Midas ဘုရင်ရဲ့ ရွှေလက်ဒဏ္ဍာရီ - Iseult Gillespie
-
0:09 - 0:13ရှေးခေတ် Phrygia တိုင်းပြည်မှာ
အုပ်ချုပ်ရေးညံ့ဖျင်းပြီး -
0:13 - 0:19နတ်ဘုရားတွေနဲ့ အဆင်မပြေတဲ့
Midas ဘုရင် စိုးစံပါတယ်။ -
0:19 - 0:23သူဟာ ဂရိဒဏ္ဍာရီတွေထဲမှာတော့
မင်းဆိုးတစ်ပါးအဖြစ် ထင်ရှားပါတယ်။ -
0:23 - 0:27သူ့ရဲ့ ရူးပေါပေါအုပ်ချုပ်မှုတွေကို
နတ်ဘုရားတွေ စိတ်ပျက်နေကြပေမဲ့ -
0:27 - 0:30ဘုရင်ကတော့ ဘ၀ကို
ပေါ့ပေါ့တန်တန်ပဲ ဖြတ်သန်းနေခဲ့ပါတယ်။ -
0:30 - 0:37သူရော သူ့သမီးပါ တနေ့တနေ့
အပျော်အပါးတွေနဲ့သာ အချိန်ဖြုန်းနေခဲ့ပါတယ်။ -
0:37 - 0:41ဒါ့ကြောင့် ဝိုင်၊ ပွဲတော်နဲ့ ကပွဲနတ်ဘုရား
-
0:41 - 0:48Dionysus နဲ့တော့
ပလဲပနံသင့် နေခဲ့ပါတယ်။ -
0:48 - 0:51တစ်ရက်တော့ Midas ဟာ
-
0:51 - 0:56သူ့ဥယျာဥ်ထဲမှာ ပန်း၀တ်ရည်တွေ
သောက်သုံးပြီး အမူးလွန်နေတဲ့ -
0:56 - 1:00နတ်ဘုရား Dionysus ရဲ့တပည့်
Satyre ကို တွေ့ရှိခဲ့ပြီး -
1:00 - 1:05နေကောင်းလာတဲ့အထိ သူ့နန်းတော်မှာ
ပြုစုထားခဲ့ပါတယ်။ -
1:05 - 1:10နတ်ဘုရား Dionysus ဟာ ကျေးဇူးတင်လို့
အလိုရှိရာဆုတစ်ခု တောင်းစေပါတယ်။ -
1:10 - 1:13Midas ဟာ လောဘမျက်လုံးနဲ့
သူ့ပတ်၀န်းကျင်ကို ဝေ့ကြည့်လိုက်ပါတယ်။ -
1:13 - 1:16ဒီလောက် ပြည့်ပြည့်စုံစုံ နေထိုင်နေရပေမဲ့
-
1:16 - 1:22ရတနာတွေ၊ ပိုးထည်တွေ၊ ဇိမ်ခံပစ္စည်းတွေဟာ
သူ့အတွက် လုံလောက်တယ် လို့ မထင်ပါဘူး။ -
1:22 - 1:28လောဘတွေ အတောမသတ်နိုင်ပဲ ရွှေတွေ
ပိုပိုပြီး လိုချင်လာပါတယ်။ -
1:28 - 1:33ဒါ့ကြောင့် သူ့လက်နဲ့ထိသမျှအရာတိုင်း
ရွှေဖြစ်သွားစေမယ့် ဆုကို -
1:33 - 1:35တောင်းဆို ရယူခဲ့ပါတယ်။
-
1:35 - 1:38Midas ဟာ အပျော်ကို မထိန်းနိုင်တော့ပါဘူး။
-
1:38 - 1:42နန်းတော်နံရံကြီးတစ်ခုလုံး
ရွှေနံရံကြီးဖြစ်သွားသလို -
1:42 - 1:44ရွှေကျောက်ရုပ်တွေ၊
-
1:44 - 1:47ရွှေမီးတိုင်တွေ ဖန်တီးပါတော့တယ်။
-
1:47 - 1:50လောဘကို မထိန်းနိုင်တော့ပဲ
မြင်မြင်သမျှအရာတိုင်း -
1:50 - 1:55ရွှေရောင်တဖိတ်ဖိတ် တောက်အောင်
လိုက်ထိပါတာကြောင့် မကြာမှီ -
1:55 - 1:57နန်းတော်တစ်ခုလုံး ရွှေတွေ
ပြည့်နှက်သွားပြီး -
1:57 - 2:02Midas ရဲ့ ရယ်သံကလည်း နန်းတော်တစ်ခုလုံး
ပဲ့တင်ထပ်နေပါတော့တယ်။ -
2:02 - 2:04အချိန်အတန်ကြာအပြီးမှာတော့
ဗိုက်ဆာလာတဲ့အတွက် -
2:04 - 2:09အနီးရှိ ရွှေဖလားထဲက
စပျစ်သီးတစ်ခိုင်ကို ဆွဲကိုက်လိုက်ပါတယ်။ -
2:09 - 2:11ဒါပေမယ့် သူ့သွားတွေ
နာကျင်သွားခဲ့ပါတယ်။ -
2:11 - 2:15ဘာလို့လဲဆိုတော့ စပျစ်သီးဟာ
ရွှေစပျစ်သီးတွေ ဖြစ်နေလို့ပါပဲ။ -
2:15 - 2:19ပေါင်မုန့်တွေကို လှမ်းကိုင်လိုက်တဲ့
အခါမှာလဲ ရွှေပေါင်မုန့်တွေ ဖြစ်သွားပါတယ်။ -
2:19 - 2:22နူးညံ့တဲ့ အိပ်ယာထက်ကို
လှဲအိပ်လိုက်တဲ့ အခါမှာလည်း -
2:22 - 2:28အလွန်မာကျောတဲ့ ရွှေခေါင်းအုံးနဲ့ ရွှေကုတင်
ဖြစ်နေပြန်ပါတယ်။ -
2:28 - 2:32သူ့ရဲ့ ညည်းညူသံကိုကြားလို့
သမီးတော်ဟာ သူ့ဆီ ရောက်လာပါတယ်။ -
2:32 - 2:34ဒါပေမယ့် သူ့သမီးကို
ပွေ့ချီလိုက်တာနဲ့ -
2:34 - 2:39သမီးတော်ဟာ ရွှေရုပ်တု အဖြစ်
ပြောင်းလဲသွားခဲ့တာကို -
2:39 - 2:41ခြောက်ခြားဖွယ်မြင်တွေ့လိုက်ရလို့
-
2:41 - 2:45သူ့အစွမ်းကို ပြန်ရုပ်သိမ်းပေးဖို့
ပြန်တောင်းဆိုခဲ့ပါတယ်။ -
2:45 - 2:47အရူးတပိုင်းဖြစ်နေတဲ့ ဘုရင်ကို Dionysus က
-
2:47 - 2:52Pactolus မြစ်မှာ လက်သွားဆေးဖို့ ပြောပါတယ်။
-
2:52 - 2:56မြစ်ထဲမှာ လက်နှစ်လိုက်တာနဲ့
သူ့လက်ချောင်းတွေထဲက ရွှေတွေဟာ -
2:56 - 2:57မြစ်ထဲကို စီးဆင်းသွားခဲ့ပါတယ်။
-
2:57 - 3:00အိမ်ပြန်ရောက်တဲ့အခါမှာတော့
သူ့သမီးကို အသက်ရှင်လျက် ပြန်တွေ့ရသလို -
3:00 - 3:05နန်းတော်တစ်ခုလုံးကိုလည်း မူလအတိုင်း
ပြန်တွေ့ရပါတယ်။ -
3:05 - 3:07သူ သင်ခန်းစာ ရသွားပြီလို့
သင်ထင်နေတယ် မဟုတ်လား -
3:07 - 3:11ဒါပေမဲ့ ရက်သတ္တပတ် အနည်းငယ်အကြာမှာ
နောက်ထပ်ပြဿနာတစ်ခု ထပ်ဖြစ်ပြန်ပါတယ်။ -
3:11 - 3:17Pan ကို နတ်ဘုရားအပိုလိုထက် ပိုတော်တဲ့
ဂီတပညာရှင် လို့ ကြေညာလိုက်တာကြောင့် -
3:17 - 3:21အပိုလိုက ဒေါသထွက်ပြီး Midas ကို
မြည်းရဲ့နားရွက်တွေ တပ်ပေးလိုက်ပါတယ်။ -
3:21 - 3:27ဂီတကိုမခံစားတတ်တဲ့ သတ္တဝါလို့
တင်စားအပြစ်ပေးခဲ့တာပါ။ -
3:27 - 3:29နောင်တရပြီး ရှက်သွားတဲ့ဘုရင်ဟာ
-
3:29 - 3:33သူ့နားရွက်တွေကို ဘယ်သူမှ မမြင်အောင်
အမြဲဖွက်ထားပါတော့တယ်။ -
3:33 - 3:35ဒီကိစ္စကို တစ်ဦးတည်းသောသိသူ
ဆံသဆရာ ဟာလည်း -
3:35 - 3:40ဘယ်သူကိုမှ မပြောပါဘူး လို့
သစ္စာဆိုထားရပါတယ်။ -
3:40 - 3:44ဆံသဆရာဟာ ဒီရယ်စရာကိစ္စကို
မပြောဖြစ်အောင် မနည်းထိန်းနေရပြီး -
3:44 - 3:48နောက်ဆုံးမှာ မအောင့်နိုင်တော့တာကြောင့်
-
3:48 - 3:52တစ်ရက်မှာ မြို့ပြင်ကိုထွက်၊ ကျင်းတစ်ခုတူး၊
-
3:52 - 3:54မြေပြင်ကို ကပ်ပြီး
-
3:54 - 4:00"Midas က မြည်းနားရွက်ကြီးနဲ့ဟ" လို့
တိုးတိုးလေးပြောပြီး မြေပြန်ဖုံးလိုက်ပါတယ်။ -
4:00 - 4:03မကြာမှီ အဲ့သည့်နေရာမှာ
-
4:03 - 4:06မြက်ရိုင်းတွေပေါက်လာခဲ့ပါတယ်။
-
4:06 - 4:11အဲ့သည့်မြက်ရိုင်းတောကို
လေတိုက်တဲ့အခါမှာတော့ -
4:11 - 4:16"Midas က မြည်းနားရွက်ကြီးနဲ့ဟ" ဆိုတဲ့
အသံတွေ ထွက်လာပါတယ်။ -
4:16 - 4:21ဒီအသံတွေကြားတဲ့အခါ
မြည်းတွေက ခေါင်းထောင်ကြည့်ကြသလို -
4:21 - 4:25လူတွေက တခွိခွိနဲ့ ဟားကြပါတော့တယ်။
-
4:25 - 4:31သူ့ရဲ့ဇာတ်လမ်းတွေကြောင့် Midas ဟာ
လူမလေး ခွေးမခန့် ဘုရင်တစ်ပါး ဖြစ်ခဲ့ပါတယ်။ -
4:31 - 4:35တခြားဘုရင်တွေကို ရုပ်တု၊
ဘုရားကျောင်းတွေနဲ့ တွဲပြီးမှတ်မိကြပေမဲ့ -
4:35 - 4:39Midas ကိုတော့ တိုင်းသူပြည်သားတွေက
-
4:39 - 4:43ရွှေရောင်မြစ်ရေတွေ လေပြေတွေနဲ့တွဲပြီး
အမှတ်ရနေကြပါတော့တယ်။
- Title:
- Midas ဘုရင်ရဲ့ ရွှေလက်ဒဏ္ဍာရီ - Iseult Gillespie
- Description:
-
သင်ခန်းစာ အပြည့်အစုံကို ကြည့်ရှုရန်မှာ- https://ed.ted.com/lessons/the-myth-of-king-midas-and-his-golden-touch-iseult-gillespie
ဘုရင် Midas ကို ဂရိဒဏ္ဍာရီမှာ လူတွေကိုနှိပ်စက်ကလူပြုပြီး နတ်ဘုရားတွေကို စော်ကားတဲ့ မင်းဆိုးမင်းညစ် တစ်ယောက်အဖြစ် လူသိများပါတယ်။ ရွှေအတိပြီးစေတဲ့ လက်တစ်စုံကြောင့် ကျော်ကြားတဲ့ ဒီဘုရင်ဟာ မြည်းနားရွက်တွေကြောင့်လည်း လူသိများပါတယ်။ ဒီအကြောင်းကို Iseult Gillespie က လေ့လာတင်ပြထားပါတယ်။
သင်ခန်းစာပို့ချသူ - Iseult Gillespie
ရုပ်ရှင်ဖန်တီးသူ - TED-Ed - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:05
![]() |
sann tint approved Burmese subtitles for The myth of King Midas and his golden touch - Iseult Gillespie | |
![]() |
Myo Aung accepted Burmese subtitles for The myth of King Midas and his golden touch - Iseult Gillespie | |
![]() |
Myo Aung edited Burmese subtitles for The myth of King Midas and his golden touch - Iseult Gillespie | |
![]() |
Myo Aung edited Burmese subtitles for The myth of King Midas and his golden touch - Iseult Gillespie | |
![]() |
Ko Ko Oo edited Burmese subtitles for The myth of King Midas and his golden touch - Iseult Gillespie |