ကျုပ်တို့ နေထိုင်နေကြတာ တမင်ဖန်တီးမှုထဲမှာလား - Zohreh Davoudi
-
0:07 - 0:11ကျုပ်တို့ဟာ ကျယ်ပြောလှတဲ့ စကြဝဠာထဲက
စိုစွတ်တဲ့ ဂြိုဟ်ငယ်ပေါ်မှာ နေထိုင်ကြရပြီး -
0:11 - 0:13နှစ်ပေါင်း ဘီလီယံများစွာတွင်းမှာ
-
0:13 - 0:16ဆဲလ်တစ်ခုသာ ရှိတဲ့ သက်ရှိပုံစံ
ပတ်ဝန်းကျင်မှာ ဝန်းရံလျက် ရှိနေခဲ့ကြတဲ့ -
0:16 - 0:19သက်ရှိမဟုတ်တဲ့ အရာများမှ
ပေါ်ပေါက်လာခဲ့ကြလျက် -
0:19 - 0:23ဖြည်းဖြည်းချင်း မယုံနိုင်ဖွယ် ရှုပ်ထွေး
ကြတဲ့ သက်ရှိပုံသဏ္ဌာန်တွေ ပေါ်လာခဲ့ကြတယ်။ -
0:23 - 0:27အရာတွေအားလုံး၊ သက်ရှိရော အသက်မရှိကြတဲ့ဟာ၊
အသေးငယ်ဆုံးမှ အကြီးမားဆုံးအထိ၊ -
0:27 - 0:31သင်္ချာနိယာမများနှင့်အညီ အချို့သော ကန်းသေ
များကို လိုက်နာပြီ နေထိုင်ကြပုံရပါတယ်။ -
0:31 - 0:33အဲဒါကြောင့် မေးခွန်း တစ်ခု ပေါ်လာရတကာ-
-
0:33 - 0:36စကြာဝဠာ တစ်ခုလုံးဟာ အဲဒီလို
နိယာမများနှင့်အညီ ရပ်တည်နေရတော့ -
0:36 - 0:40အတော်ကလေး အားကောင်းတဲ့ ကွန်ပျူတာ တစ်ခု
ကများ အဲဒါကို တိကျစွာ လုပ်ပေးနေတာလား။ -
0:40 - 0:44ကျုပ်တို့မြင်နေရတဲ့ အရှိတရားဟာ ပိုအဆင့်
မြင့်တဲ့ ယဉ်ကျေးမှုမှ စီမံဖန်တီးထားတဲ့ -
0:44 - 0:47ယုံရန်မလွယ်တဲ့ အသေးစိတ်ကျတဲ့
တမင်ဖန်တီးမှုများလား။ -
0:47 - 0:50ဒီလို စိတ်ကူးဟာ သိပ္ပံပညာစိတ်ကူးယဉ်နဲ့
တူပုံ ထင်ရဖွယ်ရှိပါတယ်။ -
0:50 - 0:52ဒါပေမဲ့ ဒီအကြောင်းကို လေးနက်စွာ
လေ့လာနေရပါတယ်။ -
0:52 - 0:55ဒဿနိကပညာရှင် Nick Bostrom ဆိုရင်
ကျုပ်တို့ဟာ ဟန်ဆောင်လောကထဲ -
0:55 - 0:57နေထိုင်နေရပုံရတယ်လို့ ယူဆနေပြီး
-
0:57 - 1:00အချို့သိပ္ပံပညာရှင်တွေကလည်း
အဲဒီလိုဖြစ်နိုင်ခြေကို လက်ခံကြတယ်။ -
1:00 - 1:03အဲဒီလိုသိပ္ပံပညာရှင်တွေက
ကျုပ်တို့ရဲ့ စကြဝဠာဟာ ဖန်တီးမှုအတုလား -
1:03 - 1:06ဆန်းစစ်ကြည့်ရန် စမ်းသပ်မှုတွေကို
လုပ်ကိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ -
1:06 - 1:11သူတို့ဟာ အဲဒီလို ဟန်ဆောင်ဖန်တီးမှုရဲ့
ကန့်သတ်ချက်တွေကို တွေးဆကြည့်လျက် -
1:11 - 1:15ကမ္ဘာပေါ်မှာ အဲဒီလို ကန့်သတ်ချက်တွေကို
ဘယ်လို ရှာတွေ့နိုင်မလဲ စဉ်းစားနေကြပါတယ်။ -
1:15 - 1:17အဲဒီလို ပုံမှန်မဟုတ်မှုတွေက
ဘယ်လိုပုံစံမျိုး ရှိနိုင်ကြလဲ။ -
1:17 - 1:20စိတ်ကူးတစ်ခုအရ တမင်ဖန်တီးမှုဟာ
အချိန်ကာလသိပ်ကြာရင် -
1:20 - 1:23အမှားတွေ စုစည်းလာရမယ်လို့ ခံယူပါတယ်။
-
1:23 - 1:24အဲဒီလို အမှားတွေကို ညှိပေးရန်
-
1:24 - 1:28တမင်ဖန်တီးမှုဟာ သဘာဝ ကိန်းသေများကို
ညှိနှိုင်းပေးရန် လိုအပ်မယ်လို့ ယူဆရတယ်။ -
1:28 - 1:30အဲဒီလို လွဲချော်မှုတွေဟာ
သေးငယ်ကြပုံရပါတယ်၊ -
1:30 - 1:31ဥပမာအားဖြင့်၊
-
1:31 - 1:34ကျုပ်တို့က တစ်သန်းဂဏန်းအထိကို
တိကျမှုဖြင့် တိုင်းထွာလာခဲ့ကြတဲ့ -
1:34 - 1:36ကိန်းသေတွေဟာ ဆယ်စုနှစ်ချီ
မပြောင်းမလဲ ရှိနေကြလို့ -
1:36 - 1:39အပြောင်းအလဲ ရှိရင်တောင်
အဲဒီထက် သေးငယ်ပုံရပါတယ်။ -
1:39 - 1:42ကျုပ်တို့က တိုင်းထွာမှုရဲ့ တိကျမှုကို
ပိုပိုမြှင့်တင်နိုင်လာကြရာ -
1:42 - 1:45အချိန်ကြာလာရင် အပြောင်းအလဲတွေကို
ကျုပ်တို့ တိုင်းထွာနိုင်မယ်။ -
1:45 - 1:49နောက်တစ်မျိုး စဉ်းစားစရာက သတ်မှတ် စွမ်းအား
ရှိတဲ့ ကွန်ပျူတာ တစ်ခုဟာ -
1:49 - 1:53ဘယ်လောက်ပဲ ကြီးမားစေကာမူ အဆုံးအဆမရှိတဲ့
တမင်ဖန်တီးမှုကို မပြုလုပ်နိုင်ပါ။ -
1:53 - 1:55အာကာသနဲ့ အချိန်တို့ဟာ စဉ်ဆက်မပြတ်
ရှိနေပါက၊ -
1:55 - 1:58သေးငယ်လှတဲ့ စကြဝဠာထဲမှာတောင်
နေရာတွေဟာ အဆုံးမဲ့များလှလို့ -
1:58 - 2:02သတ်မှတ်စွမ်းအားရှိတဲ့ကွန်ပျူတာနဲ့
ထိုသို့ပြုလုပ် မရနိုင်ပါ။ -
2:02 - 2:06ဒီတော့ ဟန်ဆောင်ဖန်တီးမှုကို သိပ်သေးငယ်တဲ့
အပိုင်းကလေးများထဲမှာသာ လုပ်ရနိုင်ပါတယ်။ -
2:06 - 2:10အဲဒီလို နေရာများဟာ လက်တွေ့ပြုလုပ်မရ
နိုင်အောင်ကို သေးငယ်ကြရပါမယ်။ -
2:10 - 2:12ဒါပေမဲ့ ကျုပ်တို့ဟာ
ယင်းကဲ့သို့သော အရာများကို -
2:12 - 2:15အက်တမ်ထက်ကို သေးငယ်ကြတဲ့ အမှုန်များဖြင့်
ရှာကြံရန် အားထုတ်နိုင်ပါတယ်။ -
2:15 - 2:18အခြေခံကြရမယ့် နိယာမက
တစ်ခုခုဟာ သေးလေလေ၊ -
2:18 - 2:21အဲဒါဟာ နှောင့်ယှက်မှုကို
ပိုထိခိုက်လွယ်လေ ဖြစ်ရပါမယ်။ -
2:21 - 2:24စကိတ်ဘုဒ်နဲ့ ကုန်တင်ကားကြီးကို ထိုးနှက်
ခြင်းဖြင့် ချင့်ချိန်စဉ်းစားကြည့်ပါ။ -
2:24 - 2:27အာကာသ-အချိန်ထဲရှိ ဘယ်ယူနစ်ဟာမဆို
သိပ်သေးလွန်းလို့ -
2:27 - 2:30အရာဝတ္ထုအားလုံးဟာ မည်သို့မှ နှောင့်
ယှက်မခံရဘဲ ဆက်ရွေ့လျားနေကြမှာပါ၊ -
2:30 - 2:33မျက်စိဖြင့် မြင်နိုင်အောင်
ကြီးမားတဲ့အရာဝတ္ထုတွေ သာမက -
2:33 - 2:36မော်လီကျူးများ၊ အက်တမ်များနှင့်
အီလက်ထရွန်များသာမက -
2:36 - 2:40အက်တမ်ထက် သေးတဲ့ အရာတွေ
အားလုံးပါ အလားတူ ရွေ့လျားကြပါမယ်။ -
2:40 - 2:43တကယ်လို့ အာကာသ-အချိန်ထဲမှာ
သေးငယ်လှတဲ့ ယူနစ်ကို တွေ့ရှိမှု -
2:43 - 2:46ဒါမှမဟုတ် သဘာဝနိယာမထဲက ကိန်းသေ
တစ်ခု ပြောင်းတာ တွေ့ခဲ့လျှင် -
2:46 - 2:49အဲဒါက စကြဝဠာဟာ ဟန်ဆောင်ဖန်တီးမှု
ဖြစ်တာကို သက်သေထူပြနိုင်မလား။ -
2:49 - 2:51မရပါ၊ အဲဒါဟာ အဆင့်များစွာထဲက
တစ်ခုမျှသာ ဖြစ်ပါမယ်။ -
2:51 - 2:54ယင်းတွေ့ရှိချက်တိုင်းအတွက်
အခြား ရှင်းလင်းချက် ရှိနိုင်လို့ပါ။ -
2:54 - 2:57ကျုပ်တို့ရဲ့ သဘာဝလောကအတွက်
မှန်ကန်တဲ့ ဟန်ဆောင်ဖန်တီးမှု -
2:57 - 3:00သီအိုရီ မှန်ကန်ကြောင်း အထောက်အထား
များဖြင့် သက်သေထူပြရပါမယ်။ -
3:00 - 3:03ကျုပ်တို့က များပြားတဲ့ စမ်းသပ်မှုများကို
လုပ်ကြစေကာမူ၊ -
3:03 - 3:06အားလုံးထဲမှာ ကျုပ်တို့ ခံယူချက်တွေရဲ့
ကန့်သတ်မှုတွေ ပါကြပါမယ်။ -
3:06 - 3:09ကျုပ်တို့က ဘဘာဝလောကကို
လက်ရှိ ကွမ်တမ်အဆင့်ဖြင့် နားလည်ထားမှုဟာ -
3:09 - 3:11Planck စကေးအဖြစ် လူသိများတဲ့ဟာကို
ရိုက်ချိုးပစ်ထားပါတယ်။ -
3:11 - 3:14ရှာနေတဲ့ အာကာသ-အချိန်ထဲက ယူနစ်ဟာ
အဲဒီစကေးပေါ်မှာ ရှိနေပါက၊ -
3:14 - 3:18ကျုပ်တို့ဟာ ကျုပ်တို့ဟာ လက်ရှိသိပ္ပံနည်းကျ
နားလည်မှုနဲ့ မြင်နိုင်စွမ်း မရှိကြပါ။ -
3:18 - 3:20လေ့လာကြည့်ရန် သေးငယ်လွန်းပေမဲ့
-
3:20 - 3:22planck စကေးအရ စူးစမ်းလေ့လာလို့
ရနိုင်တဲ့ အရာဝတ္ထုတွေ -
3:22 - 3:25အများအပြား ရှိကြပါသေးတယ်။
-
3:25 - 3:29အလားတူစွာပဲ၊ သဘာဝတရားဆိုင်ရာ
ကိန်းသေများထဲက အပြောင်းအလဲတွေဟာ -
3:29 - 3:33သေးလွန်းလို့ စကြဝဠာ တစ်ခုလုံးရဲ့
သက်တမ်းအတွင်းမှာသာ မြင်ရနိုင်ပါတယ်။ -
3:33 - 3:36ဒါကြောင့်မို့ ကျုပ်တို့ နှစ်ပေါင်းရာချီ
ထောင်ချီ တိုင်းကြည့်လို့ မတွေ့တောင်မှ -
3:36 - 3:38အပြောင်းအလဲတွေဟာ ရှိနေနိုင်ကြပါသေးတယ်။
-
3:38 - 3:42ပြီးတော့ ကျုပ်တို့ ပုံသေခံယူထားကြတာက
စကြဝဠာအား တမင်ကိုဖန်တီးမှု ရှိခဲ့သော်၊ -
3:42 - 3:45၎င်းတို့ကပါ တွက်ချက်မှုတွေကို
ကျုပ်တို့လိုပဲ ပြုလုပ်ကြပြီး -
3:45 - 3:47၎င်းတို့ဆီမှာ အလားတူ တွက်ချက်ရေး
ကန့်သတ်ချက်များ ရှိမှာပါ။ -
3:47 - 3:51တကယ်ကျတော့ အခြားဂြိုဟ်သား ယဉ်ကျေးမှုထံတွင်
ဘယ်လိုကန့်သတ်ချက် နည်းလမ်းတွေ ရှိမှန်း -
3:51 - 3:53သိနိုင်စရာ နည်းလမ်း ကျုပ်တို့မှာ မရှိပါ။
-
3:53 - 3:55ဒါပေမဲ့ ကျုပ်တို့ဟာ တစ်နေရာရာကနေပြီး
စတင်ကြရပါမယ်။ -
3:55 - 3:58စကြာဝဠာဟာ ဟန်ဆောင်ဖန်တီးမှု ဟုတ်မဟုတ်
ကို အသေအချာ သက်သေထူပြရေးဟာ -
3:58 - 4:00ဘယ်တော့မှ လုပ်ရနိုင်စရာ မရှိပါ၊
-
4:00 - 4:03ဒါပေမဲ့ ကျုပ်တို့ဟာ အစဉ်ပဲ သိပ္ပံနဲ့နည်း
ပညာကို မြှင့်တင်ပေးသွားရင်း -
4:03 - 4:05သဘာဝတရားရဲ့ အမှန်တရားက ဘာပါလိမ့် ဆိုတဲ့
-
4:05 - 4:07မေးခွန်းကို ဖြေနိုင်ရန် အားထုတ်ကြရပါမယ်။
- Title:
- ကျုပ်တို့ နေထိုင်နေကြတာ တမင်ဖန်တီးမှုထဲမှာလား - Zohreh Davoudi
- Speaker:
- Zohreh Davoudi
- Description:
-
သင်ခန်းစာ အပြည့်ကို ကြည့်ရှုရန် -https://ed.ted.com/lessons/are-we-living-in-a-simulation-zohreh-davoudi
ကမ္ဘာဂြိုဟ်ပေါ်က ဘဝတစ်ခုလုံးဟာ — သက်ရှိများနဲ့ သက်မဲ့များ၊ သေးနုပ်တဲ့အရာများနဲ့ ကြီးကြီးမားမား အရာများ အားလုံးတို့ဟာ သင်္ချာဆိုင်ရာ နိယာမများကို လိုက်နာကြရပြီး ရှောင်လွှဲမရတဲ့ ကန့်သတ်ချက်တွေ ရှိကြပါတယ်။ အဲဒီအချက်ကို အကြောင်းပြုပြီး မေးခွန်း မေးစရာ ရှိနေတာက - စကြာဝဠာဟာ ဒီလိုနိယာမများကို လိုက်နာပြီး လည်ပတ်နေရတယ် ဆိုတော့၊ လုံလောက်စွာ စွမ်းပကားကြီးမားတဲ့ ကွန်ပျူတာ တစ်ခုကများ ဒါတွေကို ဒီလိုပုံစံမျိုး အတိအကျ တမင်ဖန်တီးပေးခဲ့တာများလား။ ကျုပ်တို့ရဲ့ လက်ရှိလောကကြီးဟာ ပိုအဆင့်မြင့်တဲ့ ယဉ်ကျေးမှု တစ်ခုခုကနေပြီး တမင်ကိုဖန်တီးပေးထားတာမျိုး မဖြစ်နိုင်ဘူးလား ဆိုတဲ့ မေးခွန်းကို Zohreh Davoudi မှ စူးစမ်းတင်ဆက်ေinvestigates.
Zohreh Davoudi ၏ သင်ခန်းစာကို Eoin Duffy မှ ညွှန်ကြားရိုက်ကူးပေးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:09
Myo Aung approved Burmese subtitles for Are we living in a simulation? | ||
Myo Aung edited Burmese subtitles for Are we living in a simulation? | ||
Myo Aung accepted Burmese subtitles for Are we living in a simulation? | ||
Myo Aung edited Burmese subtitles for Are we living in a simulation? | ||
Sanda Aung edited Burmese subtitles for Are we living in a simulation? | ||
Sanda Aung edited Burmese subtitles for Are we living in a simulation? | ||
Sanda Aung edited Burmese subtitles for Are we living in a simulation? |