမ (Newton's Third Law) ကိုလေ့လာမယ်။
  • 0:04 - 0:06
    ဒီအကြောင်းကို လူတွေပြောတာ သင်တို့ကြားဖူးကြမှာပါ။
  • 0:06 - 0:07
  • 0:07 - 0:10
    ဒါပေမဲ့ ဒီနေ့ဗီဒီယိုထဲမှာ ဒီအကြောင်းအရာကို တကယ်နားလည်အောင် ကြည့်ရအောင်။
  • 0:10 - 0:12
    နယူတန်က လက်တင်ဘာသာ နဲ့
  • 0:12 - 0:16
    သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်လို့
  • 0:16 - 0:18
    ပြောခဲ့တယ်။
  • 0:18 - 0:20
    နယူတန်က အင်္ဂလိပ်လူမျိုးပါ။
  • 0:20 - 0:22
    ဒါပေမဲ့ အဲဒီခတ်က လူတွေက
  • 0:22 - 0:24
    လက်တင်ဘာသာ နဲ့ ရေးတာက ပိုမြင့်တယ်ဆိုယူဆကြလို့
  • 0:24 - 0:26
    သူလည်း လက်တင်လိုရေးခဲ့ တာပါ။
  • 0:26 - 0:29
    ထားပါတော့။ သက်ရောက်မှုတိုင်းမှာ
  • 0:29 - 0:32
    တန်ပြန်သက်ရောက်မှု ရှိတယ်။ ဒါမှမဟုတ်
  • 0:32 - 0:35
    အရာဝတ္တု နှစ်ခုပေါ်မှာ သက်ရောက်တဲ့ အားနှစ်ခုက တန်ဖိုးခြင်းတူပေမဲ့
  • 0:35 - 0:38
    ဦးတည်ချက် ဆန့်ကျင်ကြတယ်။
  • 0:38 - 0:40
    နယူတန်ပြောချင်တာက အကယ်၍
  • 0:40 - 0:43
    အရာဝတ္တုတစ်ခုပေါ်ကို အားသက်ရောက်ရင်
  • 0:43 - 0:47
    အဲဒီ အရာဝတ္တုကလည်း သူ့အပေါ် အားသက်ရောက်တဲ့အရာပေါ်ကို
  • 0:47 - 0:49
    ဆန့်ကျင်ဘက်အားတစ်ခု မပေးလို့ကိုမရဘူး။
  • 0:49 - 0:53
    နည်းနည်းရှင်းအောင်ပြောရအောင်။
  • 0:53 - 0:56
    ခဏနေ ဥပမာတွေ ပြောပြမှာပါ။
  • 0:56 - 1:01
    ဒီမှာ အတုံးလေးတစ်တုံး ရှိတယ်။
  • 1:01 - 1:04
    ဆရာ အဲဒါကို ဖိပြီးတော့
  • 1:04 - 1:06
    ရှေ့ကိုတွန်းဖို့ ကြိုးစားတယ်။
  • 1:06 - 1:07
    ဒီဟာက ဆရာ့လက်ပေါ့။
  • 1:07 - 1:12
    လက်နဲ့ ဖိပြီးတွန်းရင်
  • 1:12 - 1:16
    ဒီအတုံးပေါ်မှာ အား(Net Force) သက်ရောက်မယ်။
  • 1:16 - 1:18
    ဒီတော့ အတုံးက ညာဘက်ကိုရွေ့ သွားမယ်
  • 1:18 - 1:22
    ဒီအတုံးက ရေခဲပေါ်မှာ နေတယ်ဆိုပါတော့
  • 1:22 - 1:23
    ဒါဆို သူရွေ့လို့ရပြီ။
  • 1:23 - 1:27
    ပုံကရေခဲနဲ့ တော့မတူဘူးနော်
  • 1:27 - 1:29
    ရတယ်။ ရေခဲရောင်လေး ခြယ်လိုက်မယ်
  • 1:29 - 1:34
    ရေခဲပေါ်မှာအတုံးရှိပြီ။
  • 1:34 - 1:36
    နယူတန် ရဲ့ တတိယ နိယာမ (Newton's Third Law) ကဘာပြောလဲဆိုတော့
  • 1:36 - 1:38
    ဆရာဒီအတုံးပေါ်ကိုဖိရင်
  • 1:38 - 1:40
    အတုံးပေါ်မှာ Net Force ရှိတာသေချာတယ်။
  • 1:40 - 1:43
    ဒီ Net Force ကအတုံးကို အရှိန်(acceleration) ရစေမယ်။
  • 1:43 - 1:45
    ရေခဲပေါ်မှာဆိုတော့ ပွတ်တိုက်အား (Friction) ကိုကျော်နိုင်ရင်
  • 1:45 - 1:46
    ဒီလိုဘဲဖြစ်မှာပေါ့။
  • 1:46 - 1:50
    ဒါပေမဲ့ ဒီအတုံးကလည်း ဆရာ့အပေါ်မှာ ဆန့်ကျင်ဘက်အား တစ်ခုနဲ့
  • 1:50 - 1:51
    ပြန်တွန်းလိမ့်မယ်
  • 1:51 - 1:53
  • 1:53 - 1:55
    ဒါကိုသက်သေပြလို့ရပါတယ်
  • 1:55 - 1:57
    ဒါပေမဲ့ အလိုလိုသိဖို့ တော့ခက်တာပေါ့
  • 1:57 - 1:59
    ညီမျှပြီး ဆန့်ကျင်တဲ့ အားဆိုတော့
  • 1:59 - 2:03
    သက်သေအဖြစ် မြင်ရမှာက
  • 2:03 - 2:06
    လက်ဖဝါး ပေါ်မှာ နည်းနည်း ချိုင့် သွားလိမ့်မယ်။
  • 2:06 - 2:09
    ဆရာ့လက်ဖဝါး ပေါ်မှာလည်း ဖိအားတစ်ခုကို ခံစားရတယ်။
  • 2:09 - 2:13
    အခု လက်နဲ့ သင့်စားပွဲခုံကို တွန်းကြည့်ပါ။
  • 2:13 - 2:15
    ဒါမှမဟုတ်လည်း အနားမှာရှိတဲ့ အရာတစ်ခုခုပေါ့။ ဒါဆို သင်က စားပွဲကို
  • 2:15 - 2:17
    အားနဲ့ တွန်းနေတယ်
  • 2:17 - 2:22
    ပုံနဲ့ ဆွဲကြည့်ရအောင်
  • 2:22 - 2:28
    အကယ်၍ ဆရာ့လက်နဲ့ စားပွဲခုံကိုတွန်းကြည့်ရင်
  • 2:28 - 2:31
  • 2:31 - 2:32
    အခု ဒီဗီဒီယို ရိုက်ရင်းနဲ့
  • 2:32 - 2:35
    စားပွဲကို လက်နဲ့ ဆရာ တကယ် တွန်းကြည့် နေပါတယ်။
  • 2:35 - 2:36
  • 2:36 - 2:38
    စားပွဲပေါ်မှာ အားတစ်ခု သက်ရောက်နေတယ်
  • 2:38 - 2:40
    ပြင်းပြင်းတွန်း ကြည့်ရင်
  • 2:40 - 2:42
    စားပွဲခုံတောင် လှုပ်လာဦးမယ်။
  • 2:42 - 2:43
    အခုလည်း အပြင်မှာ တစ်ကယ် ပြင်းပြင်းတွန်း ကြည့်နေပါတယ်။
  • 2:43 - 2:46
    တစ်ချိန်တည်းမှာ တွေ့နိုင်တာက
  • 2:46 - 2:49
    လက်ဖဝါးလည်း နည်းနည်း ချိုင့်ဝင်လာမယ်။
  • 2:49 - 2:51
    ဒါဘာကြောင့်လဲဆိုတော့ စားပွဲခုံကလည်း
  • 2:51 - 2:54
    သင့်ကို ဆန့်ကျင်ဘက်အားတစ်ခုနဲ့ ပြန်တွန်းနေလို့ပါ
  • 2:54 - 2:56
    အကယ်၍ ဒါသာမဟုတ်ခဲ့ရင်
  • 2:56 - 2:59
    သင့်အပေါ်မှာ ဘာဖိအားမှတောင်ခံစားရမှာ မဟုတ်ပါဘူး
  • 2:59 - 3:02
    လက်ဖဝါးလဲ ချိုင့်ဝင်မှာ မဟုတ်ဘူးလေ
  • 3:02 - 3:07
    နောက်ဥပမာက - ကမ်းခြေမှာလမ်းလျှောက်နေတယ်ဆိုပါတော့
  • 3:07 - 3:09
    အောက်မှာ သဲတွေရှိတယ်
  • 3:09 - 3:11
    အကယ်၍ သဲထဲကို ခြေထောက်နဲ့
  • 3:11 - 3:14
    ခြေလှမ်း လှမ်းလိုက်မယ်ဆိုရင် ...
  • 3:14 - 3:16
    ဆရာ ပုံကြိုးစားဆွဲနေပါတယ်
  • 3:16 - 3:17
    ဒါဖိနပ်ပေါ့
  • 3:17 - 3:21
    သဲထဲကို ခြေထောက်နဲ့ခြေလှမ်း လှမ်းလိုက်မယ်ဆိုရင်
  • 3:21 - 3:25
    သဲပေါ်မှာသင်က အားနဲ့ တွန်းနေတယ်
  • 3:25 - 3:27
    အဲဒီအားက သင့်ရဲ့ အလေးချိန် (Weight) ဖြစ် တယ်။
  • 3:27 - 3:29
  • 3:29 - 3:33
    ကမ္ဘာ မြေကြီး နဲ့ သင့်ကြားက ဆွဲငင်အားလေ။
  • 3:33 - 3:35
  • 3:35 - 3:38
    နောက်ထပ်သက်သေပြနိုင်တာက
  • 3:38 - 3:40
    သဲကလည်း ချိုင့်ဝင်သွားတယ်။
  • 3:40 - 3:41
    ခြေရာလေးကျန်ခဲ့တာပေါ့။
  • 3:41 - 3:44
    သဲချိုင့်ဝင်သွားတာက ဖိအားများလွန်းလို့
  • 3:44 - 3:46
    ချိုင့်ဝင်သွားတာ။
  • 3:46 - 3:48
    ဒီတော့ သင်ကသဲပေါ်မှာ အားနဲ့ဖိနေတာ သေချာပြီ။
  • 3:48 - 3:52
    ဒါပေမဲ့ သဲကလည်း သင့်အပေါ်မှာ ခုနကအားနဲ့ တူပြီး ဆန့်ကျင်ဘက်ဦးတည်ချက်မှာ
  • 3:52 - 3:53
    အား တစ်ခုနဲ့ ပြန်တွန်းနေပါတယ်
  • 3:54 - 3:56
  • 3:56 - 3:58
    ဒါကိုရောဘာနဲ့ သက်သေပြလို့ရလဲ?
  • 3:58 - 4:04
    သင်နယူတန်ရဲ့ ဒုတိယနိယာမ (Newton's Second Law) ကိုသိရင်
  • 4:04 - 4:07
    သင့်အပေါ်မှာ ကမ္ဘာမြေကြီး ဆွဲငင်အားသက်ရောက်နေရင်
  • 4:07 - 4:09
    သင်ကအောက်ဘက်ကို အရှိန်(acceleration) ရလာရမှာ။
  • 4:09 - 4:13
    အကယ်၍သူ့ကို ပယ်ဖျက်ဖို့ အခြားအား တစ်ခုမရှိရင်ပေါ့
  • 4:13 - 4:15
    အဲဒီပယ်ဖျက်တဲ့ အားက
  • 4:15 - 4:19
    သဲကသင့်ကို အပေါ်ကိုတွန်းနေတဲ့အားဖြစ်နေတယ်။
  • 4:19 - 4:20
  • 4:20 - 4:22
    ဒီအားနှစ်ခုပေါင်းကြည့်လိုက်ရင်
  • 4:22 - 4:25
    သင့်အပေါ်မှာ Net Force မရှိဘူး
  • 4:25 - 4:26
    ဒါကြောင့်သင် ငြိမ် ငြိမ်ရပ်နေနိုင်တာလေ။
  • 4:26 - 4:28
    ကမ္ဘာမြေကြီး အတွင်းထဲကို
  • 4:28 - 4:31
    အရှိန်နဲ့ ပြုတ်မကျသွားဘူး။
  • 4:31 - 4:34
    နယူတန် ရဲ့ တတိယ နိယာမ (Newton's Third Law) ရဲ့ အထင်ရှားဆုံး ဥပမာကို ပေးပါဆိုရင်တော့
  • 4:34 - 4:37
    ဒုံးပျံတွေရဲ့အလုပ်လုပ်ပုံဘဲဖြစ်တယ်
  • 4:37 - 4:39
    ဒုံးပျံအနေနဲ့က
  • 4:39 - 4:42
    ကမ္ဘာ့လေထုကိုလွတ်မြောက်ဖို့ဖြစ်စေ၊ အာကသထဲမှာဖြစ်စေ
  • 4:42 - 4:44
    သူကနေတွန်းကန်ပြီး အရှိန်ယူဖို့
  • 4:44 - 4:47
    အရာဝတ္တု မရှိဘူး။
  • 4:47 - 4:53
    ဒီတော့ ဘာလုပ်လဲဆိုတော့ ဆီတိုင်ကီထဲမှာ ဆီဖြည့်ထားပြီး
  • 4:53 - 4:56
    ဒီ ဆီကလောင်ကျွမ်းတဲ့အချိန်မှာ
  • 4:56 - 4:57
  • 4:57 - 5:01
    ဓာတ်ငွေ့ တွေကိုအရှိန်ပြင်းပြင်းနဲ့ ဒုံးပျံနောက်ကနေ
  • 5:01 - 5:04
    မှုတ်ထုတ်စေတယ်။
  • 5:04 - 5:05
    ဒီတော့အဲဒီ ဓာတ်ငွေ့ အမှုန်လေးတွေ (particles) ကို
  • 5:05 - 5:07
    ဒုံးပျံကနေတွန်းအားပေးနေတာပေါ့
  • 5:07 - 5:09
    အားကလည်းပြင်းပြင်း၊ ဓာတ်ငွေ့ အမှုန်ကလည်းသေးသေးဆိုတော့
  • 5:09 - 5:11
    အမှုန်တွေကအရမ်းမြန်မြန်ထွက်သွားကြရော
  • 5:11 - 5:14
    အရှိန်ပြင်းပြင်းနဲ့ မှုတ်ထုတ်ခံလိုက်ရတာပေါ့
  • 5:14 - 5:16
    ဒီတော့ ဓာတ်ငွေ့ ကလည်းဒုံးပျံကို
  • 5:16 - 5:22
    ဆန့်ကျင်တဲ့ ဦးတည်ချက်မှာ ညီမျှတဲ့အားနဲ့ ပြန်တွန်းတယ်
  • 5:22 - 5:23
    ဒီအားကြောင့်ဒုံးပျံက အာကာသထဲမှာ
  • 5:23 - 5:27
    ဘာမှတွန်းကန်စရာမရှိဘဲ အရှိန်ယူပြီးသွားနိုင်တာ။
  • 5:27 - 5:28
  • 5:28 - 5:31
    ဒုံးပျံကနေ ဓာတ်ငွေ့ တွေကို
  • 5:31 - 5:33
    အရှိန်ပြင်းပြင်းနဲ့ မှုတ်ထုတ်တယ်။
  • 5:33 - 5:36
    ဒီဓာတ်ငွေ့ တွေကို တွန်းလိုက်တဲ့ တွန်းအားကြောင့် ဒုံးပျံကိုယ်၌ ပေါ်မှာလည်း
  • 5:36 - 5:38
    ဆန့်ကျင်ဘက်ဦးတည်ချက်မှာ တွန်းအားတစ်ခုရတယ်။
  • 5:38 - 5:40
    ဒီတွန်းအားနဲ့ဘဲ ဒုံးပျံကအရှိန်ယူတယ်။
  • 5:40 - 5:43
    နောက်ထပ်ဥပမာတစ်ခုက - အကယ်၍အာကာသထဲမှာသင် မတော်တဆ လက်လွတ်ပြီး
  • 5:43 - 5:44
    အဝေးကိုပျံသွားခဲ့ရင် ဘာလုပ်မလဲ?
  • 5:44 - 5:46
    ဒါအသုံးဝင်မှာပါ - အကယ်၍ဖြစ်ခဲ့ရင်
  • 5:46 - 5:48
    ဒုံးပျံဆီပြန်လာတတ်တာပေါ့။
  • 5:48 - 5:50
    ဒါမျိုးမဖြစ်ချင်ဘူးဘဲထားပါတော့။
  • 5:50 - 5:52
    ဒီအာကသယာဉ်မှူးက
  • 5:52 - 5:56
    ဒီစက်ရုပ်လက်ကလေးကနေ မတော်တဆ လွတ်ပြီး
  • 5:56 - 6:02
    အာကာသထဲကိုပျံသွားခဲ့ တယ် ထားပါတော့။
  • 6:02 - 6:05
    သူလုပ်နိုင်တာက သူ့ရဲ့ သွားနေတဲ့
  • 6:05 - 6:08
    ဦးတည်ချက်ကိုပြောင်းလိုက်နိုင်ရင် သူ့အာကာသယာဉ် ဆီကို
  • 6:08 - 6:10
    ပြန်လာနိုင်တယ်။
  • 6:10 - 6:12
    ဘေးဘယ်ညာကြည့်လိုက်တော့ ဘာမှတွန်းစရာမရှိဘူး။
  • 6:12 - 6:14
    တွန်းစရာနံရံ တစ်ခုလိုမရှိဘူးပြောတာ။
  • 6:14 - 6:16
    သူ့ကျောနောက်မှာလည်း ဒုံးပျံဂျက်(Rocket Jet) လို ဒါမှမဟုတ်
  • 6:16 - 6:17
    အဲဒီလို ကိရိယာမပါဘူးထားပါတော့။
  • 6:17 - 6:19
    သူဘာလုပ်နိုင်လဲ?
  • 6:19 - 6:20
    အကယ်၍ အာကာသထဲမှာဒါမျိုးပျံသွားခဲ့ရင်
  • 6:20 - 6:20
  • 6:20 - 6:26
    လုပ်နိုင်တာတစ်ခုက ကိုယ့်မှာပါတဲ့ အလေးဆုံးအရာ တစ်ခုကို ရှာပြီး...
  • 6:26 - 6:28
    ပြောရရင် mass ကြီးကြီးအရာပေါ့ -
  • 6:28 - 6:31
    နောက်လာမယ့် ဗီဒီယိုတွေမှာ
  • 6:31 - 6:34
    mass နဲ့ weight ဘာကွာလဲပြောပြမှာပါ။
  • 6:34 - 6:37
    ကိုယ်သွားနေတဲ့ ဦးတည်ချက်နဲ့ ဆန့်ကျင်ပြီး
  • 6:37 - 6:38
  • 6:38 - 6:41
    အားပြင်းပြင်းနဲ့အဝေးကို ပစ်လိုက်ပါ။
  • 6:41 - 6:43
    ဒီလိုပြောကြည့်ရအောင်
  • 6:43 - 6:46
    အကယ်၍ အာကာသထဲမှာ ဆရာပျံနေခဲ့ ရင်...
  • 6:46 - 6:53
    ဒီပုံကဆရာ့လက်အိတ်ထားပါတော့။
  • 6:53 - 6:55
    အာကာသယာဉ်မှူးလက်အိတ်လေ။
  • 6:55 - 6:58
  • 6:58 - 6:59
    ဆွဲပြီးပြီ။
  • 6:59 - 7:02
    ဒီအာကာသယာဉ်မှူးလက်ပေါ်မှာ
  • 7:02 - 7:02
  • 7:02 - 7:05
    အဝေးကိုပစ်လို့ရမယ့်
  • 7:05 - 7:06
  • 7:06 - 7:08
    ကိရိယာတစ်ခုခုရှိမယ်ဆိုရင်...
  • 7:08 - 7:11
    သူ့မှာရှိတဲ့ အလေးဆုံးကိရိယာပုံးကို
  • 7:11 - 7:14
    အဝေးကိုပစ်ခဲ့မယ်ဆိုပါတော့
  • 7:14 - 7:15
  • 7:15 - 7:18
    ဒီမှာဘာဖြစ်လဲဆိုတော့ - လက်ကနေ
  • 7:18 - 7:22
    ကိရိယာကိုတွန်းနေတဲ့ အချိန်တစ်ခဏအတွင်းမှာ
  • 7:22 - 7:27
    ကိရိယာပေါ်မှာအားသက်ရောက်နေလိမ့်မယ်
  • 7:27 - 7:27
  • 7:27 - 7:32
    တစ်ချိန်ထဲမှာဘဲ အာကာသယာဉ်မှူးရဲ့ တွန်းအားကို
  • 7:32 - 7:35
    ခံလိုက်ရတဲ့ကိရိယာကလဲ
  • 7:35 - 7:38
    အာကာသယာဉ်မှူးရဲ့ လက်ပေါ်မှာ
  • 7:38 - 7:42
    ညီမျှပြီး ဦးတည်ချက်ဆန့်ကျင်တဲ့ အားတစ်ခုနဲ့ ပြန်တွန်းလိမ့်မယ်။
  • 7:42 - 7:45
    ဒီတော့ကိရိယာက အတွန်းခံရတုန်းမှာ
  • 7:45 - 7:46
    ဒီဘက်ကိုအရှိန်ယူမယ်
  • 7:46 - 7:51
    အာကာသယာဉ်မှူးက အခြားတစ်ဘက်ကိုအရှိန်ယူမယ်
  • 7:51 - 7:53
    ဒီလိုပစ်လိုက်ပြီးရင် အာကသယာဉ်မှူးက အရှိန်ယူပြီး
  • 7:53 - 7:56
    သူ့ရဲ့အာကာသယာဉ်ရှိတဲ့ဘက်ကိုရွေ့သွားမယ်။
  • 7:56 - 8:00
    ဒါဆိုသူအာကာသယာဉ်ကိုလှမ်းကိုင်လို့ရပြီပေါ့။
Title:
Newton's Third Law of Motion
Description:

more » « less
Video Language:
English
Team:
Khan Academy
Duration:
08:00

Burmese subtitles

Revisions