0:00:08.786,0:00:12.646 ရှေးခေတ် Phrygia တိုင်းပြည်မှာ[br]အုပ်ချုပ်ရေးညံ့ဖျင်းပြီး 0:00:12.646,0:00:18.938 နတ်ဘုရားတွေနဲ့ အဆင်မပြေတဲ့[br]Midas ဘုရင် စိုးစံပါတယ်။ 0:00:18.938,0:00:22.546 သူဟာ ဂရိဒဏ္ဍာရီတွေထဲမှာတော့ [br]မင်းဆိုးတစ်ပါးအဖြစ် ထင်ရှားပါတယ်။ 0:00:22.546,0:00:27.127 သူ့ရဲ့ ရူးပေါပေါအုပ်ချုပ်မှုတွေကို[br]နတ်ဘုရားတွေ စိတ်ပျက်နေကြပေမဲ့ 0:00:27.127,0:00:30.357 ဘုရင်ကတော့ ဘ၀ကို[br]ပေါ့ပေါ့တန်တန်ပဲ ဖြတ်သန်းနေခဲ့ပါတယ်။ 0:00:30.357,0:00:37.477 သူရော သူ့သမီးပါ တနေ့တနေ့[br]အပျော်အပါးတွေနဲ့သာ အချိန်ဖြုန်းနေခဲ့ပါတယ်။ 0:00:37.477,0:00:40.856 ဒါ့ကြောင့် ဝိုင်၊ ပွဲတော်နဲ့ ကပွဲနတ်ဘုရား 0:00:40.856,0:00:48.166 Dionysus နဲ့တော့[br]ပလဲပနံသင့် နေခဲ့ပါတယ်။ 0:00:48.166,0:00:51.032 တစ်ရက်တော့ Midas ဟာ 0:00:51.032,0:00:56.274 သူ့ဥယျာဥ်ထဲမှာ ပန်း၀တ်ရည်တွေ[br]သောက်သုံးပြီး အမူးလွန်နေတဲ့ 0:00:56.274,0:01:00.313 နတ်ဘုရား Dionysus ရဲ့တပည့်[br]Satyre ကို တွေ့ရှိခဲ့ပြီး 0:01:00.313,0:01:04.922 နေကောင်းလာတဲ့အထိ သူ့နန်းတော်မှာ[br]ပြုစုထားခဲ့ပါတယ်။ 0:01:04.922,0:01:10.083 နတ်ဘုရား Dionysus ဟာ ကျေးဇူးတင်လို့ [br]အလိုရှိရာဆုတစ်ခု တောင်းစေပါတယ်။ 0:01:10.083,0:01:13.442 Midas ဟာ လောဘမျက်လုံးနဲ့[br]သူ့ပတ်၀န်းကျင်ကို ဝေ့ကြည့်လိုက်ပါတယ်။ 0:01:13.442,0:01:15.781 ဒီလောက် ပြည့်ပြည့်စုံစုံ နေထိုင်နေရပေမဲ့ 0:01:15.781,0:01:22.302 ရတနာတွေ၊ ပိုးထည်တွေ၊ ဇိမ်ခံပစ္စည်းတွေဟာ[br]သူ့အတွက် လုံလောက်တယ် လို့ မထင်ပါဘူး။ 0:01:22.302,0:01:28.333 လောဘတွေ အတောမသတ်နိုင်ပဲ ရွှေတွေ[br]ပိုပိုပြီး လိုချင်လာပါတယ်။ 0:01:28.333,0:01:32.773 ဒါ့ကြောင့် သူ့လက်နဲ့ထိသမျှအရာတိုင်း[br]ရွှေဖြစ်သွားစေမယ့် ဆုကို 0:01:32.773,0:01:34.833 တောင်းဆို ရယူခဲ့ပါတယ်။ 0:01:34.833,0:01:37.714 Midas ဟာ အပျော်ကို မထိန်းနိုင်တော့ပါဘူး။[br] 0:01:37.714,0:01:41.954 နန်းတော်နံရံကြီးတစ်ခုလုံး [br]ရွှေနံရံကြီးဖြစ်သွားသလို 0:01:41.954,0:01:44.352 ရွှေကျောက်ရုပ်တွေ၊ 0:01:44.352,0:01:47.292 ရွှေမီးတိုင်တွေ ဖန်တီးပါတော့တယ်။ 0:01:47.292,0:01:49.652 လောဘကို မထိန်းနိုင်တော့ပဲ[br]မြင်မြင်သမျှအရာတိုင်း 0:01:49.652,0:01:54.628 ရွှေရောင်တဖိတ်ဖိတ် တောက်အောင်[br]လိုက်ထိပါတာကြောင့် မကြာမှီ 0:01:54.628,0:01:56.693 နန်းတော်တစ်ခုလုံး ရွှေတွေ[br]ပြည့်နှက်သွားပြီး 0:01:56.693,0:02:02.192 Midas ရဲ့ ရယ်သံကလည်း နန်းတော်တစ်ခုလုံး[br]ပဲ့တင်ထပ်နေပါတော့တယ်။ 0:02:02.192,0:02:04.500 အချိန်အတန်ကြာအပြီးမှာတော့[br]ဗိုက်ဆာလာတဲ့အတွက် 0:02:04.500,0:02:09.251 အနီးရှိ ရွှေဖလားထဲက[br]စပျစ်သီးတစ်ခိုင်ကို ဆွဲကိုက်လိုက်ပါတယ်။ 0:02:09.251,0:02:11.362 ဒါပေမယ့် သူ့သွားတွေ[br]နာကျင်သွားခဲ့ပါတယ်။ 0:02:11.362,0:02:14.850 ဘာလို့လဲဆိုတော့ စပျစ်သီးဟာ[br]ရွှေစပျစ်သီးတွေ ဖြစ်နေလို့ပါပဲ။ 0:02:14.850,0:02:19.292 ပေါင်မုန့်တွေကို လှမ်းကိုင်လိုက်တဲ့[br]အခါမှာလဲ ရွှေပေါင်မုန့်တွေ ဖြစ်သွားပါတယ်။ 0:02:19.292,0:02:22.063 နူးညံ့တဲ့ အိပ်ယာထက်ကို[br]လှဲအိပ်လိုက်တဲ့ အခါမှာလည်း 0:02:22.063,0:02:27.721 အလွန်မာကျောတဲ့ ရွှေခေါင်းအုံးနဲ့ ရွှေကုတင်[br]ဖြစ်နေပြန်ပါတယ်။ 0:02:27.721,0:02:32.044 သူ့ရဲ့ ညည်းညူသံကိုကြားလို့[br]သမီးတော်ဟာ သူ့ဆီ ရောက်လာပါတယ်။ 0:02:32.044,0:02:33.934 ဒါပေမယ့် သူ့သမီးကို [br]ပွေ့ချီလိုက်တာနဲ့ 0:02:33.934,0:02:39.103 သမီးတော်ဟာ ရွှေရုပ်တု အဖြစ်[br]ပြောင်းလဲသွားခဲ့တာကို 0:02:39.103,0:02:40.942 ခြောက်ခြားဖွယ်မြင်တွေ့လိုက်ရလို့ 0:02:40.942,0:02:44.962 သူ့အစွမ်းကို ပြန်ရုပ်သိမ်းပေးဖို့[br]ပြန်တောင်းဆိုခဲ့ပါတယ်။ 0:02:44.962,0:02:47.032 အရူးတပိုင်းဖြစ်နေတဲ့ ဘုရင်ကို Dionysus က 0:02:47.032,0:02:51.883 Pactolus မြစ်မှာ လက်သွားဆေးဖို့ ပြောပါတယ်။ 0:02:51.883,0:02:55.535 မြစ်ထဲမှာ လက်နှစ်လိုက်တာနဲ့[br]သူ့လက်ချောင်းတွေထဲက ရွှေတွေဟာ 0:02:55.535,0:02:57.165 မြစ်ထဲကို စီးဆင်းသွားခဲ့ပါတယ်။ 0:02:57.165,0:03:00.353 အိမ်ပြန်ရောက်တဲ့အခါမှာတော့[br]သူ့သမီးကို အသက်ရှင်လျက် ပြန်တွေ့ရသလို 0:03:00.353,0:03:04.693 နန်းတော်တစ်ခုလုံးကိုလည်း မူလအတိုင်း[br]ပြန်တွေ့ရပါတယ်။ 0:03:04.693,0:03:06.742 သူ သင်ခန်းစာ ရသွားပြီလို့ [br]သင်ထင်နေတယ် မဟုတ်လား 0:03:06.742,0:03:10.773 ဒါပေမဲ့ ရက်သတ္တပတ် အနည်းငယ်အကြာမှာ[br]နောက်ထပ်ပြဿနာတစ်ခု ထပ်ဖြစ်ပြန်ပါတယ်။ 0:03:10.773,0:03:17.122 Pan ကို နတ်ဘုရားအပိုလိုထက် ပိုတော်တဲ့[br]ဂီတပညာရှင် လို့ ကြေညာလိုက်တာကြောင့် 0:03:17.122,0:03:21.172 အပိုလိုက ဒေါသထွက်ပြီး Midas ကို[br]မြည်းရဲ့နားရွက်တွေ တပ်ပေးလိုက်ပါတယ်။ 0:03:21.172,0:03:27.114 ဂီတကိုမခံစားတတ်တဲ့ သတ္တဝါလို့ [br]တင်စားအပြစ်ပေးခဲ့တာပါ။ 0:03:27.114,0:03:29.092 နောင်တရပြီး ရှက်သွားတဲ့ဘုရင်ဟာ 0:03:29.092,0:03:33.201 သူ့နားရွက်တွေကို ဘယ်သူမှ မမြင်အောင်[br]အမြဲဖွက်ထားပါတော့တယ်။ 0:03:33.201,0:03:35.341 ဒီကိစ္စကို တစ်ဦးတည်းသောသိသူ[br]ဆံသဆရာ ဟာလည်း 0:03:35.341,0:03:40.392 ဘယ်သူကိုမှ မပြောပါဘူး လို့[br]သစ္စာဆိုထားရပါတယ်။ 0:03:40.392,0:03:44.093 ဆံသဆရာဟာ ဒီရယ်စရာကိစ္စကို[br]မပြောဖြစ်အောင် မနည်းထိန်းနေရပြီး 0:03:44.093,0:03:47.522 နောက်ဆုံးမှာ မအောင့်နိုင်တော့တာကြောင့် 0:03:47.522,0:03:52.223 တစ်ရက်မှာ မြို့ပြင်ကိုထွက်၊ ကျင်းတစ်ခုတူး၊ 0:03:52.223,0:03:54.064 မြေပြင်ကို ကပ်ပြီး 0:03:54.064,0:04:00.391 "Midas က မြည်းနားရွက်ကြီးနဲ့ဟ" လို့[br]တိုးတိုးလေးပြောပြီး မြေပြန်ဖုံးလိုက်ပါတယ်။ 0:04:00.391,0:04:03.061 မကြာမှီ အဲ့သည့်နေရာမှာ 0:04:03.061,0:04:06.171 မြက်ရိုင်းတွေပေါက်လာခဲ့ပါတယ်။ 0:04:06.171,0:04:10.982 အဲ့သည့်မြက်ရိုင်းတောကို[br]လေတိုက်တဲ့အခါမှာတော့ 0:04:10.982,0:04:16.482 "Midas က မြည်းနားရွက်ကြီးနဲ့ဟ" ဆိုတဲ့[br]အသံတွေ ထွက်လာပါတယ်။ 0:04:16.482,0:04:20.691 ဒီအသံတွေကြားတဲ့အခါ[br]မြည်းတွေက ခေါင်းထောင်ကြည့်ကြသလို 0:04:20.691,0:04:25.423 လူတွေက တခွိခွိနဲ့ ဟားကြပါတော့တယ်။ 0:04:25.423,0:04:31.333 သူ့ရဲ့ဇာတ်လမ်းတွေကြောင့် Midas ဟာ[br]လူမလေး ခွေးမခန့် ဘုရင်တစ်ပါး ဖြစ်ခဲ့ပါတယ်။ 0:04:31.333,0:04:34.821 တခြားဘုရင်တွေကို ရုပ်တု၊ [br]ဘုရားကျောင်းတွေနဲ့ တွဲပြီးမှတ်မိကြပေမဲ့ 0:04:34.821,0:04:38.510 Midas ကိုတော့ တိုင်းသူပြည်သားတွေက 0:04:38.510,0:04:43.312 ရွှေရောင်မြစ်ရေတွေ လေပြေတွေနဲ့တွဲပြီး[br]အမှတ်ရနေကြပါတော့တယ်။